← Chapters

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅-၁၂၅၇)

Vol. 84 Ch. 1255-1257

အခန်း (၁၂၅၅ )

ခေါင်းမာသော လျှိုချင်းယွမ်

လျှိုချင်းယွမ် ဝန်ခံရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း မြင်သောအခါ လုချန်းက ပြုံး၍

“မင်းမှာ ချင်းချိုရဲ့ မှတ်ဉာဏ်တွေ အားလုံး ရှိနေပေမဲ့ နောက်ဆုံးတော့ မင်းက မင်းပါပဲ။ ချင်းချိုလို့ ဟန်ဆောင်လို့မရတဲ့ တုံ့ပြန်မှုတချို့ ရှိတယ်။”

လျှိုချင်းယွမ်က ခေါင်းမာစွာဖြင့် တုံ့ပြန်လိုက်သည်။

“မင်းကြီး... ကျွန်မရဲ့ ပင်မခန္ဓာက ဒီလိုအချိန်မျိုးမှာ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဘယ်တော့မှ ထိန်းချုပ်မှာ မဟုတ်ပါဘူး။”

လျှိုချင်းယွမ် စကားဆုံးသည်နှင့် လုချန်း ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး သူမနားနား ကပ်ကာ

“မင်းက ချင်းချိုရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ရထားပြီးပြီဆိုတော့ ကိုယ် မကောင်းတာ လုပ်နေတဲ့အချိန် ချင်းချိုဘက်က ဘယ်လို အလွန်အကျွံ တုံ့ပြန်မှုမျိုးမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်။”

“ယန်ယန်နန်းတော်ရဲ့ သူတော်စင်မ ဖြစ်တဲ့ မင်းတစ်ယောက်တည်းကသာ ဒီလိုကိစ္စကို အရှက်ရစရာလို့ ထင်မှာ။”

ထိုစကားကို ကြားသော် လျှိုချင်းယွမ် မှင်တက်သွား၏။ သူမ၏ တုံ့ပြန်မှုက တကယ်ပင် အနည်းငယ် လွန်ကဲခဲ့ကြောင်း ပြန်သတိရလိုက်သည်။ ထိုကဲ့သို့ မသိမသာ တုံ့ပြန်မှုလေးက သူမကို ဖော်ထုတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမသည် လုချန်းနှင့် ရင်းနှီးလိုသောကြောင့် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့တာ မှန်သော်လည်း ဤလူယုတ်မာ လုချန်းကို ထိုအကြောင်း မသိစေချင်ပေ။ အကယ်၍ လုချန်း သိသွားပါက သူမသည် အရှက်မဲ့သော မိန်းမ ဖြစ်မသွားပေဘူးလား။

သူမ၏ အပျိုစင်ဘဝကို ဒီလူယုတ်မာက ယူဆောင်သွားခဲ့ပြီးပြီ ဖြစ်တာတောင် သူမက မိမိကိုယ်ကို လိုလိုလားလား ဆက်သနေဆဲဖြစ်သည်။

ဒါက သိက္ခာကျစရာ မဟုတ်ပါလား။

လုချန်းသာ သိသွားပါက သူ့ကို ဧကန်မုချ အရှက်ခွဲပေလိမ့်မည်။

သူမအတွက်မူ ယခု လုချန်း သူမကို ဖော်ထုတ်လိုက်ခြင်းကပင် အရှက်ခွဲခြင်း ဖြစ်နေပြီ။

လျှိုချင်းယွမ်၏ အစက မှုန်ဝါးနေသော မျက်လုံးများ ရုတ်တရက် ကြည်လင်လာပြီး ပါးပြင်များ၌ ဆွဲဆောင်မှုရှိသော အနီရောင် သန်းလာသော်လည်း သူမက လုချန်းကို အေးစက်သော အကြည့်ဖြင့် ကြည့်နေသေး၏။

သူမကို သိသွားပြီဖြစ်၍ ဟန်ဆောင်နေစရာ အကြောင်းမရှိတော့ပေ။ ထို့ကြောင့် လျှိုချင်းယွမ်က အေးစက်စွာဖြင့်

“ကျွန်မ ဒီကို လာတာ ပန်းနီရထားရဲ့ တည်နေရာကို စုံစမ်းဖို့သက်သက်ပါပဲ။”

လုချန်းက ပြုံးလျက်

“သတင်းတစ်ခုကို စုံစမ်းဖို့ ဒီလောက်ကြာအောင် အချိန်ယူရသလား။”

လျှိုချင်းယွမ်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

“အဲ့ဒါ ရှင်နဲ့ မဆိုင်ပါဘူး”

“မကြာခင် သို့မဟုတ် နောက်ပိုင်းမှာ ရှင့်ကို ကျွန်မ ကိုယ်တိုင် သတ်ပစ်မယ်။”

စကားဆုံးသည်နှင့် စိတ်အာရုံ ချိတ်ဆက်မှုကို လျှိုချင်းယွမ် တိုက်ရိုက် ဖြတ်တောက်လိုက်၏။ နောက်တစ်ခဏတွင် လျှိုချင်းချို၏ မျက်လုံးများ ပြန်လည်တောက်ပသွား၏။ ထိုမသိမသာ ပြောင်းလဲမှုကို မြင်လိုက်ရသဖြင့် လျှိုချင်းချို သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း လုချန်း သိလိုက်သည်။

လျှိုချင်းယွမ်က လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခဲ့သော်လည်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လျှိုချင်းချို သတိပြုမိသည်။ ထိန်းချုပ်မှု ပြန်ရပြီးနောက် သူမ လုချန်းကို ကြည့်ကာ

“ပြီးခဲ့တဲ့အကြိမ် ကျွန်မရဲ့ ပင်မခန္ဓာ ဖရိုဖရဲကြယ်ပင်လယ်ကို ရောက်လာတုန်းက ရှင် သူနဲ့ အဲ့ဒီလိုကိစ္စ လုပ်ခဲ့သလား။”

ထိုအချိန်က ချန်ရန်ကမ္ဘာ အပြင်ဘက်တွင် သူမ၏ ပင်မခန္ဓာ လုချန်းရှေ့သို့ ရောက်‌နေသည်မှာ မျက်စိတစ်မှိတ်ခန့်သာ ကြာသည်ဟု ထင်ရသော်လည်း သူမ၏ ပင်မခန္ဓာ ထွက်ခွာသွားသောအခါ လုချန်းအပေါ် ကြည့်သည့် အကြည့်ထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်မျိုးကို သူမ ထင်ရှားစွာ အာရုံခံမိလိုက်သည်။

ဒါက ထိုအခိုက်အတန့်အတွင်း လုချန်းနှင့် သူမ၏ ပင်မခန္ဓာကြားတွင် တစ်ခုခု ဖြစ်ပျက်ခဲ့ကြောင်း ဖော်ပြနေ၏။ လုချန်းနှင့် သူမ၏ ပင်မခန္ဓာတို့ နယ်ပယ်တစ်ခုခုသို့ သွားရောက်ခဲ့ကြောင်းလည်း လုချန်း ပြောခဲ့ဖူးသည်။

ကမ္ဘာငယ်များ သို့မဟုတ် နယ်ပယ်အချို့တွင် အချိန်သွားနှုန်းသည် တကယ့်စကြဝဠာအချိန်နှင့် ကွာခြားကြောင်း လျှိုချင်းချို သိထားသည်။ သူမအတွက် ခဏဟု ထင်ရသော အချိန်သည် လုချန်းနှင့် သူမ၏ ပင်မခန္ဓာတို့ အတူရှိနေသည့် နယ်ပယ်တစ်ခုခုတွင် ရက်ပေါင်းများစွာ ဖြစ်နေနိုင်သည်။

လုချန်းနှင့် သူမ၏ ပင်မခန္ဓာတို့သည် နယ်ပယ်တစ်ခုခုတွင် ရက်ပေါင်းများစွာ ကြာအောင် မသင့်လျော်သော အရာများ ပြုလုပ်ခဲ့ကြသည်ဟု လျှိုချင်းချို သံသယရှိနေသည်။

လျှိုချင်းချို၏ ခန့်မှန်းချက် မှန်၏။ လုချန်းနှင့် သူမ၏ ပင်မခန္ဓာတို့သည် တကယ်ပင် စုံတွဲကျင့်စဉ် ကျင့်ခဲ့ကြသည်။ သို့သော် သူမ ထင်မှတ်ထားသလို ရက်အနည်းငယ်တော့ မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာခဲ့ခြင်းဖြစ်သည်။

လျှိုချင်းချို အသိပြန်ဝင်လာသည်ကို မြင်သောအခါ လုချန်းက သူမ၏ ပါးပြင်ကို ပွတ်သပ်ရင်း

“မင်း ဘာကို ဆိုလိုတာလဲ”

လျှိုချင်းချိုက ဂရုမစိုက်သလို ဆိုလိုက်သည်။

“သူမက ကျွန်မရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ပျော်ပါးပြီးပြီ။ ရှင်တို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ ကျွန်မ ယုံမယ်ထင်နေလား။”

ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားစဉ်က သူမ၏ ပင်မခန္ဓာ လုချန်းကို ကြည့်ခဲ့သည့် အကြည့်မျိုးနှင့် လျှိုချင်းချို အလွန် ရင်းနှီးနေ၏။ သူမ လုချန်း၏ လက်ထဲသို့ ပထမဆုံး ကျရောက်ခဲ့စဉ်ကလည်း အလားတူ အကြည့်မျိုး ရှိခဲ့သည်။

လျှိုချင်းချို ရိပ်မိသွားပြီဖြစ်ကြောင်း မြင်သောအခါ လုချန်းလည်း ပွင့်လင်းစွာပင်

“မင်း ခန့်မှန်းတာ မှန်ပါတယ်။ သူနဲ့ ကိုယ် တကယ်ပဲ ပေါင်းဖက်ခဲ့ကြတယ်။”

လုချန်း၏ အဖြေကို ကြားလျှင် သူမ သံသယရှိခဲ့သည့်အတိုင်း ဖြစ်နေကြောင်း လျှိုချင်းချို တွေးလိုက်မိသည်။

ပြီးခဲ့တဲ့ တစ်နှစ်လုံး ပန်းနီရထား သတင်းကို စုံစမ်းဖို့ အကြောင်းပြချက်သုံးပြီး သူမ၏ ပင်မခန္ဓာက လုချန်းအကြောင်း မေးမြန်းနေခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။

သူမ၏ ပင်မခန္ဓာလည်း ဒီလူယုတ်မာ လုချန်းရဲ့ လက်ချက် မိသွားပြီကိုး။

ဤအချိန်တွင် လုချန်းက

“ဒါပေမဲ့ တော်တော် ထူးဆန်းတယ်။ သူက နဂါးဖီးနစ် လက်ဖက်ရည်ကို တစ်ခါမှ မသောက်ဖူးသလို ကိုယ်တို့ အတူတူ ကုန်ဆုံးခဲ့တဲ့ အချိန်ကလည်း သိပ်မများဘူး။ ကိုယ်တို့ တစ်ကြိမ်ပဲ အတူနေခဲ့ကြတာ။ ယုတ္တိဗေဒအရဆိုရင် သူ ကိုယ့်ကို စွဲလမ်းမသွားသင့်ဘူး။”

နှစ်သက်မှုဆိုတာ နှစ်သက်မှု သက်သက်ပင်ဖြစ်သည်။ လျှိုချင်းယွမ် လုချန်းကို ချစ်မိသွားပြီဟု မဆိုလိုပေ။ ထို့ပြင် လျှိုချင်းယွမ် ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားစဉ်က သူမ၏ နှစ်သက်မှုသည် ၆၀ သာ ရှိသေးသည်။ လျှိုချင်းယွမ်က လျှိုချင်းချို၏ ခန္ဓာကိုယ်ကို အသုံးပြုပြီး ထိုကိစ္စမျိုးကို အဘယ်ကြောင့် လုပ်နေရတာလဲ ဆိုတာကိုလုချန်း တကယ် နားမလည်ပေ။

ယုတ္တိဗေဒအရ ကျင့်ကြံသူများသည် ကာမဂုဏ်ခံစားမှုများအပေါ် စိတ်ဝင်စားမှု မရှိသင့်ပေ။ ထို့ပြင် လျှိုချင်းယွမ်သည် နဂါးဖီးနစ် လက်ဖက်ရည်ကို မသောက်ဖူးသဖြင့် ၎င်း၏ လွှမ်းမိုးမှုကို ခံရခြင်းလည်း မဖြစ်နိုင်ပေ။

လျှိုချင်းယွမ်၏ လုပ်ရပ်များသည် သူမ၏ ကိုယ်ပိုင်ဆန္ဒ သက်သက်သာ ဖြစ်သည်။

လျှိုချင်းချိုက လုချန်းကို ခပ်ဖွဖွပြုံး၍ ကြည့်လိုက်ပြီး

“အနည်းဆုံးတော့ ရှင် ကိုယ့်ကိုယ်ကိုယ် သတိပြုမိသားပဲ။”

“သူ နဂါးဖီးနစ် လက်ဖက်ရည် မသောက်ဖူးပေမဲ့ သူက ကျွန်မရဲ့ အသိစိတ်ကို လက်ခံရယူထားတာပဲ။ ကျွန်မက သူ့ဆီက ခွဲထွက်လာတဲ့ ဝိညာဉ်ကနေ ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုလေ။ သူက ကျွန်မရဲ့ အသိစိတ်ကို လက်ခံလိုက်မှတော ကျွန်မရဲ့ လွှမ်းမိုးမှုကို ခံရမှာပေါ့။”

လျှိုချင်းချို၏ ရှင်းပြချက်ကို ကြားသောအခါ လုချန်း ခဏခန့် မှင်တက်သွား၏။

ဟုတ်သားပဲ...

ထိုချိတ်ဆက်မှုအကြောင်း သူ ဘယ်လိုလုပ် မေ့သွားရတာလဲ။

ပင်မခန္ဓာက စိတ်အာရုံမှတစ်ဆင့် ကိုယ်ပွားနှင့် ချိတ်ဆက်နေချိန်တွင် ကိုယ်ပွား၏ လွှမ်းမိုးမှုကို ဧကန်မုချ ခံရပေမည်။

ဒါဆိုရင် လျှိုချင်းယွမ်က လျှိုချင်းချိုရဲ့ မှတ်ဉာဏ်တွေ လွှမ်းမိုးခံရပြီးနောက် သူ့အပေါ် ခံစားချက်တွေ ရှိလာတာလား။

ဒါကြောင့်ပဲ သူ့နဲ့ ရင်းနှီးချင်တာလား။

ထိုအရာကို တွေးမိပြီး လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ အကယ်၍ ဒါသာ အမှန်ဆိုလျှင် တစ်နေ့နေ့တွင် လျှိုချင်းယွမ် သူ့ဘေးနားသို့ ပြန်လာကောင်း လာပေလိမ့်မည်။

လုချန်း ကျေနပ်အားရစွာ ပြုံးနေသည်ကို မြင်သောအခါ ဒီလူ ဘာတွေးနေမှန်း ကောင်းကောင်းကြီး သိနေသဖြင့် လျှိုချင်းချိုက သူ့ကို အထင်သေးသလို အကြည့်ဖြင့် ကြည့်လိုက်သည်။

“သူအကြောင်း ခဏထားလိုက်ပါတော့။ ရှင့်ရဲ့ ကိုယ်ပွားကို ဘယ်တော့ ဖန်တီးဖို့ စိတ်ကူးရှိလဲ။”

ဤမေးခွန်းကို ကြားသောအခါ လုချန်း အနည်းငယ် အံ့သြသွား၏။

သူ့တွင် ကိုယ်ပွားများ ဖန်တီးနိုင်စွမ်းရှိသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်အထိ သူ၏ ပထမဆုံး ကိုယ်ပွားကို မဖန်တီးရသေးပေ။

ကျင့်စဉ်လောကတွင် သာမန် သူတော်စင်တစ်ဦး၌ပင် ကိုယ်ပွားနှစ်ခု ရှိကြသည်။ ကိုယ်ပွားတစ်ခု အသက်ရှင်နေသရွေ့ သူတို့ သေဆုံးသည်ဟု မသတ်မှတ်နိုင်ပေ။

လုချန်း၏ လက်ရှိ စွမ်းအားနှင့် ထာဝရ စိမ်းလန်းသော အသက်ရှည်ကျင့်စဉ် ကျင့်ကြံထားမှုတို့ ပေါင်းစပ်လိုက်လျှင် ကိုယ်ပွားဖန်တီးခြင်းက အလွန် လွယ်ကူပေလိမ့်မည်။ တစ်ခု ဖန်တီးရန် နာရီဝက်ပင် လိုမည်မဟုတ်ပေ။

သို့သော် ကိုယ်ပွားများ ဖန်တီးရန် လုချန်း အနည်းငယ် သတိထားနေသည်။

ပြဿနာတစ်ခုကို သူ အမြဲတမ်း စဉ်းစားနေမိ၏။ အကယ်၍ သူ၏ ဝိညာဉ်က အခြားခန္ဓာကိုယ်တစ်ခုကို ပူးကပ်ပြီး ကိုယ်ပိုင် လွတ်လပ်သော အသိစိတ် ဖွံ့ဖြိုးလာပါက ထိုကိုယ်ပွားသည် သူ ဖြစ်နေဦးပါ့မလား။

အထူးသဖြင့် ယွမ်ရှန်ရှန်နှင့် လျှိုချင်းချိုတို့ သူတို့၏ ပင်မခန္ဓာများကို မည်သို့ ဆက်ဆံကြောင်း မြင်တွေ့ပြီးနောက် ကိုယ်ပွားများနှင့် ပတ်သက်၍ လုချန်း ပိုသတိထားလာသည်။ သူ ဖန်တီးလိုက်သော ကိုယ်ပွားက နောင်တစ်ချိန်တွင် ယွမ်ရှန်ရှန်နှင့် လျှိုချင်းချိုတို့ကဲ့သို့ သူ၏ ပင်မကိုယ်ကို ဆန့်ကျင်လာလျှင် မည်သို့လုပ်မည်နည်း။

လုချန်းကို ပို၍ နေရခက်စေသည့်အရာမှာ အကယ်၍ သူ့တွင် ကိုယ်ပွားများ ရှိလာပြီး သူ၏ ဇနီးမယားများနှင့် ကိုယ်ပွားများ ကာမဂုဏ် ခံစားကြလျှင် ဖောက်ပြန်သည်ဟု ယူဆရမှာလား ဟူသော အတွေးဖြစ်သည်။

သို့သော် အခြားတစ်ဖက်တွင်လည်း သူ့၌ ကိုယ်ပွား မရှိပါက အနာဂတ်တွင် သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အမြဲတမ်း အန္တရာယ်နှင့် ရင်ဆိုင်နေရမည်ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သတ်၍ လုချန်း စိတ်ထဲ မဆုံးဖြတ်နိုင် ဖြစ်နေဆဲ ဖြစ်၏။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက

“အဲ့ဒါအတွက် အလျင်လိုစရာ မရှိပါဘူး”

ယခု လုချန်းသည် သူတော်စင်အဆင့် ရုပ်သေးပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီးဖြစ်သည်။ သူ ဖန်တီးလိုက်သော သူတော်စင်အဆင့် ရုပ်သေးများသည် သူ၏ စွမ်းအားအများစုကို ဆက်ခံနိုင်သဖြင့် ကိုယ်ပွားများ ဖန်တီးရန် လုချန်း သိပ်စိတ်မဝင်စားသေးပေ။

…………..

အခန်း (၁၂၅၆ )

ရုပ်သေးရုပ်ကိုယ်ပွား ဖန်တီးခြင်း

ဟင်းလင်းပြင်ထဲ၌ ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခုသည် မရေမတွက်နိုင်သော ကွဲအက်နေသည့် ကမ္ဘာများကြားတွင် ဖြည်းညှင်းစွာ ဖြတ်သန်းသွားလာနေသည်။

ယခုအချိန်တွင် နန်းတော်အတွင်း၌ အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ပလ္လင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေ၏။ သူမ၏ မျက်နှာသည် နီရဲနေကာ မသင့်လျော်သည့်အရာတစ်ခုကို ပြုလုပ်ထားသကဲ့သို့ ညှို့ဓာတ်အနည်းငယ် ပေါ်လွင်နေသည်။

ဤအချိန်တွင် လျှိုချင်းယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ဒီနည်းလမ်းနဲ့ဆိုရင် ပန်းနီရထားက ငါ့ကို အတင်းအကျပ် ခေါ်သွားတော့မှာ မဟုတ်ဘူး။”

ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာလာပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း လျှိုချင်းယွမ် များစွာ တွေးတောခဲ့၏။ ပန်းနီရထား အတွင်းပိုင်းနယ်ပယ်ထဲ၌ သူမလက်ခံရရှိခဲ့သည့် မှတ်ဉာဏ်များသည် သူမ၏ အသိစိတ်နှင့် လုံးဝနီးပါး ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။

သူမ၏ မှတ်ဉာဏ်များအရ အကယ်၍ လုချန်းနှင့် အချိန်ကြာမြင့်စွာ ခွဲခွာနေပြီး စုံတွဲကျင့်စဉ် မကျင့်ကြံပဲနေလျှင် ပန်းနီရထားက သူမကို တက်ကြွစွာ ရှာဖွေပေလိမ့်မည်။ ၎င်းသည် အတိတ်က သူမ၏ ကိုယ်ပိုင်ကတိသစ္စာ ဖြစ်သည်။

အတိတ်ဘဝက အဘယ်ကြောင့် သူမ ထိုကတိသစ္စာ စွမ်းအားကို ပန်းနီရထားထဲသို့ ပေါင်းစပ်ခဲ့မှန်း သူမ နားမလည်ပေ။ အရေးအကြီးဆုံးမှာ ပန်းနီရထားသည် စိတ်ဝိညာဉ် လက်နက်တစ်ခုထက် ကျော်လွန်သော အရာတစ်ခုဖြစ်ပြီး သူမအနေနှင့် ဖျက်ဆီး၍ မရနိုင်ခြင်း ဖြစ်သည်။

ဆိုလိုသည်က သူမက ကတိသစ္စာကို မလိုက်နာလျှင် ပန်းနီရထားက ကတိသစ္စာ ပြည့်မြောက်စေရန် သူမကို တက်ကြွစွာ တွန်းအားပေးနေမည် ဖြစ်သည်။

သို့ဖြစ်၍ လျှိုချင်းယွမ်သည် ထိုတာဝန်ကို ပြီးမြောက်စေရန် လျှိုချင်းချိုကို အသုံးချဖို့ တွေးမိလိုက်၏။ လျှိုချင်းချို၏ ခန္ဓာကိုယ်သည်လည်း သူမ၏ အသွေးအသားမှ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ပြင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရန် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပါက သူမကိုယ်တိုင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေသည်နှင့် အတူတူပင် ဖြစ်သည်။

တကယ်တော့ သူမ၏ လုပ်ရပ်များ နောက်ကွယ်တွင် အခြားအကြောင်းပြချက်များ ရှိနေသည်။ လျှိုချင်းချို၏ မှတ်ဉာဏ်များနှင့် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များသည် သူမကို တကယ် သက်ရောက်မှု ရှိစေ၏။ ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာလာကတည်းက လုချန်း၏ ပုံရိပ်သည် သူမစိတ်ထဲတွင် အမြဲပေါ်လာလေ့ရှိသည်။

တစ်ခါတစ်ရံ ကျင့်ကြံနေစဉ်တွင် ပန်းနီရထား အတွင်းပိုင်းနေရာ၌ လုချန်းနှင့်အတူ ကျင့်ကြံခဲ့သည့် မြင်ကွင်းများကို သူမ ပြန်လည်အမှတ်ရမိနေ၏။ ထိုမှတ်ဉာဏ်က သူမ၏ စိတ်အတွင်းရှိ နတ်ဆိုးတစ်ကောင်လို ဖြစ်လာခဲ့သည်။

လုချန်းအကြောင်း များစွာ တွေးတောမိနေသောကြောင့် လျှိုချင်းယွမ်လည်း နောက်ဆုံးတွင် ထိုစိတ်တွင်း နတ်ဆိုးကို တိုက်ရိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ လက်ထပ်ခြင်း ကြိုးမျှင်နှင့် လုချန်းအပေါ်ထားရှိသည့် ကံကြမ္မာ သံယောဇဉ်များကို လက်ရှိတွင် မဖြတ်တောက်နိုင်ကြောင်း သူမ သိထား၏။ ထို့ကြောင့် သူမ ပိုငြင်းဆန်လေလေ သူမ၏ ကျင့်စဉ် အခြေအနေကို ပိုထိခိုက်လေလေ ဖြစ်သည်။

ထိုအခြေအနေကြောင့် လုချန်းနှင့် တက်ကြွစွာ စုံတွဲကျင့်စဉ် ကျင့်ကြံရန် သူမ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူမစိတ်ထဲမှ မငြိမ်သက်မှုများကို ဖိနှိပ်ထားနိုင်သရွေ့ သူမ၏ ကျင့်စဉ်ကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

ကိုယ်ပွားဖြစ်သည့် လျှိုချင်းချိုက သူမအတွက် အတွေ့အကြုံ အတော်များများကို စုဆောင်းပေးထားပြီး ဖြစ်သည်။ လုချန်းနှင့် တစ်ကြိမ်မျှ ကျင့်ကြံလိုက်ရုံနှင့် သူမ၏ စိတ်ခံစားချက်များကို အချိန်ကြာမြင့်စွာ တည်ငြိမ်စေနိုင်သည်။

ဤနည်းလမ်းက သူမ၏ ကျင့်စဉ်အခြေအနေကို မထိခိုက်စေရုံမက တိုးတက်စေရန်ပင် ကူညီပေးနိုင်သည်။

သို့သော်လည်း ဤကိစ္စကို လုချန်းအား အသိပေးရန် သူမ ချီတုံချတုံ ဖြစ်နေ၏။ သူမ၏ စိတ်ထဲတွင် ထိုအရာကို သိက္ခာကျစရာတစ်ခုအဖြစ် ရှုမြင်ထားသည်။

ယခုအကြိမ်တွင် လုချန်း ရိပ်မိသွားသည့်အတွက် သူမ၏ စိတ်နှလုံး အလွန် မသက်မသာ ဖြစ်မိသည်။

သူမ ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့်သာ လုချန်းရိပ်မိသွားခြင်း ဖြစ်သည်ဟု လျှိုချင်းယွမ် တွေးတောလိုက်သည်။ ကိုယ်ပွားဖြစ်သည့် လျှိုချင်းချိုသည် လုချန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး လုချန်းနှင့် ရင်းနှီးနေပြီဖြစ်ရာ မည်သည့် ခုခံမှုကိုမှ ပြသတော့ခြင်း မရှိချေ။

နောက်တစ်ကြိမ် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို စိတ်အာရုံ အသုံးပြု၍ ထိန်းချုပ်သည့်အခါ ခုခံသည့် လှုပ်ရှားမှုမျိုး သူမ လုံးဝပြုလုပ်တော့မည် မဟုတ်ပေ။

ထိုအတွေးနှင့်အတူ လျှိုချင်းယွမ်သည် ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေကာ တရားထိုင်ခြင်းကို စတင်လိုက်သည်။

ကိုယ်ပွားကို အသုံးပြု၍ လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက သူမ၏ ကျင့်စဉ်အခြေအနေ တိုးတက်လာစေကြောင်း သူမ တွေ့ရှိလိုက်ရသည်။

ဤနည်းလမ်းဖြင့်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် နှစ်ငါးထောင်အောက်ပဲ လိုလောက်မည်ဟု သူမ တွက်ဆလိုက်သည်။

……..

ထိုအချိန်တွင်။

လုချန်းသည် ကိုယ်ပွားတည်ဆောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ လျှိုချင်းချိုနှင့် ဆွေးနွေးနေဆဲဖြစ်သည်။ လျှိုချင်းချိုက

“ရှင် ကိုယ်ပွားတစ်ခု မြန်မြန် ဖန်တီးသင့်တယ်။ အနာဂတ်မှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် ကိုယ်ပွားကို စွန့်လွှတ်လိုက်တာက ရှင့်ကို ထိခိုက်စေမှာ မဟုတ်ဘူး။”

“ပင်မခန္ဓာပဲ ရှိနေမယ်ဆိုရင် သေဆုံးသွားတာနဲ့ တကယ်သေသွားမှာပဲ။”

“နောက်ပြီး ဇနီးမယားတွေ ဒီလောက်များနေတာ ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားဖို့ ကိုယ်ပွားတစ်ခု မဖန်တီးချင်ဘူးလား။”

ဤအချိန်တွင် လျှိုချင်းချို လုချန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

လုချန်းက တဟားဟား ရယ်မောလိုက်ပြီး

“အဲ့ဒီလိုကိစ္စမျိုးတွေကို ကိုယ်တိုင်လုပ်တာ ပိုကောင်းပါတယ်။”

လုချန်း ကိုယ်ပွားမဖန်တီးချင်သည့် အကြောင်းရင်းတစ်ခုမှာ ကိုယ်ပွားက ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးလာပြီး သူ့ကို သစ္စာဖောက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဤအချက်ကို ထည့်သွင်းစဉ်းစားလျှင် ဘာ့ကြောင့် ကိုယ်ပွားဖန်တီးရမည်နည်း။

ထိုကဲ့သို့သော ကိစ္စမျိုးကို ကိုယ်တိုင် လုပ်ဆောင်ရမည်သာဖြစ်သည်။ မည်မျှပင် ခက်ခဲပင်ပန်းပါစေ သူ့အား ကူညီရန်အတွက် ကိုယ်ပွားကို ဖန်တီးမည် မဟုတ်ပေ။

လုချန်းက

“ဒါပေမဲ့ မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ။”

ထိုအတွေးနှင့်အတူ လုချန်း အကြံတစ်ခု ရလာ၏။ ကိုယ်ပွားအစား ရုပ်သေးရုပ်ကို အဘယ်ကြောင့် အသုံးမပြုနိုင်ရမည်နည်း။

ရုပ်သေးနှင့် ကိုယ်ပွားသည် အတော်ကွာခြားသည်။ ကိုယ်ပွားထဲတွင် ဝိညာဉ်အစိတ်အပိုင်းတစ်ခု ပါရှိသော်လည်း ရုပ်သေးမှာမူ သခင်၏ စိတ်အာရုံနှင့် အမြဲချိတ်ဆက်နေပြီး သခင်ဝိညာဉ်၏ ရုပ်ပိုင်းဆိုင်ရာ တိုးချဲ့မှုတစ်ခုသာ ဖြစ်သည်။

သူသည် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသုံးပြု၍ ရုပ်ခန္ဓာကိုယ်တစ်ခု ဖန်တီးနိုင်ပြီဖြစ်သည်။ ဤကျင့်စဉ်ကို အသုံးပြုပြီး ခန္ဓာကိုယ်တစ်ခု ဖန်တီးကာ သူတော်စင်အဆင့် ရုပ်သေးပညာဖြင့် သူ့ရုပ်သေးအဖြစ် သန့်စင်လိုက်လျှင် မဖြစ်နိုင်ဘူးလားဟု လုချန်း တွေးတောလိုက်သည်။

ဤနည်းအားဖြင့် နောက်ထပ် ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ထိုခန္ဓာကိုယ်၏ ပင်မဝိညာဉ်က သူကိုယ်တိုင်ပင် ဖြစ်နေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်အစိတ်အပိုင်းက ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးလာပြီး သူ့ဆန္ဒကို ဆန့်ကျင်မည့်အရေးကို စိုးရိမ်စရာ မလိုတော့ပေ။

ထို့ပြင် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ဖြင့် ဖန်တီးထားသော ရုပ်ခန္ဓာကိုယ်တွင် ခန္ဓာကိုယ်တစ်ခု၏ လုပ်ဆောင်ချက်များအားလုံး အပြည့်အစုံ ပါရှိပေလိမ့်မည်။

လုချန်း ခဏခန့် ရပ်တန့်လိုက်ပြီးနောက် ထထိုင်လိုက်ကာ ကုတင်ပေါ်တွင် ထိုင်၍ လျှိုချင်းချိုကို ရင်ခွင်ထဲ မှီခိုင်းလိုက်သည်။

ထို့နောက် သူ၏ လက်ဝါးကို မြှောက်လိုက်ရာ နောက်တစ်ခဏတွင် သွေးတစ်စက်သည် သူ့လက်ချောင်းမှ ပျံသန်းထွက်ခွာသွားသည်။ သွေးစက်က ခန်းမအလယ်သို့ ရောက်သောအခါ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို လုချန်း စတင်လည်ပတ်လိုက်သည်။

လုချန်းက ကျင့်စဉ်ကို အသက်သွင်းနေကြောင်း ခံစားမိလိုက်သဖြင့် လျှိုချင်းချိုသည် ရင်းနှီးသောအနေအထားကို ထိန်းသိမ်းထားရင်း လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် ကျင့်ကြံနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ အကယ်၍ ယခုအချိန်တွင် သူမ လုချန်းကို အာရုံများအောင် လုပ်လိုက်ပါက ကျင့်စဉ်လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပေလိမ့်မည်။

ဒါက လူ့ခန္ဓာ ရုပ်သေးရုပ်လုပ်ရန် လုချန်း ပထမဆုံးအကြိမ် ကြိုးစားခြင်းဖြစ်ပြီး အောင်မြင်မည်၊ မအောင်မြင်မည်ကို သူ မသိချေ။ အချိန်အတန်ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် ထပ်တူညီသော အခြားရုပ်ခန္ဓာတစ်ခုသည် အဝတ်ဗလာဖြင့် ခန်းမအလယ်တွင် မတ်တပ်ရပ်လျက်သား ပေါ်လာသည်။

နောက်ကျောမှ လုချန်း ပွေ့ဖက်ခြင်းကို ခံထားရချိန်တွင် အရှေ့မှ လုချန်း၏ ခန္ဓာကိုယ်ကို မြင်လိုက်ရာ လျှိုချင်းချိုစိတ်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ခံစားလိုက်ရ၏။ လုချန်း၏ အခြားခန္ဓာကိုယ်ကပါ ခုန်အုပ်လာလျှင် ဘယ်လိုလုပ်မလဲဟုလည်း တွေးတောမိလိုက်သည်။

လုချန်းအကြောင်း ကောင်းစွာ သိထားသည့်အတွက် သူထိုကဲ့သို့ တကယ် လုပ်လာနိုင်ကြောင်း တွေးမိကာ လျှိုချင်းချိုမှာ ဆက်မတွေးရဲတော့ပေ။ ထိုအတွေးကြောင့် သူမ စိတ်ထဲ ရုတ်တရက် တင်းကျပ်သွား၏။

လုချန်းသည် လျှိုချင်းချို၏ အတွေးများကို သတိမထားမိပဲ လက်ကိုမြှောက်ကာ သူတော်စင်အဆင့် ရုပ်သေးပညာကို ထပ်မံလည်ပတ်လိုက်ပြီး ခန်းမထဲရှိ ခန္ဓာကိုယ်ကို ရုပ်သေးအဖြစ် သန့်စင်ရန် ကြိုးစားလိုက်သည်။

ဤအရာ မုချ အောင်မြင်ရမည်ဖြစ်ပြီး အကယ်၍ အောင်မြင်ခဲ့ပါက သူ့မူလခန္ဓာကိုယ်သည် ထျန်းချန်ကမ္ဘာမှ ဘယ်တော့မှ ထွက်ခွာစရာ လိုတော့မည်မဟုတ်ဟု လုချန်း လေးလေးနက်နက် တွေးတောလိုက်သည်။

လုချန်းက ထိုသို့တွေးတောနေစဉ် ခန်းမထဲရှိ ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် အလင်းရောင်များ စတင်ထုတ်လွှတ်လာပြီး ခပ်ဖွဖွ စတင်အသက်ရှူလာသည်။ ထိုအရာကို မြင်လိုက်ရသောအခါ လုချန်း စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးအဆင့် တစ်ခုသာ ကျန်တော့ပြီး အကယ်၍ အောင်မြင်ပါက သူသည် ကိုယ်ပွား ရုပ်သေးရုပ် တစ်ခုကို ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် ရုပ်သေးကိုယ်ပွားက မျက်လုံးများ ဖွင့်လာပြီး ချက်ချင်းပင် ရုပ်သေးခန္ဓာကိုယ်မှ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာ၏။

ရုပ်သေးကိုယ်ပွားမှ ထွက်ပေါ်လာသော သူတော်စင် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လုချန်း အနည်းငယ် မှင်သက်သွားသည်။

သူတော်စင်အဆင့် ရုပ်သေးရုပ်ကို သူတကယ် ဖန်တီးလိုက်နိုင်ပြီဖြစ်သည်။

……………

အခန်း( ၁၂၅၇ )

ဘာလို့ နားမလည်နိုင်ရတာလဲ

လုချန်း၏ ရုပ်သေးထံမှ အငွေ့အသက်ကို ခံစားလိုက်ရသောအခါ လျှိုချင်းချို အံ့အားသင့်သွားသည်။ မူလခန္ဓာကိုယ်နှင့် ခွဲခြား၍ မရနိုင်လောက်သည့် အင်အားပိုင်ဆိုင်ထားသော ကိုယ်ပွားတစ်ခုကို ကျင့်ကြံသူတစ်ဦးက ဖန်တီးနိုင်တာကို သူမပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဒါတောင် ဤအရာသည် လုချန်း၏ ရုပ်သေးရုပ်များထဲမှ တစ်ခုမျှသာဖြစ်ကြောင်း လျှိုချင်းချို မသိသေးပေ။ သူမကဲ့သို့ ကိုယ်ပွားတစ်ခုကို လုချန်း ဖန်တီးလိုက်သည်ဟု အထင်မှားနေခဲ့သည်။

ရုပ်သေးကိုယ်ပွားကို ဖန်တီးပြီးနောက် သူ၏ အင်အားများ အကုန်စုပ်ယူခံလိုက်ရသည့်အလား လုချန်း ချက်ချင်းပင် မူးဝေပြီး အားနည်းသွားသလိုဟု ခံစားလိုက်ရသည်။

ပြန်လည်သက်သာလာစေရန် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို သူ လျင်မြန်စွာ အသုံးပြုလိုက်သော်လည်း ကျင့်စဉ်အကူအညီဖြင့်ပင် သူ့စွမ်းအင်များကို အပြည့်အဝ ပြန်လည်မဖြည့်တင်းနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

လုချန်းက တစ်စုံတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်ပြီး ရုပ်သေး၏ ခန္ဓာကိုယ်မှ သူ့စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုမှသာ နောက်တစ်ခဏတွင် ပိုသက်သာသွားလို ခံစားလိုက်ရသည်။

ကိုယ်ပွား ရုပ်သေးရုပ်ကို ထိန်းချုပ်ခြင်းက သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားကို ပိုကုန်ဆုံးစေကြောင်း လုချန်း တွေးတောမိလိုက်သည်။ သူ့စိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအား လုံလောက်စွာ အားမကောင်း လာသေးသရွေ့ အများဆုံးအားဖြင့် ရုပ်သေးရုပ်ကိုယ်ပွား တစ်ခုကိုသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။

သူတော်စင်အဆင့် ရုပ်သေးရုပ်တစ်ခုကို ဖန်တီးနိုင်လိုက်ကြောင်း တွေ့ရှိလိုက်ရသောအခါ သူတော်စင်အဆင့် ရုပ်သေးရုပ် အမြောက်အမြားများ ဖန်တီးနိုင်မလားဟု လုချန်း တွေးတောမိလိုက်သည်။

သူ့ရန်သူများကို တိုက်ခိုက်ရန် သူတော်စင်အဆင့် ရုပ်သေးရုပ်ပေါင်း ဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ ထိန်းချုပ်ထားသည်ကို မြင်ယောင်ကြည့်လိုက်ပါ။

ထိုမြင်ကွင်း မည်မျှ ကြီးကျယ်ခမ်းနားလိုက်မည်နည်း။

သို့သော်လည်း ယခုအခြေအနေအရ ရုပ်သေးရုပ်ကိုယ်ပွား ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ချင်လျှင် သူ့ကျင့်စဉ်အဆင့်ကို ဆက်လက်မြှင့်တင်ပြီး သူ့စိတ်ဝိညာဉ်ကို ပိုသန်မာအောင် ပြုလုပ်ရန် လိုအပ်နေပေသေးသည်။

သို့သော် ယခုလောလောဆယ်တော့ ရုပ်သေးကိုယ်ပွား တစ်ခုတည်းဖြင့် လုံလောက်သေး၏။ ဤရုပ်သေးရုပ်ဖြင့်ဆိုလျှင် ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာလျှင် အသက်အန္တရာယ် စွန့်စားစရာ မလိုတော့ပေ။

ထိုအတွေးနှင့်အတူ သူ၏ရုပ်သေးကိုယ်ပွားနှင့် ချိတ်ဆက်ရန် စိတ်အာရုံကို လုချန်း ထပ်မံအသုံးပြုလိုက်သည်။ စိတ်အာရုံက ရုပ်သေးရုပ်နှင့် ချိတ်ဆက်လိုက်သည့် ခဏ၌ လုချန်း၏ စိတ်တွင် နောက်ထပ် အမြင်ရှုထောင့်တစ်ခု ရရှိလာပြီး ထိုအမြင်ရှုထောင့်တွင် လျှိုချင်းချိုက သူ့ခြေထောက်ကြား၌ ထိုင်နေပြီး သူ့လက်များက လျှိုချင်းချို၏ ခါးကို ပွေ့ဖက်ထားသည်ကို မြင်တွေ့လိုက်ရသည်။

လုချန်းလည်း ရုပ်သေးရုပ်ကို ဆက်လက်ထိန်းချုပ်ရန် ကြိုးစားလိုက်ရာ နောက်တစ်ခဏတွင် အမြင်အာရုံ သာမက ရုပ်သေးရုပ်၏ အာရုံခံစားမှုများ အားလုံးပါ သူ့စိတ်ဝိညာဉ်ထံ ပေးပို့နေကြောင်း သူ သဘောပေါက်လိုက်သည်။

သူ့ပင်မခန္ဓာက လျှိုချင်းချိုနှင့် ရင်းနှီးသော အခြေအနေတွင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် ရုပ်သေးရုပ်ကလည်း အလားတူ ခံစားလာရသည်။

လုချန်း၏ ရုပ်သေးကိုယ်ပွားတွင် ထိုကဲ့သို့သော အတွေးများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် လျှိုချင်းချို၏ ခန္ဓာကိုယ်လည်း ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်သွားခဲ့သည်။ ဒီလူယုတ်မာက သူမကို ပြောမထွက်နိုင်လောက်အောင် ရှက်စရာကောင်းတဲ့ ကိစ္စကို တကယ်လုပ်ဖို့ ကြံစည်နေတာလား။

နောက်တစ်ခဏတွင် လျှိုချင်းချို၏ စိတ်ထဲဘက်ပေါင်းစုံမှ အတိုက်ခိုက်ခံရမည့် မြင်ကွင်းကို မတွေးပဲ မနေနိုင်တော့သည့်အတွက် အလွန်ထိတ်လန့်သွားစေသည်။

ဤအချိန်တွင် ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်သော်လည်း အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်ဆောင်ရန် ခက်ခဲနေသေးကြောင်း လုချန်း တွေ့ရှိလိုက်ရသည်။ ရုပ်သေးရုပ်ကိုယ်ပွားအပေါ် သူ့အာရုံတစ်ခုလုံးကို မထားထားလျှင် အဆင်ပြေမည် မဟုတ်ပေ။

ရုပ်သေးရုပ်ကိုယ်ပွားသည် သူတော်စင် ခန္ဓာကိုယ်ဖြစ်နေဆဲ ဖြစ်သောကြောင့် ထိန်းချုပ်ရန်အတွက် အင်အားတစ်ခု စိုက်ထုတ်ရန် လိုအပ်သည်။ တကယ်တော့ ရုပ်သေးရုပ်၏ စွမ်းဆောင်ရည်များကို အချို့သော ကဏ္ဍများတွင် လုချန်း စမ်းသပ်ကြည့်ချင်သော်လည်း သေချာစဉ်းစားပြီးနောက် ထိုအကြံကို လက်လျှော့လိုက်သည်။

ထို့နောက် လုချန်းလည်း ရုပ်သေးရုပ်ကိုယ်ပွားကို သူ့ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာငယ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။ ယခု လုချန်းသည် သူတော်စင်တစ်ပါး ဖြစ်နေပြီဖြစ်သဖြင့် သူ့ကမ္ဘာငယ်လေးထဲတွင် သက်ရှိများကို သိုလှောင်ထားနိုင်ပြီဖြစ်သည်။ ရုပ်သေးကိုယ်ပွားတွင် ကိုယ်ပိုင်အသိစိတ် မရှိသော်လည်း သက်ရှိပုံစံတစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

ရုပ်သေးကိုယ်ပွားကို လုချန်း ပြန်လည်သိမ်းဆည်းလိုက်သည်ကို မြင်လိုက်ရသဖြင့် လျှိုချင်းချိုလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူက ထိုကိစ္စကို မလုပ်ဆောင်ခဲ့ပေ။ မဟုတ်ပါက ယနေ့ သူမ တကယ်ဒုက္ခရောက်သွားနိုင်သည်။

ဤအချိန်တွင် လုချန်းက လျှိုချင်းချို၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

“ချင်းချို။ မင်းက တော်တော်လေး စိတ်အားထက်သန်နေပုံပဲ။”

ထိုမေးခွန်းကို ကြားလိုက်ရသဖြင့် လျှိုချင်းချိုမှာ ခဏခန့် မှင်သက်သွားပြီးနောက် အေးစက်စက် တုံ့ပြန်လိုက်သည်။

“စိတ်အားထက်သန်တယ် ဟုတ်လား။ ဘာကို စိတ်အားထက်သန်ရမှာလဲ။”

“မင်းကြီးပြောတာကို ကျွန်မ ဘာလို့ နားမလည်နိုင်ရတာလဲ။”

လုချန်းက ခပ်ဖွဖွပြုံး၍ သူမနားနားကပ်၍

“အဲ့ဒီကိုယ်ပွားရဲ့ တုံ့ပြန်မှုကို တွေ့လိုက်ရတုန်းက မင်း အရမ်းစိတ်လှုပ်ရှားပြီး ရင်ခုန်သွားခဲ့တယ်။ အဲ့ဒီအကောင်ကို ကိုယ်နဲ့အတူတူ မင်းကို ပြုစုစေချင်တာများလား။”

လျှိုချင်းချို၏ စိတ်များ ဗလာဖြစ်သွားပြီး လျင်မြန်စွာပင်

“ကျွန်မမှာ အဲ့ဒီလိုအတွေးမျိုး မရှိပါဘူး။ မင်းကြီး ကျွန်မကို စမ်းသပ်စရာ မလိုပါဘူး။ ပြီးတော့အဲ့ဒီလိုကိစ္စမျိုးကို ကျွန်မ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။”

သူ့ရည်ရွယ်ချက်များကို လုချန်း တိုက်ရိုက်ရှင်းပြနေခြင်းက သူမ၏ လက်ခံနိုင်စွမ်းကို သိရန် စမ်းသပ်နေခြင်းသာ ဖြစ်သည်ဟု လျှိုချင်းချို မြင်သည်။ အကယ်၍ သူမ ခပ်ပေါ့ပေါ့ သို့မဟုတ် ဂရုမစိုက်ကြောင်း ပြသလိုက်ပါက ထိုစက်ဆုပ်ရွံရှာဖွယ် သတ္တဝါက သူ၏ ကိုယ်ပွားကို ခေါ်ထုတ်လာပြီး သူမကို ပူးပေါင်းကြံစည်ကြပေလိမ့်မည်။

သူမအနေနှင့် သူမ၏ စည်းကို ခိုင်ခိုင်မာမာ ကာကွယ်ရပေမည်။ မဟုတ်ပါက လုချန်း၏ ကောက်ကျစ်သော နည်းလမ်းများအတိုင်း ပါဝင်သွားရပေလိမ့်မည်။ လုချန်းက သူမ၏ စည်းကို ကျော်ဖြတ်သွားပါက နောက်ပိုင်း လုံးဝထိန်းချုပ်၍ ရတော့မည် မဟုတ်ပေ။ အစပိုင်းတွင် သူမထံမှ ခွင့်ပြုချက် တောင်းမည်ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ဂရုစိုက်တော့မည် မဟုတ်ချေ။

လုချန်း တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ ပိုင်ချင်းချင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းကြီး။ ကောင်းကင်မီးကမ္ဘာဆီက ထောက်လှမ်းရေးသတင်း ရောက်လာပါတယ် “

လုချန်းက ချက်ချင်းပင်

“ခဏလောက် စောင့်ဦး”

ဤအချိန်တွင် လုချန်းသည် လျှိုချင်းချိုကို ကုတင်ဆီသို့ ပွေ့ချီသွားပြီး အောက်ချထားလိုက်သည်။ ထို့နောက် ခဏခန့် စိတ်ချင်းဆက်နွယ်ပြီးနောက် သူ ထရပ်လိုက်ပြီး နန်းတွင်းစာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။

နန်းတွင်းစာကြည့်ခန်းသို့ ရောက်သောအခါ ကောင်းကင်မီးနိုင်ငံမှ ပေးပို့လိုက်သော ထောက်လှမ်းရေး အစီရင်ခံစာကို ယူလိုက်ပြီး အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

နဂါးစီးဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ်သို့ လူများစေလွှတ်ရန် စီစဉ်နေကြောင်း တွေ့ရှိလိုက်ရသော်လည်း ယခုတစ်ကြိမ်တွင်တော့ လုချန်းစိတ်ထဲ အနည်းငယ်မှ စိုးရိမ်ပူပန်ခြင်း မရှိချေ။ လွန်ခဲ့သည့် တစ်နှစ်ကသာဆိုလျှင် သူ စိုးရိမ်မိကောင်း စိုးရိမ်မိပေလိမ့်မည်။ သို့သော် ယခုတော့ ဤအကျပ်အတည်းကို ဖြေရှင်းရန် ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား သုံးခုကို သူပိုင်ဆိုင်ထားပြီဖြစ်သည်။

သို့သော်လည်း...

နဂါးစီးဂိုဏ်းသာ ဖရိုဖရဲကြယ်ပင်လယ်သို့ လာရောက်ပြီး သူက ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား တစ်ခုကို ချက်ချင်း အသုံးပြုလိုက်လျှင် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။

ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား တစ်ခုတည်းဖြင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ပြဿနာများကို ဖြေရှင်းရန် သူ မျှော်လင့်ထားဆဲဖြစ်သည်။ လက်ရှိတွင် သုံးခုသာ ရရှိထားပြီး တစ်ခုအသုံးပြုလိုက်လျှင် တစ်ခုလျော့နည်းသွားမည် ဖြစ်သည်။ ဧကရာဇ် ဆင့်ခေါ် အမိန့်ပြား တစ်ခု၏ တန်ဖိုးကို အပြည့်အဝ အသုံးချနိုင်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

ခေတ္တခန့် စဉ်းစားပြီးနောက် ကောင်းကင်မီးကမ္ဘာမှ မုကျန့်ချင်းကို ဆက်သွယ်ရန် အချိန်နေရာ ကြေးမုံကို လုချန်း ချက်ချင်း အသုံးပြုလိုက်သည်။

လုချန်းနှင့် ဆန့်ကျင်စွာပင် ကောင်းကင်မီး တော်ဝင်မိသားစု၏ အဆင့်မြင့်အရာရှိကြီးများသည် နဂါးစီးဂိုဏ်း၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလွန် စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။

သူတို့၏ အမြင်အရ ကောင်းကင်ဧကရာဇ်ဘက်တွင် သူတော်စင် သုံးပါးသာ ရှိပြီး နဂါးစီးဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်ဖို့ လုံးဝမဖြစ်နိုင်ပေ။ ထို့ပြင် နဂါးစီးဂိုဏ်းက အခြားအင်အားစုများကို တိတ်တဆိတ် ဆက်သွယ်ပြီး သူတော်စင်အဆင့် စွမ်းအားရှင်များကို ဖရိုဖရဲကြယ်ပင်လယ်သို့ ခေါ်ထားခြင်း ရှိမရှိ မည်သူမှ မသိနိုင်ချေ။

အကယ်၍ နဂါးစီးဂိုဏ်းက သူတော်စင်အဆင့်များကို ပိုစုစည်းလိုက်ပါက ကောင်းကင်ဧကရာဇ်အနေနှင့် သူ၏ လက်ရှိအင်အားဖြင့် တွန်းလှန်ရန် ခက်ခဲပေလိမ့်မည်။

ဤအချိန်တွင် ကောင်းကင်မီး တော်ဝင်မိသားစု၏ အစည်းအဝေး ခန်းမအတွင်း၌ အကြီးအကဲများ၏ မျက်နှာများ အလွန် လေးနက်နေကြပြီး ပလ္လင်ပေါ်တွင် ထိုင်နေသော မုကျန့်ချင်းသည်လည်း တည်ကြည်လေးနက်နေသည်။ သူသည်လည်း ယခုတစ်ကြိမ် ဖရိုဖရဲကြယ်ပင်လယ်ကို မည်သို့ ကာကွယ်ရမှန်း စဉ်းစား၍မရ ဖြစ်နေသည်။

ထို့နောက် အကြီးအကဲတစ်ဦးက စမေးလိုက်သည်။

“မင်းကြီး။ ကောင်းကင်ဧကရာဇ်ကို ဒီကိစ္စ အသိပေးပြီးပြီလား”

မုကျန့်ချင်းက တုံ့ပြန်လိုက်သည်။

“သတင်းစကားပါးဖို့ လူလွှတ်ပြီးပါပြီ။ အခုလောက်ဆို ကောင်းကင်ဧကရာဇ်ဆီ သတင်းရောက်လောက်ပါပြီ။”

သူ့အသံ တိတ်ဆိတ်သွားသည်နှင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ဖရိုဖရဲကြယ်ပင်လယ်ကို ဤအကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီရန် သူတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ သူတို့လည်း မသိကြချေ။

ဤအချိန်တွင် မုချန်ဝမ်က အကြံပြုလိုက်သည်။

“ကောင်းကင်ဧကရာဇ်ကို ကောင်းကင်မီးကမ္ဘာဆီ ခေါ်လာရင် ဘယ်လိုလဲ။ ဖရိုဖရဲကြယ်ပင်လယ်က အရိုင်း ကြယ်နယ်မြေတစ်ခုပါပဲ။ ကောင်းကင်ဧကရာဇ်အနေနဲ့ ဖရိုဖရဲကြယ်ပင်လယ်မှာ နေစရာ အကြောင်းမရှိပါဘူး။”

“တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှာ ကျင့်စဉ် အရင်းအမြစ်တွေက ပိုပြီး ပေါကြွယ်ဝတယ်။ တကယ်လို့ ကောင်းကင်ဧကရာဇ်သာ ကောင်းကင်မီးကမ္ဘာကို လာမယ်ဆိုရင် သူ့ရဲ့ ကျင့်စဉ်အခြေအနေအတွက် ပိုအကျိုးရှိလိမ့်မယ်။”

မုချန်ဝမ်က ထိုအကြံပြုချက်ကို ပြောလိုက်သည်နှင့် တော်ဝင်မိသားစု အကြီးအကဲတစ်ဦးက ချက်ချင်းပင် ပြောလိုက်သည်။

“တတိယညီလေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဖရိုဖရဲကြယ်ပင်လယ်မှာ ရတနာတွေလည်း မရှိပါဘူး။ နဂါးစီးဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ် တစ်ခုလုံးကို သိမ်းပိုက်လိုက်ရင်တောင် သူတို့အတွက် ထူးထူးခြားခြား ဘာအကျိုးအမြတ် ရမှာ မဟုတ်ဘူး။”

ထို့နောက် သဘောတူသည့် အသံများ အမြောက်အမြား ထွက်ပေါ်လာသည်။

“ဟုတ်တယ်။ ဟုတ်တယ်။ နဂါးစီးဂိုဏ်းက ဖရိုဖရဲကြယ်ပင်လယ်ကို သိမ်းပိုက်ပြီး ရတနာတွေ မတွေ့တဲ့အခါ ခဏကြာရင် ဖရိုဖရဲကြယ်ပင်လယ်ကို စွန့်လွှတ်သွားလောက်တယ်။ အဲ့ဒီ အခါကျမှ ကောင်းကင်ဧကရာဇ် ပြန်လာလည်း အတူတူပါပဲ။”

…………….

All Chapters