← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အပိုင်း ၃၁၃ : စုန့်သုန်းက အရှုံးကိုဝန်ခံလိုက်ခြင်း

စုန့်သုန်း၏မျက်နှာကား ပျက်ယွင်းသွားရသည်။ ဤတစ်ခေါက်တွင်မူ သူ့ဆုံးရှုံးမှုကား ကြီးမားလှသည်။

Mနိုင်ငံရှိ ဘီလျံပေါင်းများစွာရှိသော ပိုင်ဆိုင်မှုအားလုံးမှာ အသိမ်းခံလိုက်ရလေပြီ။ အရေးအကြီးဆုံးမှာ သူသည် ဝရမ်းပြေးတစ်ယောက် ဖြစ်သွားလေပြီ။

Mနိုင်ငံနှင့် ပြစ်မှုကျူးလွန်သူကို လွှဲအပ်လေ့ရှိသည့် နိုင်ငံတစ်ခုခုကို ဝင်မိသည်နှင့် လွှဲပြောင်းခံရမည်သာ။

ဖုန်းချပြီးနောက် စုန့်သုန်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

မဖြစ်နိုင်တာ.. တစ်ဖက်လူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ.. သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုအရှိန်အဝါမျိုးရှိနိုင်မှာလဲ.. တိုက်ဆိုင်တာပဲဖြစ်ရမယ်...

သို့သော် ထိုအချိန်မှာပင် စုန့်သုန်းထံသို့ ဖုန်းဝင်လာပြန်သည်။

"ဘော့စ် ပြဿနာတက်ပြီ"

ဖုန်းတစ်ဖက်ရှိ အသံကို ကြားလိုက်ရသောအခါ စုန့်သုန်း၏နှလုံးခုန်သံမှာ စည်းချက်တစ်ချက်လွဲသွားရသည်။

"ဘာဖြစ်ပြန်ပြီလဲ"

"ကျွန်တော်တို့ရဲ့မှောင်ခိုပစ္စည်းတွေကို ရဲတွေ မိသွားလို့ အသိမ်းခံလိုက်ရပြီ"

စုန့်သုန်း : "..."

ဤလမ်းကြောင်းမှာ ဘာပြဿနာမှမရှိဘဲ အကြိမ်ကြိမ်ဖြတ်သန်းနေကျဖြစ်၏။ သို့သော် ယခုမူ ရဲများ၏ဖမ်းဆီးမှုကို ခံလိုက်ရသည်။

ဤသည်မှာ တိုက်ဆိုင်မှုလေလား။

"အစ်ကိုစုန့်.. မကောင်းတော့ဘူး။ ခင်ဗျား တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို အတင်းအကျပ်သေကြောင်းကြံစည်ခိုင်းခဲ့တဲ့ ဗီဒီယိုကြီးက အင်တာနက်ပေါ်မှာ ပြန့်နေတယ်"

ဤစကားကိုကြားလိုက်ရချိန်ဝယ် စုန့်သုန်းတစ်ယောက် ဘရိတ်နင်းချလိုက်မိတော့သည်။

အဆုံးတွင်မူ သူ ကြောက်လန့်သွားချေပြီ။

ဤသည်မှာ တိုက်ဆိုင်မှုမဟုတ်ပေ။

တိုက်ဆိုင်မှုများက ဆက်တိုက်ဖြစ်နေပါက ဖြစ်နိုင်ခြေက တစ်ခုတည်းသာ ရှိတော့သည်။ တစ်စုံတစ်ယောက်က သူ့အား ပစ်မှတ်ထားနေခြင်းပင်။

သူ ယဲ့ချန်းကို အပြစ်ပြုမိခဲ့သောကြောင့် တစ်ဖက်လူက သူ့အား ပစ်မှတ်ထားနေခြင်းမှာ သိသာလှသည်။

စုန့်ကျားလည်း စုန့်သုန်း၏ဖြူဖပ်ဖြူရော်မျက်နှာကို မြင်သွားပြီး ကြောက်လန့်သွားသည်။

"အစ်ကို.. ဘာဖြစ်နေတာလဲ"

"ဖြောင်း"

စုန့်သုန်းလည်း စုန့်ကျားကို ပါးရိုက်လိုက်လေတော့သည်။

"ဒါတွေအကုန် နင့်ကြောင့်ဖြစ်တာ အပျက်မ.. နင်သာ ပါးစပ်မသရမ်းဘူးဆိုရင် ငါက ယဲ့ချန်းကို အပြစ်ပြုမိမှာမဟုတ်ဘူး။ Mနိုင်ငံမှာလည်း ဝရမ်းပြေးဖြစ်မှာမဟုတ်ဘူး"

ယဲ့ချန်းက ဤမျှအထိအင်အားကြီးလိမ့်မည်ဟု စုန့်သုန်း ထင်မထားချေ။

ယဲ့ချန်းက ဘယ်လိုလူစားမျိုးလဲ။ ဤအကြောင်းများကို ခဏလေးအတွင်း သတင်းရနိုင်ပြီး သူ့အား ချက်ချင်းတိုက်ခိုက်နိုင်သည်။

အရေးအကြီးဆုံးကတော့ ယဲ့ချန်း၏တိုက်ခိုက်မှုက သူ့အား အထိနာစေပေသည်။

ဤတစ်ခေါက်တွင် စုန့်သုန်း တကယ်ကြောက်လန့်သွားသည်။

ယဲ့ချန်က ရန်သွားစ၍မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

စုန့်သုန်းခမျာ အံတင်းတင်းကြိတ်၍ လီဗာဖိနင်းလိုက်သည်။

ကားက နောက်ပြန်လှည့်သွားပြီး ဟိုတယ်သို့ ဦးတည်လေတော့သည်။

စုန့်ကျားမှာမူ ကြောင်အမ်းအမ်းဖြစ်နေရှာသည်။

"အစ်ကို ဘယ်သွားမလို့လဲ"

"ဘယ်သွားရမှာလဲ။ မစ္စတာယဲ့ကိုတောင်းပန်ဖို့ပေါ့"

စုန့်သုန်းလည်း သုန်မှုန်နေသော အမူအရာဖြင့် အော်လိုက်လေသည်။

"အာ.. ကျွန်မတို့စုန့်မိသားစုက တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဘာလို့တောင်းပန်မှာလဲ"

စုန့်ကျားက ဘဝင်မြင့်နေဟန်ဖြင့် ပြောလိုက်၏။

"အရေးမပါတာ။ ဒီတစ်ခေါက် နင့်ကြောင့် ငါ လုံးဝဘဝပျက်သွားပြီ"

စုန့်သုန်းလည်း ဟိုတယ်သို့ မောင်းလာခဲ့လိုက်သည်။

ထိုအချိန်တွင် မင်္ဂလာပွဲအခမ်းအနားက ကျင်းပနေဆဲပင်။

သို့သော် ဧည်သည်တော်တော်များများကမူ ယဲ့ချန်းနှင့် စုန့်သုန်းကြားရှိ တိုက်ပွဲအကြောင်း တွေးနေကြဆဲပင်။

ယဲ့ချန်း၏နောက်ခံက ထူးဆန်းလှသည်။ စုန့်သုန်းကလည်း မိုတုမြို့ရှိ နာမည်ကြီးသူဌေးသားတစ်ယောက်ပင်။ သူတို့ကြားရှိ တိုက်ပွဲမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလောက်သည်။

ယခုလောလောဆယ်တွင် တည်ငြိမ်နေပုံပေါ်သော်ငြား သိပ်မကြာခင်မှာပင် မိုတုမြို့ထဲ၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

အသစ်ပေါ်ထွက်လာသည့် ယဲ့ချန်းကပင် အနိုင်ရမလား။ သို့မဟုတ် နာမည်ကျော်သခင်လေးစုန့်ကပင် ဆက်အနိုင်ယူနိုင်မလား။ လူတိုင်းက ထိုတိုက်ပွဲကို မျှော်လင့်စောင့်စားနေကြသည်။

ထိုအချိန်မှာပင် ခန်းမတံခါးက ပွင့်သွားလေသည်။

စုန့်သုန်း အပြေးဝင်လာသည်ကိုကြည့်ရင်းသ သူတို့အားလုံး၏အမူအရာမှာ စိတ်လှုပ်ရှားတက်ကြွနေကြသည်။

စုန့်သုန်း ပြန်ရောက်လာလေပြီ။

ကြည့်ရသည်မှာ ဤဗိုလ်လုပွဲကား ရှောင်လွှဲ၍မရဟန်ပင်။

စုန့်သုန်းက မင်္ဂလာပွဲခန်းမထဲသို့ အပြေးဝင်ချလာပြီး ယဲ့ချန်းအနားသို့ ဦးတည်လိုက်သည်။

သေစမ်း.. စုန့်သုန်းက ဩဇာညောင်းတဲ့ အရှိန်အဝါတစ်ခုရှိသားပဲ...

သို့သော် ပြင်းထန်သော တိုက်ပွဲတစ်ခုကို လူတိုင်း မျှော်လင့်နေကြသည့်အချိန်မှာပင် စုန့်သုန်းက ယဲ့ချန်းရှေ့တွင် ရုတ်တရက်ဒူးထောက်ချလိုက်သည်။

"မစ္စတာယဲ့ ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ခန်းမတစ်ခုလုံးလည်း တစပြင်အလား တိတ်ဆိတ်သွားသည်။

ဘာတွေဖြစ်ကုန်တာလဲ...

မောက်မာလှသော စုန့်သုန်းက ယဲ့ချန်းရှေ့တွင် ဒူးထောက်နေသတဲ့လား။

လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။

စုန့်သုန်းက ဘယ်လိုလူစားမျိုးလဲ။

သူသည် မိုတုမြို့ရှိ အထက်တန်းလွှာထဲတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပင်။

ပုံမှန်ဆိုလျှင် သူ့အဆင့်အတန်းက မြင့်မားသည်ဖြစ်ရာ အခြားလူများကို အထင်သေးတတ်သည်။ ယခုမူ ယဲ့ချန်းရှေ့တွင် ဒူးထောက်နေပေသည်။

ဤသည်မှာ မယုံနိုင်စရာပင်။

ယဲ့ချန်း၏နှုတ်ခမ်းစွန်းကား တွန့်ကွေးသွားလေသည်။ သူသည် ဤရလဒ်ကို ကြိုသိနေသလိုပင်။

"ဘာလဲ။ ခုနတုန်းကတော့ မင်း တအားမောက်မာပြနေတာမဟုတ်လား။ ဘယ်လိုလုပ်ပြီး ခဏလေးအတွင်း သူရဲဘောကြောင်သွားတာလဲ"

စုန့်သုန်း၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ယဲ့ချန်း၏အမူအရာကို မြင်သောအခါ ထိုကိစ္စများက ယဲ့ချန်းနှင့်ပတ်သက်နေကြောင်း သူ သိလိုက်သည်။

"သခင်လေးယဲ့.. ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် စုံလုံးကန်းနေခဲ့မိတာပါ။ ခွင့်လွှတ်ပေးပါ"

သူ့လုပ်ရပ်များက ယခုထက်ပိုပြီးညစ်ထေးထားကြောင်း သူကောင်းကောင်းသိသည်။ ယဲ့ချန်းကသာ ထိုအရာများကို ဖော်ထုတ်လိုက်ပါက ပြည်တွင်းမှာပင် နေစရာနေရာမရှိလောက်တော့ပေ။

ယဲ့ချန်းကတော့ ခပ်အေးအေးသာ ပြောလိုက်သည်။

"အခုလောလောဆယ်တော့ ဒူးထောက်နေလိုက်ဦး။ မင်္ဂလာပွဲပြီးမှ ငါတို့ကိစ္စကို ရှင်းကြမယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် စုန့်သုန်းကို တစ်ချက်မျှပင်လှည့်မကြည့်တော့ပေ။

လူတိုင်းကို အံ့အားသင့်စေသောအချက်မှာ စုန့်သုန်းက ဘာတစ်ခွန်းမှပြန်မပြောရဲဘဲ နာနာခံခံဒူးထောက်နေခြင်းပင်။

မင်္ဂလာပွဲက ဆက်လက်ကျင်းပနေသော်ငြား မည်သူကမှ ဆက်ကြည့်ဖို့ စိတ်မဝင်စားကြတော့ပေ။ မျက်လုံးများက ခိုက်ခိုက်တုန်နေသော စုန့်သုန်းဆီကိုသာ ရောက်နေလေသည်။

လူတိုင်း၏မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့အားလုံးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို မျှော်လင့်နေပါသော်ငြား ယခုလိုတစ်ဖက်သက်ဖိနင်းခံရမည့်အဖြစ်ကိုမူ မျှော်လင့်မထားကြပေ။

ယဲ့ချန်းက ယဲ့ထောင်ကို နေရခက်နေဟန်ဖြင့် ပြောလိုက်၏။

"ထောင်ဇီ.. တောင်းပန်ပါတယ်"

ယဲ့ထောင်ကမူ ယဲ့ချန်းကြောင့် ထိတ်လန့်နေချေသည်။

သူ့ဝမ်းကွဲက ဘယ်လောက်တောင်အထင်ကြီးဖို့ကောင်းတာလဲ...

စုန့်သုန်းက မိုတုမြို့တွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ယဲ့ထောင် ကောင်းကောင်းသိသည်။

ယဲ့ချန်းကမူ သူ့အား ဒူးထောက်အောင်လုပ်နိုင်သည့်အပြင် တစ်ဖက်လူမှာ တုတ်တုတ်မျှပင်မလှုပ်ဘဲ ဒူးထောက်နေသည်။ ဤသည်မှာ မယုံချင်စရာကောင်းလှသည်။

ယဲ့ချန်းအပေါ်ထားသော လူတိုင်း၏အမြင်ကား လုံးဝပြောင်းလဲသွားရသည်။ သူတို့သည် ယဲ့ထောင်ကို ပို၍ပင်နွေးနွေးထွေးထွေးဆက်ဆံကြသည်။

မင်္ဂလာပွဲအခမ်းအနားပြီးသွားသည့်နောက် လူတိုင်းက ယဲ့ချန်းဘက်သို့လှမ်းကြည့်ပြီး ဆက်နေခဲ့ကြသည်။

စုန့်သုန်းက တိတ်တိတ်လေးဒူးထောက်နေပြီး ကျောပြင်တစ်ခုလုံး ချွေးများစိုရွှဲနေသည်။

ယဲ့ချန်းက ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်ပြီး အေးတိအေးစက်ပြောလိုက်၏။

"စုန့်သုန်း.. ငါက ပြဿနာတွေကို မကြိုက်ဘူး။ ဒါပေမဲ့ ကြောက်လည်းမကြောက်ဘူးနော်။ ငါ့ဝမ်းကွဲရဲ့မင်္ဂလာပွဲမှာ မင်းရဲ့ဝမ်းကွဲက ပါးစပ်သရမ်းခဲ့တာတောင် မင်းက သူ့ဘက်က နေပေးခဲ့တယ်။ အခု မင်းအပြစ်ကို ဝန်ခံပြီလား"

"ဝန်ခံပါတယ်။ ကျွန်တော်မှားသွားပါတယ် မစ္စတာယဲ့.. ကျွန်တော့်အပြစ်ပါ"

စုန့်သုန်းလည်း ကိုယ့်ပါးကိုယ် အသံအကျယ်ကြီးမြည်သည်အထိ ရိုက်လိုက်လေတော့သည်။

ယဲ့ချန်းက ဘေးနားရှိ စုန့်ကျားကို ပြောလိုက်သည်။

"ယဲ့မိသားစုဝင်တွေကို ချက်ချင်းတောင်းပန်လိုက်"

စုန့်ကျားခမျာ ကြောင်အသွားရလေသည်။

အစ်ကိုစုန့် ဘာဖြစ်နေသလဲဆိုသည်ကို သူ(မ) နားမလည်နိုင်ပေ။

သူ ရူးသွားပြီလား။ ယဲ့ချန်းရှေ့မှာ ဘာလို့ဒူးထောက်နေတာလဲ...

စုန့်ကျားမှာ အံတင်းတင်းကျိတ်လိုက်လေသည်။

"ကျွန်မက ယဲ့မိသားစုဝင်တွေကို ဘာလို့တောင်းပန်ရမှာလဲ။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ"

သူ့ဝမ်းကွဲက ခေါင်းမာနေသည်ကို မြင်သောအခါ စုန့်သုန်းလည်း သည်းမခံနိုင်တော့ပေ။

ဤကောင်မလေး၏ ပါးစပ်သရမ်းမှုကြောင့် မဟုတ်ပါက သူလည်း ဤမျှအဖြစ်ဆိုးလိမ့်မည်မဟုတ်ချေ။

စုန့်သုန်း ဘာမှမပြောတော့ဘဲ စုန့်ကျားဆီသို့ အပြေးသွားကာ ပါးရိုက်ချလိုက်ပြန်သည်။

"နင် တောင်းပန်မှာလား။ မတောင်းပန်ဘူးလား။ မတောင်းပန်ဘူးဆိုရင် ငါ နင့်ကို နိုင်ငံခြားကိုရောင်းစားပစ်မယ်"

စုန့်သုန်း၏ခြိမ်းခြောက်မှုကြောင့် စုန့်ကျားလည်း ကြောက်လန့်သွားသည်။ သူ(မ)ခမျာ မျက်ရည်တစမ်းစမ်းဖြင့် ယဲ့မိသားစုဝင်များကို တစ်ယောက်ချင်းတောင်းပန်လိုက်သည်။

ယဲ့ချန်းကမူ လက်ခါယမ်းပြလိုက်သည်။

"တော်ပြီ။ မင်း အခုသွားလို့ရပြီ။ နောက်တစ်ခါ မင်းမျက်နှာကို မမြင်ရစေနဲ့"

ထို့နောက် ယဲ့ချန်း၏အကြည့်က စုန့်သုန်းထံသို့ ရောက်သွားလေသည်။

စုန့်သုန်းမှာမူ တုန်ယင်နေလေသည်။

"မစ္စတာယဲ့ ကျွန်တော့်ကို ချမ်းသာပေးပါ။ ချမ်းသာပေးမယ်ဆိုရင် ကျွန်တော့်ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးပါ့မယ်"

ယဲ့ချန်းကတော့ ရုတ်တရက်ကြီးရယ်မောလိုက်လေသည်။

"မင်းရဲ့ပိုက်ဆံကို ငါက အရေးလုပ်မယ်များ ထင်နေတာလား။ ငါ့အတွက်တော့ ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုသက်သက်ပဲ။ ငါလိုချင်တာက ငွေမဟုတ်ဘူး"

စုန့်သုန်းခမျာ ယဲ့ချန်း၏စကားကြောင့် ကြက်သေသေသွားလေသည်။

နိုင်ငံခြားရှိ သူ့ပိုင်ဆိုင်မှုများမှာ ရေစုန်မျောသွားလေပြီ။ သို့တိုင် သူ့တွင် ဘီလျံတချို့ကျန်သေးသည်။ ဤပိုက်ဆံများကို ငွေဟု မသတ်မှတ်ဘူးလား။

ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးက ဘယ်လောက်ချမ်းသာလေသလဲ။

ယဲ့ချန်းက ငွေမလိုချင်သောကြောင့် စိတ်သက်သာရာရမိသော်ငြား ယဲ့ချန်းက သူ့အား ဘယ်လိုအပြစ်မျိုးပေးမလဲဆိုသည်ကို မသိရသဖြင့် မဝံ့မရဲဖြစ်မိသည်။

•••••••••••••••••••

အပိုင်း ၃၁၄ : တွားသွားလိုက်

ယဲ့ချန်း၏စကားများမှာ အလွန်အထက်စီးဆန်လှသည်။

စုန့်သုန်းက တစ်ဆယ်ဘီလျံပိုင်ဆိုင်မှုရှိကြောင်း လူတိုင်းအသိပင်။

တစ်ဆယ်ဘီလျံဆိုသည်မှာ ယဲ့ချန်းအတွက် ငွေဟု မသတ်မှတ်ဘူးလား။ ယဲ့ချန်းက မည်မျှချမ်းသာလေသလဲ။

ထိုအချိန်တွင် အစတုန်းက စုန့်သုန်းကိုကိုးကွယ်ခဲ့ကြသော မိန်းကလေးများမှာ ယဲ့ချန်းကြောင့် ဖမ်းစားခံလိုက်ရသည်။

ရုပ်ရည်အရပင်ဖြစ်စေ ပိုင်ဆိုင်မှုအရပင်ဖြစ်စေ သူက စုန့်သုန်းထက် အပုံကြီးသာသည်။

ဆွဲဆောင်မှုရှိပြီး ချမ်းသာသော ထိုမိန်းကလေးများက ယဲ့ချန်းကို ရဲရဲတောက်မျက်ဝန်းများဖြင့် ကြည့်နေကြသည်။

"ငါ ဒီလူ့ကို ဝီချက်မှာ ရအောင်အပ်မယ်"

"ဒီရွှေရောင်သတို့သားလောင်းကို ငါ အမိဖမ်းမှဖြစ်မယ်"

"ယဲ့ချန်း.. ဒီနာမည်ကို ငါမှတ်ထားမယ်။ သူက ငါ့ရည်းစားအသစ်ပဲ"

...

ယဲ့ချန်းက တင်းပေါ်အား ကိစ္စတချို့ ညွှန်ကြားလိုက်သည်။ တင်းပေါ်ကလည်း တောက်ပဝင်းလက်နေသော အမူအရာဖြင့် နားထောင်ရှာသည်။

"ဦးလေးယဲ့.. ခင်ဗျားက ဘယ်လိုပျော်ရမလဲဆိုတာ ကောင်းကောင်းသိသားပဲ"

မကြာခင်မှာပင် တင်းပေါ်က လူတစ်သိုက်အား ဘီယာဘူးများကိုသယ်လာခိုင်းလိုက်သည်။

ထိုဘီယာဘူးများကိုမြင်သောအခါ စုန့်သုန်း ကြက်သေသေသွားလေသည်။

ဒါက ဘာအတွက်လဲ...

ဒီဘီယာတွေကို ကုန်အောင်သောက်ခိုင်းမလို့များလား...

ထိုအခိုက်ဝယ် တင်းပေါ်၏နှုတ်ခမ်းထောင့်စွန်းဝယ် အေးစက်စက်လှောင်ပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

"အစ်ကိုသုန်း.. ခင်ဗျားက အရက်သောက်တာအရမ်းတော်တယ်လို့ ကြားထားတယ်။ အစ်ကိုချန်းက ခင်ဗျားကို အတူသောက်ဖို့ ဖိတ်မလို့တဲ့"

တင်းပေါ်က ထိုသို့ပြောရင်း ဘီယာတစ်ပုလင်းကိုထုတ်ယူ၍ ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲချလိုက်သည်။

ခွမ်း!

ပုလင်းကလည်း ကွဲကြေသွားပြီး ပုလင်းကွဲစများမှာ ပြန့်ကျဲကုန်တော့သည်။

ထိုအချိန်မှာပင် အခြားလူများကလည်း သူတို့၏ပုလင်းများကို ရိုက်ခွဲပစ်လိုက်၏။

ဤမြင်ကွင်းကိုမြင်သော် စုန့်သုန်း၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ ယဲ့ချန်းက သူ့အား ဘာလုပ်ခိုင်းတော့မလဲဆိုသည်ကို သူ သဘောပေါက်လိုက်သည်။

စုန့်သုန်းဒူးထောက်နေသည့်နေရာမှ တံခါးနားအထိ လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ပုလင်းကွဲလမ်းကြောင်းကြီးကိုကြည့်ရင်း စုန့်သုန်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။

"မင်းကို ချမ်းသာပေးဖို့က လွယ်ပါတယ်။ ဒီလမ်းအတိုင်း တွားသွားလိုက်"

စုန့်သုန်းခမျာ ပုလင်းကွဲများဖြင့် ပြည့်နှက်နေသော ကြမ်းပြင်ကိုကြည့်ရင်း ရင်ထိတ်သွားရသည်။

ယဲ့ချန်းကိုကြည့်လိုက်သောအခါတွင်မူ တစ်ဖက်လူက မြေပဲထိုင်စားရင်း သူ့အား ပွဲကြည့်သလိုကြည့်နေကြောင်း မြင်လိုက်ရ၏။

စုန့်သုန်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့အနေနှင့် အဖိုးအခကို ပြန်မပေးဆပ်ပါက ဤအခြေအနေမှ ရုန်းထွက်နိုင်တော့မည်မဟုတ်ကြောင်း နားလည်သည်။

သူသာ တွားမသွားဘူးဆိုလျှင် ယဲ့ချန်းက သူ့အားပြဿနာတက်စေမည့် ထိုကိစ္စများကို ဖော်ထုတ်လိုက်ပေလိမ့်မည်။ ထိုအခါ သူလည်း လက်ကျန်ဘဝတစ်ခုလုံးကို ထောင်ထဲတွင် ဖြတ်သန်းရလိမ့်မည်။

ပိုဆိုးသည်မှာ ထိုအကြောင်းကို တွေးကြည့်နေရန်ပင် မလိုပေ။

စုန့်သုန်းလည်း အသက်ပြင်းပြင်းရှူသွင်း၍ ဖန်ကွဲစများဆီသို့ တွားသွားလေတော့သည်။

"ခဏနေဦး။ ဖိနပ်နဲ့ခြေအိတ်တွေကိုပါ ချွတ်လိုက်"

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

ဤတစ်ခေါက်တွင် ယဲ့ချန်းက တစ်စုံတစ်ယောက်ကို နမူနာလုပ်ပြခြင်းပင်။ သူ့အား အပြစ်ပြုမိပါက ဘယ်လိုအကျိုးဆက်မျိုးကို ခံစားရမလဲဆိုသည်ကို ဤသူဌေးသားများအား သိစေချင်သည်။

မဟုတ်ပါက မောက်မာလှသော ထိုသကောင့်သားများက သူ့အား ဆက်တိုက်ပြဿနာရှာကြလိမ့်မည်။ ဤသည်မှာ အလွန်စိတ်ရှုပ်ဖို့ကောင်းလှသည်။

စုန့်သုန်းလည်း အံတင်းတင်းကျိတ်လျက် ဖိနပ်နှင့်ခြေအိတ်များကို ချွတ်လိုက်ပြီးနောက် ဖန်ကွဲစများဆီသို့ တွားသွားလေတော့သည်။

ဤအဖြစ်ကိုမြင်သော် လူအုပ်ကြီး၏မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ပြည့်နှက်သွားသည်။

စုန့်မိသားစု၏ လေးစားထိုက်သော အကြီးဆုံးသားက ဖန်ကွဲစလမ်းကြောင်းထက်တွင် ခွေးတစ်ကောင်နှယ် လေးဖက်ထောက်လျက် သွားနေပေသည်။

လူတော်တော်များများက ဖုန်းထုတ်၍ ထိုအခိုက်အတန့်လေးကို ဓာတ်ပုံရိုက်ထားကြသည်။

ဤမြင်ကွင်းမှာ မြင်ရခဲလှသည်။

စုန့်သုန်းက ဖန်ကွဲစများအပေါ်တွင် တွားသွားနေရသဖြင့် သူ့လက်များမှာ ဖန်ကွဲစများ စိုက်ကုန်သည်။ ပြင်းထန်လှသော နာကျင်မှုက သူ့ခြေထောက်ထံသို့ ကျရောက်လာသည်။

စုန့်သုန်းလည်း အံတင်းတင်းကျိတ်၍ ဖန်ကွဲစလမ်းကြောင်းအတိုင်း တွားသွားလိုက်သည်။

အဆုံးနားသို့ ရောက်လာချိန်တွင် သူ့လက်များနှင့် ခြေထောက်များမှာ သွေးများရွှဲနေချေပြီ။

ယဲ့ချန်းလည်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"မဆိုးဘူး.. အကြမ်းခံသားပဲ။ မင်းက ယောကျ်ားစစ်စစ်တစ်ယောက်ပဲ။ ပြီးခဲ့တဲ့ကိစ္စတွေကို တစ်ခါမှမဖြစ်ခဲ့ဖူးသလို ဟန်ဆောင်ပေးမယ်"

ပြင်းထန်လှသော နာကျင်မှုကြောင့် ထိုအခိုက်အတန့်လေးတွင် စုန့်သုန်း သတိမေ့လုမတတ်ပင်။ သို့သော် အံတင်းတင်းကျိတ်၍ ယဲ့ချန်းကို ပြောလိုက်၏။

"ကျွန်တော့်ကိုချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးယဲ့"

ယခုမူ စုန့်သုန်းမှာ ယဲ့ချန်းကို တကယ်ကြောက်သွားလေပြီ။ ယဲ့ချန်း၏နည်းလမ်းများက ကြောက်စရာကောင်းလှသည်။

ယဲ့ချန်းရှေ့တွင် စုန့်သုန်းက ကစားစရာအရုပ်တစ်ခုထက် မပိုပေ။

လက်စားချေရန်အတွက်မူ စဉ်းပင်မစဉ်းရဲချေ။ ယဲ့ချန်း၏လက်ထဲတွင် သူ့လျှို့ဝှက်ချက်များ ရှိနေလေရာ လက်စားချေမိပါက ကိုယ့်သေတွင်းကိုယ်တူးရာကျသွားလိမ့်မည်။

ထို့ပြင် ယဲ့ချန်းဖော်ထုတ်ခဲ့သည့် ကိစ္စများမှာ Mနိုင်ငံမှ ကိစ္စများပင်ဖြစ်လေရာ အသက်ရှူပေါက်ကျန်သေးသည်။

ပြည်တွင်းကိစ္စများသာ ပေါ်သွားပါက အချုပ်ထဲသို့ ရောက်နေလောက်ပြီဖြစ်၏။

စုန့်သုန်းလည်း လှည့်ထွက်လာခဲ့လိုက်တော့သည်။ အဆုံးတွင်မူ ဤအငြင်းပွားမှုကြီး ပြီးဆုံးသွားလေပြီ။

ပွဲအခမ်းအနားတွင်မူ ဧည့်သည်များက ယဲ့ချန်းကို အတန်းလိုက်ကြီး ခွက်မြှောက်ဂုဏ်ပြုနေကြသည်။ မည်သူကများ အာဏာရှိသောပုဂ္ဂိုလ်တစ်ယောက်နှင့် မပတ်သက်ချင်ဘဲ ရှိမည်နည်း။

သို့သော် ယဲ့ချန်းကတော့ စောစောပြန်သွားခဲ့သည်။ သူသည် ယခုလိုတွေ့ဆုံပွဲများကို သဘောမကျပေ။

ထို့ပြင် ဤလူများက သူ့မိတ်ဆွေဖြစ်နိုင်လောက်သည့် အရည်အချင်းမျိုးမရှိပေ။

ယဲ့ချန်းက အိမ်သို့ မောင်းနေချိန်တွင် စုဝမ်ယိထံမှ ဖုန်းဝင်လာသည်။

"ယဲ့ချန်း.. မနက်ဖြန်ကျရင် သူငယ်ချင်းတစ်ယောက်ရဲ့တွေ့ဆုံပွဲရှိတယ်။ သူတို့တွေက ရှင့်ကိုပါ ခေါ်လာခိုင်းနေကြတာ။ ရှင်အားလား"

"အားတာပေါ့"

ယဲ့ချန်း ရယ်မောလိုက်မိသည်။

စုဝမ်ယိက မိုတုမြို့ထဲတွင် ထိပ်တန်းအလှပဂေးတစ်ယောက်ပင်။

သူ(မ)၏သူငယ်ချင်းများက သူ(မ)တွင် ချစ်သူရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဘယ်လူကုံထံမိသားစုကများ စုဝမ်ယိကို အပိုင်စားရသွားသလဲဆိုသည်ကို သိချင်ကြသည်။

စုဝမ်ယိက ယဲ့ချန်း၏နာမည်ကို ထုတ်ပြောလိုက်သည့်အခါ သူတို့အားလုံး ကြက်သေသေကုန်ကြသည်။

အကြောင်းမှာ ထိုနာမည်က သူတို့နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့်ပင်။

မိုတုမြို့အသိုင်းအဝိုင်းထဲတွင် လူကုံထံမိသားစုမှ သူဌေးသားများက စုဝမ်ယိ၏အလှတရားကို မက်မောကြသည်။

သူ(မ)သည် လှပရုံသာမက ထက်မြက်သောမိန်းမတစ်ယောက်လည်းဖြစ်သည်။ စုဝမ်ယိနှင့်တူသော မိန်းမဟူ၍ သိပ်မရှိပေ။

ဘယ်ယောကျ်ားကများ နှင်းဆီပန်းလှလှလေးတစ်ပွင့်ကို မခူးချင်ဘဲ ရှိမည်နည်း။

သို့သော် ကြားနေကျသတင်းတစ်ခုမှာ စုဝမ်ယိက သူဌေးသားများကို ဆက်တိုက်ငြင်းဆန်နေခြင်းပင်။

စုဝမ်ယိတစ်ယောက် ရုတ်တရက်ကြီး ချစ်သူရသွားလိမ့်မည်ဟု မည်သူမှထင်မထားပေ။ ထို့ပြင် တစ်ဖက်လူကလည်း သူတို့မသိသည့် လူတစ်ယောက်ဖြစ်နေသည်။

သူ(မ)၏သူငယ်ချင်းများအားလုံးလည်း ဘယ်သူကများ စုဝမ်ယကို ပိုင်ဆိုင်သွားသလဲဟု သိချင်နေကြသည်။

နောက်တစ်နေ့ မိုတုကလပ်တွင်...

ကလပ်၏ဝင်ပေါက်တွင် ဇိမ်ခံကားတစ်စီးပြီးတစ်စီး ထိုးရပ်လိုက်ကြသည်။

စုဝမ်ယိ၏သူငယ်ချင်းများမှာ တွေ့ဆုံပွဲသို့ သူတို့၏ချစ်သူများကိုပါ ခေါ်လာကြသည်။

ဤလူများမှာ အဆင့်အတန်းနှင့် ရာထူးတစ်ခုစီရှိကြသူများပင်။

ယဲ့ချန်းကမူ စုဝမ်ယိနှင့်အတူ ဝင်ပေါက်တွင်ရပ်ရင်း ဧည့်သည်များကို နှုတ်ဆက်နေသည်။

ထိုအခိုက် တက်ကြွသောရယ်သံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။

"အစ်ကိုချန်း.. ဒါက ခင်ဗျားနဲ့မရီးရဲ့စေ့စပ်ပွဲပါတီလား"

"သွားစမ်းပါ။ ဒါနဲ့ မလေးရှားသွားတုန်းက မင်းရဲ့ဝီချက်ပေါ်မှာ ဘာမှတင်တာလည်းမတွေ့ဘူးနော်"

ယန်ချွမ်းက ယဲ့ချန်းကို ဘေးဘက်သို့ဆွဲခေါ်ပြီး တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော့်အငယ်အနှောင်းကို လှည့်စားဖို့လေ အစ်ကိုချန်းကတော့ သိမှာမဟုတ်ဘူး။ အား.. မိန်းမနှစ်ယောက်ထားရတာ တော်တော်ပြဿနာများတာပဲ။ နှစ်ယောက်စလုံးက သူတို့နဲ့အဖော်ပြုခိုင်းချင်နေကြတာ။ ဘယ်လိုလုပ်ရမလဲ"

ယဲ့ချန်းက ထိုစကားကိုနားထောင်ရင်း တဟားဟားရယ်လိုက်သည်။

"မင်းက အရမ်းအားနည်းသေးတာကိုး။ မိန်းမနှစ်ယောက်တည်းနဲ့ အာရုံများနေပြီ။ မင်းအစ်ကိုဆိုရင် ခုနစ်ယောက်ရှစ်ယောက်လောက်ရှိတာ။ မင်းလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး"

ယန်ချွန်း : "..."

"မိုက်လိုက်တာ အစ်ကိုကြီးရေ ကျွန်တော် အရှုံးပေးပါတယ်"

ယဲ့ချန်းက ယန်ချွမ်းနှင့် ခဏကြာသည်အထိ စကားပြောနေပြီးမှ ယန်ချွမ်းက အထဲကိုဝင်သွားသည်။

ထိုအခိုက် ခပ်ချောချောလူငယ်အမျိုးသားတစ်ယောက် ဝင်လာလေသည်။

အခြားလူများနှင့်မတူပါဘဲ ဤလူငယ်လေးက သူ့ချစ်သူကိုခေါ်မလာဘဲ တစ်ယောက်တည်းရောက်လာလေသည်။

သူ့မျက်လုံးများကမူ စုဝမ်ယိထံတွင် ကပ်ငြိနေသည်။

ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ အခြားယောကျ်ားတစ်ယောက်က သူ့ချစ်သူကို ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှယ် စိုက်ကြည့်နေခြင်းမှာ မကျေမနပ်ဖြစ်ချင်စရာပင်။

သူ့ကိုမြင်သော် စုဝမ်ယိ၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။ သူ(မ)က ယဲ့ချန်း၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

စုဝမ်ယိက ဤလူ့ကို ကြောက်နေသည်မှာ သိသာလှသည်။

ထိုလူငယ်လေးကမူ စုဝမ်ယိအနားသို့ လျှောက်လာပြီးနောက် တောက်ပစွာပြုံးပြလိုက်သည်။

"ဝမ်ယိ ကိုယ်ပြန်လာပြီ။ မင်း ပွဲကျင်းပနေတာကို ကိုယ့်ကို ဘာလို့မပြောတာလဲ။ ကိုယ့်မှာတော့ အရှက်မရှိရောက်လာရတယ်။ မင်း ကိုယ့်ကို အပြစ်မတင်ဘူးမလား"

စုဝမ်ယိခမျာ နှုတ်ခမ်းကိုကိုက်လျက် ပြောလိုက်သည်။

"ဒါပေါ့ ကြိုဆိုပါတယ်"

ထိုလူကလည်း ခပ်ဖွဖွပြုံးလိုက်သည်။ ထို့နောက် စုဝမ်ယိက အခြားယောကျ်ားတစ်ယောက်နှင့် လက်ချင်းတွဲထားကြောင်း မြင်လိုက်ရချိန်ဝယ် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

သူက အေးစက်မာကျောသောအကြည့်များဖြင့် ယဲ့ချန်းကိုကြည့်လိုက်သည်။

"သူက ဘယ်သူလဲ"

ယဲ့ချန်းကတော့ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ငါက စုဝမ်ယိရဲ့ချစ်သူပဲ"

"ချစ်သူလား"

ဟွမ်းသိုက်၏မျက်ဝန်းများကား အေးစက်သွားလေတော့သည်။

သူက စုဝမ်ယိကိုကြည့်ရင်း အကြည့်များမှာ အေးစက်ခက်ထန်လာသည်။

"ဝမ်ယိ.. ကိုယ် အရင်ကပြောခဲ့တဲ့စကားကို မင်းမေ့သွားပြီလား"

••••••••••••••

အပိုင်း ၃၁၅ : သခင်လေးယဲ့ကို ရန်မစဖို့ အကြံပေးချင်တယ်

စုဝမ်ယိ၏အသားအရောင်မှာ အနည်းငယ်ပြောင်းလဲသွားသည်။

"ကျူးမင် ပြဿနာမရှာနဲ့နော်"

ကျူးမင်ကတော့ အေးတိအေးစက်လှောင်ရယ်လိုက်သည်။

"ဟားဟား.. ကိုယ်က ပြဿနာရှာနေတာမဟုတ်ဘူး။ စုဝမ်ယိက ငါ့အပိုင်ပဲ။ မင်း သူနဲ့ဝေးဝေးနေ မဟုတ်လို့ကတော့..."

သူ့စကားများမှာ လမ်းခုလတ်တွင် ရပ်တန့်သွားပြီးနောက် ရယ်မောလိုက်ချေသည်။

သီးသန့်ခန်းထဲတွင် လူများအပြည့်ပင်။

သူတို့အားလုံးက စုဝမ်ယိ၏အရင်းနှီးဆုံးသူငယ်ချင်းများနှင့် မိတ်ဆွေများပင်။

ကျူးမင် အခန်းထဲသို့ဝင်လာသောအခါ လူတိုင်း မတ်တတ်ထရပ်လိုက်ကြသည်။

"သခင်လေးကျူး ပြန်ရောက်လာပြီ"

"သခင်လေးကျူး.. ခင်ဗျားရဲ့နိုင်ငံခြားလေစွမ်းအင်ပရောဂျက်က တစ်လကို တစ်ဘီလျံလောက်ရနေတယ်လို့ကြားတယ်"

"မိုက်လိုက်တာ။ ခင်ဗျားက သခင်လေးကျူးဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်"

အထဲသို့ဝင်လာသော အမျိုးသားကိုမြင်သောအခါ လူတိုင်းက သူ့အား ချီးကျူးကြလေတော့သည်။

ယန်ချွမ်းမှာမူ မျက်နှာပျက်သွားချေသည်။

အတိတ်တုန်းက သူနှင့် ကျူးမင်အကြား ကတောက်ကဆဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခု သူတို့ပြန်ဆုံချိန်တွင် အချင်းချင်းစကားမပြောကြပေ။

ကျူးမင်က ပြုံးလိုက်၏။

"ဒီနေ့ စားသောက်ပွဲကို ငါရှင်းမယ်။ ဝမ်ယိကိုဂုဏ်ပြုတဲ့အနေနဲ့..."

"သခင်လေးကျူးက အရမ်းရက်ရောတာပဲ"

"သခင်လေးကျူးက ဝမ်ယိအပေါ် အမြဲကောင်းတယ်နော်"

"ဝမ်ယိ ဘာတွေများစဉ်းစားနေတာလဲမသိဘူး။ သခင်လေးကျူးကိုတောင် မစောင့်ခဲ့ဘူး"

ကျူးမင်ကတော့ အေးစက်စက်ရယ်မောလိုက်သည်။

"ငါ့အပိုင်တွေကို အဆုံးကျရင် ငါရအော်ငပြန်ယူတာပါပဲ"

ကျူးမင်၏ စိုးမိုးခြယ်လှယ်လေဟန်စကားများကို ကြားလိုက်ရသောအခါ ယန်ချွမ်းမှာ အေးတိအေးစက်လှောင်ရယ်လိုက်သည်။

ယဲ့ချန်းရှေ့တွင် ဟိတ်ဟန်ထုတ်နေခြင်းမှာ ရလဒ်တစ်ခုတည်းသာရှိကြောင်း ယန်ချွမ်း ကောင်းကောင်းသိသည်။

ဆိုးဝါလှသောအဆုံးသတ်ပင်တည်း။

ယန်ချွမ်းက စကားမပြောဘဲ ပွဲသာထိုင်ကြည့်နေခဲ့သည်။

ကျူးမင်က ကျရှုံးချိန်တွင် ဘယ်လိုဟန်ဆောင်ပြီး ပြောလာလေမလဲဆိုသည်ကို သူ မြင်ချင်မိသည်။

စားပွဲရှိ လူများအားလုံး ကျူးမင်ကို မြှောက်ပင့်နေကြသည်။

ကျူးမင်ကမူ မာန်တက်နေတော့သည်။

"ဟားဟား.. အားလုံးပဲ အားရပါးရသုံးဆောင်ကြပါ။ ဒါက ဘယ်လိုဝိုင်အမျိုးအစားလဲ။ ၈၂လာဖိုက်တစ်ပုလင်းယူခဲ့ပေး။ ဒီဟင်းပွဲကိုပါ လဲလိုက်"

ကျူးမင်က ဧည့်ခံပွဲတစ်ခုလုံးကို လုံးဝစိုးမိုးလိုက်လေသည်။

"ဒါနဲ့ ဝမ်ယိရဲ့ချစ်သူက ဘာအလုပ်လုပ်လဲဆိုတာ သိကြလား"

"မသိဘူးလေ။ တက္ကစီမောင်းတယ်လို့တော့ ကြားတာပဲ.."

"တက္ကစီမောင်းတာလား။ ဝမ်ယိက ဘာတွေများတွေးနေတာလဲ။ တက္ကစီဒရိုင်ဘာနဲ့ တွဲနေရတယ်လို့"

"အင်း.. သူက ချောတယ်လေ။ အရမ်းရိုးအတာပဲ။ အခုခေတ်မှာ ရုပ်ရည်က အဓိကမဟုတ်ဘူးလေ"

ကျူးမင်လည်း သရော်လိုက်ချေသည်။

"သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်ကများ စုဝမ်ယိကို မက်မောရဲတယ်ပေါ့။ အနူလက်နဲ့ ရွှေခွက်နှိုက်နေတာပဲ"

ကျူးမင်သည် နိုင်ငံခြားသို့ မသွားခင်က စုဝမ်ယိကို လိုက်ပိုးခဲ့ကြောင်း လူတိုင်းသိသည်။ သူသည် ကိစ္စများကို ရက်စက်ကြမ်းတမ်းသောနည်းလမ်းဖြင့် ဖြေရှင်းတတ်သည်။

ယန်ချွမ်းကမူ မျောက်ပွဲကြည့်နေသည့်အလား သူ့အား ကြည့်နေချေသည်။

လေလုံးထွားနေလိုက်.. မင်း ဘယ်လိုပျက်စီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်...

ထိုအချိန်မှာပင် ယဲ့ချန်းနှင့် စုဝမ်ယိတို့ အထဲကို ဝင်လာလေသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း ကြားထားသည့်အတွက် သူတို့အားလုံး၏အကြည့်က လှောင်ပြောင်သရော်လိုဟန်များဖြင့် ပြည့်နှက်နေသည်။

ထိုနေရာရှိလူတိုင်းက သန်းပေါင်းများစွာပိုင်ဆိုင်ထားကြသော မိသားစုများက ဆင်းသက်လာသူများပင်။ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်က သူတို့နှင့် ညစာအတူစားရန် မထိုက်တန်ပေ။

ညစာစားပွဲစတင်သောအခါ ကျူးမင်က ယဲ့ချန်း၏လက်ကောက်ဝတ်ပေါ်ရှိ နာရီကို ချက်ချင်းသတိထားမိလိုက်သည်။

"ဝိုး..ပါတက်ခ်ဖီလစ်နာရီပဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ပါတက်ခ်ဖီလစ်နာရီကို ဘယ်လိုတောင်ပတ်နိုင်တာလဲ။ အထင်ကြီးဖို့ကောင်းလိုက်တာ"

"ဟားဟား.. ငါ ဒါကို လိုင်းပေါ်မှာမြင်ဖူးတယ်။ ဒီနာရီက သန်းခုနစ်ဆယ်ကျော်ပေးရတယ်။ တက္ကစီကို တစ်သက်လုံးမောင်းမယ်ဆိုရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး။ ဒါကြီးက အတုပဲဖြစ်ရမယ်"

ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်သောကြောင့် လူတိုင်းက သူ့ကို အထင်သေးနေကြသည်။ ထို့ကြောင့် ယဲ့ချန်းက ပါတက်ခ်ဖီလစ်နာရီကို မဝယ်နိုင်ဟုသာ တွေးထားကြသည်။

သို့ဖြစ်လေရာ နာရီက အတုပင်ဖြစ်ရမည်။

"အတုဆိုတာသေချာတယ်။ ပစ္စည်းအတုတွေက တော်တော်ဈေးပေါတယ်တဲ့။ ကြည့်ရတာတော့ နှစ်ထောင်လောက်ပဲရှိမှာပါ"

"ကိုယ့်လူ.. မင်း အတုပတ်ချင်တယ်ဆိုရင်လည်း ဖြစ်နိုင်တဲ့နာရီကို ဝယ်လေ။ သန်းခုနစ်ဆယ်ကျော်နာရီအတုကြီးကိုပတ်တာကတော့ များတယ်ကွာ"

ညစာစားပွဲတွင် ကျူးမင်က ဦးဆောင်၍ ထိုသူဌေးသားများမှာ ယဲ့ချန်းကို လှောင်ပြောင်သရော်ကြလေသည်။

အစကမူ စုဝမ်ယိ၏သူငယ်ချင်းများက ယဲ့ချန်းကို အများကြီးမျှော်လင့်ထားကြသော်လည်း ယခုမူ တိတ်တဆိတ်သာ ခေါင်းခါလိုက်မိတော့သည်။

ဤလူက ချောမောခန့်ညားပါသည့်တိုင် စကားကြီးစကားကျယ်ပြောပြီး နာရီအတုကိုလည်း ပတ်ထားသေးသည်။

ထိုလှောင်ပြောင်စကားများကို နားထောင်ရင်း ယန်ချွမ်းလည်း သည်းမခံနိုင်တော့ပေ။

"မင်းတို့တွေ ပေါက်ကရပြောလို့ကျေနပ်ပြီလား။ သခင်လးယဲ့က သန်းခုနစ်ဆယ်ကျော်တန်နာရီကိုပတ်တာ ဘာများဖြစ်နေလို့လဲ။ ဒေါ်လာဘီလျံချီပြီးပေးရတဲ့နာရီကိုလည်း သူ့ဘာသာကြိုက်လို့ရတာပဲ။ သခင်လေးယဲ့.. ဒီလူတွေက ဘာမှနားမလည်တဲ့ငတုံးတွေပါ။ သူတို့ကို အရေးလုပ်မနေပါနဲ့"

လူတိုင်း : “…”

ယန်ချွမ်းက ယဲ့ချန်းဘက်က ရပ်တည်ပေးလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ထို့ပြင် သူတို့က ဘယ်လိုလုပ်ပြီး ငတုံးတစ်သိုက်ဖြစ်သွားရလေသလဲ။

ယန်ချွမ်၏စကားများကြောင် ထိုလူကုံထံအမွေဆက်ခံသူများမှာ အရှက်ရသွားလေသည်။

အနားရှိ လီကျယ်ဟုခေါ်သော လူငယ်လေးတစ်ယောက်က ယန်ချွမ်နှင့် ရင်းနှီးသဖြင့် တီးတိုးကပ်ပြောလိုက်သည်။

"သခင်လေးယန်.. အဲဒါက ဘာအဓိပ္ပာယ်လဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ဘက်က ရပ်တည်ပေးနေတာလား။ မင်း ကျူးမင်ကို ဒီနည်းနဲ့ ဒေါသထွက်အောင်လုပ်နေတာလား"

ယန်ချွမ်းလည်း လီကျယ်ကို တစ်ချက်ကြည့်လိုက်သည်။

"လီကျယ်.. ငါတို့ကြားက ဆက်ဆံရေးကြောင့် ငါ မင်းကိုသတိပေးလိုက်မယ်။ သခင်လေးယဲ့ကို သွားမထိနဲ့။ မဟုတ်လို့ကတော့ မင်း အဆုံးသတ်လှမှာမဟုတ်ဘူး"

ယန်ချွမ်း၏စရိုက်က ပြောင်းလဲလွယ်ပြီး ကြမ်းတမ်းခက်ထန်မှုတချို့လည်းရှိသည်။

သူ့စကားများနှင့် လုပ်ရပ်များမှာ ခန့်မှန်း၍မရနိုင်ပေ။ ယန်ချွမ်း၏စိမ်းသက်သက်အကြည့်ကတစ်ဆင့် လီကျယ်လည်း ဤသခင်လေးယန်ကို ရန်စမိလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

လီကျယ်ခမျာ ကြောင်အသွားရချေသည်။ သူက ယန်ချွမ်းကို စေတနာနှင့်သတိပေးလိုက်သည့်တိုင် တစ်ဖက်လူက သူ့အား ပြန်သတိပေးလိုက်လေသည်။

ယန်ချွမ်းက စိတ်လိုက်မာန်ပါလုပ်တတ်သော်ငြား စဉ်းစားဆင်ခြင်ဉာဏ်မရှိသည့်လူတစ်ယောက်တော့ မဟုတ်ပေ။

ယဲ့ချန်းကိုထောက်ခံရင်း ကျူးမင်ကို ရန်စလိုက်ခြင်းမှာ ယဲ့ချန်းက ထူးခြားသောလူတစ်ယောက်ဖြစ်နေ၍လား။

ယန်ချွမ်းကမူ ထိုသို့ပြောပြီးနောက် လီကျယ်ကိုလျစ်လျူရှု၍ ယဲ့ချန်းနှင့်သာ စကားပြောနေလိုက်သည်။

သူ့အမူအရာကိုကြည့်ရုံမျှဖြင့် မြှောက်ပင့်ခယနေကြောင်း သိသာလှသည်။

လီကျယ်ခမျာ စိတ်ရှုပ်ထွေးသွားရသည်။ ယဲ့ချန်းက သူ့အား တစ်နည်းနည်းဖြင့် ဆွဲဆောင်ထားခြင်းဖြစ်နိုင်သည်။

သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ယခုလိုလေးစားမှုမျိုးကို ရရှိနေရသလဲ။

ဤမြင်ကွင်းကိုမြင်သောအခါ ကျူးမင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

အစတုန်းက ယဲ့ချန်းကို ဖယ်ကျဉ်ထားရန် ရည်ရွယ်လိုက်ပါသော်ငြား ယန်ချွမ်းကြောင့် သူ့အစီအစဉ်က ပျက်စီးသွားရသည်။

ကျူးမင်က တစ်ဖက်သို့လှမ်းကြည့်ကာ လူတိုင်းရှေ့မှာ ယဲ့ချန်းကို လှောင်ပြောင်ရန် ပြင်လိုက်သည်။

သူက သူ့ဘေးရှိ လီကျယ်ကို စကားအနည်းငယ် ကပ်ပြောလိုက်လေရာ လီကျယ်ကလည်း ထထွက်သွားသည်။

တစ်ဖက်တွင်မူ ယဲ့ချန်းက ယန်ချွမ်းနှင့် စကားစမြည်ပြောနေချိန်တွင် တချို့လူများ အကွက်ရွှေ့နေကြသည်ကို သတိထားမိလိုက်သည်။

သူကတော့ နှုတ်ခမ်းတွန့်ကွေးလျက် ထူးဆန်းသောအပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။

"အစ်ကိုယဲ့.. ဘာဖြစ်လို့လဲ"

ယန်ချွမ်းကလည်း ယဲ့ချန်း၏အမူအရာ ပြောင်းလဲသွားကြောင်း သတိထားမိသည်။

ယဲ့ချန်းမှာ အေးအေးလူလူပြုံးလိုက်သည်။

"မပူနဲ့။ တချို့လူတွေက..."

ယဲ့ချန်း၏စကားကိုကြားသော် ယန်ချွမ်းလည်း စိတ်ဝင်စားသွားသည်။

"အစ်ကိုယဲ့ ကျွန်တော့်အကူအညီလိုသေးလား"

ယဲ့ချန်းက ယန်ချွမ်း၏နားနားသို့ စကားကပ်ပြောလိုက်သည်။ ယန်ချွမ်း၏မျက်နှာလည်း ချက်ချင်းဆိုသလို ဝင်းပသွားလေသည်။

သူသည် ကျူးမင်နှင့် ရန်ငြိုးရန်စရှိထားသည်ဖြစ်ရာ လက်စားချေနိုင်မည့် ဤအခွင့်အရေးကို လက်လွတ်မခံချင်ပေ။

ဧည့်ခံပွဲစတင်သောအခါ စုဝမ်ယိက ပြုံးတုံ့တုံ့ဖြင့် မတ်တတ်ထရပ်လိုက်သည်။

"အားလုံးပဲ.. မအားတဲ့ကြားက အချိန်ပေးပြီး လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ချစ်သူ ယဲ့ချန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်"

လူတိုင်း၏အမြင်တွင် ယဲ့ချန်းသည် ရုပ်ချောသည်ကလွဲလျှင် လုံးဝတန်ဖိုးမရှိပေ။

စုဝမ်ယိက ပြုံးလိုက်၏။

"ကျွန်မက တက္ကစီငှားရင်း ယဲ့ချန်းနဲ့တွေ့ခဲ့တာ။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာလေ"

ယဲ့ချန်း၏အလုပ်အကိုင်ကို ပြောလိုက်ချိန်တွင် စုဝမ်ယိ လုံးဝမရှက်ပေ။ ထိုအစား စိတ်ရင်းအမှန်ဖြင့် ဂုဏ်ယူမိသည်။

သို့သော် အခြားလူများကတော့ ခေါင်းတခါခါလုပ်ရင်း တီးတိုးပြောနေကြသည်။

"အမလေး.. နုနုထွတ်ထွတ်ပန်းလေးတစ်ပွင့်ကို နွားချေးနဲ့စိုက်သတဲ့"

"ခွီး.. ဒီတက္ကစီဒရိုင်ဘာက မိန်းမတစ်ယောက်ဆီမှာ ကပ်စားနေတာပဲဖြစ်ရမယ်"

"ပါတက်ခ်ဖီလစ်ခ်နာရီကို ပတ်ထားတာ မထူးဆန်းတော့ပါဘူး။ ဝမ်ယိကပဲ သူ့ကိုဝယ်ပေးထားတာဖြစ်ရမယ်"

ထိုသူငယ်ချင်းများက စိတ်ထဲတွင် စက်ဆုပ်ရွံရှာနေကြသော်ငြား အပြင်ပန်းတွင်မူ ဟန်လုပ်နေကြသည်။

"ဝမ်ယိ... နင် မတရားဘူးဟာ။ တိတ်တိတ်လေးရည်းစားခိုးထားနေတာ"

"ဟုတ်တယ်။ နင့်ကောင်လေးက အရမ်းချောတာပဲ"

"ဟားဟား..ဝမ်ယိကတော့ ထူးခြားတယ်ဟေ့။ အမွေဆက်ခံသူတွေအများကြီးရှိနေတာတောင် တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရွေးသွားတယ်"

…

ထိုအချိန်တွင် ထိုယောကျာ်းတစ်သိုက်ကမူ ယဲ့ချန်းအား ရန်လိုနေသောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။

စုဝမ်ယိက သူတို့၏နတ်ဘုရားမင်။ သို့တိုင် ယဲ့ချန်း သူ(မ)ကို ပိုင်ဆိုင်သွားလေရာ သူတို့အနေနှင့် နာကျည်းမုန်းတီးမိသည်သာ။

ကျူးမင်က နူးညံ့လှပစွာထုပ်ပိုးထားသော ဘူးလေးတစ်ဘူးကိုကိုင်ထားရင်း အန္တရာယ်အငွေ့အသက်များ ယှက်သန်းနေသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။

•••••••••••••••••••

All Chapters