← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃) - ကယ်မပေးနိုင်ဘူး

~ကန်ဟိုင်ဖုန်းနှင့် မိသားစုကြီး (၄) စုမှ ခေါင်းဆောင်များသည် မြို့တံခါးဝသို့ ရောက်ရှိလာကြ၏။ လူထုကြီး၏ ပျော်ရွှင်အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ တစ်စုံတစ်ယောက်က တကယ် ကယ်တင်ပေးနိုင်ကြောင်း သူတို့ ယုံကြည်သွားကြ၏။

ကန်ဟိုင်ဖုန်းနှင့် မိုကျန့်နန်တို့သည် ကုသပြီးသား လူများကို မြင်လိုက်ရသည့်အခါ မျက်နှာပေါ်တွင် အံ့ဩမှုများ အထင်းသား ပေါ်လာသည်။

‘သူ... သူ တကယ် ကယ်ပေးနိုင်တာပဲ…’

ကန်ဟိုင်ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

‘စွမ်းလိုက်တဲ့ ဝါးမြိုခြင်း အား... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကို တကယ်ကြီး ဝါးမြိုပစ်လိုက်တာလား…’

မိုကျန့်နန် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။

"မိသားစုခေါင်းဆောင်... မနေ့ညက မြေပုံခိုးသွားတာ ဒီလူငယ်လေးများလား..."

ဟု အကြီးအကဲ တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

မိုကျန့်နန် ခေါင်းခါလိုက်ပြီး ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေ၏။

"ကျုပ်လည်း မသိဘူး..."

ဖုန်းဝူချန်က အဆိပ်များကို ဝါးမြိုပြီး လူတွေကို ကယ်တင်နေသည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်လေ၏။ ယုံမှားသံသယ ဖြစ်စရာ မလိုတော့ပေ။

ကန်ဟိုင်ဖုန်းတို့ ရောက်နေသည်ကို ဖုန်းဝူချန် သိသော်လည်း လှည့်ပင် မကြည့်ပေ။ လူနာများကိုသာ အာရုံစိုက် ကုသပေးနေ၏။

မနေ့ကမှ ရန်ဖြစ်ထားပြီး၊ ဒီနေ့မှာ သူတို့ကို ပြန်ကယ်တင်ပေးနေရသည့် အဖြစ်က ကန်ဟိုင်ဖုန်း၏ ရင်ထဲတွင် မည်သို့ ခံစားရမည် မသိပေ။

"မြန်မြန်... ပထမအကြီးအကဲနဲ့ စစ်သူကြီးကို သွားခေါ်ခဲ့ကြ..."

ကန်ဟိုင်ဖုန်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ မြို့စားမင်း..."

အစောင့်များ အလျင်အမြန် ပြန်ပြေးသွားကြ၏။

"စံအိမ်သခင်လေးကို မြို့တံခါးဝကို ခေါ်လာခဲ့..."

ဟု မိုကျန့်နန်ကလည်း အမိန့်ပေးလိုက်သည်။

"မိသားစုခေါင်းဆောင်... ဒါက..."

အစောင့်က တွန့်ဆုတ်နေ၏။ တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။

"မြန်မြန် သွားစမ်း..."

မိုကျန့်နန် ဒေါသတကြီး အော်ဟစ်လိုက်ရာ အစောင့် ကြောက်လန့်တကြား ပြေးထွက်သွား၏။

အခြား မိသားစုခေါင်းဆောင်များလည်း ကိုယ့်လူကိုယ် သွားခေါ်ခိုင်းကြ၏။

"ကျေးဇူးတင်ပါတယ် နတ်ဘုရား... ကျွန်တော်တို့ အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်..."

ကုသပြီးသူများ တစ်ယောက်ပြီး တစ်ယောက် ဖုန်းဝူချန်ကို နဖူးတိုက်ကာ အရိုအသေပေးကြ၏။

နာရီဝက် ကြာသောအခါ လူပေါင်း ရာနှင့်ချီ ကယ်တင်ပြီးသွားပြီ ဖြစ်လေ၏။

နာရီဝက်သာ ရှိသေးသော်လည်း ဖုန်းဝူချန်၏ အစစ်အမှန် ယွမ်စွမ်းအား ကုန်ခမ်းမှု ပမာဏက ကြီးမားလှသည်။

ကံကောင်းသည်မှာ ဖုန်းဝူချန်၌ စွမ်းအားဖြည့် ဆေးလုံးများ ရှိနေသဖြင့် ပြဿနာ မရှိပေ။ သို့သော် ထောင်ချီသော လူနာများ ကျန်ရှိနေသေးသည်။

အချိန်ကုန်သက်သာစေရန် ဖုန်းဝူချန်သည် တစ်ယောက်ချင်းစီ မကုသတော့ဘဲ နှစ်ယောက်တွဲ ကုသပေးလိုက်သည်။ လုပ်ငန်းစဉ်က ပိုမြန်ဆန်လာသည်။

နှစ်နာရီ ကြာသောအခါ... သီးသန့်ဇုန် (၃)ခုလုံးမှ အဆိပ်သင့်သူများ အားလုံးကို ကုသပေးပြီးပြီ ဖြစ်လေ၏။

ဆေးလုံးများ သောက်ထားသည့်တိုင် ဖုန်းဝူချန် အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်လေ၏။

ကုသပြီးသူများက ကျေးဇူးတင်စကား မဆုံးနိုင်အောင် ပြောနေကြ၏။

ဖုန်းဝူချန် ပင်ပန်းနေသည်ကို မြင်သောအခါ ကလေးငယ်လေးများက ရေနွေးကြမ်းနှင့် မုန့်များ လာရောက် ဆက်သကြ၏။ ရင်ထဲ နွေးထွေးသွားစေသော မြင်ကွင်းလေးများပင်။

"နတ်ဘုရား... ပင်ပန်းနေရင် နားပါဦး... ကျွန်တော်တို့ ခံနိုင်ပါသေးတယ်..."

ဟု လူလတ်ပိုင်း အမျိုးသားတစ်ဦးက မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"ဟုတ်တယ် နတ်ဘုရား... ခဏလောက် နားပါဦး..."

လူအုပ်ကြီးက ဝိုင်းဝန်း တောင်းဆိုကြ၏။ ဖုန်းဝူချန် ပင်ပန်းနေတာကို သူတို့ မကြည့်ရက်ကြတော့ပေ။

ဖုန်းဝူချန်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုက လူတိုင်း၏ နှလုံးသားကို ထိရှစေခဲ့၏။

"ရပါတယ်... ကိစ္စမရှိပါဘူး..."

ဖုန်းဝူချန်က နူးညံ့စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။ တဆက်တည်း..သူ့ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဖုန်းဝူချန် မနားဘဲ ဆက်လက် ကုသပေးနေ၏။

ကန်ဟိုင်ဖုန်းတို့လည်း ဘေးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။

ထိုအချိန်တွင်... မြို့စားမင်း အိမ်တော်နှင့် မိသားစုကြီး (၄) စုမှ အဆိပ်သင့်သူများ ရောက်ရှိလာကြ၏။ သံဇကာ အချုပ်ခန်းများထဲတွင် ပိတ်လှောင်ထားသည်။

"တကယ် သူပဲလား..."

ကယ်တင်ရှင်က ဖုန်းဝူချန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မိုဝူရှဲ့၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။

ယခု မိုဝူရှဲ့၏ ပုံစံမှာ သွေးလူ ဖြစ်နေပြီး၊ တစ်ကိုယ်လုံး အနီကွက်များနှင့် ကုတ်ခြစ်ရာများ ပြည့်နှက်နေ၏။ မျက်နှာမှာလည်း ကြည့်ရက်စရာ မရှိအောင် ပျက်စီးနေပြီး၊ ယခင်က ခန့်ညားသော မိုမိသားစု မြို့သခင်လေး ပုံစံ လုံးဝ မရှိတော့ပေ။

မနေ့က မောက်မာစွာ ငြင်းပယ်ခဲ့မိသည်ကို ပြန်တွေးမိပြီး မိုဝူရှဲ့၏ နှလုံးသား ထောင်ကျသွားသလို ခံစားလိုက်ရသည်။

မိုဝူရှဲ့ အပြင်... မြို့စားမင်း အိမ်တော်မှ ပထမအကြီးအကဲနှင့် စစ်သူကြီးတို့လည်း ထိုနည်းတူ ခံစားနေရသည်။ ဖုန်းဝူချန်ကို ပြစ်မှားခဲ့မိသဖြင့် သူတို့ကို ကယ်ပါ့မလားဟု စိုးရိမ်နေကြ၏။

"အဖေ... မနေ့က သူ့ကို ငြင်းခဲ့တာ သားပါ..."

ယားယံမှုကို အံကြိတ်ခံရင်း မိုဝူရှဲ့က ဝန်ခံလိုက်သည်။

မိုကျန့်နန်၏ မျက်နှာထား အလွန် အရုပ်ဆိုးနေ၏။

"အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်က သာမန် အဆိပ် မဟုတ်ဘူး... မင်း ငြင်းခဲ့ရင်တောင် သူ ကယ်ကို ကယ်ပေးရလိမ့်မယ်... မဟုတ်ရင် အဆိပ်က ဆက်ပျံ့နေဦးမှာပဲ..."

မိုကျန့်နန်က အားပေးလိုက်သည်။

ထိုစကားကြားမှ မိုဝူရှဲ့ စိတ်နည်းနည်း သက်သာသွား၏။

အဖေပြောတာ ဟုတ်သည်။ ဖုန်းဝူချန် သူ့ကို မကယ်လျှင် အဆိပ်က ဆက်ပျံ့နေမှာ ဖြစ်ပြီး၊ ကယ်ထားပြီးသူတွေပါ ပြန်ကူးကုန်လိမ့်မည်။

အချိန်များ ကုန်ဆုံးသွားပြီး တစ်နာရီခန့် အကြာတွင်... မြို့စားမင်း အိမ်တော်နှင့် မိသားစုကြီး (၄) စုမှ လွဲ၍ ကျန်သူများ အားလုံးကို ဖုန်းဝူချန် ကုသပေးပြီးပြီ ဖြစ်လေ၏။

ဖုန်းဝူချန်၏ မျက်နှာမှာ ဖြူဖျော့နေ၏။ ဆေးလုံးများ အကူအညီ ရသော်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမှုက ဖုံးဖိမရအောင် ပေါ်လွင်နေ၏။

သို့သော် ဖုန်းဝူချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် ၁၀ မိနစ်ခန့် နားလိုက်ရုံဖြင့် ပြန်လည် အားပြည့်လာသည်။

"အစ်ကိုကြီးဖုန်း... သက်သာရဲ့လားဟင်..."

လင်ရှောင်ရှောင်က စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြုံးလိုက်သည်။

"အစ်ကို ပြန်ကောင်းသွားပါပြီ..."

ဖုန်းဝူချန် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ သံဇကာများထဲမှ လူများ စိတ်လှုပ်ရှားသွားကြ၏။

"နတ်ဘုရား... ကယ်ပါဦး..."

"နတ်ဘုရား... မြန်မြန် ကယ်ပေးပါ..."

မိသားစုကြီး (၄) စုမှ လူများ အလုအယက် အော်ဟစ်တောင်းပန်ကြ၏။

"သွေးလမင်းမြို့တော်က လူတွေကို ကယ်တင်ပေးဖို့ လူငယ်လေးကို အနူးအညွတ် တောင်းပန်ပါတယ်..."

ကန်ဟိုင်ဖုန်းက လက်သီးဆုပ်ကာ တောင်းပန်လိုက်သည်။

"ကျွန်တော့် မိသားစုဝင်တွေကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်..."

အခြား မိသားစုခေါင်းဆောင်များလည်း ရိုကျိုးစွာ တောင်းပန်ကြ၏။

အားလုံး၏ အကြည့်များ ဖုန်းဝူချန်ဆီသို့ ရောက်ရှိနေကြ၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

မနေ့က မြို့တံခါးဝ ဖြစ်ရပ်ကို လူအများ သိထားကြ၏။ မျက်မြင်သက်သေများလည်း ရှိသည်။

ဖုန်းဝူချန်၏ အကြည့်များသည် ကန်ဟိုင်ဖုန်းနှင့် မိသားစုကြီး (၄) စု ခေါင်းဆောင်များ အပေါ်သို့ ရောက်ရှိသွား၏။ မျက်နှာထားက တည်ငြိမ်လွန်းလှသည်။

"မြို့စားမင်း အိမ်တော်က လူတွေကို ကျွန်တော် မကုပေးနိုင်ဘူး... မိုမိသားစုက လူတွေကိုလည်း မကုပေးနိုင်ဘူး... တခြား တတ်ကျွမ်းနားလည်တဲ့သူ ရှာကြပါ... ကျန်တဲ့ မိသားစု (၃) စုကိုတော့ ကျွန်တော် ကုပေးမယ်..."

ဖုန်းဝူချန်က အေးစက်ပြတ်သားစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကန်ဟိုင်ဖုန်းနှင့် မိုကျန့်နန်တို့၏ မျက်နှာထားများ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြ၏။

ဖုန်းဝူချန်က မြို့စားမင်း အိမ်တော်နှင့် မိုမိသားစုကို ငြင်းပယ်လိုက်သည်တဲ့လား။

"နတ်ဘုရား... ကယ်ပါဦး... နတ်ဘုရား... ကယ်ပါဦးဗျာ..."

မြို့စားမင်း အိမ်တော်နှင့် မိုမိသားစုမှ လူများ ထိတ်လန့်တကြား အော်ဟစ်ကာ ဒူးထောက်တောင်းပန်ကြ၏။

ကျန် မိသားစု (၃) စုကတော့ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ ဒီနတ်ဘုရားလို လူငယ်လေးကို မပြစ်မှားမိခဲ့တာ ကံကောင်းလိုက်လေခြင်း။

"သူတို့ကို မကယ်ရင်... ကုပြီးသား လူတွေဆီ အဆိပ်တွေ ပြန်ကူးကုန်လိမ့်မယ်..."

မိုကျန့်နန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ကန်ဟိုင်ဖုန်းကလည်း ထောက်ခံသည်။

"မိသားစုခေါင်းဆောင်မို ပြောတာ မှန်တယ်... မင်ူရဲ့ ဝါးမြိုခြင်း သိုင်းဝိဉာဉ် က ဘယ်လောက်ပဲ စွမ်းပါစေ... အခုကုပေးလိုက်ရင်တောင် နောက်ကျရင် ပြန်ကူးမှာပဲ..."

"ကျွန်တော် မကယ်ဘူး ဆိုရင် မကယ်ဘူးပဲ... ပြန်မကူးချင်ရင် သွေးလမင်းမြို့တော်ကနေ ထွက်သွားကြပေါ့..."

ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

"နတ်ဘုရား... ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ... ကျွန်တော် မှားမှန်း သိပါပြီ... မနေ့က မငြင်းခဲ့သင့်ပါဘူး... ကျေးဇူးပြုပြီး ကယ်ပါ... မိုမိသားစုက အသေးစိတ်ကျတဲ့ မြေပုံကို သေချာပေါက် ပေးပါ့မယ်..."

မိုဝူရှဲ့ ခံနိုင်ရည်မရှိတော့ဘဲ ဒူးထောက်ကာ ခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်သည်အထိ တောင်းပန်လိုက်သည်။ အဆိပ်ဒဏ်ကို သူ မခံစားနိုင်တော့ပေ။

"အဲ့ဒီ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်တော့... မိုမိသားစုက ဘယ်သူ့ကိုမှ ကျုပ်က မကယ်ဘူး..."

ဖုန်းဝူချန်၏ အသံသည် ကျောက်ဆောင်တစ်ခုအလား ခိုင်မာနေတော့၏။

အခန်း (၄၉၄) - သွေးအေးရက်စက်သော သတ်ဖြတ်မှု

~ဖုန်းဝူချန်၏ ငြင်းဆိုမှုသည် မိုဝူရှဲ့ကို မျှော်လင့်ချက်မဲ့ခြင်း နွံထဲသို့ တွန်းပို့လိုက်လေသည်။

မိုဝူရှဲ့ကို ခေါ်လာသော အစောင့်များလည်း အဆိပ်သင့်နေပြီ ဖြစ်သဖြင့် အတူတူ မျှော်လင့်ချက်မဲ့နေကြ၏။

မနေ့ကသာ မောက်မာစွာ မငြင်းပယ်ခဲ့လျှင်... ဒီနေ့ ဒီအဖြစ်မျိုး ကြုံရမည် မဟုတ်ပေ။

နောင်တရလည်း နောက်ကျသွားခဲ့ရတော့၏။ လောကကြီးတွင် နောင်တရခြင်းအတွက် ဆေးမရှိပေ။

ကန်ဟိုင်ဖုန်းနှင့် မိုကျန့်နန်တို့၏ မျက်နှာထားများ မည်းမှောင်နေ၏။ ဖုန်းဝူချန်က သူတို့ကို တကယ် စွန့်ပစ်လိုက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

"မနေ့က မြို့သခင်လေးက နတ်ဘုရားကို စွပ်စွဲတယ်... တိုက်ခိုက်တယ်... မြို့စားမင်းကလည်း သတ်ဖို့ ကြိုးစားခဲ့သေးတယ်... အခုမှ လာပြီး ကယ်ပါလို့ တောင်းဆိုရဲသေးတယ်နော်..."

"ကိုယ့်လုပ်ရပ် ကိုယ်ခံရတာပဲ... မိုဝူရှဲ့က ရက်ရက်စက်စက် ငြင်းပယ်ခဲ့တာလေ... ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိသင့်တာပေါ့..."

"မြို့စားမင်းက နတ်ဘုရားကို မြို့ထဲဝင်ခွင့် ပိတ်ပင်ခဲ့တယ်... မြို့သခင်လေးက အားနည်းလို့ ရှုံးတာကိုတောင် မကျေနပ်ဘဲ အပြစ်ရှာတယ်... သူတို့မှာ မျက်နှာပြောင်တိုက်ပြီး အကူအညီတောင်းရဲသေးတယ်..."

"ငါသာ နတ်ဘုရား နေရာမှာ ဆိုရင်လည်း... သူတို့လို လူတွေကို လုံးဝ ကယ်ပေးမှာ မဟုတ်ဘူး..."

ကုသပြီးသွားသော ကျင့်ကြံသူများက တီးတိုး ဝေဖန်နေကြ၏။ အားလုံးက ဖုန်းဝူချန်ဘက်မှ ရပ်တည်နေကြ၏။

ဖုန်းဝူချန်က လူအုပ်ကြီးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံးပဲ... ကျွန်တော် ခင်ဗျားတို့ကို တစ်ခါပဲ ကယ်ပေးနိုင်မှာ... ဒုတိယအကြိမ် ကယ်ပေးနိုင်မှာ မဟုတ်ဘူး... သွေးလမင်းမြို့တော်ကနေ အမြန်ဆုံး ထွက်ခွာပြီး တခြားနေရာမှာ သွားနေကြပါ... မြို့ထဲက လူတွေကိုလည်း ထွက်သွားကြဖို့ ပြောပေးပါ... ပြီးတော့ နီးစပ်ရာ မြို့တွေနဲ့ အင်အားစုတွေကိုလည်း သွေးလမင်းမြို့တော်နား မကပ်ကြဖို့ သတိပေးလိုက်ပါ..."

ဖုန်းဝူချန် ဆုံးဖြတ်ပြီးလျှင် ပြင်လေ့မရှိပေ။ သူ မကယ်ဘူး ဆိုလျှင် မကယ်ဘူးပင်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရား... ကျွန်တော်တို့ သွေးလမင်းမြို့တော်ကနေ အခုချက်ချင်း ထွက်သွားပါ့မယ်..."

လူအုပ်ကြီးက တွန့်ဆုတ်ခြင်း မရှိဘဲ ဆုံးဖြတ်လိုက်ကြ၏။ ဖုန်းဝူချန်ကို ထပ်မံ ကျေးဇူးတင်စကား ဆိုပြီး မြို့ထဲသို့ ပြေးဝင်သွားကြ၏။

ဖုန်းဝူချန်၏ ဆုံးဖြတ်ချက်ကြောင့် ကန်ဟိုင်ဖုန်းနှင့် မိုကျန့်နန်တို့ ပို၍ ဒေါသထွက်လာသည်။ ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးစားချင်စိတ်များ ပေါက်နေ၏။

"သူတို့ အကုန် ထွက်သွားရင်တောင် အဆိပ်က ဆက်ပျံ့နေဦးမှာပဲ... မင်း သေချာ စဉ်းစားရင် ကောင်းမယ်နော်..."

ကန်ဟိုင်ဖုန်းက ဒေါသတကြီး ပြောသော်လည်း လက်မလျှော့သေးပေ။ ယခုအချိန်တွင် ဖုန်းဝူချန် တစ်ယောက်တည်းသာ သူတို့ကို ကယ်တင်နိုင်သည်လေ။

"ကျွန်တော် လူအများစုကို ကယ်ပေးပြီးပြီ... ကျန်တဲ့သူတွေ သွေးလမင်းမြို့တော်ကနေ ထွက်သွားရင်တောင်... တချို့ အစွမ်းထက်တဲ့ လူတွေက သူတို့ကို သတ်ပစ်ကြမှာပဲ... ပြီးတော့... ရောဂါပိုး စတင်တာက ခင်ဗျားတို့ဆီကပဲမလား..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ တချိန်တည်းမှာပင် အခြား မိသားစုကြီး (၃) စုမှ လူများကို သူက ဆက်လက် ကုသပေးနေ၏။

"လွန်လွန်းနေပြီ..."

မိုကျန့်နန်၏ မျက်နှာထား ရုပ်ပျက်ဆင်းပျက် ဖြစ်သွား၏။ သတ်ဖြတ်လိုစိတ်များ မိုးထိအောင် မြင့်တက်လာသည်။

"မိသားစုခေါင်းဆောင်မို... ခင်ဗျား တစ်ခုခု လုပ်ချင်ရင် ခဏစောင့်ပါဦး... ကျွန်တော်တို့ မိသားစုဝင်တွေကို ကုသပေးနေတုန်းမို့လို့ပါ..."

မိသားစုခေါင်းဆောင် တစ်ယောက်က မိုကျန့်နန်၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိပြီး လေးနက်စွာ သတိပေးလိုက်သည်။

"မိသားစုခေါင်းဆောင်မို... မြို့စားမင်း... ခင်ဗျားတို့ ကိစ္စကို ကျွန်တော်တို့ ဝင်မပါပါဘူး... ဒါပေမဲ့ ဒီအချိန်မှာ ခင်ဗျားတို့ တိုက်ခိုက်ဖို့ ရွေးချယ်မယ် ဆိုရင်တော့... ကျွန်တော်တို့ကို သံယောဇဉ် မရှိဘူးလို့ အပြစ်မဆိုပါနဲ့..."

ကျန် မိသားစုခေါင်းဆောင် နှစ်ယောက်လည်း သဘောထားကို ရှင်းလင်းစွာ ပြောလိုက်ကြ၏။

ဘေးဒုက္ခ ရောက်လာချိန်တွင် ကိုယ့်လွတ်ရုန်းကြသည်မှာ သဘာဝပင်။

သာမန်အချိန်များတွင် သူတို့ အဆင်ပြေကြသော်လည်း၊ ယခုလို အချိန်မျိုးတွင်တော့ ကိုယ့်အကျိုးစီးပွားကသာ အဓိက ဖြစ်လာသည်။

"မင်းတို့..."

မိုကျန့်နန် တစ်ယောက် ဒေါသထွက်လွန်း၍ စကားမပြောနိုင် ဖြစ်သွား၏။

ကန်ဟိုင်ဖုန်း၏ မျက်နှာထား ရှုံ့မဲ့နေသော်လည်း နှုတ်ဆိတ်နေလိုက်သည်။

မကြာမီမှာပင်... ကျင့်ကြံသူ အုပ်စုကြီးသည် သွေးလမင်းမြို့တော်မှ ထွက်ခွာသွားကြ၏။ မည်သူမျှ ထပ်ပြီး အဆိပ်သင့် မခံချင်ကြတော့ပေ။

"မြို့စားမင်း... ကျွန်တော်... ကျွန်တော် မသေချင်ဘူးဗျ..."

အစောင့်တစ်ယောက်က ဖိအားကို မခံနိုင်တော့ဘဲ ထွက်ပြေးသွား၏။

"ကျွန်တော်လည်း မသေချင်ဘူး..."

တစ်ယောက်စလိုက်သည်နှင့် ကျန်အစောင့်များလည်း အလုအယက် ထွက်ပြေးကုန်ကြ၏။

အဆိပ်မသင့်သေးသော အစောင့်များ အားလုံး သွေးလမင်းမြို့တော်ကို စွန့်ခွာသွားကြ၏။ မိုမိသားစု အစောင့်များလည်း ထိုနည်းတူပင်။

"ပြန်ပြီး ပစ္စည်းသိမ်းကြ... ငါတို့လည်း သွေးလမင်းမြို့တော်ကနေ ထွက်သွားမယ်..."

လီမိသားစု ခေါင်းဆောင်က ဆုံးဖြတ်လိုက်သည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ... သွေးလမင်းမြို့တော်ကြီးသည် ခြောက်ကပ်သွား၏။ လမ်းမများပေါ်တွင် လူသူကင်းမဲ့သွား၏။

အခြား မိသားစုကြီး (၃) စုလည်း ထွက်ခွာသွားကြပြီ ဖြစ်သည်။

သွေးလမင်းမြို့တော်... သုသာန်တစပြင်အလား တိတ်ဆိတ်သွားခဲ့ချေပြီ။

"ရှောင်ရှောင်... သွားကြရအောင်..."

ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ခေါ်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"သူတောင်းစား... မင်းက သူတို့ကို ကယ်ပေးလိုက်ရုံနဲ့ အသက်ရှင်လျက် ပြန်သွားနိုင်မယ် ထင်နေလား... ထွက်သွားချင်တယ် ဟုတ်လား... မလွယ်ပါဘူးကွာ..."

ကန်ဟိုင်ဖုန်းက မျက်လုံးများ ကျဉ်းမြောင်းကာ ဒေါသတကြီး ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်မို... ခင်ဗျားသားကို စွန့်လွှတ်ရတော့မယ့် ပုံပဲ... သားကို လိုချင်လား... မိုမိသားစု တစ်ခုလုံးကို လိုချင်လား..."

ကန်ဟိုင်ဖုန်းက ရက်စက်စွာ မေးလိုက်သည်။

အသက်ရှင်ဖို့အတွက်... အဆိပ်သင့်နေသူ အားလုံးကို သတ်ပစ်မှ ရတော့မည်။ သို့မှသာ သူတို့ ကိုယ်တိုင် အသက်ရှင်နိုင်မည်။

မိုကျန့်နန် တစ်ကိုယ်လုံး တုန်ယင်သွား၏။ မိုဝူရှဲ့ကို လှမ်းကြည့်လိုက်မိ၏။ ဒီတစ်ခါတော့ မိုကျန့်နန် ဘာမှ မပြောနိုင်တော့ပေ။

"အဖေ... မလုပ်ပါနဲ့... သားပါ... သားကို မသတ်ပါနဲ့..."

မိုဝူရှဲ့ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပျောက်ဆုံးနေ၏။

"မိသားစုခေါင်းဆောင်... မသတ်ပါနဲ့... ကျွန်တော်တို့ကို မသတ်ပါနဲ့..."

မိုမိသားစုဝင်များလည်း အော်ဟစ်တောင်းပန်ကြ၏။

"အကုန်သတ်ပစ်..."

ကန်ဟိုင်ဖုန်းက ရက်စက်စွာ အမိန့်ပေးလိုက်သည်။ သံဇကာ အချုပ်ခန်းထဲရှိ လူအားလုံးကို သတ်ပစ်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်လေ၏။

"မြို့စားမင်း... မသတ်ပါနဲ့..."

"ကန်ဟိုင်ဖုန်း... ယုတ်မာလိုက်တာ... ငါ မင်းအတွက် ဒီလောက် လုပ်ပေးခဲ့တာကို မင်းက ငါ့ကို သတ်ရက်တယ်ပေါ့..."

"ကန်ဟိုင်ဖုန်း... မင်း ရူးသွားပြီလား... မင်း အသက်ရှင်ဖို့အတွက် ငါတို့ကို သတ်တော့မလို့လား..."

အချုပ်ခန်းထဲမှ အကြီးအကဲများ ဒေါသတကြီး အော်ဟစ်ကြ၏။

"တောင်းပန်ပါတယ် အကြီးအကဲတို့... ခင်ဗျားတို့ သေသွားရင်... ဒီမြို့စားမင်း အနေနဲ့ ဒီသူတောင်းစားကို သတ်ပြီး ခင်ဗျားတို့အတွက် လက်စားချေပေးပါ့မယ်..."

ကန်ဟိုင်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

"ကန်ဟိုင်ဖုန်း... ကျေးဇူးကန်းတဲ့ ကောင်..."

ပထမအကြီးအကဲ အော်ဟစ်လိုက်သည်။

ထို့နောက် ဖုန်းဝူချန်ဘက်သို့ လှည့်ကာ အသည်းအသန် တောင်းပန်လိုက်သည်။

"နတ်ဘုရား... ကျွန်တော်က ပဉ္စမ အဆင့် ဆေးပညာရှင်ပါ... နတ်ဘုရားသာ ကယ်ပေးမယ် ဆိုရင်... ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ်..."

"ကောင်းပြီလေ..."

ဖုန်းဝူချန် ချက်ချင်း သဘောတူလိုက်သည်။

နဂါးနတ်ဘုရား နန်းတော်တွင် ဆေးပညာရှင် လိုအပ်နေသည် မဟုတ်ပါလော။ ဒီလူ သစ္စာဖောက်မှာကို ဖုန်းဝူချန် မပူပေ။ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံနှင့် သတ်ပစ်၍ ရသည်လေ။

"သော့ဖွင့်... မြန်မြန် သော့ဖွင့်ပေးကြ..."

ပထမအကြီးအကဲ ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

သို့သော် ဘယ်အစောင့်မှ မဖွင့်ပေးရဲကြပေ။ အဆိပ်ကူးမှာ ကြောက်သည်လေ။

ထိုအခိုက်အတန့်မှာ၊ ဖုန်းဝူချန် လက်ဝှေ့ယမ်းလိုက်ရာ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သံကြိုးများကို ဖြတ်တောက်လိုက်သည်။ ပထမအကြီးအကဲ ထွက်ပြေးလွတ်မြောက်လာသည်။

စစ်သူကြီးကလည်း "နတ်ဘုရား... ကျွန်တော့်ကိုလည်း ကယ်ပါဦး... ကျွန်တော်လည်း နတ်ဘုရားရဲ့ ကျွန်အဖြစ် ခစားပါ့မယ်..."ဟု ထိတ်လန့်တကြား တောင်းပန်လိုက်သည်။

"ခင်ဗျားနဲ့ မတန်ဘူး..."

ဖုန်းဝူချန်က အေးစက်စွာ ငြင်းပယ်လိုက်သည်။

"ဟွန်း... ခဏနေရင် မင်းတို့အကုန်လုံးအတွက် ငါ လက်စားချေပေးမယ်..."

ကန်ဟိုင်ဖုန်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး ပထမအကြီးအကဲကို လေထဲသို့ ဆွဲတင်လိုက်၏။

"ရွှစ်..."

"ရှဲ... ရှဲ... ရှဲ..."

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တန်းကြီးသည် ရက်စက်စွာ ဖြတ်သန်းသွားပြီး အချုပ်ခန်းထဲမှ ထွက်ပြေးလာသူများကို သတ်ဖြတ်လိုက်သည်။ အဆိပ်မကူးစက်စေရန် ကန်ဟိုင်ဖုန်းက ရက်ရက်စက်စက် သတ်ဖြတ်လိုက်ခြင်း ဖြစ်လေ၏။

"အဖေ... သားကို ကယ်ပါဦး..."

မိုဝူရှဲ့ အော်ဟစ်လိုက်သည်။

မိုကျန့်နန် တစ်ကိုယ်လုံး တုန်ယင်နေ၏။ သားဖြစ်သူကို ကြည့်ရင်း ရင်ကွဲမတတ် ခံစားနေရသော်လည်း... နောက်ဆုံးတွင် သူ မလှုပ်ရှားခဲ့ပေ။

"တောင်းပန်ပါတယ် သားရယ်..."

ထိုအခိုက်အတန့်မှာ၊

မိုကျန့်နန် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များ စီးကျလာသည်။ မိုမိသားစု တစ်ခုလုံးအတွက်... သားဖြစ်သူကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။

စွမ်းအင်တန်းကြီး ဖြတ်သန်းသွားပြီးနောက် မိုဝူရှဲ့ အပါအဝင် လူပေါင်း ရာနှင့်ချီ အသေဆိုးနှင့် သေဆုံးသွားကြရသည်။ အဆိပ်သင့်ပြီး အားနည်းနေသဖြင့် သူတို့ ဘာမှ မလုပ်နိုင်ခဲ့ကြပေ။

"လူယုတ်မာလေး... မင်းအသက်ကို ငါယူမယ်..."

ကန်ဟိုင်ဖုန်း ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သတ်ဖြတ်လိုစိတ်များ မိုးထိအောင် မြင့်တက်နေလေတော့သတည်း။

အခန်း (၄၉၅) - ဒေါသသင့် နှလုံးသား

~"ကျေးဇူးတင်ပါတယ် နတ်ဘုရား... ကျွန်တော့်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်..."

ကောင်းကင်ယံထက်တွင် ပထမအကြီးအကဲသည် ဖုန်းဝူချန်ကို လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ခန္ဓာကိုယ်ထဲမှ ယားယံမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် စိတ်သက်သာရာ ရသွားရှာသည်။

"ခင်ဗျား သိထားရမှာက... ကျွန်တော် ခင်ဗျားကို ကယ်နိုင်သလို၊ သတ်လည်း သတ်ပစ်နိုင်တယ်...ကျွန်တော့်ကို သစ္စာဖောက်တဲ့သူတိုင်း သေရမယ်..."

ဖုန်းဝူချန်က အေးစက်စွာ သတိပေးလိုက်သည်။

"စိတ်ချပါ နတ်ဘုရား... ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ပါဘူး..."

ပထမအကြီးအကဲက ရိုသေစွာ ကတိပေးလိုက်သည်။ မျှော်လင့်ချက်မဲ့နေချိန်တွင် ကယ်တင်ခံလိုက်ရသဖြင့် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေ၏။

သို့သော်... သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း လိမ်ညာတတ်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဖုန်းဝူချန် သူ့ကို လုံးဝ မယုံကြည်သေးပေ။

"သူတောင်းစား... ဒီနေ့ မင်း သေရမယ်..."

အောက်ဘက်မှ ကန်ဟိုင်ဖုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက်နေ၏။

ကန်ဟိုင်ဖုန်း အော်ဟစ်လိုက်ပြီးနောက်၊ ကောင်းကင်ယံထက်မှ အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟား ဟား... မင်းက တော်တော်စွမ်းတာပဲ... သိုင်းဝိဉာဉ်ကို အသက်သွင်းပြီး အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ကိုတောင် ဝါးမြိုနိုင်တယ်ပေါ့…”

"ကျန်းရှီလျန်…”

ကန်ဟိုင်ဖုန်း၏ မျက်နှာထား မည်းမှောင်သွား၏။ သတ်ဖြတ်လိုစိတ်များ မုန်တိုင်းအလား တိုက်ခတ်လာသည်။

"ကျန်းရှီလျန်ပဲ…”

မိုကျန့်နန်၏ မျက်နှာထားလည်း ခက်ထန်သွား၏။

ကောင်းကင်ယံတွင် လူရိပ်တစ်ခု ရိပ်ခနဲ ပေါ်လာသည်။ အနက်ရောင် ဝတ်ရုံရှည်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး။ ကျန်းရှီလျန် အမှန်ပင်။

ဖုန်းဝူချန်က ကျန်းရှီလျန်ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ မေးလိုက်သည်။

"ခင်ဗျားက အဆိပ်ခတ်တဲ့ ကျန်းရှီလျန် လား..."

"ဟုတ်တယ်... ငါပဲ..."

ကျန်းရှီလျန်က ဖုန်းဝူချန်ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။

"ဟေ့ကောင်လေး... သူများကိစ္စ ဝင်ပါရင် ဘာဖြစ်တတ်လဲ မင်းသိလား... ငါက သူတို့ကို မျှော်လင့်ချက်မဲ့သွားအောင် မနည်းလုပ်ထားရတာ... မင်းက ဝင်ရှုပ်ပြီး သူတို့ကို ကယ်ပေးလိုက်တယ်ပေါ့... ငါ့လက်စားချေမှုကို နှောင့်ယှက်ရဲတယ်ပေါ့..."

"ခင်ဗျားရဲ့ လက်စားချေမှုက ကျွန်တော်နဲ့ မဆိုင်ဘူး... ဒါပေမဲ့ ခင်ဗျား ရွေးချယ်တဲ့ နည်းလမ်းက မှားနေတယ်... လက်စားချေချင်ရင် ကိုယ့်စွမ်းအားနဲ့ကိုယ် သတ်လေ... ဘာလို့ အပြစ်မဲ့တဲ့သူတွေကိုပါ ဆွဲထည့်ရတာလဲ..."

"ဟွန်း... ငါ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး... ဒါပေမဲ့ မင်းက မိသားစု (၃) စုကို ကယ်တင်ပေးလိုက်တဲ့အတွက်... မင်းက ငါ့ရန်သူ ဖြစ်သွားပြီ..."

ကျန်းရှီလျန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

"ကောင်းတာပေါ့... ကျွန်တော်လည်း ခင်ဗျားကို သတ်ချင်နေတာ... ဒါမှ ခင်ဗျား အဆိပ်တွေနဲ့ သူများကို ဒုက္ခမပေးနိုင်တော့မှာ..."

ဖုန်းဝူချန်၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။

ထိုစဉ်၊ ကန်ဟိုင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျန်းရှီလျန်... မင်း သေလမ်းရှာနေတာပဲ…”

ကျန်းရှီလျန်ကို မြင်လိုက်ရသည်နှင့် သူ့ဒေါသများ ပိုမို ပြင်းထန်လာသည်။

ထိုအခါ၊ ကျန်းရှီလျန်က ကောက်ကျစ်စွာ ပြုံးရင်း ပြောလိုက်သည်။

"ကန်ဟိုင်ဖုန်း... မင်းက ငါ့မိန်းမနဲ့ ကလေးကို သတ်ခဲ့တယ်... ငါက မင်းမိန်းမနဲ့ အိပ်တာတောင် သက်ညှာပေးထားတာ... ငါ့ကို သတ်ချင်ရင်... မင်း အိမ်ပြန်ပြီး သေလုမျောပါး ဖြစ်နေတဲ့ မင်းသားကို အရင် သွားကြည့်လိုက်ပါဦး... သူလည်း အဆိပ်သင့်နေပြီ ထင်တယ်..."

"ယွီအာ..."

ကန်ဟိုင်ဖုန်း မျက်နှာ ဖြူဖျော့သွား၏။

"ဟုတ်တယ်... ငါ ပြောဖို့ မေ့နေတာ... မင်း မြို့တံခါးဝကို လာနေတဲ့ အချိန်မှာ... ငါ မင်းမိန်းမနဲ့ နောက်တစ်ချီ ထပ်အိပ်လိုက်သေးတယ်... သူက အော်တာ တော်တော် ကောင်းတယ်... ကျေနပ်သွားပုံပဲ... လုံးဝ မငြင်းဆန်ဘူးကွ... ဟီးဟီးဟီး..."

ကျန်းရှီလျန်၏ ညစ်ညမ်းသော ရယ်သံကြီးက လူတိုင်းကို ရွံရှာစေ၏။

လင်ရှောင်ရှောင်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။

"လူယုတ်မာ... မင်းကို ငါသတ်မယ်..."

ကန်ဟိုင်ဖုန်း ရူးသွပ်သွားတော့သည်။ မျက်နှာတစ်ခုလုံး သွေးကြောများ ထောင်ထလာပြီး မျက်လုံးများ သွေးရောင်လွှမ်းနေ၏။

ယခုအခါ ကျန်းရှီလျန်က မကြောက်သည့်အပြင် လှောင်ပြောင်လိုက်သေးသည်။

"မင်း ငါ့ကို သတ်လိုက်ရင်... မင်းသားကို ဘယ်တော့မှ ကယ်နိုင်မှာ မဟုတ်ဘူး... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ရဲ့ ဖြေဆေးကို ငါနဲ့ ဝိညာဉ်စား ဘိုးဘေးပဲ သိတာလေကွာ..."

သို့သော် ကန်ဟိုင်ဖုန်းက ဂရုမစိုက်တော့ပေ။

"ငါ မင်းကို မသတ်ရင်လည်း... ငါ့သားကို မင်း ကယ်မှာမှ မဟုတ်တာ..."

"မင်း ပြောတာ မှန်တယ်..."

ကျန်းရှီလျန် အေးစက်စွာ ပြုံးလိုက်သည်။

"ငါ နောက်တစ်ခု ပြောပြဦးမယ်... မင်းမိန်းမက ပြောတယ်... အိပ်ရာထဲမှာ မင်းက ငါ့လောက် မစွမ်းဘူးတဲ့..."

"ဟား... ပါးစပ်ပိတ်ထားစမ်း..."

ဒေါသအထွတ်အထိပ် ရောက်သွားသော ကန်ဟိုင်ဖုန်းသည် ရင်ဘတ်ထဲတွင် ဆောင့်တက်လာသော ဒေါသကို မထိန်းနိုင်တော့ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

"မြို့စားမင်း..."

အရာရှိများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

"ရွှစ်..."

ထိုအခွင့်အရေးကို စောင့်နေသော ကျန်းရှီလျန်သည် ချက်ချင်း လှုပ်ရှားလိုက်သည်။ အစစ်အမှန် ယွမ်စွမ်းအားကို အကုန်ထုတ်ပြီး တရကြမ်း ပြေးဝင်သွား၏။

"ကန်ဟိုင်ဖုန်း... မင်း သေနေ့ ရောက်ပြီ... မင်းကို သတ်ပြီးရင် မင်းသားကိုပါ သတ်မယ်... ပြီးရင် မင်းမိန်းမနဲ့ ထပ်ပျော်ပါးဦးမယ်... ငရဲကို သွားလိုက်တော့..."

ကျန်းရှီလျန်၏ မကောင်းဆိုးဝါးဆန်သော အသံသည် ကန်ဟိုင်ဖုန်း၏ နားထဲသို့ တိုးဝင်လာသည်။

"ဘုန်း..."

"အွတ်..."

စကားဆုံးသည်နှင့် ကျန်းရှီလျန်၏ လက်သီးသည် ကန်ဟိုင်ဖုန်း၏ ရင်ဘတ်ကို ထိမှန်သွား၏။ ပေါက်ကွဲသံကြီးနှင့်အတူ ကန်ဟိုင်ဖုန်း သွေးအန်ကာ နောက်သို့ လွင့်စင်သွားရသည်။

"ကျန်းရှီလျန်... မင်း ခိုးတိုက်ရဲတယ်ပေါ့..."

ဒုတိယအကြီးအကဲ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျန်းရှီလျန်ဆီသို့ ပြေးဝင်သွား၏။

"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ... ကောင်းကင်လေဓား.."

ကန်ဟိုင်ဖုန်းကို တိုက်ခိုက်ပြီးနောက် ကျန်းရှီလျန်သည် ဒုတိယအကြီးအကဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး၊ ချက်ချင်းပင် ဓားသိုင်းကွက် ထုတ်သုံးလိုက်သည်။

"ရွှစ်..."

"ဝီ..."

ဧရာမ စိမ်းပြာရောင် ဓားချီသည် လေထုကို ခွဲဖြတ်ကာ ကန်ဟိုင်ဖုန်းဆီသို့ ပြေးဝင်သွား၏။ ပင်လယ်လှိုင်းတံပိုးကြီးများအလား ဟိန်းဟောက်လာသည်။

"မကောင်းတော့ဘူး..."

အရာရှိများ မျက်နှာပျက်သွားကြသော်လည်း မည်သူမျှ ဝင်မတားရဲကြပေ။

"ဘုန်း..."

ကြောက်မက်ဖွယ် ဓားချီသည် ဒဏ်ရာရနေသော ကန်ဟိုင်ဖုန်းကို ထိမှန်သွားပြန်သည်။

"အွတ်…”

ကန်ဟိုင်ဖုန်း သွေးတစ်ပွက် ထပ်အန်လိုက်ရသည်။

ဒေါသကြောင့် အားနည်းနေသော ကန်ဟိုင်ဖုန်းသည် ကျန်းရှီလျန်၏ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း မရှိတော့ပေ။

အဓိက ရန်သူကို ရှင်းပြီးပြီ ဖြစ်သဖြင့် ကျန်းရှီလျန်က ကန်ဟိုင်ဖုန်းကို ဂရုမစိုက်တော့ပေ။

"မြန်မြန်... မြို့စားမင်းကို သွားကယ်ကြ... ကျန်တဲ့လူတွေ ကျန်းရှီလျန်ကို သတ်စမ်း..."

ဒုတိယအကြီးအကဲ အမိန့်ပေးလိုက်သည်။

ထိုအခါ၊

ကျန်းရှီလျန်က ခြိမ်းခြောက်လိုက်သည်။

"မသေချင်ရင် ဝေးဝေးနေကြ... အူပြတ် ဝိညာဉ်စား အဆိပ်မှုန့်ရဲ့ အရသာကို မခံစားချင်ရင်ပေါ့..."

ထိုစကားကို ကြားသည်နှင့် ဒုတိယအကြီးအကဲနှင့် အရာရှိများ အားလုံး ကြောက်ဒူးတုန်သွားကြ၏။ အဆိပ်မှုန့်ကို ကြောက်လွန်းသဖြင့် မည်သူမျှ ရှေ့မတိုးရဲကြပေ။

"ဟေ့ကောင်လေး... အခု မင်းအလှည့်ပဲ..."

ကျန်းရှီလျန်က ဖုန်းဝူချန်ဘက်သို့ လှည့်လာပြီး အေးစက်စွာ ပြောလိုက်သည်။

ဖုန်းဝူချန် ပခုံးတွန့်လိုက်ပြီး...

"တိုက်ချင်ရင် လာစမ်းပါ..."

ကျန်းရှီလျန်သည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာသာ ရှိသဖြင့် ဖုန်းဝူချန် လုံးဝ မကြောက်ပေ။

"မိုကျန့်နန်... မင်းအလှည့် ကျန်သေးတယ်..."

ဟု ကျန်းရှီလျန်က မိုကျန့်နန်ကို လှမ်းကြည့်ပြီး သတိပေးလိုက်သေးသည်။

"ဘုန်း..."

ပြောပြီးသည်နှင့် ကျန်းရှီလျန်သည် ဖုန်းဝူချန်ဆီသို့ မိုးကြိုးပစ်ချသကဲ့သို့ ပြေးဝင်လာသည်။

"ဝီ..."

ဖုန်းဝူချန်သည် နဂါးသွေးမျိုးဆက် စွမ်းအားနှင့် 'အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်' ကို ထုတ်ဖော်လိုက်သည်။ 'ချီလင် ချပ်ဝတ်' နှင့် လက်အိတ်များ ပေါ်ထွက်လာပြီး အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာသည်။

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင်... ဖုန်းဝူချန်၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာသို့ ရောက်ရှိသွား၏။

"အဆင့်သုံးဆင့် တက်သွားတာလား..."

ကျန်းရှီလျန်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

မိုကျန့်နန်လည်း အံ့ဩတုန်လှုပ်နေမိ၏။

ဖုန်းဝူချန်၏ ဘေးနားရှိ ပထမအကြီးအကဲမှာ ကြောက်လွန်း၍ ကျောက်ရုပ် ဖြစ်နေရှာသည်။

ထိုအခိုက်အတန့်မှာ၊ ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အန္တရာယ် များသော အပြုံး တစ်ခု ပေါ်လာသည်။ အတောင်ပံများကို ခတ်လိုက်ပြီး ကျန်းရှီလျန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။

"ဟွန်း... သေလမ်းရှာတာပဲ..."

ကျန်းရှီလျန်က ဟိန်းဟောက်လိုက်သည်။

"ကြည့်ကြသေးတာပေါ့... ဘယ်သူက သေလမ်းရှာလဲ ဆိုတာ..."

ဖုန်းဝူချန်က ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။

All Chapters