← Chapters

အခန်း (၁၆၇၀)

Vol. 120 Ch. 1670

အခန်း (၁၆၇၀)

Vol. 120 Ch. 1670

ညီမမူဝမ်၊ ရှေးဦးအပျက်အစီးကုန်းမြေ၏ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မိတ်ဆွေဟောင်းများဖြင့် ပြန်တွေ့ဆုံရသောအခါ ဟန်မူယဲ့၏ နှလုံးသားက လှိုင်းထသွားသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံပြီးသည့်နောက် ကျင့်ကြံသူအများအပြားက ကျဆုံးသွားခဲ့ကြောင်း သူမြင်တွေ့ခဲ့သည်။ သူက အရှေ့သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဆက်လျှောက်သွားပြီး လောက၏ အထွတ်အထိပ်သို့ တတ်လှမ်းသွားသည်။

အတိတ်၌ သူက လောကကြီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်အလို့ငှာ ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရန် အိမ်မက်မက်ခဲ့သည်။ သို့သော်လည်း ယနေ့သို့ ရောက်ရှိလာသည့်အခါ ကျင့်ကြံခြင်းလမ်းစဉ်က မည်မျှခက်ခဲကြမ်းတမ်းကြောင်း သူနားလည်သွားသည်။

ကံကောင်းသည်မှာ သူ၏ မိတ်ဆွေဟောင်းများက သူ့ဘေးမှာ အဖော်ပြုပေးနေဆဲပင်။

“ ဂျူနီယာညီမ… အခုကစပြီး ကိုယ်တို့တွေ အတူတူ ခရီးဆက်ရအောင် ”

ဟန်မူယဲ့က နူးညံ့စွာ ပြောသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး မူဝမ်၏ လက်ကို ကိုင်လိုက်သည်။

ထိုစကားက မူဝမ်ကို မျက်ရည်ဝဲသွားစေသည်။

သူက ထိုစကားကို ကြားရန် နှစ်ပေါင်းများစွာကြာ‌အောင် စောင့်ဆိုင်းခဲ့ရသည်။

သူက ဟန်မူယဲ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သောကြောင့် အဝေးမှ ငေးကြည့်ရုံသာ တတ်စွမ်းခဲ့သည်။

အံ့ဖွယ်ကိုးပါးတောင်မှစ၍ ရှေးဦးအပျက်အစီးကုန်းမြေအထိ မည်သူမှ ဟန်မူယဲ့၏ ခြေလှမ်းကို အမီမလိုက်နိုင်ခဲ့ပေ။

ဟန်မူယဲ့က ကမ္ဘာဦးဘုံ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ အရာအားလုံးကို သူလက်လွှတ်နိုင်လိမ့်မည်ဟု မူဝမ်တွေးခဲ့သည်။ သို့သော်လည်း ဟန်မူယဲ့သည် ကမ္ဘာဦးဘုံ၏ အနာဂတ်အတွက် သူ၏ ကိုယ်ပွားကို စတေးခဲ့သည်။

ထိုသို့စတေးမှုက မူဝမ်ကို စိတ်လှုပ်ရှားစေခဲ့ရုံသာမက ကမ္ဘာဦးဘုံထဲမှ မရေမတွက်နိုင်သော သက်ရှိများကိုလည်း နှလုံးတုန်ယင်စေခဲ့သည်။

ထို့ကြောင့် ဤနှစ်များတွင် ရှေးဦးအပျက်အစီးကုန်းမြေထဲမှ သက်ရှိအားလုံးက အပြင်းအထန် ကြိုးစားကျင့်ကြံနေကြပြီး ကမ္ဘာဦးဘုံ၏ စွမ်းအားကို မြှင့်တင်ပေးရန်အလို့ငှာ မူလစွမ်းအားကို လိုက်လံရှာဖွေနေကြသည်။ သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ အရာအားလုံးကို ဟန်မူယဲ့တစ်ယောက်တည်း တာဝန်ယူနေသည်ကို သူတို့မမြင်ချင်ကြပေ။

ရှေးဦးအပျက်အစီးကုန်းမြေမှ သန်းနှင့်ချီသော စစ်တပ်များ ရောက်လာသည့်အခါ ဟန်မူယဲ့က ပြုံးလိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်သည်။

မရေမတွက်နိုင်သော သွေးချီကျောက်တုံးများက ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။

ယင်းတို့အားလုံးက မဟာပန်သွန်ကျောက်တုံးများ ဖြစ်ကြသည်။

ကျောက်တုံးတစ်တုံးစီက သေခြင်းရှင်ခြင်းအဆင့်မှာ ဖြစ်ကြသည်။

“ ဟွမ်ကျစ်ဟူ… စစ်တပ်တွေကို လေ့ကျင့်ဖို့ အသင့်ပြင်ခိုင်းပါ… လူတိုင်းကို ကျင့်ကြံခြင်းနည်းစနစ်အသစ် ပြောင်းလဲကျင့်ကြံခိုင်းပါ ”

“ အဆင့်မြင့်ဘုံတွေရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို အမြန်ဆုံး တတ်မြောက်ရမယ် ”

“ ငါမင်းတို့ကို ဆယ်နှစ်အချိန်ပေးမယ် ”

ဟန်မူယဲ့က သူ့ဘေးမှာ ရပ်နေသော ယုချန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး သွေးချီဘောလုံးတစ်လုံးကို ဖန်တီးလိုက်သည်။

ယုချန်းက လက်ဆန့်ထုတ်လိုက်ပြီး သွေးချီဘောလုံးကို ဖမ်းဆုပ်လိုက်သည့်အခါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ယင်းက မဟာပန်သွန်ကျောက်တုံးသန်းတစ်ရာ၏ စွမ်းအားစုဝေးမှု ဖြစ်သည်။

“ စီနီယာအကိုဟန်… အဲ့ဒါက… ”

ယုချန်းက အံ့ဩသွားသည်။

“ ကောင်းကင်အသွင်ပြောင်းလဲခြင်းဝင်္ကပါက အချိန်ကို ပြောင်းလဲနိုင်တယ်မလား ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

“ ဒီသွေးချီဘောလုံးကို အသုံးပြုပြီး ဝင်္ကပါရဲ့ စွမ်းအားကို လှုံ့ဆော်ပါ… တစ်နှစ်ကို နှစ်တစ်ထောင်နဲ့ ညီမျှအောင် လုပ်ပါ ”

“ ဒါဆိုရင် ဆယ်နှစ်ကြာပြီးတဲ့အခါ သူတို့တွေ သေခြင်းရှင်ခြင်းအဆင့်ထိ တတ်လှမ်းနိုင်လောက်ပါတယ် ”

သေခြင်းရှင်ခြင်း၏ အထက်အဆင့်များက ကောင်းကင်ဘုံလျှို့ဝှက်ချက်၊ ကမ္မ၊ သံသရာစက်ဝန်းနှင့် အာဏာရှင်တို့ ဖြစ်ကြသည်။

တစ်စုံတစ်ယောက်က သေခြင်းရှင်ခြင်း၏ အထက်အဆင့်များဆီသို့ တတ်လှမ်းချင်သည်ဆိုလျှင် ကျင့်ကြံခြင်းအရင်းအမြစ်များ အလုံအလောက်ရှိရုံဖြင့် မရပေ။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို မဖမ်းဆုပ်နိုင်လျှင် ဤဘဝ၌ သူတို့က မည်သည့်အခါမှ ပိုပြီးမြင့်မားသော အဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။

“ ဒါက လုံလောက်ပါတယ် ”

ယုချန်းက သွေးချီဘောလုံးကို ကိုင်ထားရင်း ပြုံးလိုက်သည်။

“ စီနီယာအကိုဟန် စိတ်ချပါ… ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်က မူလစွမ်းအားကို စုဝေးနိုင်ရုံတင်မကဘူး အချိန်နဲ့ လေဟာနယ်ကိုလည်း ပြောင်းလဲနိုင်ပါတယ်… ဒါ့အပြင် ယဇ်ပလ္လင်က မိုးမြေစွမ်းအားကို စုပ်ယူပြီး မူလစွမ်းအားကို ဒြပ်ထည်ဖွဲ့စည်းနိုင်ပါတယ် ”

“ သူတို့က ဒီနေရာမှာ ကျင့်ကြံမယ်ဆိုရင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို စူးစမ်းနိုင်ပြီး ကမ္မချည်မျှင်တွေကို ဖြတ်တောက်နိုင်ဖို့ ပိုပြီးလွယ်ကူသွားပါလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် သူက သွေးချီဘောလုံးကို အောက်သို့ ဖိချလိုက်သည်။

“ ဘန်း ”

အချင်းမိုင်တစ်သန်းကျယ်ပြောသော မိုးမြေက ကုန်းမြေသဖွယ် ဒြပ်ထည်ရှိလာသည်။ ရှေးဦးအပျက်အစီးကုန်းမြေမှ ကျင့်ကြံသူအားလုံးက ထိုကုန်းမြေပေါ်သို့ ဆင်းသက်သွားကြသည်။

သွေးချီကျောက်တုံးများက လေထဲမှာ ပျံဝဲသွားကြပြီး အသက်ဓာတ်နှင့် သွေးချီစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

သင်ကြားရေးဆရာလင်းက ဓားရှည်တစ်လက်ကို ကျောမှာ သယ်ဆောင်လျက် ဟန်မူယဲ့ဆီသို့ လျှောက်သွားသည်။ အခြားတစ်ဖက်တွင် ကျောင်းတော်သားဝတ်စုံ ဝတ်ဆင်ထားသော ရှုကျီက ဟန်မူယဲ့ထံသို့ တည်ငြိမ်သော အမူအရာဖြင့် လျှောက်သွားသည်။

“ အကိုဟန်… ဒီတစ်ကြိမ် မင်းကြုံတွေ့နေတဲ့ ကပ်ဘေးက ခုခံတားဆီးဖို့ အရမ်းခက်ခဲတာလား ”

လင်းရှန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

မူဝမ်သည်လည်း ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

အနီရောင်သံချပ်ကာ ဝတ်ဆင်ထားသော ဟွမ်ကျစ်ဟူက သူ၏ လက်ကို ဓားရိုးပေါ်သို့ တင်လိုက်သည်။

ကပ်ဘေး… ။

ဟန်မူယဲ့က မူဝမ်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဒီတစ်ကြိမ်ကပ်ဘေးက စိတ်ကူးမယဉ်နိုင်အောင် အရမ်းကြီးမားတယ် ”

“ ငါတို့အောင်မြင်သွားမယ်ဆိုရင် မိုးမြေအားလုံး သန့်စင်ခံရမယ် ”

“ တကယ်လို့ ငါတို့ ကျရှုံးသွားမယ်ဆိုရင် ရှေးဦးအပျက်အစီးကုန်းမြေက ပျက်စီးသွားလိမ့်မယ်… မိုးမြေအတွင်းက သက်ရှိအားလုံးလည်း သေကြေပျက်စီးသွားလိမ့်မယ် ”

နတ်ဘုရားနိဂုံး… ။

သူပြောနေသော ကပ်ဘေးက လောကဖန်ဆင်းရှင်ကြောင့် ဖြစ်ပေါ်လာသော နတ်ဘုရားနိဂုံး ဖြစ်သည်။

ထိုကပ်ဘေးက ယခင်သူတွေ့ကြုံခဲ့သော စကြာဝဠာကပ်ဘေးထက် အများကြီး ပိုပြင်းထန်သည်။ သာမန်ကျင့်ကြံသူများက နတ်ဘုရားနိဂုံး၏ ကြောက်စရာကောင်းပုံကို တွေးကြည့်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ အနှစ်တစ်သိန်းကြာပြီးနောက် ဟန်မူယဲ့နှင့် သူ၏ မိတ်ဆွေများက လောကဖန်ဆင်းရှင်ကို ထာဝရကောင်းကင်ဘုံဆီသို့ ခြေချနိုင်ရန် ကူညီပေးနိုင်မည်ဆိုလျှင် နတ်ဘုရားနိဂုံးကပ်ဘေးက ပျောက်ကွယ်သွားလိမ့်မည်။

အကယ်၍ သူတို့က ကျရှုံးသွားမည်ဆိုလျှင် ဘုံအားလုံးက အလွှာတစ်လွှာပြီးတစ်လွှာ ပျက်စီးသွားကြလိမ့်မည်။ ထို့နောက် မိုးမြေအတွင်းမှ အရာအားလုံးက ပျောက်ကွယ်သွားပြီး အဆုံးမဲ့သော ဟင်းလင်းပြင်သာ ကျန်ရှိတော့လိမ့်မည်။

အမှန်မှာ ဟင်းလင်းပြင်သည်ပင် နတ်ဘုရားနိဂုံး၏ ဝါးမျိုခံရလိမ့်မည်။

“ တကယ်လို့ ကပ်ဘေးကို မကျော်လွှားနိုင်ဘူးဆိုရင် ညီမက အကို့ဘေးမှာ အဖော်ပြုပေးမယ် ”

ညီမမူဝမ်က ဟန်မူယဲ့ကို သိမ်မွေ့စွာ ကြည့်လိုက်ပြီး ပြောသည်။

တခြားလူများသည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ အမတ်ချုပ်ဟန်… ရှေးဦးအပျက်အစီးကုန်းမြေက စစ်တပ်တွေက မင်းရဲ့ အမိန့်ကို စောင့်နေကြပါတယ်… သူတို့အားလုံးက လေ့ကျင့်ဖို့ အသင့်ဖြစ်နေကြပါပြီ ”

“ အဖေ… အသင်္ချေဓားဝင်္ကပါက အင်မော်တယ်တွေကို သတ်ဖြတ်နိုင်ပါတယ်… အဖေပြောတဲ့ အဆင့်မြင့်ဘုံတွေက ကျင့်ကြံခြင်းအဆင့်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အသင်္ချေဓားဝင်္ကပါက အာဏာရှင်တွေနဲ့ တိုက်ခိုက်နိုင်ပါတယ် ”

ဟွမ်ကျစ်ဟူက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လေးနက်စွာ ပြောသည်။

“ သမီးကို အချိန်နည်းနည်းပေးပါ… နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ့ အသင်္ချေဓားဝင်္ကပါကို အဖေ့အတွက် ဖန်တီးပေးပါမယ် ”

နတ်ဘုရားတွေကို သတ်ဖြတ်မယ်… ။

ယုချန်းက ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။ ထူးဆန်းသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

စီနီယာအကိုဟန်၏ မွေးစားသမီးက ထိုမျှရည်မှန်းချက်ကြီးလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူ၏ လက်ရှိတိုက်ပွဲစွမ်းအားက နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ရန် အလွန်လွယ်ကူနေကြောင်း ထုတ်မပြောခဲ့သလို မကြာခင် သူတို့ရင်ဆိုင်ကြရမည့် ကပ်ဘေးက နတ်ဘုရားအဆင့်ထက် ကျော်လွန်နေသော နတ်ဘုရားနိဂုံးဖြစ်ကြောင်း သူထုတ်မပြောခဲ့ပေ။

တစ်ခါတစ်ရံမှာ စကားအများကြီး ပြောခြင်းက စိတ်နှလုံးကို ယိမ်းယိုင်စေနိုင်သည်။

…..

ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ပေါ်မှ မဟာဝင်္ကပါက အသက်ဝင်လာသည်။ ယင်းက တစ်နှစ်ဟူသော အချိန်ကို အနှစ်တစ်ထောင်နှင့် ညီမျှသွားစေသည်။

ဟန်မူယဲ့က မဟာဝင်္ကပါထဲမှာ ညီမမူဝမ်နှင့်အတူ အနှစ်တစ်သောင်းကြာအောင် ကျင့်ကြံခဲ့သည်။ ညီမမူဝမ်က ကောင်းကင်ဘုံလျှို့ဝှက်ချက်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါမှသာ သူက ဝင်္ကပါထဲမှ ထွက်သွားသည်။

ထိုအခိုက်အတန့်မှာ မဟာဝင်္ကပါထဲမှ စစ်သည်တော်တစ်သန်းက သေခြင်းရှင်ခြင်းအဆင့်သို့ တတ်လှမ်းသွားကြသည်။

အနှစ်တစ်သောင်းအတွင်း သေခြင်းရှင်ခြင်းအဆင့်ဆီသို့ တတ်လှမ်းခြင်း… ။

သူတို့ဆီမှာ အကန့်အသတ်မဲ့သော မူလစွမ်းအားနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များရှိသောကြောင့် ထိုသို့မြန်ဆန်ခြင်းဖြစ်သော်လည်း ယင်းက အလွန်ရှားပါးသော အောင်မြင်မှု ဖြစ်သည်။

သူတို့ထဲတွင် ခြေလှမ်းဝက် သံသရာစက်ဝန်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော ဟွမ်ကျစ်ဟူနှင့် တခြားလူများက အသန်မာဆုံး ဖြစ်ကြသည်။

ထိုလူများက ထူးချွန်သော ပါရမီရှင်များဖြစ်ကြသည်။

ညီမမူဝမ်က ဝင်္ကပါထဲမှာ ဆက်လက် ကျင့်ကြံနေစဉ် ဟန်မူယဲ့က ဝင်္ကပါအပြင်သို့ ထွက်သွားသည်။

ဝင်္ကပါ၏ အပြင်ဘက်တွင် အခြေအနေက အလွန်ပြင်းထန်နေသည်။

နဂါးအသွင်ပြောင်းလဲထားသော ယုချန်းက အရေအတွက် သန်းနှင့်ချီသော စစ်တပ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံနေရသည်။

နဂါးက မဟာဝင်္ကပါ၏ စွမ်းအားကို ဆွဲယူ၍ ယဇ်ပလ္လင်ကို ကာကွယ်ပေးနေသည်။

“ ယုချန်း… မင်းသူတို့ကို မတားဆီးနိုင်ဘူး ”

အသံတစ်သံက ထွက်ပေါ်လာသည်။

“ အဲ့ဒီဟန်မူယဲ့က နတ်ဝိညာဉ်အရှင်သခင်ကို ကလိမ်ကကျစ်နည်းနဲ့ လုပ်ကြံခဲ့တဲ့အပြင် ကိုင်လင်ကိုလည်း သေလုနီးပါး အခြေအနေရောက်အောင် တွန်းပို့ခဲ့တယ်… အဲ့လိုလူကို သေချာပေါက် သတ်ပစ်ရမယ် ”

အော်သံတစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ စစ်တပ်များ၏ အရှေ့တွင် ဘုံများကို ဖျက်ဆီးပစ်နိုင်သော လက်နက်များကို ကိုင်ဆောင်ထားကြသည့် အစွမ်းထက်အာဏာရှင်များက ယုချန်းကို တိုက်ခိုက်လိုက်ကြသည်။

ယုချန်းက အာဏာရှင်အဆင့်မှာဖြစ်သော်လည်း အဆင့်တူသော အစွမ်းထက်ရန်သူအများအပြားနှင့် ရင်ဆိုင်ရသောအခါ ကူကယ်ရာမဲ့သွားသည်။

အစွမ်းထက်လက်နက်များ သူ့အပေါ်သို့ ကျဆင်းလာသည့်အခါ ယုချန်း၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူက ပါးစပ်ဟလိုက်ပြီး မီးခိုးရောင်ဓားတစ်လက်ကို ထွေးထုတ်လိုက်သည်။

ထိုဓားက ဟန်မူယဲ့ သူ့အား ပေးထားသော အစောင့်အရှောက်ရတနာ ဖြစ်သည်။ ယခု သူက အစွမ်းထက်ရန်သူအများအပြားဖြင့် ရင်ဆိုင်နေရလေရာ ထိုဓားကို မဖြစ်မနေ အသုံးပြုရတော့မည်။

ဓားရှည်က လေထဲမှာ မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ဧရာမဓားအဖြစ် အသွင်ပြောင်းလဲသွားပြီး အရာအားလုံးကို ပိုင်းဖြတ်လိုက်သည်။

ယုချန်း၏ အရှေ့မှ အစွမ်းထက်လက်နက်အားလုံးက ဧရာမဓား၏ ခုတ်ချက်ကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။

“ အဲ့ဒါ ဘယ်လိုရတနာလဲ ”

“ အဲ့ဒီဓားက သန်မာလှချည်လား ”

အာဏာရှင်များက အထိတ်တလန့် အော်လိုက်ကြပြီး အနောက်လှည့်၍ ထွက်ပြေးကြသည်။

သူတို့အသုံးပြုလေ့ရှိသော အစွမ်းထက်လက်နက်များက ဖျက်ဆီးခံလိုက်ရသည့်အခါ သူတို့က တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။

“ အခုမှ ထွက်ပြေးမယ်ဆိုရင် အရမ်းနောက်ကျသွားပြီလို့ မထင်ဘူးလား ”

အသံက အဝေးမှ ပျံ့လွင့်လာသည်။ ထို့နောက် ဧရာမဓားက သန်းနှင့်ချီသော ဓားအလင်းများအဖြစ် ကွဲထွက်သွားပြီး ထိုအာဏာရှင်များနောက်သို့ လိုက်ဖမ်းသည်။

“ နတ်သခင် ကျုပ်တို့ကို ကယ်တင်ပါ ”

အော်သံက ဓားအလင်းများ၏ လိုက်ဖမ်းခံနေရသော အာဏာရှင်တစ်ပါးထံမှ ထွက်ပေါ်လာသည်။ သို့သော်လည်း သူမလွတ်မြောက်နိုင်မီ သူ၏ ခန္ဓာကိုယ်က အဖြူအနက်ဓားအလင်းဖြင့် ချုပ်နှောင်ခံလိုက်ရသည်။ သူက အတိတ်မှာ ကိုင်လင်တွေ့ကြုံခဲ့သည့်အတိုင်း တစ်ပုံစံတည်း ခံစားလိုက်ရသည်။

အဖြူအနက်ဓားအလင်း ဖြတ်သန်းသွားသည့်နေရာတိုင်း မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် အာဏာရှင်ခြောက်ပါးက ချုပ်နှောင်ခံလိုက်ကြရသည်။

“ နတ်သခင်… ”

အထိတ်တလန့် အော်သံများ ထွက်ပေါ်လာသည်။

ယုချန်းက မျက်မှောင်ကြုတ်လိုက်ပြီး ဓားရှည်ကို ပြန်သိမ်းဆည်းရန် သူ၏ အရှေ့ခြေထောက်ကို ထုတ်လိုက်သည်။

ထိုစဉ် ကျယ်လောင်သော ရယ်မောသံက အဝေးမှ ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။ ထိုသူက မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အဖြူအနက်ဓားအလင်းကို ဖမ်းဆုပ်လိုက်သည်။

“ ဒီတစ်လျှောက်လုံး ဒီဘုရင် စီစဉ်ထားခဲ့တာ အချည်းနှီးမဖြစ်ခဲ့ဘူး… ဟန်မူယဲ့က ဖန်ဆင်းရှင်အထွတ်အမြတ်ရတနာတစ်ခုကို မှီခိုအားထားနေတယ်ဆိုတာ ငါသိတယ် ”

All Chapters