အခန်း (၇၀၄)
Vol. 51 Ch. 704
"ပူလိုက်တာ တော်တော်ပူတာဟေး"
"သွားပြီ သူကတစ်မြို့လုံးကို မီးလောင်တိုက်သွင်းတော့မှာ၊ ငါတို့တော့ဒီနေရာမှာတင် အဆုံးသတ်ပြီ"
"ဒီလူက ဘယ်သူမလို့လဲ။ ဘာလို့ အပြစ်မဲ့တဲ့လူတွေကို ဒီလောက်တောင်သတ်ချင်နေရတာလဲ"
"မျက်နှာနီနီ ဆံပင်နီနီနဲ့ မသေမျိုးသူတော်စင်အဆင့်ရှိတဲ့သူဆိုတော့... ဒါ လီဟူမသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ မီးတောက်ကောင်းကင်မသေမျိုးများလား?"
"မဖြစ်နိုင်တာ၊ အဲဒါ ဒီနယ်မြေအနီးအနားတစ်ဝိုက်မှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ပဲလေ"
အော်ဟစ်သံများ ဆူညံနေပြီး မြို့တစ်ခုလုံးတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ဖုံးလွှမ်းအုပ်စိုးလာသည်။
မသေမျိုးသူတော်စင်တစ်ပါး ဒေါသထွက်ပါက နောက်ဆက်တွဲရလဒ်များကို ခန့်မှန်း၍မရနိုင်ပေ။ သူတို့အားလုံး ယနေ့သေရတော့မည် ဆိုသည့်တစ်ချက်ကတော့ သေချာသည်။
နာမည်ဆိုးဖြင့်ကျော်ကြားသော ကျွီးယန်ခံတပ်၏နောက်ကွယ်တွင် ဤမျှအရှိန်အဝါကြီးသောနောက်ခံမျိုး ရှိနေလိမ့်မည်ဟု မည်သူမျှမထင်ထားခဲ့။
"မဖြစ်ဘူး"
ဝမ်ကျန့်မြို့တော်၏ အနောက်မြောက်ဘက်ထွက်ပေါက်မှ မြို့ပြင်ကိုထွက်ဖို့ပြင်နေသော ထျန်းကျီးဇီတစ်ယောက် မီးတောက်အကာအရံကြောင့် ပိတ်မိသွားခဲ့သည်။ အခြေအနေကိုနားလည်လိုက်သည်နှင့် သူသည် မြေပြင်ပေါ်ဒူးထောက်ကျသွားပြီး ခေါင်းကိုအုပ်ကာ ကောင်းကင်သို့မော့ကြည့်လျက် ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးလေတော့၏။
ထျန်းကျီးဇီတစ်ယောက် အတော်လေးစိတ်ဓာတ်ကျမိသည်။ မြို့ပြင်သို့ရောက်ဖို့ တစ်လှမ်းအလိုတွင်မှ ဤသို့ပိတ်မိသွားခဲ့ရလေသလော။
ထျန်ကျီးဂိုဏ်း၏ ဆက်ခံသူအဖြစ် ကျင့်ကြံရာမှ အပြင်လောကသို့ ခြေဆန့်ခဲ့သည်မှာ သိပ်မကြာလှသေးပေ။ ယခုတော့ ဤသို့အဆုံးသတ်ရပေတော့မည်။
ဝူးဝူး ဒါကြီးကမတရားလိုက်တာ။
"အကြီးအကဲယဲ့၊ သူပြောတဲ့ ကျွီးယန်ခံတပ်ဆိုတာ စောစောက အကြီးအကဲဖျက်ဆီးလိုက်တာ မဟုတ်လား..." လမ်းမပေါ်တွင်ရှိနေသော စန်းလန်ကျွင်းက တိုးတိုးလေးမေးလိုက်သည်။
"အေး ဟုတ်တယ်" ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းနေသည်။
တကယ်ကို ကမ္ဘာကြီးက ကျဉ်းမြောင်းလှသည်ပင်။
သူသည် စူးဟူလင်၏သေဆုံးမှုနှင့် ပတ်သက်၍ ဘာတစ်ခုမှမှတ်မိစရာမရှိ။ ခံတပ်ကို အဝေးကနေသာလှမ်းဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ကျွီးယန်ဓားပြခံတပ်ဆိုသည့် နာမည်တစ်လုံးကိုသာသိခဲ့သည်။ ဘယ်သူတွေသေလို့သေသွားမည်မှန်းလည်း သူအရေးမစိုက်ခဲ့။
မီးတောက်ကောင်းကင်မသေမျိုးမှ မြို့ကိုစတင်ဖျက်ဆီးတော့မည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည် သားအဖနှစ်ယောက်လုံး ပေါင်းစည်းချိန်တန်ပြီဟုအတွေးဝင်ကာ လက်နက်ကိုထုတ်လိုက်သည်။
သို့သော် ထိုခဏမှာပင် စူးရှပြီးမောက်မာလှသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ယဲ့ကျွင်းလင်အတွက် တစ်မျိုးတစ်မည် ရင်းနှီးနေသလိုလို။
"ဟဲ့ နင်စောက်လုံးကန်းနေတာလား၊ ဒီအဖွားကြီးကိုတောင် မမြင်တော့ဘူးလား"
လူပေါင်းများစွာ၏ အံ့သြတကြီးအကြည့်များအောက်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် ကောင်းကင်ယံသို့ လှစ်ခနဲပျံတက်သွားပြီး မီးတောက်ကောင်းကင်မသေမျိုးကို အရှေ့တည့်တည့်မှ ဆဲဆိုလိုက်သည်။
"နင် နင်က ထာဝရဂိုဏ်းက အရှက်မရှိလော့မျိုးရိုးမလား" မီးတောက်ကောင်းကင်မသေမျိုးမှာ ရုတ်တရတ် မှင်တက်သွားရသည်။
"အောင်မယ် နင်ကငါ့ကိုအရှက်မရှိဘူးလို့ ပြောဝံ့သေးတယ်လား။ သေသွားတဲ့ နင့်သားအတွက်နဲ့ ငါတို့အားလုံးကို ဒေါသပုံချချင်နေတာ၊ နင်ကမှ တကယ့် အရှက်မရှိတဲ့လူ"
လော့ချင်းဝူက မထီမဲ့မြင် ပြန်ပြောလိုက်သည်။
"နင်..." မီးတောက်ကောင်းကင်မသေမျိုး၏ နဖူးတွင် အကြောများ ထောင်တက်လာသည်။
မြောက်ပိုင်းအေးခဲမသေမျိုးဒေသတွင် လော့ချင်းဝူ၏အမည်ကို မည်သူက မသိဘဲရှိမည်နည်း။
သူမသည် မသေမျိုးဧကရာဇ်အဆင့်တွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခံထားရသူဖြစ်ပြီး မသေမျိုးသူတော်စင်အဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ ဤမျှကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် သူသည်ပင် ထိပ်တိုက်တွေ့ရမည်အား အနည်းငယ်စိုးရိမ်မိသည်။
"နေဦး၊ နင်ကဘာလို့ ဒီမှာရှိနေတာလဲ။ ငါ့သားသေတာ နင်နဲ့ ပတ်သက်နေတာလား။"
မီးတောက်ကောင်းကင်မသေမျိုးက သံသယမကင်းစွာ မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သားဖြစ်သူ၏မျက်ခုံးကြားတွင် သူချိပ်ပိတ်ထားသော စွမ်းအားများကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့ကြောင်းကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် သာမန်မသေမျိုးဧကရာဇ်တစ်ပါးထက် အများကြီးသာလွန်သောသူ ဖြစ်ရမည်။
လော့ချင်းဝူသည် ပြိုင်ဘက်ကင်းမသေမျိုးဧကရာဇ်တစ်ပါးဖြစ်လေရာ လက်ရှိနေရာတွင် သူမသည် သံသယဝင်စရာအကောင်းဆုံးသူပင်။
စွပ်စွဲချက်ကိုကြားသော် လော့ချင်းဝူမှာ အလွန်ဒေါသထွက်သွားပြီး ပြန်ရန်တွေ့လာ၏။ "နင်ကငါ့ကိုစွပ်စွဲချင်သေးတာလား။ ငါ့လာပြီး ဟိုပြောဒီပြောပြောမနေနဲ့။ ငါ့တပည့်က အိမ်ပြန်ချင်လှပါချည်ရဲ့ဆိုလို့ ငါပြန်လိုက်ပို့ပေးတာ"
"ဟမ့် အပြောနဲ့တော့ဘယ်ယုံလို့ရမလဲ နင့်မသေမျိုးချီကို ထုတ်ပြရဲလား"
မီးတောက်ကောင်းကင်မသေမျိုးက နှာခေါင်းတစ်ချက်ရှုံ့ကာ ဆိုသည်။
သူဒီကိုမလာခင် ဖျက်ဆီးခံထားရသော ကျွီးယန်ခံတပ်နေရာသို့ သွားရောက်ကာ ကျန်ရှိနေသော မသေမျိုးချီအကြွင်းအကျန်များကို စစ်ဆေးခဲ့သည်။ တရားခံသည် လော့ချင်းဝူဟုတ်မဟုတ် သူစစ်ဆေးနိုင်ပေလိမ့်မည်။
"နင့်ရဲ့ ခွေးမျက်လုံးကိုပြူးပြီး သေချာကြည့်ထား။ ငါ့ကိုနောက်တစ်ခါ မယုံသင်္ကာလာလုပ်ရင် နင်သေပြီသာမှတ်"
လော့ချင်းဝူသည် ကြမ်းတမ်းစွာ ခြိမ်းခြောက်လိုက်ပြီး မီးတောက်ကောင်းကင်မသေမျိုးကို လက်ခလယ်ထောင်ပြလိုက်သည်။ ထိုလက်ခလယ်ထိပ်တွင် နေမင်းငယ်လေးတစ်ခုကဲ့သို့ အလင်းတန်းတစ်ခု ပေါ်လာပြီး ကောင်းကင်ယံကို လင်းထိန်သွားစေသည်။
ဤအပြုအမူကိုမြင်သောအခါ မီးတောက်ကောင်းကင်မသေမျိုးမှာ ပို၍ပင်ဒေါပွလာတော့သည်။ ဤကလေးမသည် သူ့ကိုမျက်လုံးထဲပင်မထည့်သည့်နှယ်။
အကယ်၍ အခြားသော မသေမျိုးဧကရာဇ်တစ်ဦးဦးသာ သူ့ကို ဤသို့ပြုမူရဲပါက နေရာမှာတင် ချက်ချင်းရိုက်သတ်ပြီးလောက်လေပြီ။
သို့သော် တစ်ဖက်လူမှာ အလွန်အစွမ်းထက်ပြီး နောက်ခံလည်းကြီးမားလှသဖြင့် ဒေါသကိုအောင့်အည်းက စွမ်းအင်အား စစ်ဆေးလိုက်သည်။
"ဟမ့်"
မီးတောက်ကောင်းကင်မသေမျိုးသည် အေးစက်စက်တစ်ချက် နှာမှုတ်လိုက်ပြီးမှ လက်သင်္ကေတတစ်ခုကိုဖော်ဆောင်၍ တစ်ဖက်စွမ်းအင်ကိုစစ်ဆေးလိုက်သည်။
ချက်ချင်းပင် ဤစွမ်းအားမှာ ထိုရွှေရောင်လက်ဝါး၏စွမ်းအားနှင့် ဆက်စပ်မှုမရှိကြောင်း သိလိုက်ရ၏။
"မြင်ပြီလား။ ဒီထက်နီးနီးကပ်ကပ်ပြဖို့ လိုသေးလား။ ဟမ်"
လော့ချင်းဝူသည် သူမ၏လက်ခလယ်ကို မီးတောက်ကောင်းကင်မသေမျိုး၏ မျက်စိရှေ့တည့်တည့်တွင် ဟိုယမ်းဒီယမ်းလုပ်ပြရင်း လွန်စွာမှ ရဲတင်းမောက်မာလျက်ရှိသည်။
မီးတောက်ကောင်းကင်မသေမျိုးမှာ အလွန်အမင်း စိတ်ပျက်နေဟန်ဖြင့် ရှုံ့မဲ့လျက်သားဖြင့် ပြန်အော်သည်။ "တော်ပြီ ရပြီ၊ နင့်လက်ကြီးကို မြန်မြန်ပြန်ချစမ်း"