အခန်း (၁၆၂၉-၁၆၃၁)
Vol. 85 Ch. 1629-1631
အခန်း (၁၆၂၉) - နာရေး အဖွဲ့အစည်း၏ ခရစ္စတယ် အဖွဲ့
~"လှုပ်ရှားမှု အကြီးမားဆုံး အဖွဲ့အစည်းကတော့ နာရေး အဖွဲ့အစည်း ပါပဲ"
"မာဖီးယား မိသားစု က အဓိက ဦးဆောင်ထားတာပါ"
"..."
"ဒီမိသားစုကို အပိုင်း (၂) ပိုင်း ခွဲပြီး ဖွဲ့စည်းထားပါတယ်...၊ တစ်ပိုင်းက မိသားစုဝင်တွေ ဖြစ်ပြီး... နောက်တစ်ပိုင်းကတော့ 'မိတ်ဖက်များ' လို့ ခေါ်တဲ့ အုပ်စုပါ"
"မိသားစုထဲမှာ အဖွဲ့ဝင် (၄၀၀) လောက် ရှိပါတယ်...၊ ဘော့စ် (boss) သို့မဟုတ် ဒွန် (Don)၊ အကြံပေးပုဂ္ဂိုလ် (Consigliere)၊ ဒုတိယ ဘော့စ် (Underboss)၊ တပ်မှူး (Capo) နဲ့ စစ်သား (Soldier) ဆိုပြီး အဆင့်ဆင့် ခွဲခြားထားပါတယ်...၊ စစ်သား အဆင့်ကတင် အယောက် (၃၀၀) နီးပါး ရှိပါတယ်"
"သူတို့ရဲ့ 'မိတ်ဖက်များ' အပိုင်းမှာတော့... သူတို့ကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ မိသားစုတွေ ပါဝင်ပြီး စုစုပေါင်း လူအင်အား တစ်သောင်းကျော် ရှိပါတယ်"
ဒီသတင်းအချက်အလက် အပိုင်းက ယဲ့ဖန် ယွီဖုန်းရှန်းဆီက ကြားခဲ့ရသည်နှင့် ဆင်တူနေသည်။
ယဲ့ဖန် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ယွီဖုန်းရှန်း မပြောပြခဲ့သော အပိုင်းကို ဆက်လက် ဖတ်ရှုလိုက်လေ၏။
"မာဖီးယား မိသားစုရဲ့ 'မိတ်ဖက်' အပိုင်းက လောလောဆယ် သံမဏိ အဖွဲ့ (Iron Team) (၁၀၀) ကျော်၊ ကြေးဝါ အဖွဲ့ (Bronze Team) (၂၀) နီးပါး၊ ငွေရောင် အဖွဲ့ (Silver Team) (၁၅) ဖွဲ့၊ ရွှေရောင် အဖွဲ့ (Gold Team) အနည်းဆုံး (၆) ဖွဲ့နဲ့... ခရစ္စတယ် (ဝါ) ပုံဆောင်ခဲ အဖွဲ့ (Crystal Team) အနည်းဆုံး (၁) ဖွဲ့ကို တာဝန်ယူ ကွပ်ကဲနေပါတယ်"
"အဲဒီအထဲမှာ... ကြေးဝါ အဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ကောင်းစွာ လေ့ကျင့်ထားတဲ့ စစ်သားတွေနဲ့ ယှဉ်နိုင်ပြီး... ငွေရောင် အဖွဲ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတော့ ကောင်းစွာ လေ့ကျင့်ထားတဲ့ အထက်တန်းလွှာ အထူး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ရိုက် ယှဉ်နိုင်ပါတယ်...၊ ရွှေရောင် အဖွဲ့ဝင်တွေကတော့ နေမဝင် အင်ပါယာရဲ့ တော်ဝင် အေးဂျင့်တွေနဲ့ ယှဉ်နိုင်စွမ်း ရှိပါတယ်"
"အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ဖြစ်တဲ့ ခရစ္စတယ် အဖွဲ့နဲ့ ပတ်သက်ပြီးတော့... အဲဒီအကြောင်း သိတဲ့ လူကို ကျွန်မတို့ ရှာမတွေ့သေးပါဘူး..."
သတင်းအချက်အလက် ဖော်ပြချက်များအရ... နာရေး အဖွဲ့အစည်း၏ ကြေးစား လူမိုက်များသည် အလွန် အစွမ်းထက်နေဆဲပင်။
ရွှေရောင် အဖွဲ့ တစ်ခုတည်းကပင် ယာမာဂူချီ ဂိုဏ်း ၏ အထက်တန်းလွှာများနှင့် ယှဉ်နိုင်နေပြီ ဖြစ်ချေ၏။
ရွှေရောင် အဖွဲ့၏ အထက်မှာ လျှို့ဝှက်ဆန်းကြယ်သည့် ခရစ္စတယ် အဖွဲ့ ရှိနေသေးသည်ကို ထည့်မပြောနှင့်ဦး။
နာရေး အဖွဲ့အစည်း လက်အောက်ရှိ ခရစ္စတယ် အဖွဲ့ အကြောင်း သတင်းအချက်အလက်များကို 'မသိရှိရ' ဟု မှတ်သားထားသည်ကို မြင်လိုက်ရသောအခါ... ယဲ့ဖန်သည် ဆာမီယာကို အလိုအလျောက် လှမ်းကြည့်လိုက်မိလေ၏။
"နာရေး အဖွဲ့အစည်းရဲ့ ခရစ္စတယ် အဖွဲ့နဲ့ ပတ်သက်ပြီး ကောလာဟလ တစ်ခုခုများ မရှိဘူးလား"
ဆာမီယာသည် ယဲ့ဖန် မေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်လိုက်သည်။
သူမ ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလေ၏။
"နာရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တစ်ယောက်တည်းကသာ ခရစ္စတယ် အဖွဲ့ကို လှုပ်ရှားခိုင်းနိုင်တာပါ...၊ အကြံပေးပုဂ္ဂိုလ်နဲ့ ဒုတိယ ဘော့စ်တောင်မှ လှုပ်ရှားခိုင်းပိုင်ခွင့် မရှိပါဘူး...၊ ဒါကြောင့် အလွန် အရေးကြီးပြီး အရေးပေါ် အခြေအနေမျိုး ကြုံမှသာ သတင်းအချက်အလက် တချို့ ပေါက်ကြားလာတတ်တာပါ"
"နာရေး အဖွဲ့အစည်းရဲ့ ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းတစ်လျှောက်မှာ... ကြီးမားတဲ့ အရေးပေါ် အခြေအနေမျိုး တစ်ကြိမ်ပဲ ကြုံဖူးပါတယ်...၊ အဲဒါက လွန်ခဲ့တဲ့ (၁၀) နှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ"
"အဲဒီတုန်းက ကောလာဟလ တစ်ခု ထွက်ခဲ့ဖူးပါတယ်...၊ ဒါပေမဲ့ တော်တော်လေး ရယ်စရာ ကောင်းနေတယ်"
"အို... ဟုတ်လား" ယဲ့ဖန် စိတ်ဝင်စားသွားသည်။ "ရယ်စရာ ကောင်းတယ် ဟုတ်လား"
"ဘယ်လောက်တောင် ရယ်စရာ ကောင်းနေလို့လဲ"
ဆာမီယာက လျင်မြန်စွာ ပြောပြလေ၏။ "နာရေး အဖွဲ့အစည်းရဲ့ အဖြစ်အပျက် ပြီးသွားတဲ့နောက်... အဲ့ဒီ အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရတယ်လို့ ပြောတဲ့ လူကြီး တစ်ယောက်ကို ကျွန်မတို့ မတော်တဆ ရှာတွေ့ခဲ့ပါတယ်"
"အဲဒီ လူကြီး ပြောတာကတော့... နာရေး အဖွဲ့အစည်းရဲ့ ခရစ္စတယ် အဖွဲ့ဝင်တွေက ဒဏ္ဍာရီ ပုံပြင်တွေထဲက နတ်ဘုရားတွေနဲ့ တူတယ်တဲ့...၊ တချို့က အရမ်း မြန်လွန်းလို့ မျက်တောင် တစ်ခတ် အတွင်းမှာတင် မီတာ ရာချီ ပြေးနိုင်ကြတယ်တဲ့...၊ တချို့က ပေါက်ကွဲအား အရမ်းကောင်းပြီး ခုန်လိုက်တာနဲ့ (၁၀) မီတာကျော်လောက် ရောက်သွားနိုင်တယ်တဲ့...၊ တချို့ကျတော့လည်း ခွန်အား အရမ်းကြီးပြီး ကားအသေးစားလေး တစ်စီးကိုတောင် လက်တစ်ဖက်တည်းနဲ့ မနိုင်တယ်တဲ့..."
"အဲဒီနောက် မကြာခင်မှာပဲ... အဲဒီ လူကြီးက စိတ်ရောဂါ ခံစားနေရတယ်လို့ ဆေးစစ်ချက် ထွက်လာခဲ့ပါတယ်..."
ယဲ့ဖန်ကတော့ ထိုကောလာဟလများကို ရယ်စရာ ကောင်းသည်ဟု မခံစားမိပေ။
ဆာမီယာက ဆက်ပြောလေ၏။ "အဲဒီတုန်းက ကျွန်မတို့တင် မဟုတ်ပါဘူး...၊ အင်ပါယာရဲ့ တော်ဝင် အေးဂျင့်တွေတောင် ဒီကိစ္စကို မယုံခဲ့ကြပါဘူး"
"ဘာဖြစ်လို့လဲဆိုတော့... သက်ရှိသိပ္ပံ နယ်ပယ်မှာ လူ့ခန္ဓာကိုယ် သုတေသန ပြုချက်တွေက အရမ်း တိကျနေလို့ပါ...၊ လူသား တစ်ယောက်ရဲ့ အမြင့်ဆုံး အမြန်နှုန်းက မီတာ (၁၀၀) ကို (၉.၃) စက္ကန့်လောက်ပဲ ရှိပြီး... အမြင့်ဆုံး ခွန်အားက (၄၅၈) ကီလိုဂရမ်လောက်ပဲ ရှိပါတယ်..."
"ဒီ့ထက် ပိုတဲ့ ပေါက်ကွဲအားကို ထုတ်သုံးလိုက်မယ် ဆိုရင်... လူ့ခန္ဓာကိုယ်ရဲ့ ကြွက်သား တစ်သျှူးတွေနဲ့ အရိုးတွေက ပြိုကွဲသွားပါလိမ့်မယ်"
ယဲ့ဖန် သိပ်ပြီး ရှင်းပြမနေတော့ပေ။
သူ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်ပြီး ဆက်လက် ဖတ်ရှုလိုက်သည်။
နာရေး အဖွဲ့အစည်း အပြင်... ဂျယ်ရီ ဘားရိုး မိသားစု၏ ရတနာများကို ရှာဖွေရာတွင် ပါဝင်ပတ်သက်နေသော အဓိက မိသားစုကြီးများမှာ ဒီဗွန်ရှိုင်းယား (Duke of Devonshire)၊ ဝေမာဆန် (Duke of Weimason)၊ အန်းကျူ (Duke of Anjou) နှင့် ဝုဖ် (Duke of Wolfe) မြို့စား မိသားစုများ ဖြစ်ကြ၏။
ဤမိသားစုများတွင် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များ ရှိကြပြီး... သူတို့၏ အင်အားစုများသည် တရားဝင်နှင့် တရားမဝင် နယ်ပယ်များတွင် ဖြန့်ကျက်ထားကြသည်။
သို့သော် သူတို့၏ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးရိမ်၍ ထင်သည်...။ သူတို့၏ လှုပ်ရှားမှုတွေက နာရေး အဖွဲ့အစည်း လောက် မကြီးကျယ်ဘဲ အတော်လေး သိုသိပ်ကြ၏။
ဒီဗွန်ရှိုင်းယား မိသားစု တစ်ခုတည်းကသာ အနည်းငယ် ရဲတင်းသောပုံစံ ရှိသည်။
...
နာရေး အဖွဲ့အစည်းနှင့် နေမဝင် အင်ပါယာက မိသားစုကြီးတွေ အပြင်... ယဲ့ဖန်၏ အာရုံကို ဖမ်းစားသွားသော နောက်ထပ် အရာတစ်ခု ရှိသေးသည်။ အဲ့ဒါကတော့ ကြွယ်ဝခြင်း အသင်း" (Prosperity Society) ပင်။
[ကြွယ်ဝခြင်း အသင်း သည် တရုတ် လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ လက်ရှိ အဖွဲ့ဝင် အင်အား (၃၀၀၀) ကျော် ရှိသည်။ အဓိက အဖွဲ့ဝင်များမှာ တရုတ် ကမ်းရိုးတန်း ဒေသများမှ ဖြစ်ကြသည်။]
[မူလက နေမဝင် အင်ပါယာ၏ တရုတ်တန်း (Chinatown) တွင် အပြန်အလှန် ကူညီရေး အသင်း တစ်ခု ဖြစ်ခဲ့သည်။ ဒီမှာ လာရောက် စီးပွားရှာသော တရုတ်လူမျိုးများကို ဒေသခံများက အနိုင်ကျင့်ခြင်းမှ ကာကွယ်ရန် စုစည်းထားသော ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး တပ်ဖွဲ့ (Self-defense force) တစ်ခု ဖြစ်သည်။]
[နောက်ပိုင်းမှာ တဖြည်းဖြည်း ဖွံ့ဖြိုး တိုးတက်လာပြီး... နှစ်ပေါင်း တစ်ရာကျော် စုဆောင်းလာခဲ့ရာမှ ယနေ့ကဲ့သို့ အတိုင်းအတာထိ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။]
[၎င်းသည် နေမဝင် အင်ပါယာရှိ အကြီးဆုံး တရုတ် အသင်းအဖွဲ့ ဖြစ်ပြီး... နာရေး အဖွဲ့အစည်း ၏ အကြီးမားဆုံး ရန်သူလည်း ဖြစ်၏။ လက်ရှိ ဥက္ကဋ္ဌမှာ အသက် (၅၂) နှစ်အရွယ် ယွီကျင်းနမ် ဖြစ်ပြီး... အငြိမ်းစား အထူးတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု သံသယ ရှိ၏။]
'ကြွယ်ဝခြင်း အသင်း' အကြောင်း အချက်အလက်များကို ကြည့်ရင်း... ယဲ့ဖန် တစ်စုံတစ်ရာကို ခန့်မှန်းမိလိုက်သည်။
သို့သော် သူ ချက်ချင်း ထုတ်မပြောပေ။
အဓိက အချက်အလက် တချို့ကို မှတ်သားလိုက်ပြီး... ဂျယ်ရီ ဘားရိုး မိသားစု၏ ရတနာ ရှာဖွေမှုတွင် ပါဝင်နေကြသော ရွှေတူးသမားများ၊ ရတနာ ရှာဖွေသူများ၊ ခိုးမှု အဖွဲ့အစည်းများ၊ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့များနှင့် အခြား မီးခိုးရောင် အင်အားစုများ (Gray forces) အကြောင်းကို အကြမ်းဖျင်း လှန်လှောကြည့်လိုက်သည်။ ထို့နောက် ဖိုင်ကို ချလိုက်လေ၏။
ထိုအချိန်တွင် ဆာမီယာက စကားစပြောလိုက်သည်။
"ဘော့စ်.. 'စမတ် သတင်းအချက်အလက် ကုမ္ပဏီ' (Smart Information Co., Ltd.) က အမှုဆောင်တွေက ဘော့စ် လာမယ် ဆိုတာ ကြားတော့ အရမ်း ဝမ်းသာနေကြတယ်..."
"သူတို့က ကျွန်မကို တဆင့် မေးခိုင်းလိုက်ပါတယ်... သူတို့ အောက်ထပ် ဆင်းပြီး ဆရာ့ကို ကြိုဆိုလို့ ရမလားတဲ့..."
ယဲ့ဖန်က နေမဝင် အင်ပါယာမှာ ကြီးကြီးကျယ်ကျယ် ဖြစ်သွားမှာ မလိုလားသဖြင့် လက်ကာပြလိုက်သည်။
"မလုပ်တာ ပိုကောင်းမယ်..."
"လွှဲပြောင်းရေး ကိစ္စကို ရိုးရိုးရှင်းရှင်းပဲ လုပ်ကြမယ်... ပြီးရင် အသေးစား တွေ့ဆုံပွဲလေး လုပ်ပြီး မိတ်ဆက်ကြတာပေါ့..."
"ပုံမှန်လေးပဲ ထားပါ..."
"နားလည်ပါပြီ..."
ဆာမီယာ ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် ဖုန်းကို ကောက်ကိုင်ပြီး မက်ဆေ့ခ်ျ တစ်စောင် အလျင်အမြန် ပို့လိုက်လေသည်။
...
မကြာမီ... 'စမတ် သတင်းအချက်အလက် ကုမ္ပဏီ' မှ ဂနာမငြိမ် ဖြစ်နေကြသော အမှုဆောင် အရာရှိများ ငြိမ်သက်သွားကြသည်။
အောက်ထပ် ဆင်းပြီး ကြိုဆိုရန် ပြင်ဆင်ထားကြသော လူအုပ်ကြီးသည် အချင်းချင်း တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြ၏။
"ပုံမှန် အစီအစဉ် (Low-key plan) နဲ့ပဲ သွားမယ်..."
ချဲ့ကားလွန်းခြင်း မရှိသော်လည်း... ဘောစ့် အသစ် အနေနှင့် အလေးမထားခံရဘူးဟု မခံစားရစေမည့် နည်းလမ်းကို သူတို့ သုံးလိုက်ကြ၏။
ကုမ္ပဏီ၏ အကြီးဆုံး ဘောစ့် (၃) ဦးနှင့် ဒုတိယ ဥက္ကဋ္ဌများ... ပြီးတော့ ကုမ္ပဏီ၏ အတော်ဆုံး ကြိုဆိုရေး ဝန်ထမ်း အချို့သာ အောက်ထပ်ဆင်းပြီး ကြိုဆိုကြလေတော့သည်။
အခန်း (၁၆၃၀) - ယဲ့ဖန်ရဲ့ လက်ထဲမှာ နောက်ထပ် သေရမယ့်သူ
~တစ်ချိန်တည်းမှာပင်... မြူခိုးမြို့တော် (Fog City) ၏ မြို့စွန်၌ ပန်းခြံကဲ့သို့ သာယာလှပသော ဂေဟစနစ် ပတ်ဝန်းကျင်နှင့် တက္ကသိုလ် တစ်ခု တည်ရှိလေသည်။
နာမည်ကျော် လေဖို့ဒ် အသက်ကယ် သိပ္ပံ (Layford Institute for Life Sciences) ၏ ညွှန်ကြားရေးမှူး ရုံးခန်းတွင် ဖြစ်ချေသည်။
အလွန် ကျော့ရှင်းလှပသော ခန္ဓာ ပိုင်ရှင် အမျိုးသမီး တစ်ဦးသည် ညွှန်ကြားရေးမှူး ရုံးခန်းထဲသို့ ဝင်လာပြီး... ဆရာဝန် ဝတ်စုံ ဝတ်ဆင်ထားသော လူကြီး တစ်ဦးအား စာရွက်စာတမ်း တစ်စောင် ကမ်းပေးလိုက်လေ၏။
"ဆရာ...၊ ဆရာ ဂရုစိုက်ခိုင်းထားတဲ့ လူဆီကနေ လှုပ်ရှားမှု အသစ် တွေ့ရပါတယ်"
လူကြီးသည် အသက် (၅၀) သို့မဟုတ် (၆၀) ဝန်းကျင်ခန့် ရှိပုံ ရပြီး... သူသည် မူလက အတော်လေး ဟောင်းနွမ်းနေသော စာရွက်စာတမ်း တစ်ခုကို လှန်လှော ကြည့်ရှုနေခြင်း ဖြစ်သည်။
သူသည် ချက်ချင်း ရပ်တန့်လိုက်ပြီး ထိုအမျိုးသမီးကို ကြည့်လိုက်လေ၏။
"ယဲ့ဖန်လား"
"ဟုတ်ပါတယ်"
ကျော့ရှင်း လှပသော အမျိုးသမီးက ညှို့ဓာတ် ပြင်းသော အပြုံးဖြင့် ပြုံးလိုက်ပြီး လူကြီး၏ ပေါင်ပေါ်သို့ သဘာဝကျစွာပင် ဝင်ထိုင်လိုက်သည်။
ထို့နောက်...လူကြီး၏ စိတ်ဝင်စားနေသော အကြည့်အောက်မှာပင်... သူမသည် အလွန်အမင်း ဟိုက်နေသော ရင်သားကြားမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်လေ၏။
"ဒီပုံက ဒီနေ့ မွန်းလွဲ (၃:၀၅) မိနစ်မှာ... မြူခိုးမြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက် ရိုက်ပေးလိုက်တာပါ"
"ယဲ့ဖန်နဲ့ တရုတ် အမျိုးသမီး တစ်ယောက်... ကျန်းနန်ကနေ မြူခိုးမြို့တော်ကို ရောက်လာတဲ့ လေယာဉ်ပေါ်က ဆင်းလာကြတာပါ"
"သူ မဆင်းလာခင်မှာ... အန်းကျူ မိသားစုပိုင် လုံခြုံရေး ကုမ္ပဏီက ဒုတိယ မန်နေဂျာ တစ်ယောက်ကိုတောင် သေးထွက်မတတ် ကြောက်လန့်သွားအောင် လုပ်ခဲ့သေးတယ်"
"အို... ဟုတ်လား"
လူကြီးသည် ထိုကိစ္စများကို လုံးဝ ဂရုမစိုက်ပုံ ရလေသည်။ ဓာတ်ပုံပါ အကြောင်းအရာကို တစ်ချက် ကြည့်ပြီးနောက်... သူ၏ အကြည့်သည် သူ့မျက်စိရှေ့မှ တုန်လှုပ်ဖွယ် ကောင်းသော ခန္ဓာကိုယ် အကွေးအဆစ်များအပေါ်တွင်သာ စွဲမြဲနေတော့သည်။
"သူက အန်းကျူ မိသားစုနဲ့ ပတ်သက်နေတာလား"
"အရင်တုန်းကတော့ မကြားဖူးပါဘူး"
အမျိုးသမီးက ခေါင်းခါလိုက်သည်။
"ကျွန်မတို့ လူတွေ သွားပြီး စုံစမ်းနေကြပါပြီ"
"နောက်ထပ် တစ်ရက် နှစ်ရက်လောက် နေရင် အဖြေထွက်လာမယ်လို့ ခန့်မှန်းရပါတယ်"
"ဆရာ...၊ ယဲ့ဖန် ရောက်လာတာနဲ့ ပတ်သက်ပြီး... ဆရာ့မှာ ဘာအကြံအစည်များ ရှိပါသလဲ"
လူကြီးသည် ပြောင်းလဲခြင်း မရှိသော မျက်နှာထားဖြင့် ရှေ့ကို စိုက်ကြည့်နေဆဲပင်။
"ကိုးပြည်ထောင် ဖို ပေါ်လာပြီလေ...၊ သူက သတင်းကြားလို့ ရောက်လာတာ သဘာဝကျပါတယ်"
"ငါ့မှာ ဘာအကြံအစည် ရှိရမှာလဲ"
"ဒါဆို သူက ဆရာ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား" အမျိုးသမီးသည် လူကြီး၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ခေါင်းငုံ့ကာ သူ့ကို ကြည့်လိုက်သည်။
"ဒီလူက ကျွန်မတို့ အဖွဲ့အစည်းရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့တာ တစ်ကြိမ်မကတော့ဘူး"
"ဒီတစ်ခါ သူက နေမဝင် အင်ပါယာအထိ ရောက်လာပြီ...၊ ကျွန်မတို့ သတိထားမှ ဖြစ်မယ်"
"ဒါဆို မင်းအမြင်က ဘယ်လိုလဲ" လူကြီးသည် ပထမဆုံးအကြိမ် ခေါင်းမော့လာပြီး အမျိုးသမီး၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်လေ၏။
တစ်ချိန်တည်းမှာပင်... နက်ရှိုင်းသော်လည်း လူသားမဆန်သော သူ၏ အကြည့်ကို တွေ့လိုက်ရသည်။
အမျိုးသမီးသည် သူ့မျက်လုံးများကို တည့်တည့် မကြည့်ရဲပေ။ တစ်ချက် ကြည့်ပြီးသည်နှင့် အကြည့်လွှဲလိုက်ရသည်။
"ကျွန်မ စဉ်းစားနေတာက... သူ့အတွက် ပြဿနာ တချို့ ဖန်တီးပေးလိုက်ရင် ကောင်းမလားလို့ပါ"
"ဥပမာ... နေမဝင် အင်ပါယာမှာ သူ့အတွက် ပြိုင်ဘက်တချို့ ဖန်တီးပေးပြီး အာရုံ လွှဲထားလိုက်မယ်လေ"
"အနည်းဆုံးတော့... ကိုးပြည်ထောင် ဖိုကို သူ စောစောစီးစီး အာရုံမစိုက်နိုင်အောင် လုပ်ထားရမယ်"
လူကြီးသည် အမျိုးသမီးကို စိုက်ကြည့်နေဆဲပင်။
"မင်း ဒီစကားတွေ မပြောခင်... ကလပ် (၇) (Seven of Clubs) ရဲ့ ကျရှုံးမှုကို သေချာ နားမလည်သေးဘူး မဟုတ်လား"
အမျိုးသမီး၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။
"ဆရာ..."
လူကြီး၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း... သူ့ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာလေ၏။
"အရင်တုန်းက... ယဲ့ဖန် ကျန်းနန်ကို သွားပြီး ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို ရှာတုန်းကလည်း... ကလပ် (၇) က ဒီလိုပဲ တွေးခဲ့တာ"
"နောက်ဆုံးကျတော့... ယဲ့ဖန်က ကြိုတင် သတိထားမိသွားပြီး ရန်သူကို ပြန်ထောင်ချောက်ဆင်လိုက်တာလေ"
"သူ အလှည့်စားခံလိုက်ရတယ်...၊ အဖွဲ့အစည်းက လူအင်အား အများကြီး ဆုံးရှုံးလိုက်ရရုံတင် မကဘူး...၊ သူကိုယ်တိုင်လည်း အဲဒီနေရာမှာတင် သေလုနီးပါး ဖြစ်ခဲ့ရတယ်"
"ဆရာ...၊ ကျွန်မ မှားပါတယ်" အမျိုးသမီးသည် တကယ် ကြောက်လန့်သွားပုံ ရလေ၏။
သူမသည် လူကြီး၏ ပေါင်ပေါ်မှ ကပျာကယာ ထလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ် တုန်ရီနေသည်။ "နောက်ဆိုရင် ကျွန်မ သေချာပေါက် ပိုပြီး သတိထားပါ့မယ်"
သို့သော် လူကြီးက သူမကို အေးစက်စွာ ကြည့်နေဆဲပင်။
"မင်း ဘာတွေးနေလဲ ငါ သိတယ်"
"မင်းက ကလပ် (၇) ကို မနာလို ဖြစ်နေတာပဲ...၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အဖွဲ့အစည်းရဲ့ ထောက်တိုင် ဖြစ်လာပြီး ကုဒ်နံပါတ် (၇) ကို ရသွားလို့လေ...၊ မင်းက အဖွဲ့အစည်းမှာ ကြိုးကြိုးစားစား လုပ်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ...၊ ဒါပေမဲ့ အခုထိ (၃) ပဲ ရှိသေးတယ်...၊ မင်းက သူ့ထက် သာတယ် ဆိုတာကို သက်သေပြချင်နေတာ"
"ငါ မင်းကို ပြောချင်တာက... ကလပ် (၇) က မဟာဗျူဟာ၊ အင်အားနဲ့ အဖွဲ့အစည်း အပေါ် အကျိုးပြုမှု အပိုင်းတွေမှာ မင်းထက် အများကြီး သာလွန်တယ်"
"သူ ယဲ့ဖန်ကို ရှုံးသွားတာက သူ တုံးလွန်းလို့ မဟုတ်ဘူး...၊ ယဲ့ဖန်က အရမ်း ကောက်ကျစ်လွန်းလို့ ရှုံးသွားတာ"
"တကယ်လို့ မင်းသာ မနာလိုစိတ် တစ်ခုတည်းနဲ့ ကလပ် (၇) ရဲ့ ကျရှုံးမှုကို သင်ခန်းစာ မယူဘူး ဆိုရင်...၊ ဒီသင်ခန်းစာကိုတောင် နားမလည်ဘူး ဆိုရင်... ယဲ့ဖန်ရဲ့ လက်ထဲမှာ နောက်ထပ် သေရမယ့်သူက သေချာပေါက် မင်းပဲ ဖြစ်လိမ့်မယ်"
"သေချာပေါက်ပဲ"
အမျိုးသမီး၏ မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားပြီး စကားဆက်မပြောရဲတော့ပေ။
"ကိုယ့်အလုပ် ကိုယ်အာရုံစိုက်ပါ"
"တခြား အတွေးတွေ မတွေးနဲ့"
"မှတ်ထား...၊ တောနက်ထဲက ကျားတွေ၊ ခြင်္သေ့တွေက မကြောက်စရာဘူး...၊ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်ပြင်း မြွေတွေကမှ အကြောက်စရာ အကောင်းဆုံးပဲ"
"..."
"ယဲ့ဖန် ဘာလုပ်ချင်ချင် လုပ်ပါစေ...၊ လွှတ်ထားလိုက်"
"သူ့ကို စိတ်မပူနဲ့...၊ ပြီးတော့ သူ့ကို စောင့်ကြည့်ဖို့ လူမလွှတ်နဲ့"
"သူ့ကို ငါတို့နဲ့ ရင်းနှီးတဲ့ ရွှေရှာသူ တစ်ယောက် အနေနဲ့ပဲ သဘောထားလိုက်"
လူကြီးသည် နောက်ဆုံး သတိပေးစကား အနည်းငယ် ပြောကြားလိုက်လေ၏။
ထို့နောက်... အမျိုးသမီး ပေးသော ဓာတ်ပုံကို ဘေးနားရှိ စာရွက်ဖြတ်စက် ထဲသို့ ထည့်လိုက်လေတော့သည်။
*
ယဲ့ဖန်သည် စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ (Smart Information Consulting Company) အနီးသို့ ရောက်သောအခါ... ပထမဆုံး မြင်လိုက်ရသည်မှာ သာမန် ရုံးအဆောက်အအုံ တစ်ခုသာ ဖြစ်ချေ၏။
အဆောက်အအုံ အဝင်ဝတွင် ကော်ဇောနီ ခင်းထားပြီး... စွမ်းရည်ရှိပုံ ရသော အမျိုးသား၊ အမျိုးသမီး အနည်းငယ် ရပ်နေကြသည်။
ကော်ဇော၏ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ကြိုဆိုရေး အဖွဲ့ တစ်ဖွဲ့က ရိုသေ လေးစားစွာ စောင့်ကြိုနေကြလေသည်။
မြင်ကွင်းမှာ သိပ်ပြီး ချဲ့ကားလွန်းခြင်း မရှိသော်လည်း... ဤကုမ္ပဏီက သူ့ကို ကြိုဆိုရာတွင် မည်မျှ အလေးထားကြောင်း ခံစားမိစေ၏။
သူ စကားအများကြီး မပြောပေ။
ဆာမီယာနှင့်အတူ ကားပေါ်မှ ဆင်းပြီးနောက် တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဤနေရာရှိ အမှုဆောင် အရာရှိ (၃) ဦးနှင့် အကျဉ်းချုပ် မိတ်ဆက်ပြီးနောက်... သူသည် စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်လေ၏။
ထိုအချိန်ကျမှ ဆာမီယာသည် သူမ၏ ဝန်ထမ်းကတ်ကို ကိုယ်တိုင် ပွတ်ဆွဲပြီး ကုမ္ပဏီ တံခါးကို ဖွင့်လိုက်သည်။ လမ်းကြား တစ်ခုကို ဖြတ်သန်းပြီးနောက်... ဇီဝအခြေပြု စစ်ဆေးခြင်း၊ မျက်ကြည်လွှာ စစ်ဆေးခြင်းနှင့် အခြားသော နှစ်ထပ်ကွမ်း စစ်ဆေးမှု လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်သည်။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ အတွင်းပိုင်း အခြေအနေကို ယဲ့ဖန် မြင်လိုက်ရသော အခါမှသာ... ဤကုမ္ပဏီသည် အခြား ကုမ္ပဏီများနှင့် မတူကြောင်း ရုတ်တရက် သဘောပေါက်သွားတော့၏။
အပြင်ပန်းက ကြည့်လျှင် သာမန်ဟု ထင်ရသော်လည်း... အတွင်းပိုင်းကမူ နည်းပညာ အလွန် မြင့်မားလှပေသည်။
ဝင်ပေါက် ကန့်သတ်ချက်နှင့် လုံခြုံရေး အဆင့်အတန်း မြင့်မားရုံသာမက... ရုံးခန်း ဧရိယာသည်လည်း သိပ္ပံစိတ်ကူးယဉ် ဆန်လှ၏။
ရုံးခန်း ဧရိယာကို ဝေ့ကြည့်လိုက်လျှင်... မြင်ကွင်း ကျယ်ဝန်းရုံသာမက အပြင်အဆင် တစ်ခုလုံးသည် အမေရိကန် သိပ္ပံစိတ်ကူးယဉ် စစ်စခန်း တစ်ခုနှင့် အလွန် တူညီနေလေသည်။
ဧရိယာ၏ အဓိက ဗဟိုချက်မှာ စေလွှတ်ရေး စင်တာ (Dispatch Center) တစ်ခု ဖြစ်ချေ၏။
၎င်းကို ဝန်းရံထားသည်မှာ ထောက်လှမ်းရေး ဌာန၊ ဟက်ကာ အဖွဲ့၊ ဘက်စုံ သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာရေး ဌာနနှင့် အခြားသော ဌာနများ ဖြစ်ကြပြီး... ခေတ်မီ နည်းပညာ အမျိုးစုံနှင့် ရှင်းလင်းပြတ်သားသော လုပ်ငန်းတာဝန် ခွဲဝေမှုများ ရှိနေလေသည်။
ကုမ္ပဏီဟု ခေါ်သော်လည်း... ဖွဲ့စည်းပုံ တစ်ခုလုံးမှာ စစ်စခန်း တစ်ခုနှင့် ပိုတူနေသည်။
"ကျွန်မတို့ ကုမ္ပဏီ စတင် တည်ထောင်တုန်းက... ဝါရင့် ဝန်ထမ်း အများစုဟာ အထူးတပ်ဖွဲ့တွေနဲ့၊ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့ဆီကနေ လေ့ကျင့်သင်ကြားမှုတွေ ရရှိခဲ့ဖူးပါတယ်"
"သူတို့က အဲဒီ ပုံစံမျိုးက ကျွန်မတို့လို ကုမ္ပဏီမျိုးနဲ့ အရမ်း ကိုက်ညီတယ်လို့ ယူဆကြပါတယ်"
"ဒါကြောင့် သေချာ စဉ်းစားပြီးတဲ့နောက်... နောက်ဆုံးမှာ ကျွန်မတို့ ကုမ္ပဏီက အခုလို ပုံစံ ဖြစ်လာတာပါ"
ဆာမီယာသည် ယဲ့ဖန်၏ ထူးဆန်းသော အမူအရာကို သတိထားမိသဖြင့်... ယဲ့ဖန်ကို အစည်းအဝေး ခန်းမဆောင်သို့ ခေါ်ဆောင်သွားရင်း တိုးတိုးလေး ရှင်းပြလိုက်လေ၏။
ယဲ့ဖန် ဘာမှ မပြောပေ။
သူမနောက်သို့ လိုက်ပါသွားရင်း... ပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာ အကဲခတ်နေလိုက်သည်။
လေ့လာရင်းနှင့်... သူ့အကြည့်များ မသိမသာ ပြောင်းလဲလာတော့သည်။
အခန်း (၁၆၃၁) - ဒီလို လူမျိုးမှာ ပြဿနာ ရှိနေနိုင်မလား
~သို့သော်ငြားလည်း... ယဲ့ဖန်သည် ထိုအချက်ကို ချက်ချင်း ထောက်ပြခြင်း မပြုပေ။
အစည်းအဝေး ခန်းမဆောင်၏ ထိပ်ဆုံးခုံတွင် ထိုင်ပြီး သူတို့နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်... ရုတ်တရက် ခေါင်းစဉ်ကို ပြောင်းလိုက်လေ၏။
"ကျွန်တော် တစ်ခုလောက် သိချင်လို့...၊ စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံက အရမ်း ထူးခြားနေတော့... ဒီမှာ ဝန်ထမ်းခေါ်ယူတဲ့ စံနှုန်းတွေက ဘယ်လို ရှိမလဲ"
"ပုံမှန် အခြေအနေမှာတော့... စစ်ဇုန်တွေမှာ တာဝန်ထမ်းဆောင်ဖူးသူတွေ ဒါမှမဟုတ် အထူးတပ်ဖွဲ့တွေနဲ့ တော်ဝင် လျှို့ဝှက် ဝန်ဆောင်မှု အဖွဲ့ဆီကနေ လေ့ကျင့်သင်ကြားမှု ရရှိထားတဲ့ သူတွေကိုပဲ ကျွန်မတို့ ခေါ်ယူလေ့ ရှိပါတယ်" ဆာမီယာက ချက်ချင်း ရှင်းပြလေ၏။
"ဒါ့အပြင်... လျှောက်ထားလာတဲ့ သူတိုင်းလိုလိုက ကျွန်မတို့ရဲ့ အဖွဲ့ဝင်ဟောင်းတွေရဲ့ ရဲဘော်ရဲဘက်တွေ ဒါမှမဟုတ် အဆက်အသွယ် ရှိတဲ့သူတွေ ဖြစ်ရပါမယ်...၊ အဖွဲ့ဝင်ဟောင်းတွေရဲ့ ထောက်ခံချက်နဲ့ အသိအမှတ်ပြုမှု ရရှိထားသူတွေ ဖြစ်ရပါမယ်"
"အတိုချုပ် ပြောရရင်... ကျွမ်းကျင်မှု ရှိရမယ်၊ အမိန့်နာခံရမယ်၊ ပြီးတော့ စိတ်ချရတဲ့ အကျင့်စာရိတ္တ ရှိရပါမယ်"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ "ဆိုလိုတာက... ကုမ္ပဏီ အတွင်းမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူးပေါ့... ဟုတ်လား"
"အဲဒီလို ပြောရင် နည်းနည်း လွန်ကဲသလို ဖြစ်နေပေမယ့်... တကယ်လည်း အမှန်ပါပဲ" ဆာမီယာက ယုံကြည်ချက် ရှိရှိ ပြောလိုက်လေ၏။
ဘေးနားတွင် ယဲ့ဖန်နှင့်အတူ ထိုင်နေသော ဥက္ကဋ္ဌ တစ်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးတို့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
"ဆာမီယာ ပြောတာ မှန်ပါတယ်"
"ကျွန်တော်တို့ ကုမ္ပဏီက ခေါ်ယူတဲ့ ဝန်ထမ်း တိုင်းလိုလိုက... အတွင်းလူတွေရဲ့ ထောက်ခံချက် ပါသလို၊ ကျွန်တော်တို့ လူတွေ ကိုယ်တိုင် အထူး စစ်ဆေးထားတဲ့ သူတွေချည်းပါပဲ...၊ ပြီးတော့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေကလည်း ရှင်းလင်းပြတ်သားပြီး တင်းကျပ်ပါတယ်"
"ဒီလောက် နှစ်တွေ အကြာကြီး... ဘာပြဿနာမှ မဖြစ်ခဲ့ဖူးပါဘူး"
ယဲ့ဖန်သည် သူတို့၏ စကားကို ငြင်းဆန်ခြင်း မပြုဘဲ ဆာမီယာဘက်သို့ လှည့်လိုက်လေ၏။
"အထွေထွေ သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာရေး ဌာန...၊ ပင်မ လမ်းမကြီးနားက ပထမတန်း...၊ ဘယ်ဘက်က ရေတွက်ရင် တတိယမြောက်...၊ လင်းတ နှာခေါင်း ပိုင်ရှင် အမျိုးသား"
"သူ့ကို ဒီခေါ်ခဲ့ပါ"
"ပြီးတော့... ကုမ္ပဏီမှာ လုံခြုံရေး အင်အားစုတွေ ရှိရင် အသင့်ပြင်ထားခိုင်းလိုက်"
ဆာမီယာသည် ယဲ့ဖန် ဘာကို ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ "လူကြီးမင်း...၊ အဲဒီလူမှာ ပြဿနာ ရှိနေတယ်လို့ ဆိုလိုချင်တာလား"
အစည်းအဝေး ခန်းမဆောင်ထဲမှ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးတို့မှာမူ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားကြလေ၏။ သူတို့ မသိမသာ ခေါင်းခါလိုက်ကြသည်။ "မဖြစ်နိုင်တာ...၊ သူဌေး...၊ တစ်နေရာရာက သတင်းကြားလာလို့လား"
"ကျွန်တော်တို့ ခန့်ထားတဲ့ လူတိုင်းက တင်းကျပ်တဲ့ စိစစ်ရေး လုပ်ငန်းစဉ်တွေကို ဖြတ်ကျော်လာခဲ့ကြတာပါ...၊ ဝင်လာတာနဲ့ အရမ်း တင်းကျပ်တဲ့ သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးရပါတယ်"
"တကယ်လို့ သူသာ ဒီမှာ ရှုပ်ရှုပ်ယှက်ယှက် လုပ်ရဲတယ် ဆိုရင်... သေတာထက် ဆိုးတဲ့ ဘဝမျိုးနဲ့ နေရလိမ့်မယ်"
အထွေထွေ သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာရေး ဌာနကို တာဝန်ယူထားသော အညိုရောင် ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသမီး ဒုတိယ ဥက္ကဋ္ဌ အောဗန်း (Auvergne) က လျင်မြန်စွာ ပြောလိုက်လေ၏။ "သူဌေး ပြောတဲ့ ပုံစံ အရဆိုရင်... အဲဒီလူက ဂျက်ဆင် တန် (Jason Tang) ဖြစ်လောက်တယ်"
"သူက ကျွန်မတို့ရဲ့ ဝန်ထမ်းဟောင်း တစ်ယောက်ပါ...၊ စမတ် သတင်းအချက်အလက် ကုမ္ပဏီမှာ အလုပ်လုပ်တာ (၃) နှစ်ကျော်ပါပြီ"
"လွန်ခဲ့တဲ့ (၃) နှစ်အတွင်း... သူက အလုပ်ကြိုးစားပြီး တခြား ဝန်ထမ်းတွေ အပေါ်မှာလည်း ကြင်နာတတ်ပါတယ်...၊ လူကောင်း တစ်ယောက်လို့ နာမည်ကြီးပါတယ်...၊ သူ့မှာ ဘာပြဿနာမှ မရှိပါဘူး"
"..."
"အားလုံးပဲ... အလောတကြီး ဆုံးဖြတ်ချက် မချကြပါနဲ့ဦး" ယဲ့ဖန် လက်ကို အနည်းငယ် မြှောက်လိုက်ပြီး အားလုံးကို စကားရပ်ရန် အချက်ပြလိုက်သည်။
"ဆာမီယာကို အရင် သွားခေါ်ခိုင်းလိုက်ပါဦး"
အောဗန်းနှင့် အခြားသူများလည်း နောက်ဆုံးတွင် စကားရပ်လိုက်ကြသည်။
ဆာမီယာသည် အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်း ထွက်သွားလေ၏။
ယဲ့ဖန်သည် အခွင့်ကောင်းယူပြီး လင်းတ နှာခေါင်းပိုင်ရှင် ဂျက်ဆင် တန် အကြောင်းကို မေးမြန်းလိုက်သည်။ "ဒုတိယ ဥက္ကဋ္ဌ အောဗန်း...၊ ခင်ဗျား သူ့ကို ကောင်းကောင်း သိလား"
"သိတာပေါ့" အောဗန်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မက SAS အထူးတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာရေး ဌာနက လာတာလေ...၊ ဂျက်ဆင် တန် ကလည်း SAS အထူးတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာရေး ဌာနက လေ့ကျင့်သင်ကြားပေးလိုက်တာပါ"
"ကျွန်မရဲ့ နည်းပြဟောင်းက သူ့အတွက် ထောက်ခံစာ ရေးပေးပြီး... ကျွန်မဆီကို လွှတ်လိုက်တာပါ"
"ကျွန်မတို့ အုပ်စုရဲ့ ကျွမ်းကျင် စိစစ်ရေး အဖွဲ့က သူ့ကို စစ်ဆေးတုန်းကလည်း... ဘာထူးခြားမှုမှ မတွေ့ခဲ့ရပါဘူး"
"သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ တိုက်ခိုက်ရေး စွမ်းရည် နိမ့်ပါးတာကလွဲရင်... ဂျက်ဆင် တန် ရဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက SAS အထူးတပ်ဖွဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာရေး ဌာနက တရားဝင် အဖွဲ့ဝင် တချို့ထက်တောင် သာလွန်ပါသေးတယ်...၊ သူက ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာတဲ့ အလုပ်ကို အရမ်း ဝါသနာပါတာပါ...၊ မူလက သူ SAS အထူးတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာရေး ဌာနမှာ ဆက်လုပ်ချင်ပေမယ့်... ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ တိုက်ခိုက်ရေး စွမ်းရည် မပြည့်မီတာကြောင့် မနေခဲ့ရတာပါ..."
ယဲ့ဖန်သည် အောဗန်း၏ ရှင်းပြချက်ကို နားထောင်ရင်း... စိတ်ထဲမှ ထူးဆန်းသော ခံစားချက်မှာ ပို၍ နက်ရှိုင်းလာလေ၏။
သူ ဂျက်ဆင် တန် ကို သီးသန့် ရွေးထုတ်လိုက်ရခြင်းမှာ... သူ ဆာမီယာတို့နှင့်အတူ ကုမ္ပဏီထဲသို့ ဝင်လာစဉ်က ဒီလူ၏ အပြုအမူမှာ အနည်းငယ် ထူးဆန်းနေသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို သတင်းပို့နေသကဲ့သို့ ရှိနေသည်။ ထို့အပြင်... ပိုမို အရေးကြီးသော အကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။ ကုမ္ပဏီ ဝန်ထမ်းများ အားလုံးတွင် ဂျက်ဆင် တန် တစ်ယောက်တည်းသာ အလင်း ကျင့်စဉ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြောင်း ယဲ့ဖန် တွေ့ရှိလိုက်ရသောကြောင့် ဖြစ်ချေသည်။
စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီ၏ အခြား ဝန်ထမ်းများ... အစွမ်းအထက်ဆုံး ဖြစ်သော စီအီးအို (CEO) ဂျုံးစ် (Jones) ပင်လျှင် အလင်းကျင့်စဉ် အဆင့်သို့ အခုမှ စတင် ဝင်ရောက်ခါစသာ ရှိသေးသည်။
သို့သော်၊ အခု... အောဗန်းက ဂျက်ဆင် တန် ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေး စွမ်းရည် လိုအပ်ချက် ရှိနေသည်ဟု ပြောနေသည်တဲ့လား။
နောက်နေတာလား။
ယဲ့ဖန် ပြုံးလိုက်သော်လည်း ဘာမှ မပြောပေ။
အောဗန်းက ဆက်ပြောလေ၏။ "SAS အထူးတပ်ဖွဲ့ ထောက်လှမ်းရေး ခွဲခြမ်းစိတ်ဖြာရေး ဌာန ခေါင်းဆောင်က သူ့ကို အရမ်း သဘောကျခဲ့တာ...၊ အဆက်အသွယ်တွေ သုံးပြီး သူ့ကို အထဲရောက်အောင် ကူညီပေးဖို့တောင် ကြိုးစားခဲ့သေးတယ်"
"ဒါပေမဲ့... SAS ရဲ့ အတွင်းပိုင်း စီမံခန့်ခွဲမှုက အရမ်း တင်းကျပ်လွန်းတော့... မအောင်မြင်ခဲ့ဘူး"
"ဂျက်ဆင် တန် လည်း ရွေးချယ်စရာ မရှိတော့လို့ ကျွန်မတို့ ကုမ္ပဏီကို ရောက်လာရတာပါ"
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ နီးကပ်လာသည်ကို ယဲ့ဖန် ကြားလိုက်ရလေ၏။
သူ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး အောဗန်းကို စကားရပ်ရန် အချက်ပြလိုက်သည်။ ထို့နောက် အစည်းအဝေး ခန်းမဆောင် တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင်... တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ထို့နောက် ဆာမီယာ၏ လေးစားသမှု ပြည့်ဝသော အသံ ထွက်ပေါ်လာလေ၏။
"သူဌေး...၊ ဂျက်ဆင် တန် ရောက်ပါပြီ"
"ဝင်ခဲ့ပါ"
ယဲ့ဖန် လှမ်းအော်လိုက်သည်။
ဆာမီယာသည် ဂျက်ဆင် တန် ကို ခေါ်ဆောင်လာသောအခါ... ယဲ့ဖန်၏ အကြည့်သည် ပစ်မှတ်ပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။
ဂျက်ဆင် တန် သည် အသက် (၃၀) ဝန်းကျင်ခန့် ရှိပုံရသည်။
အရပ် (၁.၇) မီတာကျော်ကျော်ခန့်သာ ရှိပြီး... အလွန် ပိန်လှီနေသည်။ ကိုယ်အလေးချိန် ပေါင် (၁၂၀) ထက် မပိုလောက်ပေ။
နေမဝင် အင်ပါယာတွင် ဆိုလျှင်... သူသည် သေချာပေါက် သာမန် ပုတုလေး တစ်ယောက်သာ ဖြစ်ချေသည်။
ဝတ်စားဆင်ယင်ပုံကလည်း အလွန် ရိုးရှင်းလှသည်။
သူ့ကိုယ်ပေါ်တွင် တန်ဖိုးကြီး အဆင်တန်ဆာ တစ်ခုမှ မရှိပေ။
ဆာမီယာ၏ နောက်မှ လိုက်ပါလာပြီး ရုံးခန်းထဲသို့ ဝင်လာသောအခါ... သူသည် ခါးကို အနည်းငယ် ကိုင်းထားပြီး ကြောက်ရွံ့နေပုံ ရလေ၏။
ယဲ့ဖန်နှင့် အမှုဆောင် အရာရှိများကို မော့မကြည့်ရဲပေ။
ထိုအခြေအနေကို မြင်သောအခါ... အောဗန်းသည် ဒီလို လူမျိုးမှာ ပြဿနာ မရှိနိုင်ကြောင်း ပို၍ ယုံကြည်သွားလေ၏။ သူမသည် ယဲ့ဖန်ကို 'တွေ့လား... ဒီလို လူမျိုးမှာ ပြဿနာ ရှိနိုင်ပါ့မလား' ဟူသော အကြည့်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။
သို့သော် ယဲ့ဖန်က ဂျက်ဆင် တန် ကို သူ့အနား ခေါ်လာရန် ဆာမီယာအား လက်ဟန်ပြလိုက်သည်။
ထို့နောက် ဆာမီယာကို သူ့အနောက်သို့ ဝင်နေစေလိုက်သည်။
ပြီးနောက်... သူသည် စံချိန်မီ အင်္ဂလိပ်စာဖြင့် မေးလိုက်လေ၏။
"ငါ စမတ် သတင်းအချက်အလက် အတိုင်ပင်ခံ ကုမ္ပဏီထဲ ဝင်လာတုန်းက... မင်း ဘယ်သူ့ဆီ စာပို့နေတာလဲ"
ဂျက်ဆင် တန် အံ့သြသွားပြီး... ယဲ့ဖန်ကို ချက်ချင်း မော့ကြည့်လိုက်လေ၏။
ထို့နောက် သူ သတိဝင်လာပုံရသည်။ သူ ခေါင်းခါလိုက်ပြီး စကားထစ်အငေါ့ဖြင့် ပြောလေ၏။ "မ... မဟုတ်ပါဘူး...၊ ကျွန်တော် မပို့ပါဘူး"
"သူဌေး...၊ အမြင်မှားတာများလား"
"အဲဒီတုန်းက ကျွန်တော် အင်တာနက် သုံးနေတာပါ...၊ အင်တာနက် သုံးသလို ဟန်ဆောင်ပြီး သူဌေးကို တိတ်တဆိတ် အကဲခတ်နေမိတာပါ"
"ငြင်းနေတုန်းပဲလား" ယဲ့ဖန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး... သူ့ခန္ဓာကိုယ်မှ အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာလေ၏။
ယဲ့ဖန်သည် ရှေ့မှ စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ စားပွဲခုံ ကွဲအက်သွားသည့် အချိန်မှာပင်... သူသည် ဂျက်ဆင် တန် ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်တော့သည်။