အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အပိုင်း ၃၀၁ : လူတိုင်း ထိတ်လန့်သွားကြခြင်း
ချန်းယွမ်ခမျာ ခဏမျှကြက်သေသေသွားပြီးနောက် ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ ထင်မှတ်မထားပါဘဲ ဖုန်းခေါ်ဆိုသူမှာ တစ်ဖနီရုံးချုပ်ဖြစ်နေချေသည်။
ရုံးချုပ်က အချိန်မတော်ကြီးကျမှ ဘာလို့ဖုန်းဆက်လေသလဲ။
ငါ ရာထူးတိုးခံရလို့ ရုံးချုပ်ကို ပြောင်းပေးတော့မှာများလား။
ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ချန်းယွမ် ပို၍ပင်စိတ်လှုပ်ရှားသွားလေသည်။
မကြာသေးခင်က ရုံးချုပ်တွင် သူဌေးအသစ်တစ်ယောက် ရောက်လာသဖြင့် ဝန်ထမ်းအပြောင်းအလဲများလုပ်ရန် စီစဉ်နေသည်ဟု သူ သတင်းကြားထားသည်။
ချန်းယွမ်က ဘဝင်ခိုက်နေဟန်ဖြင့် ပြောလိုက်၏။
"ရုံးချုပ်က ငါ့ကိုဖုန်းဆက်တာ။ ဟွားနိုင်ငံရုံးခွဲမှာ ငါ့လုပ်ဆောင်ချက်တွေကောင်းလို့ထင်တယ်။ သူဌေးက ငါ့ကို ရုံးချုပ်ကို ပြောင်းပေးချင်နေတာနေမှာ"
ထိုနေရာရှိ လူတိုင်းလည်း အားကျကုန်ကြသည်။
"ရာထူးတိုးတဲ့အတွက် ဥက္ကဋ္ဌချန်းကို ဂုဏ်ပြုပါတယ်"
"ရုံးချုပ်ကိုရောက်သွားရင် ကျွန်တော်တို့ကို မမေ့နဲ့နော်"
"ကြည့်ရတာတော့ နောက်ပိုင်းကျရင် ဥက္ကဋ္ဌချန်းက တစ်ဖနီရဲ့စီအီးအိုဖြစ်တော့မယ်ထင်တယ်"
လူတိုင်း၏ မြှောက်ပင့်စကားများကို ကြားသောအခါ ချန်းယွမ်လည်း အလွန်မာန်တက်သွားလေသည်။ မသိလျှင် သူက တစ်ဖနီ၏စီအီးအိုဖြစ်သွားသည့်အလားပင်။
ချန်းယွမ်က ဖုန်းကိုင်ပြီးနောက် ပြောလိုက်၏။
"ဟယ်လို ချန်းယွမ်ပါ"
"ဪ.. မစ္စတာရော့ခ်ပဲ"
လူတိုင်း အသက်အောင့်ထားရင်း ချန်းယွမ်၏ ရာထူးတိုးအတွက် မျှော်တလင့်လင့်ဖြစ်နေကြသည်။
သို့သော် ဖုန်းတစ်ဖက်မှ ခြင်္သေ့တစ်ကောင်၏ ဒေါသတကြီးဟိန်းဟောက်သံနှင့်တူလှသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ချန်းယွမ်…. မင်း ဘာလုပ်ထားတာလဲကွ"
"ဗျာ.. ကျွန်တော် ဘာမှလုပ်မထားပါဘူး"
ချန်းယွမ်ခမျာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားလေသည်။
စီအီးအိုး၏လေသံအရ အလွန်ဒေါသထွက်နေဟန်တူသည်။
ရော့ခ်က အေးစက်မာကျောသော လေသံဖြင့် ပြောလိုက်၏။
"ချန်းယွမ်.. မင်းကို ဟွားနိုင်ငံတစ်ဖနီရုံးရဲ့ အထွေထွေမန်နေဂျာရာထူးကနေ နားလိုက်ပြီ။ မင်းကို အလုပ်ဖြုတ်လိုက်ပြီ"
"အလုပ်ဖြုတ်လိုက်ပြီ ဟုတ်လား"
ချန်းယွမ်ခမျာ ချက်ချင်းပင် ကြောင်အသွားရလေသည်။
ရော့ခ်၏အသံက ကျယ်လွန်းလှသဖြင့် သူ့ဘေးရှိ လူများလည်း "အလုပ်ဖြုတ်"ဟူသော စကားကို ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့အားလုံး၏အမူအရာမှာ အတန်ငယ်ထူးဆန်းသွားလေသည်။
အစတုန်းကတော့ ချန်းယွမ်မှာ သူ့ရာထူးတိုးကိစ္စနှင့်ပတ်သက်ပြီး သတင်းကောင်းကြားရလိမ့်မည်ဟု ထင်ထားသော်ငြား တကယ်တမ်းတွင်မူ အလုပ်ထုတ်ခံလိုက်ရသည်။ ရုတ်တရက်ဆန်သော ဤပြောင်းလဲမှုကြောင့် သူ လုံးဝနားမလည်နိုင်ဖြစ်သွားရသည်။
"ဘာလို့လဲ။ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ"
ချန်းယွမ်က လက်မခံနိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။
"မင်း ဘာအမှားလုပ်ခဲ့လို့လဲ ဟုတ်လား။ ယဲ့ချန်းလို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ကို မင်း စော်ကားခဲ့သေးလား။ ငါ မင်းကိုပြောမယ်။ သူက တစ်ဖနီရဲ့သူဌေးအသစ်ပဲ။ အခု မင်း ဘာအမှားလုပ်မိလဲဆိုတာ သိပြီလား"
"ဘာ"
ချန်းယွမ်ခမျာ ချက်ချင်းပင် ကြောင်အသွားလေသည်။ ထို့နောက် အကြောက်တရားများဖြင့် ပြည့်နှက်နေသော မျက်ဝန်းအစုံဖြင့် ယဲ့ချန်းကို လှည့်ကြည့်လိုက်၏။
ချန်းယွမ်၏ပတ်ပတ်လည်ရှိ လူများကလည်း ဖုန်းထဲရှိ စကားများကို ကြားလိုက်ရသဖြင့် ယဲ့ချန်းကို အထိတ်တလန့်ကြည့်လိုက်ကြသည်။
ယဲ့ချန်းက တစ်ဖနီ၏စီအီးအိုကို ဖုန်းဆက်ပြီးနောက် စီအီးအိုဖြစ်သူက ချန်းယွမ်ကို အလုပ်ဖြုတ်လိုက်လေသည်။ သဲလွန်စများကို ဆက်စပ်ကြည့်ပြီးနောက် လူတိုင်း နားလည်သွားလေသည်။
ဘုရားရေ… ဒီလူငယ်လေးက တစ်ဖနီရဲ့ရှယ်ယာအများဆုံးတဲ့လား…
"မစ္စတာယဲ့.. တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော် ခင်ဗျားကို စတွေ့ကတည်းက သိပ်မိုက်တာပဲလို့ တွေးနေမိတာ။ ဖြစ်ချင်တော့ ခင်ဗျားက တစ်ဖနီရဲ့သူဌေးဖြစ်နေတာကို"
"မစ္စတာယဲ့… ကျွန်တော်က တာ့သုန်းလက်ဝတ်ရတနာကုမ္ပဏီပိုင်ရှင် လီရှန်းပါ။ တွေ့ရတာဝမ်းသာပါတယ်"
"မစ္စတာယဲ့က ငယ်ရွယ်ပြီး အရည်အချင်းရှိလိုက်တာဗျာ.. အဲဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ဖနီရဲ့သူဌေးဖြစ်လာတာပေါ့"
….
ရုတ်ခြည်းဆိုသလို ဖော်လံဖားတစ်သိုက်က ယဲ့ချန်းအနားတွင် ဝိုင်းအုံကုန်ကြသည်။
ချန်းယွမ်ခမျာ ဖုန်းကိုကိုင်ထားရင်း အကြောင်သားဖြစ်နေချေသည်။
အသက်နှစ်ဆယ်အရွယ် လူငယ်လေးက တစ်ဖနီ၏သူဌေးအသစ်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ထို့ပြင် သူသည် သူ့သူဌေးကိုပင် လှောင်ပြောင်ထေ့ငေါ့ခဲ့မိသည်။
ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်မဟုတ်လော။
ချန်းယွမ်လည်း ဒူးထောက်ချလိုက်တော့သည်။
"ဥက္ကဋ္ဌယဲ့.. ကျွန်တော်မှားသွားပါတယ်။ သတိမမူဂူမမြင်လောက်အောင် ဖြစ်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ယဲ့ချန်းကမူ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ခုနတုန်းကတော့ ခင်ဗျား သိပ်မာန်တက်နေတာမဟုတ်ဘူးလား။ ချန်းယွမ်က ဒီနေရာမှာ ဆက်ရှိနေဖို့ အရည်အချင်းမရှိတော့ဘူးထင်တယ်နော်။ ကန့်ကွက်ချင်တဲ့လူရှိလား"
"မရှိပါဘူး။ ကျွန်တော်လည်း သူ့ကို အမြင်ကတ်နေတာကြာပြီ"
"အမှန်ပဲ။ ချန်းယွမ်လိုလူမျိုးကို လက်ဝတ်ရတနာအဖွဲ့အစည်းထဲက ထုတ်ပယ်သင့်တယ်"
"လုံခြုံရေးတွေက ဘယ်မှာလဲ။ ဒီအမှိုက်ကို မြန်မြန်ရှင်းထုတ်လိုက်စမ်း။ သူ့ကိုမြင်နေရတာနဲ့တင် စိတ်တိုတယ်"
လူအုပ်ကြီးက အရောက်ပို့နေကြသဖြင့် ခဏအကြာမှာပင် ချန်းယွမ်ကို လုံခြုံရေးနှစ်ယောက်က ခေါ်ထုတ်သွားလေတော့သည်။
ယခင်ကမူ သူသည် တစ်ဖနီဟွားနိုင်ငံရုံးချုပ်၏ အထွေထွေမန်နေဂျာအဖြစ် ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားခဲ့သော်လည်း ယခုမူ သူဌေးကို စော်ကားမိသဖြင့် အလုပ်ဖြုတ်ခံလိုက်ရလေပြီ။ ယခု မည်သူကများ သူ့ကို လေးစားတော့မည်နည်း။
အမှန်တရားကား အလွန်ရက်စက်လှသည်။
ထိုအချိန်တွင် ခန်းမတစ်ခုလုံး၏ အာရုံစိုက်မှုမှာ ယဲ့ချန်းထံတွင်သာ ရှိနေလေသည်။
တစ်ဖနီ၏ရှယ်ယာအများဆုံး ဘော့စ်ဟူသော ဂုဏ်ပုဒ်မှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။
သိထားရမည့်အချက်မှာ တစ်ဖနီသည် နိုင်ငံခြားဘရန်းကြီးတစ်ခုဖြစ်၏။ ကုမ္ပဏီသူဌေးကလည်း နှစ်ပေါင်းများစွာကြာသည့်တိုင် နိုင်ငံခြားသားတစ်ယောက်သာ ဖြစ်နေခဲ့သည်။
ယဲ့ချန်းက ပထမဆုံးသော ဟွားနိုင်ငံသားဘော့စ်ပင်။
အစ်ကိုထန်ပင် အံ့သြမှင်တက်သွားချေသည်။
ယဲ့ချန်းထုတ်ပြလိုက်သည့် နောက်ခံအသစ်တိုင်းက သူ့အား အံ့အားသင့်သွားစေသည်။
ယဲ့ချန်းတွင် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံမျိုး မည်မျှရှိသလဲဆိုသည်ကို အစ်ကိုထန်ပင် မယုံနိုင်လောက်အောင် ဖြစ်နေလေသည်။
ထိုအခိုက်ဝယ် ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသူများမှာ ချက်ချင်းပင် လေသံပြောင်းသွားကြသည်။
"ဥက္ကဋ္ဌယဲ့က အရမ်းအံ့သြဖို့ကောင်းတာပဲ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တစ်ဖနီရဲ့ဘော့စ်ဖြစ်လာတယ်ဆိုတာက ဟွားနိုင်ငံသားတွေအတွက်တော့ ဂုဏ်ယူစရာကိစ္စတစ်ခုပဲ"
"ဟုတ်တာပေါ့ဗျာ။ ဥက္ကဋ္ဌယဲ့ရဲ့ချစ်သူဝတ်ထားတဲ့ ယုန်လည်ဆွဲကိုပဲ ကြည့်လိုက်။ အရမ်းလက်ရာမြောက်လိုက်တာ။ ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာပဲ ဖြစ်ရမယ်"
"တကယ်နော်။ ငါ ကြည့်နေတာကြာပြီ။ ဒီယုန်က အနုစိတ်ထွင်းထားတာ။ အရမ်းလက်ရာမြောက်တာပဲ"
"ဟုတ်တယ်။ ဒီလည်ဆွဲတစ်ခုလုံးရဲ့ အပြင်အဆင်နဲ့ အထည်က ဂန္တဝင်ဆန်တယ်"
ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသော ယဲ့ချန်း၏နောက်ခံကြောင့် အစောကမှ လှောင်ပြောင်ထေ့ငေါ့ခံခဲ့ရသော စုဝမ်ယိ၏လည်တိုင်ထက်ရှိ ယုန်လည်ဆွဲက လက်ရာမြောက်လည်ဆွဲတစ်ခု ဖြစ်သွားခဲ့သည်။
ဤကမ္ဘာပေါ်တွင် အာဏာနှင့် အဆင့်အတန်းသာ မြင့်မားပါက အရာရာကို ပိုင်ဆိုင်ထားပြီဟုပင် ဆိုနိုင်လေသည်။
ရှိသမျှလူတိုင်းက ယဲ့ချန်းနှင့် ရင်းနှီးနိုင်ရန်အတွက် အနားသို့ဝိုင်းအုံလာကြသည်။
တစ်ဖနီကုမ္ပဏီ၏ဥက္ကဋ္ဌနှင့်သာ ရင်းနှီးပါက အကျိုးအမြတ်အမြောက်အများရလိမ့်မည်သာ။ ယဲ့ချန်းကမူ မြှောက်ပင့်မှုများကို အသာလျစ်လျူရှုထားလိုက်သည်။
ဤလူများက သူ့အာဏာနှင့် အဆင့်အတန်းကြောင့် သူ့ကို မြှောက်ပင့်နေကြခြင်းဖြစ်၏။ ထိုအရာများသာ မရှိတော့ပါက သို့မဟုတ် ပိုဩဇာညောင်းသော ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာပါက ဤလူများက သူ့အား ချန်းယွမ်ကို ဆက်ဆံသလို ဆက်ဆံပြီး သူ့ကို ခပ်ကြမ်းကြမ်းဖိနင်းကြမည်သာ။
ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ယောက်က လက်ရာမြောက်လှသော ဘူးနှစ်ဘူးကိုကိုင်၍ အနားသို့ အပြေးရောက်လာလေသည်။
ယဲ့ချန်းကိုမြင်သော် ထိုလူ၏မျက်ဝန်းများမှာ တောက်ပသွားပြီး အမြန်စကားဆိုလိုက်သည်။
"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့.. ကျွန်တော်က တစ်ဖနီဌာနချုပ်က ဝန်ထမ်းတစ်ယောက်ပါ။ မစ္စတာရော့ခ်က ခင်ဗျားကို ဒီစိန်လက်စွပ်လေးတစ်စုံ ပေးခိုင်းလိုက်လို့ပါ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလျက် ထိုဘူးနှစ်ဘူးကို ဖွင့်ကြည့်လိုက်သည်။
ဘူးထဲရှိ ရွှေရောင်လက်နေသော စိန်လက်စွပ်နှစ်ကွင်းကို မြင်သောအခါ လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။
"ဘုရားရေ.. ဒါက ဒဏ္ဍာရီလာအဝါရောင်စိန်မလား"
"အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီအဝါရောင်စိန်က သန်းသုံးဆယ်ကျော်တန်ဖိုးရှိတယ်လို့ ပြောကြတာပဲ"
"အဝါရောင်စိန်လက်စွပ်နှစ်ကွင်းဆိုတော့ သန်းခြောက်ဆယ်ပေါ့"
ယဲ့ချန်းက ပြုံးလျက် စုဝမ်ယိကို ပြောလိုက်လေသည်။
"ဝမ်ယိ.. ကိုယ် ဒီနေ့ မင်းကို စိတ်မပျော်အောင် လုပ်ခဲ့မိတယ်။ ဒီစိန်လက်စွပ်ကို တောင်းပန်တဲ့အနေနဲ့ပေးတယ်လို့ သဘောထားလိုက်ပါ"
"ဒါက…"
စုဝမ်ယိလည်း အတန်ငယ်ရှက်သွေးဖြာသွားလေသည်။
ယဲ့ချန်းကမူ မိန်းကလေးလက်စွပ်ကိုထုတ်၍ စုဝမ်ယိကို စွပ်ပေးလိုက်သည်။ သွယ်လျလှသော သူ(မ)၏ကျောက်စိမ်းနှယ်လက်ချောင်းလေးများပေါ်တွင် အဝါရောင်စိန်လက်စွပ်က အရောင်တောက်နေချေသည်။
ထိုနေရာရှိ မိန်းကလေးများအားလုံး အားကျကုန်ကြသည်။
ဤနေရာရှိ လူတိုင်းမှာ လူကုံထံများပင်။ သို့သော် တန်ဖိုးကြီးလှသော အဝါရောင်စိန်ကို သူတို့လည်း ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ယဲ့ချန်းက လက်ဝတ်ရတနာပြပွဲတွင် ခဏမျှနေပြီးနောက် စုဝမ်ယိနှင့်အတူ ပြန်ထွက်လာခဲ့လိုက်သည်။ ထို့နောက် ရဟတ်ယာဉ်ကိုမောင်း၍ စုဝမ်ယိကို အိမ်ပြန်ပို့ပေးလိုက်သည်။
"ဒီနေ့ မင်းကို စိတ်မကောင်းဖြစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်"
"မဟုတ်တာ။ ကျွန်မ အရမ်းပျော်တယ်။ ရှင်က တစ်ဖနီရဲ့သူဌေးဖြစ်နေလိမ့်မယ်လို့ ကျွန်မ လုံးဝထင်မထားဘူး"
ရဟတ်ယာဉ်က စုဝမ်ယိ၏အိမ်ရှေ့တွင် ရပ်လိုက်လေရာ စုဝမ်ယိ၏မိဘများမှာ အပြင်သို့ထွက်လာပြီး အံ့ဩမှင်တက်နေကြသည်။
"ဦးလေး အန်တီ"
ယဲ့ချန်းက ပြုံးပြလျက် နှုတ်ဆက်လိုက်သည်။
"ရှောင်ယဲ့…. ဒါက မင်းရဲ့ရဟတ်ယာဉ်လား"
ယဲ့ချန်းကလည်း ပြုံးတုံ့တုံ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ အခုမှဝယ်လိုက်တာ"
စုကျန့်က ယဲ့ချန်း၏ပခုံးကို ပုတ်လိုက်၏။
"အထင်ကြီးချင်စရာပဲ။ မင်းရဲ့ဦးလေးက နှစ်ပေါင်းများစွာအလုပ်ကြိုးစားခဲ့တာတောင် ရိုးရွိုင့်ပဲစီးနိုင်တယ်။ မင်းကတော့ ရဟတ်ယာဉ်တောင်စီးနေပြီ"
ယဲ့ချန်းလည်း လူကြီးများနှင့် ခဏမျှစကားပြောပြီးနောက် ရဟတ်ယာဉ်ကိုမောင်းကာ နှင်းဆီအိမ်ရာသို့ ပြန်လာခဲ့လိုက်သည်။
အချိန်ရှိသေးသဖြင့် ယဲ့ချန်းလည်း ကျီလိကားလေးဖြင့် တက္ကစီထပ်ဆွဲရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်မှာပင် လူငယ်ကျောင်းသားအတွဲတစ်တွဲက နိုက်ကလပ်အဝင်ဝမှတစ်ဆင့် ကားထဲသို့ ဝင်လာခဲ့သည်။
•••••••••••••••••••
အပိုင်း ၃၀၂ : ပထမဆုံးကျောင်းဖွင့်ရက်
ယဲ့ချန်းကလည်း လူငယ်စုံတွဲကိုတင်၍ မောင်းလာခဲ့သည်။
ကောင်မလေးက ညည်းညူလေသည်။
"ရှင့်ကြောင့်ဖြစ်တာ။ နည်းနည်းလောက်ထပ်ပျော်ဦးမယ်လို့ အတင်းပြောနေလို့။ ကြည့်ဦး.. ကျောင်းဝင်းပိတ်ချိန်က မိနစ်နှစ်ဆယ်ပဲလိုတော့တယ်"
ကောင်လေးကမူ ညစ်ကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
"မပူပါနဲ့။ ကျောင်းဂိတ်က ပိတ်သွားရင်လည်း ကိုယ် မင်းနဲ့အတူ ဟိုတယ်မှာ နေပေးမှာပေါ့။ ဟုတ်ပြီလား"
"မရဘူး။ ကျွန်မ ရှင်နဲ့အတူ ဟိုတယ်မသွားချင်ဘူး"
ထိုမိန်းကလေးက ရှက်ရွံ့လေဟန်ဖြင့် ပြောလိုက်သည်။ သို့သော် ကောင်လေး၏ပုံစံမှာ ဘဝင်ခိုက်နေချေသည်။
တကယ်တမ်းတွင် ဤသည်မှာ သူ့အကြံပင်တည်း။ အကယ်၍ ကောင်မလေးသာ ကျောင်းကိုမပြန်နိုင်တော့လျှင် ဟိုတယ်မှာသာ နေရလိမ့်မည်။ ထိုအခါ သူ့အခွင့်အရေးလည်း ရောက်လာလိမ့်မည်သာ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ငါ အချိန်မီရောက်အောင် လိုက်ပို့ပေးမယ်"
ဤလမ်းကြောင်းမှာ နာရီဝက်ကြာသည့်ခရီးဖြစ်သော်လည်း ယဲချန်း၏ကားမောင်းစွမ်းရည်ကား လေယာဉ်စီးနေရသည့်အလားပင်။
အရှိန်က တစ်နာရီလျှင် မိုင်တစ်ရာနှုန်းရှိ၏။ ကောင်လေးနှင့် ကောင်မလေးတို့မှာ အံ့ဩမှင်တက်နေကြတော့သည်။
ဤသို့ဖြင့် ဆယ့်ငါးမိနစ်အတွင်းမှာပင် ကားက ကျောင်းပေါက်ဝသို့ ရောက်လာခဲ့သည်။
ကောင်လေး : "…"
ကျောင်းထဲသို့ ဝင်သွားပြီဖြစ်သော ကောင်မလေးကိုကြည့်ရင်း ကောင်လေးခမျာ ဆွံ့အသွားရလေသည်။ သူသည် ဟိုတယ်ကိုပင် ဘိုကင်ချိတ်ထားပြီးလေပြီ။
ယဲ့ချန်းလည်း စိတ်သက်သာရာရသွားသည်။ ပညာသင်ကြားပေးသူတစ်ယောက်အနေနှင့် မိန်းမငယ်လေးတစ်ယောက်ကို သူ ကယ်တင်နိုင်ခဲ့သည်။
နောက်တစ်နေ့မှာ တက္ကသိုလ်ဖွင့်ရက်ပင်။ စတားတက္ကသိုလ်၏ အပေါက်ဝကလည်း ခပ်ကျယ်ကျယ်ဖွင့်ထားလေသည်။
မနက်စောစောမှာပင် ယဲ့ချန်းတစ်ယောက် ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။
စတားတက္ကသိုလ်က လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ ကျောင်းအပ်လက်ခံထားသည်ဖြစ်ရာ အပ်နှံသူအရေအတွက်မှာ နှစ်ထောင်ကျော်သာရှိ၏။
သို့သော် ယဲ့ချန်းအတွက်တော့ ဤမျှဖြင့် လုံလောက်ပေသည်။
ကျောင်းသားမိဘအများအပြားက ကျောင်းပေါက်ဝတွင် ရောက်နေကြပြီဖြစ်၏။ လူတိုင်းက ကျောင်းဝင်းအပြင်အဆင်ကြောင့် ဝမ်းသာအံ့ဩနေကြသည်။
အစတုန်းက လူတော်တော်များများမှာ ဤနေရာကို ဒီပလိုမာအဆောက်အအုံတစ်ခုဟုသာ ထင်ခဲ့ကြသော်ငြား ကျောင်းဝင်းက ဤမျှလှပနေလိမ့်မည်ဟု လုံးဝထင်မထားပေ။
ကျောင်းသားများက ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများတင်ပြီး သူတို့အတန်းဖော်များကို အားကျအောင် လုပ်နေကြသည်။
မော့ရှောင်ရှောင်က ကားထဲကထွက်လာပြီးနောက် အိပ်မက်ဆန်လှသော ကျောင်းဝင်းကြီးကြောင့် မျက်ဝန်းအစုံကား လင်းလက်သွားသည်။ အစတုန်းက သူသည် တက္ကသိုလ်နှင့် သူ့ကွန်ပျူတာကို လက်လွှတ်ရတော့မည်ဟု ထင်ခဲ့မိသည်။
သူသာ တက္ကသိုလ်တစ်ခုတွင် ဝင်ခွင့်မရခဲ့ပါက အင်တာနက်စွဲလမ်းမှုကို ကုသပေးနိုင်မည့် ကျောင်းတစ်ကျောင်းကို ပို့မည်ဟု သူ့အဖေက သူ့အား ပြောထားသည်။
သိရသလောက်ဆိုလျှင် ထိုနေရာကား ငရဲတမျှပင်။ စတားတက္ကသိုလ်က သူ့အား ကယ်တင်ခဲ့ခြင်းဖြစ်၏။
မော့ရှောင်ရှောင်၏မိဘများကလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် သူတိုသား၏အနာဂတ်အတွက် စိုးရိမ်ပူပန်ခဲ့ရသည်။
သို့သော် ယခုမူ အနည်းဆုံးတော့ တက္ကသိုလ်ဘွဲ့တစ်ခုတော့ ရနိုင်ပြီဖြစ်၏။ အထူးသဖြင့် ဤတက္ကသိုလ်၏ ပတ်ဝန်းကျင်ကား အလွန်တရာကောင်းမွန်နေချေသည်။
ဝင်ပေါက်တွင် ဆရာတချို့လည်း မတ်တတ်ရပ်နေကြသည်။
လင်းရှစ်ယင်က ပြုံးပြလျက် ပြောလိုက်လေသည်။
"စတားတက္ကသိုလ်က ကြိုဆိုပါတယ်"
"ကျေးဇူးတင်ပါတယ် ဆရာမ"
ဆရာမလှလှလေးကိုမြင်သော် မော့ရှောင်ရှောင် အလွန်ပျော်ရွှင်သွားသည်။
ကျောင်းဝင်းတစ်ခုလုံးက မျက်နှာအတည်ပြုစနစ်ကို အသုံးပြုရသည်။ စနစ်ကို ဖြတ်ကျော်နိုင်လျှင် ကျောင်းဝင်းထဲသို့ ဝင်ခွင့်ရပြီဖြစ်၏။
"ဆရာမ.. ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်တွေကို လုပ်ဖို့လိုသေးလားဗျ"
မော့ရှောင်ရှောင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
လင်းရှစ်ယင်က ကျောင်းမြေပုံတစ်ခုကို ထုတ်ပြီးနောက် ပြောလိုက်၏။
"မြေပုံမှာပြထားတဲ့ အဆောင်ကိုသာ တန်းသွားလိုက်ပါ"
"ဗျာ"
မော့ရှောင်ရှောင် အတန်ငယ်နားရှုပ်သွားသည်။
ဤသည်မှာ သူ့အတန်းဖော်များပြောပြထားသည့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့် မတူပေ။
ကျောင်းဝင်းထဲသို့ဝင်လာပြီးနောက် မော့ရှောင်ရှောင်ခမျာ ကျောင်း၏ဉာဏ်ရည်တုကြောင့် အံ့ဩမှင်တက်သွားရသည်။
ကျောင်းဝင်းထဲတွင် သန့်ရှင်းရေးတစ်ယောက်မှမရှိဘဲ အေအိုင်စက်ရုပ်များကသာ သန့်ရှင်းရေးကို တာဝန်ယူနေကြသည်။
အခြားကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုပေသည်။
သို့သော် မော့ရှောင်ရှောင် ကျောင်းထဲသို့ ဝင်လိုက်သည်နှင့် သူ့အချက်အလက်များကို မှတ်တမ်းတင်ထားပြီးဖြစ်၏။
ဤသည်မှာ စတားတက္ကသိုလ်၏ အထင်ကြီးဖို့ကောင်းသောအချက်ပင်။
သူတို့မိသားစုလည်း လက်ဆွဲသေတ္တာကိုသယ်၍ မြေပုံ၏တည်နေရာအတိုင်း အဆောင်ဘက်သို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့ ငေးမောနေခဲ့ရသည်။
ဤကျောင်းဝင်းမှာ အလွန်ခမ်းနားလှချေသည်။
အဘွားလျိုက မဟာဥယျာဉ်ကြီးထဲသို့ ဝင်လာသလို ခံစားလိုက်ရပြီး အရာအားလုံးမှာ စူးစမ်းချင်စရာကောင်းနေတော့သည်။
ဤသည်မှာ ကျောင်းတစ်ကျောင်းသက်သက်မဟုတ်ပေ။ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုပင် ဤမျှအထိ အထင်ကြီးဖို့မကောင်းပေ။
သူတို့မိသားစုလည်း အဆောင်ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအခါ သူ့အဖေက ရုတ်တရက်ပြောလိုက်၏။
"ငါတို့ ကျောင်းသားတွေအများကြီးကို တွေ့ခဲ့ပေမဲ့ ကျောင်းပေါက်ဝမှာရှိတဲ့ ဆရာမတစ်ယောက်ကလွဲရင် တခြားဆရာတွေမရှိဘူးဆိုတာ သတိထားမိလား"
"ဟုတ်တယ်။ တော်တော်ထူးဆန်းတယ်နော်"
သူတို့တစ်သိုက်လည်း အဆောင်တံခါးဝသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် အဆောင်မှူး၏အရိပ်အယောင်ကို လုံးဝမမြင်မိပေ။
အဆောင်ခန်းတံခါးကို တင်းတင်းစေ့ပိတ်ထားသဖြင့် သူတို့မိသားစုမှာ အထဲကို ဘယ်လိုဝင်ရမလဲဆိုသည်ကို ဇဝေဇဝါဖြစ်နေကြသည်။
ထိုအခိုက်မှာပင် မော့ရှောင်ရှောင်က တံခါးပေါ်ရှိ လက်ဗွေအမှတ်အသားတစ်ခုကို မြင်လိုက်ရသည်။
ဤသည်မှာ လက်ဗွေစနစ်ဖြင့် ဝင်ရခြင်းလေလား။
မဖြစ်နိုင်တာ.. ဒါကြီးက အရမ်းအဆင့်မြင့်လွန်းတယ်…
လက်ဗွေနှင့်သော့ခတ်သည့်စနစ်က အဆင့်မြင့်လူနေအိမ်ရာများတွင်သာ ရှိသည်။ သို့တိုင် ထိုအပေါ်သို့ သူ့လက်ဖဝါးကို တင်လိုက်၏။
[တင်! မော့ရှောင်ရှောင် စကန်ဖတ်ခြင်းအောင်မြင်ပါတယ်။ အထဲကိုဝင်လို့ရပါပြီ]
စက်သံတစ်သံထွက်လာပြီးနောက် အဆောင်ခန်းတံခါးက ပွင့်သွားချေသည်။ သူတို့မိသားစုတစ်သိုက်လည်း အံ့အားသင့်သွားရသည်။
အထင်ကြီးဖို့ကောင်းလိုက်တာ…
မော့ရှောင်ရှောင်မှာမူ ဤကျောင်းကို သဘောကျသွားတော့သည်။ ဤသည်မှာ အဆင့်မြင့်နည်းပညာပင်။
ဤမျှအံ့ဖွယ်ကောင်းသော စနစ်မျိုးကို မည်သူကများ ဖန်တီးထားသလဲဆိုသည်ကို သူ အလွန်သိချင်သွားရသည်။
သူတို့လည်း ညွှန်ကြားချက်များအတိုင်း အဆောင်၃၁၄ကို ဝင်လာခဲ့လိုက်သည်။
မော့ရှောင်ရှောင်ခမျာ လက်ဗွေရိုက်ထည့်လိုက်ပြီးနောက် အဆောင်ခန်းတံခါးပွင့်လာသည့်အတွက် အလွန်အံ့ဩမှင်တက်နေသည်။
ဝိုး.. ဒါက အဆောင်ခန်းလား… ဒါကြီးက အဆင့်မြင့်ဟိုတယ်ခန်းဆိုတာ သိသာနေတာပဲကို…
ဤအဆောင်ခန်း၏ ခမ်းနားထည်ဝါမှုကြောင့် မော့ရှောင်ရှောင်၏မိဘများမှာ အားကျကုန်ကြသည်။
ယဲ့ချန်းက လေသာဆောင်တွင်ရပ်၍ လက်ဆွဲသေတ္တာများကိုသယ်ထားသည့် ကျောင်းသားများ ကျောင်းဝင်းထဲသို့ဝင်လာသည့်မြင်ကွင်းကိုကြည့်ရင်း အားရကျေနပ်နေသည်။
သူ တက္ကသိုလ်တက်ခဲ့ရသည့်နေ့များကိုပင် ပြန်အမှတ်ရမိသည်။ မနေ့တစ်နေ့ကလိုပင်။
သို့သော် တစ်နေ့တွင် သူသည် တက္ကသိုလ်တစ်ခုကို ပိုင်ဆိုင်ထားသည့် တက္ကသိုလ်ဥက္ကဋ္ဌဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။
ကျောင်းသားများမှာ ကျောင်းဝင်းထဲသို့ အလျှိုလျှိုရောက်လာကြသည်။
သူတို့၏မျက်ဝန်းထဲတွင် ယဲ့ချန်းကောင်းကောင်းနားလည်သည့် မျှော်လင့်တောင့်တလေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ ကျောင်းဝင်းနှင့် သူတို့၏အနာဂတ်ကို မျှော်လင့်တောင့်တနေခြင်းပင်။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"စတားတက္ကသိုလ်မှ ကြိုဆိုပါတယ်။ ဒီနေရာက မင်းတို့ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းနိုင်မယ့် စင်မြင့်တစ်ခုဖြစ်လာမှာပါ"
ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ကျောင်းပေါက်ဝတွင် စုဝေးလာကြသည်။ ယခုလောလောဆယ်တွင် ယဲ့ချန်းသည် ဆရာငါးယောက်ကိုသာ ခန့်ထားသည်။
သူတို့က သင်ကြားရေးအဆောက်အအုံ၊ အဆောင်များ၊ နည်းပညာအဆောက်အအုံ၊ ဂီတအဆောက်အအုံနှင့် ဖျော်ဖြေပွဲခန်းမတို့အသီးသီးကို တာဝန်ယူရမည်ဖြစ်၏။
လင်းရှစ်ယင်ကလွဲလျှင် ကျန်ဆရာအားလုံးမှာ စနစ်က ခန့်အပ်ပေးထားခြင်းပင်။ ထို့ပြင် သူတို့သည် လျှို့ဝှက်ရေးသဘောတူစာချုပ်တစ်မျိုးကို ချုပ်ဆိုထားရဟန်တူသည်။
ကျောင်းအပ်နှံရေးဌာနတွင် ပြုံတိုးနေရသော အခြားကျောင်းများနှင့် မတူပါဘဲ စတားတက္ကသိုလ်ဝင်ရောက်ရခြင်းမှာ အလွန်ရိုးရှင်းပြီး မိနစ်ပိုင်းမျှသာကြာသည်။
ထို့ကြောင့် စတားတက္ကသိုလ်ရှိ ကျောင်းသားများမှာ အခြားတက္ကသိုလ်ကျောင်းသားများနှယ် တန်းစီစရာမလိုပေ။
ကျောင်းသားများက စိတ်ကူးယဉ်တိုင်းပြည်တစ်ခုထဲသို့ ရောက်နေသည့်အလား ကျောင်းဝင်းထဲတွင် လှည့်လည်သွားလာနေကြသည်။
လော့ကျင်းရှန်ကမူ သူ့ဂစ်တာကို သယ်ထားသည်။ သူသည် ငယ်စဉ်ကတည်းက ဂီတကို ချစ်မြတ်နိုးခဲ့သည်။
သို့သော် သူ့ရမှတ်က အလွန်နည်းလွန်းလှသဖြင့် တက္ကသိုလ်ဝင်ခွင့်မရလောက်ဘူးဟု ထင်ထားခဲ့သည်။ သို့တိုင် စတားတက္ကသိုလ်ကတော့ သူ့ကို လက်ခံခဲ့သည်။
ကျောင်းထဲကိုဝင်လာပြီးနောက် ဂီတအဆောက်အအုံကြောင့် ချက်ချင်းဆိုသလို ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
ဂီတအဆောက်အအုံထဲသို့ လျှောက်ဝင်လာရင်း အတွင်းပိုင်းအပြင်အဆင်ကြောင့် သူ့စိတ်ထဲ အလွန်တရားသက်သောင့်သက်သာဖြစ်သွားရသည်။
ဤသည်မှာ ဂီတသမုဒ္ဒရာတစ်ခုအလားပင်။
ပစ္စည်းပစ္စယများလည်း ပြည့်စုံသည်။ လေ့ကျင့်ရေးအခန်းများ၊ ပစ္စည်းအရင်းအမြစ်အခန်းများ၊ ဖျော်ဖြေရေးခန်းမများစသဖြင့် ပြီးပြည့်စုံလှသည်။
အထူးသဖြင့် လေ့ကျင့်ရေးအခန်းတွင် အဆင့်အမြင့်ဆုံးအသံတူရိယာများ၊ တီးခတ်ရေးကိရိယာများကို ထည့်သွင်းထားလေရာ နည်းပညာဆွဲဆောင်မှုလည်း အပြည့်ရှိချေသည်။
နည်းပညာအဆောက်အအုံထဲတွင် မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်က ဓာတ်ခွဲခန်းထဲသို့ ဝင်လာလေသည်။
သူသည် နယူကလီးယားစွမ်းအင်အကြောင်း အမြဲစိတ်ဝင်တစားရှိခဲ့သူပင်။ သို့သော် သူ့မိသားစုက ကန့်ကွက်ခဲ့သောကြောင့် လေ့လာစမ်းသပ်မှုများကို တိတ်တိတ်လေးလုပ်ဆောင်ခဲ့ရသည်။
ထို့ကြောင့် နည်းပညာအဆောက်အအုံထဲသို့ ရောက်သည်နှင့် ဓာတ်ခွဲခန်းထဲသို့ တန်းသွားလိုက်သည်။
ဓာတ်ခွဲခန်းတွင် သူလိုချင်သော ပစ္စည်းကိရိယာများ မရှိပါက ချက်ချင်းပြန်ထွက်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
သို့သော် ပြတင်းပေါက်မှတစ်ဆင့် ဓာတ်ခွဲခန်းထဲရှိ ပစ္စည်းများကို မြင်လိုက်ရချိန်မှာမူ အံ့ဩမှင်တက်သွားရလေသည်။
ပရိုတွန်ခွဲခြမ်းစိတ်ဖြာစက်၊ ပရိုတွန်ဓာတ်ပေါင်းဖိုနှင့် သူတွေးမိသမျှ လေ့လာစမ်းသပ်ရေးကိရိယာအစုံအလင်ရှိပေသည်။
ဤသည်မှာ သူ့လို ဓာတ်ခွဲခန်းဝါသနာရှင်တစ်ယောက်အတွက်တော့ နိဗ္ဗာန်ဘုံတစ်ခုပင်။
ဤနေရာတွင် ကျောင်းသားများအနေနှင့် သူတို့၏အိပ်မက်များကို ရှာဖွေနိုင်မည့် စင်မြင့်တစ်ခုကို တွေ့နိုင်သည်။
ယဲ့ချန်းက ကျောင်းဝင်းအနှံ့ လှည့်လည်သွားလာရင်း ပျော်မြူနေသော ကလေးများ၏မျက်ဝန်းများနှင့် ဝမ်းသာနေဟန်အမူအရာများကို ကြည့်ရင်း အလွန်ကျေနပ်အားရမိသည်။
ပထမဆုံးရက်တွင် ယဲ့ချန်းသည် ဘာအစီအစဉ်ကိုမှ ချမထားပေ။ ကျောင်းသားများကို ကျောင်းပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် အဆင့်မြင့်ကျောင်းဝင်း၏ဆွဲဆောင်မှုကို ခံစားရစေရန်အတွက် လွှတ်ထားပေးလိုက်သည်။
ဤနေရာတွင် ထူးချွန်ထက်မြက်သော လူရည်ချွန်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သူ အခိုင်အမာယုံကြည်ထားသည်။
••••••••••••••••••
အပိုင်း ၃၀၃ : အိပ်မက်များကိုရွေးချယ်ခြင်း
မိဘများက သူတို့သားသမီးများကို ကျောင်းလိုက်ပို့ပေးပြီးနောက် ခဏမျှနေပြီးသည်နှင့် ပြန်သွားကြသည်။
မိဘများ ပြန်သွားသောအခါ ဤနေရာကား ကျောင်းသားများ၏ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖြစ်သွားလေသည်။
ထို့နောက် ကျောင်းသားများမှာ အချင်းချင်း ခပ်မြန်မြန်ရင်းနှီးသွားကြသည်။
သူတို့တွင် ထူးခြားသောလက္ခဏာတစ်ခုရှိကြောင်း သိလိုက်ရသည်။ သူတို့သည် စာမလိုက်နိုင်သော ကျောင်းသားများပင်။
"မင်းရဲ့တက္ကသိုလ်ဝင်ခွင့်ရမှတ်က ဘယ်လောက်လဲ"
"၂၁၀"
"မိုက်လိုက်တာ။ ငါက ၁၈၀ပဲရတာ"
"ဝိုး မင်းတို့တွေက ဉာဏ်ကြီးရှင်တွေပဲ။ ငါက ၁၃၀မှတ်ပဲရတာ"
...
မကြာခင်မှာပင် ကျောင်းသားများသည် ထူးဆန်းသောအချက်တစ်ခုကို သတိပြုမိသွားသည်။
ကျောင်းအပေါက်ဝတွင် ဆရာဆရာမတချို့ကို မြင်ခဲ့ရသည်ကလွဲလျှင် အခြားဆရာများကို မတွေ့မိပေ။
အတိုင်ပင်ခံဆရာများပင် မရှိပေ။
ဆရာတွေက ဘယ်ရောက်နေတာလဲ....
တက္ကသိုလ်ဆိုသည်မှာ ကျောင်းသားများကို နေ့စဉ်စီမံခန့်ခွဲရန်အတွက် အတိုင်ပင်ခံဆရာများကို ခန့်ထားကြသည်။ ကျောင်းသားများက ဤကျောင်းသို့ ရောက်လာသည်မှာ အချိန်အတိုင်းအတာတစ်ခု ရှိနေပြီဖြစ်ရာ ယခုလောက်ဆိုလျှင် အတိုင်ပင်ခံဆရာများလည်း ပေါ်လာသင့်ပြီမဟုတ်လား။
ဘယ်လိုဖြစ်တာလဲ...
ကျောင်းသားများလည်း အဆောင်ထဲတွင် သူတို့အထုပ်အပိုးများကို နေရာချပြီးနောက် ကိုယ်ဝါသနာပါရာကို လုပ်နေကြတော့သည်။
တချို့က ဂစ်တာတီး၍ သီချင်းဆိုနေပြီး တချို့ကတော့ ပန်းချီဆွဲသည်။ အချို့က ဘလော့တုံးများဖြင့် အိမ်ဆောက်နေကြပြီး တချို့ဆိုလျှင် အစားအသောက်ချက်ပြုတ်နည်းများကို သုတေသနပြုလုပ်ရန်အတွက် အဆောင်သို့ ညစာများ သယ်လာကြသည်။
ကျောင်းအပ်နှံခြင်းကား ပြီးစီးသွားလေပြီ။
ကျောင်းသားစုစုပေါင်း၂၁၁၈ယောက် အချိန်မီစာရင်းသွင်းနိုင်ခဲ့သည်။
သူတို့၏ပညာရေးရမှတ်က နိမ့်ပါသော်ငြား သူတို့တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အရည်အသွေးများ ရှိကြသည်။
အခြားကျောင်းရှိ ကျောင်းသားများနှင့် မတူသည်မှာ သူတို့က တက္ကသိုလ်ဝင်ခွင့်ရခဲ့သည့် အခွင့်အရေးကို အလွန်တန်ဖိုးထားသည်။ ဤအခွင့်အရေးကား လွယ်လွယ်နှင့်ရခဲ့ခြင်းမဟုတ်ပေ။
အသံချဲ့စက်အသံက အဆောင်များ၊ ကစားကွင်းများနှင့် သင်ကြားရေးအဆောက်အအုံများတွင် ပေါ်ထွက်လာသည်။
[ညခုနစ်နာရီမှာ ကျောင်းသားများအားလုံး သင်ကြားရေးအဆောက်အအုံရဲ့ ပထမထပ်မှာရှိတဲ့ ဟောခန်းထဲမှာ လူစုပေးကြပါ]
ထိုအသံထုတ်လွှင့်မှုကို ကြားသောအခါမှသာ ကျောင်းသားများ သက်မချမိတော့သည်။
သူတို့သည် ဆရာများကို မမြင်မိသဖြင့် စိုးရိမ်ပူပန်နေခဲ့ခြင်းပင်။ ဆရာမရှိသည့် တက္ကသိုလ်ဆိုသည်မှာ အလွန်ထူးဆန်းလှ၏။
ညခုနစ်နာရီတွင် ဟောခန်းထဲ၌ ကျောင်းသားများ ပြည့်နှက်နေချေသည်။
ဤဟောခန်းကြီးမှာ ကျောင်းသားအယောက်ခုနစ်ထောင် ဝင်ဆံ့သည်။ သို့သော် ကျောင်းက နာမည်မရှိသေးသောကြောင့် ကျောင်းသားအယောက်နှစ်ထောင်သာ ရှိ၏။
ကျောင်းသားများကမူ ဆရာများနှင့် ကျောင်းအုပ်ကြီးကို တွေ့ဆုံရဖို့ မျှော်လင့်စောင့်စားနေကြသည်။
ညခုနစ်နာရီတိတိရောက်သော် လင်းရှစ်ယင်က စင်မြင့်ထက်သို့ ဦးစွာတက်လာသည်။
"အားလုံးပဲ စတားတက္ကသိုလ်က ကြိုဆိုပါတယ်။ ဒီနေ့ကစပြီး မင်းတို့ရဲ့အိပ်မက်တွေကို ဒီနေရာမှာ ပုံဖော်လို့ရပါပြီ"
လင်းရှစ်ယင်၏အသံက အလွန်သာယာနာပျော်ဖွယ်ကောင်းလှလေရာ နားဝင်ပီယံရှိလှသည်။
"ဆက်လက်ပြီးတော့ ကျောင်းအုပ်ကြီးယဲ့ချန်းကို မိန့်ခွန်းပြောပေးဖို့ ဖိတ်ခေါ်လိုက်ရအောင်"
လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြီးနောက် ကျောင်းသားများလည်း စင်အနောက်သို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့စိတ်ထဲတွင် ကျောင်းအုပ်ကြီးက အသက်ခပ်ကြီးကြီးအမျိုးသားတစ်ယောက်ဖြစ်ပြီး ထိပ်ပြောင်နေလောက်သည်ဟု ထင်ထားကြသည်။
သို့သော် ယဲ့ချန်းထွက်လာသောအခါ လူတိုင်း အံ့သြမှင်တက်ကုန်သည်။
ယဲ့ချန်းက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်ပြီး အလွန်ချောမောခန့်ညားလှသည်။
"အမလေး.. ငါတို့ကျောင်းအုပ်ကြီးက အရမ်းချောတာပဲ"
ကျောင်းသူတစ်ယောက်က မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ်ကိုအုပ်ကာရင်း တအံ့တသြရေရွတ်လိုက်၏။
"ဟုတ်ပါရဲ့။ ငါတော့ ဒီခန့်ချောကျောင်းအုပ်ကြီးကို ချစ်မိသွားပြီထင်တယ်"
အခြားကျောင်းသူတစ်ယောက်က ဆိုလာလေသည်။
ယဲ့ချန်းက စကားစပြောသည်နှင့် မိန်းကလေးတိုင်းကို ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော သမိုင်းတစ်လျှောက် ပထမဆုံးကျောင်းအုပ်ကြီးဖြစ်လောက်သည်။
ယဲ့ချန်းက စင်မြင့်ထက်တွင် မတ်တတ်ရပ်၍ ငယ်ရွယ်တက်ကြွနေသော မျက်နှာလေးများကိုကြည့်ကာ သူ့တက္ကသိုလ်ကျောင်းသားဘဝကို ပြန်မြင်ယောင်နေမိသည်။
ကံဆိုးချင်တော့ သူသည် ဤကျောင်းသားများလို ကံမကောင်းခဲ့ပေ။ ထို့ကြောင့် ဤကျောင်းသားများကိုလည်း သူ့လို နောင်တမရစေချင်ပေ။
"ကျောင်းသားကျောင်းသူတို့... စတားတက္ကသိုလ်ကို ရွေးချယ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီမှာ တစ်ရက်နေကြည့်ပြီးသွားပြီဆိုတော့ ကျောင်းဝင်းနဲ့လည်း ရင်းနှီးလောက်ရောပေါ့။ မိုက်တယ်မလား။ ကျောင်းအုပ်ယဲ့က မင်းတို့ကို အလိုလိုက်ထားတယ်မလား"
အခန်းတစ်ခုလုံးကား ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
စတားတက္ကသိုလ်၏ကျောင်းဝင်းက အလွန်ခမ်းနားလွန်းလှသဖြင့် ဟွားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များထက်ပင် သာလွန်လေသည်။
ယဲ့ချန်း ဆက်ပြောလိုက်၏။
"စတားတက္ကသိုလ်ရဲ့ပန်းတိုင်က အိပ်မက်နဲ့လွတ်လပ်မှုပါ။ ဒါက ဆရာတို့ရဲ့သင်ကြားရေးအတွေးအခေါ်တွေကို ထင်ဟပ်စေပါတယ်။ ဒီနေရာက မင်းတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မဲ့ စင်မြင့်တစ်ခုပါပဲ။ မင်းတို့မှာ ဘယ်လိုအိပ်မက်မျိုးပဲရှိရှိ ကျောင်းဘက်က အစွမ်းကုန်ထောက်ပံ့ပေးမှာပါ"
သူ့စကားများကြောင့် လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်။
ဤသည်မှာ ကျောင်းသားများ မျှော်လင့်တောင့်တနေသော အရာများပင်။
အမှန်ပင်။ သူတို့၏အဆင့်များက မကောင်းလှပေ။ သို့သော် လူတိုင်းတွင် အိပ်မက်ကိုယ်စီရှိပြီး ထိုအတွက်လည်း တိုက်ခိုက်ချင်စိတ်ရှိ၏။
အထက်ကျောင်းတက်နေစဉ်အတွင်း သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အင်္ဂလိပ်ဘာသာတို့က သူတို့အား ဖိစီးထားသည့် တောင်တန်းများနှယ် ခံစားရပြီး သူတို့၏အိပ်မက်များကို စွန့်လွှတ်ကာ သူတို့မကြိုက်သည့် အရာများကို အတင်းလုပ်ခိုင်းနေသလို ခံစားရသည်။
တချို့က ခုခံခဲ့ပြီး တချို့ကမူ လိုက်လျောခဲ့ရသည်။ သို့တိုင် သူတို့ကတော့ သူတို့၏အိပ်မက်များကို လက်မလျှော့ခဲ့ကြပေ။
ကျောင်းသားများ၏ စိတ်အားထက်သန်နေသော မျက်ဝန်းများကို မြင်သောအခါ ယဲ့ချန်း၏နှုတ်ခမ်းအစုံကား တွန့်ကွေးသွားရသည်။
ဤသည်မှာ သူ ဆန္ဒရှိသောအရာပင်။
ထိုအချိန်တွင် ယဲ့ချန်းကိုကြည့်သော ကျောင်းသားများ၏အကြည့်က လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်းက သူတို့၏ကျောင်းအုပ်မျှသာမက သူတို့အိပ်မက်များ၏ ပဲ့ကိုင်ရှင်လည်း ဖြစ်၏။
သူတို့၏အိပ်မက်များက တန့်နေခဲ့သည်မှာ ကြာလှလေပြီ။ သို့သော် ယခုမူ အဆုံးမှာတော့ ရှေ့ဆက်ခွင့်ရလိုက်ပြီဖြစ်၏။
လက်ခုပ်ဩဘာသံများက အခန်းတစ်ခန်းလုံးအနှံ့ ပဲ့တင်ထပ်သွားလေသည်။
ယဲ့ချန်းက ဆက်ပြောလိုက်၏။
"ကောင်းပြီလေ။ အခု မေးစရာရှိတဲ့လူ လွတ်လွတ်လပ်လပ်မေးလို့ရပြီ"
ယဲ့ချန်း တက္ကသိုလ်တက်စဉ်က ကျောင်းအုပ်ကြီးများ၏ ရှည်လျားလှသော မိန့်ခွန်းများမှာ သူ့ကို အိပ်ချင်လာစေသည်။
ထို့ကြောင့် သူကိုယ်တိုင် ကျောင်းအုပ်အဖြစ် မိန့်ခွန်းပြောခွင့်ရလာချိန်မှာမူ အရေးမပါသော အကြောင်းအရာများကို မပြောတော့ပေ။
လိုရင်းကိုသာပြောပြီးနောက် ကျောင်းသားများ၏ မေးခွန်းများကို ဖြေပေးမည်သာ။
ထိုအခိုက်ဝယ် ကျောင်းသားတစ်ယောက်က လက်မြှောက်၍ မေးခွန်းထုတ်လာလေသည်။
"ကျောင်းအုပ်ယဲ့.. ကျွန်တော်တို့ ဒီနေ့တစ်ရက်လုံးလုံး ကျောင်းဝင်းထဲမှာရှိနေခဲ့တာ။ ကျောင်းဝင်းထဲမှာ အကြံပေးအရာရှိတို့ ဆရာဆရာမတို့ကို ဘာလို့မမြင်မိတာလဲ"
အခြားကျောင်းသူကျောင်းသားများလည်း ဤအကြောင်းကို သိချင်မိသည်။
ယဲ့ချန်းက ပြောလိုက်သည်။
"မင်းတို့တွေကို ပြောပြချင်တဲ့ ကိစ္စတစ်ခုရှိသေးတယ်။ စတားတက္ကသိုလ်မှာ ဆရာမရှိဘူး"
ရုတ်ခြည်းပင် အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။ လူတိုင်း ကြောင်အသွားလေတော့သည်။
ဆရာ မရှိဘူးလား...
ဆရာမရှိသည့် ကျောင်းဟူ၍ ရှိနိုင်ရဲ့လား...
သူ့ကျောင်းသားများ၏ ကြောင်အနေသော အမူအရာကို မြင်သောအခါ ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"စတားတက္ကသိုလ်က မင်းတို့ကို လွတ်လပ်ခွင့် လုံးဝပေးထားတယ်။ ဒီနေရာမှာ ဘာဆရာမှမရှိဘူး။ ဘာအတန်းချိန်မှမရှိဘူး။ မင်းတို့တွေက မင်းတို့ရဲ့ဆရာပဲ"
"ဘာ"
ယဲ့ချန်း၏စကားကိုကြားသော် လူတိုင်း ကြက်သေသေသွားကြသည်။
သူတို့က သူတို့ရဲ့ဆရာလား...
စတားတက္ကသိုလ်တွင် စာညံ့သောကျောင်းသားများသာ ရှိပေသည်။
သူတို့ကိုသာ သူတို့၏ဆရာများအဖြစ် သဘောထားရမည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။
ယဲ့ချန်း ဆက်ပြောလိုက်သည်။
"ဒီမှာထိုင်နေကြတဲ့ လူတော်တော်များများက တက္ကသိုလ်ဝင်ခွင့်ရမှတ်ကောင်းတွေ မရကြဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ မင်းတို့တွေမှာ ထူးခြားတဲ့အရည်အသွေးတွေ ရှိကြတယ်။ အဲဒီအရည်အသွေးတွေကပဲ မင်းတို့ကို အရည်အချင်းပြည့်ဝတဲ့ ဆရာတွေဖြစ်လာစေတာ"
ဤသည်မှာ အလုပ်ဖြစ်ပါ့မလား...
ကျောင်းသားများလည်း လုံးဝအကြောင်သားဖြစ်သွားရသည်။
ယဲ့ချန်း ဆက်ပြောလိုက်ပြန်သည်။
"မင်းတို့တွေ ကျောင်းဝက်ဘ်ဆိုက်မှာ မင်းတို့တက်ချင်တဲ့မေဂျာကို လျှောက်လို့ရတယ်။ ငါတို့ဘက်က မင်းတို့ရဲ့ရွေးချယ်မှုအတိုင်း မေဂျာတွေကို နေရာချပေးမယ်"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ကျောင်းသားများ၏ မျက်ဝန်းများမှာ အားရဝမ်းသာမှုများဖြင့် လင်းလက်သွားလေသည်။
အမလေး.. တကယ်ကြီးလား..
သူတို့သဘောကျသည့် မေဂျာများကို ရွေးချယ်ပြီး သူတို့စိတ်ကြိုက်လုပ်နိုင်သည်တဲ့လား။ ဤသည်မှာ အံ့ဩဖို့ကောင်းလွန်းလှသည်။
တော်တော်များများတွင် ထိုသို့သောအိပ်မက်များ ရှိကြသည်။ သူတို့ ဆန္ဒရှိသည့်အရာကို လုပ်နိုင်ချင်သည်။
သို့သော် အိပ်မက်များမှာ လက်တွေ့နှင့် ဝေးကွာလွန်းလှသည်။ ထိုအိပ်မက်များကား ဘဝအခြေအနေကြောင့် ဖြည်းဖြည်းချင်းကွယ်ပျောက်သွားရသည်။
ယခုမူ ယဲ့ချန်းက သူတို့အား အိပ်မက်ကိုရွေးချယ်နိုင်သည့် အခွင့်အရေးကို ပေးလိုက်ပြီဖြစ်ရာ ကျောင်းသားများအနေနှင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။
••••••••••••••••••••