အခန်း (၁၆၆၈)
Vol. 120 Ch. 1668
လောကဖန်ဆင်းရှင်၏ နတ်ဘုရားအလင်းက ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က သူ၏ လက်ထဲမှ မီးတောက်ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်လာသည်။
ဖန်ဆင်းရှင်တစ်ပါးသည်ပင် သူအစစ်ဆေးခံခဲ့ရကြောင်း သတိမထားမိပေ။
ဟန်မူယဲ့က လောကဖန်ဆင်းရှင်၏ မှတ်ဉာဏ်များနှင့် ဇစ်မြစ်ကို မြင်တွေ့ခဲ့ကြောင်း ထိုသူမသိပေ။
အကယ်၍ လောကဖန်ဆင်းရှင်သာ ဟန်မူယဲ့မှာ ထိုစွမ်းရည်ရှိကြောင်း သိထားမည်ဆိုလျှင် သူက နတ်ဘုရားနိဂုံးစွမ်းအားကို ထိုသို့ပေးအပ်ခဲ့မည် မဟုတ်ချေ။
“ ဖန်ဆင်းရှင်တောင်မှ အမှန်တရားကို မပြောနိုင်ဘူး… ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာသည်။ ထို့နောက် ဓားအလင်းက နတ်ဘုရားနိဂုံးစွမ်းအားကို ရစ်ပတ်လိုက်သည်။
ဓားအလင်းက မီးတောက်နှင့် တွေ့ဆုံသွားသည့်အခါ ချက်ချင်း ပြိုကွဲသွားသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ အလွန်အားကောင်းသော သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည့်အခါ ဓားအလင်းက နောက်တစ်ကြိမ် ဖွဲ့စည်းသွားသည်။
နတ်ဘုရားနိဂုံးစွမ်းအားက တစ်စုံတစ်ခု၏ လှုံ့ဆော်ခံလိုက်ရသည့်အလား ဟန်မူယဲ့ပေါ်သို့ တိုက်ရိုက် ဖိချရန် ကြိုးစားလိုက်သည်။
ဓားအလင်းက မီးတောက်ကို ခုခံတားဆီးလိုက်သော်လည်း အက်ကွဲသွားသည်။
နတ်ဘုရားနိဂုံးစွမ်းအားက မကြမ်းတမ်းပေ။ သို့သော် ယင်းက အလွန်နက်နဲသိမ်မွေ့သည်။ ဓားအလင်းက နတ်ဘုရားနိဂုံးစွမ်းအားကို အပြည့်အဝ မခုခံနိုင်ပေ။
နတ်ဘုရားနိဂုံးစွမ်းအား ချဉ်းကပ်လာနေသည်ကို မြင်သောအခါ ပိုပြီးတောက်ပသော ဓားအလင်းက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
အစောနက အက်ကွဲသွားသော ဓားအလင်းက မရေမတွက်နိုင်သော ဓားများအဖြစ် အသွင်ပြောင်းလဲသွားသည်။
ယင်းက သုံးပေရှည်လျားသော ဓားမဟုတ်တော့ပေ။ ယင်းအစား မရေမတွက်နိုင်သော ဓားတိုများ ဖြစ်ကြသည်။
ဓားတိုများက တစ်ပေခန့် ရှည်လျားကြပြီး အရေအတွက်တစ်သောင်းခန့် ရှိသည်။ ထိုဓားတိုများက အရှေ့မှ မီးတောက်နှင့် တွေ့ဆုံသွားသည့်အခါ အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွားကြသည်။
အနက်ရောင်အလင်းက ဓားပုံသဏ္ဍာန် ဖွဲ့စည်းသွားသည်။
ဟန်မူယဲ့၏ အရှေ့တွင် ဓားအလင်းက အဆက်မပြတ် ပေါ်လျှိုးလာနေပြီး ဓားတိုများက ဆက်တိုက် ဖွဲ့စည်းသွားနေသည်။ မရေမတွက်နိုင်သော ဓားတိုများက မီးတောက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ပြိုကွဲသွားကြသည်။
တစ်ချိန်တည်းမှာ ဓားအလင်းအလွှာများက အက်ကွဲသွားကြပြီး ဓားတိုများက တဖြည်းဖြည်း အရွယ်အစား သေးငယ်သွားကြသည်။ အစတွင် ဓားတိုများက တစ်ပေခန့် ရှည်လျားကြသော်လည်း ထို့နောက် တစ်လက်မအထိ သေးငယ်သွားကြသည်။ ထိုမှတဖန် တစ်ဆယ်မီလီမီတာအထိ သေးငယ်သွားကြသည်။
ဓားတစ်ချောင်းစီက တစ်မီလီမီတာအထိ သေးငယ်သွားသည့်အခါ ယင်းတို့ကို သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခဲယဉ်းသွားသည်။
ဓားတစ်ချောင်းစီက ဟန်မူယဲ့၏ ဓားတာအိုမှ စွမ်းအားပေါင်းစပ်မှုကို ကိုယ်စားပြုသည်။ ယင်းတို့က နတ်ဘုရားအဆင့် သူ၏ ဝိညာဉ်စွမ်းအားနှင့် ဓားတာအိုမူလစွမ်းအား၏ ပေါင်းစပ်မှု ဖြစ်သည်။
သို့တိုင် ထိုဓားများက နတ်ဘုရားနိဂုံး၏ စွမ်းအားကို မတောင့်ခံနိုင်ကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းတို့က နတ်ဘုရားနိဂုံးစွမ်းအားကို ပိုပြီးသက်ဝင်လှုပ်ရှားလာစေသည်။
ဓားအားလုံးက နတ်ဘုရားနိဂုံးစွမ်းအားဖြင့် စွန်းထင်ခံလိုက်ရသည့်အခါ ယင်းတို့က နတ်ဘုရားနိဂုံးဓားများအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။
ဓားတစ်ချောင်းစီမှာ မီးခိုးရောင်စွမ်းအားက ကိန်းအောင်းနေသည်။
ယင်းထဲမှာ ကိန်းအောင်းနေသော အဖျက်စွမ်းအားက ဟန်မူယဲ့ကိုပင် တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ဟန် ရသည်။
ယင်းက ဝါးမျိုခံရခြင်း သို့မဟုတ် တန်ပြန်ဆိုးကျိုး ဖြစ်သည်။
အကယ်၍ သူက နတ်ဘုရားနိဂုံးစွမ်းအား၏ ဝါးမျိုခံလိုက်ရမည်ဆိုလျှင် သူက နတ်ဘုရားနိဂုံးစွမ်းအား၏ ကျေးကျွန်တစ်ယောက်ဖြစ်လာလိမ့်မည်။
ထို့ပြင် နတ်ဘုရားနိဂုံးစွမ်းအားက ၎င်း၏ သဘာဝအလျောက် တုံ့ပြန်မှုပေါ်မူတည်၍ ဘေးပတ်ဝန်းကျင်ဆီသို့ ဆက်လက် ပျံ့နှံ့သွားလိမ့်မည်။ ၎င်းက ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ဝါးမျိုပြီး အရာအားလုံးကို အဆုံးမဲ့အမှောင်ထုအဖြစ် ပြောင်းလဲပစ်လိမ့်မည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အသူရာချောက်နက်ဂိတ်တံခါးကို ဖွင့်လှစ်လိုက်ဟန် ရ၏။ သူက အနောက်သို့ ပြန်မဆုတ်နိုင်တော့ပေ။
နတ်ဘုရားနိဂုံးရဲ့ ဝါးမျိုခံရတော့မှာလား… ။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေပြီး အနောက်သို့ တစ်လက်မမှ ဆုတ်မသွားပေ။
သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အားကောင်းသော ဓားအလင်း ထွက်ပေါ်လာသည်။
နတ်ဘုရားနိဂုံးစွမ်းအားက ပိုပြီးနီးကပ်လာနေသော်လည်း သူက မလှုပ်မယှက်ရှိနေဆဲပင်။
သူ၏ ဓားများက ပိုပြီးသေးသထက် သေးငယ်လာကြသည်။ သူ၏ ဓားတစ်သောင်းက မြူမှုန်တစ်မှုန်နှင့် နှိုင်းယှဉ်မရအောင် သေးငယ်သွားကြသည်။
သူ၏ အရှေ့မှ အစက်အပြောက်အားလုံးက ဓားအလင်းများ ဖြစ်ကြသည်။
ဓားသမားတစ်ယောက်သည် မည်သည့်အခါမှ နောက်မလှည့်ပေ။
ဓားသမားတစ်ယောက်သည် မည်သည့်အရာကိုမှ မကြောက်ပေ။
ဓားသမားတစ်ယောက်သည် ရန်သူသန်းပေါင်းများစွာဖြင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အရှေ့သို့သာ ချီတတ်သွားလိမ့်မည်။
“ ဗုန်း ”
ဓားအလင်းက ထပ်မံ ပေါက်ကွဲသွားပြီး နောက်ထပ် ခွဲထွက်သွားသည်။
ဤတစ်ကြိမ်တွင် အစက်အပြောက်ဓားများက ပိုပြီးသေးငယ်သွားကြသည်။ ဓားအစက်အပြောက်တစ်သန်းကို စုဝေးလိုက်မည်ဆိုလျှင်ပင် မြူတစ်မှုန်၏ အရွယ်အစားကို မနှိုင်းယှဉ်နိုင်ပေ။
ဟန်မူယဲ့က အာရုံစူးစိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ပေါက်ကွဲသွားသည်။
အဆုံးမဲ့သော ဓားအလင်းက နောက်ဆုံးအကြိမ် ကွဲထွက်သွားသည်။
ဤတစ်ကြိမ်တွင် ဓားများက အာရုံမခံနိုင်လုနီးပါး သေးငယ်သွားကြသည်။
ယင်းက ဓားအလင်းကို ထိန်းချုပ်နိုင်သော သူ၏ နောက်ဆုံးအကန့်အသတ် ဖြစ်သည်။
ထို့နောက် ဓားအလင်းအားလုံးက ဗလာနတ္ထိအဖြစ် အက်ကွဲသွားကြသည်။
သူ့အရှေ့တွင် နတ်ဘုရားနိဂုံးစွမ်းအားက ပိုပြီးအားကောင်းလာသည်။ ယင်းက လွှမ်းမိုးဖိနှိပ်သော အနက်ရောင်ဓားအလင်းနှင့်အတူ ဟန်မူယဲ့အပေါ်သို့ ဖိချလိုက်သည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် ဓားအလင်းအားလုံးက ပြောင်းပြန်လှည့်သွားပြီး သူ့ကိုယ်သူ ပိုင်းဖြတ်လိုက်ကြသည်။
သူ့ကိုယ်သူ ပိုင်းဖြတ်တယ်… ။
မရေမတွက်နိုင်သော ဓားအလင်းများက ဟန်မူယဲ့အပေါ်သို့ ပိုင်းဖြတ်လိုက်ကြသည်။
ဓားအလင်းများက အရေအတွက် အလွန်များပြားလေရာ သူ့မှာ ထွက်ပြေးရန် လွတ်လမ်းမရှိတော့ပေ။ သူက မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်ခံရတော့မည်။ သူ၏ ဝိညာဉ်သည်ပင် ထိုကပ်ဘေးမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
သူက နတ်ဘုရားနိဂုံးကို မတွန်းလှန်နိုင်သလို နတ်ဘုရားနိဂုံး၏ ဝါးမျိုခံရခြင်းကိုလည်း လက်မခံနိုင်ပေ။
ထိုသို့ဆိုမှတော့ ဟန်မူယဲ့က သူ့ကိုယ်သူ ဖျက်ဆီးပစ်ရန် ရွေးချယ်လိုက်သည်။
ယင်းက တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်သည်။
နတ်ဘုရားနိဂုံးစွမ်းအားဖြင့် ရင်ဆိုင်ရသောအခါ ဟန်မူယဲ့မှာ ခုခံနိုင်သောအင်အား လုံးဝ မရှိပေ။ သို့သော်လည်း သူက အညံ့ခံမည့်အစား အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရွေးချယ်လိုက်သည်။
“ ဝီး ”
ဟန်မူယဲ့အပေါ်သို့ ကျဆင်းလာနေသော အနက်ရောင်ဓားအလင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး ဟန်မူယဲ့ထံသို့ ဦးတည်သွားနေကြသော ဓားအလင်းများကို ဝါးမျိုလိုက်သည်။
သူမသေသွားပေ။
အပြုံးရိပ်ယောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ပြီးသွားပြီ… ။
အကယ်၍ သူသေဆုံးသွားမည်ဆိုလျှင် ထိုဓားအလင်းများက သခင်ကို ဆုံးရှုံးသွားကြလိမ့်မည်။ ထိုအခါ ဓားအလင်းများက ၎င်းတို့ဘာသာ ပြိုကွဲသွားကြလိမ့်မည်။
ယင်းက နတ်ဘုရားနိဂုံး လိုချင်သောအရာ မဟုတ်ပေ။
နတ်ဘုရားနိဂုံးလိုချင်သောအရာက ထိန်းချုပ်မှု ဖြစ်သည်။ ဖျက်ဆီးခြင်း မဟုတ်ပေ။
နတ်ဘုရားနိဂုံးသည် တစ်စုံတစ်ယောက်၏ ကိုယ်တွင်းထဲမှ စတင်လာပြီး အပြင်သို့ ပျံ့ပွားသွားသောအရာ ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က သေဆုံးသွားမည်ဆိုလျှင် သူ့မှာ အတွင်းစိတ်နှင့် အပြင်ပိုင်းက ရှိတော့မည်မဟုတ်ချေ။
ဤအခိုက်အတန့်မှာ ဓားအလင်းများက ယှက်ထွေသွားကြသည်။
ယင်းတို့က မမြင်နိုင်လုနီးပါး အလွန်သေးငယ်သော ဓားများ ဖြစ်ကြသည်။ ဓားများ၏ အရေအတွက်က သန်းပေါင်းဘီလီယံနှင့်ချီသည်။
ထိုဓားများထဲမှ စွမ်းအားက အဆုံးစွန်ထိ မှေးမှိန်သွားသည်။
ဟန်မူယဲ့၏ စွမ်းအားဖြစ်စေ သို့မဟုတ် နတ်ဘုရားနိဂုံးစွမ်းအားဖြစ်စေ ယင်းတို့က အဆုံးစွန်ထိ မှေးမှိန်သွားကြသည်။
ယင်းက ဟန်မူယဲ့ စောင့်ဆိုင်းနေသော အခွင့်အရေးဖြစ်သည်။ ယင်းက ဓားအလင်းခွဲထုတ်မှု၏ သူ့ကိုယ်ပိုင်အကန့်အသတ် ဖြစ်သည်။
သူ၏ စွမ်းအားက နတ်ဘုရားနိဂုံးကို မတောင့်ခံနိုင်ပေ။
သူ၏ ဓားအလင်းသည်လည်း နတ်ဘုရားနိဂုံးကို မခုခံနိုင်ပေ။
သို့သော်လည်း အကယ်၍ ဓားအလင်းမှာ ကိုယ်ပိုင်အသိစိတ်ရှိသည်ဆိုလျှင်ရော… ။
ဓားအလင်းများက နတ်ဘုရားနိဂုံး၏ ဝါးမျိုခံရရန် ဆန္ဒမရှိဘူးဆိုလျှင်ရော သို့မဟုတ် ယင်းတို့က နတ်ဘုရားနိဂုံးစွမ်းအားဖြစ်လာရန် ဆန္ဒမရှိဘူးဆိုလျှင်ရော… ။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ထူးဆန်းသော အရာကို မြင်တွေ့သွားသည်။ သူ၏ မျက်စိအရှေ့၌ မရေမတွက်နိုင်သော ကမ္ဘာများက မွေးဖွားလာကြသည်ဟု သူခံစားမိသွားသည်။
ဓားအလင်းတစ်ခုစီက ကိုယ်ပိုင်အသိစိတ်၊ ကိုယ်ပိုင်ဘဝရှိလာကြဟန် ရသည်။
အဆုံးမဲ့သော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ့အရှေ့မှ ဓားအလင်းအားလုံးက လွင့်ပြယ်သွားပြီး အဖြူအနက်အရှိန်အဝါအဖြစ် ယှက်ထွေသွားသည်။ ထို့နောက် ယင်းက နတ်ဘုရားနိဂုံးစွမ်းအားဖြင့် ပေါင်းစည်းသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နတ်ဘုရားနိဂုံးက တစ်စုံတစ်ယောက်၏ ကိုယ်တွင်းထဲမှ စတင်လာခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားနိဂုံးကို ပျိုးထောင်ပေးရန် သူ့ခန္ဓာကိုယ်၏ အနွေးဓာတ်ကို လိုအပ်သည်။
ယခု သူက သူ့ကိုယ်ပိုင်ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ နတ်ဘုရားနိဂုံးစွမ်းအားကို ပျိုးထောင်ပေးနေသည်။ သို့မှသာ နတ်ဘုရားနိဂုံးစွမ်းအားထဲမှ အနက်ရောင်ဓားအရှိန်အဝါက ချိုးဖြတ်ထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအနက်ရောင်ဓားအရှိန်အဝါ၏ ဖိနှိပ်မှုအောက်မှာ သူခွဲထုတ်ထားသော ဓားအလင်းများက ကြီးမားသော ဖိအားကို ပိုင်ဆိုင်သွားကြလိမ့်မည်။ တဖြည်းဖြည်း ယင်းတို့က အသိစိတ်ရှိလာပြီး သက်ဝင်လှုပ်ရှားလာကြလိမ့်မည်။
တစ်နေ့မှာ အဖြူရောင်နှင့် အနက်ရောင်ဓားအလင်းများက အမှန်တကယ် အသိစိတ်ရှိလာကြမည်ဆိုလျှင် ထိုအချိန်ကျလျှင် သူက ဖန်ဆင်းရှင်အဆင့်သို့ တတ်လှမ်းသွားလိမ့်မည်။
အတိုချုပ်ဆိုရသော် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအလင်းအားလုံး ကိုယ်ပိုင်အသိစိတ်ရှိသွားသည့်အခါ ဟန်မူယဲ့က ဖန်ဆင်းရှင်တစ်ပါးဖြစ်လာလိမ့်မည်။
သူက နတ်ဘုရားနိဂုံးစွမ်းအားကို ချေးငှား၍ သူ့ကိုယ်သူ ပုံသွင်းထုဆစ်နေခြင်း ဖြစ်သည်။ အကယ်၍ သူက အောင်မြင်သွားမည်ဆိုလျှင် ဖန်ဆင်းရှင်တစ်ပါးဖြစ်လာလိမ့်မည်။ အကယ်၍ သူက ကျရှုံးသွားမည်ဆိုလျှင် နတ်ဘုရားနိဂုံး၏ ဝါးမျိုခံရလိမ့်မည်။
ကျင့်ကြံခြင်းလောကတွင် ဓားကျင့်ကြံသူများကို အရူးများဟု ခေါ်ကြသည်။ သူတို့က အရှေ့ဆက်နိုင်ရန်အလို့ငှာ သူတို့ကိုယ်သူတို့ အန္တရာယ်တွင်းထဲ ပစ်ချရန် ဝန်မလေးကြချေ။
“ ဝီး ”
သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ အဖြူအနက်ယှက်ထွေနေသော ဓားတစ်လက်က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုဓားအလင်းထဲမှာ လျှင်မြန်ထက်ရှမှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
ထိုဓားကို ဖန်ဆင်းရှင်အဆင့်အောက်မှ မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုဓား၏ စွမ်းအားက နတ်ဘုရားအဆင့်၏ နယ်နိမိတ်ထက် အဆပေါင်းများစွာ ကျော်လွန်သွားသည်။
သူ့အရှေ့မှ ဓားကို ကြည့်နေရင်း ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။ ထို့နောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူက ထိုစွမ်းအားကို ပိုင်ဆိုင်ရန် သူ့အသက်ကို စတေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက မှန်သည်လော မှားသည်လော သူမသိပေ။
မည်သို့ဖြစ်ပါစေ ယခု သူလုပ်ရမည်မှာ ထိုအဖြူအနက်ဓားက အဆုံးမဲ့လောကတစ်ခုအဖြစ် ပြောင်းလဲသွားရန် သူပျိုးထောင်ပေးရလိမ့်မည်။
ထိုအတွက် သူက စိတ်ကူးမယဉ်နိုင်သော အရင်းအမြစ်များကို လိုအပ်သည်။
သူ့အရှေ့မှ ဓားရှည်သည် သန်းပေါင်းဘီလီယံနှင့်ချီသော ဓားအလင်းများဖြင့် ဖွဲ့စည်းထားသောအရာ ဖြစ်သည်။ ထိုဓားအလင်းတစ်ခုစီက ကိုယ်ပိုင်လောကတစ်ခုဖြစ်လာရန် သူပျိုးထောင်ပေးရမည်။
သို့ဆိုလျှင် မည်မျှများပြားသော အရင်းအမြစ်များကို သူလိုအပ်မည်နည်း။
ထိုအတွက် မည်မျှများပြားသော ဘုံများကို သူလိုအပ်မည်နည်း။
“ ဗုန်း ”
ချိပ်ပိတ်ထားသော လျှို့ဝှက်အခန်း၏ အပြင်ဘက်တွင် ကျယ်လောင်သော မြည်သံက ပေါက်ကွဲသွားသည်။
ဟန်မူယဲ့၏ ပုံရိပ်က အခန်းထဲမှ ရွေ့လျားသွားပြီး ဟင်းလင်းပြင်ဆီသို့ ပျံသန်းသွားသည်။
ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်၏ အရှေ့တွင် စစ်တပ်များက စုဝေးရှိနေကြပြီး အလွန်အားကောင်းသော သွေးချီစွမ်းအားကို ထုတ်လွှတ်နေကြသည်။
နဂါးအသွင်ပြောင်းလဲထားသော ယုချန်းက သတိကြီးစွာထား၍ ယဇ်ပလ္လင်ကို ကာကွယ်စောင့်ရှောက်ပေးနေသည်။
“ ကိုင်လင်… နတ်ဝိညာဉ်အရှင်သခင် သေဆုံးသွားတာ ငါနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောပြီးပြီပဲ… ဒါကို မင်းက ငါ့ကို ဆက်တိုက် အနှောင့်အယှက်ပေးနေတယ်… မင်းက ငါ့ရဲ့ ယုလင်းကောင်ကင်နဂါးကလန်နဲ့ ရန်သူဖြစ်ချင်နေတာလား ”
ယုချန်း၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ကောင်းကင်နှင့် မြေပြင်ကြား၌ ပုံရိပ်ယောင်နတ်ဘုရားအလင်းက ထွက်ပေါ်လာသည်။
“ ရန်သူဟုတ်လား ”
“ မင်းအတွက်နဲ့ ယုလင်းကောင်းကင်နဂါးကလန်က ငါ့ကို ဆန့်ကျင်ရဲမှာလား ”
“ ငါက အာဏာရှင်အဆင့်ရဲ့ အထွတ်အထိပ်မှာ… ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်… မင်းရဲ့ ကလန်က ဉာဏ်ရှိမယ်ဆိုရင် မင်းကို ငါ့လက်ထဲ လွှဲပြောင်းပေးလိမ့်မယ် ”
စစ်တပ်၏ အရှေ့တွင် ကျန်းတစ်ထောင်ရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်တစ်ယောက်က မတ်တတ်ရပ်နေပြီး မောက်မာထောင်လွှားစွာ ပြောသည်။
“ ခန်းမထဲမှာ နတ်ဝိညာဉ်အရှင်သခင်ကို ဆေးမှားကုပေးခဲ့တဲ့ လူကို ငါ့ဆီ လွှဲပြောင်းပေးပါ… မဟုတ်ရင် မင်းရဲ့ ကောင်းကင်အသွင်ပြောင်းလဲခြင်းယဇ်ပလ္လင်ကို ငါဖျက်ဆီးပြီး မင်းကို ငါသတ်ပစ်မယ် ”
ရွှေရောင်စစ်ဗိုလ်ချုပ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ယုချန်းကို စူးစိုက်ကြည့်လိုက်သည်။
“ မင်းပြောနေတဲ့ နတ်ဝိညာဉ်အရှင်သခင်ကို ဆေးမှားကုပေးတဲ့လူက ငါများလား ”
အသံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကို အနောက်ပစ်လျက် အရှေ့သို့ လျှောက်လာသည်။ သူက ယုချန်း၏ အရှေ့မှာ ရပ်လိုက်စဉ် သူ၏ ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
“ အဲ့ဒီကိစ္စက ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်နေတယ်ဆိုတော့ သေချာရှင်းလင်းသွားအောင် လုပ်ရမယ် ”