← Chapters

ပါရမီရှင်ဆိုသောသူ

Vol. 6 Ch. 51

ပါရမီရှင်ဆိုသောသူ

Vol. 6 Ch. 51

(ဘာသာပြန်သူ-ရှုပ်ထွေးတာမ‌ဖြစ်စေဖို့ ရာထူးအဆင့်စီပြထားပါတယ်။

တပ်သား၊ တပ်မှူး၊ တပ်ဖွဲ့ခေါင်းဆောင်၊ စစ်ကဲ၊ ဒုတိယစစ်သူကြီး၊ မဟာစစ်သူကြီး၊တစ်စုံတစ်ခုလွဲမှားခဲ့ရင် စာဖတ်သူတို့ကိုကြိုတောင်းပန်ထားပါတယ်)

အနက်ရောင်တိမ်တိုက်ပန်းထိုးဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ဖြူ ဝတ်ဆင်ထားသော ရှန်းယီသည် အရပ်ပို၍ရှည်လာသလိုဖြင့် ခန့်ညားနေတော့ပေသည်။

သူ အခန်းထဲမှဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

သူ့အားကြည့်ရင်း အဘွားအိုက ပြုံးပြီးပြောလိုက်ပေ၏။

"အိုး... ဟန်အာထက်တောင် ပိုချောနေပါလား။ လာ လာ ထိုင်ပါဦး"

ဖန်းဟန်သည် စားပွဲကို ခြံဝင်းထဲသို့ ရွှေ့ပေးပြီး ဟင်းပွဲအချို့ တင်ပေးလိုက်သည်။

ထို့နောက် သူ့အကြည့်က ရှန်းယီ၏အင်္ကျီလက်မောင်းမှ တိမ်တိုက်ပန်းထိုး အကွက်ပေါ် ရောက်သွားသည်။

ထို့နောက် တိတ်ဆိတ်စွာဖြင့် ဇွန်းကို ကိုင်ကာ ဆန်ပြုတ်ပျစ်ပျစ် သုံးပန်းကန် ထည့်ပေးလိုက်သည်။

သူက အဘွားအိုကို ထိုင်ခုံတွင် နေရာချပေးရင်း "ဒီမှာက အဘွားနဲ့ ငါပဲ ရှိတာဆိုတော့ ရိုးရိုးရှင်းရှင်းပဲ စားကြတာ။ မင်းစိတ်မရှိရင် နည်းနည်းလောက် မြည်းကြည့်ပါဦး" ဟု ပြောလိုက်သည်။

"ဧည့်ဝတ်ကျေပွန်တာ ကျေးဇူးတင်ပါတယ်"

ရှန်းယီသည် နှစ်ရက်လုံးလုံး ရိက္ခာခြောက်များသာ စားခဲ့ရသဖြင့် ဟန်မဆောင်တော့ဘဲ စားပွဲတွင် ဝင်ထိုင်ကာ ဟင်းတစ်ဖဲ့၊ ဆန်ပြုတ်တစ်ဇွန်း စားသောက်လေတော့ပေသည်။

သူ စားကောင်းသောက်ဖွယ် စားနေသည်ကို ကြည့်ပြီး အဘွားအိုက ပို၍ ပြုံးရွှင်လာလေ၏။

"လူလေးက ဘိုင်ယွင်ခရိုင်က လာတာလား။ ပိုင်ဝေ့က စာထဲမှာ ရေးထားတယ်။လူလေးက လူကောင်းလေးပါတဲ့။ အိမ်ထောင်ရှိလား။ အဘွား တစ်ယောက်လောက် မိတ်ဆက်ပေးရမလား"

ဤစကားကြားတော့ ရှန်းယီ ဆန်ပြုတ် သီးသွားသည်။

"..."

ဖန်းဟန်ကတော့ ကျင့်သားရနေပုံရပြီး ဘာမှမပြောဘဲ ခေါင်းငုံ့စားနေပေသည်။

သူ့ပန်းကန်ကြီး ပြောင်သွားမှ တူကိုချပြီး ပြောလိုက်လေ၏။

"ဆရာက နောက်ထပ် နှစ်လလောက်မှ ပြန်ရောက်မှာ။ အဲဒီအချိန်အထိ မင်း ဒီမှာပဲ နေရမယ်"

ပြောပြီးနောက် ဖန်းဟန် အိမ်ထဲဝင်သွားပြီး လက်နှစ်ချောင်းလောက် ထူတဲ့ စာအုပ်တစ်အုပ် ယူလာကာ စားပွဲပေါ် တင်လိုက်ပေသည်။

"ဆရာက ငယ်ငယ်တုန်းက ချင်ကျိုးမှာ နာမည်ကြီးခဲ့တာက ဒီသိုင်းပညာ ၅ မျိုးကြောင့်ပဲ"

"အဲဒီအထဲက တစ်ခုလောက် တတ်ထားရင်တောင် အဆင့်တူ နတ်ဆိုးတွေကို နှိမ်နင်းနိုင်တယ်။ ဒါတွေက ငါတို့ဆီ လက်ဆင့်ကမ်းလာတာ ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့သိုင်းပညာ မဟုတ်တဲ့အတွက် မင်းကို သင်ပေးတာ စည်းကမ်းမဖောက်ဘူး"

"ဒါပေမဲ့ မင်းက ဂိုဏ်းဝင်မဟုတ်တဲ့အတွက် သင်ယူခွင့်ပဲ ရှိတယ်။ သူများကို ပြန်သင်ပေးလို့ မရဘူး"

သားသတ်သမားကျန်းနှင့် ရက်ပေါင်းများစွာ စကားပြောပြီးနောက် ရှန်းယီသည် အရင်လို အတွေ့အကြုံမရှိသော လူသစ်မဟုတ်တော့ပေ။

နတ်ဆိုးနှိမ်နင်းရေးဌာနပဲ ဖြစ်စေ၊ သိုင်းလောကဂိုဏ်းတွေပဲ ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ သိုင်းပညာ ပြန်သင်ပေးရင် သင်ပေးတဲ့သူရော သင်ယူတဲ့သူပါ ဒုက္ခရောက်တတ်ပေသည်။

အကောင်းဆုံးအခြေအနေမှာ လက်ခြေကျိုးခြင်း သို့မဟုတ် သွေးကြောများဖျက်ဆီးခံရကာ သိုင်းပညာပြန်လည်သိမ်းယူခြင်းဖြစ်ပြီး အဆိုးဆုံးမှာ အသက်အန္တရာယ် ရှိနိုင်ပေသည်။

ဒါကြောင့် လင်းပိုင်ဝေ့ အခြေအနေ ဆိုးရွားနေချိန်မှာတောင် သိုင်းပညာတွေကို ဖန်တီးပြီး ဟန်ဆောင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။

နောက်ဆုံး သူမ ကူးရေးပေးလိုက်သော လေးပါးညီမျှခြင်းမူလစွမ်းအင်က တကယ်ပင် သူမ သင်ပေးနိုင်သော တစ်ခုတည်းသော အရာ ဖြစ်နေပေ၏။

"ငါရထားတဲ့ နည်းစနစ်က သွေးကြောဖြတ်နဂါးဖမ်းသိုင်းလို့ ခေါ်တယ်။ ကျောက်စိမ်းအဆင့် လက်သီးနဲ့လက်ဝါးသိုင်းပညာ တစ်ခုပဲ"

"ငါ တစ်လ ခွင့်ယူထားတယ်။ မနက် နေ့လယ် ညနေ တစ်ရက် ၃ ကြိမ်ပဲ လေ့ကျင့်ပြမယ်။ မင်းမှာ မေးစရာရှိရင် လာမေးလို့ရတယ်"

ဖန်းဟန် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်ပေသည်။

"မသင်ခင်မှာ မင်းခြံဝင်းထဲကနေ အပြင်ထွက်လို့ မရဘူး။ လီရှင်းဟန်တို့ လူစုနဲ့လည်း သွားရောလို့ မရဘူး။ မင်းလက်မောင်းက တိမ်တိုက်ပန်းထိုး အကွက်က အဆက်အသွယ်နဲ့ ရနိုင်တဲ့ အရာ မဟုတ်ဘူး"

ဤစကားကြားတော့ ရှန်းယီ မျက်လုံး အနည်းငယ် ပင့်ကြည့်လိုက်ပေ၏။ သူ့မျက်နှာထားက ခန့်မှန်းရခက်နေပေသည်။

လင်းပိုင်ဝေ့ကို ဆက်ဆံရခက်ပြီး တွက်ကပ်လွန်းသူဟု သူ ထင်ခဲ့ဖူးပေသည်။

ချင်ကျိုးကို ရောက်လာပြီးနောက် လီရှင်းဟန်ပင် ဖြစ်စေ၊ယခု သူ့ရှေ့က ဖန်းဟန်ပင် ဖြစ်စေ၊ သူတို့အား ဗိုလ်ကျသည်ဟုမဆိုနိုင်သော်လည်း သူတို့လေသံထဲမှမောက်မာမှုများကတော့ ပုံစံခွက်တစ်ခုတည်းက ထွက်လာသလိုမျိုး တူညီနေပေသည်။

အေးဆေးတည်ငြိမ်မှုအောက်မှ အမိန့်ပေးချင်သည့် ပုံစံကတော့ အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။

"..."

အဘွားအိုက နားထောင်ရင်း မျက်နှာပျက်လာပေ၏။ရုတ်တရက် မြေကြီးပေါ်က သစ်ကိုင်းခြောက်တစ်ခု ကောက်ယူပြီး ဖန်းဟန်၏ခြေသလုံးကို ဖွဖွလေး ရိုက်လိုက်လေသည်။

"နင်က လူကိုခြိမ်းခြောက်တတ်နေပြီပေါ့လေ သူ့ကို ထမင်းအေးအေးဆေးဆေး ပေးမစားနိုင်ဘူးလား။ စားပြီးတဲ့အထိ မစောင့်နိုင်ဘူးလား။ ပိုင်ဝေ့က ဒီလောက် ချီးကျူးထားတဲ့ ကလေးက နင်ပြောသလို လူမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲ"

ဖန်းဟန် မျက်လွှာချလိုက်ပြီး တိတ်ဆိတ်စွာ ရပ်ကာ အရိုက်ခံလိုက်လေသည်။

"ကျွန်တော် မှားသွားပါတယ်"

အဘွားအို စိတ်ပြေသွားမှ...

ဖန်းဟန်က ပန်းကန်လုံးလောက် ထူသော သစ်ပင်ငယ်လေးဆီ လျှောက်သွားပေသည်။

သူ့ကြွက်သားတွေ အနည်းငယ်တုန်ခါသွားပြီးနောက် လက်သီးနှင့် လက်ဝါးများက မြှားတစ်စင်းကဲ့သို့ သစ်ပင်ပင်စည်ကို ပေါ့ပါးစွာရိုက်နှက်လိုက်သလို ထင်ရသည်။

ရှန်းယီ အလွယ်တကူ ချိုးနိုင်တဲ့ သစ်ပင်ပင်စည်က ဖန်းဟန်၏ရိုက်ချက်များအောက်တွင် လုံးဝ မလှုပ်ခါသွားပေ။

"အရာအားလုံးမှာ အကြောတွေရှိတယ်။အဲဒီ အကြောကို ရှာပြီး ဖြတ်တောက်ပစ်လိုက်"

ဖန်းဟန် လက်ဝါးကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်ပြီး လှည့်ကြည့်လိုက်သည်။

"ဒါနဲ့ မင်း မရီဒျန်ဖွင့်ဆေးတစ်ပုလင်း ရခဲ့လား"

ရှန်းယီ ဆေးပုလင်းကို ထုတ်ပြလိုက်သည်။

"ဒါလား"

"ဆေးရည်စိမ်ပြီး ထွက်လာတဲ့သူတွေကလွဲရင် နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်လာတဲ့ ခေါင်းဆောင်တိုင်း ၃ လုံး ရတယ်။"

"ဝါးစားပြီး မျိုချလိုက်၊ပြီးရင် ဆေးစွမ်းကို ပြန်လည်သန့်စင်ယူ။အဲဒါက သွေးကြောတွေကို သက်သာစေပြီး ဝင်ပေါက်တွေကို ကျယ်ပြန့်စေတယ်။ ၃ လ တစ်ကြိမ် သောက်ရတယ်။ အကုန် သန့်စင်ပြီးရင် မင်းရဲ့ပင်မ မရီဒျန် ၁၂ ခုက ၉၀ ရာခိုင်နှုန်းလောက် ကျယ်ပြန့်လာလိမ့်မယ်။ နောက်ပိုင်းမှာ ချီကျင့်ကြံတာပဲ ဖြစ်ဖြစ်၊ ချီသိုလှောင်တာပဲ ဖြစ်ဖြစ် နှစ်ဆလောက် တိုးတက်လာလိမ့်မယ်"

ဖန်းဟန် အတိုချုပ် ရှင်းပြလိုက်ပေသည်။

ရှန်းယီ လက်ထဲက ဆေးပုလင်းကို ငုံ့ကြည့်လိုက်လေ၏။ တစ်ဖက်လူ ပြောတာကို သဘောပေါက်သွားတော့ အံ့ဩသွားမိပေသည်။

ချီကျင့်ကြံမှု ထိရောက်မှု နှစ်ဆ တိုးသည်ဆိုသည်မှာ ကနဦးအဆင့် သိုင်းသမားတစ်ယောက်အတွက် တစ်ရက် လေ့ကျင့်လျှင် ယခင်က နှစ်ရက် လေ့ကျင့်သည်နှင့် ညီမျှသည်ဟုဆိုလိုခြင်းပင်။

ဤအရာက ပါရမီအား ပြောင်းလဲပေးလိုက်သလိုပင်။

အသစ်သော အကျိုးကျေးဇူးများက ပို၍ပင် နက်ရှိုင်းလာသေးပေ၏။

ပင်မ မရီဒျန်အတွင်း သိုလှောင်နိုင်သော ချီပမာဏမှာ အကန့်အသတ် ရှိလေသည်။

ဤအရာကို ရှန်းယီသည် နတ်ဆိုးသက်တမ်း များစွ သုံးစွဲပြီးမှ သိခဲ့ရလေသည်။ နှစ်ပေါင်းတစ်ရာ ကြိုးစားလျှင်ပင် ချီအားဖြည်းညှင်းစွာဖြင့်သာ ကျောက်စိမ်းနှင်းစက်အဖြစ် ပြောင်းလဲနိုင်ပေသည်။

အကယ်၍ ၉၀ ရာခိုင်နှုန်း ကျယ်ပြန့်လာလျှင် တိုက်ပွဲ၌တခြားသူများထက်ပင် ခံနိုင်ရည်နှစ်ဆနီးပါး ရှိလာမည်ဆိုသည့် သဘောပင်မဟုတ်လော။

ထို့အတူ ယခုလို အဖိုးတန်ဆေးမျိုးအား လူတိုင်း ရနိုင်သည်ဆိုလေ၏။

"ဒီဆေးက အရမ်း ပေါလို့လား"

ဤစကားကြားလျှင် ဖန်းဟန် အကြည့်လွှဲလိုက်ပေသည်။

"အရင်တုန်းကတော့ ချင်ကျိုးက ဂိုဏ်းကြီး ထင်းရှူးကြာဂိုဏ်းရဲ့ သီးသန့်ရတနာ သွေးကြောပြောင်းမရီဒျန်ရွှေ့ဆေးဆိုပြီး အတွင်းစည်း တပည့်အနည်းငယ်ကိုပဲ ပေးခဲ့တာ။ နောက်ပိုင်း ထင်းရှူးကြာဂိုဏ်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းလို့ နတ်ဆိုးနှိမ်နင်းရေးဌာနက ရှင်းလင်းပစ်လိုက်ပြီး ဆေးညွှန်းကို ရခဲ့တာ။ တခြားဂိုဏ်းတွေမှာလည်း အလားတူ ဆေးတွေ ရှိပေမဲ့ အကောင်းဆုံးဆေးက ၅၀ ရာခိုင်နှုန်းလောက်ပဲ ထိရောက်တယ်"

သူ ဆက်ပြောလိုက်သည်။ "နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ လစာက မများပေမဲ့ ခံစားခွင့်တွေကတော့ တော်တော်ကောင်းတယ်... ဒါပေမဲ့ အသက်ရှင်နေမှ ရမှာပေါ့"

ပြောပြီးသည်နှင့် ဖန်းဟန် လှည့်ပြီး အိမ်ထဲ ဝင်သွားပေသည်။

သူ့မြင်ကွင်း၌မလှုပ်မယှက် ကျန်နေခဲ့သော သစ်ပင်ငယ်လေးသာရှိတော့သည်။

ရှန်းယီ တိတ်ဆိတ်စွာ ကြည့်လိုက်ပေသည်။ သစ်ပင်မှာတော့သစ်ပင်သာလျှင် သို့သော်သစ်ရွက်စိမ်းများသာမက ပင်စည်ပင်အသက်မဲ့သွားသကဲ့သို့ တိတ်တဆိတ်သေဆုံးခြင်း အရိပ်အယောင်များ ပေါ်လွင်နေသည်မှာကြောက်စရာ ကောင်းလှပေသည်။

သူ ဤသိုင်းကွက်၏နက်နဲမှုအား သေချာ နားမလည်သော်လည်း လေးပါးညီမျှခြင်းမူလစွမ်းအင် နှင့် ယှဉ်နိုင်သည်မှာတော့ မဆိုးလောက်ပေ။

သူ စားပွဲပေါ်က စာအုပ်ကို မသိမသာ လှန်လှောကြည့်လိုက်သည်။

ခဏကြာတော့ သူ့၏စနစ်ဘောင်ပေါ်တွင် စာတန်းတစ်ခု ပေါ်လာပေသည်။

【ကျောက်စိမ်းအဆင့် - သွေးကြောဖြတ်နဂါးဖမ်းသိုင်း (မစတင်ရသေး)】

"လူလေး စာအုပ်ကို အဲဒီလိုမလှန်ရဘူးလေ။ ဗိုက်ဝပြီလား အဆင်ပြေရဲ့လား။ ဝပြီဆိုရင် အခန်းထဲယူသွားပြီး ဖြည်းဖြည်းချင်းသာဖတ်"

အဘွားအိုက သူ့ကို တွန်းပြီး အခန်းထဲ ဝင်ခိုင်းလိုက်ပေသည်။

"ရပါတယ်၊အချိန်တွေ အများကြီး ရှိပါသေးတယ်"

ရှန်းယီက အဘွားအိုကို ကြည့်ပြီး သနားကရုဏာ သက်မိသွားပေ၏။ သူ့မျက်လုံးတွေမှာ နွေးထွေးမှုတွေ ပေါ်လာလေသည်။

သူ စာအုပ်ကို သိမ်းပြီး စားပွဲသိမ်းဖို့ ကူညီပေးလိုက်သည်။

ချန်ကျိနှင့် လင်းပိုင်ဝေ့အား ခိုင်းရသည်မှာ အဆင်ပြေသော်လည်း၊မည်သည့်အရာမှ မသက်ဆိုင်သော သက်ကြီးရွယ်အိုတစ်ယောက်ကို သူ့အတွက် အလုပ်လုပ်ပေးခိုင်းရန်မှာ သူမျက်နှာမပြောင်ရဲပါဘူး။

ထို့အတူ ပါရမီရှင်ဆိုသူများအား တွေ့ပြီးနောက်၊ ယခင်ဘဝမှ ဆွေမျိုးများ၏စကားများခြင်းကို အကြောက်ဆုံးဖြစ်ခဲ့သည့် ရှန်းယီဟာ ယခုတော့... ဤလိုလူများနှင့် ပိုပြီးအဆင်ပြေနေသလို ခံစားရပေသည်။

အိမ်ထောင်ဖက်အကြောင်း၊လစာအကြောင်း မေးခံရခြင်းထက် လျစ်လျှူခံရခြင်းက ပိုသက်သာပါသေးသည်။

"..."

ဖန်းဟန် အိမ်ထဲတွင် ရပ်နေပြီး သူ့အဘွား၏ပျော်ရွှင်နေသော မျက်နှာနှင့် ရှန်းယီအား ကြည့်လိုက်ရင်း သူ့မျက်နှာထား အေးစက်သွားပေသည်။

ပထမဆုံးအနေနှင့် ထိုသူမှာ စီနီယာအစ်မလင်း၏ ဒုက္ခရောက်ခြင်းကို အခွင့်ကောင်းယူကာ ကျောက်စိမ်းအဆင့် သိုင်းပညာနှစ်ခု ကို တောင်းဆိုခဲ့ပေသည်။

ဤအရာများက လွန်စွာတန်ဖိုးကြီးပေ၏။

သူ၏စီနီယာအစ်ကို၊အစ်မများပင် ပါရမီရှိသော်လည်း တစ်ခုကိုသာ ရွေးချယ်အထူးပြုကြလေ၏။

သို့သော် ဤလူက ယခုလိုအခြေအနေနှင့် ကျင့်ကြံခြင်းအဆင့်မှာပင် သိုင်းပညာနှစ်ခုလုံးကို လိုချင်နေပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်ကာစရှိသေးသော်လည်း၊လီရှင်းဟန်တို့ လူချမ်းသာအုပ်စုနှင့် ရင်းနှီးနေပုံရပြီး ပထမဆုံးနေ့မှာပင် တိမ်တိုက်ပန်းထိုးဝတ်ရုံကို ရထားလေ၏။

သူ့အဘွား၌နောက်ခံမရှိသလို ဤနေရာတွင်နေထိုင်ရန် သူ့အားမှီခိုနေရသော်လည်း ထိုလူက မြှောက်ပင့်ပေါင်းသင်းနေလေ၏။

သူ့စိတ်ထဲတွင် အဘွားဖြစ်သူအား သိုင်းပညာရှင် တစ်ယောက်ယောက်ဟု တွက်ဆထားခြင်းဖြစ်ပေမည်။

'လောဘကြီးပြီး မိုက်မဲလိုက်တာ၊ တကယ် စိတ်ပျက်စရာ ကောင်းတယ်။'

ဤအခွင့်အရေးအား အသုံးပြုကာ ယခုနေရာတွင်နေချင်သည်ဖြစ်မည်။လူသဘာဝအတိုင်း ကြီးပွားချင်သည်မှာ မမှားပေ။

သို့သော် ဤလူမှာ ဖုံးကွယ်ရန်ပင် မကြိုးစားပေ။

ဤအရာအား မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ လောဘကြီးခြင်းဟု မခေါ်လျှင် မည်သို့ခေါ်မည်နည်း။

All Chapters