← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

“အာမြောင်ဟွန်းလည်းရောက်လာတာလား?”

ဘေးခုံတွင်ထိုင်နေသော ဟိုဂျင်းက ယုန်တစ်ကောင်ကဲ့သို့ မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်သည်။ ဆုဟီးကဲ့သို့ပင် သူမသည်လည်း ဂျယ်ဂန်းကို ဂုဏ်ပြုရန်အတွက်လိုက် လာခဲ့ခြင်းဖြစ်သည်။ ဂျယ်ဂန်းနှင့် မြောင်ဟွန်းတို့ ဆက်ဆံရေးသိပ်မကောင်းမှန်းသိထားသဖြင့် အံ့ဩသွားသည်။

မြောင်ဟွန်း ဟိုဂျင်းကို မတုန့်ပြန်ခဲ့။

သူ၏အကြည့်က ဆုဟီးထံတွင်သာ ရှိနေသည်။

ဆုဟီး ခါးကို ဖြောင့်တန်းစွာထိုင်နေရင်းမြောင်ဟွန်းကို တည်ငြိမ်စွာပြန်ကြည့်နေသည်။

“ကျွန် ကျွန်မ သွားလိုက်ပါဦးမယ်”

“အိုခေ”

အခြေအနေကို နားလည်သဖြင့် ဟိုဂျင်း အသာလေးထွက်သွားသည်။

ဆုဟီး မြောင်ဟွန်းဆီသို့လျောက်သွားပြီး ပြောလိုက်သည်။

“နင်လည်းဆုရခဲ့တယ်မလား?”

“ဘယ်လို သိတာလဲ”

“ပါမောက္ခ ဟန်ဟေဆွန်းဆီက ကြားခဲ့တာ။ နင်သူ့ဆီသွားခဲ့တယ်လေ။ ကလောင်နာမည်နဲ့ ဝင်ပြိုင်ခဲ့တာမလား? နင်ဘာဆုရလည်းတော့ငါမသိဘူး ဒါပေမယ့် ဂုဏ်ပြုပါတယ်။”

ဆုဟီး လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကိုဆန့်ထုတ်လိုက်သည်။

မြောင်ဟွန်းပြန်ပြီး လက်ဆွဲမနှုတ်ဆက်ပါ။ ထိုနေရာတွင်သာရပ်နေရင်း ဆုဟီးကို ခေါင်းမှ ခြေထိ သေချာကြည့်လိုက်သည်။

ယနေ့တွင် ဆုဟီးက တကယ့်ကို လှပလွန်းသည်။

ဒူးအထိရှည်သော မီးခိုးရောင်ဂါဝန် ကော်ဖီရောင်ခြေအိတ်တို့က သူမနှင့်လိုက်ဖက်လှပြီး ဆေးဆိုးထားသည့်သူမ၏ ဆံကေသာများကလည်း အာရုံဦးအရောင်ကဲ့သို့ တောက်ပနေသည်။

ကြွားဝါခြင်းကင်းမဲ့ပြီး ရိုးရှင်းသည်ဟုလည်းမခံစားရ ကြွယ်ဝမှုနှင့်အတူ သိမ်မွေ့သော မိန်းမသားဆန်သည့် ခံစားချက်ကို ဖော်ပြနေသော ဝတ်စားဆင်ယင်မှုမျိုးဖြစ်သည်။

မြောင်ဟွန်း သူမ၏ စတိုင်ကိုသိသည်။ သူမသည် နားကပ်၊ ခါးပတ် များကဲ့သို့သော သိပ်မထင်ရှားသော အရာများအတွက် ငွေသုံးတတ်သည့် မိန်းကလေးဖြစ်သည်။

ပြီးတော့..

သူမ ဒီနေ့အတွက် သူမ၏ အသွင်ပြင်ကို အထူးဂရုစိုက်ထားမှန်းသူ သိသည်။

ထို့အပြင် သူ့အတွက်ယခုကဲ့သို့ပြင်ဆင်ထားခြင်းမဟုတ်မှန်းလည်း သိသည်။

ထို့ကြောင့် သူလက်ဆွဲနှုတ်ဆက်ရန် အင်အားမရှိပါ။

“မင်းအလုပ်ရှိတယ်ထင်နေတာ?”

မြောင်ဟွန်း မြေပြင်ကိုသာစိုက်ကြည့်ပြီးမေးလိုက်သည်။

သူမကို တစ်စုံတစ်ခုကို ပြဖို့ရန်ဆိုပြီးချိန်းသောအခါ သူမက အလုပ်ရှိသေးသည်ဟု ငြင်းဆိုခဲ့သည်။ အခုတော့ သူတို့ဒီနေရာတွင် ဆုံနေကြသည်။

“မင်းဒီမှာ ကိစ္စရှိလို့လား? နက်ဇွန်မှာ ဒီဂျစ်တယ်စာပေဆုအတွက် ပါဝင်တဲ့သူရှိနေတာလား?”

ဆူဟီးသူမ၏လက်ကိုပြန်ရုတ်လိုက်သည်။ ပခုံးပေါ်မှ အနည်းငယ်လျောကျနေသောအိတ်ကို ပြန်တင်လိုက်ရင်း တည်ငြိမ်စွာပြန်ဖြေလိုက်သည်။

“ဂျယ်ဂန်းကို ဂုဏ်ပြုဖို့လာတာ”

“…!”

“သူက ကျွန်မတို့အဖွဲ့အတွက် ဇာတ်ညွှန်းရေးဆရာလေ။ သူ့ကိုဂုဏ်ပြုဖို့လာရမှာပေါ့။ ဒါကအလုပ်ကိစ္စပဲ”

“မင်းမှာတောင် ဒီအတွက် ဖယ်ထားတဲ့ အချိန်ရှိသားပဲ”

“ဖယ်ထားတာမဟုတ်ပါဘူး”

မြောင်ဟွန်း၏ အိတ်ကပ်ထဲမှ ဖုန်းတုန်ခါသံထွက်ပေါ်လာသည်။

ဆုဟီး မြောင်ဟွန်းထက်အရင် သတိထားမိသွားပြီး သူ့အိတ်ကပ်ကို လက်ညှိုးထိုးပြသည်။

“ဖုန်းလာနေတယ်မလား?”

မြောင်ဟွန်း ဆုဟီးကိုစိုက်ကြည့်ရင်း ဖုန်းထုတ်လိုက်သည်။ ထိုအချိန်တွင် ဖုန်းခေါ်ဆိုသူ၏ နာမည်ကို မြင်သောအခါ သူ့မျက်နှာတောင့်တင်းသွားသည်။ ဖခင်ဖြစ်သူထံမှ လာခြင်းဖြစ်သည်။

“ဒါကအရေးကြီးတယ်။ နော်ကမှဆက်ပြောကြတာပေါ့”

မြောင်ဟွန်း စိတ်မပါစွာပြောလိုက်သည်။ ဖခင်ဖြစ်သူ၏ ဖုန်းခေါ်ဆိုမှုကို သူရှောင်ဖယ်တာမျိုးမလုပ်နိုင်ပါ။

ဆုဟီး အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားသည်။ သူတို့နှစ်ယောက်ကြားတွင် ၁၀ ပေခန့် ဝေးကွားသွားသည့်အချိန်မှသာ မြောင်ဟွန်းအသက်ပြင်းပြင်းရှုပြီး ဖုန်းကိုကိုင်လိုက်သည်။

“ဟယ်လို”

- မင်းငါ့ဖုန်းကို ဘာကိစ္စနောက်ကျမှကိုင်ရတာတုန်း။

တစ်ဖက်မှစလာတည်းက ဒေါသသံဖြင့် မေးလိုက်သည်။

မြောင်ဟွန်းအတွက်တော့ ထိုသို့အရာက အံ့ဩစရာမဟုတ်ပါ။

- ဒီနေ့က မင်းအမေမွေးနေ့ဆိုတာမေ့နေတာလား? မိသားစုထဲကလူတိုင်းက သူတို့ရဲ့ အလုပ်များနေတဲ့ အချိန်တွေကို ဖျက်ပြီး လာနေကြတာ။ မင်းကကော ဘယ်ရောက်နေတာလည်း? ပျော်ပါးနေတာလား ဟမ်? မင်းဖင်ကိုရွေ့ပြီး ဒီကိုအခုချက်ချင်းလာခဲ့စမ်း!

မြောင်ဟွန်းလက်တစ်ဘက်ကိုမြှောက်ပြီးသူ၏မျက်လုံးကိုအုပ်လိုက်သည်။

သူမမေ့ခဲ့ပါ။ သူမသွားချင်ခဲ့ရုံသာဖြစ်သည်။ ထို့အပြင် သူလုပ်ရမည့် အရေးကြီးသည့် အလုပ်တစ်ခုလည်းရှိနေသေးသည်။

“အခုကျွန်တော်လာဖို့ခက်တယ်။ ညမှ စောစောလာခဲ့ပါမယ်”

-ဘာ?!

သူ့ဖခင်ဖြစ်သူ၏ နှာခေါင်းရှုံ့လိုက်သံက ဖုန်းထဲမှကြားနေရသည်။

- အရေးကြီးတဲ့အလုပ်? မင်းအတွက် အရေးကြီးတဲ့အလုပ်ဆိုတာဘာလဲ? ဦးနှောက်မရှိတဲ့ မိန်းမတွေကို ကားနဲ့အကြိုပို့လုပ်တာလား? ဒါမှမဟုတ် ဒီအဖေရဲ့ ပိုက်ဆံတွေကိုသုံးပြီး ပါတီပွဲတွေခင်းနေတာလား?

“အဲ့လိုမဟုတ်ပါဘူး”

- မင်း စောက်ရူးကောင်! မင်းအကို ဒါမှမဟုတ် မင်းအမကို မြင်ရင် မင်းမရှက်တတ်ဘူးလား? အနည်းဆုံးတော့ သူတို့လိုဖြစ်အောင် ဘာလို့အလုပ်မလုပ်တာလဲ?

မြောင်ဟွန်း အသက်ပြင်းပြင်းရှုနေသည်။ ဖုန်းကိုနားမှ ဖယ်လိုက်သည်။ သူ၏ အမြင်အာရုံးက မြူခိုးလိုဝေဝါးနေသည်။

- ဘာပဲဖြစ်ဖြစ် မင်းအဆင်သင့်ပြင်ထားလိုက်တော့။ ဒီနှစ်ကမင်းအတွက်အဆုံးသတ်ပဲ။ အဲ့စတူဒီယိုက တစ်ညလုံးပျော်ပါးနေဖို့ မင်းကိုငါပေးထားတယ်ထင်နေတာလား? အဟမ့်

ဖုန်းကျသွားသည်။

မြောင်ဟွန်းထိုင်ချလိုက်သည်။ ပုံမှန်မျက်နှာအမူအရာဖြင့် ဆုပေးပွဲသို့ဝင်နိုင်ရန်အတွက် သူ့မှာ အချိန်လိုအပ်နေသေးသည်။

…

“ငါတို့ရောက်ပြီ”

ဂျောင်ဂျင် ကားစက်ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။

ဂျယ်ဂန်း ရီခါနှင့်အတူ အရှေ့ခရီးသည်ထိုင်ခုံတွင်ထိုင်နေသည်။ မိခင်ဖြစ်သူ မြောင်ဂျာနှင့် ဂျယ်အန်းတို့ကတော့ နောက်ခန်းမှလိုက်ပါစီးနင်းလာသည်။

“ကျေးဇူးပါ ဂျောင်ဂျင်။ ကောလိပ်မှာတည်းက သား ဂျယ်ဂန်းကို ဂရုစိုက်ပေးတာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဂျယ်ဂန်းမှာ တကယ်ကို သူငယ်ချင်းကောင်းတစ်ယောက်ရှိတာပဲ”

“ဟားဟားဟား ရပါတယ်အန်တီ။ ကျွန်တော်က အဲ့လောက်ကောင်းတဲ့သူမဟုတ်ပါဘူး။ ဂျယ်ဂန်း တစ်နေ့အောင်မြင်မယ်ဆိုတာကျွန်တော်သိတယ်လေ အဲ့တော့ ကျွန်တော်လည်း အဲ့ကနေ အကျိုးအမြတ်တချို့ရမှာပဲလေ မဟုတ်ဘူးလား”

ဂျောင်ဂျင်ရယ်မောရင်း ဂျယ်ဂန်း၏ ပုခုံးကို ထိုးလိုက်သည်။

ဂျယ်ဂန်းရှက်ရွံ့စွာပြုံးရင်းတုန့်ပြန်လိုက်သည်။

အစက ဂျောင်ဂျင်က ဆုပေးပွဲတွင်စုံရန်သာစီစဉ်ထားသည်။ သို့သော် မနက်ပိုင်းတွင် ရုတ်တရက် ဆူဝမ်သို့ ရောက်ချလာသည်။ သူ့ကျေးဇူးကြောင့် အမဖြစ်သူ၊ မိခင်နှင့် ရီခါတို့အားလုံး ဆုပေးပွဲသို့ သက်သောင့်သက်သာ လာနိုင်ခဲ့ကြသည်။

“ရီခါကို ငါခေါ်ထားရမလား?”

ဂျယ်အန်းလက်များဆန့်တန်းထားနှင့်ပြီးဖြစ်သည်။

ဂျယ်ဂန်းခေါင်းညိတ်ကာ ရီခါ့ကို ကမ်းပေးလိုက်သည်။ ရီခါက ဂျယ်အန်း၏ ရင်ဘတ်ပေါ်တွင် တိတ်တဆိတ် သက်သောင့်သက်သာ နေရာယူလိုက်သည်။

“အာ, နင်တို့ရောက်နေပြီပဲ”

“ဟိုဂျင်း? နင်ဆုဟီးနဲ့အတူလာတာလား?”

ဂျယ်ဂန်းအသံကြောင့်လှည့်ကြည့်လိုက်သည်။

ဆုဟီးသည် ဟိုဂျင်းနောက်မှ ဂျယ်ဂန်းဆီသို့လျှောက်လာနေသည်။

ဂျောင်ဂျင်ရှေ့သို့တက်သွားပြီး ဂျယ်ဂန်း၏မိသားစုကို မိတ်ဆက်ပေးလိုက်သည်။

“ဒါက ဂျယ်ဂန်းရဲ့ အမေနဲ့ အမ ပါ”

“မင်္ဂလာပါအန်တီ။ သမီးက ချွမ်ဟိုဂျင်ပါ။ ဂျယ်ဂန်းကောလိပ်တုန်းက သူငယ်ချင်းပါ။”

ဟိုဂျင်က ပျော်ရွှင်စွာဖြင့် အရင်ဆုံးနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါအန်တီ။ ပထမဆုံးတွေ့ဖူးတာပဲနော် သမီးက ဂျယ်ဂန်းကျောင်းနေဖက် လီဆုဟီးပါ။”

“အာဟား။ ဟုတ်ပါပြီ မင်္ဂလာပါရှင်”

မြောင်ဂျာနှင့် အမဖြစ်သူတို့က အနည်းငယ်ထူးဆန်းစွာဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။

ဂျယ်ဂန်းခေါင်းငုံ့ပြီး မချိပြုံးပြုံးလိုက်မိသည်။ သူ့မိသားစု အဘယ်ကြောင့် စိတ်ရှုပ်ထွေးနေသည်ကိုသူသိသည်။

“တကယ်ကို ဂုဏ်ပြုပါတယ်နော်။ အန်တီအရမ်းပျော်နေမှာပဲ။ သမီးတို့က အန်တီတို့လောက်မဟုတ်တောင်မှ အတော်လေးဝမ်းသာမိပါတယ်။ ဒါကြောင့်ပဲ သူ့ကိုလာပြီး ဂုဏ်ပြုပေးတာပါ။”

“အာ တကယ်ကိုကျေးဇူးတင်ပါတယ်သမီး ဂျယ်ဂန်းမှာ ဒီလောက်ချောမောလှပတဲ့ ကျောင်းနေဖက်ရှိတာ မသိခဲ့ဘူး အိုဟိုဟိုဟို”

“မေမေ အပြင်မှာနည်းနည်းအေးနေပြီ အထဲဝင်ရအောင်”

ဂျယ်ဂန်း အလွန်ပျော်ရွှင်စိတ်အားထက်သန်နေသော မိခင်ဖြစ်သူကို ဆွဲခေါ်သွားသည်။ သူသာ ဒီအချိန်မှာမရပ်တန့်နိုင်ဘူးဆိုရင် သူနဲ့ ဆုဟီးရဲ့ အခြေအနေက အရမ်း အနေရခက်သွားမှာကို စိုးရိမ်သည်။

“ဆုပေးပွဲလည်းစတော့မှာဆိုတော့ ဝင်ကြတာပိုကောင်းပါတယ် ဒီဘက်လမ်းပါအန်တီ”

ဆုဟီးက ရှေ့မှ လမ်းပြပေးလိုက်ပြီး ကျန်သောသူများက သူမနောက်မှလိုက်သွားကြသည်။

“လီဆုဟီးတဲ့လား။ သူမက အတော်လေးလှတာပဲ ပြီးတော့ စိတ်ထားလေးကလည်း နှစ်လိုဖွယ်ကောင်းပြီး ယဉ်ကျေးလိုက်တာ”

“သားမှာဒီလိုမျိုးကျောင်းနေဖက်မျိုးရှိတာလား? သူမက တကယ်ကိုနှစ်လိုဖွယ်လေးပဲ။ ဒီကလေးမလေးနဲ့ အဆင်ပြေအောင်နေနော်သား”

ဂျယ်ဂန်း ဒီလိုဖြစ်လာမည်မှန်းခန့်မှန်းမိသည်။ လူကြီးများအတွက်ဆုဟီးကို ပထမဆုံးတွေ့ဖူးတာနဲ့ လုံးဝမကြိုက်ဖို့ဆိုတာမဖြစ်နိုင်ပါ။ သူမက လှပပြီး သပ်သပ်ရပ်ရပ်နေတတ်သည်။ သူမ၏ မျက်နှာပေါ်တွင် လောဘမရှိပဲ စကားပြောပုံဆိုပုံတို့ကလည်း သူ၏ မိခင်ဖြစ်သူနှင့် အမတို့ကို ဆွဲဆောင်ထားသည်။

“နင် မျက်လုံးဖွင့်ပြီး ဘေးနားက မိန်းကလေးတွေအားလုံးထဲမှာ လိုက်ရှာကြည့်စမ်းပါဦး ဒီလိုမိန်းမကောင်းမျိုးကိုမင်းဘယ်လောက်များများတွေ့ဖူးလို့လည်း? အမေပြောတာအမှန်ပဲ ခုပဲ ဒိတ်ဖို့ခွင့်တောင်းလိုက်တော့။”

“သူမကို အိမ်သာခေါ်လာခဲ့ အမတစ်ခုခုချက်ပေးမယ်။ သူမဘာကြိုက်တတ်လဲ?”

“တော်ပါတော့လို့ပြောနေတာကို အမကပါ ဘာဖြစ်နေတာလဲ”

ခန်းမထဲတွင် လူတစ်ဝက်နီးပါးခန့် ရောက်ရှိနေပြီးဖြစ်သည်။ ဂျယ်ဂန်းတို့အဖွဲ့သည် ရှေ့ဆုံးတွင်ထိုင်လိုက်ကြသည်။

‘ဟမ် လူအုပ်စုလိုက်တောင်လာကြတာပဲ မသိရင် ဆုကြီးရတာကျနေတာပဲ’

မြောင်ဟွန်း နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲမှရေရွတ်လိုက်သည်။ ဂျယ်ဂန်းတို့အုပ်စုနှင့်ဝေးရာ တစ်နေရာတွင်ဝင်ထိုင်လိုက်သည်။ သူ၏လက်ထဲတွင် ဘောပင်တစ်ချောင်းနှင့် ပြောင်းလဲမှုများစွာလုပ်ထားသည့် မိန့်ခွန်းစာရွက်ကိုလည်းကိုင်ထားသေးသည်။

ရုတ်တရက်ဆိုသလိုပဲ ခန်းမထဲတွင် ခုံနေရာများပြည့်သွားသည်။

နောက်ကျသူများက နေရာများတွင် မတ်တပ်ရပ်နေကြရသည်။ ထို့နောက်တွင် ဒီဂျစ်တယ်ဆုပေးပွဲအတွက် တာဝန်ရှိသူမှ စတင်ကြောင်းကြေငြာလိုက်သည်။

မြောင်ဟွန်းသည် စင်ပေါ်တွင်ပြောနေသည့်အရာများကိုစိတ်မဝင်စား သူ၏ စိတ်ထဲတွင် ဂျယ်ဂန်းထက် သူကပိုကောင်းသည်ဟု သက်သေပြနိုင်မည့် အရာများကိုသာ စဉ်းစားနေခဲ့သည်။

“…ဟုတ်ကဲ့ အခုဆို ဆုရရှိသူများကို ဆုချီးမြင့်သည့် အစီစဉ်စတင်ပါတော့မယ်။”

ဆုရရှိသူများဟု ကြားလိုက်သဖြင့် မြောင်ဟွန်းသူ့ခေါင်းကိုမော့ကြည့်လိုက်သည်။

ပထမဆုံးဆုချီးမြင့်ခြင်းခံရမည့်သူမှာ အကောင်းဆုံးဆုရရှိသူဖြစ်သည်။ဒီအကြောင်းကို ဂျယ်ဂန်းအပေါ်အမြင်မကြည်မှုကြောင့် မေ့နေခဲ့သော်လည်း သူဒီအကောင်းဆုံးဆုရရှိသူကို စိတ်ဝင်စားသည်။

‘အသက်ကြီးတဲ့သူတစ်ယောက်ယောက်နေမယ် ကလောင်နာမည်အရတော့ ယောကျ်ားလေးထင်တယ်’

ပွဲကြီးကြပ်သူက ဆက်မပြောပဲတုန့်ဆိုင်းနေစဉ် မြောင်ဟွန်းက မည်သူဖြစ်နိုင်မည်နည်းဟု ခန့်မှန်းကြည့်နေသည်။ သူပွဲကြည့်စင်ကိုလှည့်ပတ်ရှာကြည့်သော်လည်း လူအများကြီးရှိနေသောကြောင့် မခန့်မှန်းနိုင်ပေ။

“ တုံးအသောအမျိုးသမီး စာအုပ်ရဲ့ ရေးသားသူ ဆရာ ဆုဂန်းဝို ကျေးဇူးပြုပြီး စင်ပေါ်တက်လာပေးပါ။ “

ပရိတ်သတ်များက လက်ခုပ်တီးလိုက်ကြသည်။

ထိုကဲ့သို့သော အခြေအနေတွင် လူတစ်ယောက်သာ ထိုင်ခုံမှထလာသည်။ ထိူလူကို မြင်သောအခါ မြောင်ဟွန်း ခုံမှချက်ချင်းထပြီး အော်ဟစ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်။

‘ဟို ဟိုကောင် ကဘာကိစ္စထရပ်တာလဲ’

ခုံမှထလိုက်သည့်လူမှာ ဟာဂျယ်ဂန်းဖြစ်သည်။

ဂျယ်ဂန်း မိခင်ဖြင်သူ အစ်မဖြစ်သူနှင့် ဆုဟီးတို့၏ ထိုင်ခုံများကိုတည်တည်ငြိမ်ငြိမ်ဖြတ်ကျော်ပြီး လျောက်လမ်းမှတစ်ဆင့် စင်မြင့်အနီးသို့တိုးကပ်သွားသည်။

“ဂျယ် ဂျယ်ဂန်း မင်းဘယ်သွားမလို့လဲ”

“သား ဘာလုပ်တာလဲ? ဂျယ်အန်း ဂျယ်ဂန်းက ဒုတိယဆုရတာမဟုတ်ဘူးလား?”

ဂျယ်ဂန်း၏ လှုပ်ရှားမှုက အတူလိုက်ပါလာသူများကို မျက်နှာဖြူဖျော့သွားစေသည်။

“ဂျယ် ဂျယ်ဂန်း ဒါက ဒုတိယဆုကြေငြာတာ ...”

ဆုဟီးကိုယ်တိုင်ပင် အံ့အားသင့်သွားတကာ မထိန်းနိုင်ပဲ ပြောလိုက်သည်။

ဂျယ်ဂန်း အပြုံးဖြင့်သာပြန်တုန့်ပြန်လိုက်ပြီး စင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။ သူ၏ ခြေသံများက အရင်ကထက်တောက်ပနေပြီး ကြမ်းပြင်ပေါ်မှတစ်ဆင့် ပဲ့တင်ထပ်နေသည်။

All Chapters