အခန်း (၁၂၅၂-၁၂၅၄)
Vol. 84 Ch. 1252-1254
အခန်း( ၁၂၅၂ )
ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား
လျှိုချင်းယွမ် ချက်ချင်း ထွက်ခွာသွားသည်ကို မြင်သောအခါ လုချန်းမှလွဲ၍ လူတိုင်း လုံးဝ ဇဝေဇဝါဖြစ်သွားကြသည်။ သူတို့အမြင်တွင် သူတို့သည် ခဏခန့်သာ မိန်းမောသွားခြင်းဖြစ်ပြီး ထို့နောက် လျှိုချင်းယွမ်သည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားကာ ပြဿနာအားလုံး ရုတ်တရက် ပြီးဆုံးသွားခဲ့သည်။
လျှိုချင်းယွမ် ထွက်သွားပြီးနောက် လျှိုချင်းချိုက ဇဝေဇဝါမျက်နှာထားဖြင့် လုချန်းဘက်သို့ လှည့်ကာ
“မင်းကြီး... ခုနလေးက ဘာဖြစ်သွားတာလဲ”
လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး
“ကိုယ် သူ့ကို ကမ္ဘာငယ်လေးတစ်ခုထဲ ဆွဲခေါ်သွားပြီး အကျိုးအကြောင်းပြောပြ နားချလိုက်တာပါ။”
လျှိုချင်းချိုနှင့် မုချင်းလန်တို့က လုချန်းကို သံသယဖြင့် ကြည့်လိုက်ကြသည်။
နားချလိုက်တယ် ဟုတ်လား။
တကယ်ရော သေသေချာချာ နားချတာ ဟုတ်ရဲ့လား။
သို့သော် သူတို့ သိပ်ပြီး တွေးမနေတော့ပေ။ ယခု အစွမ်းထက်သော ရန်သူတော်ကြီး လျှိုချင်းယွမ်ကို ယာယီ ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်သဖြင့် သူတို့ သက်ပြင်းချနိုင်ပြီ ဖြစ်သည်။
…….
တစ်ချိန်တည်းမှာပင်။
ဟင်းလင်းပြင်ထဲ၌ နန်းတော်တစ်ခုသည် အဝေးတစ်နေရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားနေသည်။
လျှိုချင်းယွမ်သည် နန်းတော်အတွင်းရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး ပန်းနီရထား၏ အတွင်း လုချန်းနှင့် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်တွေးနေမိသည်။
လျှိုချင်းယွမ် အံကြိတ်လိုက်၏။ သို့သော် သူမ ဒေါသထွက်ချင်သော်လည်း ဒေါသထွက်၍ မရနိုင် ဖြစ်နေသည်။
အထူးသဖြင့် ထိုထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစများကို ရရှိပြီးနောက် လုချန်းအပေါ် ဒေါသထွက်၍ မရနိိုင်ဖြစ်လာသည်။
ထိုမှတ်ဉာဏ်များသာ မှန်ပါက သူမ၏ အတိတ်ဘဝမတိုင်မီ နောက်ထပ် အတိတ်ဘဝတစ်ခု ရှိခဲ့ပြီး ထိုအတိတ်ဘဝဟောင်းတွင် သူမသည် လုချန်း၏ အမျိုးသမီးဖြစ်ခဲ့သည်ဟု ဆိုလိုရာရောက်သည်။
ထိုမှတ်ဉာဏ်များအရ ပန်းနီရထားကို ဖန်တီးခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်သည်။ ပန်းနီရထား၏ ရည်ရွယ်ချက်မှာ သူမ မှတ်ဉာဏ်ပျောက်ဆုံးသွားချိန်တွင် သူမကို ရှာဖွေပြီး လုချန်းနှင့် အတူရှိနေစေဖို့ အတင်းအကျပ် ချုပ်နှောင်ထားရန်ဖြစ်သည်။ ထို့ကြောင့် ပန်းနီရထား အတွင်းရှိ စည်းမျဉ်းများက သူတို့ထိုကဲ့သို့သော ကိစ္စကို လုပ်ဆောင်ရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။
မှတ်ဉာဏ်များသာ မှန်ပါက သူမ၏ အတိတ်ဘဝဟောင်းက သူမအား သစ္စာဖောက်လိုက်ခြင်းပင်။
လျှိုချင်းယွမ် စိတ်ထဲယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။ ဘဝတစ်ခု ခြားနားနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူမ၏ အတိတ်ဘဝဟောင်းမှ မှတ်ဉာဏ်များကို သူမ သိပ်ပြီး လက်မခံချင်သောကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် လျှိုချင်းယွမ်၏ စိတ်တွင်း နက်ရှိုင်းသော တစ်နေရာတွင်တော့ ထိုမှတ်ဉာဏ်များ အလွန် ရင်းနှီးနေကြောင်း ခံစားမိသည်။ ဆိုလိုသည်မှာ ထိုမှတ်ဉာဏ်များသည် တစ်စုံတစ်ယောက်၏ လုပ်ကြံဖန်တီးမှု မဟုတ်ပေ။
လျှိုချင်းယွမ်၏ စိတ်များ မငြိမ်မသက်ဖြစ်နေသည်။ သူမ၏ စိတ်ဝိညာဉ်က ထိုမှတ်ဉာဏ်များကို လက်ခံသော်လည်း သူမကတော့ ယုံကြည်ရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်ထားသော လက်ထပ်ခြင်းကြိုးနီများကို သူမ ကြည့်လိုက်သည်။ လုချန်း၏ လက်ထပ်ခြင်းကြိုးမျှင်သည် သူမ၏ ခန္ဓာကိုယ်ကို လုံးဝ လွှမ်းခြုံထားသည်။ ဤဘဝတွင် သူမ ဧကရာဇ် ဖြစ်လာလျှင်ပင် လုချန်းလက်မှ လွတ်မြောက်နိုင်ပါ့မလားဟု စိုးရိမ်မိသည်။
သူမ၏ မှတ်ဉာဏ်များအရ ပန်းနီရထားသည် စည်းမျဉ်းအခြေပြု စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။ သူမနှင့် လုချန်း အနီးကပ် ရှိနေပြီး သူမက သူ့အပေါ် မုန်းတီးမှု တစ်စုံတစ်ရာ ရှိနေသရွေ့ ပန်းနီရထားသည် အသက်ဝင်လာမည်ဖြစ်ကာ သူတို့နှစ်ဦးလုံးကို ပန်းနီရထား အတွင်းရှိ နယ်ပယ်ထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုပန်းနီရထားကို ကတိသစ္စာဆိုခြင်း စွမ်းအားများ အသုံးပြုကာ သူမကိုယ်တိုင် ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။ သူမ မည်သို့ပင် လုပ်ဆောင်ပါစေ ပန်းနီရထားကို ဖျက်ဆီးနိုင်မည် မဟုတ်သလို ၎င်း၏ စွမ်းအားကိုလည်း တွန်းလှန်နိုင်မည် မဟုတ်ပေ။
အနာဂတ်တွင် သူမ လုချန်းကို ရှောင်တိမ်းနေလျှင်ပင် ပန်းနီရထားက သူမကို ရှာဖွေပြီး လုချန်း၏ ဘေးသို့ ခေါ်ဆောင်သွားနိုင်ခြေရှိသည်။
လျှိုချင်းယွမ်၏ စိတ်နှလုံးထဲ အားကိုးရာမဲ့သည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သူမ၏ အတိတ်ဘဝဟောင်းက ဘာကြောင့်များ ဒီလိုကိစ္စမျိုး လုပ်ခဲ့ရတာလဲ။ ယောက်ျားတစ်ယောက်ကို အလွန် ချစ်မြတ်နိုးလွန်းလို့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိညာဉ်လက်နက်ကို ဖန်တီးခဲ့တာလား။
သူမ လျှိုချင်းချိုကို လုချန်းဘေးတွင် ထားခဲ့ရခြင်း အကြောင်းရင်းကလည်း ပန်းနီရထား၏ စည်းမျဉ်းစွမ်းအားကို ရှောင်တိမ်းရန် ဖြစ်၏။ ပန်းနီရထားသည် သူမကို အလိုအလျောက် ရှာဖွေပြီး လုချန်းထံ ခေါ်ဆောင်သွားနိုင်သည်။ သူမ၏ ကိုယ်ပွား လုချန်းဘေးတွင် ရှိနေပါက ပန်းနီရထား သူမကို ထပ်မံ ရှာဖွေတော့မည် မဟုတ်ဟု သူမ လောလောဆယ် ယူဆထားသည်။
ထိုအချိန်၌ လျှိုချင်းယွမ်၏စိတ်ထဲ ရုတ်တရက် နောက်ထပ် အတွေးတစ်ခု ဝင်လာသည်။ ပန်းနီရထားသည် သူမကိုသာ ဖရိုဖရဲ ကြယ်ပင်လယ်သို့ ခေါ်ဆောင်လာခြင်း မဟုတ်ပဲ လုချန်း၏ အခြားသော မိန်းမများကိုပါ ခေါ်ဆောင်လာပုံရသည်။ သူတို့သည်လည်း သူတို့၏ ပြီးခဲ့သည့်ဘဝများ သို့မဟုတ် အတိတ်ဘဝဟောင်းများတွင် လုချန်း၏ အမျိုးသမီးများ ဖြစ်ခဲ့ကြသည်ဟု ဆိုလိုခြင်းလား။
ဒါဆိုရင် ထိုအရာက သူမနှင့် သိပ်သက်ဆိုင်ပုံမရပေ...
လျိုချင်းယွမ်သည် ဘာဆက်လုပ်ရမည်မှန်းမသိ ဖြစ်နေပြီး အတော်လေး နားမလည်နိုင် ဖြစ်နေပုံရသည်။ ပန်းနီရထားကဲ့သို့သော စိတ်ဝိညာဉ်လက်နက် ရှိနေသဖြင့် သူမသည် လုချန်းနှင့် ထာဝရ ချည်နှောင်ခံထားရမည်ဖြစ်သည်။ ထို့ပြင် သူမ၏ စိတ်ဝိညာဉ် နက်ရှိုင်းသော နေရာမှ အသံတစ်သံက မငြင်းဆန်ပဲ လုချန်းကို လက်ခံရန် တိုက်တွန်းဖြားယောင်းနေသည်။
ထိုစဉ် လျှိုချင်းယွမ် သူမ၏ မျက်လုံးများကို မှိတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လုချန်းဘေးရှိ လျှိုချင်းချို၏ မျက်လုံးများထဲတွင် မည်သူမှ သတိမထားမိနိုင်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူမ၏ နတ်အာရုံခံစားမှုသည် သူမ၏ ကိုယ်ပွားနှင့် အတားအဆီးမရှိ ပြီးပြည့်စုံစွာ ချိတ်ဆက်နိုင်ကြောင်း လျှိုချင်းယွမ် တွေ့ရှိလိုက်သည်။ ဆိုလိုသည်မှာ အနာဂတ်တွင် လုချန်းနှင့် လျှိုချင်းချို ရင်းနှီးကျွမ်းဝင်ကြသည့်အခါ သူမ၏ အာရုံခံစားမှုသည် လျှိုချင်းချိုနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး သူမကိုယ်တိုင် လုချန်းနှင့် ရင်းနှီးကျွမ်းဝင်နေသည်နှင့် ခြားနားမှုရှိမည် မဟုတ်ပေ။
အဲ့ဒီလိုသာဆိုရင် သူမ လုချန်းနဲ့ အတူရှိနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
ဒီနည်းလမ်းသာ အလုပ်ဖြစ်မယ်ဆိုရင် သူမကိုယ်တိုင် လုချန်းဘေးမှာ အချိန်တိုင်း နေစရာ မလိုတော့ပေ။
လျှိုချင်းချိုသည်လည်း သူမ၏ ပင်မခန္ဓာ၏ အာရုံခံစားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး စိတ်ဝိညာဉ်ပင်လယ်ထဲတွင်
“ရှင် ဘာတွေ တွေးနေတာလဲ။ အရင်က ဘာဖြစ်ခဲ့တာလဲ”
ဟု တိုက်ရိုက် မေးလိုက်သည်။
လျှိုချင်းယွမ်က
“နင် သိစရာမလိုဘူး”
ဟု ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။
ပင်မခန္ဓာက လျှိုချင်းချိုထံသို့ မှတ်ဉာဏ်များ မလွှဲပြောင်းပေးသရွေ့ အရင်က ဘာဖြစ်ခဲ့လဲဆိုတာကို လျှိုချင်းချို သိမည် မဟုတ်ပေ။
လျှိုချင်းချိုက
“ရှင် အခု ကျွန်မခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်နေပြီ။ ကျွန်မကို လုချန်းဘေးမှာ ပုန်းအောင်းစောင့်ဆိုင်းခိုင်းပြီး သူ့ကို သတ်ဖို့ အခွင့်အရေးရှာခိုင်းမလို့လား။”
“အဲ့ဒီလိုသာဆိုရင် ကျွန်မရဲ့ ချက္ကရကို ချက်ချင်း ဖောက်ခွဲဖျက်ဆီးပစ်လိုက်မယ်။ ရှင့်အကြံအစည် အောင်မြင်ခွင့်ပြုမှာ မဟုတ်ဘူး။”
လျှိုချင်းယွမ်က
“လုချန်းနဲ့ ငါ့ကြားမှာ အတိတ်ဘဝက ပတ်သက်ဆက်နွယ်မှု ရှိတယ်။ နင် သူ့ကို သတ်လို့မရဘူး။ ငါလည်း သတ်လို့မရဘူး” ဟု အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ထိုအရာကို ကြားလျှင် လျှိုချင်းချို အနည်းငယ် အံ့သြသွားသည်။
ပတ်သက်ဆက်နွယ်မှု ဟုတ်လား။ ဘာပတ်သက်ဆက်နွယ်မှုလဲ။
သူမက ဘာလို့ မသိရတာလဲ။
လျှိုချင်းယွမ်က များများစားစား ရှင်းပြမနေပဲ
“ဒီနေ့ကစပြီး သူ့ဘေးမှာနေပြီး သူ့ကို ပြုစုလိုက်တော့။ သူ နင့်ခန္ဓာကိုယ်ကို ဘယ်လိုပဲ ကစားချင် ကစားချင် မငြင်းဆန်နဲ့။”
ဒါက...
လျှိုချင်းချိုက
“ကျွန်မက သူ့မိန်းမ ဖြစ်နေပြီ။ ‘ကစားတယ်’ ဆိုတဲ့ ရိုင်းစိုင်းတဲ့ စကားမျိုး မသုံးပါနဲ့။”
ဘာကို ‘ကစားတယ်’ လဲ။
တကယ်တော့ သူမသည် လုချန်းနဲ့ စုံတွဲကျင့်ကြံရတာကို တော်တော်လေး နှစ်သက်သည်။
သူ့နဲ့ အဲ့ဒီလို ကိစ္စ လုပ်တာကို ကစားခံရတယ်လို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။
သူမသည် လုချန်း၏ အစေခံမ တစ်ယောက် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းလည်း လျှိုချင်းချို တမျိုးဖြစ်နေသည်ကို သတိထားမိလိုက်သည်။
လုချန်းက
“ချင်းချို... ဘာဖြစ်လို့လဲ”
လုချန်း ခေါ်သံကြောင့် လျှိုချင်းချို သတိပြန်ဝင်လာပြီး
“ဟင့်အင်း... ဘာမှမဖြစ်ပါဘူး”
လုချန်း နှုတ်ခမ်းထောင့်စွန်းများ ကွေးသွားပြီး ဆက်မမေးတော့ပေ။ လျှိုချင်းချိုသည် သူမ၏ ပင်မခန္ဓာ လျှိုချင်းယွမ်နှင့် ဆက်သွယ်နေကြောင်း သူ ချက်ချင်း ခန့်မှန်းမိလိုက်သည်။
ထိုအခါ မုချင်းလန်က
“မင်းကြီး... ဟို ပန်းနီရထားကို ကြည့်ပါဦး”
မုချင်းလန်၏ သတိပေးစကားကို ကြားလျှင် လုချန်း၏ အကြည့် ပန်းနီရထားပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ထိုအချိန်တွင် ပန်းနီရထား၏ ရှေ့၌ ဟင်းလင်းပြင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထို့နောက် ပန်းနီရထားသည် ဝဲကတော့ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
လုချန်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ ဤ ပန်းနီရထားသည် ကိုယ်ပိုင်အသိစိတ် ရှိနေပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ကြောင်း ထင်ရှားသည်။
ပန်းနီရထား၏ ရည်ရွယ်ချက်မှာ အမျိုးသမီးအချို့ကို သူ့ဘေးသို့ ခေါ်ဆောင်လာပြီး သူ့နှင့်အတူ ရှိနေစေရန် ဖြစ်လောက်သည်။
ယခု ပန်းနီရထား ထွက်ခွာသွားပြီ ဖြစ်သဖြင့် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် နောက်ထပ် အမျိုးသမီးများကို သူ့ဘေးသို့ ထပ်မံ ခေါ်ဆောင်လာမှာလား။
လုချန်း ဆက်မတွေးတော့ပေ။
ထိုအချိန်တွင် စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ ဆုလာဘ်ကဏ္ဍပေါ်သို့ သူ၏ အကြည့် ကျရောက်သွားသည်။
[ဂုဏ်ယူပါတယ် သခင်။ ဇနီးသည်တစ်ဦး ရရှိသည့်အတွက် ဧကရာဇ် ဆင့်ခေါ်အမိန့်ပြား သုံးခု ချီးမြှင့်လိုက်ပါတယ်။]
ဤစနစ်ဆုလာဘ်ကို မြင်လိုက်ရသောအခါ လုချန်း ထိုနေရာမှာတင် ကြောင်အ သွားသည်။
ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား ဟုတ်လား။
သတိပြန်ဝင်လာပြီးနောက် အချက်အလက်များကို ကြည့်ရှုရန် အမြန် နှိပ်လိုက်သည်။
[ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား : သခင့်ကို နာခံမည့် ဧကရာဇ်တစ်ပါးကို ဆင့်ခေါ်ရန် အသုံးပြုနိုင်သည်။ ကြာချိန် နှစ်နာရီ။]
ဟမ်...
ဒါက...
အချိန်ကန့်သတ်ချက် ရှိတာပဲကိုး။
အခန်း (၁၂၅၃ )
ပြဿနာအသစ်
ရုတ်တရက် ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ လုချန်း ခံစားလိုက်ရသည်။ ဧကရာဇ် ဆင့်ခေါ် အမိန့်ပြားဖြင့် ဆင့်ခေါ်ထားသော ဧကရာဇ်များက အမြဲတမ်း ရှိနေမည်ဟု သူ အစက ထင်မှတ်ခဲ့သည်။ ထိုသို့သာဆိုလျှင် သူ၏ဘေး၌ ဧကရာဇ်သုံးပါး ရှိနေမည်ဖြစ်ပြီး သူ့ကို ဒိီထက် အဆပေါင်းများစွာ နယ်မြေချဲ့ထွင်နိုင်စေမည်ဖြစ်သည်။
သို့သော် ပြန်လည်စဉ်းစားကြည့်သောအခါ ဤဧကရာဇ် ဆင့်ခေါ် အမိန့်ပြား သုံးခုနှင့်ဆိုလျှင် သူသည် ယခုလောလောဆယ် မည်သည့်အန္တရာယ်မှ ရှိနိုင်တော့မည် မဟုတ်ပေ။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထိုဧကရာဇ်လောင်းကို ဖြေရှင်းရန်အတွက် အချိန်နှစ်နာရီက လုံလောက်သည်ထက်ပို၏။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းကို ဖြေရှင်းပြီးသည်နှင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အခြားအင်အားစုများကို ခြိမ်းခြောက်ရန် ဆင့်ခေါ်ထားသော ဧကရာဇ်များကို အသုံးပြုနိုင်ပြီး ထိုနယ်မြေကို ရှနိုင်ငံတော်၏ အုပ်ချုပ်မှုအောက်သို့ တိုက်ရိုက် သွတ်သွင်းနိုင်မည်ဖြစ်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို သိမ်းပိုက်ပြီးသည်နှင့် ၎င်း၏ သက်ရှိကမ္ဘာများ အားလုံးမှ စုပေါင်းထားသော ကံတရားစွမ်းအားများသည် သူ၏ ဇနီးမယားများ အားလုံးအတွင် ရင်သွေးကမ္ဘာ တည်ဆောက်ရန်အတွက် လုံလောက်ပေလိမ့်မည်။
ထိုအရာကို တွေးမိသောအခါ လုချန်း အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို သိမ်းပိုက်ရန် တစ်ဆင့်ချင်းစီ လုပ်ဆောင်ရမည်ဆိုတာကိုတော့ သူ သတိပြုမိသည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်းက သတင်းကြားပြီး ထွက်ပြေးသွားကာ ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးမှ ပြန်လာပါက ပြဿနာရှိသွားပေလိမ့်မည်။
ပထမဆုံးအနေဖြင့် လက်ရှိ ပြဿနာကို ဖြေရှင်းရန်က အရေးကြီး၏။ နဂါးစီးဂိုဏ်းသည် ဖရိုဖရဲကြယ်ပင်လယ်မှ သတင်းများကို သိထားပြီး ဖြစ်နိုင်သလို လမ်းခုလတ်တွင်တောင် ရောက်နေလောက်ပြီဖြစ်သည်။ တောင်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ လက်အောက်ခံများထဲမှ အကြီးဆုံးအင်အားစုဖြစ်သော နဂါးစီးဂိုဏ်းကို ဖြေရှင်းပြီးသည်နှင့် ထိုဧကရာဇ်လောင်း သူ့အလိုလို ထွက်ပေါ်လာပေလိမ့်မည်။
သူ၏ အတွေးများကို စုစည်းပြီးနောက် လုချန်းက အနားရှိ လူတိုင်းအား
“ပြဿနာက ယာယီအားဖြင့်တော့ ပြေလည်သွားပါပြီ။ ပြန်ကြစို့။”
စကားပြောပြီးနောက် လုချန်း ထျန်းချန်ကမ္ဘာသို့ တန်းပြန်သွားလိုက်တော့သည်။
သူသည် လျှိုချင်းယွမ်နှင့်အတူ ပန်းနီရထားအတွင်း၌ စုံတွဲကျင့်စဉ် ကျင့်ကြံရင်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးခဲ့ပြီး သူ၏ အဆင့်တက်မှုတွင် အခက်အခဲတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ကျင့်စဉ်အခြေအနေ တည်ငြိမ်စေရန် ခဏခန့် အနားယူဖို့ လိုအပ်သည်။
ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် လုချန်းချက်ချင်း တံခါးပိတ် ကျင့်စဉ်စခန်း ဝင်လိုက်သည်။ ပြီးခဲ့သော အကြိမ်နှင့်မတူပဲ ဤတစ်ကြိမ်တွင် သူ၏ အဆင့်တိုးလာပါ့မလားဟု သိပ်မစိုးရိမ်တော့ပေ။ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးနောက် ရရှိလာသော အဆင့်ကို တည်ငြိမ်စေရန်နှင့် စွမ်းအား မငြိမ်မသက် ဖြစ်နေခြင်းကို တားဆီးရန်သာ သူ ရည်ရွယ်သည်။
လုချန်း မမျှော်လင့်ထားသည့်အရာတစ်ခုက ထိုတံခါးပိတ် ကျင့်စဉ်ကာလ တစ်နှစ်ခန့် ကြာသွားခြင်းဖြစ်၏။ ထိုကာလတစ် လျှောက်လုံး သူသည် တစ်ချိန်လုံး အိပ်ပျော်နေသကဲ့သို့ တစ်နှစ်ကုန်ဆုံးသွားသည်ကို လုံးဝ သတိမထားမိလိုက်ပေ။
လုချန်း မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူ၏ ကိုယ်တွင်းကမ္ဘာ အဆမတန် ကျယ်ပြန့်လာပြီး သူ၏ခန္ဓာကိုယ်က ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေကြောင်း တွေ့လိုက်ရသည်။ နဂါးနက်မြို့ တစ်မြို့လုံးရှိ စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်းဆိုသလို ကုန်ခမ်းသွားပြီး နဂါးနက်ခရိုင်တစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအား ခဏမဲ့သွားခဲ့၏။
သူတို့ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများ နန်းတော်တွင်းသို့ ပြင်းထန်စွာ စုပ်ယူခံနေရသည်ကို ခံစားလိုက်ရသဖြင့် ကျင့်ကြံသူအားလုံးက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး အဆင့်ချိုးဖျက် ဝင်ရောက်လိုက်တာဖြစ်ကြောင်း ခန့်မှန်းနေစရာပင် မလိုပေ။ ကောင်းကင်ဧကရာဇ် သို့မဟုတ် ဧကရာဇ်ဘေးရှိ အစောင့်အရှောက်များသာလျှင် ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
ဤအချိန်တွင် လုချန်းကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားသည်။ သူသည် ကျင့်စဉ်အခြေအနေကို တည်ငြိမ်စေရန်သာ ရည်ရွယ်ခဲ့သော်လည်း သူတော်စင်အဆင့်နှစ်သို့ တစ်ရှိန်ထိုး ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
မပွင့်သော ပန်းများကို ပြုစုပျိုးထောင်နေသော်လည်း မရည်ရွယ်ပဲ စိုက်လိုက်သော မိုးမခပင်များက အရိပ်ရစေသည် ဟူသော ခံစားချက်မျိုး သူရလိုက်၏။
ပြီးခဲ့သော အကြိမ်က အဆင့်ချိုးဖျက်ရန် ရည်မှန်းခဲ့သော်လည်း နှစ်ဝက်အတွင်း မအောင်မြင်ခဲ့သည့်အပြင် သူ၏ ကျင့်စဉ်အခြေအနေပင် အနည်းငယ် ကျဆင်းသွားခဲ့၏။ ထိုနှစ်ဝက်အတွင်း သူ၏ ကျင့်စဉ်အခြေအနေ တည်ငြိမ်ခဲ့သဖြင့် အချိန်ဖြုန်းရာမရောက်ကြောင်း စနစ်က ပြောခဲ့သော်လည်း လုချန်းအတွက်တော့ ကျင့်စဉ်အဆင့် မတိုးတက်ခြင်းက အချိန်ဖြုန်းခြင်းနှင့် အတူတူဟု ခံစားရသည်။
ထိုစဉ်က စုံတွဲကျင့်စဉ်တွင် အတိုင်းအတာတစ်ခုအထိ အခက်အခဲနှင့် မကြုံတွေ့ခဲ့ပါက တံခါးပိတ် ကျင့်စဉ်စခန်းဝင်ရန် သူ ရွေးချယ်မည် မဟုတ်ပေ။ မမျှော်လင့်ပဲ ဤတံခါးပိတ် ကျင့်စဉ်က သူ၏ ကျင့်စဉ်အခြေအနေကို တည်ငြိမ်စေရုံသာမက အဆင့်ချိုးဖျက်ရာတွင်လည်း ကူညီပေးခဲ့သည်။
သူ၏အတွင်းစိတ်ဝိညာဉ်စွမ်းအားကို တည်ငြိမ်စေပြီးနောက် အခန်းထဲမှ လုချန်း ချက်ချင်း ထွက်ခွာလာခဲ့သည်။ ထို့နောက် အခန်းကို စောင့်ကြပ်နေသော အစေခံအား သိချင်စိတ်ဖြင့် လုချန်း မေးလိုက်သည်။
“ကျုပ် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေတာ ဘယ်လောက်ကြာသွားပြီလဲ။”
သူ တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေတာ အများဆုံး တစ်လခန့်သာ ရှိသေးသည်ဟု ခံစားရသော်လည်း ထိုကာလများအတွင်း ကျင့်ကြံသူများသည် အချိန်ခံစားမှု ကင်းမဲ့နေတတ်သဖြင့် အခြားသူတစ်ယောက်ကို မေးမြန်းရန် လိုအပ်နေခြင်းဖြစ်သည်။
အစေခံက
“မင်းကြီး...တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေတာ တစ်နှစ်ရှိပါပြီ။”
အစေခံ၏ အဖြေကို ကြားသောအခါ လုချန်း ခဏခန့် မှင်တက်သွားသည်။ သူ့စိတ်ထဲ တစ်လခန့်သာ တံခါးပိတ် ကျင့်စဉ်ဝင်ခဲ့သည်ဟု ထင်မှတ်နေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူတော်စင်အဆင့်တွင် တစ်နှစ်အတွင်း အဆင့်တစ်ခု တိုးတက်လာခြင်းက မဆိုးလှပေ။ သာမန် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် တစ်နှစ်မဆိုထားနှင့် အဆင့်ငယ်တစ်ခု တိုးတက်ရန်ပင် နှစ်တစ်ထောင်လောက် ကြာတတ်သည်။
ဤအချိန်တွင် လုချန်း အလွန်စိတ်ရွှင်လန်းနေသည်။ ချက်ချင်းပင် အလင်းအရိပ်ကို အသုံးပြု၍ ရန်ခရိုင် နန်းတော်သို့ ပြန်သွားခဲ့သည်။ သူ၏ ဇနီးမယားများကို မတွေ့ရသည်မှာ တစ်နှစ်ရှိပြီဖြစ်၍ ပြန်သွားပြီး သူတို့၏ လွမ်းဆွတ်မှုများကို ဖြေဖျောက်ပေးရန် လိုအပ်သည်။
နောက်နှစ်လအတွင်း လုချန်းသည် သူ၏ ဇနီးမယားများကြားတွင် အလှည့်ကျ သွားလာနေခဲ့သည်။
……
ထိုအချိန်တွင်။
နဂါးစီးဂိုဏ်း။
ဝူဖုန်းသည် ပလ္လင်ပေါ်တွင် ထိုင်လျက် အောက်ရှိ အကြီးအကဲ၏ အစီရင်ခံမှုကို နားထောင်နေသည်။
“ဒါဆိုရင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အနီးမှာ သက်ရှိကြယ်နယ်မြေတစ်ခု တကယ်ရှိနေတယ်ဆိုတဲ့ သဘောလား။”
ဖရိုဖရဲကြယ်ပင်လယ်အကြောင်း သတင်းရရှိပြီးနောက် စုံစမ်းစစ်ဆေးရန်နှင့် တည်နေရာကို ခြေရာခံရန် သူ့လူများကို ဝူဖုန်း ချက်ချင်း အမိန့်ပေးခဲ့သည်။
မကြာမီ နဂါးစီးဂိုဏ်းမှ လူများသည် ချန်ဟိုင်ဂိုဏ်း ကျန်ခဲ့သော သဲလွန်စအနည်းငယ်ကို လိုက်၍ ဖရိုဖရဲကြယ်ပင်လယ်၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး စူးစမ်းလေ့လာရန် ကြယ်ပင်လယ် နယ်စပ်သို့ လူများ စေလွှတ်ခဲ့သည်။
ခန်းမထဲရှိ အကြီးအကဲက
“ဟုတ်ပါတယ် ဂိုဏ်းချုပ်... ဖရိုဖရဲကြယ်ပင်လယ်ကို ရောက်ဖို့ အမှောင်နယ်မြေနဲ့ တူညီတဲ့ နေရာတစ်ခုကို ဖြတ်ကျော်ရပါတယ်။ ဒါကြောင့် သူ့ရဲ့ တည်ရှိမှုကို သိတဲ့လူ အနည်းငယ်ပဲ ရှိတာ ဖြစ်နိုင်ပါတယ်။”
အနည်းငယ် စဉ်းစားပြီးနောက် ဝူဖုန်းက
“အဲ့ဒါက တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်လောက်ဘူး။ စွမ်းအားကြီးတဲ့ ဖြစ်တည်မှုတစ်ခုက ကြယ်နယ်မြေတစ်ခုလုံးကို ဖုံးကွယ်ဖို့ပညာ တစ်မျိုးမျိုးကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်။ နောက်မှ အချိန်တွေ အများကြီး ကြာသွားလို့ အစီအရင် ပျက်ပြယ်သွားပြီး ချန်ဟိုင်ဂိုဏ်းက ရှာတွေ့နိုင်သွားတာ ဖြစ်မယ်။”
“ကောင်းပြီ... ဖရိုဖရဲကြယ်ပင်လယ်ရဲ့ တည်နေရာ အတိအကျကို အတည်ပြုပြီးပြီဆိုတော့ အချိန်ဖြုန်းနေစရာ မလိုတော့ဘူး။ သူတို့ကို ဖရိုဖရဲကြယ်ပင်လယ်ဆီ တိုက်ရိုက် သွားခိုင်းလိုက်ပါ။”
ထိုအရာကို ကြားလျှင် အကြီးအကဲက
“ချန်ဟိုင်ဂိုဏ်းကို တစ်ခုခု ပြောဖို့ လိုဦးမလား။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူတို့ လူလွှတ်ပြီး မေးလာတယ်။ ဖရိုဖရဲကြယ်ပင်လယ်ကို အတူတူသွားဖို့ တခြားအင်အားစုတွေကို ဘယ်တော့ စုစည်းမလဲတဲ့။”
ဝူဖုန်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“သူတို့ တကယ်ကို စိတ်လောနေတာပဲ”
“ချန်ဟိုင်ဂိုဏ်းကို အာရုံစိုက်နေစရာ မလိုပါဘူး။ ဖြေရှင်းဖို့ လူလွှတ်ပြီးပါပြီ။”
ဝူဖုန်း၏ စကားကို ကြားသောအခါ အကြီးအကဲက လျင်မြန်စွာ နားလည်သွားပြီး
“နားလည်ပါပြီ”
ထိုစကားများနှင့်အတူ ဝူဖုန်းလည်း လှည့်ထွက်သွားသည်။
………
လဝက်ကြာပြီးနောက်။
ထျန်းချန်ကမ္ဘာ၌...။
လျှိုချင်းချိုသည် သူမ၏ မှန်တင်ခုံရှေ့တွင် ရှိနေပြီး မှန်ထဲရှိ မိမိကိုယ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထိုစဉ် သူမ၏ မျက်လုံးများတွင် တောက်ပသော အရိပ်အယောင်တစ်ခု ခဏခန့် ဖြတ်ပြေးသွားသည်။
လျှိုချင်းချို သူမဘာသာ ရေရွတ်လိုက်သည်။
“သူ့ကို အဲဒီလောက် လွမ်းနေရင် ကိုယ်တိုင်ပဲ လာနေလိုက်ပါလား။”
နောက်ပိုင်းတွင် လျှိုချင်းယွမ်သည် လုချန်း၏ အခြေအနေကို မေးမြန်းရန် သူမ၏ ကိုယ်ပွားကို ရံဖန်ရံခါ ထိန်းချုပ်တတ်သဖြင့် လျှိုချင်းချိုကို များစွာ နားမလည်နိုင် ဖြစ်စေခဲ့သည်။
သူမ၏ ပင်မခန္ဓာက လုချန်းကို သတ်ချင်နေခဲ့တာ မဟုတ်ပါလား။
အဘယ်ကြောင့် အခုမှ သူ့ကို စိတ်ပူနေပုံ ရသနည်း။
ပင်မခန္ဓာက သူမကို ထိန်းချုပ်ရန် စိတ်အာရုံ အသုံးပြုခြင်းကို လျှိုချင်းချို ဂရုမစိုက်ပေ။ ပြင်းထန်သော လွတ်လပ်သည့် အသိစိတ်ရှိသည့် ကိုယ်ပွား ယွမ်ရှန်ရှန်နှင့် မတူပဲ လျှိုချင်းချိုသည် လုချန်းကို မထိခိုက်စေသရွေ့ ပင်မခန္ဓာ၏ ထိန်းချုပ်မှုကို ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဂရုမစိုက်ပေ။
သို့သော် ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားပြီးနောက် လျှိုချင်းယွမ် လုချန်းကို သတိရနေစေမည့် မည်သည့်အရာများ အတိအကျ ဖြစ်ပျက်ခဲ့သည်ကို သူမ သိချင်နေသည်။
ပင်မခန္ဓာက လုချန်းကို ထိုမျှ လွမ်းဆွတ်နေလျှင် လုချန်းဘေးတွင် ဘာ့ကြောင့်လာမနေသနည်း။
လျှိုချင်းယွမ်က လျှိုချင်းချို၏ မေးခွန်းကို လစ်လျူရှုလိုက်သည်။ လျှိုချင်းယွမ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လျှိုချင်းချို ဘာမှထပ်မပြောတော့ပေ။
ထိုအချိန်တွင် လျှိုချင်းချို၏ နောက်၌ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“ကိုယ် လာမယ်ဆိုတာ သိလို့ ကိုယ့်အတွက် သီးသန့် ပြင်ဆင်ထားတာလား။”
……………..
အခန်း (၁၂၅၄)
မသိဘူးလို့ ထင်နေတာလား
လုချန်း၏ အသံကို ကြားလျှင် လျှိုချင်းချိုက လှည့်မကြည့်ပေ။ မှန်ထဲမှ သူမ၏ ပုံရိပ်ကို ဆက်လက်ကြည့်ရှုနေပြီး
“အလှကြိုက်တာက မိန်းကလေးသဘာဝပါပဲ။ ကျွန်မက မင်းကြီး တစ်ယောက်တည်းအတွက် ပြင်ဆင်ထားတာ မဟုတ်လောက်ပါဘူး။”
လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး လျှိုချင်းချို၏ ပခုံးထက် လက်တင်ကာ မှန်ထဲမှ သူမ၏ ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။
မှန်ထဲရှိ လျှိုချင်းချိုသည် နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိနေ၏။ သူမ၏ ဆံပင်ကို မြင့်မြင့်ထုံးထားပြီး ဆံပင်တစ်ခွေက ပခုံးပေါ်သို့ ကျဆင်းနေကာ ဆွဲဆောင်မှု အလွန်ရှိနေသည်။
လုချန်းက
“မင်းရဲ့ ပင်မခန္ဓာက မင်းကို လာရှာသေးလား။”
လွန်ခဲ့သော ရက်အနည်းငယ်က လုချန်း လာခဲ့သော်လည်း ထိုအချိန်က အလုပ်တာဝန်ကို ထမ်းဆောင်ရန်သာ ဖြစ်ခဲ့ပြီး လျှိုချင်းချိုနှင့် စကားသိပ်မပြောဖြစ်ခဲ့ပေ။
ယခု တာဝန်များပြီးဆုံးပြီဖြစ်၍ သူ၏ ဇနီးမယားများနှင့် ရင်းနှီးစွာ စကားပြောရန် လုချန်း အချိန်ယူလိုက်သည်။
လျှိုချင်းချိုက ဘာမှ ဖုံးကွယ်မထားပဲ တဲ့တိုးပြောလိုက်သည်။
“သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လာရှာပါတယ်။”
လုချန်းက စိတ်ဝင်တစားဖြင့်
“သူ ဘာလိုချင်တာလဲ”
လျှိုချင်းချိုက
“ပန်းနီရထားက ထျန်းချန်ကမ္ဘာကို နောက်တစ်ခေါက် လာသေးလားဆိုတာ သိချင်နေတာပါ။”
လျှိုချင်းယွမ်သည် ယခင်ဘဝမှတ်ဉာဏ်များ ပြန်ရပြီးကတည်းက ပန်းနီရထားကို စိုးရိမ်ပူပန်နေပြီး သူမအား လုချန်းရှေ့သို့ ခေါ်ဆောင်သွားမည်ကို ကြောက်ရွံ့နေသည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ပန်းနီရထား၏ အဓိကရည်ရွယ်ချက်မှာ သူမ မည်သည့်နေရာရောက်နေပါစေ လုချန်းထံသို့ ခေါ်ဆောင်သွားရန်ဖြစ်သည်။
လုချန်းက ရယ်မောလျက်
“ပန်းနီရထားက သူစိတ်ထဲမှာအကြီးအကျယ် စွဲထင်နေပုံရတယ်။”
ပြောရင်းဆိုရင်း လုချန်းသည် လျှိုချင်းချို၏ လည်တိုင်ကြားတွင် ခေါင်းမြှုပ်ကာ သူမ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်၏။
လုချန်းနှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် လျှိုချင်းချို၏ ခန္ဓာကိုယ် နွေးထွေးလာသည်။ လုချန်းနှင့် အတူရှိနေသည်မှာ ကြာခဲ့ပြီဖြစ်၍ နောက်ဆက်တွဲ ဘာဖြစ်လာမည်ကိုလည်း သူမ နားလည်သည်။
သူမ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး
“မင်းကြီး... ရှင် လာသွားတာ ရက်ပိုင်းပဲ ရှိသေးတယ်။ အခုလည်း ထပ်လာပြန်ပြီ။ တခြား ညီမတွေ မကျေမနပ်ဖြစ်မှာ စိတ်မပူဘူးလား။”
လုချန်း ရယ်လိုက်သည်။
“ကိုယ် ပထမအကျော့ တာဝန်တွေ ပြီးသွားပြီ။ အခုက ဒုတိယအကျော့ပဲ။”
မတ်တတ်ရပ်ပြီးနောက် ရွှေရောင်အနားကွပ် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်ကို စည်းနှောင်ထားကာ ခန့်ညားချောမောနေသော လုချန်းကို လျှိုချင်းချို လှည့်ကြည့်လိုက်သည်။
လုချန်းက လက်ကမ်းလိုက်ပြီး မတုံ့ဆိုင်းပဲ လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ သူတို့၏ ခန္ဓာကိုယ်များ ပူးကပ်သွားကြသည်။
ရှေ့မှ ပြိုင်ဘက်ကင်း လှပသော မျက်နှာကို ကြည့်ရင်း ပန်းနီရထားထဲတွင် လျှိုချင်းယွမ်နှင့် ပြုလုပ်ခဲ့သည်များကို လုချန်း ပြန်လည်အမှတ်ရလာပြီး စိတ်ဆန္ဒများ ပြင်းပြလာသည်။
သူသည် လျှိုချင်းယွမ်ကို တွေးမိတိုင်း ဆန္ဒမီးတောက်များ ပြင်းထန်စွာ တောက်လောင်တတ်လာသည်။ ပန်းနီရထားထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရင်ဆိုင်ခဲ့ရပါစေ လုချန်း ဘယ်တော့မှ မငြီးငွေ့ခဲ့ပေ။
ဤအချိန်တွင် လုချန်းလည်း မတုံ့ဆိုင်းတော့ပဲ လျှိုချင်းချို၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ နှုတ်ခမ်းချင်း ထိတွေ့သည်နှင့် သူမ၏ မျက်လုံးထဲတွင် အရိပ်တစ်ခု ဖြတ်ပြေးသွား၏။
လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အခြားအသိစိတ်တစ်ခုက လွှမ်းမိုးထားကြောင်းလုချန်း သတိမပြုမိပဲ အချိန်ကိုက်ပြီဟု ယူဆကာ သူမကို တွန်းလှဲလိုက်သည်။
မကြာမီ တစ်စုံတစ်ခု လွဲမှားနေသည်ကို လုချန်း ခံစားမိလိုက်သည်။ ပုံမှန်အတိုင်းဆိုလျှင် လျှိုချင်းချိုသည် ကျယ်လောင်စွာ အော်ဟစ်နေလောက်ပြီဖြစ်သော်လည်း ယနေ့တွင် သူမသည် ထူးဆန်းစွာ တိတ်ဆိတ်နေသည်။
လျှိုချင်းချို ဘယ်တုန်းက ဒီလောက် ငြိမ်သက်ခဲ့ဖူးသလဲဆိုတာကိုတောင် လုချန်း မမှတ်မိတော့ပေ။ ထို့နောက် သူ အရှိန်မြှင့်တင်ရန် ကြိုးစားသော်လည်း သူမ ဆက်လက် သည်းခံနေကြောင်း တွေ့ရှိရသည်။
သူမသည် သည်းခံနေသော်လည်း လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို အသုံးပြု၍ သူနှင့်အတူ ကျင့်ကြံနေသည်။ ယုတ္တိရှိရှိ တွေးကြည့်လျှင် “လျှို့ဝှက်ဆန်းကြယ်မိန်းမပျြိ ကျင့်စဉ်” နှင့် “ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်” တို့၏ အရှိန်အဝါအောက်တွင် သူမ ဤမျှ တိတ်ဆိတ်မနေနိုင်သင့်ပေ။
ဒါက ပန်းနီရထားထဲတွင် လျှိုချင်းယွမ်နှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့သည့် အချိန်များကို လုချန်းအား ပြန်ပြောင်းသတိရစေသည်။ သူ၏ အမျိုးသမီးများအနက် အသည်းခံနိုင်ဆုံးမှာ လျှိုချင်းယွမ် ဖြစ်သည်။
လျှိုချင်းယွမ်သည် အစပိုင်းတွင် သူ့အပေါ် နှစ်သက်မှု မရှိခဲ့သလို သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးသွားပြီးနောက်တွင်လည်း သူမ ဆက်လက် သည်းခံခဲ့သည်။
ပန်းနီရထားထဲတွင် နှစ်အနည်းငယ် ကြာပြီးနောက် သူမ အသံအနည်းငယ် ပြုလုပ်ခဲ့သော်လည်း လုချန်း၏ အခြား ဇနီးမယားများနှင့် မတူပဲ သူမ၏ အသံကို အတင်းအကျပ် ဖိနှိပ်ထားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်တွင် ထိုအရာက အရှက်ရစရာ ဖြစ်သောကြောင့်ပင်။
လုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူ နှင့်ရှိနေသူက လျှိုချင်းချို မဟုတ်ပဲ လျှိုချင်းယွမ် ဖြစ်နေသည်။
လျှိုချင်းယွမ်ကို တွေးမိသည်နှင့် လုချန်း၏ စိတ်နှလုံးထဲတွင် မီးတောက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအားကို တစ်ကိုယ်လုံးသို့ ပို့လွှတ်ကာ “ ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်” နှင့် “နဂါးဖီးနစ် ယင်ယန်ကျင့်စဉ်” တို့ကို အပြည့်အဝ လည်ပတ်စေလိုက်သည်။
ကျင့်စဉ်သုံးခု၏ ဖိအားအောက်တွင် လျှိုချင်းယွမ် ဆက်လက် မတောင့်ခံနိုင်တော့ပေ။ သို့သော် သူမဘက်က သနားညှာတာရန် မတောင်းပန်ခဲ့ပေ။ ထိုအချင်းအရာက လုချန်း၏ သံသယကို ပိုမိုခိုင်မာစေသည်။ လျှိုချင်းယွမ်ကဲ့သို့ အမျိုးသမီးကသာ အလွယ်တကူ အသနားမခံတတ်ခြင်းဖြစ်သည်။
အကယ်၍ လျှိုချင်းချိုသာဆိုလျှင် သူမကို လွှတ်ပေးရန် တောင်းဆိုနေပြီ ဖြစ်သည်။
လျှိုချင်းယွမ်ဖြစ်နေသည်ဟု တွေးမိပြီး လုချန်း၏ အတွင်းစိတ်ခံစားချက်များ ပိုမိုကြမ်းတမ်းလာသည်။
မကြာမီ လုချန်း၏ မူမမှန်မှုကို လျှိုချင်းယွမ် အာရုံခံမိလိုက်ပြီး ဘာဖြစ်နေမှန်း သတိပြုမိချိန်တွင် လုချန်းက သူမကို တစ်ဖက်သို့ လှည့်လိုက်၏။
ထိုသို့ တစ်ဖက်သို့ လှည့်လိုက်သည့် အပြုအမူက ပန်းနီရထားထဲမှ အခိုက်အတန့်ကို လျှိုချင်းယွမ်အား ချက်ချင်း သတိရစေသည်။ သူမ ခေါင်းကို ကြမ်းတမ်းစွာ လှည့်လိုက်ပြီး လုချန်းကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ရှင်... ဘာလုပ်နေတာလဲ”
ထိုအသံကို ကြားလျှင် လုချန်း၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။ သူမ၏ ပင်ကိုယ်စရိုက် အမှန် ပေါ်လာပြီဖြစ်သည်။ လျှိုချင်းချိုက သူ၏ ထူးဆန်းသော နည်းလမ်းများကို လက်ခံထားပြီးဖြစ်သော်လည်း လျှိုချင်းယွမ်ကမူ ထင်ရှားစွာပင် ရွံရှာနေသည်။
သို့သော် ဤအချိန်တွင် လုချန်း သူမကို လုံးဝ ဂရုမစိုက်ပဲ ကိုယ်ကိုကိုင်းလိုက်သည်။ လျှိုချင်းယွမ်သည် သွားကို တင်းတင်းကြိတ်ထားပြီး တစ်ခုခု ပြောချင်နေသော်လည်း လုချန်းက သူမ၏ ပခုံးပေါ် မှီကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ချင်းချိုကို ထားခဲ့ပြီး ကိုယ့်ကို ပြုစုစေချင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ မင်းမှာ အကြံအစည်ရှိနေတာကိုး။”
ထိုအရာကို ကြားလျှင် လျှိုချင်းယွမ်၏ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်။
သူမကို မိသွားပြီလား...။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။
လျှိုချင်းယွမ်က စိတ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထိန်းလိုက်သည်။
“ရှင်...... ဘာတွေ ပြောနေတာလဲ”
လုချန်း သူမကို လှည့်စားနေသည်ဟု လျှိုချင်းယွမ် တွေးလိုက်သည်။
လျှိုချင်းချို၏ ခန္ဓာကိုယ်ကို သူမ ထိန်းချုပ်ထားကြောင်း သူ ဘယ်လိုသိနိုင်မည်နည်း။
လုချန်းက လျှိုချင်းချို၏ ကိုယ်ခန္ဓာကို ဖက်ထားရင်း နားနားကပ်၍
“ယွမ်... မင်းက အရမ်း ဆွဲဆောင်မှု ရှိတာပဲ...”
ထိုအရာကို ကြားလျှင် ဗြောင်ငြင်းရန် လျိုချင်းချို တွေးလိုက်သော်လည်း ငြင်းလေလေ လုချန်းက ပိုယုံလေလေ ဖြစ်မည်စိုး၍ ဘာမှ မပြောပဲ နေလိုက်တာက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
လုချန်းက သူမကို ပင်မခန္ဓာ လျှိုချင်းယွမ် အဖြစ် သဘောထားပြီး ပြုမူနေခြင်း ဖြစ်နိုင်သည်။ လျှိုချင်းယွမ်သည် လျှိုချင်းချို၏ မှတ်ဉာဏ်အားလုံးကို လက်ခံရရှိထားပြီး လုချန်း သရုပ်ဆောင်တမ်း ကစားခြင်း ကို နှစ်သက်ကြောင်းလည်း သိထားသည်။
ထိုသို့ တွေးမိပြီး လျှိုချင်းယွမ် သက်ပြင်းချလိုက်သည်။
သူမ ဆက်မငြင်းတာ ကောင်းသည်။
သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ လုချန်းက ပိုမို ကြမ်းတမ်းလာခြင်း ဖြစ်သည်။
တစ်စုံတစ်ခု လွဲမှားနေသည်ဟု လုချန်း သတိမပြုမိစေရန် လျှိုချင်းယွမ် အနေနှင့် သည်းခံနေရုံသာ ရှိတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက် လုချန်း၏ စိတ်ထဲရှိ မီးတောက်များ သိသိသာသာ လျော့ကျသွားသည်။ ဤရက်ပိုင်းများအတွင်း လျှိုချင်းယွမ်သည် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပြီး သူ မည်မျှပင် ကြမ်းတမ်းစွာ ပြုမူစေကာမူ ထွက်ခွာရန် ငြင်းဆန်နေသည်ကို မြင်သောအခါ လုချန်း အတော်နားမလည်နိုင် ဖြစ်သွားသည်။
လျှိုချင်းယွမ်သည် နဂါးဖီးနစ် လက်ဖက်ရည်ကို တစ်ခါမှ မသောက်ဖူးသလို ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားစဉ်က သူမ၏ နှစ်သက်မှုသည်လည်း ရာနှုန်းပြည့် မဟုတ်သေးပေ။ သို့ပါလျက် အဘယ်ကြောင့် လျှိုချင်းယွမ်က လျှိုချင်းချို၏ ခန္ဓာကိုယ်ကို စတင်ထိန်းချုပ်ပြီး သူနှင့်အတူ စုံတွဲကျင့်စဉ် လာရောက် ကျင့်ကြံနေသနည်း။
ဤအချိန်တွင် လုချန်း အရှိန်လျှော့လိုက်သည်ကို မြင်သောအခါ လျှိုချင်းယွမ် သက်ပြင်းချလိုက်သည်။ ဒီလူ ရပ်တော့မည်ဟု သူမ ထင်မှတ်လိုက်သည်။
စိတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ရန် စဉ်းစားနေစဉ် လုချန်းက ရုတ်တရက် သူမကို လှည့်လိုက်ပြီး အရာရာကို ထွင်းဖောက်မြင်နေသလို အကြည့်မျိုး ဖြင့် ငုံ့ကြည့်လိုက်သည်။
လုချန်းက တိုက်ရိုက် စိုက်ကြည့်နေသဖြင့် လျှိုချင်းယွမ် အပြစ်ရှိသလို ခံစားလိုက်ရပြီး သူမ၏ အကြည့်များလည်း တုန်လှုပ်သွားသည်။
လုချန်းက ပြတ်ပြတ်သားသား မေးလိုက်သည်။
“ချင်းယွမ်... တကယ်ပဲ မင်းမှန်း ကိုယ် မသိဘူးလို့ ထင်နေတာလား။”
ထိုစကားကြောင့် လျှိုချင်းယွမ်၏ အတွေးအာရုံများ ခဏခန့် ရပ်တန့်သွားသော်လည်း လျင်မြန်စွာပင်
“မင်းကြီး... ရှင် ကျွန်မရဲ့ ပင်မခန္ဓာကို အဲဒီလောက်တောင် ကြိုက်တာလား။”
………….