← Chapters

အခန်း (၉၆၇-၉၆၉)

Vol. 65 Ch. 967-969

အခန်း (၉၆၇-၉၆၉)

Vol. 65 Ch. 967-969

အခန်း (၉၆၇) - သေခြင်းရှင်ခြင်း လမ်းစဉ်နှင့် ကောင်းကင်ကို အန်တုခြင်း

ဒေါ်လေးဖန်သည် အံ့အားသင့်သွားပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

"ရှောင်အန်း... ဘာတွေ ဖြစ်ကုန်တာလဲ"

ရွှယ်အန်းသည် ဦးလေးရှဲ့ကိုကြည့်ပြီး သက်ပြင်းဖြည်းညှင်းစွာ ချလိုက်သည်။

"သေခြင်းရှင်ခြင်း လမ်းစဉ်ဆိုတာ ဖောက်ဖျက်လို့မရတဲ့ ကောင်းကင်တာအို ဥပဒေသတစ်ခုပဲ၊ အခု ကျွန်တော်က ကောင်းကင်ကို အန်တုပြီး ဦးလေးရှဲ့ကို ပြန်လည်အသက်သွင်းလိုက်တာ... သူ့ကို ပြန်အသက်ရှင်အောင် လုပ်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ ဝိညာဉ်က ဒီကမ္ဘာလောကထဲမှာ လွင့်ပါးပျောက်ကွယ်သွားခဲ့တာ ကြာပြီ... ကျွန်တော် မနားမနေ ရှာဖွေခဲ့တာတောင် တစ်ဝက်လောက်ပဲ ပြန်တွေ့တယ်... အဲဒါတောင် သူ့မှာ ဒေါ်လေးနဲ့ပတ်သက်တဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကြိုး ရှိနေလို့သာ ရှာတွေ့ခဲ့တာ"

"အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော်က သူ့ခန္ဓာကိုယ်တဝက်နေရာမှာ စက်ရုပ်သေးကို အစားထိုး အသုံးပြုခဲ့ရတာ... ဒီလိုနည်းနဲ့မှ သူ့ရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်အပိုင်းအစတွေက စက်ရုပ်သေးရဲ့ အကူအညီနဲ့ ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်မှာ... ဒါကြောင့် အခု သူ့ရဲ့ အသိစိတ်က ကလေးလေးတစ်ယောက်လိုပဲ ဖြစ်နေလိမ့်မယ်"

ရွှယ်အန်း၏ ရှင်းပြချက်ကို ကြားသောအခါ ဒေါ်လေးဖန်၏ မျက်နှာတွင် ဝမ်းနည်းမှုများ ပေါ်လာသည်။

"ဒါဆို သူပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မလား"

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"ကျွန်တော် မသိဘူး... ပြန်ကောင်းလာချင်လည်း ကောင်းလာမယ်... မကောင်းရင်လည်း မကောင်းဘူးပေါ့"

ဒေါ်လေးဖန်၏ မျက်နှာတွင် ပြတ်သားမှုတစ်ခု ပေါ်လာသည်။

"ဘာပဲဖြစ်ဖြစ်... မျှော်လင့်ချက် ရောင်ခြည်သန်းနေသရွေ့ ဒေါ်လေး လုံးဝ လက်မလျှော့ဘူး"

သူမ ပြောပြီးသည်နှင့် ဦးလေးရှဲ့ကို လက်ဝှေ့ယမ်းပြပြီး တုန်ရီနေသော အသံဖြင့် လှမ်းခေါ်လိုက်သည်။

"လောင်ရှဲ့... ဒီကိုလာပါဦး"

မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

"လောင်ရှဲ့! ကျွန်မ ရှင့် မိန်းမလေ..."

မည်သည့်တုံ့ပြန်မှုမှ မရှိသေးပေ။ ထိုစဉ် ရွှယ်အန်းက ဝင်ပြောလိုက်သည်။

"သူ့ကို ပုံမှန် ပြောနေကျအတိုင်း ပြောကြည့်တာ အကောင်းဆုံးပဲ... ဒါက သူ့ရဲ့ မသိစိတ်ကို နိုးကြားလာစေလိမ့်မယ်"

ဒေါ်လေးဖန် အံကြိတ်လိုက်ပြီး ရန်တွေ့တော့မည့် ပုံစံဖမ်းကာ ခြေဆောင့်၍ ဦးလေးရှဲ့၏ နှာခေါင်းကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်တော့သည်။

"လောင်ရှဲ့... ရှင့်ဖင်ကြီးကိုကြွပြီး ဒီကို အခုချက်ချင်း လာခဲ့စမ်း"

သူမ၏ အမိန့်သံအဆုံးတွင် လူတိုင်းကို သတိထား စောင့်ကြည့်နေသော ဦးလေးရှဲ့၏ မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပေါ်လာပြီးနောက် ဒေါ်လေးဖန်၏ ဘေးနားသို့ လိမ္မာစွာ လျှောက်သွားလေတော့သည်။ ထိုမြင်ကွင်းကြောင့် ရွှယ်အန်းနှင့် ကျန်လူများမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်။

နောက်ဆုံးအချိန်ထိ ဦးလေးရှဲ့က သူ့မိန်းမကို ကြောက်နေတုန်းပါလား...

ထိုအချိန်တွင် ချန်ရုရှီသည် ထိုအဖြစ်အပျက်အားလုံးကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေသည်။ သူမ မသိလိုက်မီမှာပင် ရွှယ်အန်းသည် သူမဘေးသို့ ရောက်လာပြီး သက်ပြင်းချလိုက်သည်။

"မစ္စချန် ခင်ဗျား ဘာတွေတွေးနေလဲဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ချန်သခင်ကြီး ကိုယ်တိုင်က အခုလို ပေးဆပ်ဖို့ ဆန္ဒရှိခဲ့တာပါ... ပြီးတော့ သံယောဇဉ်ကြိုး မရှိတော့တဲ့ ဝိညာဉ်တစ်ခုက ချက်ချင်းပဲ ပျောက်ကွယ်သွားတတ်ပါတယ်၊ ဒါကြောင့်..."

ချန်ရုရှီ ခေါင်းခါလိုက်သည်။

"မစ္စတာရွှယ်... ဘာမှ ဆက်ပြောစရာ မလိုတော့ပါဘူး"

ထို့နောက် သူမ မော့ကြည့်လိုက်ပြီး ဦးလေးရှဲ့ကို ဆူပူကြိမ်းမောင်းနေသော ဒေါ်လေးဖန်ကို အားကျစွာ ကြည့်လိုက်သည်။ သူမသည် မျက်ရည်များ စီးကျလာသော်လည်း ပြုံးလိုက်ကာ ပြောသည်။

"အဘိုးက ပြန်မရှင်ချင်တော့တာလည်း ဖြစ်နိုင်ပါတယ်၊ သူ ဆုံးပါးသွားပြီဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားပါစေတော့"

ရွှယ်အန်း တိတ်ဆိတ်နေလိုက်သည်။

ထို့နောက် ချန်ရုရှီသည် အော်ဟစ်ငိုကြွေးလိုက်တော့သည်။

"ဒါပေမဲ့... ကျွန်မ သူ့ကို တကယ် မစွန့်လွှတ်နိုင်ဘူး"

သူမ ငိုနေသည်ကို မြင်သောအခါ လူအများလည်း မျက်ရည်ကျလာကြသည်။ အထူးသဖြင့် ကျုံးတုမှ လူများသည် အသံထွက်သည်အထိ ငိုကြွေးကြတော့သည်။ ချန်ရှို့ဟယမသည် ဆယ်စုနှစ်များစွာကြာအောင် ချန်မိသားစုကို ဦးစီးခဲ့ပြီး ကျုံးတုမြို့၏ တိုင်တစ်လုံး ဖြစ်လာခဲ့သည်။ သူသည် မုန်တိုင်းများစွာကို တည်ငြိမ်စွာ ဖြတ်ကျော်ခဲ့ဖူးသည်။ သူသည် ပြည်သူနတ်ဘုရားတစ်စု၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့သော် နောက်ဆုံးအချိန်ထိ ချန်ရှို့ဟယ်သည် တရူတ်မျိုးနွယ်စု အမျိုးသားတစ်ဦး၏ ဂုဏ်သိက္ခာကို အကျမခံခဲ့ပေ။ ထိုအချက်တစ်ခုတည်းနှင့်ပင် သူသည် လူတိုင်း၏ လေးစားမှုကို ခံယူထိုက်ပေသည်။

လေထုသည် လေးလံအုံ့မှိုင်းနေစဉ် အန်းယန်သည် ပြာပြာသလဲ ဝင်ရောက်လာသည်။

"ယောင်္ကျား... တခုခုမှားနေပြီ"

ထိုစကားကို ကြားသောအခါ ရွှယ်အန်း မျက်ခုံးပင့်သွားသည်။

"ယန်အာ... ဘာဖြစ်လို့လဲ"

အန်းယန်သည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"ဥရောပက သတင်းရရချင်းပဲ... မုန်ရွှယ်... မုန်ရွှယ်လေ... သူ..."

"မုန်ရွှယ် ဘာဖြစ်လို့လဲ"

ရွှယ်အန်း ထိတ်လန့်သွားသည်။ ဖန်မုန်ရွှယ်သည် ဒဏ်ရာအပြင်းအထန်ရပြီး မေ့မြောနေသည်ကို သူသိထားပြီးဖြစ်သည်။ သူသည် ဤနေရာမှ ကိစ္စများကို ရှင်းပြီးသည်နှင့် ဥရောပသို့ အမြန်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"သူ... သူ ပျောက်သွားပြီတဲ့"

အန်းယန်သည် မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။

"ပျောက်သွားပြီ ဟုတ်လား"

အန်းယန် ခေါင်းညိတ်သည်။ ရွှယ်အန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ နတ်ဘုရားအာရုံသည် ကမ္ဘာတစ်ဝှမ်းလုံးကို ချက်ချင်း လွှမ်းခြုံသွားလေသည်။

ဥရောပတွင် ယခင်ကရှိခဲ့သော မှိန်ဖျော့သည့် အနက်ရောင် အာရုံခံစားမှုလေးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။ ရွှယ်အန်း ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

"ယန်အာ... မင်း အိမ်မှာပဲနေပြီး စောင့်နေ... ကိုယ် ဥရောပကို သွားပြီး ဘာဖြစ်တာလဲဆိုတာ သွားကြည့်လိုက်ဦးမယ်"

သူ စကားဆုံးသည်နှင့် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

ရွှယ်အန်း၏ လက်ရှိအမြန်နှုန်းဖြင့် တရုတ်နိုင်ငံမှ ဥရောပသို့ သွားရောက်ခြင်းသည် မျက်စိတစ်မှိတ်အတွင်းမျှသာ ကြာမြင့်သည်။ သူ အမှောင်ရှေးဟောင်းရဲတိုက်သို့ ရောက်ရှိချိန်တွင် ဖရိုဖရဲ ဖြစ်နေကြပြီဖြစ်သည်။ အရိုးခေါင်း အစောင့်တပ်ဖွဲ့များ အပါအဝင် လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုကို တွေ့မြင်နေရသည်။ ထို့ကြောင့် ရွှယ်အန်း ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး ရှေ့သို့ တိုးလာကြသည်။

"သခင်ကြီး..."

အမှောင်စုန်းမကြီး အန်နာစတေးရှားသည် တုန်ရီနေသော အသံဖြင့် ခေါ်လိုက်သည်။

ရွှယ်အန်း အထဲသို့ ဝင်လိုက်ရင်း လေးနက်သော အသံဖြင့် မေးလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ... ငါ့ကို အသေးစိတ် ရှင်းပြ'

"ဟုတ်ကဲ့ပါ"

အန်နာစတေးရှားသည် အခြေအနေကို အမြန် ပြန်ပြောပြလေသည်။

"အဲဒီနေ့တုန်းက မုန်ရွှယ်က ကျူးကျော်လာတဲ့ အိုဒင်နတ်ဘုရားတွေကို မောင်းထုတ်ပြီး ရဲတိုက်ကို ပြန်ရောက်တော့ ဒဏ်ရာပြင်းထန်ပြီး မေ့မြောသွားခဲ့ပါတယ်၊ ဒါပေမဲ့ ကံကောင်းတာက အသက်အန္တရာယ် မစိုးရိမ်ရပါဘူး... အဲဒါကြောင့် ကျွန်မတို့အားလုံး ရဲတိုက်ထဲမှာပဲ နေပြီး မုန်ရွှယ်ကို စောင့်ရှောက်နေခဲ့ကြတာပါ"

"ဒီတစ်ခါ တိုက်ပွဲကြီးဖြစ်တော့ ကျွန်မတို့အားလုံး တရုတ်နိုင်ငံဘက်ကိုပဲ အာရုံစိုက်နေမိခဲ့ကြတယ် ဒါပေမဲ့ ကျွန်မ အသက်နဲ့ရင်းပြီး ကျိန်ဆိုရဲပါတယ်... အစကအဆုံး အမှောင်ရှေးဟောင်းရဲတိုက်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားခဲ့တာပါ... ဘယ်သူမှ ဝင်တာထွက်တာ မရှိပါဘူး"

"ဒါပေမဲ့ ကိစ္စတွေပြီးလို့ ကျွန်မ မုန်ရွှယ်ရဲ့ အခန်းထဲကို ဝင်သွားတော့..."

ထိုနေရာအရောက်တွင် အန်နာစတေးရှား၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်သန်းသွားသည်။

"ဘာတွေ့ခဲ့ရလဲ"

"ကုတင်က အလွတ်ကြီး ဖြစ်နေပါတယ်၊ အခန်းထဲမှာ မပျောက်ပျက်နိုင်တဲ့ သိပ်သည်းနေတဲ့ အနက်ရောင် စွမ်းအင်အစုအဝေးကြီးပဲ ကျန်နေခဲ့တယ်"

"ဟမါ..."

ရွှယ်အန်း အနည်းငယ် တုန်လှုပ်သွားပြီး မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆက်ပြောပါဦး"

"အဲဒီအချိန်တုန်းက မုန်ရွှယ် သတိရလာပြီး ကုတင်ပေါ်က သူ့ဘာသာ ဆင်းသွားတယ်လို့ထင်ပြီး ကျွန်မ ဝမ်းသာသွားခဲ့သေးတယ် ဒါပေမဲ့ သေချာလိုက်ရှာကြည့်တော့မှ ရဲတိုက်ထဲမှာ မုန်ရွှယ်ရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး"

သူမ၏ စကားဆုံးသောအခါ သူမ အသံသည် ရှိုက်သံပါနေတော့သည်။ အမှောင်ကောင်စီမှ လူများအားလုံး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောပြွမ်နေသည်။ အထူးသဖြင့် တိုက်တန်ဖြစ်ကြသည်။ ထိုလူသန်ကြီးသည် သူချစ်ရသူကို ဆုံးရှုံးထားရပြီးဖြစ်ရာ ယခု အမှောင်ကောင်စီတွင် အရေးအပါဆုံးလူပါ ထပ်မံပျောက်ဆုံးသွားသဖြင့် မျက်လုံးများ နီရဲကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

"သခင်ကြီး... ဒါ ကျွန်မတို့ အပြစ်ပါ... ကျွန်မတို့ မုန်ရွှယ်ကို သေချာ ဂရုမစိုက်နိုင်ခဲ့ကြဘူး"

အန်နာစတေးရှားသည် ပြောရင်း ငိုကြွေးလိုက်သည်။ ရွှယ်အန်း၏ မျက်နှာထားသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ထိုစကားကို လျစ်လျူရှုကာ ဖန်မုန်ရွှယ် နေထိုင်ခဲ့ဖူးသော အပေါ်ထပ် အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သး တံခါးဖွင့်လိုက်သောအခါ အတွင်းပိုင်းသည် ရိုးရှင်းပြီး အလှဆင်ထားခြင်း မရှိပေ။ အမှောင်ရှေးဟောင်းရဲတိုက်၏ အလယ်ခေတ်စတိုင်နှင့် မတူဘဲ သာမန် တရုတ်မျိုးနွယ်စု မိန်းကလေးတစ်ယောက်၏ အိပ်ခန်းနှင့် တူနေသည်။ သို့သော် တံခါးပွင့်သွားသည့် ခဏတွင် အနက်ရောင် လေထုတစ်စ ဖြတ်သန်းသွားသည်။

ရွှယ်အန်း၏ မျက်လုံးများ အရောင်လက်သွားပြီး အခန်းထဲသို့ ဝင်လိုက်သည်။ မိန်းမပျိုလေးတစ်ဦး၏ သင်းပျံ့သော ရနံ့လေးတစ်ခု အခန်းထဲတွင် ပျံ့လွင့်နေသည်မှလွဲ၍ ကျန်အရာများမှာ ထူးခြားမှု မရှိပေ။ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး ရွှယ်အန်းကိုသာ ကြည့်နေကြသည်။ ထို့နောက် ရွှယ်အန်းသည် ကုတင်ဘေးရှိ ခုံပုလေးပေါ်တွင် တင်ထားသော ဓာတ်ပုံဘောင် ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ရွှယ်အန်းသည် ဓာတ်ပုံကို ငေးငေးငိုင်ငိုင် ကောက်ကိုင်လိုက်သည်။ ထိုသည်မှာ ပျော်ပွဲစားခရီးထွက်တုန်းက ရိုက်ထားသော ဓာတ်ပုံတစ်ပုံ ဖြစ်သည်။ ထိုပုံထဲတွင် ငယ်ရွယ်သော သူနှင့် ဖန်မုန်ရွှယ်တို့ ပါဝင်နေသည်။ ဤပုံသည် နုနယ်ပျိုမြစ်နေသော်လည်း အလွန်တောက်ပစွာ ပြုံးနေသော ဖန်မုန်ရွှယ်၏ ဓာတ်ပုံကို ကြည့်ရင်း ရွှယ်အန်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဤဓာတ်ပုံ ရိုက်ခဲ့သည့်အချိန်ကို သူမှတ်မိနေသည်။ သူ အထက်တန်းကျောင်းသား ဘဝတုန်းကဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးနောက် ကျောင်းက ပျော်ပွဲစားခရီး စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်သည် အထက်တန်းကျောင်းသားဘဝတွင် ဖန်မုန်ရွှယ်ကို သူ နောက်ဆုံးတွေ့လိုက်ရခြင်းလည်း ဖြစ်သည်။

အခန်း (၉၆၈) - သူတို့ ကူချင်ချင် မကူချင်ချင် ကူညီရမှာပဲ

ထို့နောက် ရွှယ်အန်းသည် ပေကျင်းမှ ထွက်ခွာသွားပြီး ပြန်ရောက်မှသာ ဖန်မုန်ရွှယ်ကို နောက်တစ်ကြိမ် ပြန်တွေ့ရတော့သည်။ မထင်မှတ်ထားသည်မှာ ဖန်မုန်ရွှယ်သည် ဤဓာတ်ပုံကို အမြဲသိမ်းဆည်းထားခဲ့ပြီး သူမ မကြာခဏ ကိုင်တွယ်ကြည့်ရှုလေ့ရှိသောကြောင့် အရောင်ပင် အနည်းငယ် လွင့်ပြယ်နေပြီဖြစ်ရာ သူမ မည်မျှ တန်ဖိုးထားသည်ကို သိသာထင်ရှားစေသည်။

ရွှယ်အန်းသည် တိတ်ဆိတ်စွာ ကြည့်ရှုနေလေသည်။ အမှောင်ကောင်စီမှ လူများသည် တံခါးဝတွင် ရပ်လျက် ရွှယ်အန်း မည်သည့်အရာလုပ်နေသည်ကို နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင် ကြည့်နေကြသည်။

အချိန်အတော်ကြာမှသာ ကာဆက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"သခင်ကြီး... မုန်ရွှယ် တစ်ခုခု ဖြစ်သွားလို့လား"

ရွှယ်အန်းသည် ဓာတ်ပုံကို ပြန်ချထားလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။

"မဖြစ်ပါဘူး... သူက အရမ်းဝေးတဲ့ နေရာတစ်ခုကို ထွက်သွားလိုက်တာပါ"

"အရမ်းဝေးတဲ့ နေရာတစ်ခု ဟုတ်လား"

လူတိုင်း အနည်းငယ် ရှုပ်ထွေးသွားကြသည်။ ရွှယ်အန်းက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်... အရမ်း... အရမ်းဝေးကွာတဲ့ နေရာတစ်ခုဆီပေါ့"

ကာဆက်သည် ရှုပ်ထွေးသွားပြီး စကားဆက်ပြောရန် ပြင်လိုက်သည်။ သို့သော် အန်နာစတေးရှားက သူ့ကို တားလိုက်ပြီး ဆက်မမေးရန် တင်းမာစွာ ခေါင်းခါပြလိုက်လေသည်။ ကာဆက်သည် ရွှယ်အန်း၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး အဆုံးတွင် ပြောချင်သော စကားများကို မျိုသိပ်ကာ ခေါင်းငုံ့လိုက်တော့သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ကျယ်ပြောလှသော ညကောင်းကင်ယံကို မော့ကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။

"စွမ်းအင်က သိပ်မကျန်တော့ပေမဲ့ အဲ့ဒီစွမ်းအားကို ငါအာရုံခံမိနေတုန်းပဲ၊ ခေါ်ယူခြင်းလား...၊ ငါမမှားဘူးဆိုရင် ဒါက... အမှောင်သန့်စင်ဧကရာဇ် ပညယကြောင့်ပဲ နေမှာ"

ထိုသို့ပြောလိုက်ချိန်တွင် ရွှယ်အန်း၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသော ခံစားချက်များ လင်းလက်သွားပြီး သူ့မျက်လုံးထဲတွင် ဝမ်းသာမှုမိားရှိသော်လည်း နက်ရှိုင်းသော စိုးရိမ်ပူပန်မှုတို့က ပများပြားနေသည်။

"မုန်ရွှယ်... အခာအချိန်ကစပြီး မင်းက အမှောင်လမ်းကြောင်းပေါ်ကို တကယ် လျှောက်လှမ်းရတော့မယ်... ဒီလမ်းခရီးက ဖြောင့်ဖြူးမှာ မဟုတ်ဘူး"

"ဒါပေမဲ့ စိတ်မပူပါနဲ့... ဘယ်သူပဲဖြစ်ဖြစ် မင်းကို အနိုင်ကျင့်ရဲရင် အရင်တုန်းကလိုပဲ ငါ မင်းအတွက် ကာကွယ်ပေးနေဦးမှာပါ"

ရွှယ်အန်း၏ စကားကို တုံ့ပြန်လိုက်သည့်နှယ် ကြယ်တံခွန်တစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားလေသည်။ ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။ ရွှယ်အန်း ဥရောပမှ ပေကျင်းသို့ ပြန်ရောက်သောအခါ လူတိုင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူ ဆင်းသက်လာသည်ကို မြင်လျှင် အန်းယန်က ဦးဆုံး ပြေးသွားလိုက်သည်။

"ဘယ်လိုလဲ... မုန်ရွှယ်ကို တွေ့ခဲ့လား"

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"မတွေ့ခဲ့ဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့... သူအဆင်ပြေပါတယ်"

အန်းယန် ဆက်ပြောချင်သော်လည်း ရွှယ်အန်း၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် စကားများကို မျိုသိပ်လိုက်ရသည်။ ထိုစဉ် ရှန်းရှန်းနှင့် နျန်နျန်တို့သည် ငိုယိုလျက် ပြေးထွက်လာကြသည်။

"ဖေဖေ... ရှောင်ရှက ဘာဖြစ်သွားတာလဲ၊ ဘာလို့ ဥအကြီးကြီး ဖြစ်သွားတာလဲ"

နျန်နျန်မှာ အသည်းအသန် ငိုကြွေးနေလေသည်။

"ဟုတ်တယ် ဖေဖေ၊ သူတို့အားလုံးက ပြောကြတယ် ရှောင်ရှ သေသွားပြီတဲ့... သမီး သူ့ကို မသေစေချင်ပါဘူး"

ရှန်းရှန်းမှာလည်း အသက်ရှူမဝအောင် ငိုရှိုက်နေသည်။ ရွှယ်အန်းသည် ရင်ထဲနာကျင်သွားပြီး သမီးနှစ်ယောက်ကို တစ်ဖက်စီ ပွေ့ဖက်လိုက်ကာ ချော့မော့လိုက်လေသည်။

"ကဲပါ... ကဲပါ... မငိုကြနဲ့တော့၊ ဘယ်သူက ပြောလဲ ရှောင်ရှ သေပြီလို့၊ တကယ်သေသွားရင်တောင် ဖေဖေက သူ့ကို ပြန်ခေါ်ပေးနိုင်တာပဲဟာ"

"တကယ်လား"

ရှန်ရှန်နှင့် နျန်နျန်တို့သည် ပြိုင်တူ အငိုရပ်သွားပြီး မျက်ရည်စများဖြင့် ရွှယ်အန်းကို မော့ကြည့်လိုက်ကြသည်။ သမီးနှစ်ယောက်၏ မျက်ရည်ဝိုင်းနေသော မျက်လုံးဝိုင်းဝိုင်းလေးများကို ကြည့်ပြီး ရွှယ်အန်း မနေနိုင်ဘဲ နမ်းလိုက်မိသည်။

"တကယ်ပေါ့... ဖေဖေက သမီးတို့ကို လိမ်ပါ့မလား"

ထိုအခါမှ သမီးငယ်နှစ်ယောက် ရယ်မောလာကြပြီး ရွှယ်အန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ အဝေးတွင် ရပ်နေသော ရှောင်ယာဆီသို့ အားရပါးရ ပြေးသွားကြသည်။ ထို့နောက် လက်သီးဆုပ်လေးများဖြင့် သူ့ကို ထုရိုက်ကြတော့သည်။

"ဒါ လျှောက်ပြောတဲ့အတွက် အရိုက်ခံရတာ... ဟွန်း... ဖေဖေက ရှောင်ရှကို လစ်လျူရှုထားတာမှ မဟုတ်တာ"

"ဟုတ်တယ်... ဖေဖေက လူဆိုးမဟုတ်ဘူး၊ ရှောင်ရှကို ပြန်ခေါ်လာပေးမယ်လို့ ပြောထားပြီးသား၊ ဦးဦးက သမီးတို့ကို လိမ်လို့ အရိုက်ခံရတာ"

ကလေးမလေးများ၏ လက်သီးချက်များသည် အလကားရနေသည့်ပမာ ရှောင်ယုအပေါ် မိုးရွာချလိုက်တော့သည်။ ရှောင်ယုသည် အနေခက်သလို ဖြစ်သွားပြီး ရွှယ်အန်းကို ရူးကြောင်ကြောင် ပြုံးပြလိုက်သည်။

"ဟီးဟီး... သခင်ကြီး... တောင်းပန်ပါတယ်.၊ သခင်ကြီးက သခင်မလေး ရှောင်ရှကို မကယ်မှာစိုးလို့ပါ"

ရှောင်ယုက ကလေးမလေးနှစ်ယောက်ကို မြှောက်ပေးလိုက်ခြင်းဖြစ်မှန်း ရွှယ်အန်း သိသော်လည်း ရှောင်ရှကို ကယ်တင်လိုစိတ်ကြောင့် ဖြစ်သည့်အတွက် ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

လူအများ လူစုကွဲသွားကြသောအခါ ကလေးမလေးနှစ်ယောက်လည်း အိပ်ရာဝင်ရန် အခန်းပြန်သွားကြသည်။ ယခုအခါ သူ့ သမီးငယ်နှစ်ယောက်သည် ကိုယ်ပိုင်အသိစိတ်များ ဖွံ့ဖြိုးလာပြီး သီးသန့်ခွဲအိပ်ရန်ပင် တောင်းဆိုလာကြရာ အန်းယန်မှာ အချိန်အတန်ကြာ ဝမ်းနည်းဆွေးမြေ့ ခံစားခဲ့ရသေးသည်။ သို့သော် ယခုအချိန်တွင် အိပ်ခန်းထဲမှ သမီးနှစ်ယောက် အိပ်ပျော်နေသံကို ကြားလိုက်ရသောအခါ အန်းယန်သည် ဖြည်းညှင်းစွာဖြင့် ခေါင်မိုးထပ်သို့ တက်လာခဲ့လေသည်။

ရွှယ်အန်းသည် ခေါင်မိုးပေါ်တွင် ထိုင်လျက် ဝိုင်ကို ဖြည်းညှင်းစွာ သောက်နေသည်။ ယခုအခါ ဧပြီလသို့ရောက်‌နေပြီဖြစ်ပြီး ပန်းများ လှပစွာ ပွင့်ဖူးနေသော်လည်း ညဘက်တွင် အနည်းငယ် အေးစိမ့်နေသည်။ လေပြည်လေညင်း တိုက်ခတ်နေချိန်တွင် အန်းယန်သည် ရွှယ်အန်းအနားသို့ လျှောက်လာပြီး ကုလားထိုင်တစ်လုံး ဆွဲယူကာ ဝင်ထိုင်လိုက်ပြီး ကိုယ့်ဘာသာ ဝိုင်တစ်ခွက် ငှဲ့လိုက်သည်။

ရွှယ်အန်း ခေါင်းလှည့်လာပြီး သူမကို အနည်းငယ် ပြုံးပြကာ ဝိုင်ခွက်ချင်း တိုက်လိုက်သည်။ နှစ်ယောက်သား ဝိုင်သောက်ပြီးသောအခါ အန်းယန်က တိုးညင်းစွာ မေးလိုက်သည်။

"ယောင်္ကျား... မုန်ရွှယ် ဘာဖြစ်သွားတာလဲဟင်"

ရွှယ်အန်း စကားပြန်မပြောဘဲ အဝေးသို့ တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ ဤဗီလာ၏ ခေါင်မိုးသည် အနီးတစ်ဝိုက်တွင် အမြင့်ဆုံးဖြစ်ပြီး ပေကျင်းတစ်မြို့လုံးကို စီးမိုးမြင်နိုင်သည်။ ရွှယ်အန်း၏ အကြည့်သည် အမှောင်ထုအလွှာလွှာကို ဖောက်ထွင်းပြီး မသိနိုင်သော နေရာတစ်ခုဆီသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။ အဆုံးတွင် သူ တိုးညင်းစွာ ပြောလိုက်သည်။

"သူ အမှောင်သန့်စင်နယ်မြေတစ်ခုဆီ ရောက်သွားတာ... အဲဒီမှာ သူလျှောက်လှမ်းရမယ့် လမ်းကို ရှာတွေ့လိမ့်မယ်"

အန်းယန် အံ့အားသင့်သွားသည်။

"ရှင် ဆိုလိုတာက..."

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလမ်းကို ရွေးချယ်လိုက်တာက အမှောင်ထုထဲမှာ တစ်ယောက်တည်း လျှောက်လှမ်းဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူပဲလို့ ကိုယ် မုန်ရွှယ်ကို ပြောဖူးတယ်... သူက နောက်ဆက်တွဲ အကျိုးဆက်အားလုံးကို ခံနိုင်ရည်ရှိပါတယ်လို့ ကိုယ့်ကို ပြောခဲ့ဓးတယ်"

အန်းယန် တိတ်ဆိတ်သွားသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး လေညင်းသံသဲ့သဲ့ကိုသာ ကြားနေရသည်။ အချိန်အတော်ကြာမှ သူမ ခပ်တိုးတိုးလေး မေးလိုက်သည်။

"ကျွန်မတို့ သူ့ကို ပြန်တွေ့ရဦးမှာလား"

ရွှယ်အန်း ပြုံးလိုက်သည်။

"ဒါပေါ့... တွေ့ရမှာပေါ့... ပြောရရင် အဲ့ဒီနေရာမှာ ကိုယ့်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်တောင် ရှိနေသေးတယ်"

သို့သော် မိတ်ဆွေဟောင်း ဟူသော စကားလုံးကို သုံးလိုက်ချိန်တွင် ရွှယ်အန်း၏ လေသံမှာ အနည်းငယ် ထူးဆန်းနေသည်။ အန်းယန်ကမူ ထိုအရာကို သတိမထားမိဘဲ ညကောင်းကင်ယံကို ငေးကြည့်ရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်။

"တကယ်တော့ ကျွန်မ မုန်ရွှယ်ကို သနားတယ်"

ရွှယ်အန်း ခေါင်းငုံ့ပြီး ဝိုင်သောက်လိုက်ကာ ဘာမှပြန်မပြောပေ။ ခဏကြာတော့ အန်းယန်က ထပ်မေးလိုက်သည်။

"ယောင်္ကျား... ဒါဆို ရှောင်ရှကကော...၊ ချင်းအာ ပြောသလို တကယ် သေသွားတာလား"

အမှောင်ထုထဲတွင် ရွှယ်အန်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

"သူပြောတာ မမှားဘူး"

အန်းယန် တုန်လှုပ်သွားသည်။ ရှောင်ရှ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ဟုသာ သူမ ထင်မှတ်ထားခဲ့သော်လည်း ယခု ရွှယ်အန်းကိုယ်တိုင်ကပင် ထိုသို့ ဝန်ခံလာလေသည်။

ထိုစဉ် ရွှယ်အန်းက တိုးညင်းစွာ ပြောလိုက်သည်။

"အဲ့ဒီလက်ဝါးချက်က ရှောင်ရှားရဲ့ အသက်စွမ်းအား အကုန်လုံးကို ချိပ်ပိတ်လိုက်တာ ပြီးတော့ အချိန်အကြာကြီး ဖြစ်သွားတော့ ရှောင်ရှရဲ့ အသက်မီးတောက်က တကယ်ပဲ ငြိမ်းသွားခဲ့ပြီ၊ ကိုယ်တောင်မှ သူ့ကို တိုက်ရိုက် ပြန်မရှင်စေနိုင်တော့ဘူး"

အန်းယန် အနည်းငယ် တုန်ယင်သွားပြီး သူမကို သခင််် ဟု ပြုံးပြုံးရွှင်ရွှင် ခေါ်တတ်သော မာနကြီးသည့် ကောင်မလေးကို မြင်ယောင်လာမိသည်။ တခဏအတွင်း အန်းယန်၏ နှလုံးသား ကွဲကြေမတတ် ဖြစ်သွားရသည်။

"ဒါပေမဲ့..."

ရွှယ်အန်း၏ မျက်လုံးများ တောက်ပလာသည်။

"သူ တကယ်သေသွားရင်တောင် ကိုယ် သူ့ကို ပြန်ရှင်လာအောင် လုပ်ပေးမယ်"

အန်းယန် အံ့သြသွားသည်။

"ယောင်္ကျား... ရှင့်မှာ နည်းလမ်းရှိလို့လား"

ရွှယ်အန်းသည် ကြယ်များစုံနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"နည်းလမ်းတွေ အများကြီး ရှိတယ်... ဒါပေမဲ့ စိတ်အချရဆုံးနဲ့ အအောင်မြင်ဆုံး နည်းလမ်းကတော့ နဂါးဘုံကို သွားပြီး အဲဒီက အဲ့ကသန့်စင်နယ်မြေရဲ့ မြစ်ဖျားခံရာနေရာမှာ ရှောင်ရှရဲ့ နဂါးဥကို ပြန်ပြီး အကောင်ပေါက်အောင် လုပ်ရမှာ၊ အဲ့ဒီလိုလုပ်မှ ရှောင်ရှ အသက်ပြန်ရှင်လာမှာ ဖြစ်သလို ကောင်းကင်ဘုံထိ ထိုးဖောက်တက်ရောက်နိုင်မှာ"

"ဒါပေမဲ့... နဂါးဘုံက ကူညီပါ့မလား"

အန်းယန် တွန့်ဆုတ်စွာ မေးလာသည်။ ရွှယ်အန်းလည်း ပြုံးလိုက်သည်။

"သူတို့က ကူချင်ချင် မကူချင်ချင် ကူညီရမှာပဲ... ကိုယ်ဆုံးဖြတ်လိုက်ရင် သူတို့ ငြင်းဆန်ခွင့် မရှိဘူး”

အခန်း (၉၆၉) - သွေးဆေးလုံးများ ဖော်စပ်ခြင်း

ရွှယ်အန်း၏ စကားကြောင့် အန်းယန်မှာ စိတ်အနည်းငယ် လျှော့နိုင်သွားသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်၏ ခါးလေးကို ဖြည်းညှင်းစွာ ဖက်လိုက်လေသည်။ အန်းယန်သည်လည်း ရွှယ်အန်း၏ ပခုံးပေါ်သို့ ခေါင်းလေးကို အသာအယာ မှီတင်လိုက်သည်။ အနက်ရောင် ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေပြီး ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည့်ပမာ ခံစားရသည်။ ရွှယ်အန်းသည် သူမ၏ ဆံနွယ်မှ ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

"နောက်ရက်နည်းနည်းလောက်နေရင် သွေးပုလဲတွေကို သုံးပြီး မင်းအတွက် ဆေးလုံး ဖော်ပေးမယ်"

"အင်း"

အန်းယန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ယောင်္ကျား... ဆေးဖော်ပြီးရင် ကျွန်မတို့ ထွက်သွားကြဦးမှာလား"

ရွှယ်အန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... သွားရမှာပေါ့"

"ဒီတစ်ခါ ဘယ်သွားမှာလဲဟင်"

ရွှယ်အန်း ဖျော့တော့စွာ ပြုံးလိုက်ပြီး အန်းယန်၏ ဆံပင်များကို လက်ဖြင့် ဖွလိုက်သည်။

"ဒီ ခေါင်းသေးသေးလေးထဲကို အများကြီး မထည့်ထားနဲ့... ကိုယ့်နောက် လိုက်နေသရွေ့ အမြဲ အသားစားရမှာပါ"

"ဟာ... ရှင်ကလည်း... စိတ်ရှုပ်စရာကြီး... ဆံပင်တွေ သေချာဖီးထားတာကို ရှုပ်ကုန်ပြီ"

အန်းယန်က သူ့ကို ကျီစယ်ရင်း ဆူပူနေစဉ် ရွှယ်အန်းသည် ညလေညင်းလေးကိုပင် ချစ်စဖွယ်ကောင်းသည်ဟု ခံစားနေရသည်။ ရွှယ်အန်းနှင့် အန်းယန်တို့နှစ်ဦး ကြည်နူးနေကြစဉ် မယုံကြည်နိုင်လောက်အောင် ဝေးကွာလှသော နဂါးဘုံတွင် ကြယ်တစ်လုံးစ။မျှ ကြီးမားလှသော နဂါးကြီးတစ်ကောင်သည် မျက်လုံးများ ရုတ်တရက် ပွင့်လာလေသည်။ ထိုသည်မှာ သူတစ်ကောင်တည်း မဟုတ်ပေ။ အရွယ်အစား မသေးငယ်လှသော အခြား နဂါးကြီးအများအပြားလည်း မျက်လုံးများ ပွင့်လာကြသည်။

"မင်းတို့ ခံစားမိလား"

အခြား ရှေးဟောင်းနဂါးကြီးများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

"ပြောရရင်... အခုလို ရင်တုန်စရာ ကောင်းတဲ့ အရှိန်အဝါမျိုး ခံစားမိတာ ဒါ ဒုတိယအကြိမ်ပဲ"

ထိုနဂါးကြီး၏ အသံထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပါဝင်နေသည်။

"အခုတော့ ငါတို့ သေချာသွားပြီ... ဒါ သေချာပေါက် အဲ့ဒီလူရဲ့ အရှိန်အဝါပဲ၊ ငါထင်သားပဲ... ဒီလောက် စွမ်းအားကြီးတဲ့ သူတစ်ယောက်က ဘယ်လိုလုပ် အလွယ်တကူ ကျဆုံးသွားမှာလဲ"

အခြား ရှေးဟောင်းနဂါးကြီးတစ်ကောင်က ထိတ်လန့်တကြား ပြောလိုက်သည်။

"ဟိုတလောက ရတနာတွေ သိမ်းထားဖို့ ငါအမိန့်ပေးခဲ့တယ်နော်... မင်းတို့ လုပ်ပြီးကြပြီလား"

"လုပ်ပြီးပါပြီ... ခန်းမဆောင်ကြီး တစ်ခုပဲ ကျန်တော့တာပါ"

"မဖြစ်ဘူး... အဲ့ဒီကောင်က လောဘကြီးတယ်... ခန်းမဆောင်ကြီးကိုတောင် ချမ်းသာပေးမှာ မဟုတ်ဘူး... အခုချက်ချင်း ခန်းမဆောင်ကြီးကို သွားဖြိုလိုက်ကြ"

"ဟုတ်ကဲ့"

အနည်းငယ် သေးငယ်သော အခြား ရှေးဟောင်းနဂါးကြီးတစ်ကောင် ထွက်ခွာရန် ပြင်လိုက်သည်။

"ပြန်လာဦး"

"တခြား အမိန့်ပေးစရာ ရှိသေးလို့လား"

"မှတ်ထားနော်... ဒီကိစ္စကို နဂါးမင်းသမီးလေး လုံးဝ မသိစေနဲ့"

"နားလည်ပါပြီ"

ဤကိစ္စကြောင့် နဂါးဘုံတစ်ခုလုံး ဂယောက်ဂယက် ဖြစ်ကုန်ကြတော့သည်။

ထိုအချိန် ကမ္ဘာမြေတွင်မူ ရွှယ်အန်းသည် ဆေးလုံးဖော်စပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ပြင်ဆင်နေသည်။ ဆေးလုံးဖော်စပ်ရာတွင် အရေးအကြီးဆုံး အချက်သုံးချက် ရှိသည်။ ၎င်းတို့မှာ ဆေးမီးတောက် ၊ ဆေးပေါင်းအိုးနှင့် ဆေးဖက်ဝင် ပစ္စည်းများဖြစ်သည်။

ယခုအခါ ဆေးဖက်ဝင်ပစ္စည်းများ ရရှိနေပြီဖြစ်သည်။ ရွှယ်အန်းသည် သွေးမျိုးနွယ်စု တစ်ခုလုံးနီးပါးကို သွေးပုလဲများအဖြစ် ကျိုချက်ထားပြီးဖြစ်သည်။ ဆေးမီးတောက်မှာလည်း ပြဿနာမရှိပေ။ ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးတွင် ရွှယ်အန်း၏ ကြာနီမီးတောက်ထက် ပိုမိုပြင်းထန်သော မီးတောက် ရှိနိုင်မည်မဟုတ်ချေ။ ယခု သူ လိုအပ်နေသည်မှာ ဆေးပေါင်းအိုး တစ်ခုတည်းသာ ဖြစ်သည်။

အမှန်ပြောရလျှင် ရွှယ်အန်း၏ လက်ရှိ ဆေးဖော်စပ်နိုင်စွမ်းအရ လျှပ်စစ်ထမင်းပေါင်းအိုးကို အသုံးပြုလျှင်ပင် အဆင့်မြင့် ဆေးလုံးများ ရရှိနိုင်ပေသည်။ သို့သော် ချိပ်ပိတ်ခြင်းကို ချိုးဖျက်ရန်အတွက် ဆေးစွမ်းအာနိသင်ကို ပိုမိုသိပ်သည်းစေလိုသဖြင့် ရွှယ်အန်းသည် ဤလုပ်ငန်းစဉ်ကို အလေးအနက်ထားရန် ဆုံးဖြတ်လိုက်သည်။ ရွှယ်အန်းကဲ့သို့ လူတစ်ယောက်ပင် ဤမျှ သတိထားနေခြင်းက ဤဆေးလုံးများ မည်မျှ အရေးကြီးကြောင်း ဖော်ပြနေသည်။ ယခုမှ ဆေးပေါင်းအိုး အသစ်လုပ်ရန်မှာမူ အချိန်နှောင်းနေပြီ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင်လည်း အသင့်သုံးနိုင်သော ဆေးပေါင်းအိုးများ မရှိပေ။

ရွှယ်အန်းသည် သူ၏ နတ်ဘုရားအာရုံဖြင့် ရှာဖွေခဲ့ရာ တရုတ်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ပျက်စီးနေသော ဆေးပေါင်းအိုးအချို့ကို တွေ့ရှိခဲ့သည်။ ထိုအရာအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းများဖြစ်သည်။ ပစ္စည်းအရည်အသွေး မဆိုးသော်လည်း စွမ်းအင် ခမ်းခြောက်သော ခေတ်ကာလတွင် အချိန်၏ တိုက်စားမှုကြောင့် ယခုအခါတွင် စွမ်းအင်မဲ့ သံတုံးများအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် ဤအချက်သည် ရွှယ်အန်းကို အခက်တွေ့စေမည် မဟုတ်ပေ။

သူ အနည်းငယ် တွေးတောပြီးနောက် တရာတ်နိုင်ငံ၏ ကျော်ကြားသော တောင်များနှင့် မြစ်ကြီးများသို့ မကြာခဏ သွားရောက်လေ့ရှိပြီး တစ်ခါတစ်ရံ နေ့ဝက်ခန့် ပျောက်သွားတတ်သည်။ ထိုအပြုအမူကြောင့် အန်းယန်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး သူ ဘာလုပ်နေသလဲဟု အကြိမ်ကြိမ် မေးသော်လည်း ရွှယ်အန်းက အဖြေမပေးဘဲ ပြုံးရုံသာ ပြုံးပြလေ့ရှိသည်။

အဆုံးတွင်... ယနေ့တွင်တော့ ရွှယ်အန်း အရာအားလုံး ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။

တရုတ်နိုင်ငံမှ ကျင့်ကြံသူများသာမက ကမ္ဘာတစ်ဝှမ်းမှ လူများသည်ပါ ရွှယ်အန်း ဆေးဖော်စပ်မည့် အစီအစဉ်ကို သိရှိထားကြပြီး စူးစမ်းချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။ ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားဌာနကြီးများ အားလုံးသည် ပေကျင်းသို့ ကင်မရာများ ချိန်ထားကြသည်။ ရွှယ်အန်း၏ လှုပ်ရှားမှုတိုင်းသည် ကမ္ဘာတစ်ဝှမ်းမှ လူများ၏ နှလုံးသားကို ဖမ်းစားထားလေသည်။

ထို့ကြောင့် သတင်းထောက်များ၏ အမြင်တွင် သူ့ထက် ရိုက်ကူးရန် ပိုကောင်းသော အရာမရှိတော့ပေ။ ရွှယ်အန်း၏ ပုံရိပ် ကင်မရာပေါ်တွင် ပေါ်လာသည်နှင့် လူအများအပြား စတင် အားပေးကြွေးကြော်ကြတော့သည်။ သူတို့၏ နှလုံးသားထဲမှ သူရဲကောင်းအတွက် အားပေးနေကြခြင်း ဖြစ်သည်။ ရွှယ်အန်းသည် ထိုအရာများကို သာမန်ကာလျှံကာ ပြုံးပြလိုက်ပြီးနောက် ခုန်တက်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားလေသည်။

ထိုအချိန်တွင် ကျုံးတု ရုပ်သံလိုင်း စတူဒီယိုထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ပုံပန်းသွင်ပြင်ရှိပြီး ဆံပင်ဖြူရော်နေသော်လည်း မျက်နှာနုပျိုနေကာ ပညာရှိအငွေ့အသက်များ ထွက်ပေါ်နေသော ဆေးပညာရှင်တစ်ဦး ထိုင်နေလေသည်။

အစီအစဉ်တင်ဆက်သူသည် ထိုအခွင့်ကောင်းကို အသုံးချကာ စတင်မေးမြန်းလိုက်သည်။

"ဆေးပညာရှင်ဝမ်... အရှင်ရွှယ်ရဲ့ ဆေးဖော်စပ်မယ့် နည်းလမ်းက ဘယ်လိုဖြစ်မယ်လို့ ထင်ပါသလဲ"

ဆေးပညာရှင်ဝမ်က မုတ်ဆိတ်မွေးကို သပ်ပြီး လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့် အမြင်ကို ပြောရရင်တော့... အရှင်ရွှယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က အံ့သြစရာ ကောင်းပေမဲ့ ဆေးဖော်စပ်တယ်ဆိုတာ ကြမ်းတမ်းတဲ့ စွမ်းအားနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး... ဒါကြောင့် ဒီတစ်ခါတော့ အရှင်ရွှယ် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်... ဘာလို့လဲဆိုတော့ ဆေးဖော်ဖို့ ဆေးပေါင်းအိုး လိုတယ်လေ ဟုတ်တယ်မလား၊ ခင်ဗျားတို့ ကောင်းကင်ပေါ်မှာ ဆေးပေါင်းအိုး မြင်နေရလို့လား"

ဆေးပညာရှင်ဝမ်၏ မေးခွန်းကို ကြားသောအခါ လူအများအပြားသည် ဗီဒီယိုထဲမှ ကောင်းကင်ယံကို အာရုံစိုက် ကြည့်လိုက်ကြရာ အမှန်တကယ်ပင် ဆေးပေါင်းအိုး အရိပ်အယောင်မျှ မတွေ့ရဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။

"ဟဲဟဲ... ဒါကြောင့် ကျွန်တော် ပြောတာပေါ့၊ အရှင်ရွှယ်က စွမ်းအားကြီးချင် ကြီးနိုင်ပေမဲ့ သူက အရမ်းငယ်သေးတယ်... လူငယ်တွေဆိုတာ အမှားလုပ်တတ်ကြတာပဲလေ"

ဆေးပညာရှင်ဝမ်က ဆရာကြီးလေသံဖြင့် ပြောလိုက်သည်။ သို့သော် စတူဒီယိုအောက်မှ ကြည့်နေသော ချန်ရှောင်ရီမှာမူ ဒေါသထွက်သွားလေသည်။ ယခုအချိန်တွင် သူမသည် ပြည်နယ်မြို့၏ အပတ်စဉ် ဖျော်ဖြေရေး သတင်းထောက်လေး မဟုတ်တော့ဘဲ ကျုံးတုရုပ်သံလိုင်း၏ အယ်ဒီတာချုပ် ဖြစ်နေပြီဖြစ်သည်။ မူလက ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် သူမ၏ တာဝန်မဟုတ်ပေ။ သို့သော် ရွှယ်အန်းနှင့် သက်ဆိုင်နေသဖြင့် သူမ ကိုယ်တိုင် စေတနာအလျောက် လာရောက်ကူညီပေးနေခြင်း ဖြစ်သည်။

သို့သော် ဤနေရာရောက်မှ အဘိုးကြီးတစ်ယောက် တောင်စဉ်ရေမရ ပြောနေသည်ကို လာတွေ့နေရသည်။ သူမကဲ့သို့ ဒေါသထွက်နေကြသူများမှာ ရုပ်မြင်သံကြားရှေ့မှ ကြည့်ရှုသူအများအပြားပင် ဖြစ်သည်။

"ဒီအဘိုးကြီး ဘယ်က ထွက်လာတာလဲ... အရှင်ရွှယ်ကို ဘယ်လိုလုပ် ဝေဖန်ရဲရတာလဲ"

"ဟုတ်ပါ့... အရှင်ရွှယ်သာ မရှိရင် ဒီလူကြီး အခုလောက်ဆို သေနေလောက်ပြီ... အခုမှ လာပြီး ဆရာကြီး လာလုပ်ပြနေတယ်"

"ကျွတ်... ကျွတ်... တကယ့် အရှက်မရှိတဲ့ ပညာရှင် ပါလား... ကိုယ့်ရဲ့ မပြည့်စုံတဲ့ အရည်အချင်းနဲ့ အရှင်ရွှယ်ရဲ့ စွမ်းရည်ကို ခန့်မှန်းပြီး လူငယ်မို့လို့ဆိုပြီး လှောင်တောင် လှောင်ရဲသေးတယ်... ပြဿနာရှာနေတာပဲ"

ဤပြောဆိုမှုများနှင့် လှောင်ပြောင်မှုများကို ဆေးပညာရှင်ဝမ် မသိရှာပေ။ သူသည် သူ့ကိုယ်သူ အလွန် ကျေနပ်နေပြီး ထူးဆန်းနေသော မျက်နှာထားနှင့်ရှိနေသော အစီအစဉ်တင်ဆက်သူမလေးကို မရပ်မနား ပြောဆိုနေလေသည်။

"ကျွန်တော် ထင်တာကတော့... ဒီတစ်ခါ မစ္စတာရွှယ် ဆေးဖော်တာ မအောင်မြင်ခဲ့ရင် ကျွန်တော် သူ့အတွက် အလကား ကူဖော်ပေးလို့ ရပါတယ်၊ ဘာပဲပြောပြော မစ္စတာရွှယ်က ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ကျေးဇူးရှင်ပဲလေ"

သူ ပျော်ရွှင်စွာ ပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"မြန်မြန်ကြည့်လိုက်... အရှင်ရွှယ် စလှုပ်ရှားနေပြီ"

ပရိသတ်များ လှည့်ကြည့်လိုက်ကြသည်။

မှန်ပါသည်။ ရွှယ်အန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်နှင့် မှော်ရတနာဆောင်ထဲတွင် သိမ်းဆည်းထားသော သွေးပုလဲများ ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး အရေအတွက် များပြားလွန်းသဖြင့် အနီရောင် မြစ်ရှည်ကြီး တစ်စင်းသဖွယ် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ကြရသည်။ ထိုစဉ် မိန်းကလေးတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။

"အရောင်လေးက လှလိုက်တာ... နှုတ်ခမ်းနီလုပ်ရင် သိပ်ကောင်းမှာပဲ"

သို့သော် လူအများစုမှာ လေးနက်စွာ မော့ကြည့်နေကြသည်။ ဆေးပညာရှင်ဝမ်က သက်ပြင်းချလိုက်သည်။

"ကြည့်ရတာ..."

သို့သော် သူစကားမဆုံးခင်မှာပင် ရွှယ်အန်းသည် လက်ကို မြှောက်လိုက်ရာ သူ၏ လက်ဖဝါးတွင် အလင်းရောင်များ တဖျပ်ဖျပ် လက်လာပြီး ကျယ်လောင်သော အသံဖြင့် ကြွေးကြော်လိုက်သည်ကို တွေ့လိုက်ကြရသည်။

"အရပ်လေးမျက်နှာက တောင်တွေနဲ့ မြစ်တွေရဲ့ စွမ်းအားကို ငါအသုံးပြုမယ်”

All Chapters