← Chapters

နှစ်ပေါင်းလေးဆယ်ချီစွမ်းအင်

Vol. 6 Ch. 59

နှစ်ပေါင်းလေးဆယ်ချီစွမ်းအင်

Vol. 6 Ch. 59

ကျောင်းဖုန်းက အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး မျက်လုံးထဲမှ အထင်သေးမှုကို ဖုံးကွယ်မထားချေ။

အချိန်ကြာမြင့်စွာ ပြေးလွှားပြီးနောက် ဒဏ်ရာများပေါ်ရှိအနီရင့်ရောင်အနာဖေးများမှာ ကွဲအက်မည့် လက္ခဏာများ ပြသနေပေသည်။

နုပျိုသောမျက်နှာသွင်ပြင်က အနည်းငယ် ရှုံ့တွသွားပြီး မျက်ဝန်းထဲတွင် နှစ်ခြိုက်သည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားချေ၏။

စုတ်ပြဲသွားသလို နာကျင်မှုကအလွန်ပြင်းထန်‌ေသာလှုံ့ဆော်မှု ဖြစ်စေသဖြင့် တစ်ကိုယ်လုံး ကျေနပ်မှုကြောင့် အနည်းငယ် တုန်ယင်သွားချေသည်။

သူသည် ပါးစပ်ဟကာ စူးရှသော အာမေဋိတ်သံ ရှည်ရှည်တစ်ချက် မအော်ဘဲ မနေနိုင်တော့ချေ။

"အာ့..."

ထိုထူးဆန်းအေးစက်သော အသံကြောင့် တောင်နိမ့်တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ ငှက်များနှင့် သားရဲတိရစ္ဆာန်တိုင်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်ကုန်ကြပေသည်။

သူသည် ဟိုးဘက်ရှိ တောင်ကုန်းများကို လှမ်းကြည့်လိုက်ပြီး ရွာသို့ အမြန်ဆုံးပြန်ချင်နေချေ၏။

သူ့၏ပေါ့ပါးသော ခန္ဓာကိုယ်သည် တောအုပ်အတွင်းလျင်မြန်စွာ ရွေ့လျားသွားပြီး ဆန့်ထုတ်လိုက်သော လက်သည်းဖြင့် သစ်ပင်ပေါ်မှ အသီးကို ခူးဆွတ်သကဲ့သို့ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် စစ်ကဲ၏ ခေါင်းကို ပေါ့ပေါ့ပါးပါး ဖြတ်တောက်လိုက်ချေ၏။

နတ်ဆိုး၏စိတ်ထဲရှိ ခံစားချက်ပေါင်းစုံနှင့် နှိုင်းယှဉ်ပါက ရှန်းယီသည် ဓားနက်ကို ဆုပ်ကိုင်ထားပြီး ရှေးဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်သော မျက်လုံးများဖြင့် သူ့ထံသို့ ရောက်ရှိလာသည့် ကြမ်းကြုတ်သော လက်သည်းအပေါ် အာရုံအပြည့်အဝ ထားရှိပေသည်။

အကြေးခွံများ ဖုံးအုပ်ထားသော လက်သည်းသည် ပြင်းထန်သော အရှိန်အဝါကို သယ်ဆောင်လျက် လေထုကို ထိုးခွင်းဝင်ရောက်လာချေ၏။

ကျောင်းဖုန်းသည် လက်နက်မဲ့ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုတည်းဖြင့်ပင် နတ်ဘုရားလက်နက်များကို အထင်သေးနိုင်လောက်အောင် စွမ်းအားကြီးမားလှပေသည်။

"..."

မွေးဝါကြီး၊မျောက်ဝံနက် သို့မဟုတ် ချီလင်မယ်တော်ကြီးမကလို့သူ့အမေဖြစ်စေ အားလုံးသည် ရှန်းယီကောင်းစွာသိရှိထားသော အသိစိတ်ဝိညာဉ်ရှိသည့် တိရစ္ဆာန်များသာ ဖြစ်ကြပေသည်။

သို့သော် သူ့ရှေ့မှောက်ရှိ သားရဲသည် အသံပြုလိုက်ရုံဖြင့်ပင် နဖူးပေါ်ရှိ ထူးဆန်းသော ဦးချိုက ၎င်းသည် ဒဏ္ဍာရီလာ သတ္တဝါဖြစ်ကြောင်း၊ ကျင့်ကြံရန်မလိုဘဲ မူလပုံစံကပင် ဒဏ္ဍာရီဆန်နေပြီဖြစ်ကြောင်း ဖော်ပြနေချေ၏။

ရှန်းယီ၏ဓားကို ဆုပ်ကိုင်ထားမှု ပိုမိုတင်းကျပ်သွားပြီး နှလုံးခုန်မြန်နေသော်လည်း စိုးရိမ်ပူပန်မည့်အစား ရှင်းပြမရနိုင်လောက်အောင် စိတ်လှုပ်ရှားလာချေသည်။

သူသည် ဓားထဲသို့ စွမ်းအင်များကို လျင်မြန်စွာ ပို့လွှတ်လိုက်ပြီး ညကောင်းကင်ယံနှင့် ပေါင်းစပ်လိုက်ပေသည်။

လောဘဝံပုလွေနတ်ဆိုးသုတ်သင်ခြင်း။(ထျန်းလန်နတ်ဆိုးသတ်ဖြတ်ခြင်း)

ဖြောင့်တန်းသောဓားသည် တိတ်ဆိတ်စွာ ကျဆင်းလာသော လက်သည်းရှိအကြေးခွံများနှင့် ထိတွေ့ချိန်တွင် ခေတ္တမျှ ရပ်တန့်သွားကာ အလွယ်တကူ ဖြတ်တောက်သွားချေ၏။

ကျောင်းဖုန်းသည် နာကျင်မှုကိုပင် သတိမထားမိဘဲ အသားကို စုတ်ဖြဲလိုက်ရသည့် ရင်းနှီးသော ကျေနပ်မှုကို ဘာကြောင့် မခံစားရသနည်းဟုသာ ဇဝေဇဝါ ဖြစ်နေချေသည်။

သူ ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။

သူ့မြင်ကွင်းထဲတွင် လက်ဝါးတစ်ဝက် ပြတ်ကျသွားကာ သွေးများ ပန်းထွက်ခြင်းမရှိဘဲ မင်ရည်ကဲ့သို့ နက်မှောင်သော ဓားပေါ်တွင် သွေးနီရောင် အမျှင်အနည်းငယ်သာ ရစ်ပတ်နေသည်ကို တွေ့လိုက်ရပေသည်။

ရှန်းယီသည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ဆောင်ထားချေ၏။

ကျောင်းဖုန်း၏မယုံကြည်နိုင်မှု အပြည့်အဝ မပေါ်ပေါက်လာခင်မှာပင် ရှန်းယီသည် ဓားနက်ကို တစ်ဖက်လူ၏ခန္ဓာကိုယ်ထဲသို့ ရက်စက်စွာ ထိုးစိုက်လိုက်ချေသည်။

ရွှပ်

ဓားရှည်သည် သက်မဲ့ပစ္စည်းတစ်ခု ဖြစ်သော်လည်း ထူးဆန်းစွာဖြင့် လောဘစိတ်ကို ထုတ်လွှတ်နေပေသည်။

မရေမတွက်နိုင်သော သွေးမျှင်များ စုပ်ယူခံလိုက်ရပြီး ဓားကို သွေးနီရောင် စွန်းထင်းသွားစေချေ၏။

"ရှီး..."

ကျောင်းဖုန်းသည် လူငယ်၏လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး ထိုထက်ရှသော လက်သည်းများအောက်တွင် ရှန်းယီ၏ ရတနာရှစ်ပါးခန္ဓာကိုယ်ကျင့်စဉ် သည် အာနိသင်မဲ့သွားပုံရကာ ဖြူဖွေးသော အရေပြားမှ အနက်ရောင်အလင်းတန်းများ တောက်ပလာပြီးနောက် လက်သည်းများက အလွယ်တကူ စုတ်ဖြဲပစ်လိုက်ချေသည်။

၎င်းသည် ချက်ချင်း အားစိုက်လိုက်ပြီး ထိုထူးဆန်းသောဓားကို ဆွဲထုတ်ရန် ကြိုးစားလိုက်ပေသည်။

ရှန်းယီသည် နာကျင်မှုကို မခံစားရသကဲ့သို့ ဓားကို နောက်ထပ် သုံးလက်မခန့် တည်ငြိမ်စွာ ထိုးသွင်းလိုက်ချေ၏။

ရတနာရှစ်ပါး ခန္ဓာကိုယ်ကျင့်စဉ်၏ မြှင့်တင်မှု ဖြစ်ပင် ကနဦးအဆင့် စစ်သည်တစ်ဦးသည် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာသော ကျောင်းနဂါးတစ်ကောင်ကို အနိုင်ယူရန် မဖြစ်နိုင်ချေ။

သို့သော် ဓားပေါ်ရှိသွေးနီရောင်အရှိန်အဝါများက ဓားရိုးမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသောအခါ ကုန်ခမ်းခြင်းမရှိသော အင်အားကို ခံစားလိုက်ရပြီး လက်ကောက်ဝတ်ရှိ ဒဏ်ရာများပင် မြင်သာသော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာချေသည်။

"မင်း ငါ့ကို ဝါးမြိုနေတာလား"

ကျောင်းဖုန်းသည် သွားများကိုဖော်လိုက်ပြီး အသံမှာ အက်ကွဲနေကာ မျက်လုံးထဲရှိ ရူးသွပ်မှုသည် လက်သည်းပြတ်တောက်သွားစဉ်ကထက်ပင် ပိုမိုပြင်းထန်နေပေသည်။

"မင်းက ငါ့ကို ဝါးမြိုရဲတယ်ပေါ့"

သူသည် အခြေအနေကို အဓိပ္ပာယ်မဲ့ ရယ်စရာကောင်းသည်ဟု ထင်မြင်ကာ တဟိဟိ ရယ်မောလိုက်ချေ၏။

ရုတ်တရက် သူ့မျက်နှာသည် ဒေါသကြောင့် ရှုံ့တွသွားချေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအများအပြား လုံးဝ ပေါက်ကွဲပွင့်ထွက်သွားပြီး ရှန်းယီကို လွှတ်ပေးကာ မိမိအသားကို ပြန်ဆုပ်ကိုင်၍ ကြမ်းကြုတ်စွာ ဆွဲဖြဲလိုက်ပေသည်။

ဗြိ

မျက်စိတစ်မှိတ်အတွင်း ပေသုံးဆယ်ခန့် ရှည်လျားသော ဧရာမသတ္တဝါကြီးတစ်ကောင် ကောင်းကင်သို့ ပျံတက်သွားချေ၏။

၎င်း၏ခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် လှည့်ပတ်နေပြီး ခေါင်းမှာ ကြမ်းကြုတ်ကာ တစ်ချောင်းတည်းသော ဦးချိုသည် သွေးရောင်အလင်းဖြင့် တောက်ပနေပေသည်။

ခန္ဓာကိုယ်တွင် စိုက်ဝင်နေသော ဓားနက်သည် ယခုအခါ အလွန်သေးငယ်ပြီး အရေးမပါတော့သကဲ့သို့ ဖြစ်နေချေသည်။

ကျောင်းနဂါးသည် အပေါ်စီးမှ ငုံ့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး ဒေါင်လိုက်မျက်ဆန်များသည် ကြမ်းကြုတ်လျက် ရှန်းယီအပေါ် အာရုံစိုက်ထားချေ၏။

ခန္ဓာကိုယ်မှ ဓားရှည်ကို ခါထုတ်ရန်ပင် ဂရုမစိုက်တော့ဘဲ ထိန်းချုပ်မှုကင်းမဲ့သွားသော သက်မဲ့ပစ္စည်းသည် မူလအခြေအနေသို့ ပြန်ရောက်သွားကာ မှိန်ဖျော့သော အနက်ရောင်အလင်းကို ထုတ်လွှတ်နေပေသည်။

"ဂရား..."

၎င်းသည် ထပ်မံ ဟိန်းဟောက်လိုက်ရာ လေပြင်းများက သစ်ပင်များကို ကျိုးပဲ့စေပြီး ကြွေကျနေသော သစ်ရွက်များကို လှည်းကျင်းကာ လူငယ်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားချေသည်။

၎င်း၏ဧရာမခန္ဓာကိုယ်ကြီးသည် အောက်ဘက်မြေပြင်သို့ လှိမ့်ဆင်းလာချေ၏။

ဤမျှကွာခြားသော အရွယ်အစားတွင် ဓားမရှိသော စစ်သည်တစ်ဦးသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

ရှန်းယီက လက်နှစ်ဖက်ကို ဘေးတွင်ချကာ ရပ်နေပုံသည် ကျောင်းနဂါး၏ယူဆချက် မှန်ကန်ကြောင်း အတည်ပြုနေသကဲ့သို့ ရှိချေသည်။

သူ မော့ကြည့်လိုက်သည့် အချိန်အထိပင်။

ထိုအသက်ရှူချိန်အတွင်း ကျောင်းနဂါးသည် အန္တရာယ်ရှိသော အရှိန်အဝါအချို့ကို အာရုံခံမိသကဲ့သို့ ဖြစ်သွားပေသည်။

၎င်း၏အကြေးခွံများ ထောင်ထလာပြီး အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ချေ၏။

သူ့၏အနောက်ဘက်တွင် မရေမတွက်နိုင်သော အရှိန်အဝါများ ပေါင်းစပ်ကာ ဓားကန့်လန့်ကာတစ်ခု ဖြစ်ပေါ်နေချေသည်။

လေထဲရှိ လရောင်အောက်တွင် မိစ္ဆာဆန်သော အနီရောင်အလင်းတန်း မှိန်ဖျော့ဖျော့ တောက်ပနေပြီး ၎င်းအတွင်းမှ ထိုဆိုးယုတ်နှုသည် သူ့ထက် လုံးဝ လျော့နည်းခြင်း မရှိပေ။

'ဒါ ဘယ်လို မိစ္ဆာကျင့်ကြံသူမျိုးလဲ။'

ရှန်းယီ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားချိန်တွင် လေပူတစ်ချက် မှုတ်ထုတ်လိုက်ချေ၏။

ကောင်းကင်မှချီစွမ်းအင်သည် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာ ကျဆင်းလာချေသည်။

ကျောင်းနဂါးသည် ကြီးမားသော ခန္ဓာကိုယ်ကြောင့် မရှောင်တိမ်းနိုင်တော့ဘဲ ဝမ်းဗိုက်ကို ကာကွယ်ရန် မာကျောသော အနက်ရောင် အကြေးခွံများကို အသုံးပြု၍ ကွေးကောက်ရန်သာ ကြိုးစားနိုင်တော့ပေသည်။

ဘုန်း

ဘုန်း

မမြင်ရသော ချီစွမ်းအင်သည် သံကို ထုနှက်သကဲ့သို့ ကျောင်းနဂါး၏ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်ရာ ပဲ့တင်သံများ ချိုင့်ဝှမ်းတစ်လျောက် ပျံ့လွင့်သွားပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းကို တောအုပ်ထဲသို့ ရိုက်ချလိုက်ချေသည်။

ချီစွမ်းအင် ပျောက်ကွယ်သွားသည်နှင့် ထူးဆန်းသော အနီရောင်အလင်းတန်းသည် မီးတောက်များကဲ့သို့ ၎င်း၏ခန္ဓာကိုယ်တွင် ကပ်ငြိကျန်ရစ်နေပြီး မည်မျှ ပွတ်တိုက်ပါစေ ငြှိမ်းသတ်၍ မရနိုင်ပေ။

တရှဲရှဲ မြည်သော တိုက်စားသံများ ဆက်တိုက် ထွက်ပေါ်နေပြီး အနက်ရောင် အကြေးခွံများ လျင်မြန်စွာ အရည်ပျော်ကျသွားကာ အောက်ရှိ အသားများကို ပေါ်လာစေချေသည်။

"အူး.."

ကျောင်းနဂါးသည် ဆိုးရွားစွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဖရိုဖရဲ ဖြစ်စေချေ၏။

အနီရောင်အလင်းတန်း လောင်ကျွမ်းပြီးမှသာ ၎င်းသည် တုန်ယင်စွာ ခေါင်းထောင်လာနိုင်ပေသည်။

ခန္ဓာကိုယ်မှာ စိတ်မကောင်းဖွယ်အခြေအနေသို့ ရောက်နေပြီး နာကျင်မှုမှကျေနပ်မှုကို မခံစားနိုင်တော့ဘဲ ဒေါင်လိုက်မျက်ဆန်များထဲတွင် အသက်ရှင်သန်လိုစိတ်သာ ရှိတော့ချေသည်။

၎င်းသည် လူငယ်ဆီသို့ ရုတ်တရက် ကြည့်လိုက်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ နောက်ဆုံးတွင် ကြမ်းကြုတ်စွာ ရယ်မောလိုက်ပေသည်။

"ကောင်းပြီလေ ကောင်းပြီ အခု ငါ့အလှည့်ပဲ"

စကားမဆုံးခင်မှာပင် ရှန်းယီမျက်လုံးမှိတ်ထားသည်ကို ကျောင်းနဂါး ရုတ်တရက် သတိပြုမိလိုက်ချေ၏။

ဤပုံစံသည် အင်အားကုန်ခမ်းကာ အဖမ်းခံရန် စောင့်ဆိုင်းနေကြောင်း ထင်ရှားနေပေသည်။

သို့သော် ၎င်း၏စိတ်နှလုံးနက်ရှိုင်းသော နေရာတွင် ရှင်းပြမရသော တုန်လှုပ်မှုတစ်ခု ပေါ်ပေါက်လာချေသည်။

နောက်တစ်ခဏတွင် ကောင်းကင်ယံသည် ယခင်အတိုင်း ဓားချီကန့်လန့်ကာဖြင့် နောက်တစ်ကြိမ် ဖုံးလွှမ်းသွားပြန်ချေ၏။

ထို့နောက် ဒုတိယအလွှာ၊ တတိယအလွှာ...

ကောင်းကင်တစ်ခုလုံးကို လုံးဝ ဖုံးကွယ်သွားသည်အထိ ဖြစ်ပေါ်လာပေသည်။

ဆိုးယုတ်သောအနီရောင်အလင်းသည် ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး သိမ်မွေ့သော လှောင်ပြောင်မှု အရိပ်အယောင်ကို ဖော်ပြနေချေသည်။

လည်ပင်းကို မြင့်မြင့်ဆန့်တန်းထားသော ကျောင်းနဂါးသည် နေရာတွင်ပင် တောင့်ခဲသွားချေ၏။

၎င်းသည် ထက်ရှသောအစွယ်များ ပေါ်လာအောင် ကြောက်မက်ဖွယ်ပါးစပ်ကြီးကို ကြမ်းတမ်းစွာ ဖွင့်လိုက်ပြီး စူးရှသော်လည်း အက်ကွဲနေသော အသံဖြင့် အော်ဟစ်လိုက်ချေသည်။

"ပုံရိပ်ယောင်တွေ အကုန်လုံး အတုတွေ မင်း ငါ့ကို မလှည့်စားနိုင်ပါဘူး"

ရှန်းယီသည် ဂရုမစိုက်စွာဖြင့် လက်ဖဝါးကို အောက်သို့ ဖိချလိုက်ပေသည်။

မရေမတွက်နိုင်သော ထျန်းကန်းသွေးနတ်ဆိုး များသည် ဒီရေလှိုင်းကဲ့သို့ လိမ့်ဝင်လာပြီး အရေးမပါတော့သော ကျောင်းနတ်ဆိုးကို လုံးဝ နစ်မြုပ်သွားစေချေ၏။

နတ်ဆိုးသက်တမ်း နှစ်လေးဆယ်။

သူပင် ထိုအရာအတွက် အနည်းငယ် နှမြောသလို ခံစားလိုက်ရပေသည်။

စနစ် မျက်နှာပြင်ပေါ်တွင် စာတန်းများ လက်ခနဲ ပေါ်လာသည်အထိပင်။

[ကျောက်စိမ်းအဆင့် အရွယ်မရောက်သေးသော ကျောင်းနတ်ဆိုးကို သတ်ဖြတ်လိုက်သည်၊ သက်တမ်း ၁၄၂၇ နှစ်၊ လက်ကျန်သက်တမ်း ၁၂၃၂ နှစ်၊ စုပ်ယူပြီး။]

[လက်ကျန် နတ်ဆိုးသက်တမ်း- ၁၄၃၅ နှစ်။]

ရှန်းယီသည် မြေပြင်ပေါ်ရှိ ရှုပ်ပွနေသော နေရာသို့ လျှောက်သွားလိုက်ချေ၏။

ထိုနေရာတွင် ကျန်ရှိနေသေးသော အကြွင်းအကျန်များတွင် အနီရောင်အလင်းများ ကပ်ငြိနေပြီး အသက်ရှူချိန် အနည်းငယ်အတွင်း ထပ်မံ ပျော်ဝင်သွားချေသည်။

သူသည် ခါးကို ကုန်း၍ တောက်ပနေသော ကျောင်းအမြုတေကို ကောက်ယူလိုက်ပြီး ယခင်က ရရှိခဲ့သော မြေခွေးနတ်ဆိုးအမြုတေ နှင့်အတူ ထားလိုက်ပေသည်။

လက်ရှိမှာ ရရှိလာသည်များကို စာရင်းလုပ်ရမည့်အချိန် မဟုတ်ချေ။

ရှန်းယီသည် လှည့်ထွက်ပြီး တောအုပ်ကို ဖြတ်ကျော်ကာ ကံဆိုးသောလူနှစ်ယောက်ကို ပေါ့ပေါ့ပါးပါးကောက်ယူလျက် တံငါရွာရှိရာ ဦးတည်ချက်သို့ အလျင်အမြန် သွားလိုက်ချေ၏။

All Chapters