← Chapters

အခန်း (၁၆၇၄)

Vol. 120 Ch. 1674

အခန်း (၁၆၇၄)

Vol. 120 Ch. 1674

တာအိုရောင်းရင်းတို့… ။

ဟန်မူယဲ့၏ စကားသံ ဆုံးသွားသည်နှင့် သူ့အရှေ့မှ ဟင်းလင်းပြင်ထဲ၌ အသင်္ချေအလင်းတန်းများ ပေါ်လျှိုးလာကြပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ပေတစ်ထောင်ဧရိယာကို ဖုံးလွှမ်းသွားသည်။

“ အဲ့ဒါ ရွှမ်ပုံရိပ်ယောင်ကလန်က လူတွေ ”

ယွင်ကျန်း၏ အမူအရာက ပျက်ယွင်းသွားပြီး သူက အလန့်တကြား အော်ပြောလိုက်သည်။

သူ့ဘေးမှ ယွင်ချောင်နတ်သခင်က အမြန်လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ပုံရိပ်ယောင်စွမ်းအားက သူ၏ လက်ဖဝါးထဲမှ ပေါ်လျှိုးလာပြီး ဟင်းလင်းပြင်ထဲမှ အသင်္ချေအလင်းတန်းများဖြင့် တွေ့ဆုံသွားသည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ သူ၏ ပုံရိပ်ယောင်စွမ်းအားက အပြင်ဘက်မှာ တားဆီးခံလိုက်ရသည်။

“ မြန်မြန် မြို့တော်ရဲ့ ဝင်္ကပါကို အသက်သွင်းကြ ”

ယွင်ချောင်က အော်ပြောလိုက်သည်။

ထိုစဉ် အဝေးမှ အသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ ငါတို့ အဲ့လိုလုပ်လို့မဖြစ်ဘူး… ရွှမ်ပုံရိပ်ယောင်ကလန်က ငါတို့လေဟာပြင်မြို့တော်ရဲ့ တည်နေရာကို အာရုံခံဖို့ ကြိုးစားနေတာ… တကယ်လို့ မြို့တော်ရဲ့ အကာအကွယ်ဝင်္ကပါကို အသက်သွင်းလိုက်မယ်ဆိုရင် သူတို့တွေ ငါတို့ရဲ့ တည်နေရာကို ရှာတွေ့သွားလိမ့်မယ် ”

ဝတ်စုံဖြူဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က သစ်သားတောင်ဝှေးတစ်ချောင်းကို ကိုင်ထားရင်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူက အလင်းပုံရိပ်ပေါ်မှာ အသင်္ချေအလင်းတန်းများဖြင့် ဝိုင်းရံခံထားရသော ဟန်မူယဲ့ကို စူးစမ်းကြည့်လိုက်သည်။

“ အဲ့ဒီတာအိုရောင်းရင်းက ဓားတာအိုကို ကျင့်ကြံပြီး အံ့ဖွယ်ကောင်းတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပိုင်ဆိုင်ထားတယ်… သူအလွယ်တကူ ရှုံးနိမ့်သွားမယ်လို့ ငါမထင်ဘူး ”

“ တကယ်လို့ မဖြစ်မနေ လိုအပ်လာမယ်ဆိုရင် ငါကိုယ်တိုင် အပြင်ထွက်ပြီး သေတဲ့အထိ တိုက်ခိုက်မယ် ”

သူစကားပြောနေသည့်အချိန် ရောင်ခြည်အလင်းတန်းများက ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ထိုရောင်ခြည်အလင်းတန်းများက အဖြူအနက်ဓားများ ဖြစ်ကြသည်။

ဓားအလင်းက ထက်ရှသော အရှိန်အဝါဖြင့် ပျံသန်းထွက်သွားသည်။ သို့သော်လည်း ယင်းက အသင်္ချေအလင်းတန်းများကို ဖျက်ဆီးပစ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ယင်းအစား ဓားအလင်းက သန်းပေါင်းများစွာသော အပိုင်းအစများအဖြစ် ကွဲထွက်သွားသည်။

“ ဟား ဟား… ဓားနတ်ဘုရားလို့တော့ ပြောတာပဲ… ထင်သလောက်လဲ မဟုတ်ပါလား ”

“ အတိတ်မှာတုန်းက ငါတို့ရဲ့ ရွှမ်ပုံရိပ်ယောင်ကလန်က ဓားနတ်ဘုရားတစ်ပါးကို ဝိုင်းရံသတ်ဖြတ်ဖို့ နတ်သခင်ငါးပါးကို စေလွှတ်ခဲ့တယ်… ဒါပေမဲ့ ကျရှုံးသွားခဲ့တယ်… ကြည့်ရတာ ဒီနေ့တော့ နတ်သခင်တစ်ပါးမှ ဝင်ပါစရာမလိုတော့တဲ့ပုံပဲ ”

လှောင်ရယ်သံက အရှေ့မှ ပျံ့လွင့်လာသည်။

ဟန်မူယဲ့၏ အရှေ့၌ စုဝေးနေကြသူများမှာ အရေအတွက်သုံးရာခန့်ရှိသော ရွှမ်ပုံရိပ်ယောင်ကလန်သားများ ဖြစ်ကြသည်။ သူတို့ထဲ၌ အသန်မာဆုံးက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်မှာ ဖြစ်ကြပြီး အရေအတွက် ဆယ်ယောက်ကျော်သည်။ အာဏာရှင်အဆင့်က အယောက်နှစ်ဆယ် ရှိကြသည်။

သူတို့အားလုံးက အတူတကွ အင်အားပူးပေါင်း၍ နတ်ဘုရားအဆင့် ပညာရှင်ကို ချုပ်နှောင်နိုင်သော ပုံရိပ်ယောင်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်ကြသည်။

“ သူ့ကို ဖမ်းချုပ်ကြ ”

“ သူ့ရဲ့ ဝိညာဉ်ကို အသိစိတ်ပျောက်စေပြီး သူ့ကို ကလန်ဆီ ဖမ်းခေါ်သွားတာ ပိုကောင်းမယ်… ဘာပဲပြောပြော သူက နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်ပြီး ဓားနတ်ဘုရားတစ်ပါး ဖြစ်တယ် ”

“ ဟား ဟား… ဓားနတ်ဘုရားတစ်ပါးက ဝိုင်းရံခံရပြီး အသတ်ခံလိုက်ရမယ်ဆိုရင် ယုလင်းကောင်းကင်နဂါးကလန်က ငါတို့ကို နောက်ထပ် အာခံရဲဦးမှာလား… သူတို့က လေဟာပြင်မြို့တော်ကို အသာတကြည် လက်လွှဲပေးလာလိမ့်မယ် ”

အော်သံများက ထွက်ပေါ်လာသည်။

သူတို့၏ စကားထဲမှာ သရော်လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း သူတို့ဆီမှာ ထိုသို့သရော်လှောင်ပြောင်ရန် အခွင့်အရေး တကယ်ရှိသည်။

နတ်ဘုရားတစ်ပါးက ဝိုင်းရံခံထားရပြီး အသတ်ခံရတော့မည့်အချိန် ယုလင်းကောင်းကင်နဂါးကလန်က ရပ်ကြည့်နေရုံသာ တတ်စွမ်းပေသည်။ ထိုသို့အခြေအနေမျိုးမှာ ရွှမ်ပုံရိပ်ယောင်ကလန်က မည်သို့ကြောင့် ယုလင်းကောင်းကင်နဂါးကလန်ကို လေးစားနိုင်မည်နည်း။

အလင်းပုံရိပ်၏ အရှေ့၌ ယွင်ကျန်းနှင့် ယွင်ချောင်က မျက်နှာသုန်မှုန်သွားကြသည်။ သူတို့၏ အရှေ့မှ အကြီးအကဲက ပုံရိပ်ယောင်နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုစဉ် အသင်္ချေအလင်းတန်းများဖြင့် ဝိုင်းရံခံထားရသော ဟန်မူယဲ့က သူ၏ လက်ကို နောက်တစ်ကြိမ် မြှောက်တင်လိုက်သည်။

အစောနက ပြိုကွဲသွားခဲ့သော ဓားအလင်းများက ပြန်စုဝေးသွားကြပြီး အောက်သို့ ခုတ်ပိုင်းလိုက်သည်။

ထိုဓားချက်က အစောနက ဓားချက်ထက်ပင် ပိုပြီးအားပျော့နေသည်။

ဓားအလင်းတန်းက ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အဖြူအနက်အလင်းစက်များအဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက တောင်ဝှေးကိုင်ထားသော အကြီးအကဲကို အသွင်သဏ္ဍာန်ပြောင်းလဲသွားစေသည်။ သူက ယုလင်းကောင်းကင်နဂါးအဖြစ် ပြောင်းလဲလိုက်ပြီး အလင်းပုံရိပ်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

သူက လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။

သူ၏ ပုံရိပ်ယောင်နတ်ဘုရားအလင်းက အသင်္ချေအလင်းတန်းများဖြင့် တွေ့ဆုံသွားသည့်အခါ ဟင်းလင်းပြင်က တုန်ယင်သွားသည်။

အသင်္ချေအလင်းတန်းများက ပြိုကွဲသွားတော့မည့် အခြေအနေကို ဖော်ပြလာသော်လည်း ဆက်လက် တောင့်ခံထားဆဲပင်။

ယုလင်းကောင်းကင်နဂါးကလန်၏ နတ်သခင်တစ်ပါးသည်ပင် ရွှမ်ပုံရိပ်ယောင်ကလန်၏ အတတ်ပညာကို မချိုးဖြတ်နိုင်ပေ။

“ ဟား ဟား… ကြည့်စမ်း ငါအကြီးကြီးတစ်ကောင် မိသွားပြီ ”

“ မြန်မြန် ဆုံးဖြတ်ချက်ချတော့… အဲ့ဒီဓားနတ်ဘုရားကို သတ်ပစ်ပြီး နဂါးအိုကြီးကို ဖမ်းဆီးကြ ”

အော်သံများ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ အသင်္ချေအလင်းတန်းများက ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ ပေါက်ကွဲသွားပြီး ဟန်မူယဲ့အပေါ်သို့ ဖိကျလာသည်။

ထိုအလင်းတန်းများက ရွှမ်ပုံရိပ်ယောင်ကလန်၏ လေဟာနယ်မူလစွမ်းအား ဖြစ်သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များ၏ အင်အားစုပေါင်းမှုအောက်မှာ ဘုံတစ်ခုသည်ပင် ထိုလေဟာနယ်မူလစွမ်းအားကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

မည်သို့ဖြစ်ပါစေ လေဟာနယ်ပြိုကွဲမှုက သာမန်အဖျက်စွမ်းအား မဟုတ်ပေ။

“ တာအိုရောင်းရင်း… ကျုပ် ခင်ဗျားအတွက် အသက်သုံးခါရှူချိန် အချိန်ဆွဲပေးမယ်… ခင်ဗျား ဒီကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မလားဆိုတာ ခင်ဗျားပေါ်မှာပဲ မူတည်တယ် ”

နဂါးအသွင်ပြောင်းလဲထားသော အကြီးအကဲက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူက မာန်ဖီဟိန်းဟောက်လိုက်ပြီး ပြိုကျလာသော ဟင်းလင်းပြင်ပေါ်သို့ ပျံတတ်သွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။

“ မလိုပါဘူး ”

ဟန်မူယဲ့က ပြောသည်။

မလိုဘူးလား… ။

“ ဘာကိုမလိုတာလဲ ”

ယုလင်းကောင်းကင်နဂါးက လေထဲမှာ ရပ်တန့်သွားသည်။ စိတ်ရှုပ်ထွေးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က စကားဆုံးသည်နှင့် သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။

အသင်္ချေအလင်းတန်းများ၏ အရှေ့တွင် အဖြူအနက်အလင်းစက်များက အသက်ဝင်လာကြပြီး အရှေ့သို့ ပျံသန်းသွားကြသည်။ ယင်းတို့က အလွန်မြန်ဆန်လေရာ သာမန်မျက်စိဖြင့် မြင်နိုင်ရန် အလွန်ခဲယဉ်းသည်။

“ ဗုန်း ”

အလွန်အားနည်းဟန်ရသော ထိုအဖြူအနက်ဓားအလင်းများက အသင်္ချေအလင်းတန်းများကို တိုက်ရိုက် ထိုးဖောက်သွားကြသည်။

ယင်းက ကောင်းကင်ပေါ်မှ ပြိုကျလာနေသော လေဟာနယ်ကို ရုတ်ချည်း ရပ်တန့်သွားစေသည်။

ဤအခိုက်အတန့်မှာ အသင်္ချေအလင်းတန်းအားလုံးက အဖြူအနက်ရောင်ခြည်အဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်၌ ဝိုင်းရံထားကြသော ရွှမ်ပုံရိပ်ယောင်ကလန်မှ အဖွဲ့သားသုံးရာကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ ဤသည်မှာ သူတို့က မယုံကြည်နိုင်စရာကောင်းသောအရာကို မြင်လိုက်ရသည့်အလားပင်။

သူတို့၏ လေဟာနယ်မူလစွမ်းအားက သူတို့၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည်။

ရွှမ်ပုံရိပ်ယောင်ကလန်၏ မွေးရာပါစွမ်းရည်ဖြစ်သော လေဟာနယ်ထိန်းချုပ်ခြင်းအတတ်ပညာက သူတို့အရှေ့မှ ရန်သူ၏ ဝါးမျိုခံလိုက်ရသည်။

“ မဖြစ်နိုင်တာ ”

“ လေဟာနယ်ကို ဘယ်လိုလုပ် ဝါးမျိုနိုင်တာလဲ ”

အံ့ဩသော အသံများ ထွက်ပေါ်လာသည်။

“ အဲ့ဒါ ဘယ်လိုအတတ်ပညာလဲ ”

ယွင်ကျန်း၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။

သူ၏ အရှေ့တွင် အလင်းပုံရိပ်က အဖြူအနက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အဖြူအနက်အလင်းတန်းများက ရွှမ်ပုံရိပ်ယောင်ကလန်သားများကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ ရွှမ်ပုံရိပ်ယောင်ကလန်သားများ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။

သူတို့အားလုံးက တိုက်ရိုက် ဖမ်းချုပ်ခံလိုက်ရသည်။

အမှန်မှာ ဟန်မူယဲ့က သူတို့အားလုံးကို တစ်ခါတည်း ဖမ်းဆီးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် မည်သို့ကြောင့် သူက အားနည်းသည်ဟု ဟန်ဆောင်နေလိမ့်မည်နည်း။

ရွှမ်ပုံရိပ်ယောင်ကလန်က လေဟာနယ်မူလစွမ်းအားကို ပိုင်ဆိုင်ထားလေရာ သူတို့က ထွက်ပြေးလွတ်မြောက်ခြင်းနည်းစနစ်ကို တတ်ကျွမ်းထားကြသည်။

သို့ဖြစ်၍ ဟန်မူယဲ့၏ သာမန်ဓားချက်များက သူတို့ကို တိုက်ရိုက် သတ်ဖြတ်ခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရန်သာ လုပ်ဆောင်နိုင်ပေသည်။ ယခုကဲ့သို့ သူတို့အားလုံးကို တစ်ခါတည်း ဖမ်းဆီးချင်သည်ဆိုလျှင် သူက ဉာဏ်သုံးရလိမ့်မည်။

ဟန်မူယဲ့အတွက်တော့ ရွှမ်ပုံရိပ်ယောင်ကလန်သားသုံးရာ၏ လေဟာနယ်မူလစွမ်းအားက အလွန်ရှားပါးသော အာဟာရဓာတ် ဖြစ်သည်။

ထိုရွှမ်ပုံရိပ်ယောင်ကလန်သားသုံးရာကို ဝါးမျိုသန့်စင်လိုက်မည်ဆိုလျှင် သူက အချိန်အတော်ကြာ ဗိုက်တင်းနေလိမ့်မည်။

“ အကြီးအကဲ… ကျုပ်က တာဝန်မကျရှုံးခဲ့ပါဘူး ”

သူက တည်ငြိမ်သော အမူအရာဖြင့် အနောက်လှည့်လိုက်ပြီး ပြောသည်။

တာဝန်မကျရှုံးဘူး… ။

မည်သူက ထိုသို့စကားကို ပြောဝံ့မည်နည်း။

ရွှမ်ပုံရိပ်ယောင်ကလန်သားသုံးရာက ထိုသို့ပုံစံဖြင့် ဖမ်းချုပ်ခံလိုက်ရမည်ဟု အတိတ်မှာ မည်သူက တွေးခဲ့မည်နည်း။

“ တာအိုရောင်းရင်းက တမူထူးခြားတဲ့ ကောင်းကင်အတတ်ပညာတွေကို တတ်ကျွမ်းထားတာပဲ… ”

ယုလင်းကောင်းကင်နဂါးသည် တောင်ဝှေးကိုင်ထားသော အကြီးအကဲအဖြစ် ပြန်အသွင်ပြောင်းသွားသည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ ယွင်ရှန်းက တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ် ”

…..

ဟန်မူယဲ့က ရွှမ်ပုံရိပ်ယောင်ကလန်မှ အစွမ်းထက်ကျွမ်းကျင်သူများကို အလွယ်တကူ ဖမ်းချုပ်နိုင်ခဲ့ပြီး ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကိုပင် အေးအေးဆေးဆေး သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသို့တိုက်ပွဲစွမ်းအားက လေဟာပြင်မြို့တော်ထဲမှ ယုလင်းကောင်းကင်နဂါးကလန်၏ အဖွဲ့သားများကို အံ့ဩမင်သက်သွားစေသည်။

မြို့တော်ထဲမှ ခန်းမထဲသို့ ဖိတ်ခေါ်ပြီးနောက် အစွမ်းထက် ကျွမ်းကျင်ပညာရှင်အားလုံးက မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ သူတို့အားလုံးက ဟန်မူယဲ့ကို စူးစမ်းလိုစွာ ကြည့်လိုက်ကြသည်။

“ တာအိုရောင်းရင်းဟန်… ခင်ဗျားရဲ့ စွမ်းရည်နဲ့ဆိုရင် ရွှမ်ပုံရိပ်ယောင်ကလန်ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မယ်လို့ ခင်ဗျားထင်လား ”

ယွင်ကျန်းက ခေါင်းမော့လိုက်ပြီး လေးနက်စွာ ပြောသည်။

အစတွင် သူတို့မျှော်လင့်ထားသည်မှာ ဟန်မူယဲ့က လျှပ်တစ်ပြက် ဝင်တိုက်ခိုက်ပြီး ရွှမ်ပုံရိပ်ယောင်ကလန်မှ နတ်သခင်တစ်ပါးကို အပြင်းအထန် ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ပစ်ခြင်း ပြုလုပ်နိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့က လေဟာပြင်မြို့တော်ကို ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မည်။

သို့သော်လည်း ယနေ့ သူတို့က ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားကို မျက်မြင်တွေ့သွားသောအခါ ရွှမ်ပုံရိပ်ယောင်ကလန်၏ ခြိမ်းခြောက်မှုကို တစ်ခါတည်း အပြတ်ရှင်းသင့်သည်ဟု ယုလင်းကောင်းကင်နဂါးကလန်မှ အကြီးအကဲများက စဉ်းစားမိကြသည်။

သို့မဟုတ်လျှင် ရွှမ်ပုံရိပ်ယောင်ကလန်က သူတို့အပေါ် အမြဲတမ်း ခြိမ်းခြောက်နေလိမ့်မည်။

“ ဒီနေ့ ကျုပ်သာ အားနည်းချင်ယောင် တမင်ဟန်မဆောင်ခဲ့ဘူးဆိုရင် ရွှမ်ပုံရိပ်ယောင်ကလန်သားသုံးရာကို တစ်ခါတည်း ဖမ်းဆီးနိုင်မှာ မဟုတ်ပါဘူး ”

“ ရွှမ်ပုံရိပ်ယောင်ကလန်သားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် သူတို့ကို ဒဏ်ရာရစေဖို့ မခက်ခဲပါဘူး… ဒါပေမဲ့ သူတို့ကို အမြစ်ဖြတ်သတ်ပစ်ဖို့က မလွယ်ကူပါဘူး… ဘာပဲပြောပြော သူတို့ဆီမှာ အနည်းဆုံး နတ်သခင်သုံးပါးရှိပါတယ် ”

ထိုစကားကို ကြားသောအခါ ခန်းမထဲမှ အကြီးအကဲများက စိတ်ပျက်သွားကြသည်။ သူတို့က ဟန်မူယဲ့တစ်ယောက်တည်းဖြင့် ရွှမ်ပုံရိပ်ယောင်ကလန်ကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်ဟု တွေးနေကြခြင်း ဖြစ်သည်။

“ ဒါပေမဲ့… တကယ်လို့ ယုလင်းကောင်းကင်နဂါးကလန်က ဆန္ဒရှိမယ်ဆိုရင် ကျုပ်က တိုက်ပွဲဆင့်ခေါ်အမိန့်ကို ထုတ်ပြန်ပြီး နတ်သခင်တချို့ဆီ အကူအညီတောင်းလိုက်ပါမယ် ”

“ ဒါ့အပြင် တကယ်လို့ ခင်ဗျားတို့က ကျုပ်ကို လုံလောက်တဲ့ ဆုလာဘ်တွေ ပေးမယ်ဆိုရင် စစ်သည်တော်သန်းပေါင်းများစွာ ပါဝင်တဲ့ စစ်တပ်တွေကို စုစည်းပြီးတော့ ကောင်းကင်နင်းခြေကလန်ကို ကျူးကျော်တိုက်ခိုက်ပါမယ် ”

“ ခင်ဗျားတို့က ကျုပ်ရဲ့ နောက်ခံကို သိထားကြပေမဲ့ ကျုပ်ရဲ့ နောက်ခံအတိအကျကိုတော့ မသိထားကြဘူး ”

ဟန်မူယဲ့က စကားပြောနေရင်း တုံကင်တစ်ခုကို ထုတ်လိုက်သည်။

“ ကျုပ်က မဟာပန်သွန်ဘုံရဲ့ ကောင်းကင်ဘုံစစ်ပွဲမှာ စစ်တပ်တွေကို အမိန့်ပေးနေတဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ် ”

All Chapters