အခန်း (၁၂၄၉-၁၂၅၁)
Vol. 84 Ch. 1249-1251
အခန်း (၁၂၄၉)
သူတော်စင်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်
ပန်းနီရထားအတွင်းရှိ စည်းမျဉ်းများကို တဖြည်းဖြည်း ထိန်းချုပ်နိုင်ပြီးနောက် လျှိုချင်းယွမ်ကို ဖိနှိပ်ရန် လုချန်း ၎င်းတို့ကို အသုံးပြုလိုက်သည်။
ထိုစဉ် တစ်စုံတစ်ခု လွဲမှားနေကြောင်း လျှိုချင်းယွမ်လည်း စတင်ခံစားမိလာသည်။ အစပိုင်းတွင် လုချန်းသည် သူမကဲ့သို့ပင် ထိန်းချုပ်မှု လွတ်ကင်းနေပုံရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လုချန်းသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထင်ရှားလာသည်။
ထိုလူယုတ်မာသည် သူမကို နည်းလမ်းပေါင်းစုံဖြင့် အရှက်ခွဲနေခြင်းဖြစ်သည်။ သူသာ မထိန်းချုပ်နိုင်ခဲ့လျှင် သူတို့၏ အနေအထားများကို စိတ်တိုင်းကျ ပြောင်းလဲနိုင်မည် မဟုတ်ပေ။
လုချန်းနှင့်မတူပဲ လျှိုချင်းယွမ်ကတော့ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် စဉ်းစားနေဆဲဖြစ်သည်။ သို့သော် သူမ ကြိုးစားလေလေ သူမ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း နည်းပါးလေလေ ဖြစ်သည်။
ပန်းနီရထားအတွင်း၌ ရက်များစွာ ကုန်ဆုံးသွားပြီး လုချန်းသည် သူ၏ အခြားမိန်းမများထံမှ သင်ယူခဲ့သော နည်းလမ်းအားလုံးကို လျှိုချင်းယွမ်အပေါ် အသုံးပြုခဲ့သည်။ ထိုနည်းလမ်းများကြောင့် သူမ သူ့အပေါ် သံယောဇဉ်တွယ်လာမည်ဟုတော့ သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူ၏ သာယာမှုကိုသာ ပထမဦးစားပေးအဖြစ် လုချန်း အာရုံစိုက်ထားသည်။
သူမ လွတ်မြောက်နိုင်ခြင်း မရှိသည်ကို မြင်သောအခါ လျှိုချင်းယွမ်လည်း နောက်ဆုံးတွင် ကံကြမ္မာကို လက်ခံလိုက်သည်။ လျှိုချင်းချို၏ မှတ်ဉာဏ်များကို သူမ ရရှိထားပြီး လုချန်း မည်မျှစွမ်းအားကြီးကြောင်း သူမ သိထားသည်။ ဤအတိုင်း ဆက်ဖြစ်နေပါက သူမ တကယ် ကျဆုံးသွားနိုင်သည်ဟုလည်း ခံစားမိသည်။
ထို့ပြင် လုချန်း သူမနှင့် ပြုလုပ်နေသည့်အရာမှာ ကာမဆက်ဆံရေး သက်သက်မဟုတ်ပဲ စုံတွဲကျင့်စဉ်ကို တကယ် ကျင့်ကြံနေကြခြင်းဖြစ်ပြီး သူမ၏ ကျင့်စဉ်အဆင့်လည်း တိုးတက်နေကြောင်း လျှိုချင်းယွမ် သဘောပေါက်လိုက်သည်။
ထိုအရာက သူမအတွက် အကျိုးရှိပုံရသော်လည်း သူမကတော့ ထိုသို့ မရှုမြင်ပေ။ သူမတွင် ကိုယ်ပိုင်လမ်းစဉ်ရှိပြီး သူမ၏ ကျင့်စဉ်အဆင့် ဤမျှ လွယ်ကူစွာ တိုးတက်လာပြီး စွမ်းအားများကို အလွယ်တကူ ရရှိလာပါက သူမ၏ ကျင့်စဉ်စိတ်ဓာတ် ပျက်စီးသွားနိုင်သည်ဟု စိုးရိမ်မိသည်။
သူမ၏ အမြင်တွင် ဤလူယုတ်မာ လုချန်းသည် သူမ၏ ကျင့်စဉ်စိတ်ဓာတ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည်မသိ လုချန်း၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် သူ၏ လှုပ်ရှားမှုများ နောက်ဆုံးတွင် နှေးကွေးသွားသည်။ ထို့နောက် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေဆဲဖြစ်သော လျှိုချင်းယွမ်ကို ကြည့်ကာ လုချန်းက ပြုံး၍ ပြောလိုက်သည်။
“တကယ့်ကို သူတော်စင်တစ်ယောက်ဖြစ်ထိုက်ပါတယ်။ ကျွန်တော် ပိုပြီး ကြိုးစားရဦးမယ့်ပုံပဲ။”
လျှိုချင်းယွမ် စိတ်ထဲ လန့်သွားသည်။ လုချန်း၏ အင်အားနှင့်ဆိုလျှင် နှစ်အနည်းငယ် ကျင့်ကြံခြင်းက ပြဿနာရှိမည် မဟုတ်ပေ။ သူမက ဤနေရာမှာ နှစ်ပေါင်းများစွာ သူ၏ ကျင့်စဉ်မီးဖို ဖြစ်လာရမှာလား။ ထိုအရာက လက်ခံနိုင်စရာ မဟုတ်ပေ။
ချက်ချင်းပင် လျှိုချင်းယွမ်က
“ဟူး..... ပန်းနီရထားက ရှင်နဲ့ ဘာမှမဆိုင်ဘူးလို့ မပြောခဲ့ဘူးလား။ ရှင်က အဲဒီထိန်းချုပ်မှုကနေ လွတ်မြောက်ပြီးသားလို့ ကျွန်မ ဘာလို့ ခံစားနေရတာလဲ။”
“ဒါက အမှန်ပဲ...... ဒါတွေအားလုံးက ရှင့်ရဲ့ ထောင်ချောက်ပဲ”
လုချန်းက မရှက်မကြောက် ပြောလိုက်သည်။
“ကျွန်တော် ထိန်းချုပ်မှုကနေ တကယ် လွတ်မြောက်လာခဲ့တာပါ။ ဒါပေမဲ့ ပန်းနီရထားနဲ့ ပတ်သက်မှုရှိလို့ မဟုတ်ဘူး။ ကျွန်တော်က ဒီနေရာရဲ့ စည်းမျဉ်းတွေကို ရှာဖွေတွေ့ရှိပြီး လိုက်လျောညီထွေ နေလိုက်လို့ပဲ။”
လုချန်း၏ စကားကို ကြားသောအခါ လျှိုချင်းယွမ်၏ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ လုချန်း ပြောပြသော စည်းမျဉ်းများနှင့် ပတ်သက်၍ သူမ အလွန် သိချင်နေသည်။
သို့သော် လုချန်း သိထားလျှင်ပင် သူမကို ပြောပြမည် မဟုတ်ကြောင်း သူမ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူယုတ်မာသည် သူမ၏ ခန္ဓာကိုယ်ကို ဤနည်းလမ်းဖြင့် ကြိုးကိုင်လိုနေဆဲဖြစ်သောကြောင့် ဖြစ်သည်။
ထိန်းချုပ်မှုမှ လွတ်မြောက်ပါက သူမ ပထမဆုံး အခွင့်အရေး ရသည်နှင့် ဤနေရာမှ ထွက်ခွာရန် မုချ စဉ်းစားမည်ဖြစ်ပြီး ဤလူယုတ်မာကို သတ်ရန်ပင် စဉ်းစားကောင်း စဉ်းစားနိုင်သည်။
ဤနေရာ၏ စည်းမျဉ်းများကို လုချန်း ပြောပြမည် မဟုတ်ဟု ခံစားမိသော်လည်း လျှိုချင်းယွမ် စမ်းသပ်မေးမြန်းလိုက်သည်။
“ရှင်က ကျွန်မနဲ့ ဒီလိုမျိုး အဆုံးမရှိ ဆက်လုပ်သွားဖို့ စဉ်းစားထားတာလား။”
လုချန်းက ပြုံး၍ တုံ့ပြန်လိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
လုချန်း၏ တုံ့ပြန်မှုကို ကြားသောအခါ လျှိုချင်းယွမ် မျက်ခုံးတွန့်လိုက်သည်။ အခြေအနေများ ဤအတိုင်း ဆက်သွားနေပါက သူမ တကယ် သည်းခံနိုင်မည် မဟုတ်ပေ။ ဤလူယုတ်မာတွင် လှည့်ကွက် အမြောက်အမြား ရှိနေသည်။
နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီးဖြစ်သဖြင့် သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးရခြင်းကို မလိုလားစွာ လက်ခံနိုင်သေးသည်။ သူမအတွက် စင်ကြယ်မှုက အရေးကြီးသော်လည်း သူမ၏ ကျင့်စဉ်စိတ်ဓာတ်က ပို အရေးကြီးသည်။
စင်ကြယ်မှု ဆုံးရှုံးသွားခြင်းက ပြဿနာကြီး မဟုတ်ပေ။ သူမ၏ အသက်အရွယ်တွင် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ပြင်းထန်သော ခံယူချက်မရှိတော့သော်လည်း သူမ၏ ကျင့်စဉ်စိတ်ဓာတ် ပျက်စီးသွားပါက ဘယ်သောအခါမှ ဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ထို့နောက် လျှိုချင်းယွမ်က
“ကျွန်မရဲ့ ကိုယ်ပွားကို ရှင့်ကို ပြုစုဖို့ ထားခဲ့ပေးမယ်။ ဒီနေရာရဲ့ စည်းမျဉ်းတွေကို ကျွန်မကို ပြောပြပါ။”
သူမ၏ ကိုယ်ပွားအတွက် ကောင်းမွန်သော ဖြေရှင်းနည်းကို လျှိုချင်းယွမ် ရှာမတွေ့သေးပေ။ တစ်ဖက်တွင် ကိုယ်ပွားက လုချန်းကို ချစ်မိနေပြီး သူမ၏ ကိုယ်ပွားနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏ ခံစားချက်များ လွှမ်းမိုးမှုကို ခံရနိုင်ပြီး သူမကိုယ်တိုင် လုချန်းအပေါ် သံယောဇဉ် ဖြစ်လာနိုင်သည်။
ထို့ပြင် သူမ၏ ကိုယ်ပွားသည် အိမ်ထောင်ရေးကြိုးမျှင် အလွှာပေါင်းများစွာဖြင့် ရစ်ပတ်နေပြီး ထိုကြိုးမျှင်များကို ဖြတ်တောက်မည့် နည်းလမ်း မတွေ့ရှိမီ သူမ၏ ကိုယ်ပွားကို ပြန်လည်ရယူရန် အစီအစဉ်မရှိသလို ဖျက်ဆီးပစ်ရန်လည်း ရည်ရွယ်ချက် မရှိပေ။
သူမ၏ ကိုယ်ပွားကို ဖျက်ဆီးလိုက်ပါက ကိုယ်ပွား၏ ကံတရားနှင့် အိမ်ထောင်ရေးကြိုးမျှင်များသည် သူမ၏ ပင်မခန္ဓာထံ ကူးပြောင်းလာနိုင်ပြီး သူမ၏ ကျင့်စဉ်အဆင့်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
လုချန်းကို မသတ်နိုင်မီ သို့မဟုတ် ကံတရားကို မဖြတ်တောက်နိုင်မီ ကိုယ်ပွားကို လုချန်း၏ ဘေးတွင် ထားရှိခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
လျှိုချင်းယွမ်၏ စကားများကို ကြားသောအခါ လုချန်း စဉ်းစားလိုက်သည်။ လျှိုချင်းယွမ်ကို ဤနေရာ၏ စည်းမျဉ်းများ ပြောပြသင့် မပြောပြသင့် သူလည်း စဉ်းစားနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤကဲ့သို့ အဆုံးမရှိ ဆက်သွားနေ၍ မရသောကြောင့် ဖြစ်သည်။
ယခု ဖရိုဖရဲကြယ်ပင်လယ်သည် ပြင်ပရန်သူများကို ရင်ဆိုင်နေရပြီး သူ၏ အချိန်များ ဤနေရာ၌သာ ကုန်ဆုံးနေပါက နဂါးစီးဂိုဏ်း လာရောက်တိုက်ခိုက်သညိ့အချိန်တွင် ပြဿနာ ရှိလာနိုင်သည်။
ထို့နောက် လုချန်းက
“ခင်ဗျား ပြောတာ အမှန်လား အမှားလားဆိုတာ ကျွန်တော် ဘယ်လိုသိမလဲ။ ခင်ဗျားက အပြင်ထွက်ပြီးမှ ကျွန်တော့်ကို တိုက်ခိုက်ပြီးချင်းချိုကိုပါ ခေါ်သွားဖို့ ကြံစည်ရင် ဘယ်လိုလုပ်မလဲ။”
မည်သည့် တုံ့ဆိုင်းမှုမျှ မရှိပဲ လျှိုချင်းယွမ်က
“ဒီနေရာရဲ့ စည်းမျဉ်းတွေကို ပြောပြပြီး ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင် ကျွန်မ ထွက်သွားတာနဲ့ ရှင့်ကို တိုက်ခိုက်မှာ မဟုတ်သလို ကျွန်မရဲ့ ကိုယ်ပွားကို ခေါ်သွားတာ၊ သတ်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ဒီကတိသစ္စာကို ဖျက်ခဲ့ရင် ဒီဘဝမှာ ဧကရာဇ် မဖြစ်နိုင်ပါစေနဲ့။”
လျှိုချင်းယွမ်၏ စကားသံ ဆုံးသွားသည်နှင့် တစ်နေရာမှ ရွှေရောင်အလင်းတန်းများ ပျံသန်းရောက်ရှိလာပြီး အင်းကွက်အမှတ်အသားတစ်ခု လျှိုချင်းယွမ်၏ စိတ်အာရုံထဲသို့ ဝင်ရောက်သွားသည်။
လုချန်း အံ့သြသွားသည်။ လျှိုချင်းယွမ် ဤသို့ ပြတ်သားစွာ ကျိန်ဆိုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ကျင့်ကြံသူတစ်ယောက်အနေနှင့် ကျိန်ဆိုခြင်းသည် ပေါ့ပေါ့တန်တန် သဘောထားရမည့် အရာမဟုတ်ပေ။ ကတိသစ္စာ ဖောက်ဖျက်ခြင်းက ပြင်းထန်သော တုံ့ပြန်မှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
လုချန်းက
“ကောင်းပြီလေ... ခင်ဗျားလည်း ကျိန်ဆိုပြီးပြီဆိုတော့ စည်းမျဉ်းတွေကို ပြောပြပါ့မယ်။”
ထိုသို့ပြောပြီးနောက် လုချန်းသည် နောက်တစ်ကြိမ် စတင်လှုပ်ရှားလိုက်သဖြင့် လျှိုချင်းယွမ် အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ဤလူယုတ်မာသည် စည်းမျဉ်းများကို ပြောပြမည်ဟု ပြောပြီးကာမှ ဘာကြောင့် ပြန်စရသနည်း။
“ရှင်.....”
လုချန်းက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး သူမ၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“ဒီနေရာရဲ့ စည်းမျဉ်းက ရိုးရှင်းပါတယ်။ ခင်ဗျားက ခုခံပြီး ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားလေလေ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းလေလေပဲ။”
“ပြောင်းပြန်အားဖြင့် ခင်ဗျားက ကျွန်တော်နဲ့အတူ ကြည်ကြည်ဖြူဖြူ ပျော်ပါးနေသရွေ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်နိုင်ပြီး ထိန်းချုပ်မှုကနေ လွတ်မြောက်လာလိမ့်မယ်။”
ဒါက...
လုချန်း၏ ရှင်းပြချက်ကို ကြားသောအခါ လျှိုချင်းယွမ် အနည်းငယ် ကြောင်အသွားသည်။
ဤနေရာတွင် ထိုကဲ့သို့သော စည်းမျဉ်းရှိနေမည်ဟု သူမ မမျှော်လင့်ထားပေ။ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ဤလူယုတ်မာနှင့် ပူးပေါင်းရမည်ဟု ဆိုလိုနေခြင်း မဟုတ်လား။
သူမ၏ စင်ကြယ်မှုကို ရယူသွားသော ဤလူယုတ်မာနှင့် ပူးပေါင်းရမည်တဲ့လား။
ခဏခန့် လျှိုချင်းယွမ် လက်ခံရန် ခက်ခဲနေသည်။
လျှိုချင်းယွမ်လည်း ဘာမှထပ်မပြောတော့ပဲ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ဆက်လက်ကြိုးစားနေသည်။ သို့သော် လုချန်း ပြောသကဲ့သို့ပင် သူမက လွတ်မြောက်ရန် ကြိုးစားလေလေ သူမ၏ ခန္ဓာကိုယ်က လုချန်း၏ လှုပ်ရှားမှုများနှင့် ပူးပေါင်းမိလေလေ ဖြစ်နေသည်။
လျှိုချင်းယွမ် သွားကို တင်းတင်းကြိတ်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဖြစ်ပျက်ခဲ့သည်များက ဖြစ်ပျက်ခဲ့ပြီးဖြစ်၍ ပြောင်းလဲရန် နည်းလမ်း မရှိပေ။
ယခု ဦးစားပေးရမည့် အရာမှာ ဤနေရာမှ လွတ်မြောက်ရန်ဖြစ်သည်။ ဤလူယုတ်မာနှင့် ပူးပေါင်းရမည်ဆိုလျှင်လည်း ပူးပေါင်းရပေမည်။
ထိုအတွေးနှင့်အတူ စိတ်ထဲတွင် လုချန်းကို မခုခံမိစေရန် လျှိုချင်းယွမ် ပြင်းပြင်းထန်ထန် ကြိုးစားလိုက်သည်။
အချိန်အတိုင်းအတာတစ်ခုအထိ ချိန်ညှိပြီးနောက် လျှိုချင်းယွမ်၏ စိတ်နှလုံးသည် လုချန်းကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။
………….
အခန်း (၁၂၅၀)
ကွာခြားသော အချိန်စီးဆင်းမှု
သူမ၏ ကံကြမ္မာကို တဖြည်းဖြည်း လက်ခံလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်ထိန်းချုပ်နိုင်လာကြောင်း လျှိုချင်းယွမ် အံ့သြစွာ တွေ့ရှိလိုက်သည်။
သို့သော် ကြီးမားသော ပြဿနာတစ်ခုလည်း ရှိနေသေးသည်။ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သည့် အချိန်တိုင်း သူမစိတ်ထဲ ချက်ချင်းဖြစ်ပေါ်လာသော အတွေးမှာ လုချန်းဆိုသည့် ဤနတ်ဆိုးကို တွန်းထုတ်ရန် သို့မဟုတ် ရိုက်နှက်ရန် ဖြစ်သည်။ သို့သော် ထိုအတွေးများ ပေါ်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှု ချက်ချင်းပြန်၍ ပျောက်ကွယ်သွားသည်။
လျှိုချင်းယွမ်၏ ခုခံမှုများ တဖြည်းဖြည်း ကျဆင်းသွားသည်။ ဤအခြေအနေမှ လွတ်မြောက်ရန် ကြိုးစားခြင်းက သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးစေပြီး သူမ မည်မျှပင် ရုန်းကန်စေကာမူ အချည်းနှီးသာ ဖြစ်ပေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လျှင်လည်း ထိုကိစ္စတွင် ဤနတ်ဆိုးနှင့် ပူးပေါင်းရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။ တကယ်တော့ ဒါက လုံးဝ အဓိပ္ပာယ်မဲ့သည်။
ဤနတ်ဆိုး၏ ကစားစရာအဖြစ် သူမ ထာဝရ ဖြစ်သွားရတော့မှာလား။
လျှိုချင်းယွမ် ထိုသို့ တွေးနေစဉ်မှာပင် လုချန်းက ရုတ်တရက် တစ်ဖက်သို့ လှည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကိုပါ တစ်ပါတည်း လှည့်လိုက်သည်။ လျှိုချင်းယွမ်လည်း မခုခံပဲ စိတ်ထဲတွင် လုချန်းကို ကျိန်ဆဲလိုက်သည်။
စိတ်ထဲတွင် လုချန်းကို ကျိန်ဆဲနေစဉ် တစ်စုံတစ်ခု လွဲမှားနေကြောင်း လျှိုချင်းယွမ် ရုတ်တရက် သတိပြုမိလိုက်သည်။ လုချန်းကို ကြည့်ရန် သူမ ခေါင်းကို လျင်မြန်စွာ လှည့်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ”
အစကတည်းက ထိုကိစ္စများတွင် သူနှင့် ပူးပေါင်းရခြင်းသည် သူမ၏ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။ ယခု ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသူက မမျှော်လင့်ပဲ ကောက်ကျစ်သော အပြုအမူများ ပြုလုပ်နေသည်။ ထိုအခိုက်အတန့်တွင် လူသတ်လိုသော အငွေ့အသက်များ လျှိုချင်းယွမ်၏ မျက်လုံးများထဲ၌ တစ်ဖန် ပြန်လည်တောက်ပလာသည်။
သို့သော် လုချန်းက သူမကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် ဤနေရာမှ မထွက်ခွာနိုင်သေးသဖြင့် သူ တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ရန်သာ လုချန်း ဆုံးဖြတ်ထားသည်။
လုချန်းသည် သူ၏ ကိစ္စများနှင့် အလုပ်ရှုပ်နေစဉ် စည်းမျဉ်းများမှ မည်သို့ လွတ်မြောက်ရမည်ကိုလည်း စဉ်းစားနေသည်။ လျှိုချင်းယွမ်ကိစ္စကိုသာ စဉ်းစားရမည် မဟုတ်ကြောင်းလည်း သူ သဘောပေါက်လိုက်သည်။ ဤနေရာမှ ထွက်ခွာချင်ပြီး လျှိုချင်းယွမ်နှင့် လှုပ်ရှားမှုများကို အမှန်တကယ် အဆုံးသတ်ချင်ပါက သူလည်း အလားတူပင် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားမည်ဖြစ်သည်။
ဤနေရာရှိ စည်းမျဉ်းများက သူ့ကို အနားယူခွင့်ပြုသော်လည်း ထွက်ခွာခွင့် မပြုပေ။ ထိုအတွေး ပေါ်လာသည်နှင့် သူ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်စွာပင် အလိုအလျောက် စတင်လှုပ်ရှားလာသည်။
ထို့နောက် လုချန်းက စိတ်ထဲတွင် မေးလိုက်သည်။
“စနစ်... ဒီအခြေအနေမှာ ငါ ဘာလုပ်သင့်သလဲ။ မင်းဆီမှာ ဖြေရှင်းနည်း ရှိသင့်တယ် မဟုတ်လား။”
စနစ်က ပြန်ဖြေသည်။
“သခင်က လျှိုချင်းယွမ်ကို အဆင့်တစ်ခု တက်နိုင်အောင် ကူညီပေးဖို့ပဲ လိုပါတယ်။”
ဒါက...
အဆင့်တစ်ခု တက်ရမယ်...။
သူတော်စင်တစ်ယောက် ဖြစ်လာပြီးနောက် ကျင့်စဉ်အဆင့် တိုးတက်မှုက များစွာ နှေးကွေးသွားတတ်သည်။ ကျင့်ကြံရန်အတွက် စုံတွဲကျင့်စဉ်ကို ဆက်တိုက် အသုံးပြုနေသော်လည်း သူတော်စင် တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် လျှိုချင်းယွမ်အတွက် အချိန်မည်မျှ ကြာမည်မှန်း မည်သူမှ မသိနိုင်ပေ။
လျှိုချင်းယွမ် သူတော်စင် တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ဖို့အတွက် နှစ်ပေါင်းများစွာ လိုအပ်နေလျှင် မည်သို့လုပ်မည်နည်း။ ထိုအခါ သူတို့ အပြင်ထွက်လာသည့်အချိန်တွင် ဖရိုဖရဲကြယ်ပင်လယ်ကို နဂါးစီးဂိုဏ်း၏ ချေမှုန်းပြီးပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလား။
လုချန်း ထိုသို့ စဉ်းစားနေစဉ် စနစ်က
“ပန်းနီရထားထဲက အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် ကွဲပြားပါတယ်။ အတွင်းမှာ နှစ်တစ်ရာ ကုန်ဆုံးသွားရင်တောင် အပြင်မှာ နှစ်နာရီပဲ ကုန်ဆုံးမှာပါ။”
ထိုအရာကို ကြားလျှင် လုချန်း အံ့သြသွားသည်။
သူတို့ ပန်းနီရထားအတွင်း ရောက်နေသည်ဟု သံသယရှိခဲ့သော်လည်း စနစ်ထံမှ တိုက်ရိုက် ကြားလိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားဆဲဖြစ်သည်။ သူ့ကို အထိတ်လန့်ဆုံး ဖြစ်စေက ပြင်ပကမ္ဘာနှင့် ပန်းနီရထားအတွင်း အချိန်စီးဆင်းမှု ကွာခြားချက် ကြီးမားနေခြင်းဖြစ်သည်။
အပြင်တွင် နှစ်နာရီသာ ကုန်ဆုံးသွားသော်လည်း ပန်းနီရထားအတွင်းတွင် နှစ်တစ်ရာ ကုန်ဆုံးသွားမှာတဲ့လား။ သူနှင့် သူ၏ မိန်းမများပင် အချိန်စီးဆင်းမှု ကွာခြားချက် ဤမျှကြီးမားသော မည်သည့် ရင်သွေးကမ္ဘာကိုမှ မဖန်တီးနိုင်ခဲ့ပေ။
ဤပန်းနီရထားသည် ထူးခြားဆန်းကြယ်ပြီး အလွန်အမင်း စွမ်းအားကြီးမားသော ဖြစ်တည်မှုတစ်ခုက ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဒါဆို စိုးရိမ်စရာ မရှိတော့ပေ။
မှတ်ဉာဏ်ချိပ်ပိတ်မှုကို စတင်ဖယ်ရှားစဉ်က ဘဝသံသရာကျောက်တုံးထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်မိခဲ့သည်ကို သူ ရုတ်တရက် သတိရလိုက်သည်။ ထို့ပြင် ထိုအချိန်က သူသည် ပို၍ စိတ်ပျက်အားငယ်ခဲ့ရပြီး စုံတွဲတစ်တွဲ ပန်းခင်းထဲ ပျော်ပါးနေသည်ကိုသာ ကြည့်ရှုနေခဲ့ရသည်။ ယခုအခြေအနေနှင့် ဆိုလျှင်တော့ နှစ်တစ်ရာ ကုန်ဆုံးသွားလျှင်ပင် သူ သိပ်ပင်ပန်းလိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးလိုက်မိသဖြင့် လုချန်း ပို၍ စိတ်လှုပ်ရှားလာသည်။ ထိုအခိုက်အတန့်တွင် လုချန်း ပို၍ ကြမ်းတမ်းလာကြောင်း လျှိုချင်းယွမ် ရှင်းလင်းစွာ ခံစားမိလိုက်ပြီး စိတ်ထဲတွင် သူ့ကို လူယုတ်မာဟုသာ ကျိန်ဆဲနိုင်တော့သည်။
....…….
ထို့သို့ဖြင့် ပန်းနီရထားအတွင်း၌ ရက်လပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် လျှိုချင်းယွမ်သည် အချိန်ခံစားမှု အားလုံးကို မေ့လျော့သွားပြီး ထိန်းချုပ်မှုမှ လွတ်မြောက်ရန်လည်း မစဉ်းစားတော့ပေ။
ပန်းနီရထားအတွင်း၌ ရှိနေသော ဤနှစ်များအတွင်း နည်းလမ်းပေါင်းစုံ သူမ ကြိုးစားခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် ဧကရာဇ်အဖြစ် တက်လှမ်းရန်သာ သူမ စဉ်းစားလိုက်သည်။
လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ်အတွင်း သူမ၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်လာကြောင်း သူမ ရှင်းလင်းစွာ ခံစားနိုင်သည်။ ဤအခွင့်အရေးကို အသုံးပြု၍ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပါက ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်မည်ဟု သူမ တွေးလိုက်သည်။
ယခု လျှိုချင်းယွမ်သည် ကာမကိစ္စများကို မရွံရှာတော့ပဲ တစ်ခါတစ်ရံတွင် တက်ကြွစွာပင် ပူးပေါင်းနေတတ်သည်။
…….
ယခု အခိုက်အတန့်တွင် ပန်းနီရထား၏ မင်္ဂလာခန်းအတွင်း၌ လျှိုချင်းယွမ်သည် လုချန်း၏ ရင်ဘတ်ပေါ်တွင် မှီလျက် အိပ်ပျော်နေပုံရပြီး နှစ်ဦးစလုံး ငြိမ်သက်နေကြသည်။ ခဏကြာသောအခါ လျှိုချင်းယွမ် ဖြည်းညှင်းစွာ ထလိုက်ပြီး လုချန်း၏ ကိုယ်ပေါ်တွင် ထိုင်လျက် မျက်လုံးမှိတ်ထားသော သူ့ကို ငုံ့ကြည့်လိုက်သည်။
လျှိုချင်းယွမ် လုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်သောအခါ အမည်မဖော်လိုသော ဒေါသတစ်ခု သူမ၏ အတွင်းစိတ်တွင် လှုပ်ရှားလာပြီးနောက် ခါးကို စတင်လှုပ်ရှားလိုက်သည်။
အိပ်ပျော်နေစဉ် တစ်စုံတစ်ခု လွဲမှားနေသည်ကို လုချန်း သိသိသာသာ ခံစားလိုက်ရသည်။ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ လျှိုချင်းယွမ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ လျှိုချင်းယွမ်၏ အေးစက်သော ပါးပြင်များနှင့် မျက်လုံးများထဲရှိ မုန်းတီးမှုကို မြင်သောအခါ လုချန်းက ပြုံး၍
“ကျွန်တော်တို့က အဆိုးအကောင်း အတူတူ ဖြတ်သန်းခဲ့ကြတာပဲ။ ဒါတောင် ဘာလို့ ကျွန်တော့်ကို အဲ့ဒီလောက် မုန်းနေရတာလဲ။”
လျှိုချင်းယွမ် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှပြန်မပြောပဲ သူမ၏ လှုပ်ရှားမှုများကို ဆက်လုပ်နေသည်။ ရုတ်တရက် လုချန်း တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး
“စုံတွဲကျင့်စဉ် ကျင့်ကြံဖို့က တိကျတဲ့ စုံတွဲကျင့်စဉ်တစ်ခု လိုအပ်သေးတယ်။ စုံတွဲကျင့်စဉ်အတွက် သင့်တော်တဲ့ ကျင့်စဉ်တစ်ခုကို ကျွန်တော် သင်ပေးရင် ဘယ်လိုလဲ။”
လုချန်းသည် စုံတွဲကျင့်စဉ်ကို အမြဲတမ်း အသုံးပြုခဲ့သော်လည်း တစ်ယောက်တည်း အသုံးပြုခြင်းနှင့် နှစ်ယောက် အသုံးပြုခြင်း၏ အတွေ့အကြုံက ကွာခြားသည်။ နှစ်ဦးစလုံး စုံတွဲကျင့်စဉ်ကို တပြိုင်နက်တည်း အသုံးပြုခြင်းဖြင့် စုံတွဲကျင့်စဉ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သည်။
တကယ်တော့ သူ လျှိုချင်းယွမ်ကို စုံတွဲကျင့်စဉ် သင်ပေးချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏ သူ့အပေါ်ထားရှိသော နှစ်သက်မှု ဆက်လက်နိမ့်ကျနေကြောင်း မြင်ခဲ့သဖြင့် လက်လျော့ခဲ့ခြင်းဖြစ်သည်။
ပန်းနီရထားအတွင်း အချိန်စီးဆင်းနှုန်းမှာ အပြင်ဘက်နှင့် များစွာ ကွာခြားသောကြောင့် လျှိုချင်းယွမ်ကို ဘာပဲဖြစ်ဖြစ် အပြည့်အဝ အသုံးချရမည်ဟု အစက သူ တွေးခဲ့သည်။ ယခု အမှတ်ငါးဆယ်အထိ တိုးတက်လာသော လျှိုချင်းယွမ်၏ သူ့အပေါ် နှစ်သက်မှုကို လုချန်း ကြည့်လိုက်ပြီး သူမ၏ ကျင့်စဉ်အဆင့် တိုးတက်မှုနှုန်းကို အရှိန်မြှင့်တင်ရန် အချိန်တန်ပြီဟု လုချန်း ခံစားလိုက်ရသည်။
………….
အခန်း (၁၂၅၁)
လျှိုချင်းယွမ် ထွက်ခွာသွားခြင်း
လုချန်း၏ မေးခွန်းကို လျှိုချင်းယွမ် ပြန်မဖြေပေ။ သူမ၏ အေးစက်သော ပါးပြင်များပေါ်တွင် ဆွဲဆောင်မှုရှိသော အနီရောင်သန်းလာပြီး လုချန်းကို စိုက်ကြည့်ရင်း သူမ၏ အလုပ်များကိုသာ ဆက်လုပ်နေသည်။
လျှိုချင်းယွမ် ပြန်မဖြေသောအခါ လုချန်းလည်း လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သူမထံ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။
အလင်းလုံးတစ်လုံး လုချန်း၏ နဖူးမှ ထွက်ပေါ်လာပြီး လျှိုချင်းယွမ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။ အလင်းလုံးမှ အချက်အလက်များကို လျှိုချင်းယွမ် နားလည်သဘောပေါက်လိုက်သောအခါ သူမ သိသိသာသာ ခဏခန့် ရပ်တန့်သွားသည်။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် ဟုတ်လား။
အကြောင်းပြချက် တစ်ခုခုကြောင့် ဤကျင့်စဉ်ကို ယခင်က ကျင့်ကြံခဲ့ဖူးသကဲ့သို့ ရင်းနှီးနေသည်ဟု သူမ ခံစားလိုက်ရသည်။ သို့သော် သူမ၏ စိတ်ထဲတွင် ဤကျင့်စဉ်နှင့် ပတ်သက်သော မှတ်ဉာဏ်များ မရှိပေ။
လျှိုချင်းယွမ်က သိပ်မတွေးတော့ပဲ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း စတင်ကျင့်ကြံလိုက်သည်။ ဤကျင့်စဉ်၏ ထူးခြားဆန်းကြယ်မှုကိုလည်း သူမ သဘောပေါက်လိုက်သည်။ ဤကဲ့သို့ စုံတွဲကျင့်စဉ်ဖြင့် သူမ၏ ကျင့်စဉ်အဆင့် တိုးတက်မှုနှုန်း မလွဲမသွေ မြန်ဆန်လာမည်ဖြစ်သည်။ ၎င်းက ဤဆိုးရွားသော နေရာမှ ထွက်ခွာနိုင်ရန် ဧကရာဇ်အဆင့်သို့ ပိုမိုလျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးလိမ့်မည်။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံနေစဉ် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျှိုချင်းယွမ် ချက်ချင်း အာရုံခံမိလိုက်သည်။
ဤ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်က တကယ်တော့...
လျှိုချင်းယွမ်၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ရုတ်တရက် ပေါ်လာသည်။ အမှန်တကယ်တော့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် အထင်ကြီးလောက်စရာ စုံတွဲကျင့်စဉ်တစ်ခု ဖြစ်သော်လည်း နောက်ထပ် အကျိုးသက်ရောက်မှုတစ်ခု ရှိနေသည်။ ၎င်းမှာ အမျိုးသားများကို ပို၍ သာယာမှု ပေးစွမ်းခြင်းပင် ဖြစ်သည်။
လုချန်း ဤကျင့်စဉ်ကို သူမအား ပေးအပ်လိုက်ခြင်း၏ ရည်ရွယ်ချက်က ထင်ရှားနေသည်။
ပန်းနီရထားထဲတွင် နေထိုင်ခဲ့ရသော နှစ်များတစ်လျှောက် သူမ၏ နတ်စိတ်အာရုံသည် လုချန်းနှင့် ချိတ်ဆက်နေကြောင်း သူမ သဘောပေါက်ခဲ့တာ ကြာပြီဖြစ်သည်။ လုချန်း သာယာမှု ခံစားရသရွေ့ သူမလည်း ထပ်တူ ခံစားရမည်ဖြစ်သည်။
သူမသာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံပြီး လုချန်းကို သာယာမှု ပေးလိုက်လျှင် သူမလည်း ခံစားရမည် မဟုတ်ပါလား။ ဤကဲ့သို့ ကိစ္စရပ်များတွင် သာယာမိနေလျှင် သူမ မည်သို့ ဆက်လက်ကျင့်ကြံနိုင်မည်နည်း။
စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်မိသော်လည်း လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် လုချန်း၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအား စုပ်ယူမှုကို အရှိန်မြှင့်တင်ပေးနိုင်ပြီး သူတို့ကြားရှိ စိတ်ဝိညာဉ် စွမ်းအား လည်ပတ်မှုကို မြန်စေကြောင်း လျှိုချင်းယွမ် မကြာမီ တွေ့ရှိလိုက်သည်။ ၎င်းသည် သူမ ယခင်က ကျင့်စဉ်အဆင့် တိုးတက်အောင် လုပ်ဆောင်ခဲ့သော နှုန်းထက် ပိုမိုမြန်သည်။
ခဏခန့် ချီတုံချတုံဖြစ်ပြီးနောက် ကျင့်စဉ်ကို လက်ခံရန် လျိုချင်းယွမ် ဆုံးဖြတ်လိုက်သည်။ သူမ ယခု အမြန်ဆုံး ဧကရာဇ် ဖြစ်လာရန် လိုအပ်၏။ ယခုအချိန်တွင် ကျင့်စဉ်မှ ပေးသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူနေ၍ မရပေ။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လျှိုချင်းယွမ် လည်ပတ်နေသည်ကို ခံစားမိသဖြင့် လုချန်း ခပ်ဖွဖွပြုံးလိုက်သည်။
“တကယ် ဇိမ်ရှိတာပဲ”
လျှိုချင်းယွမ်က ထိုစကားကို လျစ်လျူရှုကာ လုချန်းကို အေးစက်စွာ ကြည့်လိုက်သည်။
မလိုလားသော၊ အရှက်ရနေသော အမူအရာဖြင့် သူ့ကို ကြည့်နေရင်း ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးတွင် ပါဝင်နေသည့် အေးစက်သော အလှပဂေးကို မြင်လိုက်ရခြင်းက လုချန်းကို ပို၍ စိတ်လှုပ်ရှားစေသည်။ လုချန်း၏ အတွေးများကို လျှိုချင်းယွမ် ချက်ချင်း ခံစားမိလိုက်ပြီး ပို၍ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
ထို့သို့ဖြင့် လျှိုချင်းယွမ်နှင့် လုချန်းတို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အတူတကွ ဆက်လက်ကျင့်ကြံခဲ့ကြပြီး တစ်နေ့တွင် လျှိုချင်းယွမ်၏ ကျင့်စဉ်အဆင့် စတင်လှုပ်ခတ်လာသည်။
လျှိုချင်းယွမ်၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာသည်နှင့်အမျှ မင်္ဂလာအခန်းတစ်ခုလုံး ပြောင်းလဲသွားပြီး အခန်း အပြင်အဆင်များ တဖြည်းဖြည်း ပျောက်ကွယ်ကာ ပန်းပင်လယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဤပန်းပင်လယ်ကို မြင်လိုက်ရသောအခါ လုချန်း ကြောင်အမ်းသွားသည်။ ဒါက သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိစဉ်က ကြုံတွေ့ခဲ့ရသော ပန်းပင်လယ် မဟုတ်ပါလား။
ပန်းနီရထားသည် သူနှင့် တကယ်ပင် ပတ်သက်မှုရှိပုံရသည်။ သို့သော် ဤအရာအားလုံးကို နားလည်ရန် သူ၏ ယခင်ဘဝ မှတ်ဉာဏ်များ ပြန်လည်ရရှိသည်အထိ စောင့်ရပေမည်။
ဤပန်းပင်လယ်ကို မြင်လိုက်ရသောအခါ သူမ လုချန်းနှင့် ရင်းနှီးကျွမ်းဝင်သော အခြေအနေတွင် ရှိနေသေးသည်ကို လျှိုချင်းယွမ်လည်း ခဏခန့် မေ့သွားသည်။ ထို့နောက် လန်းဆန်းသော စွမ်းအားတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် သူမ၏ နတ်စိတ်အာရုံ ပိုမိုသန်မာလာပြီး သွေးကြောများ အားလုံး သန့်စင်သွားသည်။
လျှိုချင်းယွမ် အနည်းငယ် ပျော်ရွှင်သွားသည်။ သူမသည် ကျင့်စဉ်အဆင့်တစ်ခုကို အလွန်လျင်မြန်စွာ ချိုးဖျက်ကျော်ဖြတ်နိုင်ခဲ့သည်။ ဤနှုန်းအတိုင်း ဆက်လက်ကျင့်ကြံပါက ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နှစ်တစ်ထောင်ပင် ကြာမည်မဟုတ်ပေ။ သူတော်စင်အဆင့် တစ်ဦးအနေနှင့် အစားအသောက် မစားပဲ နှစ်တစ်ထောင် ဆက်တိုက် ကျင့်ကြံခြင်းက ပြဿနာမဟုတ်ပေ။
သို့သော် ထိုအချိန်၌ပင် ကြီးမားသော မှတ်ဉာဏ်လှိုင်းများ လျှိုချင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုမှတ်ဉာဏ်များထဲတွင် သူမသည် လုချန်းနှင့် အလွန်တူသော အမျိုးသားတစ်ဦးကို ချစ်မိသွားသည့် အင်အားကြီးဂိုဏ်းတစ်ခုမှ သမီးပျို ဖြစ်သည်။ သူမသည် အရာအားလုံးကို ဆန့်ကျင်ပြီး ထိုအမျိုးသားနှင့် လက်ထပ်ခဲ့ကာ နောက်ဆုံးတွင် သူနှင့်အတူ နေရပ်မှ ထွက်ခွာပြီး ကမ္ဘာအသီးသီးသို့ လှည့်လည်သွားလာရန် ရွေးချယ်ခဲ့သည်။
ခဏခန့် ကြောင်အသွားပြီးနောက် လျှိုချင်းယွမ် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူမ၏ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး ထိုမှတ်ဉာဏ်များက သူမ၏ တကယ့် မှတ်ဉာဏ်များဖြစ်ကြောင်း မယုံကြည်နိုင် ဖြစ်နေသည်။
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး”
ဟု လျှိုချင်းယွမ်က သူမဘာသာ ရေရွတ်လိုက်သည်။
လျှိုချင်းယွမ်၏ တုန်လှုပ်နေသော ပုံစံကို မြင်သောအခါ လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“မင်း ဘာဖြစ်တာလဲ”
လုချန်း၏ စကားကို ကြားလျှင် လျှိုချင်းယွမ် သတိပြန်ဝင်လာသည်။ ထို့နောက် သူမ၏ အကြည့်က လုချန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူ့ကို ကြည့်လေလေ ထိုမှတ်ဉာဏ်များက ပို၍ နက်ရှိုင်းလာလေလေ ဖြစ်သည်။
ယခုအခါ လျှိုချင်းယွမ်၏ မျက်နှာပေါ်ရှိ လူသတ်လိုသော ဆန္ဒများ ပျောက်ကွယ်သွားပြီး ဇဝေဇဝါဖြစ်မှုများဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။
ထိုမှတ်ဉာဏ်များသည် သူမ၏ အတိတ်ဖြစ်ကြောင်း သူမ၏ ဝိညာဉ်က ပြောပြနေသော်လည်း ယုံကြည်ရခက်နေသည်။
သူမ၏ မှတ်ဉာဏ်များအရ ထိုအမျိုးသားနှင့် လက်ထပ်စဉ်က ကြယ်များကြား၌ တွေ့ရှိခဲ့သော ပန်းနီရထားဖြင့် သူမကို သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လျှိုချင်းယွမ်သည် စကားမပြောပဲ လုချန်းကို တိတ်တဆိတ် ကြည့်နေသည်။ အချိန်ကုန်များလွန်သွားပြီးနောက် သူတို့ပတ်လည်ရှိ ပန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူတို့၏ ခန္ဓာကိုယ်များလည်း အလိုအလျောက် ကွဲကွာသွားသည်။
လုချန်း ဖယ်ခွာလိုက်သည်နှင့် အဆုံးမရှိသော ဟာတာတာဖြစ်မှု၊ စိတ်ဝိညာဉ် ဟာလာဟင်းလင်း ဖြစ်မှုနှင့် နှစ်ပေါင်းများစွာ အထီးကျန်ဆန်မှုကဲ့သို့သော ရောထွေးသော ခံစားချက်များကို လျှိုချင်းယွမ် ချက်ချင်း ခံစားလိုက်ရသည်။
ထိုအရာအားလုံး ပျောက်ကွယ်သွားသောအခါ သူတို့နှစ်ဦးလည်း ပန်းနီရထားအတွင်းမှ ထွက်ခွာပြီး လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာကြသည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သောအခါ ဖရိုဖရဲ ကြယ်ပင်လယ်တစ်ခုလုံး၏ ချိပ်ပိတ်တံဆိပ်တစ်ခု ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ပန်းနီရထားရှေ့တွင် လုချန်းနှင့် လျှိုချင်းယွမ်တို့ အလွန်နီးကပ်စွာ ရှိနေသည်ကို မြင်လိုက်ရသဖြင့် မုချင်းလန် အလွန် စိုးရိမ်သွားသည်။
နည်းနည်းမှ တုံ့ဆိုင်းခြင်းမရှိပဲ မုချင်းလန် လုချန်း၏ ဘေးသို့ ပြေးသွားလိုက်သည်။
“မင်းကြီး... သတိထားပါ”
သတိပြန်ဝင်လာပြီးနောက် လျှိုချင်းယွမ် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များက အိပ်မက်တစ်ခုလို ခံစားရသည်။ သို့သော် ၎င်းသည် အိပ်မက်တစ်ခု မဖြစ်နိုင်ကြောင်း သူမ ရှင်းလင်းစွာ သိနေသည်။ သူမ၏ အပျိုစင်ဘဝ တကယ်ပင် ဆုံးရှုံးသွားခဲ့ပြီး သူမ၏ ကျင့်စဉ်အဆင့်သည်လည်း သူတော်စင်အဆင့်သုံး သို့ အမှန်တကယ် မြင့်တက်သွားခဲ့သည်။
လုချန်း၏ အကြည့်က လျှိုချင်းယွမ်အပေါ် စူးစိုက်နေပြီး သူမ တိုက်ခိုက်လာပါက ရှောင်တိမ်းရန် အဆင်သင့် ဖြစ်နေသည်။
သို့သော် လျှိုချင်းယွမ်၏ မျက်နှာထားအရ သူမ၏ မျက်လုံးထဲရှိ ခံစားချက်များသည် ရှုပ်ထွေးနေပုံရပြီး တိုက်ခိုက်မည့် အရိပ်အယောင် မရှိပေ။
မုချင်းလန် လုချန်းဘေးသို့ ရောက်လာချိန်တွင် လျှိုချင်းယွမ် ရုတ်တရက် လှည့်ထွက်သွားပြီး သူမ၏ နန်းတော်သို့ အမြန်ပြန်သွားသည်။
မကြာမီတွင် လျှိုချင်းချိုလည်း သတိပြန်ဝင်လာသည်။ လုချန်းကို လျှိုချင်းယွမ် တိုက်ခိုက်ခြင်း မရှိကြောင်း မြင်သောအခါ လုချန်းမှလွဲ၍ ရှိနေသူအားလုံး နားလည်ရခက် သွားကြသည်။
သူတို့နှစ်ဦး အလွန်နီးကပ်စွာ ရှိနေသည့် အချက်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် လျှိုချင်းယွမ်သာ တိုက်ခိုက်ခဲ့ပါက လုချန်း တောင့်ခံနိုင်မည် မဟုတ်ပေ။ သူမ ဘာကြောင့် မလှုပ်ရှားခဲ့သနည်း။
လျှိုချင်းယွမ်သည် သူမ၏ နန်းတော်သို့ ပြန်ရောက်ပြီးနောက် လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရာ လျှိုချင်းချို၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရစွာနှင့် လုချန်းဆီသို့ လွင့်ပျံသွားသည်။
ဒါက...
လျှိုချင်းချို လုံးဝ ကြောင်အ သွား၏။ သူမ၏ ပင်မခန္ဓာ ဘာလုပ်ချင်နေမှန်း သူမ နားမလည်နိုင်ပေ။
ယခင်က ရန်လိုပြီး တိုက်ခိုက်လိုစိတ် ရှိခဲ့သော်လည်း ရုတ်တရက်ဆိုသလို အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။ ယခု သူမကိုပင် လုချန်းဘေးသို့ ပို့လိုက်သည်။
ပင်မကိုယ်က သူမကို ပြန်ခေါ်သွားရမည် မဟုတ်ပါလား။
ထို့နောက် လျှိုချင်းယွမ်က လုချန်းအား
“ဒီနေ့ကစပြီး ကျွန်မရဲ့ ဒီကိုယ်ပွားကို ရှင် သဘောရှိ အသုံးချနိုင်ပါပြီ။”
လျှိုချင်းချို ပို၍ရှုပ်ထွေးသွားသည်။ သူမ၏ နတ်စိတ်အာရုံသည် ပင်မခန္ဓာ၏ သီးခြားအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကိုယ်ပွား၏ စိတ်ဝိညာဉ်ဖြစ်သော သူမ မပါရှိပဲ လျှိုချင်းယွမ်၏ ပင်မခန္ဓာ အနေနှင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အလွန်ခက်ခဲလိမ့်မည်။ ထိုသို့ဆိုလျှင် ပင်မခန္ဓာက သူမကို ဘာကြောင့် လုချန်းထံ ပေးအပ်လိုက်ရသနည်း။
ခုနလေးက ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့တာလဲ။
လုချန်းလည်း နားမလည်နိုင် ဖြစ်နေသည်။ လျှိုချင်းယွမ်နှင့် ပတ်သက်ပြီး သူ မြင်တွေ့ခဲ့ရသော အချက်အလက်များအရ သူ့အပေါ် နှစ်သက်မှုသည် ခြောက်ဆယ်သာ ရှိသည်။ သုညထက် များစွာ မြင့်တက်သော်လည်း နှစ်သက်မှုရမှတ် ခြောက်ဆယ်သည် သူမ၏ ကိုယ်ပွားကို သူ့ထံ လိုလိုလားလား လက်လွှတ်လိုက်လောက်သည်အထိ မလုံလောက်ပေ။
ထို့ပြင် သူ အလိုရှိသလို ကစားနိုင်ကြောင်း လျှိုချင်းယွမ်က ထပ်ပြောခဲ့သေးသည်။ လျှိုချင်းချိုကို သူမ၏ ကိုယ်ပွားအဖြစ် သဘောထားသေးရဲ့လား။
လုချန်းက
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”
လျှိုချင်းယွမ်သည် လုချန်းကို ဂရုမစိုက်တော့ပဲ သူမ၏ လှေနန်းတော်ကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ နန်းတော်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖရိုဖရဲ ကြယ်ပင်လယ်မှ ထွက်ခွာသွားတော့သည်။
……………