← Chapters

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃) - ဆရာနှင့် တပည့်

ရွှယ်အန်း၏ အကြည့်အောက်တွင် ချန်ရှန်းရှန်းမှာ ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ သွေးများ ခဲလုမတတ် ဖြစ်သွားလေသည်။ သူ၏ နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ဒီဟာက အင်မော်တယ်နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါလား

သို့သော် စည်းစိမ်ဥစ္စာကို အသက်တမျှ တန်ဖိုးထားသော သူ့လိုလူမှာ လက်တစ်ကမ်းအလိုရှိ အခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။ ထို့ကြောင့် သူသည် စိတ်ကိုအတင်းငြိမ်သက်အောင် ထိန်းချုပ်ပြီး ပြောလိုက်သည်။

"အရှင်ရွှယ်... ခင်ဗျားက တစ်ကမ္ဘာလုံးရဲ့ ကယ်တင်ရှင်ကြီးဆိုတော့ ခင်ဗျားပြောတာကို ကျုပ်တို့ သဘာဝကျကျ နာခံရမှာပေါ့ ဒါပေမဲ့ ဒီကိစ္စမှာ မလျော်ကန်တာ တစ်ခုရှိနေတယ်လို့ ကျွန်တော် ထင်တယ်"

"အို... ဘာများ မလျော်ကန်တာပါလိမ့်"

ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"ညီမလေး ရူရှီက အရမ်းတော်တယ်ဆိုတာ မှန်ပေမဲ့ သူက မိန်းကလေးလေ... မိန်းကလေးဆိုတော့ တစ်ချိန်ချိန်ကျရင် အိမ်ထောင်ပြုရမှာပဲ မဟုတ်လား၊ တကယ်လို့ ရူရှီက ချန်မိသားစုခေါင်းဆောင်ဖြစ်လာပြီး အိမ်ထောင်ပြုလိုက်ရင် ချန်မိသားစုရဲ့ မျိုးရိုးနာမည် ပြောင်းသွားမှာ မဟုတ်ဘူးလား"

"ဒါကြောင့် ဒီကိစ္စက လုံးဝ မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်"

ချန်ရှန်းရှန်းသည် စပြောကာစတွင် အနည်းငယ် ထစ်ငေါ့နေသော်လည်း ပြောရင်းဆိုရင်းဖြင့် စကားလုံးများ ချောမွေ့လာခဲ့သည်။ ရွှယ်အန်းသည် သူပြောပြီးသည်အထိ တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် ဖျော့တော့စွာ ပြုံးလိုက်သည်။

"မင်းပြောတာ အဓိပ္ပာယ်ရှိသလိုလိုတော့ ရှိသားပဲ ဒါပေမဲ့ မင်းက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"

ချန်ရှန်းရှန်းက အနည်းငယ် ပြုံးလိုက်သည်။

"ကျွန်တော့်နာမည် ချန်ရှန်းရှန်းပါ... ချန်သခင်ကြီးက ကျွန်တော့်ရဲ့ ဒုတိယဦးလေးတော်သလို ညီမလေးရူရှီရဲ့ ဝမ်းကွဲအစ်ကိုလည်း ဖြစ်ပါတယ်"

သူ၏စကားကို ကြားသောအခါ ဘေးတွင်ရှိနေသော ချန်ရုရှီမှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။

"ဟက်... ဟုတ်တာပေါ့... ငါ့ရဲ့ ချစ်လှစွာသော ဝမ်းကွဲအစ်ကိုကြီးပဲ"

သူမ၏ စကားလုံးများတွင် အရိုးခိုက်မတတ် အေးစက်မှုများ ပြည့်နှက်နေသည်။ ချန်ရှန်းရှန်းကမူ မျက်နှာပြောင်တိုက်ကာ တည်ငြိမ်နေဆဲဖြစ်သည်။

"ညီမလေး ရူရှီ... အစ်ကိုက ညီမလေးကောင်းဖို့အတွက် လုပ်ပေးနေတာပါ"

"ငါ့ကောင်းဖို့အတွက် ဟုတ်လား၊ ချန်ရှန်းရှန်း... နင် ဘာတွေကြံစည်နေလဲဆိုတာ ငါမသိဘူးများ ထင်နေလား"

ချန်ရုရှီ၏ မျက်လုံးထဲရှိ မီးတောက်များမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေပြီး ထိုလူကို ပြေးကိုက်ချင်လောက်အောင် ဖြစ်နေလေသည်။

"မင်း..."

ချန်ရှန်းရှန်း ပြန်ပြောရန် ပြင်လိုက်သည်။ ထိုစဉ် ရွှယ်အန်းက လက်တစ်ဖက်မြှောက်ကာ ဂရုမစိုက်သော လေသံဖြင့် တားဆီးလိုက်သည်။

"တော်တော့... ရူရှီ"

"ဟုတ်"

"အခုချိန်ကစပြီး မင်းက ချန်မိသားစုရဲ့ ခေါင်းဆောင်ပဲ"

ချန်ရုရှီ ကြောင်အသွားသည်။ ကြည့်နေကြသူများသည်လည်း အံ့အားသင့်သွားကြသည်။ ချန်ရှန်းရှန်းမှာ သူ့နားသူ မယုံနိုင်အောင် ဖြစ်နေလေသည်။

"အရှင်ရွှယ်... ခင်ဗျားပဲ ခုနက ကန့်ကွက်မယ့်သူရှိလားလို့ မေးခဲ့တာလေ၊ ကျွန်တော်ကတော့..."

ရွှယ်အန်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ငါက သဘောထားမေးခဲ့တာ မှန်တယ် ဒါပေမဲ့ အဲ့ဒီသဘောထားကို လက်ခံမယ်လို့ ပြောခဲ့မိလို့လား"

သူ၏ စကားကြောင့် ချန်ရှန်းရှန်းမှာ သွေးအန်လုမတတ် ဖြစ်သွားသော်လည်း ဟန်ကိုထိန်းကာ လေးနက်စွာ ပြောလိုက်သည်။

"အရှင်ရွှယ်... ကျွန်တော် ခင်ဗျားကို အရမ်းလေးစားပေမဲ့ ဒီလိုလုပ်တာက လူတိုင်းကျေနပ်မှာ မဟုတ်ဘူးနော်"

"အို... ဟုတ်လား"

ချန်ရှန်းရှန်းက အေးစက်စွာ ပြောလိုက်သည်။

"မိသားစုခေါင်းဆောင် ရွေးချယ်တယ်ဆိုတာ ချန်မိသားစုရဲ့ အတွင်းရေးကိစ္စပါ၊ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ကမ္ဘာကို တုန်လှုပ်စေနိုင်တယ်ဆိုပေမဲ့ ချန်မိသားစုရဲ့ ကိစ္စတွေကို ဝင်ပါလို့မရဘူးလေ... ဘာပဲပြောပြော ဒါက ခင်ဗျားနဲ့မှ မဆိုင်တာ"

ထိုစကားကို ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက ရွှယ်အန်းကို ကြည့်လိုက်ကြသည်။ ရွှယ်အန်းက မေးစေ့ကိုကိုင်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြုံးလာသည်။

"ကြည့်ရတာ... မင်းပြောတာ အမှန်တရားတချို့ ပါနေသလိုပဲ"

ချန်ရှန်းရှန်း၏ နှလုံးသား ခုန်ပေါက်သွားသည်။ သို့သော် ချန်ရုရှီမှာမူ ရင်ထဲထိတ်ခနဲ ဖြစ်သွားရသည်။ ချန်ရှန်းရှန်း၏ မျက်နှာပေါ်တွင် အောင်နိုင်သူအပြုံး ပေါ်လာခါစ ရှိသေးချိန်မှာပင် ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ရူရှီ... ဒူးထောက်လိုက်"

ချန်ရုရှီ အံ့အားသင့်သွားသော်လည်း ရွှယ်အန်း၏ ရှေ့တွင် လိမ်မ္မာစွာ ဒူးထောက်လိုက်သည်။ ခန်းမတစ်ခုလုံး ရှုပ်ထွေးသွားကြသည်။

"အရှင်ရွှယ်က ဘာလုပ်မလို့လဲဟ"

"ငါလည်း မသိဘူး... ကြည့်ကြတာပေါ့"

ထို့နောက် ရွှယ်အန်းက ချန်ရှန်းရှန်းကို ပြုံးပြလိုက်သည်။

"မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေကို ဂရုစိုက်စရာ မလိုပေမဲ့ မင်းက ပြောလာမှတော့ ငါ မင်းကို သေချာပေါက် လက်ခံအောင် လုပ်ပေးရတာပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချန်ရုရှီဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ရူရှီ... မင်း ငါ့ကို ဆရာတင်ချင်လား"

ဝုန်း...

ဤစကားသည် ပြင်းထန်သော ဗုံးတစ်လုံးကဲ့သို့ ရှိနေသူအားလုံးကို တုန်လှုပ်သွားစေသည်။

ဘာ... အရှင်ရွှယ်က ချန်ရုရှီကို တပည့်အဖြစ် လက်ခံဖို့ စီစဉ်နေတာလား၊ ဒါက လူတိုင်း အိပ်မက်မက်နေကြတဲ့ အခွင့်အရေးမျိုးလေ...

ရွှယ်အန်း၏ လက်ရှိ အဆင့်အတန်းနှင့် ရာထူးအရဆိုလျှင် သူ့တပည့် ဖြစ်ချင်သူများ တန်းစီလိုက်ပါက ကမ္ဘာကြီးကို ဆယ်ပတ်ကျော်ပင် ပတ်နိုင်ပေသည်။ ချက်ချင်းဆိုသလိုပင် မနာလိုဖြစ်နေသော မျက်လုံးပေါင်းများစွာသည် နီရဲလာကြသည်။ ချန်ရုရှီကိုယ်တိုင်လည်း တုန်လှုပ်နေပြီး အန်းယန်က ရူရှီ ဟု တိုးတိုးလေး လှမ်းခေါ်လိုက်မှသာ အသိပြန်ဝင်လာပြီး မဆိုင်းမတွပင် ခေါင်းငုံ့အရိုအသေ ပေးလိုက်သည်။

"ဆရာသခင်... တပည့်ရူရှီက ဆရာ့ကို ဂါရဝပြုပါတယ်"

ထိုစကားများကို ပြောလိုက်စဉ် ချန်ရုရှီ၏ ရင်ထဲတွင် အတိုင်းအဆမဲ့ ဝမ်းသာပီတိများ ပြည့်နှက်နေသော်လည်း ထိုပျော်ရွှင်မှုနှင့်အတူ ဝမ်းနည်းမှု အရိပ်အယောင်တချို့ ရောပြွမ်းနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ သူမသည် ရွှယ်အန်းနှင့် နီးစပ်ခွင့်မရှိတော့မည်ကို နားလည်လိုက်သောကြောင့် ဖြစ်သည်။

သို့သော် ချန်ရုရှီ ပြန်တွေးလိုက်မိသည်။ သူ့တပည့် ဖြစ်ခွင့်ရတာကပင် ကံကောင်းလွန်းနေပြီ ဖြစ်သည်။ သူမ ဤထက်ပိုပြီး မမျှော်လင့်ရဲတော့ပေ။ ချန်ရုရှီ ကြမ်းပြင်နှင့် နဖူးထိအောင် ဦးချနေသည်ကို မြင်မှ ရွှယ်အန်းသည် ခေါင်းမော့လိုက်ပြီး ကြောင်အနေသော ချန်ရှန်းရှန်းနှင့် ချန်ပေလဲ့အပါအဝင် အခြားသူများကို ကြည့်ကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"ငါက လူစိမ်းမို့လို့ ချန်မိသားစုရဲ့ ကိစ္စတွေကို ဝင်ပါလို့ မရဘူးလို့ မင်းပဲ ပြောခဲ့တာနော်၊ အခု ချန်ရုရှီက ငါ့တပည့် ဖြစ်သွားပြီဆိုတော့ ငါက သူ့ဆရာအနေနဲ့ သူ့ကိစ္စတွေကို ဝင်ပါပြီး ဂရုစိုက်ပေးရမှာ သဘာဝပဲလေ၊ ဒီသဘောတရားကို မင်း နားလည်လား"

ချန်ရှန်းရှန်း၏ မျက်နှာသည် ရုတ်တရက် စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။ သူ နားမလည်ခဲ့ပေ။ ယခုအချိန်ကျမှသာ ရွှယခအန်း ဘာကြောင့် ဤသို့လုပ်ခဲ့သလဲဆိုတာကို သူ သဘောပေါက်သွားသည်။

"ကျွန်... ကျွန်တော်..."

ပုံမှန်ဆို စကားပြောကောင်းသော ချန်ရှန်းရှန်းမှာ ယခုအခါ ပြောစရာ စကားပျောက်ရှနေလေသည်။ ထိုအချိန်တွင် သူ့ဘေးရှိ ချန်ပေလဲ့မှာ မတ်တတ်ပင် မရပ်နိုင်လောက်အောင် တုန်ယင်နေသည်။ ရုတ်တရက် သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး အော်ဟစ်လိုက်သည်။

"အရှင်ရွှယ်... ဒီကိစ္စတွေအားလုံးကို ဝမ်းကွဲအစ်ကို ချန်ရှန်းရှန်း စီစဉ်ခဲ့တာပါ၊ နားထောင်ကြည့်ပါ... ကျွန်တော့်ဆီမှာ သက်သေရှိပါတယ်"

စကားပြောရင်း ချန်ပေလဲ့သည် အိတ်ကပ်ထဲမှ အသံဖမ်းဘောပင်ကို ထုတ်လိုက်ပြီး ဖွင့်လိုက်သောအခါ ချန်ရှန်းရှန်း၏ အသံထွက်ပေါ်လာသည်။

"ဈာပနပြီးတာနဲ့ ဒီ ချန်ရုရှီကို ရှင်းပစ်ဖို့ လူရှာလိုက် ပြီးရင် ချန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ငါ့အပိုင် ဖြစ်လာလိမ့်မယ်"

ထိုစကားများကို ကြားလိုက်ရသောအခါ တစ်နေရာလုံး တုန်လှုပ်သွားကြသည်။ ဝမ်းနည်းကြောင်း လာရောက်ပြောကြားသော သူဌေးကြီးများမှာ အရူးများ မဟုတ်ကြပေ။ သူတို့အားလုံး အခြေအနေကို သဘောပေါက်သွားကြပြီး ချန်ရှန်းရှန်းကို လက်ညှိုးထိုးကာ ဆဲဆိုကြတော့သည်။

"ဝံပုလွေလိုပဲ ရည်မှန်းချက်ကြီးလိုက်တာ၊ တကယ့်ကို ဝံပုလွေလိုကောင်ပဲ"

"ဟုတ်တယ်... ကိုယ့်ဝမ်းကွဲညီမအရင်းကိုတောင် ရက်ရက်စက်စက်လုပ်ပြီး မိသားစုပိုင်ဆိုင်မှုတွေကို လိုချင်နေတာ၊ ဒါမစ္စတ‌ာချန်ရဲ့ ဝိညာဉ်ကို စော်ကားလိုက်တာပဲ"

"ထွီ... ချန်မိသားစုလို သူရဲကောင်းဆန်တဲ့ မိသားစုမှာ မင်းလိုကောင်က ချန်မျိုးရိုး နာမည်ခံဖို့တောင် မထိုက်တန်ဘူး"

ချန်ရှန်းရှန်း၏ မျက်နှာမှာ မီးခိုးရောင် သန်းသွားပြီး ရင်ထဲတွင် မျှော်လင့်ချက်မဲ့သွားသည်။ သူသွားပြီဆိုတာ သိလိုက်သောကြောင့် ဖြစ်သည်။ ရွှယ်အန်း သူ့ကို မသတ်လျှင်တောင် သူသည် အရှက်ကွဲနေပြီဖြစ်ပြီး ပြန်လမ်းမရှိတော့ပေ။ ထိုအချိန်တွင် ချန်ပေလဲ့က မျက်နှာလိုမျက်နှာရဖြင့် ပြောလိုက်သည်။

"အရှင်ရွှယ်... ညီမလေး ရူရှီ၊ ဒါက ကျွန်တော်နဲ့ တကယ် ဘာမှမဆိုင်ပါဘူး၊ ချန်ရှန်းရှန်းက ကျွန်တော့်ကို အတင်းခိုင်းခဲ့တာပါ"

ထိုစကားများက ချန်ရှန်းရှန်းကို သတိဝင်သွားစေပြီး ဒေါသများ ချက်ချင်းထွက်ပေါ်လာကာ ချန်ပေလဲ့၏ လည်ပင်းကို ပြေးညှစ်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။ဈ

"သစ္စာဖောက်ကောင်... ငါ မင်းကို သတ်ပစ်မယ်"

ချန်ပေလဲ့လည်း အားမလျော့ဘဲ ပြန်လည်ခုခံလေသည်။ ဝမ်းကွဲညီအစ်ကို နှစ်ယောက်သည် မကြာမီတွင်ပင် ဈာပနခန်းမရှေ့၌ ပြင်းထန်စွာ လုံးထွေးသတ်ပုတ် နေကြတော့သည်။ ချန်ရုရှီ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။

ဤအချိန်တွင် ရွှယ်အန်းက ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်း တစ်ခုသည် ရုန်းကန်နေသော လူနှစ်ယောက်ကို မြေကြီးနှင့်ကပ်လျက် စိုက်ချလိုက်သည်။ ချန်ရှန်းရှန်းနှင့် ချန်ပေလဲ့တို့ မော့ကြည့်ကာ စကားပြောချင်သော်လည်း သာမန်လူသားများက ဓားအလင်းတန်း၏ စွမ်းအားကို မည်သို့ ခံနိုင်မည်နည်း။ ထို့နောက် နှစ်ယောက်စလုံး တုန်တက်သွားပြီးနောက် ပြိုင်တူ သေဆုံးသွားကြသည်။ ထို့နောက် ရွှယ်အန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။

"အချိန်လည်း လင့်နေပြီဆိုတော့... မစ္စတာချန်ကို နောက်ဆုံးခရီး ပို့ဆောင်ပေးလိုက်ကြရအောင်”

အခန်း (၉၇၄) အသံသည် ပြင်းထန်၍ အရှိန်အဟုန်သည် မိုးကောင်းကင်ကို တုန်ခါစေသည်။

လူတစ်ယောက်သည် ချန်ရှန်းရှန်းနှင့် ချန်ပေလဲ့တို့၏ ရုပ်အလောင်းများကို ခွေးသေကောင်များပမာ ဆွဲထုတ်သွားလေသည်။

ထို့နောက် သန်မာထွားကျိုင်းသော လူငယ် (၂၄) ယောက်သည် ခြေလှမ်းညီညာစွာဖြင့် ရှေ့သို့ တက်လာကြသည်။ ထိုအချိန်သည် အိမ်တော်ထိန်းက ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို စတင်ရန် ပြင်ဆင်လိုက်ချိန်လည်း ဖြစ်သည်။

ရွှယ်အန်းက လက်ကိုဝှေ့ယမ်းကာ တားလိုက်ပြီးနောက် ယခုလေးတင် ရောက်ရှိလာသော မီးငှက်အထူးတပ်ဖွဲ့ဝင်များကို လှမ်း၍ အချက်ပြလိုက်သည်။ဈ

"ဒီဘက်လာပြီး အခေါင်းကို ထမ်းလိုက်ကြ"

"ဟုတ်ကဲ့ပါ"

မီးငှက်အဖွဲ့ခေါင်းဆောင် ချန်ဟောက်က ဦးဆောင်ပြီး မီးငှက်အဖွဲ့ဝင်အားလုံး ရှေ့သို့တက်ကာ အခေါင်းကို ထမ်းလိုက်ကြသည်။

"အခမ်းအနား စလိုက်ကြစို့"

ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။ အခေါင်းကို မြေပြင်မှ မလိုက်ကြပြီးနောက် ရွှယ်အန်းကိုယ်တိုင် အခေါင်းသယ်ဆောင်ရာတွင် ဝင်ရောက်ကူညီလိုက်သည်။

"သွားကြစို့... သခင်ကြီးကို နောက်ဆုံးခရီး လိုက်ပို့ကြရအောင်"

ထိုအမိန့်သံအဆုံးတွင် သူတို့ရှေ့၌ လူသွားလမ်းကြောင်းတစ်ခု ပွင့်သွားလေသည်။

ချန်ရုရှီသည် လမ်းဘေးတွင် ဒူးထောက်လျက် ရှိနေပြီး သည်းထန်စွာ ငိုကြွေးနေလေသည်။ မီးငှက်အဖွဲ့ဝင်များက သူမရှေ့မှ အခေါင်းကို ထမ်းကာ ဖြတ်သွားသောအခါ ချန်ရုရှီသည် ခါးကိုကိုင်းညွတ်၍ အရိုအသေပြုလိုက်သည်။

"အဘိုး... ကောင်းမွန်စွာ ခရီးဆက်နိုင်ပါစေ"

ထိုဝမ်းနည်းကြေကွဲဖွယ် အသံသည် ရှိနေသူအားလုံး၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသည်။ အခေါင်းသည် ချန်မိသားစု၏ အိမ်မကြီး တံခါးပေါက်မှ ထွက်လာသောအခါ ထင်ရှားကျော်ကြားသော မိသားစုကြီးများအားလုံးသည် ကနဦး အံ့အားသင့်မှုမှ သတိပြန်ဝင်လာကြပြီး ပြိုင်တူ ရေရွတ်လိုက်မိကြသည်။

"ဘုရားရေ... ငါမြင်နေရတာ အမှန်ပဲလား၊ မီးငှက်အဖွဲ့က လူတွေက အခေါင်းထမ်းပေးနေကြတာလား"

လူတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည်။ မီးငှက်အထူးတပ်ဖွဲ့သည် တရုတါမျိုးနွယ်ဝင် ပြည်သူများကြားတွင် စစ်နတ်ဘုရားများပမာ အလွန်မြင့်မြတ်သော နေရာတစ်ခု ရရှိထားသည်ကို လူတိုင်းသိကြသည်။ ထို့အပြင် မီးငှက်အဖွဲ့ဝင်အားလုံးသည် အနည်းဆုံး လွတ်မြောက်အင်မော်တယ်အဆင့် ကျင့်ကြံဆင့် ရှိကြပြီး၊ အများစုမှာ သက်တမ်းရှည် နတ်ဘုရားများ ဖြစ်ကြကာ ထိပ်တန်းအဆင့်ရှိသူများသည် ရွှေအင်မော်တယ်အဆင့် အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများသည် မည်သည့်နေရာသို့သွားသွား လူထောင်ပေါင်းများစွာ၏ လေးစားမှုကို ခံရသူများဖြစ်ကြရာ ယခုအခါ ချန်ရှုအတွက် အခေါင်းထမ်းပေးနေကြသည်မှာ မည်မျှကြီးမားသော ဂုဏ်ယူစရာ ဖြစ်လိုက်မည်နည်း။

"မင်း မမြင်ဘူးလား... အရှင်ရွှယ် ကိုယ်တိုင်တောင် အခေါင်းထမ်းရာမှာ ပါဝင်ကူညီပေးနေတယ်လေ၊ ဒါက... ချန်သခင်ကြီးတော့ တကယ့်ကို ဂုဏ်အရှိဆုံးနဲ့ နောက်ဆုံးခရီးကို နှုတ်ဆက်သွားရတာပဲ"

အခြားတစ်ယောက်က အားကျစွာ ပြောလိုက်သည်။

"ဒါပေါ့... အရှင်ရွှယ်က ချန်မိသားစုကို တကယ့်ကို မျက်နှာပန်းလှအောင် လုပ်ပေးလိုက်တာပဲ"

လူတိုင်းက လေးစားအားကျစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်တွင် လူတစ်ယောက်က အော်ပြောလိုက်သည်။

"ခင်ဗျားတို့ ဘာရပ်လုပ်နေကြတာလဲ... သခင်ကြီးကို နောက်ဆုံးခရီး လိုက်ပို့ပေးဖို့ မြန်မြန်လုပ်ကြလေ"

ထိုစကားက အိပ်မက်မက်နေသူများကို နှိုးလိုက်သည့်ပမာဖြစ်သွားပြီး ကျုံးတုမြို့မှ အထက်တန်းစား မိသားစုများသည် သူများနောက် ကောက်ကောက်မပါ ကျန်ခဲ့မည်ကို စိုးရိမ်သဖြင့် အလုအယက် လိုက်ပါလာကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ ချန်မိသားစုသည် ယခင်ကထက် ကျော်လွန်သော အမြင့်ဆုံးနေရာသို့ ရောက်ရှိတော့မည်ကို အရူးကအစ သိနိုင်သောကြောင့် ဖြစ်သည်။

ချန်ရုရှီကို ရွှယ်အန်းက တပည့်အဖြစ် လူသိရှင်ကြား လက်ခံလိုက်ခြင်းသည် ကွယ်လွန်သူ ချန်ရှုကို ဂုဏ်တက်စေခဲ့သည်။ ဤသည်မှာဈ လူတိုင်းကို ရှင်းလင်းစွာ အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။

ထိုသည်မှာ ချန်မိသားစုကို ငါ ရွှယ်အန်း ကာကွယ်ပေးထားတယ် ဆိုသည့် သဘောပင်ဖြစ်သည်။ ဤအခြေအနေတွင် မည်သူက မလေးမစား လုပ်ရဲမည်နည်း။

ထို့ကြောင့် ရှားပါးသော မြင်ကွင်းတစ်ခုသည် ယနေ့ ကျုံးတုမြို့၌ ပေါ်ပေါက်လာခဲ့သည်။ ရှေ့ဆုံးတွင် ခမ်းနားထည်ဝါသော ဈာပနစီတန်း လှည့်လည်မှုရှိနေပြီး နောက်ဘက်တွင် ကျုံးတုမြို့မှ နာမည်ကြီး မိသားစုများ ပိုမိုများပြားစွာ စုရုံးရောက်ရှိလာကြသည်။ အစောပိုင်းက ဝမ်းနည်းကြောင်း လာရောက်မပြောကြားခဲ့သူများပင် သတင်းကြားသည်နှင့် အပြေးအလွှား ရောက်ရှိလာကြသည်။

အရှက်ရွှယ်က ဤကိစ္စများကို ဂရုစိုက်မည် မဟုတ်သော်လည်း မိမိတို့မိသားစုကသာ ဤအခမ်းအနားကြီးနှင့် လွဲချော်သွားပါက အခြားမိသားစုများ၏ ဖယ်ကြဉ်ခြင်းကို ခံရနိုင်ပြီး ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

သူတို့သဘောဆန္ဒအလျောက် လာရောက်ဂါရဝပြုကြသော ကျုံးတုမြို့သူမြို့သားများသည်လည်း အံ့သြမှင်သက်နေကြသည်။

"ဘုရားရေ... တကယ်ကြီး အရှင်ရွှယ်ကိုယ်တိုင် အခေါင်းထမ်းပေးနေတာပဲ"

"ဟာ... အခေါင်းထမ်းတဲ့သူတွေကလည်း မီးငှက်အဖွဲ့ကတဲ့ဟေ့"

"ကြည့်စမ်း... ကျုံးတုမြို့က နာမည်ကြီးမိသားစုတွေ အကုန်နီးပါး ရောက်လာကြတာပဲ၊ ချန်မိသားစုရဲ့ သြဇာအာဏာက တကယ့်ကို မိုးထိအောင် မြင့်တက်သွားတော့မှာ"

ချန်မိသားစုအိမ်တော်မှ သင်္ချိုင်းမြေအထိ အကွာအဝေးမှာ အတော်အတန် ဝေးကွာသည်။ သို့သော် လမ်းတစ်လျှောက်တွင် လူအုပ်ကြီးမှာ ပိုမိုကြီးမားလာခဲ့သည်။ လူတိုင်းက အလိုအလျောက်ပင် လမ်းဖယ်ပေးကြသည်။ အခေါင်းဖြတ်သွားရာ နေရာတိုင်းတွင် လူအုပ်ကြီးက အမြင့်ဆုံးသော လေးစားမှုကို ပြသကြသည်။ ကောင်းကင်ယံတွင်လည်း မည်သည့်အချိန်က စလိုက်သည်မသိ၊ ကြည်လင်နေသော ကောင်းကင်ပြာသည် တိမ်မည်းများ ဖုံးလွှမ်းသွားလေသည်။

ထိုကဲ့သို့သော လေထုအောက်တွင် အခေါင်းသည် ကျုံးတုမြို့၏ နေရာအတော်များများကို ဖြတ်သန်းပြီးနောက် ဂူသင်္ချိုင်းတည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့သည်။ ချန်ရုရှီသည် ရင်းနှီးသော အမျိုးသမီးဆွေမျိုးအချို့၏ တွဲကူမှုဖြင့် ဤနေရာသို့ ရောက်လာသည်။ သူမသည် အရာရာကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း သူမကို ပြုစုပျိုးထောင်ပေးခဲ့သော အဘိုးဖြစ်သူ မြေကျတော့မည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ရည်များ ထပ်မံကျဆင်းလာရပြန်သည်။

"အဘိုး..."

သူမ၏ ငိုရှိုက်သံသည် ဆွေးမြေ့ဖွယ်ကောင်းလွန်းလှသဖြင့် ကြားရသူတိုင်း မျက်ရည်လည်စေခဲ့သည်။ အဆုံးတွင်တော့ အခေါင်းကို မြေမြှုပ်လိုက်လေသည်။ နောက်ဆုံး မြေစာတစ်ပြား ဖုံးအုပ်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်မှ မိုးဖွဲများ စတင်ကျဆင်းလာလေသည်။

တိတ်ဆိတ်ငြိမ်သက်သွားသော အချိန်တွင် ရွှယ်အန်းသည် ပန်းကန်လုံးတစ်လုံးထဲသို့ ဝိုင်အရက်ကို တိတ်ဆိတ်စွာ ဖြည့်လိုက်သည်။

"မစ္စတာချန်... ဒီတစ်ခွက်က ခင်ဗျားအတွက်ပါ၊ တမလွန်မှာ ဘာနှောင်ကြိုးမှမရှိဘဲ အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါစေ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဝိုင်ကို မော့သောက်လိုက်ပြီး ပန်းကန်လုံးကို ခပ်ကြမ်းကြမ်း ရိုက်ခွဲကာ လေးနက်သော အသံဖြင့် ရွတ်ဆိုလိုက်သည်။

"ငါ့ထံမှာ အဝတ်အစားမရှိဘူးဟု မည်သူဆို၀ံမညါနည်း၊ ငါ၏ဝတ်ရုံကို ငါ့ညီအစ်ကိုနဲ့ မျှဝေဆင်မြန်းထားတယ်၊ စစ်သည်တော်တို့ စုရုံးလိုက်သည်နှင့် ငါ၏ လှံနှင့် ဒိုင်းကို အရောင်တင်ပြီး ငါတို့ရဲ့ ရည်မှန်းချက်အတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်မယ်..."

အစပိုင်းတွင် ရွှယ်အန်း တစ်ယောက်တည်း ရွတ်ဆိုနေခြင်း ဖြစ်သော်လည်း မကြာမီတွင် သူ့အနောက်၌ ရပ်နေသော မီးငှက်အဖွဲ့ဝင်များကပါ လိုက်ပါရွတ်ဆိုကြသည်။

အဆုံးတွင် ရှိနေသူအားလုံးက ထိုရှေးဟောင်းစစ်ချီတေးကို စတင်ရွတ်ဆိုကြတော့သည်။ သူတို့၏ အသံများမှာ ပြင်းထန်ပြီး စိတ်ဓာတ်အရှိန်အဟုန်မှာ မိုးကောင်းကင်ကိုပင် တုန်ခါစေသည်။

တရုတ်မျိုးနွယ်စု၏ နှစ်ပေါင်းတစ်ထောင်တိုင် တည်ရှိခဲ့သော စိတ်ဓာတ်ကို ဖော်ညွှန်းနေသည့် ဤစစ်ချီတေး၏ ရှေ့မှောက်တွင် ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်သွားသကဲ့သို့ ထင်ရသည်။ အုံ့မှိုင်းနေသော ကောင်းကင်သည် တဖြည်းဖြည်း ကွဲအက်သွားပြီး နေရောင်ခြည်တန်းများသည် ချန်ရှု၏ အုတ်ဂူပေါ်သို့ တိုက်ရိုက် ဖြာကျလာလေသည်။

များစွာသော သူတို့သည် ဤထူးခြားဆန်းပြားသော မြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ အန်းယန်က တိုးတိုးလေး ပြောလိုက်သည်။

"ရူရှီ... မငိုနဲ့တော့နော်... တွေ့လား၊ ဒီမြင်ကွင်းကိုကြည့်ပြီး မစ္စတာချန် ကျေနပ်နေလောက်မှာပါ"

ချန်ရုရှီသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။

"အစ်မယန်... ညီမ နားလည်ပါပြီ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီမ ငိုစရာရှိတာတွေ အကုန်ငိုပြီးပါပြီ၊ အခုအချိန်ကစပြီး ချန်ရုရှီဆိုတဲ့ ညီမက ဘယ်တော့မှ မျက်ရည်ကျတော့မှာ မဟုတ်ပါဘူး"

ကဗျာရွတ်ဆိုပြီးနောက် ရွှယ်အန်းသည် လူတိုင်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီနေ့ ငါ လူနှစ်ယောက်ကို သတ်ခဲ့တယ်၊ သူတို့က သာမန်လူသား နှစ်ယောက်ပါ"

အားလုံး တိတ်ဆိတ်သွားကြသည်။

ရွှယ်အန်းက ဆက်ပြောသည်။

"တကယ်တမ်းပြောရရင် ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီကောင်နှစ်ကောင်က ငါ အချိန်ပေးရလောက်တဲ့ကောင်တွေ မဟုတ်ပါဘူး ဒါပေမဲ့ ငါ သူတို့ကို သတ်ခဲ့တယ်... ဘာကြောင့်လဲ မင်းတို့သိလား"

လူတိုင်း လုံးဝ တိတ်ဆိတ်နေပြီး မျက်လုံးအားလုံးက ရွှယ်အန်းထံသို့ စိုက်ကြည့်နေကြသည်။ ရွှယ်အန်းသည် ချန်ရှု၏ အုတ်ဂူဘက်သို့ လှည့်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မစ္စတာချန်ရဲ့ အလောင်းတောင် မအေးသေးခင်မှာ ဒီကောင်တွေက သူ့အမွေတွေကို လိုချင်တပ်မက်ပြီး သစ္စာရှိတဲ့ သွေးသားရင်းချာကိုတောင် ယုတ်မာတဲ့နည်းလမ်းတွေ သုံးပြီး ဒုက္ခပေးဖို့ ကြိုးစားခဲ့ကြလို့ပဲ"

"ဒီလိုလူမျိုးတွေက သေသင့်လား၊ မသေသင့်ဘူးလား ပြောကြစမ်း"

မီးငှက်အဖွဲ့မှ ချန်ဟောက်က ရှေ့သို့တက်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သူတို့ သေသင့်ပါတယ်"

လူအုပ်ကြီးကလည်း သံယောင်လိုက်၍ ထောက်ခံပြောဆိုလာကြသည်။

"ဟုတ်တယ်... သူတို့ သေသင့်တယ်"

"ကောင်းပြီ"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး လူတိုင်းကို ဝေ့ဝဲကြည့်ရှုကာ အေးစက်တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့က ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုရာထူး အဆင့်အတန်းပဲရှိရှိ ငါဂရုမစိုက်ဘူး... ဒါပေမဲ့ တရုတါမျိုးနွယ်စုအတွက် အသက်ပေးဆပ်သွားတဲ့ သူရဲကောင်းတွေကို စော်ကားတာ၊ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး လုပ်ရဲတဲ့သူရှိရင်..."

လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရွှယ်အန်းထံမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်သွားပြီး အနီးရှိ တောင်ထိပ်တစ်ခုကို ထက်ပိုင်း ပိုင်းချလိုက်သည်။ တောင်ပြိုကျသံများ ဟိန်းထွက်လာသည့်အလယ်တွင် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"ငါ့ဓားက အသက်ချမ်းသာပေးမှာ မဟုတ်ဘူး"

ကြောက်မက်ဖွယ်ကောင်းသော ကြောက်ရွံ့မှုတစ်ခုသည် လူအုပ်ကြီးကြားသို့ ပျံ့နှံ့သွားပြီး အပြစ်ရှိသည်ဟု ခံစားနေရသူများမှာ ကြောက်လန့်တကြား တုန်ယင်သွားကြကာ သူတို့၏ ယုတ်မာသော အကြံအစည်များကို အလျင်အမြန် စွန့်လွှတ်လိုက်ကြတော့သည်။ ထို့နောက် ရွှယ်အန်းသည် မီးငှက်အထူးတပ်ဖွဲ့ဝင်များကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"မီးငှက် အထူးတပ်ဖွဲ့... အမိန့်နာခံစမ်း"

"အသင့်ရှိပါတယ်"

ချန်ဟောက်နှင့် အခြားသူများက လက်သီးနှင့် လက်ဝါး ရိုက်ခတ်ဂါရဝပြုကာ ပြိုင်တူ ပြန်ထူးလိုက်ကြသည်။

"ငါ ဒီကမ္ဘာကနေ ထွက်သွားပြီးတဲ့နောက် တရုတ်မျိုးနွယ်စုရဲ့ ဂုဏ်ယူလေးစားရတဲ့ သေဆုံးသူတွေကို ဘယ်သူမဆို ပရမ်းပတာ စော်ကားပြောဆိုရဲရင် သူတို့ကို လုံးဝ သက်ညှာမပေးနဲ့"

"ဟုတ်ကဲ့ပါ"

မီးငှက်အဖွဲ့သားများက ပြိုင်တူ ဖြေကြားလိုက်ကြသည်။ ကျိုးတာနျို့က သူ၏ ပြောင်လက်နေသော ခေါင်းတုံးကို ပွတ်သပ်လိုက်ပြီး ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ ဆရာ... တစ်ယောက်ယောက်သာ လုပ်ရဲရင် အဲ့ဒီကောင်ရဲ့ ခေါင်းကို ကျွန်တော် အရင်ဆုံး လိမ်ချိုးပစ်မယ်”

အခန်း (၉၇၅) သံယောဇဉ်များကို ဖြတ်တောက်ခြင်း၊ ဆန္ဒခြောက်ပါးကို ပယ်ဖျက်ခြင်း

သာမန်လူတို့ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ကြီးကျယ်ခမ်းနားသည့် ဈာပနအခမ်းအနား ပြီးဆုံးသွားပြီးနောက် ကျုံးတုတစ်မြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။ လူများသည် စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုံနေကြသော်လည်း သူတို့၏ အဓိက အာရုံစိုက်မှုမှာ ရွှယ်အန်း၏ စကားအပေါ်တွင်သာ ရှိနေသည်။

လူတစ်စုက ရွှယ်အန်း၏ လုပ်ရပ်သည် အာဏာရှင်ဆန်လွန်းပြီး လူ့အခွင့်အရေးကို လျစ်လျူရှုရာ ရောက်သည်ဟု တိုးတိုးတိတ်တိတ် ဝေဖန်နေကြသော်လည်း ထိုအသံများသည် ကြီးမားသော လူထုထောက်ခံမှု လှိုင်းလုံးကြီးအောက်တွင် ချက်ချင်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းနီးပါးက ရွှယ်အန်း၏ အဆိုပြုချက်နှင့် လုပ်ရပ်များကို ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ဤသည်မှာ ရွှယ်အန်း၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် လေးစားဖွယ် အဆင့်အတန်းကြောင့် သက်သက်မဟုတ်ဘဲ သူ၏ လုပ်ရပ်များသည် ပြည်သူတို့၏ ဆန္ဒနှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။ ဤအရာကို ခေတ်ရေစီးကြောင်းဟု ခေါ်သည်။

ပြင်ပကမ္ဘာတွင် ဤကိစ္စနှင့် ပတ်သက်၍ ဆူညံပွက်လောရိုက်နေချိန်တွင် ချန်မိသားစုအတွင်း၌မူ အခြေအနေက တိတ်ဆိတ်ငြိမ်သက်နေသည်။ ရွှယ်အန်းက ချန်ရုရှီကို တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

"ရူရှီ... မင်းရဲ့ ရွေးချယ်မှုကိုသေချာစဉ်းစားပါဦး"

ချန်ရုရှီ၏ မျက်နှာထားမှာ ခိုင်မာပြတ်သားနေသည်။

"ဆရာ... တပည့် သေချာစဉ်းစားပြီးပါပြီ... ဒါက တပည့်ရွေးချယ်ထားတဲ့လမ်းပါ၊ ဒူးထောက်သွားရမယ် ဆိုရင်တောင် ဆက်လျှောက်ပါ့မယ်"

လေထုအခြေအနေသည် ရုတ်တရက် တင်းမာသွားသည်။ ချန်ရုရှီ၏ ပြတ်သားခိုင်မာသော မျက်နှာကို ကြည့်ရင်း ရွှယ်အန်း၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။ ဈာပနအခမ်းအနား ပြီးဆုံးပြီးနောက် ရွှယ်အန်းသည် ချန်ရုရှီကို ကျင့်စဉ်တစ်ခု သင်ကြားပေးရန် အသင့်ပြင်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားသည်မှာ ချန်ရုရှီသည် အခြားအရာများကို စိတ်မဝင်စားဘဲ တောင်းဆိုမှု တစ်ခုတည်းသာ ပြုလုပ်ခဲ့သည်။

၎င်းမှာ အချိန်တိုအတွင်း အသန်မာဆုံး ဖြစ်လာရန်ပင် ဖြစ်သည်။ ထိုအရာအတွက် သူမသည် မည်သည့်ပေးဆပ်မှုမျိုးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေသည်။ ရွှယ်အန်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

"ရူရှီ... မင်းရဲ့ ခံစားချက်ကို ငါနားလည်ပါတယ်၊ မင်းက နတ်ဘုရားတစ်ပါးကို သတ်ပြီး အဘိုးအတွက် ကိုယ်တိုင် လက်စားချေချင်တာမလား ဒါပေမဲ့ မင်းသာ ဒီလမ်းကို ရွေးလိုက်ရင် ဒီဘဝမှာ အဲ့ဒီနှောင်ကြိုးတွေကို မဖြတ်ကျော်နိုင်သရွေ့ မင်းတစ်သက်လုံး အထီးကျန်နေရလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ငါတောင် မင်းကို မကူညီနိုင်တော့ဘူးနော်"

"တပည့်... ဆန္ဒရှိပါတယ်"

ချန်ရုရှီသည် မျက်တောင်တစ်ချက်မခတ်ဘဲ ပြတ်သားစွာ ပြောလိုက်သည်။

ရွှယ်အန်းသည် သူမ၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပုံရကာ ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်မိသည်။

"ကောင်းပြီလေ... ဒါဆိုရင် မင်းကို '

သံယောဇဉ်ဖြတ်တောက်ခြင်း လမ်းစဉ်ကို သင်ပေးမယ်"

စကြဝဠာကမ္ဘာအနှံ့တွင် မရေမတွက်နိုင်သော ကျင့်စဉ်များနှင့် ဂိုဏ်းခွဲပေါင်းများစွာရှိသည်။ သို့သော် အစောပိုင်းအဆင့်များတွင် ကျင့်ကြံခြင်းအမြန်နှုန်း အမြန်ဆန်ဆုံးသော ဂိုဏ်းမှာ မည်သည့်ဂိုဏ်းနည်းဟု မေးလာပါက ဤသံယောဇဉ်ဖြတ်တောက်ခြင်း လမ်းစဉ်သာလျှင် ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ သံယောဇဉ်ဖြတ်တောက်ခြင်း ဆိုသည့်အတိုင်း ဆန္ဒများနှင့် ခံစားချက်များ အားလုံးကို ဖြတ်တောက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ အလွန်ကြမ်းတမ်းသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ၎င်းသည် အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း သို့မဟုတ် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကဲ့သို့ သက်ရှိများကို သတ်ဖြတ်ခြင်းကြောင့် ရက်စက်သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ကျင့်ကြံသူအပေါ် တောင်းဆိုချက်များမှာ ရက်စက်လွန်းလှသောကြောင့် ဖြစ်သည်။

တောင်းဆိုချက်မှ သံယောဇဉ် အားလုံးကို ငြိမ်းသတ်၊ ဆန္ဒအာသီသ အားလုံးကို ဖြတ်တောက် ဟူသော အချက်ပင် ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်သွားပါက လူတစ်ယောက်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားပြီး စိတ်ထဲတွင် ပိုမိုသန်မာလာရမည် ဟူသော အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ အာရုံနောက်စရာများ အားလုံးကို ဖယ်ရှားထားသော ထိုကဲ့သို့ ကျင့်ကြံခြင်းသည် သဘာဝကျကျပင် လျင်မြန်စွာ တိုးတက်စေပြီး အစောပိုင်းအဆင့်များတွင် အခြားဂိုဏ်းများကို လွှမ်းမိုးထားနိုင်သည်အထိ စွမ်းဆောင်နိုင်သည်။

သို့သော် စကြဝဠာများထဲတွင် ကောင်းကင်ဘုံဂိုဏ်းကြီးများနှင့် သူတော်စင် အမွေဆက်ခံသူများ မည်သူမျှ ဤနည်းလမ်းကို မကျင့်ကြံကြပေ

အကြောင်းပြချက်မှာ တစ်ခုတည်းသာ ရှိသည်။ ဤကျင့်စဉ်သည် ကျင့်ကြံသူကို လုံးဝ အရူးတစ်ယောက် ဖြစ်သွားစေနိုင်သောကြောင့် ဖြစ်သည်။ ချစ်ခြင်း မုန်းခြင်းမရှိဘဲ စွဲလမ်းမှုသက်သက်သာရှိသော ကျင့်ကြံသူတစ်ယောက်ကို စိတ်ကူးကြည့်ပါက အရူးတစ်ယောက်နှင့် မည်သို့ ကွာခြားပါသနည်း။

ရည်မှန်းချက် အနည်းငယ်ရှိသူ မည်သူမဆို ထိုကဲ့သို့သော နည်းလမ်းကို ကျင့်ကြံရန်အတွက် အားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိကြမည် မဟုတ်ပေ။ ထို့အပြင် ဤကျင့်စဉ်သည် နောက်ပိုင်းအဆင့်များတွင် ကြီးမားသော ကန့်သတ်ချက်များ ရှိနေသည်။ အကယ်၍ စစ်မှန်အင်မော်တယ် အဆင့်သို့ ရောက်သည့်အချိန်တွင် ဖြတ်တောက်ထားသော ခံစားချက်များမှ စစ်မှန်သော ခံစားချက်အဖြစ်သို့ မပြောင်းလဲနိုင်ပါက တစ်သက်လုံး ထိုအဆင့်တွင်သာ ရပ်တန့်နေမည်ဖြစ်ပြီး ရှေ့ဆက်တိုးတက်ရန် လမ်းမရှိတော့ပေ။

ရွှယ်အန်းသည် ဤဆိုးကျိုးများ အားလုံးကို ချန်ရုရှီအား အသေးစိတ် ရှင်းပြခဲ့သည်။ သို့သော် သူမသည် ထိုအရာများကို နားမဝင်ဘဲ အမြန်ဆုံး ကျင့်ကြံခြင်းဆိုသည့် စကားလုံးကိုသာ ကြားနေခဲ့သည်။

"ငါ မင်းကို ကူညီနေတာလား ဒုက္ခပေးနေတာလား မသေချာပေမဲ့ အခု မင်းကို နောက်ဆုံးအနေနဲ့ မေးချင်တယ်၊ မင်း ဒီကျင့်စဉ်ကို တကယ်ပဲ ကျင့်ကြံချင်တာလား"

ချန်ရုရှီ ခေါင်းညိတ်လိုက်ပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

"ဆရာသခင်... တပည့်ရဲ့ ပါရမီကို တပည့် ကောင်းကောင်းသိပါတယ်၊ တပည့်ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီတစ်သက်အတွင်း '

ရွှေအင်မော်တယ်အဆင့် မပြောနဲ့၊

လွတ်မြောက်အင်မော်တယ်အဆင့်ရောက်ဖို့တောင် လုံးဝ မဖြစ်နိုင်ပါဘူး"

"ဒါပေမဲ့ တပည့် မကျေနပ်နိုင်ဘူး တပည့် ပိုသန်မာချင်တယ်၊ နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ့အထိ သန်မာချင်တယ်... အဲ့ဒီအတွက် တပည့်မှာရှိတာ အကုန်စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်"

"ဘာလို့လဲဆိုတော့ ချန်မိသားစုရဲ့ ကလဲ့စားကို ချန်မိသားစုဝင်တွေ ကိုယ်တိုင် ပြန်ချေရမှာမို့လို့ပါ"

ချန်ရုရှီ၏ စကားများသည် ရွှယ်အန်းကို စိတ်လှုပ်ရှားသွားစေသဖြင့် သူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် သံယောဇဉ်ဖြတ်တောက်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းဖို့ ငါကူညီပေးမယ်၊ ဒါပေမဲ့ မှတ်ထားပါ... မင်းရဲ့ မူလစိတ်ရင်းကို ဘယ်တော့မှ မမေ့ပါနဲ့... စစ်မှန်အင်မော်တယ်အဆင့် ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကျော်ဖြတ်နိုင်မယ်ဆိုရင် မင်းက စစ်မှန်တဲ့ အစွမ်းထက်သူတစ်ယောက် ဖြစ်လာပြီး အင်မော်တယ်သခင်အဆင့်ကိုတောင် မှန်းနိုင်လိမ့်မယ်"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ"

ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ စိတ်ဝိညာဉ်အာရုံသည် ဦးခေါင်းထက်တွင် ချက်ချင်း စုစည်းသွားကာ ချန်ရုရှီ၏ သိစိတ်ပင်လယ်ထဲသို့ မိုးကြိုးပစ်ချလိုက်သည့်ပမာ ဝင်ရောက်သွားလေသည်။

သံယောဇဉ်ဖြတ်တောက်ခြင်း လမ်းစဉ်သို့ ဝင်ရောက်ရန်အတွက် ဦးစွာ ခံစားချက်များနှင့် ဆန္ဒများအားလုံးကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။ ဤအဆင့်သည် အလွန်အရေးကြီးပြီး ခွန်အားနှင့် စိတ်ဝိညာဉ်အာရုံ အနည်းငယ် နိမ့်ကျနေပါက သိစိတ်ကိုပင် လုံးဝပျက်စီးသွားစေနိုင်ပြီး ခံစားချက်မဲ့သော စက်ရုပ်တစ်ရုပ် ဖြစ်သွားနိုင်သည်။

သေချာသည်မှာ ဤအရာသည် ရွှယ်အန်းအတွက် စိုးရိမ်စရာ မဟုတ်ပေ။ သူ၏ စိတ်ဝိညာဉ်အာရုံသည် ချန်ရုရှီ၏ ဝိညာဉ်ထဲရှိ ခံစားချက်များနှင့် ဆန္ဒများ အားလုံးကို ချက်ချင်း ဖိနှိပ်ချိပ်ပိတ်လိုက်ပြီးနောက် ကျင့်စဉ်အစုံအလင်ကို သူမထံ လွှဲပြောင်းပေးလိုက်သည်။ ထိုအရာများ ပြီးဆုံးသွားသောအခါ ရွှယ်အန်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ပြီးသွားပြီ"

ချန်ရုရှီ အနည်းငယ် တုန်ယင်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တစ်ချိန်က သူမ၏ မျက်ဝန်းထဲတွင် ကခုန်နေခဲ့သော သက်ဝင်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သည်မှာ အာကာပမာ ဗလာနယ်သက်သက်သာ ဖြစ်တော့သည်။

"ရူရှီ"

ရွှယ်အန်းက တိုးတိုးလေး ခေါ်လိုက်သည်။ ထိုအခါမှသာ ချန်ရုရှီ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ သို့သော် ထိုအလင်းရောင်သည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

"ဆရာသခင်"

သူမ၏ အသံသည်ပင် အတက်အကျမရှိ၊ ခံစားချက်ကင်းမဲ့နေပြီး စက်ရုပ်တစ်ရုပ်၏ အသံကဲ့သို့ ဖြစ်နေသည်။ ရွှယ်အန်း သက်ပြင်းချလိုက်မိသည်။

"ရူရှီ... မင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကျော်ဖြတ်နိုင်မယ့်နေ့ကို ငါ မြင်ချင်ပါတယ်"

ချန်ရုရှီ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လေးလံစွာ ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့ပါ"

ချန်မိသားစု ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ရွှယ်အန်းသည် ကမ္ဘာမြေမှ နောက်တစ်ကြိမ် မထွက်ခွာမီ ကိစ္စအဝဝကို ရှင်းလင်းရန် ပေကျင်းသို့ ပြန်ရန် စီစဉ်နေသည်။ မည်သို့ပင်ဖြစ်စေ ပြင်ပကမ္ဘာတွင် သူ့ကို စောင့်ဆိုင်းနေသော ကိစ္စရပ်များစွာ ရှိနေသေးသည် မဟုတ်ပါလား။ ထိုအချိန်တွင်ပင် ဖိတ်စာတစ်စောင်သည် ချန်မိသားစုထံ ရောက်ရှိလာသည်။ ထိုဖိတ်စာကို မြင်လိုက်ရသောအခါ ရွှယ်အန်း ပြုံးလိုက်သည်။

"ကောင်းသားပဲ... ငါလည်း ခင်ဗျားနဲ့ တွေ့ဖို့ စီစဉ်နေတာ၊ အလုပ်ရှုပ် သက်သာသွားတာပေါ့"

ဖိတ်စာပို့လိုက်သူမှာ နိုင်ငံတော်၏ စစ်သေနာပတိကြီးပင် ဖြစ်သည်။

ရွှယ်အန်း သူ့ကို သွားရောက်တွေ့ဆုံချိန်တွင် သူသည် အစည်းအဝေးတစ်ခု ပြီးဆုံးခါစဖြစ်ပြီး အလျင်စလို ရောက်ရှိလာသည်။

"တောင်းပန်ပါတယ် အရှင်ရွှယ်... ခင်ဗျား ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားမိဘူး"

စစ်သေနာပတိကြီးက အားနာစွာဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက အနည်းငယ်ပြုံးပြီး လက်ကာပြလိုက်သည်။

"စကားတွေ အများကြီး ပြောနေစရာ မလိုပါဘူး... ကျုပ်ဆီမှာ ဘာကိစ္စရှိလို့လဲ"

စစ်သေနာပတိကြီးက တွေဝေနေသော်လည်း နောက်ဆုံးတွင် ပြောလိုက်သည်။

"မစ္စတာရွှယ်... ဒီတစ်ခေါက် ပြန်ရောက်ပြီးရင် ခင်ဗျား ပြန်ထွက်သွားဦးမှာလား"

"သွားမှာ"

ငါထင်သလိုပဲ...

စစ်သေနာပတိကြီး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာ ပေါ်လာသည်။

"ကျုပ် ခင်ဗျားကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့... ခင်ဗျား ထွက်သွားပြီးတဲ့နောက် နောက်ထပ် နတ်ဘုရားတစ်ပါး ကမ္ဘာမြေကို ဆင်းသက်လာရင် ကျုပ်တို့ ဘာလုပ်ကြမလဲ ဆိုတာ ဆွေးနွေးချင်လို့ပါ၊ ဘာပဲပြောပြော တရုတ်မျိုးနွယ်စုက နောက်ထပ် နှိပ်စက်မှုကို ခံနိုင်ရည်မရှိတော့ဘူး"

စစ်သေနာပတိကြီး၏ စိုးရိမ်မှုမှာ အခြေအမြစ် ရှိပေသည်။ တရုတ်မျိုးနွယ်စုသည် သူတို့၏ အင်အား အမှန်တကယ် ပြန်လည်ပြည့်ဖြိုးခြင်း မရှိသေးပေ။ အကယ်၍ နောက်ထပ် နတ်ဘုရားတစ်ပါး ဆင်းသက်လာပါက ကြီးမားသော ဒုက္ခများ ရောက်လိမ့်မည်။ ဤတစ်ကြိမ်တွင် ရွှယ်အန်း အချိန်မီ ပြန်ရောက်လာခဲ့သော်လည်း နောက်တစ်ကြိမ်တွင်ဆိုပါက သူ အချိန်မီ ရောက်လာနိုင်ပါဦးမည်လား။ ရွှယ်အန်း ရယ်မောလိုက်သည်။

"ခင်ဗျားရဲ့ စိုးရိမ်မှုက ဖြစ်သင့်ပါတယ်၊ ခင်ဗျား မမေးရင်တောင် ဒီကိစ္စကို ကျုပ်က ပြောပြဖို့ စိတ်ကူးထားပြီးသားပါ"

ထိုသို့ပြောရင်း ရွှယ်အန်းသည် ကောင်းကင်ကို မော့ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

" ဖိနှိပ်ခြင်း နဲ့ ချိတ်ပိတ်ခြင်း ဒီနှစ်ခုမှာ ဘယ်ဟာက နားထောင်လို့ ပိုကောင်းမယ် ထင်လဲ"

စစ်သေနာပတိကြီး လန့်သွားသည်။

"ဘာကို... အရှင်ရွှယ်... ဘာကို ပြောချင်တာလဲ"

သူ ရွှယ်အန်း၏ စကားကို ရှင်းရှင်းလင်းလင်း နားမလည်လိုက်ပေ။

ရွှယ်အန်း ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ထိုသို့ပြောပြီးနောက် သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိမ်တိုက်များထက်တွင် ရပ်တန့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကြည့်နေလိုက်... ငါ တစ်ချက်တည်းနဲ့ ကောင်းကင်ကို ချိတ်ပိတ်လိုက်မယ်”

All Chapters