← Chapters

သုံးအိုးသောထောင်ယောင်းဝိုင်

Vol. 49 Ch. 678

သုံးအိုးသောထောင်ယောင်းဝိုင်

Vol. 49 Ch. 678

နွေးထွေးတောက်ပသော ရောက်ခြည်များကို ပေးစွမ်းသည့် ပုစွန်ဆီရောင်နေမင်းကြီးမှာ တိမ်ထုများအကြားမှ မိုးကုပ်စက်ဝိုင်းထံ ဝင်ရောက်ပျောက်ကွယ်လုနီးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီမှာပင် ညအမှောင်ထုမှ ကြီးစိုးလာတော့မည် ဖြစ်သည်။ သို့သော် ကန်ရွှမ်းကလန်တစ်ခုလုံးနှင့် အထူးသဖြင့် မူလသူတော်စင်တောင်ထွတ်တို့တွင် ပျော်ပွဲရွှင်ပွဲများ ကြီးစိုးနေဆဲ ဖြစ်သည်။

ယနေ့တွင် ကန်ရွှမ်းကလန်သည် ဒဏ္ဍာရီတွင်မည့် သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပြီး ဇူယွမ်မှာ ကန်ရွှမ်းသိုင်းကျမ်း ခုနစ်ခုလုံးအား ပထမဆုံး စုဆောင်းနိုင်သည့် ရွေးချယ်ခံတစ်ဦး ဖြစ်လာခဲ့ပြီပင် ဖြစ်သည်။

ဤရွေးချယ်ခံစိန်ခေါ်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားသည်နှင့်အတူ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာမှာလည်း များစွာမြင့်တက်သွားရသည်။ ယနေ့ရရှိခဲ့သော ဇူယွမ်၏အောင်မြင်မှုကြောင့် အနာဂတ်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကန်ရွှမ်းကလန်အတွင်း ဝံ့ကြွားစွာနေနိုင်တော့မည် ဖြစ်သည်။

အတိတ်ကာလများ၌ မူလသူတော်စင်တောင်ထွတ်သည် ကန်ရွှမ်းကလန်အတွင်း အစစအရာရာ နောက်ကျနေခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင် ဇူယွမ်မှာ ချူချင်းအား အနိုင်ယူကာ ရွေးချယ်ခံခေါင်းဆောင်နေရာအား ရရှိသွားခဲ့သည့်အတွက် မည်သူကမှ မူလသူတော်စင်တောင်ထွတ်အား နှိမ့်ချစွာ ဆက်ဆံရဲတော့မည် မဟုတ်ပေ။

ဇူယွမ်၏ အောင်မြင်မှုများနှင့်အတူ မြင့်တက်သွားသော မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သိက္ခာမှာ ယခင်ကထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်အတွင်း ဇူယွမ်၏ ဂုဏ်သတင်းနှင့် သြဇာအာဏာသက်ရောက်မှုမှာလည်း အလွန်မြင့်မားလာခဲ့ရကာ စိန်းထိုက်ယွမ်ကိုပင် ကျော်လွန်သွားခဲ့သည်။

..........

ဂူနန်းအတွင်း၌

စမ်းချောင်းငယ်လေးတစ်ခု အေးချမ်းတိတ်ဆိတ်စွာ တသွင်သွင် စီးဆင်းနေလျက် ရှိသည်။

ယောင်ယောင်မှာ ကျောက်စိမ်းပုလင်းငယ်အား ကိုင်ဆောင်ကာ ခွက်သုံးခွက်အတွင်းသို့ ကြည်လင်သော ဝိုင်အရက်များအား လောင်းငှဲ့နေသည်။

ထို့နောက် ယောင်ယောင်မှာ ကျောက်စိမ်းပုလင်းငယ်ကို စားပွဲပေါ်သို့ချကာ သေရည်ခွက်တစ်ခွက်အားမြှောက်၍ ဇူယွမ်အားကြည့်ကာ ခပ်ဖွဖွပြုံးလျက် ပြောလိုက်သည်။ "ရွေးချယ်ခံစိန်ခေါ်ပွဲမှာ နင်အနိုင်ရရင် ငါအဖော်ပြုပြီး သောက်ပေးမယ်လို့ ပြောထားတယ်မလား။"

"ဂုဏ်ပြုပါတယ် ဇူယွမ်။"

ဇူယွမ်မှာလည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခွက်အားကိုင်မြှောက်လိုက်သည်။ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိခဲ့ပြီး နှစ်နှစ်နီးပါးမျှသော အချိန်ကာလများ၌ မည်မျှအတိုင်းအတာအထိ ပင်ပန်းခက်ခဲခဲ့ရသည်ကို အခြားသူများထက် ဇူယွမ်မှာ အသိရှိဆုံး ဖြစ်သည်။

ရှန်ဇူတိုက်ကြီးသို့ ရောက်ရှိလာခဲ့ချိန်မှစ၍ အချိန်နှစ်နှစ်နီးပါးမျှ ကြာမြင့်ခဲ့ပြီးနောက်တွင် ပထမဆုံးအနေဖြင့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုတစ်ခုအား ရရှိနိုင်ခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ ရှေ့တွင်ရှိနေသော နူးညံ့လှပသည့် မိန်းမငယ်လေးအားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ယောင်ယောင် ဒီနှစ်တွေအတွင်း ကျွန်တော့်နားမှာ အမြဲရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"ဆရာသခင်ကန်းယွမ်က မင်းကိုစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဒီနှစ်တွေအတွင်း ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်နေရတာလဲဆိုတာ လူတိုင်းသိပါတယ်။" သူ၏အသံမှာ ကိုယ့်ကိုယ်ကို လှောင်ပြောင်သရော်နေသကဲ့သို့ ဖြစ်နေသည်။

ယောင်ယောင်သာ မရှိပါက ဒီနေ့ဒီအချိန်ထိ သူအသက်ရှင်နေပါ့မလားပင် မပြောတက်ပေ။

ယောင်ယောင်မှာ သူမ၏ တောက်ပရွှန်းစိုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "နင့်ကိုယ်နင် အဲ့လောက်ကြီးလည်း အထင်မသေးပါနဲ့။ ငါ့အပေါ်မှာ မှီခိုနေရုံနဲ့ ရွေးချယ်ခံခေါင်းဆောင် ဖြစ်လာတယ်လို့ထင်နေရင် နင်ကကန်ရွှမ်းကလန်ကို အရမ်းလျှော့တွက်ရာကျနေပြီ။"

ယောင်ယောင်မှာ စကားစရပ်သွားပြီးနောက် နီထွေးသော နှုတ်ခမ်းသားလေးများကို ခပ်ဖွဖွ ဖိကိုက်ထားလိုက်မိသည်။ ဇူယွမ်နှင့်ပက်သတ်၍ သူမ မပြောဖြစ်သော အချို့လည်း ရှိနေသေးသည်။

ဇူယွမ်သာမရှိပါက သူမ၏ကမ္ဘာကြီးတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေမည်သာ ဖြစ်သည်။

သူမသည် ခံစားချက်ဟူသောအရာအား သိရှိလာလိမ့်မည်ပင်မဟုတ်ပဲ အေးစက်ခက်ထန်လွန်းသော မိန်းမငယ်တစ်ဦးအနေဖြင့်သာ ဘဝကို ပျင်းရိဖွယ်ကောင်းစွာ ဖြတ်သန်းနေရပေလိမ့်မည်။

ကန်ရွှမ်းကလန်အပေါ် ထားရှိသော သူမ၏ သံယောဇဉ်သည်ပင် ဇူယွမ်နှင့်အတူ နှစ်နှစ်နီးပါးမျှ နေထိုင်ခဲ့သည့် ဤဂူနန်းအပေါ် ထားရှိသော သံယောဇဉ်မျှ နက်ရှိုင်းခြင်းမရှိပေ။

ဇူယွမ် အဖော်ပြုပေးနေခြင်းကြောင့်သာ သူမ၏ အေးစက်ခက်ထန်မှုများသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။ ဇူယွမ်ရှိနေပေးခြင်းကြောင့်သာ သူမသည် လူသားတစ်ဦးနှင့် ပိုမိုဆင်တူလာရခြင်း ဖြစ်သည်။

ထို့ကြောင့် ယောင်ယောင်မှာ ဇူယွမ်အား ကျေးဇူးတင်သင့်သည်ဟုပင် ထင်မှတ်မိသည်။

ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "ကျွန်တော့်မှာ ယောင်ယောင်အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ရှိတယ်။"

ယောင်ယောင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

ဇူယွမ်မှာ သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းငယ်သုံးလုံးအား ထုတ်ယူလိုက်သည်။

"ဝိုင်လား။" ယောင်ယောင်မှာ ကျောက်စိမ်းပုလင်းငယ်များအားကြည့်ကာ မေးလိုက်သည်။ "ငါက ဝိုင်နဲ့ပက်သတ်ရင် အရမ်းရွေးတယ်နော်။ တော်ရုံနဲ့တော့ ငါသဘောကျမှာ မဟုတ်ဘူး။"

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "ပုလင်းကိုဖွင့်ပြီး တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး။"

ယောင်ယောင်မှာ ကျောက်စိမ်းပုလင်းငယ်တစ်လုံးအားယူကာ အဖုံးကိုဖွင့်၍ အနည်းငယ် နမ်းရှိုက်ကြည့်လိုက်သည်။ ကောင်းမွန်ပြည့်စုံသော ဝိုင်အရက်၏ရနံ့အား သင်းပျံ့စွာရလိုက်သောကြောင့် သူမ၏ မျက်ဝန်းများမှာ တောက်ပလင်းလက်သွားရသည်။ သူမ၏ မျက်နှာပေါ်တွင် ရှားပါးလှသော ပျော်ရွှင်ခြင်း အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။

"ဒါ...ဒါက ထောင်ယောင်းဝိုင်မလား။ နင်လုပ်နိုင်သွားပြီလား။"

ယောင်ယောင်မှာ ရှေးဟောင်းဝိုင်တစ်မျိုး၏ ဖော်စပ်ပုံအား ရှာဖွေတွေ့ရှိခဲ့ပြီး အလွန်သဘောကျလွန်းသဖြင့် ထောင်ယောင်းဝိုင်ဟုပင် အမည်ပေးခဲ့သည်။ သို့သော် ဝိုင်ဖော်စပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများမှာ ရှာဖွေရန် အလွန်ခက်ခဲလွန်းလှသည်။ ထို့ကြောင့် ဇူယွမ်မှ ထိုထောင်ယောင်းဝိုင်အား ရအောင်ဖော်စပ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ယောင်ယောင်မှာ အနည်းငယ်မျှပင် တွေဝေခြင်းမရှိပဲ သူမ၏ဝိုင်ခွက်အတွင်းရှိနေသော သေရည်များကို သွန်ထုတ်လိုက်ပြီးနောက် ထောင်ယောင်းဝိုင်အား ဂရုနစိုက်ဖြင့် လောင်းထည့်လိုက်သည်။ ထောင်ယောင်းသည် သလင်းကျောက်ရည်ကဲ့သို့ ကြည်လင်နေပြီး ပတ္တမြားရောင် အနည်းငယ် သန်းနေလေသည်။

ယောင်ယောင်မှာ ဝိုင်အားအနည်းငယ် မော့သောက်လိုက်ပြီးနောက် မျက်ဝန်းများကိုမှိတ်ကာ စိမ်ပြေန​ပြေ အရသာခံနေလိုက်သည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် သူမ၏မျက်ဝန်းများ ရုတ်တရက် ပွင့်ဟလာကာ စကားဆိုလိုက်သည်။ "ဒီဝိုင်ထဲမှာ ထူးခြားတဲ့အရသာတစ်ခု ပါနေတယ်။"

ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ ယောင်ယောင်သည် ထိုမျှအထိ အသေးစိတ်အချက်အလက်များကိုပင် အရသာခံမိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ယောင်ယောင်မှာ ထောင်ယောင်းဝိုင်အား အနည်းငယ်မျှ ထပ်မံမော့သောက်လိုက်ပြီးနောက် မျက်မှောင်ကျုံ့ကာ ဇူယွမ်အားကြည့်လျက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီထောင်ယောင်းဝိုင်ထဲမှာ သွေးနံ့နည်းနည်းရနေတာပဲ။"

ဇူယွမ်မှာ ခေါင်းအားကုပ်လျက် ကူကယ်ရာမဲ့စွာ စကားဆိုလိုက်သည်။ "ယောင်ယောင့်ရဲ့လျှာက တကယ်ကြောက်ဖို့ကောင်းတာပဲ။"

ယောင်ယောင်၏ ထက်ရှအေးစက်သော အကြည့်များကြောင့် ဇူယွမ်မှာ ရွေးချယ်စရာမရှိပဲ ရှင်းလင်းပြောပြလိုက်ရသည်။ "အဲ့ဒါက ကျင်းရှန်သွေးမက်မွန်ကြောင့်ပါ။ ကျင်းရှန်သွေးမက်မွန်က ထောင်ယောင်းဝိုင်ရဲ့ အဓိကပါဝင်ပစ္စည်းပဲ။ အဲ့အပင်က အရမ်းရှားပါးလွန်းတော့ ကျွန်တော် ဘယ်မှာမှ ရှာလို့မရခဲ့ဘူး။ အရမ်းကံကောင်းလွန်းလို့သာ ကျင်းရှန်သွေးမက်မွန်ရဲ့ မျိုးစေ့တစ်စေ့ကို ရလာခဲ့တာ။ အဲ့အပင်ကို တောင်အနောက်ဖက်မှာ နှစ်တစ်ဝက်နီးပါးလောက် စိုက်ထားခဲ့ရတယ်။"

"အဲ့အပင်ကို နင်ဘယ်လိုစိုက်ခဲ့တာလဲ။" ယောင်ယောင်မှ ချက်ချင်းဆိုသလို မေးမြန်းလိုက်သည်။

ဇူယွမ်မှ စိတ်မသက်မသာဖြစ်နေဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ကျင်းရှန်သွေးမက်မွန်ကို စိုက်ပျိုးရတဲ့နည်းက ထူးခြားတယ်။ သူက လူသွေးကိုပဲသောက်ပြီး ကြီးထွားတာ။ အဲဒါကြောင့် နေ့တိုင်း တစ်ရက်ကို ကျွန်တော့်သွေးနည်းနည်းစီတိုက်ပြီး စိုက်ခဲ့တာ။"

ယောင်ယောင်၏ အမူအရာမှာ ပျက်ယွင်းသွားသဖြင့် ဇူယွမ်မှ အလျင်အမြန် စကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့။ ကြားရတာ မသတီစရာကြီးဆိုပေမယ့် ကျင်းရှန်သွေးမက်မွန်က သွေးထဲမှာပါတဲ့ အဆီအနှစ်တွေကိုပဲ စုပ်ယူတာပါ။ ပြီးတော့ အဲ့အပင်က တကယ်ကြည့်လို့လှတယ်။"

ယောင်ယောင်မှာ မတ်တပ်ထရပ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အရူးကောင်။"

"ဘာပြောလိုက်တာလဲဟင်။" ဇူယွမ်မှာ ရှင်းရှင်းလင်းလင်း မကြားလိုက်ရသောကြောင့် ယောင်ယောင်အားကြည့်ကာ မေးလိုက်သည်။

ယောင်ယောင်မှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါပြောလိုက်တာက နင်ကဦးနှောက်မရှိတဲ့ အရူးလားလို့။ ဝိုင်လေးတစ်ခုကို ဖော်စပ်ဖို့အတွက်နဲ့ သစ်ပင်တစ်ပင်ကို နင့်ရဲ့သွေးအဆီအနှစ်တွေ နှစ်တဝက်တောင် တိုက်စရာလား။"

လွန်ခဲ့သော နှစ်အတွင်း ဇူယွမ်မှာ ကျင့်ကြံခြင်းများကို အပြင်းအထန် ပြုလုပ်နေခဲ့ပြီး ဂူနန်းသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်တိုင်းတွင် အမြဲတစေ ပင်ပန်းနွမ်းနယ်နေတက်သည်။ ထိုသို့ အပြင်းအထန် လေ့ကျင့်နေရသည့်ကြားမှ ထောင်ယောင်းဝိုင် ဖော်စပ်နိုင်ရန်အတွက် ကျင်းရှန်သွေးမက်မွန်အား သွေးအဆီအနှစ်များ ပေးနေခဲ့ရသေးသည်။

ယောင်ယောင်မှာ သူမ၏နှလုံးသားတစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ ပြောလိုက်သည်။ "ယောင်ယောင်က တစ်ခုခုကို အရမ်းသဘောကျတာမျိုး ရှားတယ်လေ။ အဲ့လိုမျက်နှာလေးကို ထပ်တွေ့ချင်သေးလို့ပါ။"

ဇူယွမ်၏စကားသံမှာ ယောင်ယောင် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်ဝင်ရောက်သွားသည့်အလား မဖော်ပြနိုင်သော ခံစားချက်များ ပျံ့နှံ့လွှမ်းခြုံသွားရသည်။

ယောင်ယောင်၏ မျက်ဝန်းလေးများမှာ နီရဲသွားရပြီးနောက် နှုတ်ခမ်းအစုံအား ခပ်ဖွဖွ ဖိကိုက်ကာ တစ်ဖက်သို့လှည့်၍ ထွက်သွားလိုက်မိသည်။

ယောင်ယောင်မှာ နဂိုအတိုင်း အေးစက်ခက်ထန်နေသည့် နတ်ဘုရားမလေး၏ပုံစံမဟုတ်ပဲ ရှက်ရွံ့နေသည့် မိန်းမငယ်လေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

ဇူယွမ်မှာ နှလုံးသားများ ပြုတ်ကျမတက် ရင်ခုန်သွားရပြီးနောက် ခပ်ဖွဖွပြုံးကာ ယောင်ယောင်၏လက်အား အလျင်အမြန် ဖမ်းဆွဲလျက် ပြောလိုက်သည်။ "စိတ်မဆိုးပါနဲ့။"

ယောင်ယောင်မှာ ဇူယွမ်၏လက်အတွင်းမှ ရုန်းထွက်ခြင်းမရှိပဲ ခက်ထန်သောမျက်နှာပေးလေးဖြင့် ခေါင်းကိုမော့ကာ ပြောလိုက်သည်။ "နောက်ကြရင် အဲ့လိုရူးကြောင်ကြောင်အလုပ်တွေ လုပ်ဖို့မစဉ်းစားနဲ့တော့နော်။ ငါကဘယ်လိုလုပ် နင့်သွေးအဆီအနှစ်နဲ့လုပ်လို့ ရလာတဲ့ဝိုင်ကို သောက်ရမှာလဲ။"

ငွေသော်တာလမင်း၏ အေးမြသောရောင်ခြည်မှာ ယောင်ယောင်၏ လှပသွယ်လျသော ခန္ဓာကိုယ်ကောက်ကြောင်းလေးများပေါ် ကျဆင်းနေလျက်ရှိပြီး သူမ၏ နှင်းဆီရောင်နှုတ်ခမ်းသားလေးအား တောက်ပရွှန်းစိုနေစေသည်။

ဇူယွမ်မှာ နှလုံးခုန်သံများ အလွန်မြန်ဆန်လာရပြီးနောက် မည်သည်ကိုမှ မတွေးတောနိုင်တော့ပဲ အနားသို့တိုးကပ်ကာ ယောင်ယောင်၏နှုတ်ခမ်းသားလေးများအား ဖိကာနမ်းလိုက်သည်။

သူမ၏ နှုတ်ခမ်းလေးမှာ အေးမြနူးညံ့သော ပွင့်လွှာလေးများကဲ့သို့ နူးညံ့လှပေသည်။

ယောင်ယောင်မှာ စိတ်ဝိဉာဉ်မီးတောက်အား ဖန်တီးကာ ဇူယွမ်အား ကိုင်ပေါက်ရန် တွေးတောလိုက်သည်။ သို့သော် ထောင်ယောင်းဝိုင်အိုးသုံးလုံးအား မြင်တွေ့လိုက်ရသောအချိန်တွင် သူမ၏ နှလုံးသားများမှာ နာကျင်သွားရပြီးနောက် စိတ်ဝိဉာဉ်မီးတောက်မှာလည်း မှေးမှိန်သွားရသည်။

ဇူယွမ်မှာ ယောင်ယောင်၏ ရိုက်နှက်ခြင်းအား ခံယူရန်အတွက် အသင့်ဖြစ်နေပါသော်လည်း စိတ်ဝိဉာဉ်မီးတောက် မှေးမှိန်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါ၌ သွေးများပို၍ ပွက်ပွက်ဆူလာရသည်။

ဇူယွမ်မှာ အမှတ်မထင် စားပွဲအား ကြည့်ရှုလိုက်မိသောအခါတွင် ယောင်ယောင်၏ ဝိုင်အိုးအား သေးငယ်သော လက်လေးများဖြင့်ဖက်တွယ်ကာ လှောင်ပြောင်သကဲ့သို့ ကြည့်ရှုနေ​သော ထန်ထန်အား တွေ့ရှိလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ထန်ထန်အား အနည်းငယ်မျှပင် အလေးမထားပေ။ ဇူယွမ်သည် ယောင်ယောင်၏ သေးကျဉ်းသွယ်လျသော ခါးလေးအား တင်းကြပ်စွာ ဖက်တွယ်ထားလိုက်ပြီး အေးမြနူးညံ့သော နှုတ်ခမ်းသားလေးများကို တပ်မက်စွာ နမ်းရှိုက်နေလိုက်သည်။

ဂူနန်းအတွင်း ယောက်ျားပျိုနှင့် မိန်းမပျိုလေးတို့မှာ အရာရာအား မေ့လျော့လျက် တပ်မက်ရူးသွပ်စွာ ပွေ့ဖက်နမ်းရှိုက်နေကြသည်။

အချိန်အတော်ပင် ကြာမြင့်သွားပြီးနောက် ယောင်ယောင်မှာ နီရဲနေသော ပါးမို့မို့လေးများဖြင့် ဇူယွမ်၏ ရင်ဘတ်အား တွန်းထုတ်ကာ စကားဆိုလိုက်သည်။ "ဇူယွမ် ငါလည်းနင့်အတွက် လက်ဆောင်ရှိတယ်။"

ထိုစကားအား ကြားလိုက်ရသောအခါ၌ ဇူယွမ်၏ မျက်ဝန်းများမှာ ဝံပုလွေတစ်ကောင်လိုမျိုး ဆာလောင်မွတ်သိပ်ခြင်းများဖြင့် ပြည့်နှက်သွားရလေတော့သတည်း.......

All Chapters