← Chapters

အရွယ်မရောက်သေးသော နဂါးနတ်ဆိုး

Vol. 6 Ch. 58

အရွယ်မရောက်သေးသော နဂါးနတ်ဆိုး

Vol. 6 Ch. 58

မှိန်ဖျဖျလင်းနေသော မြစ်စောင့်နတ်ဘုရားကျောင်း

အမည်းရောင် အရိပ်များ လွှမ်းခြုံနေသော မြစ်စောင့်နတ်ဘုရားမရုပ်တုကြီး၏ကြင်နာတတ်သော မျက်နှာထားသည် ယခုအခါ၌ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ယှက်သန်းနေသည်ဟု ထင်ရပေသည်။

အစိမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော ဝဖိုင့်ဖိုင့် အမျိုးသမီးတစ်ဦးသည် ယဇ်ပလ္လင်စားပွဲပေါ်တွင် မှောက်လျက် ရှိနေချေ၏။

သူမ၏လက်များသည် စားပွဲအစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူမ၏ခန္ဓာကိုယ် တုန်ခါမှုကြောင့် စားပွဲတစ်ခုလုံးသာမက ရုပ်တုကြီးပါ လိုက်ပါ တုန်ခါနေချေသည်။

သူမသည် လည်ပင်းကို ဆန့်ထုတ်ထားသဖြင့် အကြောများ ပြိုင်းပြိုင်းထနေချေ၏။

သူမ၏မျက်နှာပေါ်ရှိ အဆီပြင်များက သူမ၏ ပုံမှန် မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သူမ၏ရုပ်ရည်သည် ရုပ်တုကြီးနှင့် ၇၀ ရာခိုင်နှုန်ူ တူညီနေသည်မှာ ထူးခြားချက်ပင် ဖြစ်ပေသည်။

"ဟွန့်"

သို့သော် မြစ်စောင့်နတ်၏ကြင်နာတတ်သော မျက်နှာထားနှင့် မတူဘဲ၊ သူမ၏မျက်နှာသွင်ပြင်မှာ ရှုံ့တွနေပြီး မျက်လုံးများက အပေါ်သို့ လှန်တက်နေချေ၏။

အသက်ရှူရ ခက်ခဲနေသည့်အပြင် ကြမ်းတမ်းခက်ထန်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေချေသည်။

သူမ၏နောက်တွင် ရှိနေသော အနည်းငယ် ငယ်ရွယ်ဟန်ပေါက်သည့် လူငယ်တစ်ဦးသည် စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေချေ၏။

သူသည် အင်္ကျီ ဗလာကျင်းထားသဖြင့် ကျောပြင်ပေါ်တွင် အမည်းရောင် အကြေးခွံများ ဟိုတစ်ကွက် ဒီတစ်ကွက် ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရပေသည်။

မရေမတွက်နိုင်သော ဒဏ်ရာအမာရွတ်များသည် အနီရောင်ရင့်ရင့် အဖြစ် ခဲနေကြပြီး ပင့်ကူအိမ်သဖွယ် သူ၏ကိုယ်ခန္ဓာအနှံ့ ပြန့်ကျဲနေချေ၏။

အထူးခြားဆုံး အမှတ်အသားမှာကား သူ၏နဖူးပေါ်တွင် လက်သန်းခန့် အလုံးရှိသော ဦးချိုငယ်တစ်ချောင်း ပေါက်နေခြင်းပင် ဖြစ်ချေသည်။

ထိုလူငယ်သည် မြစ်စောင့်နတ် ရုပ်တုကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို ဖြဲကာ ဖြူဖွေးသောအစွယ်များကို ထုတ်ဖော်ပြလိုက်ချေသည်။

"ခင်ဗျားပဲလား"

"ကျွန်မပဲ"

ထိုအမျိုးသမီးက သက်ပြင်းရှည်ကြီး ချလိုက်သည်နှင့် တပြိုင်နက် ဦးချိုပါသော လူငယ်သည် အနည်းငယ်လှုပ်သွားပြီး သူမ၏ခေါင်းကို ဆွဲကာ စားပွဲပေါ်သို့ အားကုန် ဆောင့်ချလိုက်ချေ၏။

ထို့နောက် သူသည် သူမ၏လည်ပင်းကို ကိုက်ခဲလိုက်ရာ သွေးများ ပန်းထွက်လာပြီး သူသည် ထိုသွေးများကို လောဘတကြီး မျိုချလိုက်ချေသည်။

သွေးတစ်ငုံ မျိုချလိုက်တိုင်း သူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အနည်းငယ်စီ သက်သာလာကြပေသည်။

ဝဖိုင့်ဖိုင့် အမျိုးသမီး၏ခန္ဓာကိုယ်မှာ တက်သွားသကဲ့သို့ တုန်ခါနေသော်လည်း သူမ၏မျက်နှာပေါ်တွင် တောင့်တမှုများ အပြည့် ရှိနေချေ၏။

အစားခံ၊ အဝါးခံနေရခြင်းကိုပင် ကြီးကျယ်သော ဂုဏ်ပြုမှုတစ်ရပ်အဖြစ် သဘောထားနေဟန် တူပေသည်။

"တောက် ညှီစော်နံလိုက်တာ"

လူငယ်၏မျက်ခုံးများ တွန့်ချိုးသွားပြီး နှုတ်ခမ်းထောင့်များကို သုတ်လိုက်၏။

သူသည် ကျေနပ်ပုံ မရချေ။

"ငါ အဖိုးတန်ဆေးဝါးကို လိုချင်တယ်"

သိုင်းပညာရှင်တို့၏ခန္ဓာကိုယ်တွင် မိုးမြေ၏ အနှစ်သာရများအပြည့်ဝဆုံး ပါဝင်နေသဖြင့် အဖိုးတန်ဆေးဝါးများ ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

မြစ်စောင့်နတ်ဘုရားမသည် မတ်တတ်ရပ်ကာ အသက်ပြင်းပြင်းရှူရင်း အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်ချေ၏။

ထို့နောက် သူမ၏လည်ပင်းမှ ဒဏ်ရာကို ညင်သာစွာ ထိတွေ့လိုက်ပြီး ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှု ရောပြွမ်းနေသော အကြည့်ဖြင့် -

"အဖိုးတန်ဆေးဝါးတွေ ရောက်နေပါပြီ၊ ပြီးခဲ့တဲ့ အခေါက်ကထက် ပိုကောင်းပါတယ်။ စုစုပေါင်း ငါးယောက် ရှိပြီး နှစ်ယောက်က ကျောက်စိမ်းအဆင့် တွေပါ၊ ငယ်ရွယ်ပြီး စားလို့ကောင်းမယ့် ပုံပါပဲ။သူတို့ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး၊ သခင်လေး ကျေနပ်စေရပါမယ်" ဟု ဆိုချေသည်။

"ထုံးစံအတိုင်းပဲ၊ အဲဒီနှစ်ယောက်က ကျုပ်အပိုင်းပဲ"

လူငယ်က မျက်ခုံးပင့်လိုက်ပြီး

"ခင်ဗျားက သူတို့ထဲက တစ်ယောက်ကို ထိန်းထားပေးရုံပဲ၊ ကျန်တဲ့ ကနဦးနယ်ပယ် သုံးယောက်ကတော့ ခင်ဗျားအတွက် ဆုလာဘ်ပေါ့"

"ဒီကျွန် မ မဝံ့ရဲပါဘူး"

မြစ်စောင့်နတ်ဘုရားမသည် အလျင်အမြန် ခေါင်းခါလိုက်ချေ၏။

သူမ၏အော်ရာမှာ ထူထဲနေဆဲ ဖြစ်သော်လည်း သူမ၏အမူအရာမှာမူ ကျိုးနွံနေပေသည်။

ထိုစကားကို ကြားသောအခါ လူငယ်သည် လက်လှမ်းလိုက်ပြီး သူမ၏မျက်နှာကို လိမ်ဆွဲလိုက်ချေသည်။

"ပေးတာကို ယူထားလိုက်စမ်းပါ၊ ဆုလာဘ်အနေနဲ့ပေါ့"

"သွားတော့"

သူက လက်ကာပြလိုက်၏။

"ဟုတ်ကဲ့ပါ"

မြစ်စောင့်နတ်ဘုရားမသည် အားနည်းနေသော ခန္ဓာကိုယ်ကို ဆွဲလျက် အပြင်ဘက်သို့ ထွက်ခွာသွားလေသည်။

...

ဝါးခြမ်းပြားအိမ်တွင်

မုဆိုးမလေးသည် ပန်းကန်လုံးထဲသို့ ဟင်းရည်ကို ဂရုတစိုက် ခပ်ထည့်လိုက်ချေ၏။

ထိုအဖြစ်အပျက် ဖြစ်ပွားပြီးကတည်းက အရူး၏ ရူးသွပ်သော မျက်နှာထားမှာ အတော်အတန် လျော့ပါးသွားခဲ့ပြီး အပြင်ဘက် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ကျုံ့ထိုင်လျက် ငါးဟင်းရည်ကို တဖူးဖူး မှုတ်သောက်နေချေသည်။

ရှန်းယီသည် ဝင်းထဲတွင် ထိုင်လျက် အရသာမရှိသော ငါးအသားကို ဝါးနေပေ၏။

သူသည် ငါးအသားမှ အာဟာရဓာတ် အစအနမကျန် အကုန်လုံးကို အစာအိမ်ထဲသို့ ပျော်ဝင်သွားစေလိုသည့်အလား အားပါးတရ မျိုချလိုက်ချေသည်။

သူ့အထင် မမှားဘူးဆိုလျှင်၊ရွာထဲသို့ စတင် ဝင်ရောက်လာကတည်းက သူတို့ကို နတ်ဆိုးများက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်ပေသည်။

သတိလက်လွတ် ဖြစ်သွားသည်နှင့် တပြိုင်နက် ယခင်က ရောက်ရှိလာခဲ့သော နတ်ဆိုးနှိမ်နင်းရေး အရာရှိ အချို့ကဲ့သို့ပင် ချင်ကျိုး သို့ ခါးချိတ်တံဆိပ်ပြား ပြန်မပို့နိုင်လိုက်ဘဲ အစအနမကျန် ပျောက်ဆုံးသွားရပေလိမ့်မည်။

"ဟောဒီမှာကိုး။ ကျွန်မ ရှင့်ကို နေရာအနှံ့ လိုက်ရှာနေတာ၊ ဒီမှာ လာပြီး ခိုးစားနေတာကိုး"

လီမူကျင်း သည် ဝင်းထဲသို့ အေးအေးလူလူ လမ်းလျှောက် ဝင်လာချေ၏။

နောက်ထပ် ချောမောလှပသောနတ်ဆိုးနှိမ်နင်းရေးအရာရှိ တစ်ဦးကို မြင်လိုက်ရသောအခါ မုဆိုးမလေးသည် လိမ္မာပါးနပ်စွာဖြင့် ပန်းကန်လုံးကို ယူကာ ဝင်းထဲမှ ထွက်ခွာသွားပြီး တံခါးဝရှိ အရူးနှင့် သွားရောက် ထိုင်နေလိုက်ချေသည်။

"စားလို့ကောင်းလား"

လီမူကျင်းက လူငယ်ကို စူးစမ်းစွာ ကြည့်လိုက်ချေ၏။

ဖန်းဟန်ကို တကယ် အနိုင်ယူနိုင်သည်ဟု သူမ မယုံကြည်သော်လည်း၊ ဖန်းဟန်ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်းကပင် ရှန်းယီ၏ထူးခြားမှုကို သက်သေပြနေပေပြီ။

သူသည် သာမန် ကနဦးနယ်ပယ် သိုင်းပညာရှင် တစ်ဦး မဟုတ်သည်မှာ သေချာလှပေသည်။

ထို့အပြင် ဤသည်မှာ သူ၏ပထမဆုံး တာဝန်ထမ်းဆောင်မှု ဖြစ်သော်လည်း သူ၏တည်ငြိမ်မှုမှာ သူမ၏မောင်ထက်ပင် ပိုမို တည်ငြိမ်နေသေးသည်။

'အတွေ့အကြုံ မရှိလို့ မကြောက်တတ်တာလား'

မည်သို့ပင်ဖြစ်စေ၊ နတ်ဆိုးတို့၏ရက်စက်ကြမ်းကြုတ်မှုကို မကြုံဖူးသေးလျှင်ပင် ဤမျှ သတ္တိရှိခြင်းမှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ရာ ဖြစ်ပေသည်။

"တခြားသူတွေကို သတိထားဖို့ သွားပြောလိုက်၊ လူမကွဲစေနဲ့။ ရွာထဲမှာ နတ်ဆိုး ရှိတယ်"

ရှန်းယီသည် နောက်ဆုံးကျန်သော ငါးအသားဖတ်ကို မျိုချလိုက်ပြီး မော့ကြည့်လိုက်ချေ၏။

"ဘာ"

လီမူကျင်း ခေတ္တတန့်သွားပြီး အနည်းငယ် အံ့အားသင့်သွားသော်လည်း ရယ်မောလိုက်ချေသည်။

"ကြည့်စမ်းပါဦး၊ အမိန့်တွေ ပေးနေတာလား..."

သို့သော် သူမ စကားမဆုံးမီမှာပင် ရှန်းယီ၏ လေးနက်သော အကြည့်အောက်တွင် သူမ၏ အပြုံးများ အလိုအလျောက် ပျောက်ကွယ်သွားရချေသည်။

"သဘောပေါက်ပြီ၊ ကျွန်မ ချက်ချင်း သွားပြောလိုက်ပါ့မယ်"

သူ ဘယ်လို သတင်းရသလဲ ဆိုတာ သူမ မမေးတော့ချေ။

အတွေ့အကြုံရှိသောနတ်ဆိုးနှိမ်နင်းရေးအရာရှိး များ အနေဖြင့် အသေးငယ်ဆုံး ဖြစ်နိုင်ခြေကိုပင် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်ပေသည်။

"..."

လီမူကျင်း လှည့်လိုက်သည်နှင့် တပြိုင်နက် သူမ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေ၏။

ထိုစဉ်မှာပင် ညှီစော်နံသောအမည်းရောင် လေပြင်းတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာချေသည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ရွာပြင်ဘက်သို့ တည့်တည့် ဦးတည်သွားချေ၏။

စောစောက တံခါးဝတွင် ထိုင်နေသော လူနှစ်ယောက်မှာ ယခုအခါအရိပ်အယောင်ပင် မတွေ့ရတော့ချေ။(အရူးနဲ့မုဆိုးမ)

"လူစု မကွဲစေနဲ့၊ ရှင်းဟန်ကို သွားပြောလိုက်"

လီမူကျင်းသည် အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ချေသည်။

သူမ၏မျက်လုံးများမှ ပုံမှန် ပျင်းရိခြင်းများ ပျောက်ကွယ်သွားပြီး၊ တွေဝေခြင်း အလျဉ်းမရှိဘဲ ဓားတိုကို ဆွဲထုတ်ကာ လိုက်ပါသွားတော့သည်။

နတ်ဆိုးနှိမ်နင်းရေးဌာနအား မျက်နှာချင်းဆိုင် ရန်စရဲခြင်းမှာ အလွန်တရာ ရဲတင်းလွန်းသော လုပ်ရပ်ပင် ဖြစ်ပေသည်။

သူမ၏ပုံရိပ်သည် ရွှံ့ဗွက်လမ်းပေါ်တွင် ရုတ်တရက် ပျံသန်းသွားပြီး အသက်တစ်ရှိုက်စာအတွင်း ကျန်းပေါင်းများစွာ အကွာအဝေးကို ရောက်ရှိသွားချေ၏။

ထိုအချိန်တွင် လီမူကျင်းသည် မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို ရိပ်ခနဲ မြင်လိုက်ရပြီး သူမ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားချေသည်။

အမည်းရောင်ဝတ်ရုံ တလူလူ လွင့်ပျံနေပြီး ဆံနွယ်များ လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရပေသည်။

ရှန်းယီသည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် အမည်းရောင် ဓားကို ကိုင်ဆောင်ကာ သူမထက်ပင် အနည်းငယ် ပိုမြန်သော အရှိန်ဖြင့် ပြေးထွက်သွားခြင်း ဖြစ်ချေ၏။

"ရှင် ဘာလို့ အလောတကြီး ပြေးသွားရတာလဲ ရှင် ပြေးတာဘာလို့အတော်မြန်နေတာလဲ"

လီမူကျင်းသည် အသက်အောင့်ကာ မြစ်ကမ်းဘေးရှိ တောင်ကုန်းငယ် သစ်တောအုပ်ထဲသို့ တိုးဝင်သွားသော အမည်းရောင်လေပြင်း၏ပုံရိပ်ကို ကြည့်လိုက်ချေသည်။

ကျောက်စိမ်း အဆင့် ကျင့်ကြံခြင်း အဆင့်ဖြင့် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော အော်ရာသည် ပိုမို ဂနာမငြိမ် ဖြစ်လာချေ၏။

"ရှင့်ကို သွားပြောပါလို့ ကျွန်မပြောပြီးသားလေ။ ရန်သူက ကျောက်စိမ်းအဆင့် နတ်ဆိုးကြီး ဆိုတာ သိသာနေတာကို၊ ရှင်စိတ်ပူနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး"

သူမ စကားမဆုံးမီမှာပင် လီမူကျင်းသည် ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး နောက်သို့ လှည့်ကြည့်လိုက်ချေသည်။

တံငါသည်ရွာအပြင်ဘက်တွင် ယန်ချွန်းမြစ် သည် ဟိန်းဟောက်နေပြီး ရေလှိုင်းများသည် ဆယ်ကျန်း ခန့် မြင့်တက်လာချေ၏။

ရေလှိုင်းထိပ်ပေါ်တွင် ခြေဗလာနှင့် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မတ်မတ် ရပ်နေချေသည်။

လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် ရွာတစ်ရွာလုံးကို ဝါးမျိုနိုင်သည်ဟု ကောလဟာလ ထွက်နေသော မြစ်စောင့်နတ်ဘုရားမ ကဲ့သို့ပင် ဖြစ်ချေသည်။

"သောက်ကျိုးနည်း"

ထို ရင်းနှီးသောပုံရိပ်ကို ကြည့်လိုက်မိချေ၏။

တစ်ဖက်လူက နှစ်ပေါင်း လေးရာတိုင် အေးချမ်းစွာ နေထိုင်ခဲ့သော ဘဝကို အဘယ်ကြောင့် ရုတ်တရက် စွန့်လွှတ်လိုက်သလဲ ဆိုသည်ကို သူမ နားမလည်နိုင်တော့ပေ။

လီမူကျင်း၏စိတ်ထဲတွင် ကျန်ရှိနေသော ကံကောင်းခြင်း လက်ကျန်လေးသည် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ရှန်းယီ ခန့်မှန်းတာ မှန်ကန်ခဲ့ပေသည်။ ဤအရာဟာ နတ်ဆိုး တစ်ကောင်တည်း မဟုတ်ဘဲ ကြိုတင် ပြင်ဆင်ထားသော နတ်ဆိုးအုပ်စု ဖြစ်နေပေသည်။

သူမသည် တောအုပ်ငယ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူမ အာရုံလွဲသွားသော တစ်ခဏအတွင်း အနက်ရောင် လေပြင်းရော ရှန်းယီပါ အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရချေ၏။

"....."

"ပြီးသွားပြီ"

သူမ၏သွားများကိုတင်းတင်း စေ့ထားလိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာချေသည်။

နတ်ဆိုးနှိမ်နင်းရေး ဌာနအတွက် ကိစ္စပေါင်းများစွာ ကိုင်တွယ်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော ပေါ့ဆမှုကို သူမ ဘယ်လိုများ လုပ်မိပါလိမ့်။

'ပြီးတော့ ဟိုကောင်လေး၊ သူလည်း ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ပြေးသွားရတာလဲ။

သူ ဘယ်ကနေ ဒီလောက် သတ္တိတွေ ရနေတာလဲ။'

.....

"ဟူး"

ရှန်းယီသည် အသက်ရှူချက်ကို ညှိလိုက်ချေသည်။ '

မြွေနဂါးနှင့်မျောက်ဝံဖြူကခုန်ဖြင်း သိုင်းပညာကို အစွမ်းကုန် ထုတ်သုံးထားပေ၏။

တောင်တက်ခြင်းသည် မြေပြန့်တွင် လမ်းလျှောက်သကဲ့သို့ လွယ်ကူနေပြီး ယခင်ကထက်ပင် ပိုမို လျင်မြန်နေသေးသည်။

လီမူကျင်း နောက်ကျ ကျန်ရစ်ခဲ့သည်ကို သူ သတိထားမိသလို ယန်ချွန်းမြစ်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော လက္ခဏာများကိုလည်း မြင်တွေ့လိုက်ရချေ၏။

သူ၏အတွေးများ ယိမ်းယိုင်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားချေသည်။

ဤအရာဟာ နတ်ဆိုးနှိမ်နင်းရေးတပ်မှူး များကို ချုံခိုတိုက်ခိုက်ခြင်း ဖြစ်ပြီး၊ လီမောင်နှမကို ခွဲထုတ်ပြီးမှ တစ်ယောက်ချင်းစီ အနိုင်ယူရန် ကြံစည်နေခြင်း ဖြစ်နိုင်ပေသည်။

ရှန်းယီသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။

ဆန့်ကျင်ဘက် အနေဖြင့် ယခုအချိန်တွင် သူ၏ အတွေးများမှာ အလွန် ကြည်လင်ပြတ်သားနေချေ၏။

အကယ်၍ မြစ်စောင့်နတ်ဘုရားမသည် ကျောက်စိမ်းအဆင့် နှောင်းပိုင်း နတ်ဆိုးတစ်ကောင် အမှန်တကယ် ဖြစ်နေပါက၊ လီမောင်နှမ နှစ်ယောက် ပေါင်းတိုက်လျှင်ပင် နိုင်ချင်မှ နိုင်ပေလိမ့်မည်။

အနက်ရောင် လေပြင်းနတ်ဆိုးကလည်း ကျောက်စိမ်း အဆင့် ဖြစ်နေသေးသည်။

ထိုသို့သော အခြေအနေမျိုးတွင် လူငါးယောက် စုပေါင်းထားလျှင်ပင် အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။

နောက်ဆုံးတွင် တစ်ယောက်ယောက်က ဤနတ်ဆိုးကို တစ်ကိုယ်တည်း ရင်ဆိုင်ရပေလိမ့်မည်။

သားရဲနှစ်ကောင်က အရာရာကို တွက်ချက်ထားပြီး ဖြစ်ပေသည်။

မလိုအပ်သော လှုပ်ရှားမှုများ ပြုလုပ်ရခြင်းမှာ ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

ထို့အတူ သူကိုယ်တိုင်မှာတော့ တစ်ခုတည်းသော ကိန်းရှင် ဖြစ်နေချေ၏။

ရှန်းယီသည် ရွာသားများအတွက် သော်လည်းကောင်း၊ လီမောင်နှမက မြစ်စောင့်နတ်ဘုရားမကို နိုင်မနိုင်ဆိုသည်ကို သော်လည်းကောင်း ဂရုမစိုက်နိုင်တော့ချေ။

ဤသေရေးရှင်ရေး အကျပ်အတည်းတွင် တွေဝေနေခြင်းသည် အလောင်းကောင်ပင် ပြန်မရနိုင်သောသင်္ချိုင်းသို့ ဦးတည်သွားစေနိုင်ပေသည်။

သူသည် ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်ချေသည်။

မိမိရှေ့ရှိနတ်ဆိုးကို ခေါင်းဖြတ်သတ်နိုင်မှသာလျှင် တစ်ခုတည်းသော ရှင်သန်ခွင့် လမ်းစကို ရယူနိုင်ပေလိမ့်မည်။

ဤသို့ဆိုလျှင်လည်း

ဓားနက်ကို ဆွဲထုတ်လိုက်ပြီး သွယ်လျသော လက်ချောင်းများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ချေ၏။

တောင်လေသည် တဝေါဝေါ တိုက်ခတ်နေပြီး မင်ရည်ကဲ့သို့ နက်မှောင်သော ဝတ်ရုံကို ဆွဲဆောင့်နေသကဲ့သို့ ရှိပေသည်။

ဓားနက်ကို ကိုင်ဆောင်ထားသော ရှန်းယီသည် ခြေလှမ်းများကို တဖြည်းဖြည်း ရပ်တန့်လိုက်ချေ၏။

အနက်ရောင် လေပြင်းကွဲသွားပြီး အကြေးခွံနက်များ ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို သူ ကြည့်နေလိုက်ချေသည်။

"....."

ရှန်းယီ၏မျက်နှာကို မြင်လိုက်ရသောအခါ ကျောင်းဖုန်း သည် လက်ထဲမှ သတိလစ်နေသော လူနှစ်ယောက်ကို ပစ်ချလိုက်ပြီး ဒေါသထွက်လာချေသည်။

"ဘာလို့ မင်းက လိုက်လာရတာလဲ။ မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာလား"

ပထမဆုံး လိုက်မီလာမည့်သူမှာ ကနဦးနယ်ပယ် သိုင်းပညာရှင် တစ်ယောက် ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဆိုလိုသည်မှာ မြစ်စောင့်နတ်ဘုရားမ အနေဖြင့် ကျောက်စိမ်းအဆင့်တပ်မှူး နှစ်ယောက်ကို တပြိုင်နက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ချေသည်။

သို့သော် ကျောင်းဖုန်း၏မျက်လုံးများထဲတွင် စိုးရိမ်မှု အရိပ်အယောင်မျှပင် မတွေ့ရဘဲ စိတ်မရှည်ခြင်းနှင့် မကျေနပ်ခြင်းများသာ ရှိနေချေ၏။

ထိုမိန်းမကို အမြန်သတ်ပြီး သူမ၏လတ်ဆတ်သော သွေးကို အရသာခံရန် မစောင့်နိုင်တော့သဖြင့် စိတ်မရှည် ဖြစ်နေခြင်း ဖြစ်ပေသည်။

မကျေနပ်ချက်မှာမူ ရှင်းလင်းလှပေသည်။

မိမိရှေ့ရှိလူမှာ အလွန် အားနည်းလွန်းနေချေ၏။

အဖိုးတန်ဆေးဝါးများနှင့် နှိုင်းယှဉ်လျှင် အလွန် အားနည်းလွန်းသဖြင့် သူ့ကို အစာစားချင်စိတ်ပင် ဖြစ်မလာစေချေ။

ကျောင်းနဂါးတစ်ကောင် အနေဖြင့် အရာအားလုံးကို စားသောက်ရန်စိတ်ရှိသည်ဟု မသတ်မှတ်ထားပေ။

All Chapters