← Chapters

အခန်း (၁၆၁၄-၁၆၁၆)

Vol. 84 Ch. 1614-1616

အခန်း (၁၆၁၄-၁၆၁၆)

Vol. 84 Ch. 1614-1616

အခန်း (၁၆၁၄) - ငါနဲ့ ခင်ဗျားကြားမှာ ဘာရန်ငြိုးမှ မရှိပါဘဲနဲ့၊ ဘာလို့ ရုတ်တရက် လေသံမာနေရတာလဲ

~"ခေါင်းဆောင်...၊ (Dragon Country Airlines) လေကြောင်းလိုင်းရဲ့ လေယာဉ်အမှတ် (LG5528) က

လေထဲမှာ ပျံသန်းနေပြီ ...၊ (၁၀) နာရီလောက်ဆို ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်လိမ့်မယ်"

ချန်းဖေးအယ်သည် ဖုန်းနားတွင် ရှိနေပုံရပြီး စက္ကန့်ပိုင်းအတွင်း ပြန်စာ ရောက်လာလေ၏။

"ရှင်က လေယာဉ်ပေါ်မှာ ဖုန်းသုံးလို့ ရနေတာလား"

"လေယာဉ်စီးနေစဉ်အတွင်း လေယာဉ်ပျံသန်းမှု စနစ် (Airplane Mode) ကို ဖွင့်ထားရမယ်... လျှပ်စစ်ပစ္စည်း အားလုံးကို ပိတ်ထားရမယ် ဆိုတဲ့ လေကြောင်းလိုင်းတွေရဲ့ စည်းကမ်းချက် ရှိတယ် လေ"

"ရွာက အင်တာနက်လိုင်း မိနေတာလားကွ...၊ အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်တွေမှာ ခေတ်မီ ခရီးသည်တင် လေယာဉ်အများစုက ကိုယ်ပိုင် ဝိုင်ဖိုင် (Wi-Fi) ပါပြီးသားပါ"

ယဲ့ဖန်က သူမကို စနောက်လိုက်သည်။

ချန်းဖေးအယ်က ဂရုမစိုက်ပေ။

“ကျွန်မတို့လို လူမျိုးတွေက နိုင်ငံခြား ထွက်ခဲတယ်လေ...၊ ထွက်ရရင်လည်း အရေးကြီး မစ်ရှင်တွေနဲ့ သွားရတာဆိုတော့ စကားပြောတာ၊ ပြုမူနေထိုင်တာကအစ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရတာချည်းပဲ...၊ ကျွန်မ မသိတာ ပုံမှန် မဟုတ်ဘူးလား"

"(Dragon Country Airlines) လေကြောင်းလိုင်း၊ လေယာဉ်အမှတ် (LG5528) ပေါ်က သံသယဖြစ်ဖွယ် လူနှစ်ယောက်အကြောင်းကို အဖွဲ့အစည်းဆီ တင်ပြပြီးပြီ...၊ သက်ဆိုင်ရာ ဌာနတွေနဲ့လည်း ညှိနှိုင်းပြီး စီစဉ်ခိုင်းထားလိုက်ပြီ"

"ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ် မြေပြင်ကွပ်ကဲမှု စင်တာမှာ ဥပဒေစိုးမိုးရေး အဖွဲ့က လူတွေ ရောက်နှင့်နေကြပြီ"

ယဲ့ဖန်သည် သူမ၏ စွမ်းဆောင်ရည်ကို အံ့သြဟန် မပြဘဲ၊ သူမကို မြှောက်ပင့်ပေးလိုက်ပြီး ဆက်လက် စာရိုက်လိုက်လေသည်။ "ဒါဆို နေမဝင် အင်ပါယာ မစ်ရှင်အတွက် ပြင်ဆင်မှုတွေကရော ဘယ်လိုနေပြီလဲ"

"ဘယ်အဆင့် ရောက်နေပြီလဲ"

"စာရွက်စာတမ်းတွေအတွက် ဘာပြဿနာမှ မရှိဘူး...၊ လမ်းကြောင်းစိမ်း (Green Channel) ကနေ အကုန်ရပြီးပြီ"

ချန်းဖေးအယ်က ချက်ချင်း ပြန်ဖြေလာ၏။

"ဒါပေမဲ့ ပိုပြီး ဒုက္ခပေးနိုင်မယ့် ပြဿနာ တစ်ခု ကျန်နေသေးတယ်"

"ဒီတစ်ခါ နေမဝင် အင်ပါယာကို သွားပြီး မစ်ရှင် ထမ်းဆောင်ရမှာဆိုတော့... ကျွန်မတို့ရဲ့ အထောက်အထားကို စီစဉ်ရတာ နည်းနည်း ခက်ခဲနေတယ်"

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မတို့ တရုတ် လုံခြုံရေးအဖွဲ့က လုပ်ဖော်ကိုင်ဖက်တွေ အဲ့ဒီနေရာကို ထိုးဖောက်ဝင်ရောက်ခဲ့ပေမယ့် ရလဒ် သိပ်မကောင်းခဲ့ဘူး...၊ လောလောဆယ် ကျွန်မတို့အတွက် စီစဉ်ပေးနိုင်မယ့် အထောက်အထားတွေက ငါတို့ စစ်ဆင်ရေးအတွက် သိပ်ပြီး အသုံးမဝင်လှဘူး ဖြစ်နေတယ်..."

"ငကျွန်မတို့ အဖြေတစ်ခု ရဖို့ တက်တက်ကြွကြွ ရှာဖွေနေကြပါတယ်"

ယဲ့ဖန် သူမနှင့် ဆွေးနွေးချင်သည်မှာ ဤအကြောင်းအရာပင် ဖြစ်ချေ၏။

နေမဝင် အင်ပါယာအတွက် အထောက်အထား ကိစ္စ ဖြေရှင်းရ ခက်ခဲနေသည်ဟု သူမ ပြောလာသောအခါ၊ ချက်ချင်းပင် သူ ပြုံးလိုက်မိသည်။

"ငါ့မှာ မရင့်ကျက်သေးတဲ့ အကြံပြုချက် တစ်ခုတော့ ရှိတယ်...၊ ခေါင်းဆောင် နားထောင်ချင်မလားတော့ မသိဘူး"

"ခုနက ရှင် လုပ်ခဲ့တာတွေက ဒီကိစ္စအတွက် ခြေဆင်းနေတာ မဟုတ်လား" ချန်းဖေးအယ်က မေးလိုက်သည်။

ထို့နောက် သူမ ဆက်ပြောလာ၏။ "ပြောစမ်းပါဦး...၊ ဒီတစ်ခါ ရှင့်မှာ ဘာအကြံတွေ ရှိနေပြန်ပြီလဲ"

ယဲ့ဖန်က သူမ၏ စကားကို မငြင်းတော့ဘဲ လျင်မြန်စွာ စာရိုက်လိုက်သည်။

"နေမဝင် အင်ပါယာက ဂျယ်ရီ ဘားရိုး မိသားစုကို သူဌေးမုန်းတီးရေး အစွန်းရောက်အုပ်စု တစ်ခုက ဝင်ရောက်စီးနင်းပြီး ဓားပြတိုက်ခဲ့တယ်...၊ မိသားစုပိုင် စုဆောင်းမှုတွေနဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှတွေ အကုန်လုံး အလုခံလိုက်ရပြီး ပစ္စည်းတွေက နေရာအနှံ့ ရောက်ကုန်တယ်...၊ မကြာခင် ဒီသတင်းက ပျံ့နှံ့သွားတော့မှာ"

"သတင်းနားပါးတဲ့ ရွှေရှာသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ရှေးဟောင်းပစ္စည်း စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်လုံးက... သွေးနံ့ရတဲ့ ငါးမန်းတွေလိုမျိုး နေမဝင် အင်ပါယာဆီ ဦးတည် လာကြလိမ့်မယ်"

"နေမဝင် အင်ပါယာ ဘက်ကလည်း... နိုင်ငံထဲ ဝင်ရောက်လာမယ့် လူအုပ်စုတိုင်းရဲ့ အထောက်အထားကို အရင်ကထက် ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးတော့မှာ သေချာတာပေါ့"

"ဒီလို အခြေအနေမျိုးမှာ...ငါတို့က အထောက်အထား အတုတွေ လုပ်ပြီး သွားမယ်ဆိုရင် သူတို့ ပစ်မှတ်ထားတာ ခံရဖို့ လွယ်သလို... သံသယဖြစ်ဖွယ် လူစာရင်းထဲတောင် အသွင်းခံရနိုင်တယ်..."

"အဓိပ္ပာယ် ရှိသားပဲ..."

ချန်းဖေးအယ်က ခေတ္တမျှ စဉ်းစားပြီးမှ ဆက်လက် စာရိုက်လာသည်။ "ဆက်ပြောပါဦး...၊ ရှင့်ရဲ့ အတွေးကို.."

"ငါ့အကြံကတော့... ငါတို့ရဲ့ အထောက်အထားကို ပေါ်တင်ကြီး ထုတ်ဖော်ပြီး သွားတာ ပိုကောင်းမယ် ထင်တယ်...၊ နေမဝင် အင်ပါယာမှာရှိတဲ့ ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေကို လာဝယ်တာလို့ ပြောပြီး သွားကြမယ်လေ"

"ဟမ်..."

"ဒီလိုဆိုရင်... ငါတို့လည်း စောင့်ကြည့် ခံရနိုင်ပေမယ့်၊ အနည်းဆုံးတော့ စောင့်ကြည့်မှုက သိပ်ပြီး တင်းကျပ်မှာ မဟုတ်တော့ဘူး...၊ ပြီးတော့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည် ဝယ်ယူဖို့ ငါတို့ လုပ်ဆောင်သမျှ လှုပ်ရှားမှု အားလုံးက အကြောင်းပြချက် ခိုင်လုံသွားလိမ့်မယ်...၊ အထောက်အထား ဖုံးကွယ်ပြီး ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေကို လိုက်ရှာနေတာနဲ့ စာရင် အများကြီး ကွာခြားသွားလိမ့်မယ်...၊ အင်ပါယာရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကဲဆတ်တဲ့ အာရုံကြောတွေကို သွားထိမိဖို့လည်း သိပ်မလွယ်တော့ဘူးလေ"

"နောက်ထပ် အချက် တစ်ချက် ရှိသေးတယ်...၊ ဒီနည်းလမ်းကို သုံးရင် ငါတို့ အထောက်အထား ကိစ္စအတွက် ပူစရာ မလိုတော့သလို... အရေးကြီးတဲ့ အချိန်ကျမှ အထောက်အထား ပေါ်သွားပြီး သူများ နောက်ကျောက ဓားနဲ့ထိုးတာ ခံရမယ့် အန္တရာယ်ကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားမယ်..."

ယဲ့ဖန်သည် သူ၏ သုံးသပ်ချက်ကို ချန်းဖေးအယ်အား အကျဉ်းချုပ် ရှင်းပြလိုက်သည်။

ချန်းဖေးအယ် ဖတ်ပြီးသွားသောအခါ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေ၏။

ထို့နောက် သူမ ပြန်စာ ပို့လာသည်။

"ဒီအကြံ မဆိုးဘူးပဲ"

"ဒါဆို... ရှင်က မေပယ်ရွက်ပြခန်း (Maple Leaf Pavilion) ရဲ့ ပိုင်ရှင်အနေနဲ့ နေမဝင် အင်ပါယာကို တရားဝင် ဝင်ရောက်ဖို့ စီစဉ်ထားတာလား"

"နေမဝင် အင်ပါယာက သက်ဆိုင်ရာ ဌာနတွေကလည်း ဂျယ်ရီ ဘားရိုး မိသားစုဆီက ပျံ့လွင့်သွားတဲ့ စုဆောင်းမှု တချို့ကို ပြန်လည် သိမ်းဆည်း ရမိထားတယ်...၊ သူတို့က နောက်တစ်လနေရင် ပရဟိတ လေလံပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပြီး ရရှိလာတဲ့ အမြတ်ငွေ အားလုံးကို အမျိုးသား ပရဟိတ ရန်ပုံငွေအဖွဲ့ဆီ လှူဒါန်းမယ်လို့ ကြေညာထားတယ်...၊ တကယ်လို့ ..ရှင်သာ မေပယ်ရွက်ပြခန်း ပိုင်ရှင်အနေနဲ့ ဝင်ရောက်ပြီး ပရဟိတ လေလံပွဲကို တက်ရောက်ချင်ကြောင်း သတင်းပို့လိုက်ရင်...ကျွန်မတို့က တင်းကျပ်တဲ့ စောင့်ကြည့်မှုကို မခံရရုံတင် မကဘူး...၊ အရေးကြီးတဲ့ အချိန်ကျရင် နေမဝင် အင်ပါယာ ဘက်က အကာအကွယ် တချို့တောင် ရနိုင်သေးတယ်"

ယဲ့ဖန်သည် ပရဟိတ လေလံပွဲ အကြောင်းကို မသိသဖြင့် ချက်ချင်း မေးလိုက်လေ၏။

"အဲ့ဒီ အကြောင်း ပြောပြပါဦး"

"အကြမ်းဖျင်း အခြေအနေကတော့ ကျွန်မ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ" ချန်းဖေးအယ်က ချက်ချင်း ပြန်ဖြေသည်။

"ဘာပဲဖြစ်ဖြစ်... နေမဝင် အင်ပါယာ ဘက်ကလည်း ဒီ ပရဟိတ လေလံပွဲကို တော်တော်လေး အလေးထားနေတယ်"

"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူတို့ရဲ့ နိုင်ငံတော် ဘဏ္ဍာတိုက်က တော်တော်လေး ဟာလာဟင်းလင်း ဖြစ်နေပုံရတယ်...၊ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို နေမဝင် အင်ပါယာဆီ လာရောက်ပြီး ပရဟိတ လေလံပွဲမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်နေတာ"

"ဒါပေမဲ့ သူတို့ဘက်က ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင် ဆိုတဲ့ သတ်မှတ်ချက်က တော်တော်လေး မြင့်တယ်...၊ သွားမယ့်သူတွေက သူတို့ရဲ့ ငွေကြေး ပိုင်ဆိုင်မှုကို အတည်ပြုပြဖို့ လိုအပ်တယ်...၊ အနည်းဆုံး ဒေါ်လာ (၁) ဘီလီယံ ပိုင်ဆိုင်မှသာ ပြည်ဝင်ခွင့် ကြေညာပြီးတာနဲ့ ပရဟိတ လေလံပွဲ ဖိတ်ကြားစာရင်းမှာ ပါဝင်ခွင့် ရလိမ့်မယ်...၊ အပြန်အလှန် အားဖြင့်... ဖိတ်ကြားစာရင်းမှာ ပါဝင်ခွင့် ရတဲ့သူတွေက အင်ပါယာ အတွင်းမှာ နေထိုင်စဉ် ကာလတစ်လျှောက်လုံး နေမဝင် အင်ပါယာရဲ့ (VIP) အခွင့်အရေးတွေကို ခံစားခွင့် ရကြလိမ့်မယ်..."

ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။

"ဒါဆိုရင်တော့ ဒီအစီအစဉ်က ငါတို့အတွက် သီးသန့် ဖန်တီးပေးထားသလိုပဲကွာ"

"အမှန်အတိုင်း ပြောရရင်... ဒီကာလအတွင်း ငါ ဝင်ငွေ ယွမ် (၁၀) ဘီလီယံကျော်လောက် ရထားတာလေ"

"အဲ့ဒီပိုက်ဆံတွေ အကုန်လုံး ငါ့အကောင့်ထဲမှာပဲ ရှိသေးတယ်...၊ ဘာမှ မသုံးရသေးဘူး"

"..."

ဖုန်းတစ်ဖက်စွန်းမှ ချန်းဖေးအယ်သည် ဆွံ့အသွားပုံ ရလေ၏။

အချိန်အတော်ကြာမှ သူမက အေးစက်စက် ပြန်ဖြေလာသည်။

"ကျွန်မနဲ့ ရှင်ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘဲနဲ့...၊ ဘာလို့ ရုတ်တရက် လေသံမာနေရတာလဲ"

"အဲဒါ အဓိက မဟုတ်ဘူးလေ..."

ယဲ့ဖန်က ရုပ်ပြောင် (Emoticon) တစ်ခုကို အမြန် ပို့လိုက်သည်။

"ငါ ဆိုလိုချင်တာက... သူတို့က လိုအပ်နေတယ်...၊ ငါ့မှာက ပိုက်ဆံ ရှိနေတယ်"

"ငါတို့ နေမဝင် အင်ပါယာကို ရောက်တာနဲ့... ပရဟိတ လေလံပွဲ တက်ရောက်ဖို့အတွက် ငွေကြေး ပိုင်ဆိုင်မှု အတည်ပြုချက် လျှောက်ထားလို့ ရပြီပေါ့..."

"ရမယ် ထင်တာပဲ" ချန်းဖေးအယ် စိတ်ပြန်ငြိမ်သွားပြီ ဖြစ်နိုင်၏။

"ကျွန်မ အဆိုပြုလွှာ ရေးပြီး အထက်ကို တင်ပြလိုက်မယ်"

"ဒါဆို ရှင် ပြောတဲ့ နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့"

"ရှင်လည်း ကြိုတင် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထား...၊ သဘက်ခါ ကျွန်မတို့ ထွက်ခွာကြမယ်"

"သဘောပေါက်ပါပြီ"

ယဲ့ဖန်က ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်ပြီး ဖုန်းကို သိမ်းလိုက်လေသည်။

သို့သော်ငြားလည်း... ထိုအချိန်ကျမှ သူ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဒုက္ခရောက်တော့မည်ဟု ခံစားလိုက်ရသည်။

ဆီယက်တဲလ်မှ ကျန်းနန်သို့ ပြန်ရောက်လျှင် ဂျက်လဂ် (Jet Lag - အချိန်ကွာခြားမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) ဒဏ်ကို ခံရတော့မည်။

ပြီးလျှင် ကျန်းနန်မှ နေမဝင် အင်ပါယာသို့ ရောက်လျှင်လည်း နောက်ထပ် အချိန်ကွာခြားမှု တစ်ခုကို ထပ်ကြုံရဦးမည် မဟုတ်ပါလော။

လာမယ့် ရက်အနည်းငယ်အတွင်း သူ တော်တော်လေး ခံရတော့မည့်ပုံ ပေါက်နေသည်။

ဘာမှ မလုပ်ရသေးခင်မှာတင်... ဂျက်လဂ် ဒဏ်ကို နှစ်ကြိမ် ဆက်တိုက် ခံစားရတော့မည် ဖြစ်ချေ၏။

အခန်း (၁၆၁၅) - ကမ်းတစ်ဖက်မှ မီးလောင်နေသည်ကို ရပ်ကြည့်နေခြင်း

~‘ဒီတစ်ခါ နေမဝင် အင်ပါယာကို ရောက်ရင်... ပိုပြီး အမြတ်များများ ထွက်အောင် လုပ်ရမယ်...၊ မဟုတ်ရင် ငါ အခု ခံစားနေရတဲ့ ဂျက်လဂ် ဒဏ်အတွက် တန်မှာ မဟုတ်ဘူး’

ယဲ့ဖန်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်လေ၏။

ထို့နောက် မျက်လုံးမှိတ်ပြီး ကျူးရှောင်ကျောင်းနှင့်အတူ တစ်ရေး အိပ်လိုက်သည်။

အိပ်ရာမှ နိုးပြီးနောက် သူက ဖုန်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်နှင့် အချိန်ဖြုန်းနေလိုက်သည်။ နောက်ဆုံးတွင်... အပြည်ပြည်ဆိုင်ရာ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်တော့လေသည်။

ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်သောအခါ၊ ထို အမေရိကန် သက်လတ်ပိုင်း လင်မယားသည် အလွန် စိုးရိမ်ပူပန်နေပုံ ရသည်။

လေယာဉ်မယ်က ခရီးဆောင်အိတ် ထားသိုရာ အကန့်ကို လာဖွင့်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ၊ သူတို့ ထိုင်ခုံမှ ခုန်ထလိုက်ကြပြီး အိတ်ကန့်ကို အမြန်ဖွင့်ကာ ကိုယ်ပိုင် အိတ်များကို ဆွဲထုတ်လိုက်ကြလေသည်။

ထို့နောက် လေယာဉ်၏ ထွက်ပေါက် တံခါးပေါက်နားသို့ အပြေးအလွှား သွားရောက်ကာ လေယာဉ်ပေါ်မှ ပထမဆုံး ဆင်းမည့်သူများ ဖြစ်လာရန် ပြင်ဆင်နေကြလေ၏။

သို့သော်ငြားလည်း... ထိုအချိန်တွင် လေယာဉ် ခန်းမဆောင်၏ ဘေးနှစ်ဖက်စလုံးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာချေသည်။ ရင်းနှီးနေသော အသံဩဇာကြီး တစ်ခုပင်။ "မင်္ဂလာပါ ခရီးသည်များခင်ဗျာ...၊ ကျွန်တော်က ဒီလေယာဉ်ခရီးစဉ်ရဲ့ ကပ္ပတိန်ပါ"

"မြေပြင် ထိန်းချုပ်ရေး မျှော်စင်က သတင်းတစ်ခု အခုလေးတင် ရောက်လာပါတယ်...၊ ဒီလေယာဉ်ခရီးစဉ်မှာ မတော်တဆမှု အသေးစားလေး တစ်ခု ဖြစ်ပွားခဲ့ပါတယ်...၊ ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ စိတ်ရှည်သည်းခံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်"

"ဥပဒေစိုးမိုးရေး အရာရှိတွေ စုံစမ်းစစ်ဆေးမှု ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းပြီးမှ စနစ်တကျ လေယာဉ်ပေါ်က ဆင်းပေးကြပါရန်..."

ထိုစကားအဆုံးတွင် ကပ္ပတိန်က အင်္ဂလိပ်လို ထပ်မံ ကြေညာရန်ပင် အချိန်မရလိုက်ဘဲ လေယာဉ် တံခါး ပွင့်သွားတော့သည်။

လက်နက်ကိုင် ဥပဒေစိုးမိုးရေး အရာရှိ တစ်စုသည် လေယာဉ်ထဲသို့ သွက်လက်စွာ ဝင်ရောက်လာကြလေ၏။

ဝင်လာသည်နှင့် တပြိုင်နက်... သူတို့သည် ထို အမေရိကန် သက်လတ်ပိုင်း လင်မယားကို ချက်ချင်း ဖမ်းချုပ်လိုက်ကြတော့သည်။

"ဘာ... ဘာဖြစ်တာလဲ" အမေရိကန် လင်မယားသည် သိသိသာသာ ကြောင်အသွားကြသည်။

သို့သော် ဥပဒေစိုးမိုးရေး အဖွဲ့ဝင်များက သူတို့နှင့် စကား အပိုအလို ပြောမနေပေ။

သူတို့နှစ်ဦးကို ဖိချုပ်ထားလိုက်ပြီး စာရွက်စာတမ်းများကို ချက်ချင်း စစ်ဆေးလိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်များကို ဖွင့်ကြည့်ပြီးနောက် အရာရှိများက ထိုလင်မယား နှစ်ယောက်ကို ခေါ်ထုတ်သွားကြလေတော့သည်။

မထွက်ခွာမီ... ဥပဒေစိုးမိုးရေး အဖွဲ့ခေါင်းဆောင်က လေယာဉ်ခန်းမဆောင်ကို ဝေ့ကြည့်လိုက်သည်။

"လူကြီးမင်းတို့... မထိတ်လန့်ကြပါနဲ့"

"ကျွန်တော်တို့ အခုလေးတင် အတွင်းလူ တစ်ယောက်နဲ့ အမေရိကန် နိုင်ငံဘက်က သတင်းပို့ချက် တစ်ခု ရရှိခဲ့ပါတယ်...၊ ဒီလေယာဉ်ပေါ်က ခရီးသည်နှစ်ဦးဟာ အကြီးစား ခိုးမှုကြီး တစ်ခုမှာ ပါဝင် ပတ်သက်နေကြောင်း သတင်း ရရှိခဲ့ပါတယ်...၊ ကျွန်တော်တို့က သံသယ ရှိသူတွေကို လာရောက် ဖမ်းဆီးတာပါ"

"အခု အားလုံး အဆင်ပြေသွားပါပြီ"

ထိုသို့ ပြောပြီးနောက် သူက အားလုံးကို တောင်းပန်သည့် အပြုံးဖြင့် ပြုံးပြလိုက်ပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

သူတို့သည် လေပွေ တစ်ခုကဲ့သို့၊ အိပ်မက် တစ်ခုကဲ့သို့ ရောက်လာပြီး ပြန်ထွက်သွားကြလေ၏။

လေယာဉ် ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

"ဘာဖြစ်သွားတာလဲ"

အချိန် အတော်ကြာမှ ဆွေးနွေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

"ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ"

"ခုနက သက်လတ်ပိုင်း လင်မယားက ခိုးမှုကြီး တစ်ခုမှာ ပါဝင်ပတ်သက်နေတာတဲ့လား...၊ ငါက ဓားပြ လင်မယားနဲ့ လေယာဉ် တစ်စီးတည်း အတူစီးလာမိတာပေါ့...၊ ရူးချင်စရာပဲ"

"ခုနက တရုတ် ဥပဒေစိုးမိုးရေး အရာရှိတွေ အိတ်ဖွင့်လိုက်တုန်းက ငါ မြင်လိုက်တယ်...၊ အိတ်ထဲမှာ ရွှေငွေ ရတနာတွေ အပြည့်ပဲ...၊ အဲဒီ လင်မယားက တရုတ်ပြည်ကို ထွက်ပြေးလာတာများလား"

"ငါတော့ ကြောင်သွားတာပဲ"

"..."

ထိုစဉ်၊ ကျူးရှောင်ကျောင်းကလည်း ယဲ့ဖန်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

"ရှင် ပြောတာ မှန်နေပုံရတယ်"

"ဥပဒေစိုးမိုးရေး အဖွဲ့ခေါင်းဆောင် ပြောသွားတာ ကြားတယ် မဟုတ်လား...၊ အမေရိကန်က သက်လတ်ပိုင်း လင်မယားက ခိုးမှုကြီး တစ်ခုမှာ ပါဝင်ပတ်သက်နေတာတဲ့...၊ ပြီးတော့ အမေရိကန် ဘက်ကလည်း သတင်းပို့လာတယ်တဲ့..."

"ဒီနှစ်ယောက်ရဲ့ ပစ္စည်းတွေက တကယ်ပဲ မရိုးသားတဲ့ နေရာက ရလာတာပဲ"

ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်ပြီး အသံကို နှိမ့်လိုက်သည်။ "အဲဒီအကြောင်း နောက်မှ ပြောကြတာပေါ့"

"အခု လူတွေ အရမ်းများနေတယ်"

"စကားပြောဖို့ မသင့်တော်ဘူး"

ကျူးရှောင်ကျောင်းက သူမ၏ အကန့်အသတ်ကို နားလည်သည်။ သူမ ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

လေယာဉ်ပေါ်မှ ဆင်းသောအခါ အချိန်မှာ အတော်လေး နှောင်းနေပြီ ဖြစ်ချေ၏။ သူတို့နှစ်ဦး တက္ကစီ ငှားပြီးနောက် အနားယူရန် ပြန်လာခဲ့ကြသည်။

—-----

ရှန်ဘုရင်၏ လျှို့ဝှက်ရတနာသိုက်မှ ရတနာများ သိမ်းဆည်းထားသော ဂိုဒေါင်သို့ ယဲ့ဖန် ပြန်ရောက်သောအခါ... သူသည် အကျင့်ပါနေသကဲ့သို့ ဖူမာကျန်းဝူကို လိုက်ရှာလိုက်မိသည်။

သို့သော် ဂိုဒေါင်ထဲသို့ ဝင်လိုက်သောအခါ နေရာတစ်ခုလုံး မှောင်မည်းနေပြီး ဟာလာဟင်းလင်း ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုအခါမှသာ ဤနေရာရှိ ရတနာများကို သယ်ထုတ်သွားပြီးပြီ ဖြစ်ကြောင်း သူ သတိရလိုက်တော့သည်။

ယခုအခါ ဤနေရာသည် သာမန် စွန့်ပစ် ဂိုဒေါင်ပျက်ကြီး တစ်ခုသာ ဖြစ်နေချေပြီ။

သဘာဝကျစွာပင်... ဖူမာကျန်းဝူလည်း ဒီမှာ ရှိမနေတော့ပေ။

"တကယ်ပါပဲကွာ...၊ လေယာဉ်ပေါ်မှာ ကြာကြာ ထိုင်လိုက်ရလို့ ဦးနှောက်တွေ ထိုင်းမှိုင်းကုန်ပြီ ထင်တယ်...၊ ငါ မှားသွားတယ်"

ထိုအချက်ကို သတိပြုမိလိုက်သောအခါ ယဲ့ဖန်သည် မသိမသာ ခေါင်းခါလိုက်မိပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော်ငြားလည်း... ထိုခဏ၌ ဂိုဒေါင်၏ အနောက်ဘက်မှ သွေးညှီနံ့ သင်းသင်း တစ်ခု ရုတ်တရက် ရလိုက်လေ၏။

"ဟမ်..."

ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားသည်။

ထို့နောက် သူသည် အသက်အောင့်လိုက်ပြီး အာရုံ စူးစိုက်လိုက်ကာ... အသံမထွက်စေဘဲ အနံ့လာရာဆီသို့ တိတ်တဆိတ် တိုးကပ်သွားတော့သည်။

အစပိုင်းတွင် သွေးညှီနံ့မှာ မသဲကွဲလှပေ။ သူ၏ အာရုံခံစားမှု (၅) ပါး ထက်မြက်နေသည့်တိုင် သေချာ အာရုံမစိုက်လျှင် ခွဲခြားသိနိုင်မည် မဟုတ်ချေ။

သို့သော် အရင်းအမြစ်နှင့် နီးကပ်လာသည်နှင့်အမျှ ယဲ့ဖန်သည် အာရုံစိုက်စရာ မလိုဘဲ အနံ့ကို ရှင်းလင်းစွာ ရလာတော့သည်။

ထို့နောက်... သွေးညှီနံ့ လာရာ နေရာသို့ ရောက်သောအခါ သွေးစက် အချို့ကိုပင် ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

သွေး၏ ဇာစ်မြစ်မှာ ဂိုဒေါင်အနောက်ဘက် မလှမ်းမကမ်းတွင် ရှိသော စွန့်ပစ်ထားသည်မှာ ကြာပြီ ဖြစ်သည့် အဆောက်အအုံဟောင်း တစ်ခုဆီမှ ဖြစ်ချေ၏။

သေချာ နားထောင်လိုက်သောအခါ... ထိုအဆောက်အအုံဟောင်း၏ ဒုတိယထပ် ပြတင်းပေါက်နားတွင် အလွန် လျင်မြန်သော နှလုံးခုန်သံ တစ်ခုနှင့် အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော အသက်ရှူသံ တစ်ခုကို ယဲ့ဖန် အကဲဆတ်စွာ ကြားလိုက်ရသည်။

လူတစ်ယောက်တည်းသာ ရှိသည်။

ထိုသူ၏ နှလုံးခုန်သံမှာ အလွန် မြန်ဆန်နေသော်လည်း သိပ်ပြီး အားမပါလှပေ။

ထို့အပြင်... အသက်ရှူသံများတွင် ထိန်းချုပ်မရနိုင်သော အတက်အကျများ ရှိနေသည်။

လမ်းတစ်လျှောက်မှ သွေးစက်များနှင့် သွေးညှီနံ့များကို ပေါင်းစပ် သုံးသပ်လိုက်သောအခါ... ပြင်းထန်စွာ ဒဏ်ရာရထားပြီး နာကျင်မှုကို ကြိတ်မှိတ် သည်းခံနေရသော လူတစ်ယောက် ဖြစ်ပုံရသည်။ ဖမ်းဆီးမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာလား။

ထိုသုံးသပ်ချက်ကို စိတ်ထဲတွင် ချမှတ်ပြီးနောက် ယဲ့ဖန် တွေဝေသွားသည်။

ဤရှုပ်ထွေးသော ကိစ္စထဲသို့ ဝင်ပါသင့်၊ မပါသင့် သူ စဉ်းစားနေမိသည်။

"သောက်ကျိုးနည်း...၊ အဲဒီ ကျိန်စာသင့်မယ့် မိန်းမက ကြွက်များ ဖြစ်နေလား မသိဘူး...၊ ဘယ်ချောင်မှာ သွားပုန်းနေတာလဲ"

ယဲ့ဖန် တွေဝေနေစဉ်မှာပင် မလှမ်းမကမ်းဆီမှ လန်ဒန် လေသံဝဲဝဲ အင်္ဂလိပ်စကားသံ တစ်ခု ထွက်ပေါ်လာလေ၏။

တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသော ခြေသံများနှင့် အခြားသူများ၏ အသံများလည်း ထွက်ပေါ်လာသည်။

"ဒါတွေအားလုံး ဘဲလစ် ကြောင့် ဖြစ်ရတာ...၊ အရေးကြီးတဲ့ အချိန်မှာ သူသာ နောက်မတွန့်ခဲ့ရင်... အဲဒီ သောက်ကျိုးနည်း တော်ဝင် အေးဂျင့်မ က ငါတို့ ဝိုင်းထားတဲ့ ကြားကနေ လွတ်သွားမှာ မဟုတ်ဘူး...၊ ဒီည သူ့ကို အသံတိတ် ရှင်းပစ်လို့ ရလျက်သားနဲ့ကွာ...၊ ပြီးရင် ဘော့စ်ဆီက ဆုကြေး အများကြီးယူပြီး ဟော့ကိုင်းဒိုး ကို သွား၊ လတ်ဆတ်တဲ့ ပင်လယ်စာတွေနဲ့ ရေခဲမုန့်တွေ စားလို့ရပြီ ဥစ္စာ"

"အဲဒီ တော်ဝင် အေးဂျင့်မက ဒီနားမှာပဲ ရှိနေသေးရင် ကောင်းမယ်"

"သူ ဒဏ်ရာ အပြင်းအထန် ရထားတာပဲ...၊ အရမ်းကြီး ဝေးဝေး မပြေးနိုင်လောက်ပါဘူး"

"အားလုံးပဲ... ပတ်ဝန်းကျင်ကို သေချာ ရှာကြစမ်း"

"သူ့ဆီက သွေးထွက်နေတုန်းပဲ...၊ ပြီးတော့ ကပျာကယာ ထွက်ပြေးလာရတာဆိုတော့... သွေးစက်တွေကို အချိန်မီ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

"သွေးစက်တွေကို ရှာတွေ့တာနဲ့... သူ့ကို ရှာဖို့ မခက်တော့ပါဘူး"

သူတို့အားလုံးသည် နေမဝင် အင်ပါယာ၏ လန်ဒန် လေသံဖြင့် ပြောဆိုနေကြခြင်း ဖြစ်ချေ၏။

ယဲ့ဖန်သည် ချက်ချင်းပင် အတွေးကို ရပ်တန့်လိုက်ပြီး ဘေးသို့ ဆုတ်ခွာကာ အခြေအနေကို အရင် စောင့်ကြည့်ရန် ပြင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော်... နေမဝင် အင်ပါယာနှင့် ပတ်သက်နေသည် ဆိုကတည်းက ကိစ္စ၏ သဘောသဘာဝက လုံးဝ ကွဲပြားသွားပြီ ဖြစ်သောကြောင့်တည်း။

ရေပူရာ ရေချိုး၊ ရေနောက်ရာ ငါးမျှားပြီး အကျိုးအမြတ် တစ်ခုခု ရနိုင်မည် ဆိုလျှင်တော့ သူ ဝင်ပါဖို့ ဝန်လေးမည် မဟုတ်ပေ။

နေရာအနှံ့ လိုက်ရှာနေကြသော နေမဝင် အင်ပါယာ လူစုသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေမှန်း လုံးဝ သတိမထားမိကြချေ။

သူတို့သည် ဟိုရှာဒီရှာ လုပ်ရင်း စကားပြောနေကြပြန်သည်။

"အဲဒီ တော်ဝင် အေးဂျင့်က ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲကွာ"

"သူ မသိသင့်တဲ့ လျှို့ဝှက်ချက် တစ်ခုကို သိသွားတယ် ဆိုပေမယ့်... ငါတို့ ဘော့စ်က သူ့ကို ရွေးချယ်စရာ လမ်းနှစ်လမ်း ပေးခဲ့သားပဲ...၊ ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်ရင် ရလျက်သားနဲ့"

"ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ...၊ ငါတို့ ဘော့စ်ကို ဖွင့်ချမယ် ဆိုတာမျိုးတွေ ဘာလို့များ အော်နေရသေးတာလဲ...၊ တုံးလိုက်တာ"

"အခုတော့ ငါတို့က နှစ်ဖက်စလုံးနဲ့ ငြိသွားပြီ...၊ နေမဝင် အင်ပါယာကို ပြန်ဖို့ နေနေသာသာ... အသက်ရှင်ဖို့ လမ်းတောင် မမြင်တော့ဘူး…”

အခန်း (၁၆၁၆) - ခွဲစိတ်ခန်းသုံး ဦးထုပ် ဆောင်းထားသရွေ့တော့ ဘယ်မိန်းမကိုမှ စိတ်မဝင်စားဘူးကွ

~ယဲ့ဖန်သည် သူတို့၏ စကားများကို နားထောင်ပြီးနောက် ရည်ရွယ်ချက် အချို့ကို အကြမ်းဖျင်း နားလည်လိုက်လေ၏။

စွန့်ပစ် အဆောက်အအုံဟောင်း ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးတွင် ဒဏ်ရာနှင့် ပုန်းအောင်းနေသူမှာ နေမဝင် အင်ပါယာ၏ တော်ဝင် အမျိုးသမီး အေးဂျင့် တစ်ဦး ဖြစ်နေသည်။

ထိုအမျိုးသမီး အေးဂျင့်သည် အင်အားကြီး အဖွဲ့အစည်း အချို့၏ လျှို့ဝှက်ချက်များကို မတော်တဆ သိရှိသွားသော်လည်း၊ သူတို့နှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ထိုအဖွဲ့အစည်းကို လုံးဝ ဒေါသထွက်စေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ထိုအမျိုးသမီး အေးဂျင့်သည် နေမဝင် အင်ပါယာသို့ ပြန်၍ မရတော့သည့်အပြင်၊ သူမ ပြဿနာရှာမိခဲ့သော အင်အားကြီး အဖွဲ့အစည်းကလည်း သူမကို အသံတိတ် ရှင်းပစ်ရန် လူလွှတ်လိုက်တော့၏။

ထိုလိုက်လံ ဖမ်းဆီးသူများ၏ စကားအရဆိုလျှင်... ဤအမျိုးသမီး အေးဂျင့်သည် လူကောင်းတစ်ယောက် ဖြစ်ပုံရသည်။ ယဲ့ဖန် ရုတ်တရက် အကြံတစ်ခု ရသွားလေ၏။

အမျိုးသမီး အေးဂျင့်ကို ခြေရာခံနေသော လူမိုက်များသည် ပတ်ဝန်းကျင်ကို ရှာဖွေရင်း စွန့်ပစ် အဆောက်အအုံဟောင်းဆီသို့ တဖြည်းဖြည်း တိုးကပ်သွားကြသည်။ အဆောက်အအုံဟောင်းထဲရှိ အမျိုးသမီး အေးဂျင့်၏ နှလုံးခုန်သံမှာ ပို၍ မြန်ဆန်လာချေပြီ။

ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖန်သည် သံဗူးခွံ တစ်ခုကို မတော်တဆ ကန်မိလိုက်သကဲ့သို့ ပြုမူလိုက်သည်။ ထိုအသံသည် အမှောင်ထဲတွင် သိသာထင်ရှားစွာ ထွက်ပေါ်သွားတော့သည်။

ထို့နောက် သူသည် ကြောက်လန့်တကြား ဖြစ်သွားသကဲ့သို့ ယိုင်နဲ့နဲ့ ပုံစံဖြင့် အမှောင်ရိပ်ကို အကာအကွယ်ယူကာ အခြားတစ်ဖက်သို့ ထွက်ပြေးဟန် ပြုလိုက်လေ၏။

"သောက်ကျိုးနည်း..."

"အဲဒီ မိန်းမ...၊ ဟိုဘက်မှာကွ"

"သူ တကယ်ပဲ ဝေးဝေး မသွားနိုင်ပါလား...၊ ဒဏ်ရာက တော်တော် ပြင်းထန်ပုံရတယ်"

ယဲ့ဖန် မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ လှုပ်ရှားမှုများ အပြီးတွင် ရုန်းရင်းဆန်ခတ် အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ထို့နောက် အမျိုးသမီး အေးဂျင့် ပုန်းအောင်းရာ နေရာသို့ စုဝေးရောက်ရှိလုနီးပါး ဖြစ်နေသော လူမိုက်များသည် ဆေးကြောင်နေသကဲ့သို့ ယဲ့ဖန် နောက်သို့ အပြေးအလွှား လိုက်ပါသွားကြလေတော့သည်။

"မြန်မြန် လိုက်ကြစမ်း..."

"ဒီတစ်ခါတော့ သူ့ကို လွတ်မသွားစေနဲ့"

"ဒီည သူ့ကို ဒီကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် ငါ လုပ်ရမယ်"

"..."

ထိုလူမိုက်များ၏ ပေါက်ကွဲအားသည် သာမန်လူများထက် များစွာ သာလွန်နေပြီး ကောင်းစွာ လေ့ကျင့်ထားသော လက်ရွေးစင်များ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သို့သော်ငြားလည်း... ယဲ့ဖန်ကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင် တစ်ဦးနှင့် ယှဉ်လျှင် ကွာခြားချက်မှာ ကြီးမားလွန်းနေဆဲပင်။

ယဲ့ဖန်သည် သူတို့နှင့် အကွာအဝေး တစ်ခုကို တမင်တကာ ထိန်းထားပြီး မှောင်မည်းနေသော တောအုပ်ထဲသို့ မျှားခေါ်သွားလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း သူတို့ကို လုံးဝ မျက်ခြည်ပြတ်အောင် လုပ်လိုက်လေတော့သည်။

*

ထိုလူများကို မျက်ခြေပြတ်အောင် လုပ်ပြီးနောက်... ယဲ့ဖန်သည် ဂိုဒေါင်၏ အနောက်ဘက်ရှိ စွန့်ပစ် အဆောက်အအုံဟောင်း အောက်သို့ ပြန်ရောက်လာခဲ့သည်။

မကြာမီ... အနက်ရောင် အရိပ်တစ်ခုသည် တစ်စုံတစ်ရာကို နားလည်သွားပုံ ရပြီး ဒုတိယထပ် ပြတင်းပေါက်မှ နေ၍ ရုတ်တရက် ခေါင်းပြူထွက်လာလေ၏။

"ရှင် ဘယ်သူလဲ...၊ ဘာလို့ ကျွန်မကို ကူညီတာလဲ"

သူမသည် စံချိန်မီ လန်ဒန် လေသံဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

"ငါ့နာမည်က လေဖုန်း ကွ"

ယဲ့ဖန်က နောက်ပြောင်လိုက်သည်။

ထိုအခါ၊ အနက်ရောင် အရိပ်က အားနည်းပြီး သတိကြီးသော အသံဖြင့် ပြန်မေးလေ၏။

"လေဖုန်း ဟုတ်လား...၊ ဘာလို့ ကျွန်မကို ကူညီတာလဲ"

ယဲ့ဖန် ဆွံ့အသွားရသည်။

နွားရှေ့ တယောထိုးနေရသလိုပင်။

ဒီနိုင်ငံခြားသူမလေးက လေဖုန်း ဆိုတာ ဘာလဲဆိုသည်ကို နားမလည်ပုံ ရသည်။

["လေဖုန်း (Lei Feng) ဆိုတာကတော့ တရုတ်ပြည်မှာ အရမ်း နာမည်ကြီးတဲ့ စစ်သားတစ်ယောက်ဗျ။ သူက ကိုယ့်ကျိုးမကြည့်ဘဲ သူများတွေကို ကူညီတတ်တယ်၊ နာမည်မဖော်ဘဲ ကောင်းမှုတွေ လုပ်တတ်တယ်ဆိုပြီး တရုတ်လူမျိုးတိုင်းက စံထားရတဲ့ သင်္ကေတတစ်ခုပေါ့။

ဒီဇာတ်ကွက်မှာ ဘာလို့ ရယ်ရလဲဆိုတော့...

၁။ ယဲ့ဖန်ရဲ့ ရည်ရွယ်ချက်က ဒီလိုဗျ...

ယဲ့ဖန်က ကောင်မလေးကို ကယ်ပြီးတဲ့အခါ "ငါ့နာမည် လေဖုန်းပါ" လို့ ဖြေလိုက်တယ်မလား။ အဲဒါ သူ့နာမည်အရင်းကို ပြောတာ မဟုတ်ဘူးဗျ။ "ငါက ကျေးဇူးဆပ်တာ မမျှော်ကိုးတဲ့ လူကောင်းပါကွာ" ဆိုပြီး ခပ်နောက်နောက် သဘောမျိုး ပြောလိုက်တာ။ တရုတ်ကားတွေ၊ ဝတ္ထုတွေမှာဆိုရင် လူတစ်ယောက်ကို ကူညီပြီး နာမည်ဝှက်ချင်တဲ့အခါ "ငါက လေဖုန်းပါ" လို့ ဖြေလေ့ရှိကြတယ်လေ။

၂။ နိုင်ငံခြားသူမလေးခမျာ နားမလည်ရှာဘူး...

ပြဿနာက တစ်ဖက်လူက နိုင်ငံခြားသူ ဖြစ်နေတာကိုး။ တရုတ်ယဉ်ကျေးမှုအကြောင်းလည်း နားမလည်တော့ "လေဖုန်း" ဆိုတာ ဘာလဲ သူဘယ်သိမလဲ။ ဒါကြောင့် ယဲ့ဖန် နောက်လိုက်မှန်း မသိဘဲ "လေဖုန်းဆိုတာ ရှင်ရဲ့ နာမည်အရင်းလား" ဆိုပြီး အတည်ပေါက် ပြန်မေးလိုက်တာပေါ့။

၃။ နွားရှေ့ တယောထိုးသလို ဖြစ်သွားတာပေါ့...

ယဲ့ဖန်ကတော့ ဟာသလုပ်လိုက်ပါရဲ့၊ တစ်ဖက်လူက နားမလည်တော့ သူ့ဟာသက ပေါ့သွားပြီး ရှေ့ဆက်ပြောရ ခက်သွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့ဗျာ။.. ]

တစ်ဖက်လူက သူ့ကို သတိထားနေဆဲ ဖြစ်သည်ကို မြင်သောအခါ ယဲ့ဖန်က တဲ့တိုးပင် ပြောလိုက်တော့သည်။

"အမှန်အတိုင်း ပြောရရင် ငါက မင်းကို ကူညီချင်လို့ မဟုတ်ဘူး...၊ ဒါပေမဲ့ မကြာခင် နေမဝင် အင်ပါယာကို သွားစရာ ရှိနေလို့...၊ ပြီးတော့ မင်းက နေမဝင် အင်ပါယာရဲ့ တော်ဝင် အေးဂျင့် ဆိုတာ ကြားလိုက်ရလို့... ငါ မင်းနဲ့ သဘောတူညီချက် တစ်ခု လုပ်ချင်တယ်"

"ဘာ သဘောတူညီချက်လဲ

ယဲ့ဖန်၏ စကားကို ကြားသောအခါ အမျိုးသမီး အေးဂျင့်သည် အနည်းငယ် စိတ်အေးသွားပုံ ရပြီး သူမ၏ လေသံမှာ ယခင်ကလောက် မစိမ်းကားတော့ပေ။

"ကျွန်မက ဘာလို့.. ရှင်နဲ့ သဘောတူညီချက် လုပ်ရမှာလဲ"

"ဒါက ပထမဆုံးအကြိမ် တွေ့ဖူးတာလေ...၊ ပြီးတော့ ကျွန်မတို့က ဆွေမျိုးတွေလည်း မဟုတ်ဘူး..."

"မင်း အသက်ရှင်ချင်သလား"

ယဲ့ဖန်က သူမစကားကို ဖြတ်ပြောလိုက်သည်။

"အဲဒီ လူယုတ်မာတွေကို တရားစီရင်တာ ခံစေချင်သလား"

"..."

အမျိုးသမီး အေးဂျင့် ဆွံ့အသွားသည်။

အချိန်အတော်ကြာမှ သူမသည် အလျှော့ပေးလိုက်ရပုံရပြီး မေးလိုက်လေ၏။

"ဒါပေမဲ့ ကျွန်မက ရှင့်ကို ဘာလို့ ယုံကြည်ရမှာလဲ"

"အဲဒီ နောက်လိုက်ခွေးတွေကို ရှင်းပစ်ဖို့ ရှင် ကူညီပေးနိုင်လို့လား"

"တရုတ်ပြည်မှာ ကျွန်မ အသက်ရှင်ရပ်တည်နိုင်အောင် ကူညီပေးနိုင်လို့လား"

"ခုနက ငါ မင်းကို အဲဒီခွေးတွေလက်ထဲကနေ လွတ်အောင် လွယ်လွယ်လေး ကူညီပေးလိုက်တာပဲ...၊ ဒါက အချက်အလက် တချို့ကို ရှင်းပြဖို့ လုံလောက်မယ် ထင်တယ်..."

ယဲ့ဖန် ပြုံးလိုက်သည်။

"ဒါ့အပြင်... ဆရာဝန် တစ်ယောက် အနေနဲ့ ပြောရရင် မင်းရဲ့ ဒဏ်ရာတွေကို ကုသဖို့ ငါ့ကို အားကိုးရလိမ့်မယ်...၊ ဒါကလည်း တစ်စုံတစ်ရာကို ရှင်းပြနိုင်မယ် ထင်တယ်"

"ရှင်... ရှင်က ဆရာဝန်လား"

အပေါ်ထပ်မှ အမျိုးသမီး အေးဂျင့်၏ အသံမှာ သိသိသာသာ တုန်ရီနေသည်။

ထိုအခိုက်အတန့်၌၊ ယဲ့ဖန်သည် သူမ၏ ဘေးနားသို့ ပေါ့ပါးစွာ ခုန်တက်လိုက်လေ၏။

"ငါက ဆရာဝန်တင် မဟုတ်ဘူး...၊ အရမ်း ကျွမ်းကျင်တဲ့ ဆရာဝန် တစ်ယောက်ပဲကွာ"

"ငါ့ရဲ့ ဆေးပညာ အသိပညာတွေအရ... မင်းက အသက်ငင်နေပြီ...၊ ဘယ်အချိန်မဆို လဲကျသွားနိုင်တယ် ဆိုတာ ငါ သိနေတယ်"

"အာ... ရှင်... ရှင်..." အမျိုးသမီး အေးဂျင့်မှာ ကြောင်အသွားပုံ ရသည်။

အောက်ထပ်မှနေ၍ သူမဘေးနားသို့ ရုတ်တရက် ခုန်တက်လာသော ယဲ့ဖန်ကို ကြည့်ပြီး သူမ စကားမပြောနိုင် ဖြစ်နေရှာသည်။

သို့သော် ယဲ့ဖန်က သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ နှစ်ချက် တို့ထိလိုက်သည်။ "ဒီအချိန်မှာ မင်း အဲဒီလို လုပ်နေစရာ မလိုပါဘူး"

"မင်း မငြင်းဘူး ဆိုကတည်းက... ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံလိုက်ပြီလို့ ငါ သဘောထားလိုက်မယ်"

"ငါ မင်းကို နောက်တစ်ကြိမ် ထပ်ကယ်လိုက်မယ်...၊ ပြီးရင် မင်းရဲ့ အသက် (၃) ချောင်းစာနဲ့ ညီမျှတဲ့ တန်ဖိုးကို ငါ့ဆီ ပြန်ပေးရမယ်"

အမျိုးသမီး အေးဂျင့်သည် ယဲ့ဖန်၏ တို့ထိမှုကို ခံလိုက်ရပြီးနောက် ခန္ဓာကိုယ် ပျော့ခွေသွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေ၏။

သို့သော် ပြန်စဉ်းစားကြည့်လျှင်... ယဲ့ဖန်သာ သူမကို ထိခိုက်စေလိုလျှင် သို့မဟုတ် သတ်ချင်လျှင် လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) ကတည်းက နည်းလမ်းပေါင်း ရာချီ ရှိနေမည် ဖြစ်သည်။ ထို့အပြင် သူမကို သတ်ရန် ကြိုးစားနေသူများမှာလည်း တကယ့်ကို ယုတ်မာသူများ ဖြစ်ချေသည်။

ခဏအကြာတွင် သူမသည် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီပေးနိုင်သရွေ့... ကျေးဇူးဆပ်ဖို့ ကျွန်မ အတတ်နိုင်ဆုံး လုပ်ပါ့မယ်"

"ကျွန်မ အသက်ကို လိုချင်ရင်တောင် ပေးပါ့မယ်"

"တော်ဝင် အေးဂျင့်တွေရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်တည်ပြီး ကျိန်ဆိုပါတယ်"

"သဘောတူတယ်..." ထိုအခါမှ ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမကို လှဲချလိုက်ပြီး အဝတ်အစားများကို စတင် ချွတ်တော့သည်။

"နေ... နေပါဦး...၊ ရှင်... ရှင် ဘာလုပ်တာလဲ" ခေါင်းညိတ်ပြီးတာနဲ့ ယဲ့ဖန်၏ ပထမဆုံး တုံ့ပြန်မှုက ဤသို့ ဖြစ်လိမ့်မည်ဟု အမျိုးသမီး အေးဂျင့် ထင်မှတ်မထားခဲ့ပုံ ရသည်။

အပျိုစင် တစ်ဦး ဖြစ်သည့်အလျောက် သူမ ချက်ချင်း ထိတ်လန့်သွားတော့သည်။

သို့သော် ယဲ့ဖန်ကမူ သဘာဝကျသော ကိစ္စတစ်ခုကဲ့သို့ ပြုမူနေလေ၏။ သူမ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ ခါးနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ရထားတယ်လေ"

"ငါ ခွဲစိတ်ကုသမှု မလုပ်ခင် မင်းရဲ့ အဝတ်အစားတွေ အကုန်လုံးကို ချွတ်ရမယ်"

"မဟုတ်ရင် ကျည်ဆန်ကို ဘယ်လို ထုတ်ပေးရမှာလဲ"

"စိတ်မပူပါနဲ့...၊ ငါက အရမ်း ကျွမ်းကျင်ပါတယ်"

"မင်းရဲ့ ခန္ဓာကိုယ် အချိုးအစားက ဘယ်လောက်ပဲ ကောင်းနေပါစေ...၊ ငါ လုံးဝ စိတ်မဝင်စားပါဘူး"

"ခွဲစိတ်ခန်းသုံး ဦးထုပ် ဆောင်းထားသရွေ့တော့... (36D) ကိုတောင် ငါ စိတ်မဝင်စားဘူးကွ"

အမျိုးသမီး အေးဂျင့်၏ မျက်နှာမှာ ရဲရဲနီနေလောက်ပြီ ဖြစ်သည်။

ထိုစကားကို ကြားသောအခါ သူမ၏ ခန္ဓာကိုယ် အပူချိန် အနည်းငယ် မြင့်တက်လာလေ၏။

["36D" ဆိုတာ အမျိုးသမီးတွေရဲ့ ရင်သား အတိုင်းအတာ (Bra Size) ကို ပြောတာပါ။

* 36 က ကိုယ်ခန္ဓာ ပတ်လည် အတိုင်းအတာ (Band size) ဖြစ်ပြီး၊

* D က ရင်သား ပမာဏ (Cup size) ကို ဆိုလိုတာပါ။

ပုံမှန်အားဖြင့် D cup ဆိုရင် တော်တော်လေး ဖွံ့ထွားတယ်လို့ သတ်မှတ်ကြပါတယ်။

စာပေနဲ့ ဇာတ်လမ်းတွေမှာတော့ "36D" လို့ သုံးလိုက်ရင် "အလွန် ဖွံ့ထွားပြီး ဆွဲဆောင်မှု ရှိတဲ့ (Sexy ဖြစ်တဲ့) ခန္ဓာကိုယ်" လို့ တင်စားတဲ့ သဘောမျိုး သက်ရောက်ပါတယ်။

ဒီနေရာမှာ ယဲ့ဖန် ဆိုလိုချင်တာက -

"ငါက ခွဲစိတ်ခန်းထဲ ရောက်နေပြီ ဆိုရင် (36D လောက်ရှိတဲ့) ဘယ်လောက်ပဲ ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး ဖြစ်နေပါစေ... ငါ စိတ်မလှုပ်ရှားပါဘူး" လို့ သူ့ရဲ့ "ပရော်ဖက်ရှင်နယ်" ဆန်မှုကို ပိုပိုသာသာလေး ကြွားပြောလိုက်တာ ဖြစ်ပါတယ်။]

သူမ၏ လျှာဖျားအထိ ရောက်နေသော စကားလုံးများလည်း လည်ချောင်းထဲသို့ ပြန်ဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူမသည် ခေါင်းကို အတတ်နိုင်ဆုံး လွှဲဖယ်ထားလိုက်သည်။

ထိုအချိန်ကျမှသာ... ဤ တော်ဝင် လျှို့ဝှက် အေးဂျင့်မလေးသည် ခန္ဓာ ကောက်‌ကြောင်း ပြေပြစ်လှပကြောင်း ယဲ့ဖန် သတိပြုမိလိုက်သည်။

ပြီးတော့ သူမ၏ မျက်နှာလေးကလည်း အလွန် လှပနေသည်။

အကယ်၍သာ ဂျပန် ဒါရိုက်တာ တစ်ယောက် သည်နေရာမှာ ရှိနေမည် ဆိုလျှင်... ညစ်ညမ်းသော လျှို့ဝှက် အေးဂျင့် ရှာပုံတော် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်သွားလောက်သည်။

သို့သော်ငြားလည်း... သူမ၏ သေနတ်ဒဏ်ရာမှာ တကယ်ကို ပြင်းထန်လှသည်။

ရင်ဘတ်ထဲမှ ကျည်ဆန်သည် ကံကောင်းထောက်မစွာဖြင့် နံရိုးကြားတွင် ညပ်နေသော်လည်း နှလုံးနှင့် အနည်းငယ်သာ ဝေးကွာတော့သည်။

သူမ၏ နံရိုးများ အနည်းငယ် ကျိုးပဲ့နေပြီး ပြင်းထန်သော အတွင်းသွေးယိုစီးမှုကို ခံစားနေရ၏။

ခါးမှ ကျည်ဆန်သည် သရက်ရွက် ဘေးကို ရှပ်ထိသွားပြီး ဖောက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

ဒီလို အခြေအနေမျိုးမှာတောင်... သူမက ဒီလောက် ကြာကြာ တောင့်ခံနိုင်ပြီး မလဲကျသွားသေးတာ... ပြီးတော့ လူအများကြီးရဲ့ လိုက်လံ ဖမ်းဆီးမှုကနေ လွတ်မြောက်လာနိုင်တာ... တကယ်ကို အံ့မခန်းပါပဲ။

ယဲ့ဖန်သည် သူမ၏ အဝတ်အစားများကို ချွတ်လိုက်သည်။ ဒဏ်ရာများကို ကြည့်ရှုပြီးနောက် သူမ၏ မျက်နှာဘေးတိုက်ကို တစ်ချက် ကြည့်လိုက်ပြန်သည်။

"ငါ စတော့မယ်"

"ခွဲစိတ်မှုက နည်းနည်း ကြီးတယ်...၊ အောင့်ခံထား"

“....”

All Chapters