← Chapters

ယောင်ယောင်၏လက်ဆောင်

Vol. 49 Ch. 679

ယောင်ယောင်၏လက်ဆောင်

Vol. 49 Ch. 679

"ဘာလက်ဆောင်လဲ။"

ဂူနန်းအတွင်း ရှိနေသော ဇူယွမ်မှာ ပွေ့ဖက်ထားသော ယောင်ယောင်အား ငုံ့ကြည့်လိုက်ရင်းဖြင့် မေးမြန်းလိုက်သည်။

ယောင်ယောင်မှာ ဇူယွမ်၏ရင်ခွင်ထဲမှ တိုးထွက်လိုက်ပြီးနောက် နီရဲနေသော ပါးမို့မို့လေးများဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်။ "နင့်အင်္ကျီတွေ အရင်ချွတ်လိုက်။"

"ဒီမှာလား။" ဇူယွမ်မှ အူကြောင်ကြောင်ပုံစံဖြင့် မေးလိုက်သည်။

"အဲ့ဒါဆို နင်ကဘယ်မှာချွတ်ချင်လို့လဲ။" ယောင်ယောင်မှ ခပ်ဆတ်ဆတ် ပြန်လည်ဖြေကြားလိုက်သည်။

ဇူယွမ်မှာ စားပွဲပေါ်တွင် ရှိနေသော ထန်ထန်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ဒီမှာက ထန်ထန်ရှိနေတယ်လေ။ ဒီည ကျွန်တော်တို့နှစ်ယောက် ဂူနန်းအပြင်မှာပဲ သွားအိပ်လိုက်ကြရင် မကောင်းဘူးလား။"

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့် သူမ၏ ကျောက်စိမ်းမှော်စုတ်တံအား ဆင့်ခေါ်ကာ စကားဆိုလိုက်သည်။ "နင့်ရဲအင်္ကျီတွေကို ချွတ်ခိုင်းတာက နင့်ကျောပေါ်မှာ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးကို ရေးဆွဲပေးဖို့ပဲ။"

လွန်ခဲ့သောတစ်နှစ်ခန့်၌ နဂါးဒေါသအဆိပ်မှာ ဇူယွမ်၏ခန္ဓာကိုယ်အတွင်း ပြန်လည်ထကြွလာခဲ့ပြီး ယောင်ယောင်မှာ ထန်ထန်၏သွေးအဆီအနှစ်အား အသုံးပြုကာ မနည်းပြန်လည်ထိန်းချုပ်ထားခဲ့ရသည်။ ထို့နောက် နဂါးဒေါသအဆိပ်အား အစစ်အမှန် ဖိနှိပ်ထားနိုင်ရန်အတွက် ယောင်ယောင်မှာ ရှေးဟောင်းစာအုပ်များစွာကို ရှာဖွေဖတ်ရှုခဲ့ရပြီးသည့်နောက်တွင် ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအကြောင်း တွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအား ရေးဆွဲနိုင်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများမှာ အလွန်ပင် ရှားပါးလွန်းလှသည်။ ထို့ကြောင့် ယောင်ယောင်မှာ လွန်ခဲ့သော တစ်နှစ်ပတ်လုံး ပါဝင်ပစ္စည်းများ ရှာဖွေနေခြင်းဖြင့်ပင် အချိန်ကုန်လွန်သွားခဲ့ရသည်။

ဇူယွမ်မှာ နှုတ်ခမ်းများ ရှုံ့မဲ့သွားရပြီးနောက် အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ "ယောင်ယောင် ကျွန်တော့်အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်က ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးတဲ့လား။"

ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးမှာ သူ၏အကြီးဆုံး ပြဿနာတစ်ခုဖြစ်သည့် နဂါးဒေါသအဆိပ်အား ထိန်းချုပ်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ပါသော်လည်း ဇူယွမ်မှာ မပျော်မရွှင် ဖြစ်နေရသည်။

ယောင်ယောင်မှာ မှော်စုတ်တံအား သူမ၏လက်ချောင်းလေးများဖြင့် လှည့်နေရင်းမှ ဇူယွမ်အားကြည့်ကာ ပြုံး၍မေးလိုက်သည်။ "အဟက်...နင်ကဘာလက်ဆောင်ကို မျှော်လင့်နေတာလဲ။"

ဇူယွမ်မှာ ယောင်ယောင်၏ လှပသောအပြုံးများအကြားတွင် အန္တရာယ်အငွေ့အသက်အား ခံစားလိုက်မိသောကြောင့် အလျင်အမြန် စကားဆိုလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးကို လက်ခံရဖို့ မစောင့်နိုင်တော့ဘူး...ဟီးဟီး။"

"ချွတ်။" ယောင်ယောင်မှာ သူမ၏ချွန်ထက်သော မေးဖျားလေးဖြင့် ဇူယွမ်၏ အဝတ်အစားများအား ညွှန်ပြကာ ပြောလိုက်သည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် အချိန်မဆွဲရဲပဲ အင်္ကျီများကို အလျင်အမြန် ချွတ်ချလိုက်သည်။

စားပွဲပေါ်တွင် ရှိနေသော ထန်ထန်မှာ သေရည်များကို သောက်သုံးလျက် ဇူယွမ်အားကြည့်ကာ လှောင်ပြောင်သရော်နေလေသည်။

ဇူယွမ်မှာ ရှက်ရွံ့သွားရပြီးနောက် ထန်ထန်အား ဒေါသထွက်စွာဖြင့် မျက်စောင်းထိုးလိုက်သည်။

ထန်ထန်မှာ ဇူယွမ်အား လှောင်ကြည့်ကြည့်လိုက်ပြီးနောက် တင်းကားနေသော ၎င်း၏ဗိုက်ပူပူလေးအား လက်တိုတိုလေးဖြင့် အသာအယာ ပုတ်လိုက်သည်။ ထို့​နောက် စားပွဲပေါ်တွင် ရှိနေသော ငတုံးကောင်ဇူယွမ်၏ သွေးအ​ဆီအနှစ်များဖြင့် ပြုလုပ်ထားသော ထောင်ယောင်းဝိုင် သုံးအိုးကို လျှာတသပ်သပ်ဖြင့် ကြည့်ရှုလိုက်လေသည်။

ယောင်ယောင်မှာ ထန်ထန်အား တစ်ချက်မျှပင် လှည့်မကြည့်ပဲ အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "လုပ်လေ...နင့်ရဲ့လျှာကို မလိုချင်တော့ဘူးဆိုရင်တော့ အဲ့ဝိုင်တွေကိုသောက်လိုက်။"

ထန်ထန်မှာ တောင့်တင်းသွားရပြီးနောက် အမြှီးအားယမ်းကာ မကျေနပ်ကြောင်း ပြလိုက်သည်။

ယောင်ယောင်မှာ သူမ၏ခါးတွင်ချိတ်ထားသော ကျောက်စိမ်းပြားထုပ်အား ပစ်ပေးလိုက်သည်။ မည်သည့်သေရည်ကိုမဆို၊ ဝိုင်ကိုမဆို ထန်ထန် သောက်သုံးခွင့်ရှိပါသော်လည်း ထောင်ယောင်းဝိုင်ကိုမူ ထိ၍ပင်မရဟူသော သဘောပင်ဖြစ်သည်။

ထို့နောက် ယောင်ယောင်မှာ ထန်ထန်အား အလေးမထားတော့ပဲ သလင်းကျောက်ပုလင်းငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။ ထိုပုလင်းငယ်အတွင်းတွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အနက်ရောင်အရည်များ ပါဝင်နေလေသည်။

ယင်းအနက်ရောင်အရည်များအတွင်း မဟူရာအလင်းမျှင်များ တလက်လက်တောက်ပနေလျက်ရှိပြီး နဂါးတစ်ကောင်၏ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်နေသယောင် ရှိသည်။

ယောင်ယောင်မှာ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအား ရေးဆွဲနိုင်ရန်အတွက် လိုအပ်ပါက ပါဝင်ပစ္စည်းများကို ပေါင်းစည်းသန့်စင်ပြီးပင် ဖြစ်သည်။

"နာတော့နာလိမ့်မယ်။ တောင့်ခံထားနော်။" ယောင်ယောင်မှာ မှော်စုတ်တံအား အနက်ရောင်အရည်ထဲသို့ ထိုးနှစ်လိုက်ရင်းဖြင့် စကားဆိုလိုက်သည်။ ထို့နောက် မှော်စုတ်တံအား ဇူယွမ်၏ကျောပြင်ပေါ်သို့ ဖြည်းညင်းစွာတင်လျက် စုတ်ချက်များကို စတင်ရေးဆွဲလိုက်သည်။

စုတ်တံဖြတ်သန်းသွားရာ ဇူယွမ်၏ကျောပြင်တလျှောက် လောင်ကျွမ်းရာများ ကျန်ရစ်ခဲ့ပြီး အငွေ့များ တထောင်းထောင်းထနေလျက် ရှိသည်။

ဇူယွမ်မှာ နာကျင်လွန်းလှပါသော်လည်း အသံတစ်ချက် မထွက်စေပဲ အံကြိတ်ရင်းဖြင့်သာ နာကျင်မှုကို တွန်းလှန်နေလေသည်။

ယောင်ယောင်မှာ ဖြည်းညင်းစွာဖြင့် စုတ်ချက်များအား ရေးဆွဲနေလျက် ရှိသည်။ ဇူယွမ်၏ ကျောပြင်ပေါ်တွင် အနက်ရောင်မှော်စာလုံး အမှတ်အသားတစ်ခု၏ပုံစံ တဖြည်းဖြည်းနှင့် ပေါ်ထွက်လာသည်။

မဟူရာအလင်းမျှင်များမှာလည်း ကျောပြင်တလျှောက် ပျံ့နှံ့တည်ရှိနေကြသည်။

ဇူယွမ်မှာ ကျောပြင်ထက်တွင် အမည်မသိ စွမ်းအင်တစ်ခု ဖြည်းညင်းစွာဖြင့် နိုးထလာကြောင်း ခံစားသိရှိနေရသည်။

ဝုန်း....

သို့သော် ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံး အပြည့်အဝ နိုးထနိုင်ခြင်း မရှိသေးခင်မှာပင် ဇူယွမ်၏ လက်ဝါးထက်တွင်ရှိနေသော နဂါးဒေါသအဆိပ်မှာ နိုးထလာရသည်။ နဂါးဒေါသအဆိပ်မှာ ချက်ချင်းဆိုသလို နိုးထလာပြီးနောက် သွေးနီရောင်အမျှင်တန်းများစွာမှာ ဇူယွမ်၏ ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားတော့သည်။

"အား......"

ဇူယွမ်မှာ နာကျင်စွာ အော်ဟစ်လိုက်သည်။

နဂါးဒေါသအဆိပ်မှာ သူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာ တိုက်ခိုက်နေပြီ ဖြစ်သည်။

ယောင်ယောင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "နဂါးဒေါသအဆိပ်က အန္တရာယ်အငွေ့အသက်ရလို့ နိုးထလာတာပဲ။ ပြန်ပြီးထိန်းချုပ်ဖို့ ကြိုးစားထား ဇူယွမ်။ မဟုတ်ရင် နဂါးဒေါသအဆိပ်က ပြီးပြည့်စုံခြင်း မရှိသေးတဲ့ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးကို ဖျက်စီးဝါးမြိုသွားလိမ့်မယ်။"

ဇူယွမ်မှာ အံကြိတ်လိုက်ပြီးနောက် ချီစွမ်းအင်များအား ထွက်ပေါ်စေကာ အရိုးကျိုးကြေမတက် နာကျင်ခံစားရမှုများကို တောင့်ခံ၍ နဂါးဒေါသအဆိပ်အား ပြန်လည်တိုက်ခိုက်လိုက်သည်။

ဇူယွမ်၏ အသွေးအသားများအတွင်း သွေးနီရောင်နှင့် ရွှေရောင်အမျှင်တန်းများ ရောယှက်နေလျက်ရှိပြီး ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပေါ်နေလျက် ရှိသည်။

ဇူယွမ်မှာ ယခင်ကထက် များစွာတိုးတက်လာပြီ ဖြစ်ပါသော်လည်း နဂါးဒေါသအဆိပ်မှာ ဝူဟောင်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးမများကို စုပ်ယူခဲ့ပြီးနောက် စွမ်းအင်အလွန်အမင်း ကြီးမားသွားခဲ့သည်။ ထို့အပြင် နဂါးဒေါသအဆိပ်သည် ပုံမှန်အားဖြင့် သူ၏စွမ်းအင်များကို ထုတ်ဖော်ပြသတက်ခြင်း မရှိသောကြောင့် ဇူယွမ်ကိုယ်တိုင်သည်ပင် ယင်း၏စွမ်းအင် အနေအထားကို သိရှိခဲ့ရခြင်း မရှိပေ။

သို့သော် ယခုအခါတွင် နဂါးဒေါသအဆိပ်မှာ အန္တရာယ် အငွေ့အသက်အား ရရှိကာ နိုးထလာခြင်းဖြစ်သဖြင့် စွမ်းအင်အပြည့်အဝ အသုံးပြုပြီး ဇူယွမ်၏ ချီစွမ်းအင်များကို ဖျက်စီးပစ်နေလေသည်။ များပြားလှသော သွေးနီရောင်အမျှင်တန်းများမှာ ရွှေရောင်ချီစွမ်းအင်များအား ဖျက်စီးဆုတ်ဖြဲလျက် ပြီးပြည့်စုံခြင်း မရှိသေးသော ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးထံ သွားရောက်နေကြသည်။

"ကျွန်တော်မတားနိုင်တော့ဘူး။" ဇူယွမ်မှ နာကျင်စွာ အော်ဟစ်လိုက်သည်။

ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးကို ရေးဆွဲခြင်း၌ အပြည့်အဝ အာရုံစိုက်နေသော ယောင်ယောင်မှာ ဇူယွမ်၏ ချီစွမ်းအင် အတားအဆီးများအား ချိုးဖဲ့ဖျက်စီးနေသော သွေးနီရောင်အမျှင်တန်းများကို တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်လိုက်မိသည်။

ယောင်ယောင်၏ လက်ညှိုးထိပ်ပေါ်တွင် စိတ်ဝိဉာဉ်စွမ်းအင်များ ပေါ်ပေါက်လာပြီးနောက် ခရမ်းရွှေရောင်အလင်းတန်းများမှာ စုတ်တံထိပ်မှတဆင့် ဇူယွမ်၏ကျောပြင်ပေါ်သို့ ပျံ့နှံ့လွှမ်းခြုံသွားသည်။

စားပွဲပေါ်တွင် ရှိနေသော ထန်ထန်မှာ တစ်စုံတစ်ခုအား အာရုံခံမိသွားပြီးနောက် ယောင်ယောင်အားကြည့်ကာ ဟိန်းဟောက်လိုက်သည်။

ယောင်ယောင်မှာ ထန်ထန်အား ကြည့်ရှုလိုက်ပြီးနောက် ညင်သာစွာဖြင့် ခေါင်းအားခါယမ်းပြလိုက်သည်။

ထန်ထန်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ထိုင်ချလိုက်ပါသော်လည်း ယောင်ယောင်အား ကြည့်ရှုနေသော ၎င်း၏မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။

"နဂါးဒေါသအဆိပ်ကို ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။" ဇူယွမ်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။ သူသည် ထန်ထန်နှင့် ယောင်ယောင်အား အာရုံမစိုက်နိုင် ဖြစ်နေရသည်။ သူ၏ချီစွမ်းအင် အတားအဆီးများ အားလုံးမှာလည်း နဂါးဒေါသအဆိပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးကုန်ရပြီ ဖြစ်သည်။

သို့သော် နဂါးဒေါသအဆိပ်မှ ပြီးပြည့်စုံခြင်း မရှိသေးသော ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအနီး ရောက်ရှိလာသည့် အချိန်မှာပင် ဇူယွမ်၏ခန္ဓာကိုယ်အတွင်း ခရမ်းရွှေရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာလေသည်။

အလွန်ဆိုးရွားစွာ သောင်းကြမ်းနေသော နဂါးဒေါသအဆိပ်များမှာ ခရမ်းရွှေရောင်အလင်းတန်းအား တွေ့မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် အပူနှင့်ထိ၍ အရည်ပျော်ကျသွားရသော နှင်းလုံးများသဖွယ် ပျော်ဆင်းငြိမ်သက်သွားရတော့သည်။

ဇူယွမ်မှာ ဒေါသထွက်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံအား ခပ်သဲ့သဲ့မျှ ကြားလိုက်ရ၏။

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့် ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအား စုတ်ချက်များ ပြည့်စုံအောင် ရေးဆွဲလိုက်သည်။

ဝုန်း....

အပြာရောင်အလင်းတန်းများမှာ ဇူယွမ်၏ခန္ဓာကိုယ်တလျှောက် နိုးထလာလေသည်။

ဒုန်း...

မဟူရာအလင်းမျှင်များမှာလည်း သံချိန်းကြိုးများသဖွယ် ဖြစ်တည်သွားသည်။

သွေးနီရောင်အမျှင်တန်းများမှာ အန္တရာယ် တစ်စုံတစ်ရာအား တွေ့ရှိလိုက်ရသည့်အလား လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

ယောင်ယောင်မှာ ကြီးမြတ်သောနဂါး၏ဖိနှိပ်ခြင်း မှော်စာလုံးအား ပြီးပြည့်စုံအောင် ရေးဆွဲနိုင်ခဲ့ပြီပင် ဖြစ်သည်။

"နှစ်ပေါင်းများစွာ နဂါးဒေါသအဆိပ်ရဲ့ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်။ အခုကတော့ နဂါးဒေါသအဆိပ် ပြန်ပြီးဖိနှိပ်ခံရမယ့်အချိန်ပဲ။"

ယောင်ယောင်၏အသံနှင့်အတူ မဟူရာအလင်းမျှင်များမှာ သွေးနီရောင်အမျှင်တန်းများနောက်သို့ လျင်မြန်စွာ လိုက်ပါသွားသည်။

နဂါးဒေါသအဆိပ်မှာ သားရဲတစ်ကောင်၏ ထောင်ချောက်အတွင်း ပိတ်မိနေသော သားကောင်ငယ်လေးကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်နေလေတော့သတည်း.....

All Chapters