← Chapters

အခန်း (၁၆၇၆)

Vol. 120 Ch. 1676

အခန်း (၁၆၇၆)

Vol. 120 Ch. 1676

ကြက်သွေးရောင်ကောင်းကင်က စကားပြန်ပြောတော့မည့်အချိန် ရုတ်တရက် သူ၏ အမူအရာက ပျက်ယွင်းသွားသည်။

အရှေ့မှ မိုးမြေကြားတွင် ရွှေရောင်အလင်းတန်းများ ပေါ်လျှိုးလာသည်။ ဤသည်မှာ မိုးမြေက ကပြောင်းကပြန်ဖြစ်သွားသည့်အလားပင်။

“ အာဏာရှင်အဆင့် စွမ်းအား ”

ကြက်သွေးရောင်ကောင်းကင်နှင့် ဟွမ်ခြောက်သည် အလွန်သန်မာသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး သူတို့က အာဏာရှင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်ကြသည်။

သို့သော် ယခု သူတို့ဆီသို့ ဦးတည်လာနေသော စွမ်းအားက အာဏာရှင်တစ်ပါးတည်းထံမှ မဟုတ်ပေ။ ယင်းအစား အနည်းဆုံး အာဏာရှင်ဆယ်ပါးခန့် ရှိလိမ့်မည်။

မုန့်ကျားဘုံက ထိုသို့အင်အားကို ထိန်းသိမ်းနိုင်သော ဘုံမဟုတ်ပေ။ သို့ဆိုလျှင် ထိုအစွမ်းထက်ပညာရှင်များက မည်သည့်နေရာမှ ရောက်လာကြသနည်း။

“ ကြက်သွေးရောင်ကောင်းကင် အရှုံးပေးလိုက်တော့… ဒီတစ်ကြိမ် ငါတို့တွေ မုန့်ကျားဘုံ၊ စန်းယွမ်ဘုံနဲ့ ပိုင်ကျန်းဘုံကနေ အစွမ်းထက်ပညာရှင်တွေကို ခေါ်ယူစုဆောင်းခဲ့တယ်… ဒီနေ့ မင်းရဲ့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းက မုန့်ကျားဘုံကနေ ပျောက်ကွယ်သွားရမယ် ”

“ ကောင်းကင်ဖိနှိပ်မီးဖိုကို လက်လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ပါ… ဒါဆိုရင် မင်းရဲ့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းကို အမွေအနှစ်မပြတ်တောက်သွားအောင် ငါတို့ဂရုစိုက်ပေးမယ် ”

ကောင်းကင်တစ်ခွင် ဖုံးလွှမ်းထားသော ဧရာမပုံရိပ်များက အဝေးမှ ပျံသန်းလာကြပြီး စူးရှတောက်ပသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်ကြသည်။

ရောင်စုံအလင်းက လောကတစ်ခွင် ပျံ့နှံ့သွားသည်။

ဘေးပတ်ဝန်းကျင်တွင် အာဏာရှင်အဆင့် ဖိအားက တိုက်ရိုက် ကျဆင်းလာသည်။

လွှမ်းမိုးဖိနှိပ်သော မူလစွမ်းအားက ကြက်သွေးရောင်ကောင်းကင်၏ အနောက်မှ ကောင်းကင်ဖိနှိပ်မီးဖိုကို အပြင်းအထန် တုန်ယင်သွားစေသည်။

မီးဖိုက ကြီးမားသော ခြိမ်းခြောက်မှုဖြင့် တွေ့ကြုံနေရသည့်အလား ၎င်းဘာသာ အကြောက်အကန် ရုန်းကန်နေသည်။

“ ဆရာဦးလေးကျန်းရှုံး… ကျုပ်အကောင်းဆုံး ကြိုးစားပြီး သူတို့တွေကို ခုခံတားဆီးထားမယ်… ခင်ဗျားက ဂိုဏ်းက တပည့်တွေကိုခေါ်ပြီး ထွက်သွားပါ ”

ကြက်သွေးရောင်ကောင်းကင်၏ လေသံထဲမှာ အသက်စတေး၍ တိုက်ခိုက်မည့် စိတ်ဆန္ဒ ပါဝင်နေသည်။

သူက လေပေါ်သို့ ပျံသန်းသွားလေရာ မိစ္ဆာမီးတောက်များက တစ်ဟုန်ထိုး မြှောက်တတ်လာသည်။

သူကျင့်ကြံသော မူလစွမ်းအားက နတ်ဘုရားမီးတောက်များနှင့် မိစ္ဆာတာအို၏ ပေါင်းစပ်မှု ဖြစ်သည်။

“ ဘာကို ကြောက်နေရမှာလဲ… မတိုက်ခိုက်ဘဲနဲ့ ရလဒ်က ဘယ်လိုဖြစ်လာမလဲ ငါတို့ကြိုသိနိုင်လို့လား ”

ဟွမ်ခြောက်က အော်ပြောလိုက်သည်။ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည့်အခါ သူ၏ အသွင်သဏ္ဍာန်က လက်ရှစ်ဖက်နတ်မိစ္ဆာအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူက လက်သီးတစ်ချက် ထိုးလိုက်သည်။

“ ဗုန်း ”

သူ့အရှေ့တွင် အာဏာရှင်တစ်ပါးက အနောက်သို့ လွင့်စင်သွားသည်။

“ သူ့ကို တားကြ ”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အနည်းဆုံး အာဏာရှင်သုံးပါးက အရှေ့သို့ ပြေးသွားကြသည်။

ကြက်သွေးရောင်ကောင်းကင်က လေထဲမှာ ရပ်လိုက်သည်။ သူ၏ အနောက်တွင် မီးဖိုက အရွယ်အစားကြီးမားသွားပြီး သူ့အရှေ့မှ အာဏာရှင်တစ်ပါးကို ဝင်ဆောင့်လိုက်သည်။ မီးဖိုဖြတ်သန်းသွားသည့်အခါ ကောင်းကင်ပေါ်မှာ အရောင်နှစ်ရောင်ထွက်ပေါ်လာသည်။ တစ်ခုက အနီရောင်ဖြစ်ပြီး အခြားတစ်ခုက အနက်ရောင်ဖြစ်သည်။

“ ဘန်း ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူတိုင်းက အနောက်ဆုတ်သွားကြသည်။

ကြက်သွေးရောင်ကောင်းကင်က လူသေကောင်ပမာ မျက်နှာဖြူဖျော့သွားပြီး အပြင်းအထန် တုန်ယင်သွားသည်။

ဟွမ်ခြောက်က သူ၏ လှံကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး မောက်မာထောင်လွှားသော သူ၏ ပုံစံကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားသည်။

“ ခေါင်းမာနေတဲ့ကောင်တွေ ”

ဝတ်စုံရှည်ဝတ်ထားပြီး သရဖူဆောင်းထားသော အဖိုးအိုတစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ အပြာရောင်အလင်းတန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး ကြက်သွေးရောင်ကောင်းကင်နှင့် ဟွမ်ခြောက်ကို ဖိချလိုက်သည်။

ထိုအပြာရောင်အလင်းတန်းက လှံရှည်တစ်ချောင်း ဖြစ်သည်။ လှံရှည်က အောက်သို့ ကျဆင်းလာသည့်အခါ မိုးမြေကြားမှ လေဟာနယ်ထဲမှာ မရေမတွက်နိုင်သော လှံပုံရိပ်များ ထွက်ပေါ်လာကြသည်။

“ အသင်္ချေကပ်ဘေးလှံ ”

ကြက်သွေးရောင်ကောင်းကင်က မျက်လုံးပြူးသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ အတိတ်တုန်းက ထာဝရကပ်ဘေးမိစ္ဆာသခင်ကို မင်းသတ်ခဲ့တာမလား ”

“ အတိတ်မှာ မုန့်ကျားဘုံရဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာကျင့်ကြံသူတွေ ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးသွားကြတာ မင်းရဲ့ လက်ချက်ပဲ ”

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ မီးတောက်များက ကောင်းကင်ဖိနှိပ်မီးဖိုထဲမှ ပေါက်ကွဲထွက်လာသည်။ မိစ္ဆာမီးတောက်များက လေထဲမှာ လှံပုံရိပ်များဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

လှံပုံရိပ်က မီးတောက်ကို ဖောက်ထွင်းသွားပြီး ဟွမ်ခြောက်နှင့် ကြက်သွေးရောင်ကောင်းကင်ထံသို့ ဆင်းသက်လာသည်။

ဟွမ်ခြောက်က သူ၏ လက်ထဲမှ လှံကို မြှောက်လိုက်သည်။ အစွမ်းထက် သွေးချီအရှိန်အဝါက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာသည်။

“ ဒီဖိုးဖိုးရဲ့ အသက်ကို လိုချင်ရင် ဆုတောင်းမှပဲ ရမယ် ”

သူ၏ အနောက်တွင် မဟာမိစ္ဆာပုံရိပ်က ထွက်ပေါ်လာသည်။ မိစ္ဆာအလင်းတန်းက ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံတတ်သွားသည်။

“ ဗုန်း ”

ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ယင်းက လှံပုံရိပ်များနှင့် မီးတောက်များကို ပြိုကွဲသွားစေသည်။

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ဟင်းလင်းပြင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဘေးပတ်ပတ်လည်၌ ပုံရိပ်ယောင်အလင်းက လှည့်ပတ်နေသည်။

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်… ။

အာဏာရှင်အဆင့်မှ ကျွမ်းကျင်ပညာရှင်အားလုံးက ကြောက်လန့်စွာ အနောက်ဆုတ်သွားကြသည်။

“ ခင်ဗျားက ဘယ်သူလဲ ”

“ ဒီနေ့ကိစ္စက မုန့်ကျားဘုံနဲ့ပဲ သက်ဆိုင်ပါတယ်… စီနီယာက ဘာကိစ္စကြောင့် ဝင်စွက်ဖက်တာလဲ သိခွင့်ရှိမလား ”

ရိုသေကျိုးနွံသော စကားသံများက ဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။

ဟွမ်ခြောက်က သူ့အရှေ့မှ အဖိုးအိုကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ပျက်သောအမူအရာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက စိတ်သက်သာရာရသွားသည်။

“ ကောင်းတယ်… အခု ရောက်လာတဲ့လူက အဲ့ဒီကောင်မဟုတ်ဘူး ”

ဟွမ်ခြောက်၏ စကားဆုံးသွားသည်နှင့် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက ဘေးဘီသို့ တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။

“ နတ်သခင်တွေရဲ့ အမိန့်တော်အရ ငါက မုန့်ကျားဘုံရဲ့ မူလစွမ်းအားကို ထိန်းချုပ်ဖို့ ရောက်လာတာ ”

နတ်သခင်တွေ… ။

မုန့်ကျားဘုံရဲ့ မူလစွမ်းအားကို ထိန်းချုပ်ဖို့လား… ။

တိတ်ဆိတ်ငြိမ်သက်မှုက မိုးမြေကြားမှာ ပျံ့နှံ့သွားသည်။

နတ်သခင်များက မည်သည့်အချိန်မှာ မုန့်ကျားဘုံကို မျက်စိကျသွားခဲ့သနည်း။

အကယ်၍ နတ်သခင်တစ်ပါးက မုန့်ကျားဘုံကို ထိန်းချုပ်ချင်သည်ဆိုလျှင် မည်သူက စကားနားမထောင်ဘဲ နေဝံ့မည်နည်း။

“ စီနီယာပြောတာ တကယ် အမှန်ပဲလား ”

လှံရှည်ကိုင်ထားသော အဖိုးအို၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာထွက်ပေါ်လာပြီး သူက လေးနက်သော အသံဖြင့် မေးသည်။

“ အမှန်ပဲ ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုက လက်မြှောက်လိုက်ပြီး ကြက်သွေးရောင်ကောင်းကင်ထံသို့ ညွှန်လိုက်သည်။

“ မင်း… ဒီဘုံရဲ့ မူလစွမ်းအားကို ထိန်းချုပ်ပြီး ဘုံရဲ့ စွမ်းအားနဲ့အတူ ကျင့်ကြံပါ ”

အဲ့ဒါ ဘာကိုပြောတာလဲ… ။

ဘုံရဲ့ စွမ်းအားနဲ့ ကျင့်ကြံနိုင်တယ်လား… ။

ဘာလို့ ကြက်သွေးရောင်ကောင်းကင်လဲ… ။

အာဏာရှင်အဆင့် ကျင့်ကြံသူများက အံ့ဩသွားကြသည်။

“ စီနီယာ… ဘာလို့… ”

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အာဏာရှင်တစ်ပါးက စကားဆုံးအောင် မပြောနိုင်မီ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အကြီးအကဲက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင်အလင်းတန်းတစ်ခုက အနက်ရောင်သံချပ်ကာဝတ်ထားသော အာဏာရှင်ကို ထိမှန်သွားပြီး သူ့ကို အဝေးသို့ လွင့်ထွက်သွားစေသည်။

“ ဒီဘုရင်ရဲ့ အရှေ့မှာ အာဏာရှင်တစ်ပါးက စကားဝင်ပြောဖို့ အရည်အချင်းပြည့်မီလို့လား ”

ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် အကြီးအကဲက အေးတိအေးစက် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူက လက်ပြန်ရုပ်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ငါက အသိပေးဖို့ ရောက်လာတာ… ကျန်တဲ့ ကိစ္စတွေက ငါနဲ့ မသက်ဆိုင်ဘူး ”

မသက်ဆိုင်ဘူးလား… ။

အာဏာရှင်အဆင့် ပညာရှင်တချို့က စဉ်းစားသုံးသပ်သော အမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ ဒါဆိုရင် ကျုပ်တို့တွေ အရင်ထွက်သွားပါမယ် ”

“ ဟွန့်… ကြက်သွေးရောင်ကောင်းကင်က ဘာမို့လို့ ဒီဘုံကို ထိန်းချုပ်နိုင်ရတာလဲ ”

“ သွားကြစို့… အဲ့ဒါက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ပါပဲ… သူက နတ်သခင်တွေအကြောင်း ကြွားပြောနေတာ ဖြစ်ရမယ်… နတ်သခင်တစ်ပါး တကယ် ရောက်မလာရင် မုန့်ကျားဘုံရဲ့ မူလစွမ်းအားက ဘယ်လိုလုပ် အညံ့ခံမှာလဲ ”

အာဏာရှင်တချို့က တီးတိုးစကားပြောနေရင်း အနောက်ပြန်ဆုတ်သွားကြသည်။

သူတို့အားလုံးက အာဏာရှင်အဆင့်မှာ ဖြစ်ကြသည်။ သူတို့ထဲမှာ မည်သူက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ကို မမြင်ဖူးဘဲ နေမည်နည်း။

အကယ်၍ ယနေ့ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်က ကြားဝင်စွက်ဖက်မည်ဆိုလျှင် သူတို့က အရင်အနောက်ဆုတ်ပြီး အစီအစဉ်အသစ်ပြန်ဆွဲကြမည်။

“ ဘန်း ”

ထိုစဉ် ကောင်းကင်ထက်၌ တောက်ပသော ရွှေရောင်အလင်းတန်းက မြစ်ကြီးတစ်စင်းနှယ် အောက်သို့ ဆင်းသက်လာသည်။

ရွှေရောင်မြစ်ကြီးထဲတွင် မရေမတွက်နိုင်သော ကြယ်များက ရောနှောယှက်ထွေနေကြသည်။ အာဏာရှင်များသည် ထိုရွှေရောင်မြစ်ကို မြင်လိုက်သောအခါ ဝိညာဉ်တုန်လှုပ်သွားကြသည်။

“ မဟာတာအိုမြစ် ”

“ နတ်သခင်တွေ ဆင်းသက်လာပြီ ”

“ မုန့်ကျားဘုံ အညံ့ခံမယ်… သက်ရှိအားလုံး ဦးညွတ်ကြမယ် ”

ကျယ်လောင်သော ဟိန်းသံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အာဏာရှင်များဖြစ်စေ သို့မဟုတ် မုန့်ကျားဘုံထဲမှ တခြားကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက နေရာမှာ ကျောက်ရုပ်ဖြစ်သွားကြပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

“ ဘုရားရေ… ဘယ်သူဆင်းလာတာမို့လို့ အဲ့လောက်တောင် ကိန်းကြီးခန်းကြီးလုပ်နေတာလဲ ”

ဟွမ်ခြောက်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

သို့သော် ကြက်သွေးရောင်ကောင်းကင်၏ မျက်နှာက တည်ကြည်သွားသည်။

“ ဆရာဦးလေး… မဟုတ်မှ ဆရာပြန်ရောက်လာတာလား ”

ဟွမ်ခြောက်က လက်ခါယမ်းလိုက်သည်။

“ အဲ့ဒီကောင်က အရမ်းသန်မာတယ်ဆိုပေမဲ့ ဒီလိုကိန်းကြီးခန်းကြီးကို မလုပ်… ”

သူ့စကားမဆုံးမီ ဟွမ်ခြောက်၏ အကြည့်က ရွှေရောင်မြစ်ထဲမှ ဆင်းသက်လာသော ပုံရိပ်များပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

ပုံရိပ်တစ်ခု…။

ပုံရိပ်နှစ်ခု… ။

ပုံရိပ်ငါးခု… ။

နတ်သခင်ငါးပါး… ။

နတ်သခင်ငါးပါးက နတ်ဘုရားအလင်းဖြင့် လွှမ်းခြုံထားလျက် ဝိညာဉ်တုန်လှုပ်သွားစေမည့် စွမ်းအားကို ထုတ်လွှတ်နေကြသည်။ ယင်းက မုန့်ကျားဘုံတစ်ခုလုံးကို ပြင်းထန်စွာ တုန်ယင်သွားစေသည်။

နတ်သခင်ငါးပါး ဆင်းသက်လာပြီး နတ်ဘုရားအလင်းက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည့်အခါ မုန့်ကျားဘုံ၏ မူလစွမ်းအားက အညံ့ခံသွားသည်။

နတ်သခင်တစ်ပါးသည် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဘုံတစ်ခု၏ မူလစွမ်းအားကို မဖိနှိပ်နိုင်ပေ။ သို့သော်လည်း နတ်သခင်ငါးပါး အင်အားစုပေါင်းလိုက်သည့်အခါ နတ်သခင်တစ်ပါးကို မွေးထုတ်ပေးနိုင်သော ဘုံများမှလွဲလျှင် တခြားဘုံများက သေချာပေါက် အညံ့ခံကြရလိမ့်မည်။

အာဏာရှင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များက ခေါင်းမော့လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။

ဘာလို့လဲ… ။

မုန့်ကျားဘုံက ဘာမို့လို့လဲ… ။

နတ်သခင်ငါးပါးက ကိုယ်တိုင်ရောက်လာပြီး ဘုံရဲ့ မူလစွမ်းအားကို ဖိနှိပ်နေတာလား… ။

အဲ့ဒါအားလုံးက မုန့်ကျားဘုံကို ထိန်းချုပ်ဖို့အတွက်လား… ။

“ မင်းတို့ထဲမှာ ကြက်သွေးရောင်ကောင်းကင်က ဘယ်သူလဲ ”

ခေါင်းဆောင်ဖြစ်ဟန်တူသော ဝတ်စုံနက်ဝတ် အကြီးအကဲက အလင်းတန်းတစ်ခုကို ဖမ်းဆုပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အသံက အလွန်ကျယ်လောင်လေရာ အဆုံးမဲ့သော မိုးကြိုးများက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလားပင်။

ကြက်သွေးရောင်ကောင်းကင်က ခေါင်းမော့လိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

တစ်ဖက်လူက မည်သို့ကြောင့် သူ့နာမည်ကို ခေါ်နေကြောင်း သူမသိပေ။

နောက်အခိုက်အတန့်မှာ တောက်ပသော အလင်းတန်းက သူ့အပေါ်သို့ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းက မြန်ဆန်စွာ မြင့်တတ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက အာဏာရှင်အဆင့်သို့ ဝင်ရောက်သွားသည်။

ထို့ပြင် ယင်းက သာမန်အာဏာရှင်အဆင့် မဟုတ်ပေ။ အထွတ်အထိပ် အာဏာရှင်အဆင့် ဖြစ်သည်။ ယခု သူက မုန့်ကျားဘုံ၏ မူလစွမ်းအားကို ထိန်းချုပ်နိုင်နေလေရာ သူ၏ တိုက်ပွဲစွမ်းအားက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်ထိ တိုက်ရိုက် မြင့်တတ်သွားသည်။

မုန့်ကျားဘုံထဲသို့ ကျူးကျော်ဝင်လာကြမည့် သာမန်ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်များက ကြက်သွေးရောင်ကောင်းကင်၏ ပြိုင်ဘက်မဟုတ်တော့ပေ။

ဟွမ်ခြောက်က ကြက်သွေးရောင်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မနာလိုမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဘာလို့ အဲ့ဒီကောင်ရဲ့ ကံက ငါ့ထက် ပိုကောင်းနေတာလဲ… ။

“ မင်းတို့ထဲမှာ ဘယ်သူက တာအိုရောင်းရင်းဟွမ်ကျန်းရှုံးလဲဆိုတာ ငါသိပါရစေ ”

အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော နတ်သခင်က သိမ်မွေ့နူးညံ့သော အမူအရာဖြင့် ပြောသည်။

All Chapters