← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

“အာ, ဒါကြောင့် လူတိုင်းက မက်ကနီကယ် ကီးဘုတ်သုံး ရတာကို ကြိုက်နေကြတာပဲ”

“မြောင် မြောင်”

ဂျယ်ဂန်းဒူးပေါ်တွင် ထိုင်နေသောရီခါက သူ့ကို တုန့်ပြန်လိုက်သည်။

ဂျယ်ဂန်း၏ လက်ချောင်းများဖြင့် ရိုက်လိုက်သော စကားလုံးသံက ပိုမိုရှင်းလင်းစွာကြားနေရသည်။

(ကလောက် ကလောက် ကလောက် ကလောက် အသံပါ xD )

ဒါက ဟီတဲမီဒီယာမှ မက်ကနီကယ် ကီးဘုတ်ဖြစ်သည်။ စာလုံးကီးများကို နှိပ်လိုက်တိုင်း ပြန်ကန်အားကြောင့် လက်ချောင်းများကအရသာရှိလှပြီး အသံကလည်း နှစ်လိုဖွယ်ဖြစ်သည်။ သူအရင်က စမ်းသုံးချင်ခဲ့သော်လည်း ဈေးကြီးသောကြောင့် တစ်ခါမျှမသုံးခဲ့ဖူးပါ။ အခုတော့ ဘာကြောင့် လူတိုင်း မက်ကနီကယ်ကီးဘုတ်ကို သဘောကျချီးကျူးကြသည်ကို ကိုယ်တိုင် ခံစားဖူးပြီဖြစ်သည်။

“ရီခါ ဒီအသံကိုနားထောင်ကြည့်စမ်းပါ အရင်က ငါ အွန်လိုင်းက ဝယ်ခဲ့တဲ့ ကိုးဒေါ်လာတန် ကီးဘုတ်နဲ့ မတူဘူးမလား? ငါရှာကြည့်တာ ဒီကီးဘုတ်က ဒေါ်လာလေးရာလောက်တန်ဖိုးရှိတယ်။ သူတို့ငါ့ကို ဒီဈေးကြီးတဲ့ကီးဘုတ်ကို လက်ဆောင်ပေးတာဖြစ်နိုင်မလည်း? ပီဂယ်လွန်ရဲ့ မှော်ဆရာ ဝတ္ထုကို နောက်တစ်အုပ်ထပ်ရေးပေးစေချင်လို့များလား?”

ဂျယ်ဂန်း ရီခါ့ကို ပြောနေရင်း ကီးဘုတ်ကိုဆက်ဆော့နေသည်။

နေ့ခင်းဘက်ဖြစ်၍ အပြင်ဘက်တွင် ရာသီဥတုက အတော်ပူနေသော်လည်း အခန်းထဲတွင် လေအေးပေးဆက်ကြောင့် အေးမြနေသည်။

ဘီးးး ဘိပ်!

ဆူဟီးဆီမှဖုန်းဝင်လာသည်။

ဂျယ်ဂန်းဆော့နေတာရပ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

“အန်း ဆူဟီး”

- နင့် နောက်ထပ်ဇာတ်ကြောင်းကို ငါဖတ်ကြည့်ပြီးပြီ အတော်လေး ပျော်စရာပဲ ဖတ်ရတာ။

“တော်သေးတာပေါ့”

- နေ့လည်စာစားပြီးပြီလား?

“မစားရသေးဘူး နင်ကော”

- ငါခုပဲ နေ့လည်စာစားမလို့ အပြင်ထွက်လာတာ။ နင်လည်းအချိန်မှန်စားဦး အာ ဒီနေ့ညစာကော ဘယ်လိုလဲ ငါဟိုဂျင်နဲ့ တွေ့ဖို့ချိန်းထားသေးတယ် ဂျောင်ဂျင်ကိုပါခေါ်လိုက်ပြီး လေးယောက် တူတူစားကြမလား?

“အာ စိတ်မကောင်းစရာပဲ ငါစာရေးရမယ့် ကိစ္စတွေရှိနေသေးတာ အဆင်မပြေလောက်ဘူးရယ်”

ဖုန်းပြောရင်းဂျယ်ဂန်း စာဖိုင်ကို ဖွင့်လိုက်သည်။ သူဒီဂျစ်တယ် စာပေဆုအတွက် ဝင်ပြိုင်မည့် “ကိုးဆယ် ခုနှစ်၏ ကလေးငယ်” စာအုပ်က မျက်နှာပြင်ပေါ်တွင်ပေါ်လာသည်။

-နင်ကတော့ အမြဲအလုပ်များနေတာပဲ နားဖို့လည်းစဉ်းစားပါဦး ဒီလိုနဲ့ အိပ်ရာထဲလဲသွားဦးမယ်။

“ဒီလ ဆယ့်ငါးရက်ထိပါပဲ”

-အာ? ဘာလို့ ၁၅ ရက်နေ့လည်း နင်အထူးအဆန်းတစ်ခုခုရေးနေတာလား?

ဆူဟီးက အရင်ကအတိုင်း အကဲခတ်နိုင်စွမ်းကောင်းဆဲဖြစ်သည်။

ဂျယ်ဂန်းက ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ငါအောင်မြင်ရင် ပြောပြမယ်”

- မအောင်မြင်လည်းပြောပြနော် ငါတကယ်သိချင်တယ်။

“ကောင်းပြီ”

ဖုန်းထဲမှ သက်ပြင်းချသံ ခပ်တိုးတိုးထွက်ပေါ်လာသည်။

ဂျယ်ဂန်း ညစာအတွက်စိတ်မကောင်းဖြစ်မိသော်လည်း သူ့တွင် ပြောစရာမရှိသဖြင့် တိတ်တဆိတ်သာ ငြိမ်သက်နေသည်။ ထို့နောက် ဆူဟီး၏ တက်ကြွနေသောအသံထွက်ပေါ်လာသည်။

- အင်း ကောင်းပြီ မင်းအလုပ်များနေတော့လည်း နောက်မှတွေ့ကြတာပေါ့ အလုပ်ကြိုးစားနော် နောက်မှဆက်သွယ်လိုက်မယ်။

ဂျယ်ဂန်း ခန္ဓာကိုယ်ကို တည့်မတ်လိုက်ပြီး လက်များကို ကီးဘုတ်ပေါ်တင်လိုက်သည်။ အကြိမ်အနည်းငယ် အသက်ကိုရှုရှိုက်လိုက်ပြီး “ကိုးဆယ်ပြည့်နှစ်၏ ကလေးငယ်” စာဖိုင်ကို ပြန်ပြီး တည်းဖြတ်စစ်ဆေးခြင်းစတင်လိုက်သည်။ ဒါက ဒီနေ့အတွက် တတိယအကြိမ်မြောက်စစ်ဆေးခြင်း ဖြစ်သည်။

“ဆရာ, အကျဉ်းထောင်ထဲမှာ သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ဒီအခန်းက အဆင်ပြေတယ်မလား?”

ဂျယ်းဂန်း ဆုဂန်းဝို ၏ ပုံရိပ်ကို မြင်ယောင်ရင်း မေးခွန်းမေးလိုက်သည်။

ဆုဂန်းဝို၏ အသံက ဂျယ်ဂန်း၏ နားထဲတွင် ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။

‘ဒါကသဘာဝဆန်တယ်။ မဆိုးပါဘူး။ အကယ်လို့ ဇာတ်လိုက်နေရာမှာငါသာဆို မနှုတ်ဆက်ခင် တစ်ခနလောက်တော့ တုန့်ဆိုင်းသွားမှာပဲ’

‘အင်း ဒါက ပိုကောင်းမယ်။ ငါတို့ပြောင်းသင့်တယ်။ ဒီလိုဆိုရင်ကော ဇာတ်လိုက်က သူ့ရဲ့ အချစ်ဦးနဲ့ ပြန်တွေ့တာမျိုးပေါ့’

‘အသုံးမဝင်တဲ့ စကားပြောခန်းတွေလည်းရှိနေသေးတယ်။ ဇာတ်လိုက်က ဇာတ်လမ်းကိုအထောက်ကူမပြုတဲ့ မဆိုင်တဲ့ ဇာတ်ကြောင်းတွေကို ဖော်ထုတ်နေတယ်။ ဒါတွေကိုဖျက်ပစ်သင့်တယ်။ အားလုံးကို ဖျက်လိုက်’

‘အားလုံးကိုဖျက်ပြစ်ဖို့လား? မဟုတ်သေးဘူး သူဘယ်လောက်ဒုက္ခရေဦက်တယ်ဆိုတာ ကောင်မလေးသိဖို့အတွက် ဒီလောက်တော့ ပြောသင့်တယ်မလား?’

‘ဒါတွေက မင်းရဲ့အတွေးသပ်သပ်ပဲ။ စာရေးဆရာတွေရဲ့ အတွေးက ဇာတ်လမ်းထဲက ဇာတ်ကောင်ကို စွက်ဖက်နေတာ အသုံးမဝင်ဘူး လိုက်ဖက်မှုလည်းမရှိဘူး’

စကားလုံးတိုင်းစီမှနေ ဝါကျ ဝါကျများစီမှ စာပိုဒ်တစ်ခုစီအထိ ဂျယ်ဂန်းနှင့် ဆုဂန်းဝိုတို့ အနည်းငယ် ပွတ်တိုက်မှုများဖြစ်ပေါ်နေကြသည်။

အများစုတွင်တော့ ဟာဂျယ်ဂန်းဘက်ကသာ နောက်ဆုတ်နေခဲ့ရသည်။

ဆုဂန်းဝို၏ အကဲဖြတ်ချက်များက ဇာတ်လမ်းကိုပြီးပြည့်စုံရန်အတွက် ချက်ကောင်းကျကျ ထိသည်။ ဂျယ်ဂန်းက မှားယွင်းနေသော အပိုင်းများကို ပြန်လည်တည်းဖြတ်ရင်း ပိုပိုပြီး နားလည်လာသည်။

ဂျယ်ဂန်းရေးထားတာ၏ ဆယ်ပုံပုံနှစ်ပုံလောက်သာ တည်းဖြတ်ရန်မလိုပဲ ထားရှိနိုင်ခဲ့သည်။

အထူးသဖြင့် ဇာတ်ကောင်၏ စရိုက်နှင့် လုပ်ဆောင်ချက်များတွင် အဖြေမရှိသောပြဿနာများကို ဇာတ်လမ်းကိုထိခိုက်မှုမရှိသောအခါ ဂျယ်ဂန်းက ခေါင်းမာတတ်သည်။

‘ဆရာက ဆိုးတယ်ပြောပေမယ့် ကျွန်တော်ကတော့ ကောင်းတယ်လို့ထင်တာ။ ဒါက စိတ်ခံစားမှုအသားပေးတဲ့ ဇာတ်လမ်းမျိုးမဟုတ်တော့ အကုန်လုံးကို ဖျက်ပစ်ခိုင်းတာက မလွန်လွန်းဘူးလား?’

‘ဒါက ငါ့ဇာတ်လမ်းမှမဟုတ်တာ မင်းလုပ်ချင်တာလုပ်ပေါ့’

အခန်းထဲတွင် စာရိုက်သံများက ရပ်တန့်မသွားပဲ ဆက်လက်ထွက်ပေါ်နေသည်။

ရီခါက ဂျယ်ဂန်းအာရုံကို နားလည်သဖြင့် အိပ်ရာပေါ်သို့တက်သွားသည်။

“မြောင်”

ရီခါက အသံပြုလိုက်သည်။

သူမ၏ အကြည့်က ဂျယ်ဂန်း၏ ကျောဘက်သို့ရောက်ရှိနေသည်။

ရီခါသည် ပင်ပန်းနေသည့်အလား မျက်လုံးများကို မပိတ်ခင်အထိ အချိန်အတန်ကြာ မည်သည်မျှမရှိသော အရာကိုသာစိုက်ကြည့်နေသည်။

‘ဒီလောက်နဲ့ပဲ နားလိုက်တော့မယ်။ လုံလောက်ပြီလို့ ခံစားရတယ်။ စာဖိုင်တင်သွင်းရမယ့်နောက်ဆုံးရက် မတိုင်ခင်အထိငါဒါကိုထပ်မထိတော့ဘူး’

သူသည် ‘ကိုးဆယ်ခုနှစ်များ၏ ကလေးငယ်’ စာဖိုင်ကို သိမ်းလိုက်ပြီး စာမျက်နှာအသစ်တစ်ခုကိုဖွင့်လိုက်သည်။ စကားလုံးတစ်လုံးမှမပါသော စာမျက်နှာအသစ်တစ်ခုသည် ကွန်ပျူတာပေါ်တွင်ပေါ်လာသည်။

‘မင်း နောက်ထပ်စာအုပ်အသစ်ထပ်ရေးမလို့လား?’

ဆုဂန်းဝို၏စကားသံက ဂျယ်ဂန်း၏ နားထဲသို့ဝင်လာသည်။

ဂျယ်ဂန်းစိတ်ထဲမှပြန်ဖြေလိုက်သည်။

‘ကိုးဆယ်ခုနှစ်များ၏ ကလေးငယ် ဝတ္ထုက ကျွန်တော် ကောလိပ်ကျောင်းသားဘဝက ရေးထားတာလေ ဒီပြိုင်ပွဲအတွက် အချိန်အများကြီးကျန်သေးတော့ နောက်ထပ် လုံးဝမတူတဲ့ ဇာတ်လမ်းအသစ်တစ်ခုကို ထပ်ရေးမလို့’

‘ဪ, ရေးမယ့် အကြောင်းအရာကို စဉ်းစားပြီးသားလား’

‘ဒါက ကျွန်တော့်အမရဲ့ ဇာတ်လမ်းလေ။ သူက မိသားစုအတွက် ကြိုးစားနေရတာနဲ့ ကောင်းလေးတောင်မရှာနိုင်ဘူး။ သူ့ရဲ့ဘဝကို အလုပ်အတွက်ပဲပေးဆယ်နေရတာ။ ကျွန်တော် မူကြမ်းရေးပြီးရင်ကြည့်ပေးပါဦး’

ကလစ် ကလစ် ကလစ်ကလစ်!

ဂျယ်ဂန်း သူ့အစ်မဖြစ်သူ၏ အကြောင်းများကို သူ၏ မှတ်ဉာဏ်ထဲမှ ပြန်လည်တွေးတောရင်း သူ၏ စိတ်ကို ကီးဘုတ်ပေါ်သို့ ဖြန့်ကျက်လိုက်သည်။

ဒါက အေးချမ်းငြိမ်သက်သော နွေရာသီရက်တစ်ရက်ဖြစ်သည်။

ယခုနှစ်ကဲ့သို့သော နွေရာသီရက်မျိုးက နောက်ထပ် ရှိလာမည်မဟုတ်ပေ။

ဂျယ်ဂန်းက ပြင်ဆင်ထားပြီးသားဖြစ်ပြီး သူ့တွင် စိတ်ပျက်မှုတစ်စက်ကလေးမျှမရှိပါ။ သူ့လိုမျိုးစာရေးဆရာ တစ်ယောက်အတွက် စီနီယာစာရေးဆရာကြီးတစ်ဦးနှင့်အတူ စာရေးရခြင်းထက် ပိုပြီးကောင်းသည့်အရာ မရှိပါ။

……

“ကောင်းသောနေ့ကလေးပါ အယ်ဒီတာ”

“ကောင်းသောနေ့ကလေးပါဆိုမီ, အာ မင်းမနက်ဖြန်ကနေစပြီး နားရက်ယူထားတာမလား?”

“ဟုတ် လေးရက်ယူထားတာ”

တဲဝမ်နှင့် ဆိုမီတို့ ဝန်ထမ်းကတ်ဖြင့် တံခါးဖွင့်ပြီး ထွက်ခွာသွားသည်။

နွေရာသီနှောင်းပိုင်းဖြစ်သည်။ ဆိုမီက အယ်ဒီတာတစ်ဦးအနေဖြင့် တစ်လှမ်းချင်းရှေ့သို့တိုးတက်နေသည်။ လက်ထောက်မန်နေဂျာဂို၏ အဓိပ္ပါယ်မဲ့ ခိုင်းစေမှုများ မရှိတော့သောကြောင့် သူမ၏ လုပ်ငန်းစွမ်းဆောင်ရည်က တိုးတက်လာသည်။

“အရှေ့ပင်လယ်ဒေသကို သွားမလို့လား?”

“ဟုတ်တယ် အဲ့ဘက်မှာ အခုကာလတွေက အတော်လေး နေလို့ကောင်းတယ်လေ။ ခနလောက် အနားယူပြီးမှ ပြန်လာမလို့”

တဲဝမ် မျက်နှာကျက်သို့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ပင်လယ်ဒေသတွေကို သွားမလည်ရတာတောင်အတော်ကြာခဲ့ပြီ အလုပ်ပဲ လုပ်နေရတော့ နွေရာသီအပန်းဖြေတယ်ဆိုတာမျိုးတောင် မရှိခဲ့ဘူး”

“မိသားစုနဲ့ တစ်ခါလောက်သွားကြည့်လိုက်ပါဦး ဒါက စလုပ်ဖို့ခက်ပေမယ့်လည်း တကယ်တန်းသွားရင် သုံးနာရီပဲကြာတာ”

“ငါသိပါတယ် တကယ်ပဲ စပြီးသွားဖို့ကခက်တယ်”

“မုခိုမှာ ကျွန်မတို့မိသားစုငှားထားတဲ့ နေရာလေးရှိတယ် သွားဖြစ်ရင်ပြောပါ ကျွန်မအကောင်းဆုံးကူညီပေးမယ်”

“မင်းကငါ့ကို ပစ္စည်းတွေရောင်းနေတာလား?”

“အာ ဟုတ်မယ်ထင်တယ်နော်?”

သူတို့ ဓါတ်လှေကားစောင့်နေကြတာဖြစ်သည်။

ဆိုမီသူ၏ ဖုန်းကိုထုတ်လိုက်သည်။ ဂျယ်ဂန်းဆီမှ မက်ဆေ့ဝင်နေသည်။

“ဆရာ, စာရေးဆရာ ဟာဂျယ်ဂန်းဆီကပါ”

“စာရေးဆရာဟာ, သူဘာပြောတာလဲ?”

ဆိုမီက ပြန်မဖြေပဲ မက်ဆေ့စာကြောင်းကိုပြလိုက်သည်။

တဲဝမ် စာကြောင်းသုံးကြောင်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။

- ဒီဂျစ်တယ်စာပေဆုအတွက် ဇာတ်လမ်းကပြီးခါနီးပါပြီ။ နောက်ဆက်တွဲ စိတ်ကူးယဉ်ဇာတ်လမ်းငါးအုပ်လောက် ရေးပြီး မင်းတို့ဆီပို့ပေးလိုက်မယ်။ အယ်ဒီတာကိုလည်း ပြောလိုက်ပါဦး ပျော်စရာအားလပ်ရက်လေးပိုင်ဆိုင်ပါစေ။

“သူက တကယ်အံ့ဩစရာပဲ။ စာရေးဆရာဟာက နွေရာသီအားလက်ရက် မနားဘူးပဲ”

တဲဝမ် ဓါတ်လှေကားပေါ်သက်လိုက်သည်။

ဒီဂျစ်တယ်စာပေစုပြိုင်ပွဲ ဇာတ်လမ်းပြီးတာနဲ့ ချက်ချင်း ဝတ္ထုဆက်ရေးနိုင်သည့် ပြင်းထန်တဲ့ ခံယူချက်နဲ့ ကြိုးစားအားထုတ်မှု က ဒီလောက်ပြင်းပြမယ်လို့မထင်မိပါ။

ဆူမီက နံပါတ် ၁ ခလုတ်ကိုနှိပ်ရင်း မေးလိုက်သည်။

“ဆရာလည်း ကျောင်းသားဘဝတုန်းက စိတ်ကူးယဉ်ဇာတ်လမ်းရေးခဲ့ဖူးတယ်မလား?”

“အင်း ဒါကငါ့အတွက် ကြင်လည်ရာလမ်းမဟုတ်ဘူးဆိုတာကို ၂ နှစ်အတွင်း သဘောပေါက်ခဲ့တယ်လေ။ တကယ့်ကို ဝမ်းသာမိတယ် ဖန်တီးတာနဲ့ ရေးသားတာက မတူဘူးလေ။ အာ မင်းလည်း ပုံဆွဲတတ်တယ်လို့ပြောဖူးလားလို့?”

“ကျွန်မလည်း ဒါက ကျွန်မအတွက် လမ်းမဟုတ်ဘူးဆိုတာ တစ်နှစ်အတွင်းသဘောပေါက်ခဲ့လို့ ကျေးဇူးတင်ပါတယ်”

“ဟားဟားဟား”

နှစ်ယောက်သား ဓါတ်လှေကားထဲတွင် တစ်ချိန်တည်းရယ်လိုက်ကြသည်။

ဆိုမီသူမ၏ဖုန်းကို ကိုင်ထားပြီး ဂျယ်ဂန်းထံသို့ စာပြန်လိုက်သည်။

-အကောင်းဆုံးဇာတ်လမ်းကိုရေးပြီး နောက်နှစ်နွေရာသီကျရင် ကောင်းကောင်းအနားယူပါနော်။

….

‘ဟူး ငါတကယ်ရူးတော့မှာပဲ”

မြောင်ဟွန်း ကွန်ပြူတာရှေ့တွင် ထိုင်လိုက်ထလိုက်ဖြင့် အကြိမ်များစွာ ပြုလုပ်နေသည်။

ယနေ့သည့် ဒစ်ဂျစ်တယ်စာပေဆုအတွက် ရလာဒ်ထွက်မည့်နေ့ဖြစ်သည်။

ပုံမှန်ဆို ဆုရသူများအား ထုတ်ပြန်မည့်ရက်မတိုင်မီ ကြိုတင် ဆက်သွယ်အကြောင်းကြားလေ့ရှိသည်။ ဒါက အချက်လက်များတောင်းခံရန်နှင့် ဆုယူသည့်အခါ မိန့်ခွန်းရေးသားရန် ရည်ရွယ်ချက်အတွက်ဖြစ်သည်။

သို့သော် မြောင်ဟွန်းအဆက်သွယ်မရခဲ့ပါ။ အန်းဆွန်းဝို ဟူသော ကလောင်အမည်မှလွှဲ၍ သူ့ကို ဆက်သွယ်ရန် အီးမေးလိပ်စာကော အခြား အချက်လက်များပါ မထည့်သွင်းထားကြေငါ်းသေချာသည်။

‘ငါရမှာသေချာပါတယ် ငါ့အကိုရဲ့ ပြင်ဆင်ပေးထားတဲ့စာအရေးအသားတွေက အံ့ဩစရာပဲကို မနိုင်စရာမှမရှိပဲ’

သူအနိုင်ရချင်သည်။

ဂျယ်ဂန်း၏ မျက်နှာကိုဖျက်စီးပစ်ချင်သည်။

နောက်တစ်ကြိမ် ဆုဟီးရှေ့သို့ရောက်သောအခါ အံ့ဖွယ်စာရေးဆရာတစ်ဦးအနေဖြင့် သူ့ကိုအသိမှတ်ပြုစေချင်သည်။

‘ဖူးးးဟူးးးး’

မြောင်ဟွန်း အသက်ပြင်းပြင်းရှုပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထိန်းလိုက်သည်။ ထို့နောက် မျက်လုံးများကိုမှိတ်လိုက်ကာ ထုတ်ပြန်မှုလင့်ကို နှိပ်လိုက်သည်။ အဓိကဆုကြီး တစ်ဆု, ဒုတိယဆု သုံးဆုနှင့် ပါဝင်မှုဆု(နှစ်သိမ့်ဆု) ၁၅ ဆု စုစုပေါင်း လူ ၁၉ ဦးကို ဆုချီးမြှင့်မှာဖြစ်သည်။

“ကောင်းပြီး နှစ်သိမ့်ဆုကိုတော့ အေးဆေးကျော်လို့ရမှာသေချာတယ် ငါ့ဝတ္ထုက နှစ်သိမ့်ဆုမှာပါနေစရာ အကြောင်းမှမရှိတာ”

မြောင်ဟွန်း၏အကြည့်များက ဒုတိယဆုဆီသို့ တိုက်ရိုက်ဦးတည်လိုက်သည်။ ထို့နောက်သူ၏ မျက်လုံးအစုံပြူကျယ်သွားသည်။ ဒေါသနှင့် ဝမ်းမြောက်မှု။ ခံစားချက်နှစ်ခုပေါင်းထားသော ထူးဆန်းသည့် ခံစားချက်တစ်ခုက သူ၏တစ်ကိုယ်လုံးကိုဖြတ်သန်းသွားသည်။

‘ဒုတိယလား? ငါဒုတိယဆုရတာလား?”

သက်ပြင်းချသံနှင့်အတူ ကြီးမားသော စိတ်ပျက်မှုတစ်ခုပါကပ်ပါလာခဲ့သည်။

အန်းဆွန်းဝူး ဟူသည့်ကလောင်အမည်ဖြင့် သူရေးသားထားသော “ဆိုးလ်မြို့၏ အထီးကျန်လူသား” ဇာတ်လမ်းက ဒုတိယဆုနေရာတွင် တည်ရှိနေသည်။

‘ချီးထဲမှ ဘယ်လိုအံ့ဖွယ်စာရေးဆရာတွေများထပ်ပြိုင်ထားသေးလို့ ငါ့ကိုဒုတိယဆုပဲပေးတာလည်း? ဒီပြိုင်ပွဲက ဘာတွေများတွေးနေတာလည်း? ဇာတ်လမ်းရဲ့ ဘယ်အပိုင်းကိုများအကဲဖြတ်ကြတာလား?”

မြောင်ဟွန်းသွားများကြိတ်လျက် သူ၏ အကြည့်ကိုရွေ့လိုက်သည်။

ထိုအချိန်တွင် သူ၏ မျက်နှာဖြူဖြော့သွားပြီး အေးခဲသွားသည်။

နာမည်တစ်ခု သူမကျော်လွှားနိုင်သော နာမည်တစ်ခုက သူ့ရှေ့တွင်ပေါလာခဲ့သည်။

All Chapters