ဒါကလည်း တော်တော်လေး ဒရာမာဆန်တာပဲ
Vol. 40 Ch. 469
မျိုးမှုန်တွေက မှိုတစ်ပွင့်ရဲ့ ဘဝ ပထမဆုံး အဆင့် ဖြစ်လေသည်။
အပင်တွေနဲ့ မတူဘဲ မျိုးမှုန်တွေက အလင်းမှီစုဖွဲ့ခြင်း လုပ်ငန်းစဉ် မလုပ်ဆောင်နိုင်ပေ၊ ဆိုလိုတာက သူတို့ကိုယ်သူတို့ အသက်ဆက်မရှင်နိုင်ဘဲ မှီခိုစရာ တစ်ခုခု ရှာရမှာ ဖြစ်လေသည်။
ပြီးတော့ အခု ကျန်းပေရန် က သူတို့ ရွေးချယ်လိုက်တဲ့ "ထောက်ပံ့သူ" ကြီး ဖြစ်လေသည်။
သူတို့က မှိုမျှင်တွေ အဖြစ် ဖွံ့ဖြိုးလာနိုင်သရွေ့ ကြီးထွားဖို့ အတွက် ကျန်းပေရန် ရဲ့ ခန္ဓာကိုယ်ဆီက အာဟာရဓာတ် ပမာဏ အများကြီး ရယူနိုင်မှာ ဖြစ်လေသည်။
သူတို့သာ "ဖော်ရွေသော" မျိုးမှုန်တွေ ဖြစ်ရင် သူတို့ "ထောက်ပံ့သူ" ဆီကနေ အာဟာရဓာတ်တွေ စုပ်ယူရုံ သာမက ရေနဲ့ ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေကိုလည်း ပြန်လည် ထောက်ပံ့ပေးပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေး ဖြစ်လာစေနိုင်လေသည်။
ဒါပေမဲ့ တချို့ မျိုးမှုန်တွေက သက်သက်မဲ့ လူယုတ်မာတွေ ဖြစ်ကြလေသည်။
သူတို့က အာဟာရဓာတ် စုပ်ယူဖို့ပဲ ဂရုစိုက်ပြီး သူတို့ "ထောက်ပံ့သူ" ရှင်ခြင်း သေခြင်းကို နည်းနည်းလေးမှ ဂရုမစိုက်ကြပေ။
ပြီးတော့ ကျန်းပေရန် ရဲ့ ခန္ဓာကိုယ်ထဲ အခုလေးတင် ဝင်ရောက်လာတဲ့ မျိုးမှုန် အုပ်စုက အဲ့ဒီလို လူယုတ်မာ အုပ်စု ဖြစ်လေသည်။
ကျန်းပေရန် ရဲ့ ခန္ဓာကိုယ်ထဲ ရှူသွင်းခံလိုက်ရပြီးနောက် သူတို့ အမြန် ပြန့်ကျဲသွားပြီး သူတို့ ကောင်းကောင်း စားသောက်နိုင်မယ့် နေရာ တစ်ခုကို စတင် ရှာဖွေကြလေသည်။
"ရှလွတ်... ဒီခန္ဓာကိုယ်က အာဟာရ ပြည့်ဝမယ့်ပုံပဲ"
ကြွက်သားအဖုအထစ်တွေနဲ့ ပုံပေါက်နေတဲ့ မျိုးမှုန် တစ်ခုက သူ့ပါးစပ်ထောင့်က တံတွေးတွေကို သုတ်လိုက်ပြီး အရသာရှိတဲ့ သွေးကြော ဆီ ခုန်အုပ်တော့မယ့် အချိန်မှာပဲ ဖြူဖွေးတဲ့ ပုံရိပ် တစ်ခု သူ့ရှေ့မှာ ပေါ်လာတာ တွေ့လိုက်ရလေသည်။
"ဖယ်လိုက်စမ်း မဟုတ်ရင် ငါ အလျှော့ပေးမှာ မဟုတ်ဘူး"
အဖြူရောင် ပုံရိပ်က ဖျော့တော့စွာ ပြုံးလိုက်ပြီး လက်သီးနဲ့ ထိုးလိုက်လေသည်။
အစအန မကျန် ပျောက်ကွယ်သွားတဲ့ မျိုးမှုန်ကို ကြည့်ရင်း အဖြူရောင် ပုံရိပ်က လက်ခုပ်တီးလိုက်ပြီး နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
"အာ..."
"ဘာဖြစ်နေတာလဲ"
"ဒီအဖြူရောင် မိစ္ဆာတွေက ဘာတွေလဲ ဘယ်လိုလုပ် ဒီလောက် ရက်စက်ကြမ်းကြုတ်နိုင်ရတာလဲ အာ..."
...
ဝမ်းနည်းဖွယ် အော်ဟစ်သံ လှိုင်းလုံးတွေ ကြားမှာ မျိုးမှုန်တွေက ခြေတစ်လှမ်းတောင် တိုးခွင့် မရလိုက်ဘဲ အစုလိုက် အပြုံလိုက် ပျောက်ကွယ်သွားကြလေသည်။
မျိုးမှုန် အမှုန့်တွေကို နှစ်ခါလောက် ရှူသွင်းပြီးနောက် ဒီမျိုးမှုန်တွေရဲ့ လုပ်ဆောင်ချက်ကို ကျန်းပေရန် တော်တော်လေး နားလည်သွားလေသည်။
'ကပ်ပါးပြုခြင်း'
ကိုယ်တွင်းအင်္ဂါ ပျက်စီးမှုကို ဖြစ်စေတဲ့ အဆိပ်မှုန့်တွေနဲ့ မတူဘဲ မျိုးမှုန်တွေက ကိုင်တွယ်ဖြေရှင်းဖို့ ပိုဒုက္ခရောက်လေသည်၊ ဘာလို့လဲဆိုတော့ ပစ်မှတ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီးရင် ဖယ်ရှားဖို့ အရမ်း ခက်ခဲလို့ ဖြစ်လေသည်။
အကြောင်းရင်းက အဆိပ်ကို ဖြေဆေးနဲ့ ဓာတ်ပြယ်စေပြီး အဆိပ်ဖြေခြင်းကို ရရှိနိုင်လို့ပါပဲ။
ဒါပေမဲ့ မျိုးမှုန်တွေက မတူပေ။
မင်း ဘယ်ဆေးလုံးပဲ သောက်သောက် သူတို့က ပြင်ပလူ ဆိုတဲ့ အသိစိတ် မရှိဘဲ မင်းနဲ့ အတူတူ စုပ်ယူလိုက်ကြလိမ့်မည်။
ဒါကြောင့် ကပ်ပါးပြုခြင်း ပြီးမြောက်သွားတဲ့ မျိုးမှုန်တွေကို ဖယ်ရှားချင်ရင် အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေကိုသာ အသုံးပြုလို့ ရနိုင်လေသည်။
ဒါပေမဲ့ ဒီမျိုးမှုန်တွေ အသက်ရှင်နေသရွေ့ သူတို့က လျင်မြန်စွာ မျိုးပွားကြလိမ့်မည်။
အဲ့ဒီအချိန် ရောက်ရင် ခန္ဓာကိုယ်ထဲမှာ အမြစ်တွယ်နေတဲ့ မှိုတွေနဲ့ ပြည့်နှက်နေမှာ ဖြစ်ပြီး သူတို့ကို လှီးဖြတ်တာက ကိုယ့်အသားကို ကိုယ်လှီးဖြတ်တာနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ပေ။
ဒါပေမဲ့ ဒီမျိုးမှုန်တွေကို မဖြေရှင်းနိုင်ရင် သူတို့ မှီခိုနေတဲ့ ခန္ဓာကိုယ်ကို လုံးဝ ခြောက်ကပ်သွားစေမှာ ဖြစ်လေသည်။
ဒါက အဲ့ဒီလူရဲ့ သေဆုံးမှု အခြေအနေကို ကျန်းပေရန် တွေးတောမိစေလေသည်။
'သူ့ခန္ဓာကိုယ် အနှံ့ မှိုတွေ ပေါက်နေလောက်တယ်'
ဒီမျိုးမှုန် အမှုန့်တွေ ဘယ်လောက် ဒုက္ခပေးနိုင်လဲ ဆိုတာ နားလည်ပြီးနောက် ကျန်းပေရန် လက်ဝှေ့ယမ်းလိုက်ပြီး ချူယန်ဇယ် ဆီ လျှောက်သွားကာ ပြောလိုက်လေသည်။
"ဒီမျိုးမှုန်တွေကို မင်းခန္ဓာကိုယ်ထဲ ပြန်စုပ်ယူလို့ ရမလား"
ချူယန်ဇယ် ခေါင်းညိတ်လိုက်ပြီး သူ့ပါးစပ်ကြီးကို ဖွင့်ကာ မျိုးမှုန် အမှုန့်တွေ အားလုံးကို ဗိုက်ထဲ စုပ်ယူလိုက်လေသည်။
'ဘာပါရမီလဲဟ...'
လေးစားအားကျစွာ သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ချူယန်ဇယ် ကို ပုတ်ကာ ပြောလိုက်လေသည်။
"နောက်မှ ငါနဲ့ အတူ ဆေးဖော်ခန်း လိုက်ခဲ့"
ဒီမှိုက ချူယန်ဇယ် ရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ဖွားလာတာ ဖြစ်ပေမယ့် သူ့အရည်အသွေးက ထူးခြားစွာ မြင့်မားနေကြောင်း၊ ဆယ်စုနှစ် (သို့) ရာစုနှစ်နဲ့ချီ သက်တမ်း ရှိတဲ့ ရတနာ ပစ္စည်းတွေထက် နည်းနည်းလေးမှ မနိမ့်ကျကြောင်း ကျန်းပေရန် တွေ့ရှိခဲ့ရလေသည်။
ဒီလို ရတနာ ပစ္စည်းမျိုးကို တိုက်ရိုက် စားသုံးလိုက်တာက သေချာပေါက် ကြီးမားတဲ့ ဖြုန်းတီးမှု တစ်ခု ဖြစ်လေသည်။
ဒါကြောင့် ချူယန်ဇယ် အားဆေး အနေနဲ့ သောက်သုံးနိုင်မယ့် အဆိပ်ဆေးလုံး အဖြစ် သန့်စင်ဖို့ ကျန်းပေရန် စီစဉ်လိုက်လေသည်။
မှိုပေါက်ကွဲမှု ပြပွဲကို ကြည့်ရှုပြီးနောက် ကျန်းပေရန် အဖွဲ့ကို ဧည့်ခန်းဆီ ပြန်ခေါ်သွားပြီး ပန်းလက်ဖက်ရည် ဖျော်ဖို့ စားပွဲမှာ ဝင်ထိုင်လိုက်လေသည်။
"တခြား တွေ့ရှိမှု အသစ်တွေ ရှိသေးလား" ရေငှဲ့ရင်း ကျန်းပေရန် မေးလိုက်လေသည်။
"မရှိပါဘူး" ဝူချင်းစစ် နဲ့ ချူယန်ဇယ် ပြိုင်တူ ခေါင်းခါလိုက်ကြလေသည်။
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် သူ့ပန်းလက်ဖက်ရည် ဖျော်တာကို အာရုံစိုက်လိုက်လေသည်။
...
နောက်တစ်နေ့ နေ့လည်ပိုင်းမှာ ကျန်းပေရန် က ဝူချင်းစစ် နဲ့ ချူယန်ဇယ် တို့နဲ့ အတူ လောကီ ရုပ်ဖျက် ဝတ်စုံတွေ ဝတ်ဆင်ပြီး စားသောက်ဆိုင် တစ်ဆိုင်က သီးသန့် အခန်း တစ်ခန်းဆီ သွားရောက်ခဲ့လေသည်။
ဒါက ကူချင်းဟွမ်း နဲ့ တွေ့ဆုံဖို့ ဝမ်ယွင်ယန် စီစဉ်ထားတဲ့ နေရာ ဖြစ်လေသည်။
ကျန်းပေရန် လိုက်လာရတဲ့ အကြောင်းရင်းကတော့ သဘာဝကျကျ ကူချင်းဟွမ်း က အထိအခိုက် မရှိဘဲ ထွက်ခွာနိုင်ဖို့ ၉၀ ရာခိုင်နှုန်းသာ ယုံကြည်မှု ရှိတယ်လို့ ပြောခဲ့လို့ပါပဲ။
ဒါကြောင့် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုလည်း မဖြစ်ပျက်လာစေဖို့ သေချာအောင် သူ လိုက်လာခဲ့ရတာ ဖြစ်လေသည်။
ဝူချင်းစစ် နဲ့ ချူယန်ဇယ် တို့ကို ခေါ်လာရတာကတော့ သူတို့ ချင်းဟွမ်း ရဲ့ စေ့စပ်ညှိနှိုင်းမှု စွမ်းရည်တွေကို လေ့လာပြီး သူ့ဆီကနေ သင်ယူနိုင်ဖို့ မျှော်လင့်လို့ပါပဲ။
သူ့အစ်ကိုကြီး ပျောက်ကွယ်သွားတဲ့ နေရာဘက် လက်သီးဆုပ်ပြီးနောက် ကူချင်းဟွမ်း တင်ပျဉ်ခွေ ထိုင်ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်လေသည်။
အမွှေးတိုင် တစ်ဝက် ကုန်ဆုံးမယ့် အချိန်လောက် ကြာပြီးနောက် သီးသန့် အခန်း တံခါး ခေါက်သံ ကြားလိုက်ရလေသည်။
ကူချင်းဟွမ်း မျက်လုံးဖွင့်ပြီး ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ဝင်ခဲ့ပါ"
"ကျွီ" ဆိုတဲ့ အသံနဲ့အတူ သစ်သား တံခါး ပွင့်သွားလေသည်။
မျက်နှာထား တော်တော် အုံ့မှိုင်းနေတဲ့ လူငယ် တစ်ယောက် အခန်းထဲ ဝေ့ဝဲကြည့်လိုက်ပြီး ခြေလှမ်းကျဲကြီး လှမ်းဝင်လာကာ ကူချင်းဟွမ်း ကို ကြည့်ပြီး မေးလိုက်လေသည်။
"မင်းက ကွမ်စန်း ပြောတဲ့ စောင့်ကြည့်သူကူ လား"
"ဟုတ်ပါတယ်"
ကူချင်းဟွမ်း ခေါင်းညိတ်လိုက်လေသည်။
"ခင်ဗျားက ဝမ်မိသားစု ရဲ့ တတိယ သခင်လေး ဖြစ်ရမယ်"
"ဟုတ်တယ် ငါပဲ"
ဝမ်ယွင်ယန် ပြောပြီး စားပွဲဆီ လျှောက်သွားကာ တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
"သခင်လေးဝမ် ဝိုင်သောက်မလား၊ လက်ဖက်ရည် သောက်မလား"
ဝိုင်ပန်းကန်လုံး နဲ့ လက်ဖက်ရည်ခွက် နှစ်ခုစလုံးကို ဝမ်ယွင်ယန် ရှေ့ ချပေးရင်း ကူချင်းဟွမ်း မေးလိုက်လေသည်။
"ဘာသောက်သောက် ရပါတယ် ငါ ဒီကို လာတာ မင်းကို ကိစ္စ တစ်ခု စုံစမ်းခိုင်းချင်လို့"
ဝမ်ယွင်ယန် ရဲ့ ပြတ်သားပြီး တိုက်ရိုက်ကျတာကို မြင်တော့ ကူချင်းဟွမ်း ဝိုင် တစ်ပန်းကန်လုံး ငှဲ့ပြီး သူ့ရှေ့ တွန်းပို့ပေးလိုက်လေသည်။
"သခင်လေးဝမ် က ခင်ဗျားရဲ့ လေးစားရတဲ့ အစ်ကိုကြီး ကိစ္စ အကြောင်း မေးချင်တာလား"
"မှန်တယ် လျိုမိသားစု က ကောင်စုတ်တွေ ငါ့အစ်ကိုကြီး ကို သတ်ခဲ့တယ် ဆိုတဲ့ သက်သေ အထောက်အထား ရှာတွေ့သရွေ့ မင်း လိုချင်တာ ဘာမဆို ငါ ပေးမယ်"
ဝိုင်တစ်ငုံ သောက်လိုက်ပြီး ကူချင်းဟွမ်း ပြုံးလိုက်လေသည်။
"သခင်လေးဝမ် အလေးအနက် ပြောနေတာလား"
"ငါ ဝမ်ယွင်ယန်က ကတိပေးရင် ဘယ်တော့မှ မဖျက်ဘူး"
"ဒါဆို သခင်လေးဝမ် ကို မေးခွန်း အနည်းငယ်လောက် အရင် မေးပါရစေ"
"မေးလေ သက်သေ အထောက်အထား ရှာတွေ့ဖို့ အထောက်အကူ ဖြစ်သရွေ့ ငါ သိသမျှ ဖြေပေးမယ်"
ဝမ်ယွင်ယန် ဒီကို ရောက်လာကတည်းက ကူချင်းဟွမ်း ရဲ့ လုပ်ရပ်တွေ အကြောင်း သူ သဘာဝကျကျ ကြားသိပြီးသား ဖြစ်ပြီး သူ့မိတ်ဆွေ နှစ်ယောက်ကလည်း စမ်းကြည့်ဖို့ ပြင်းပြင်းထန်ထန် အကြံပြုထားကြလေသည်။
ဒါကြောင့် သူတို့ တစ်ခါမှ မတွေ့ဖူးပေမယ့် ကူချင်းဟွမ်း ရဲ့ အဆင့်အတန်းက သူ့စိတ်ထဲမှာ မနိမ့်ကျပေ၊ ဒါကြောင့်လည်း မျိုးနွယ်စုကြီး တစ်ခုက သခင်လေး တစ်ယောက်ရဲ့ မာန်မာနတွေ ဝမ်ယွင်ယန် ထုတ်မပြခြင်း ဖြစ်လေသည်။
"ခင်ဗျားရဲ့ လေးစားရတဲ့ အစ်ကိုကြီးကို သတ်တဲ့သူက လျိုမိသားစု မဟုတ်ဘူးလို့ သခင်လေးဝမ် စဉ်းစားဖူးလား"
ဒါကို ကြားတော့ ဝမ်ယွင်ယန် စားပွဲကို ရိုက်လိုက်လေသည်။
"မဖြစ်နိုင်ဘူး"
"ကျွန်တော် သိသလောက် ဆိုရင် ခင်ဗျားရဲ့ လေးစားရတဲ့ အစ်ကိုကြီး နဲ့ မိန်းကလေးလင်ယန် တို့က တစ်ချိန်တည်းမှာ တွေ့ရှိခဲ့ရတာပါ တကယ်လို့ လျိုမိသားစု ကသာ တကယ် လုပ်ခဲ့တာ ဆိုရင် သူတို့က သံသယ အဖြစ်ခံရဆုံး သူတွေ ဖြစ်မယ် ဆိုတာ သူတို့ သေချာပေါက် သိမှာပါ ဒါဆို ဘာလို့ အလောင်းတွေကို နေရာမှာတင် မဖျက်ဆီးပစ်ဘဲ ဒီတိုင်း ထားခဲ့ရတာလဲ"
ဝမ်ယွင်ယန် ကဲ့ရဲ့သံ ပါတဲ့ ရယ်သံ တစ်ခု ပြုလုပ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဘာလို့လဲဆိုတော့ သူတို့ အလောင်းတွေကို မြှုပ်သည် ဖြစ်စေ၊ မမြှုပ်သည် ဖြစ်စေ ငါတို့က သူတို့ကို သံသယ ဝင်မှာပဲ ဆိုတာ သူတို့ သိလို့ပေါ့"
မနီးမဝေးမှာ ရပ်နေတဲ့ ကျန်းပေရန် ဒီအဖြေကို ကြားလိုက်ရပြီး စိတ်ထဲကနေ လှောင်ပြောင်မနေဘဲ မနေနိုင်တော့ပေ။
'ကောင်းပြီ ဒါက ဂန္ထဝင်ဆန်တဲ့ အရသာပဲ...'
အလယ်ပိုင်း မြေပြန့်ဒေသ ရဲ့ နိုင်ငံကြီး ၆ နိုင်ငံလုံးကို သူ မသွားရောက်ဖူးသေးပေမယ့် သူ့လက်ရှိ အတွေ့အကြုံ အရ ဒီ ၆ နိုင်ငံက ကျွမ်းကျင်သူတွေဟာ ရှန့်တိုင်းပြည် က လူတွေထက် ကျင့်ကြံခြင်း အဆင့် အများကြီး ပိုမြင့်မားတာကလွဲရင် ဉာဏ်ရည် အဆင့်အတန်းကတော့ ရှန့်တိုင်းပြည် က အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့ အတူတူလောက်ပဲ ရှိလေသည်။
ပြီးတော့ ဉာဏ်ရည် အဆင့်အတန်း တူညီတယ် ဆိုတာက ဒရာမာဆန်တဲ့ ဇာတ်ကွက်တွေ အများကြီး ရှိလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လေသည်။
ဒီလို အဖြစ်အပျက်မျိုး အတွက် မျက်နှာပြင်ပေါ်မှာ ထင်ရှားတဲ့ ဟာကွက်တွေ ရှိနေတာတောင် ဘယ်သူမှ သေချာ စုံစမ်းစစ်ဆေးဖို့ အနှောင့်အယှက် မပေးကြဘဲ တစ်ဖက်လူရဲ့ လက်ချက် ဖြစ်ရမယ်လို့ တိုက်ရိုက် ကောက်ချက်ချလိုက်ကြလေသည်။
ခွေးတစ်ကောင်တောင် မြင်နိုင်တဲ့ ဒီသဲလွန်စတွေကို မျက်မှောင်ကြုတ်၊ ဉာဏ်အလင်းပွင့်သွားပြီး သူတို့ရဲ့ ထက်မြက်တဲ့ ဦးနှောက်ကို အသုံးပြုကာ ကောက်ချက်ချပြမယ့် ဇာတ်လိုက် တစ်ယောက် ရောက်လာမှာကို စောင့်နေကြသလိုပါပဲ။
အသံထွက်ပြီး လှောင်ပြောင်ချင်စိတ်ကို ကျန်းပေရန် မျိုသိပ်ထားတုန်း ကူချင်းဟွမ်း ပြောလိုက်လေသည်။
"ဒါဆိုရင် ခင်ဗျားရဲ့ လေးစားရတဲ့ အစ်ကိုကြီးရဲ့ အလောင်းကို ဒီလောက် လွယ်လွယ်ကူကူ တွေ့ရှိခဲ့ရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက်က ခင်ဗျားကို အမြန် တွေ့မြင်စေချင်ပြီး လျိုမိသားစု နဲ့ သွားရောက် တိုက်ခိုက်စေချင်လို့ ဖြစ်နိုင်တယ် ဆိုတာ သခင်လေးဝမ် စဉ်းစားဖူးလား"
ဒါကို ကြားတော့ ဝမ်ယွင်ယန် မျက်မှောင်ကြုတ်လိုက်လေသည်။
"ငါတို့နဲ့ လျိုမိသားစု ကြား စစ်ပွဲ ဖြစ်လာအောင် တစ်ယောက်ယောက်က လှုံ့ဆော်ချင်နေတယ်လို့ မင်း ပြောချင်တာလား"
"ဟုတ်ပါတယ် အဲ့ဒီ ဖြစ်နိုင်ချေ ရှိတယ်"
ခဏ တိတ်ဆိတ်သွားပြီးနောက် ဝမ်ယွင်ယန် ထပ်မေးလိုက်လေသည်။
"ဒါပေမဲ့ ဘယ်သူက အဲ့လို လုပ်မှာလဲ"
"ဒီအချက်ကို ကျွန်တော် ဖြည်းဖြည်းချင်း စုံစမ်းပါ့မယ် ဒါပေမဲ့ စုံစမ်းစစ်ဆေးနေစဉ် အတွင်း သခင်လေးဝမ် ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ရရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ် မဟုတ်ရင် ကျွန်တော်တို့ ဝင်လို့ မရနိုင်တဲ့ နေရာတချို့ ရှိနေလို့ပါ"
ဝမ်ယွင်ယန် ချက်ချင်း သဘောတူလိုက်လေသည်။
"စိတ်မပူပါနဲ့ ငါ့အတွက် မင်း အလုပ်လုပ်ပေးနေသရွေ့ ငါ့ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ငါ သေချာပေါက် ပေးပါ့မယ်"
"သခင်လေးဝမ် ရဲ့ စကားနဲ့ ဆိုရင် ကျွန်တော် စိတ်ချရပါပြီ"
"ဒါဆို မင်း ဒီကိစ္စကို လက်ခံလိုက်ပြီပေါ့" ဝမ်ယွင်ယန် မေးလိုက်လေသည်။
"သခင်လေးဝမ် က ဒီလောက် ရက်ရောတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားမှတော့ ကျွန်တော့်မှာ ငြင်းပယ်စရာ အကြောင်း မရှိပါဘူး"
"ကောင်းတယ် ဒါဆို မင်းရဲ့ သတင်းကောင်းကို ငါ စောင့်နေမယ်"
ပြောပြီးနောက် ဝမ်ယွင်ယန် ခရုခွံနဲ့ တူတဲ့ အခွံ တစ်ခု ကူချင်းဟွမ်း ရှေ့ ချပေးလိုက်လေသည်။
"ဒီထဲကို စကားပြောလိုက်တာနဲ့ ငါ ကြားရလိမ့်မယ်"
'ဝါး... သူတို့မှာ ဖုန်းတွေတောင် ရှိတာပဲ'
ဝမ်ယွင်ယန် ရဲ့ စကားကို ကြားတော့ ကျန်းပေရန် နည်းနည်း အံ့သြသွားလေသည်။
စက္ကူစွန် နဲ့ သတင်းစကား ပေးပို့တဲ့ နည်းလမ်းက နည်းပညာ မြင့်မားနေပြီလို့ သူ မူလက ထင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က တယ်လီဖုန်းတွေ အသုံးပြုနေလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။
"ကောင်းပါပြီ ကျွန်တော် လုပ်လိုက်ပါ့မယ်"
ကူချင်းဟွမ်း ခေါင်းညိတ်လိုက်လေသည်။
"ကျွန်တော် တွေ့ရှိတဲ့ သဲလွန်စ ဘာမဆို သခင်လေးဝမ် ကို ချက်ချင်း အသိပေးပါ့မယ်"
"ဒါဆိုရင် တရားခံ အစစ်ကို အမြန်ဆုံး ရှာပေးပါ ငါ့မှာ အရေးကြီး ကိစ္စတွေ ရှိသေးလို့ ပြန်လိုက်ပါဦးမယ်"
ဝမ်ယွင်ယန် ရုတ်တရက် မတ်တတ်ရပ်လိုက်လေသည်။
"ကျွန်တော် လိုက်မပို့တော့ဘူး" ကူချင်းဟွမ်း လည်း မတ်တတ်ရပ်ရင်း ပြောလိုက်လေသည်။
"ယဉ်ကျေးနေစရာ မလိုဘူး"
ကူချင်းဟွမ်း ကို ကျောပေးပြီး လက်ဝှေ့ယမ်းပြကာ ဝမ်ယွင်ယန် သီးသန့် အခန်းထဲကနေ ထွက်ခွာသွားလေသည်။
ဝမ်ယွင်ယန် ထွက်သွားတာကို ကြည့်ပြီး ဒီစကားဝိုင်းကို အဆင့်သတ်မှတ်ပေးရမယ် ဆိုရင် ချောမွေ့ပြီး အဖုအထစ် မရှိဘူးလို့ ကျန်းပေရန် ပြောရမှာ ဖြစ်လေသည်။
စေ့စပ်ညှိနှိုင်းမှု တစ်ခုလုံး အတွင်း သူတို့နှစ်ယောက် ကြားမှာ ပဋိပက္ခ သိပ်မရှိခဲ့ပေ။
သူတို့နှစ်ယောက်လုံး အဓိပ္ပာယ် မရှိတဲ့ စကားတွေ မပြောဘဲ လိုရင်းကို တန်းပြောခဲ့ကြလေသည်။
ဝမ်ယွင်ယန် လို ဒေသခံ အာဏာရှင် တစ်ယောက်က တစ်ယောက်ယောက်ကို အကူအညီ တောင်းတဲ့ အခါ "မင်း ရှာတွေ့ရင် မင်း လိုချင်တာ ဘာမဆို ရမယ် ဒါပေမဲ့ ရှာမတွေ့ရင် မင်းခေါင်းကို လိမ်ချိုးပစ်မယ်" ဆိုတဲ့ စကားမျိုး သေချာပေါက် ပြောလိမ့်မယ်လို့ ကျန်းပေရန် မူလက ထင်ထားခဲ့လေသည်။
ဒီလို စကားလုံးတွေ မပါလာရတဲ့ အကြောင်းရင်းက ကူချင်းဟွမ်း မိတ်ဖွဲ့ထားတဲ့ သူငယ်ချင်းတွေက တော်တော် သြဇာညောင်းလို့ ဖြစ်ပြီး၊ သူတို့ ထောက်ခံပေးထားတဲ့ သူကို ဝမ်ယွင်ယန် က သဘာဝကျကျ သူ့သူငယ်ချင်းတွေကို မျက်နှာသာ ပေးတဲ့ အနေနဲ့ ဆက်ဆံရတာ ဖြစ်လေသည်။
အတိုချုပ် ပြောရရင် ကူချင်းဟွမ်း က သူ စိတ်ကူးထားတာထက် ပိုကောင်းကောင်း လုပ်ဆောင်နေလေသည်။
သူက ဒီဒေသမှာ တော်တော်လေး အခြေကျနေပြီလို့ ပြောလို့ ရလေသည်။
'ဟူး ကျန်တဲ့ နှစ်ယောက်ကို မခေါ်လာခဲ့သင့်ဘူး'
ဘာပဲဖြစ်ဖြစ် ဒီသီးသန့် အခန်းထဲမှာ ကူချင်းဟွမ်း ရဲ့ စွမ်းရည် ပထမ အလွှာလောက်ကိုပဲ မြင်ရတာ ဖြစ်လို့ 'အော် ဒါဆို စေ့စပ်ညှိနှိုင်းရတာ ဒီလောက် လွယ်ကူတာကိုး' ဆိုတဲ့ အတွေးမျိုး သူတို့နှစ်ယောက်ကို အလွယ်တကူ ပေးမိစေနိုင်လေသည်။
သို့သော် သူတို့ ၃ ယောက် မကြာခဏ အတူတူ အချိန်ကုန်လေ့ ရှိတာ ထည့်သွင်းစဉ်းစားရင် ချင်းဟွမ်း ဘယ်လောက် တော်လဲ ဆိုတာ သူတို့ ကောင်းကောင်း သိထားသင့်တယ်လို့ သူ ယုံကြည်လေသည်။
လောကီ ရုပ်ဖျက် ဝတ်စုံကို ချွတ်လိုက်ပြီး စားပွဲမှာ ဝင်ထိုင်ကာ ကျန်းပေရန် ကူချင်းဟွမ်း ကို ကြည့်ပြီး မေးလိုက်လေသည်။
"နောက်ဆက်တွဲ အတွက် မင်းအစီအစဉ်ကို ပြောပြ"
သူ့အစ်ကိုကြီး ဘက် လက်သီးဆုပ်ပြီး ကူချင်းဟွမ်း ပြန်ဖြေလိုက်လေသည်။
"မိသားစုကြီးတွေပဲ ဝင်ခွင့်ရှိတဲ့ အဆင့်မြင့် နေရာတချို့ကို ဝင်ရောက်နိုင်အောင် ဝမ်ယွင်ယန် ကို အရင် ကူညီခိုင်းဖို့ စီစဉ်ထားပါတယ် ပြီးတော့မှ မြစိမ်းရောင် တိမ်တိုက်ဂိုဏ်း ဘက်ကို ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးသွားပါ့မယ်"
'အလွန် ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်မှုပဲ'
အဆင့်မြင့် နေရာတွေကို သွားတာက သူ လျိုမိသားစု ကို အကောင်းဆုံး ကြိုးစား စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ရလဒ် ဘာမှ မတွေ့ရပြီးမှသာ သူ့အာရုံကို ပြောင်းလဲလိုက်ကြောင်း ပြသဖို့ ဖြစ်လေသည်။
ဒါမှ သဘာဝကျမှာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ဘယ်သူပဲ ကြည့်ကြည့် လျိုမိသားစု က ဒီကိစ္စမှာ အဓိက သံသယရှိသူ သေချာပေါက် ဖြစ်နေတာကိုး။
ဒါကြောင့် သူတို့နဲ့ စတင် စုံစမ်းစစ်ဆေးတာက သေချာပေါက် ပြဿနာ မရှိပေ။
"ကောင်းပြီ နောက်တစ်ခါ တွေ့ရင် ငါ့ကို ထပ်အသိပေး"
ပြောပြီးနောက် ကျန်းပေရန် အခန်းထောင့်ဘက် လက်ယပ်ခေါ်လိုက်ပြီး သီးသန့် အခန်းထဲကနေ ထွက်ခွာသွားလိုက်လေသည်။
စနစ်က ဘာရွေးချယ်စရာမှ မပေါ်လာစေတဲ့ အတွက် ဝမ်ယွမ်ကျန်း သေဆုံးမှုကို စုံစမ်းစစ်ဆေးရာမှာ ဝမ်ယွင်ယန် ကို ကူညီပေးတာက သူတို့အတွက် ဘာပြဿနာမှ ယူဆောင်လာမှာ မဟုတ်ဘူးလို့ ဆိုလိုလေသည်။
ယေဘုယျ ဦးတည်ချက် ကောင်းမွန်နေသရွေ့ ကျန်တာက အသေးစိတ် အချက်အလက်တွေမှာ အမှားမလုပ်မိဖို့သာ လိုတော့လေသည်။
ပြီးတော့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ရင် ကူချင်းဟွမ်း ကို ကျန်းပေရန် အလွန် ယုံကြည်မှု ရှိလေသည်။
သူတို့ အစ်ကိုကြီး လက်ယပ်ခေါ်တာ မြင်တော့ ဝူချင်းစစ် နဲ့ တခြားသူတွေလည်း သူတို့ရဲ့ လောကီ ရုပ်ဖျက် ဝတ်စုံတွေကို ချွတ်လိုက်ကြပြီး ကူချင်းဟွမ်း ဘက် လက်သီးဆုပ်ကာ သူတို့ အစ်ကိုကြီး နောက် လိုက်သွားကြလေသည်။
...
လမ်းမပေါ် လျှောက်သွားရင်း စနစ် ရွေးချယ်စရာတွေ ပေါ်လာစေတဲ့ အချိန်မှာပဲ သူ့ရဲ့ နောက်ထပ် အစီအစဉ်တွေကို ကျန်းပေရန် စဉ်းစားနေလေသည်။
ပိုက်ဆံ မပေးဘဲ သောက်စားနေတဲ့ လှည့်လည်သွားလာနေတဲ့ သိုင်းသမား တစ်ဝိုင်းကို နောက်တစ်ကြိမ် ရှောင်တိမ်းလိုက်ပြီးနောက် စက္ကူစွန် တစ်ကောင် ကျန်းပေရန် ရှေ့ ရုတ်တရက် ဆင်းသက်လာလေသည်။
လက်လှမ်းပြီး စက္ကူစွန် ကို ယူလိုက်ကာ ကျန်းပေရန် စာအကြောင်းအရာကို အမြန် ဖတ်ရှုလိုက်ပြီး စိတ်ထဲကနေ ချီးကျူးလိုက်လေသည်။
'ဇာတ်လိုက် ပုံစံ ဇာတ်ကောင် တစ်ယောက်ဆီကနေ မျှော်လင့်ထားသလိုပါပဲ သူ့စွမ်းဆောင်ရည်က တော်တော် ကောင်းတာပဲ'
ဒီ စက္ကူစွန် ကို ဟော်ဟုန်ဖေး ပေးပို့လိုက်တာ ဖြစ်လေသည်။
အရင်တုန်းက ဧကရာဇ် အဆိပ်ကောင် ရဲ့ တည်နေရာကို စုံစမ်းဖို့ ဇန်တိုင်းပြည် ကို သူ့ကို သွားခိုင်းခဲ့တာ ဖြစ်ပြီး မမျှော်လင့်ဘဲ သူ ဒီလောက် မြန်မြန် တိုးတက်မှု ရရှိခဲ့လေသည်။
'ပါရမီရှင်တွေ အများကြီးပဲ ပါရမီရှင်တွေ အများကြီးပဲ
လှပတယ် အရမ်း လှပတယ်'
သို့သော် ဟော်ဟုန်ဖေးဘက်က တိုးတက်မှုက ကူချင်းဟွမ်း လောက် မမြန်ဆန်ပေ။
ကူချင်းဟွမ်း က နေမင်းသတ်ဖြတ်ခြင်း ကြွေရည်သုတ်ဆေး ကို သေချာပေါက် တွေ့ရှိထားပြီး ရယူမယ့် အစီအစဉ်တောင် ရှိနေပြီ ဖြစ်ပေမယ့် ဟော်ဟုန်ဖေး က သဲလွန်စ တချို့ပဲ ရှာတွေ့ထားသေးတာ ဖြစ်လေသည်။
ဒါပေမဲ့ ဧကရာဇ် အဆိပ်ကောင် အကြောင်း ဟော်ဟုန်ဖေး ရဲ့ စုံစမ်းစစ်ဆေးမှု ခက်ခဲမှုက ကူချင်းဟွမ်း ထက် မွေးရာပါ ပိုကြီးမားနေလေသည်။
ဘာပဲဖြစ်ဖြစ် နေမင်းသတ်ဖြတ်ခြင်း ကြွေရည်သုတ်ဆေး အကြောင်း သတင်းအချက်အလက်ကို ရှီယွီထုံ ဆီကနေ ကျန်းပေရန် အတိအကျ ရရှိခဲ့တာ ဖြစ်ပြီး၊ ဧကရာဇ် အဆိပ်ကောင် ကတော့ လင်ရှီယွင် ဘက်က အတည်မပြုနိုင်တဲ့ ကောလာဟလ သက်သက်သာ ဖြစ်လေသည်။
သူတို့နှစ်ခု ကြားက ခက်ခဲမှု ကွာခြားချက်က မိုးနဲ့ မြေ လို ကွာခြားလေသည်။
အရင်တုန်းက ဒေသခံ တစ်ယောက် ဖြစ်တဲ့ ဂျူဇီမင် ကို အကြာကြီး စုံစမ်းခိုင်းခဲ့ပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး၊ ဒါပေမဲ့ ဟော်ဟုန်ဖေး သွားလိုက်တာနဲ့ ချက်ချင်း တိုးတက်မှု ရရှိခဲ့လေသည်။
တော်တော် အထင်ကြီးစရာ ကောင်းလေသည်။
ဟော်ဟုန်ဖေး စာထဲမှာ ရေးထားတာက ဧကရာဇ် အဆိပ်ကောင် တစ်ကောင်ကို မှောင်ခိုဈေးကွက်မှာ တစ်ယောက်ယောက်က တိတ်တဆိတ် ရောင်းချခဲ့တာ တကယ် ရှိကြောင်း သူ တွေ့ရှိခဲ့ရတယ် ဆိုတာပါပဲ။
ဧကရာဇ် အဆိပ်ကောင် က အဆုံးစွန် တားမြစ်ကုန်ပစ္စည်း တစ်ခု ဖြစ်နေတာပါပဲ။
လွတ်လပ်စွာ ကုန်သွယ်မှု အရှိဆုံး နိုင်ငံ ဖြစ်တဲ့ ဇန်တိုင်းပြည် မှာတောင် သည်းခံခွင့်လွှတ်ခြင်း မရှိပေ။
ဒါကြောင့် ဒီကိစ္စကို လူအနည်းငယ်သာ သိကြပြီး၊ တစ်ချိန်တည်းမှာပဲ သိတဲ့သူတွေကလည်း သူတို့ ဒီအရောင်းအဝယ်မှာ ပါဝင်ခဲ့ကြောင်း တခြားသူတွေကို ပြောပြမှာ မဟုတ်တဲ့ အတွက် စုံစမ်းစစ်ဆေးမှုကို အလွန် ခက်ခဲစေလေသည်။
ဟော်ဟုန်ဖေး ရဲ့ လက်ရှိ တိုးတက်မှုက ဒီ ဧကရာဇ် အဆိပ်ကောင် ရောင်းချသူကို တစ်ခါ မြင်ဖူးတဲ့ မှောင်ခိုဈေးကွက် က ကုန်သည် တစ်ယောက်ကို သူ တွေ့ရှိခဲ့ပြီး အဲ့ဒီကုန်သည်က ရောင်းချသူရဲ့ ဆက်သွယ်ရန် နေရာကို ပြောပြထားပြီး ဖြစ်လေသည်။
သူ့စုံစမ်းစစ်ဆေးမှုက သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးလို့ ဟော်ဟုန်ဖေး စာထဲမှာ အကြိမ်ကြိမ် တောင်းပန်ထားပေမယ့် ဒီလူက နည်းနည်း နှိမ့်ချလွန်းနေတယ်လို့ ကျန်းပေရန် ခံစားလိုက်ရလေသည်။
ဇန်တိုင်းပြည် မှာ ဧကရာဇ် အဆိပ်ကောင် တကယ် ရှိတယ် ဆိုတာ အတည်ပြုနိုင်လိုက်တာကတင် လုံလောက်တာထက် ပိုနေပြီ ဖြစ်လေသည်။
ကျန်တာက ဖြည်းဖြည်းချင်း စုံစမ်းရမယ့် ကိစ္စ သက်သက်ပါပဲ။
ပျံသန်းသော စံအိမ် ဆီ ပြန်ရောက်တဲ့ အခါ ရှီဖုန်းလန် ရဲ့ ခုန်အုပ်မှုကို ရှောင်တိမ်းပြီး စာကြည့်ခန်းထဲ တန်းဝင်သွားကာ စုတ်တံကို ကောက်ကိုင်ပြီး ဟော်ဟုန်ဖေး ဆီ စာပြန်ရေးလိုက်လေသည်။
စာပို့ပြီးနောက် ကျန်းပေရန် ဧည့်ခန်းထဲ ပြန်လာပြီး သူ့ကို ဦးညွှတ်နေကြတဲ့ လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်လေသည်။
"ဒီည ငါတို့ အသားကင် စားကြမယ်"