← Chapters

ရန်လိုတော့မယ် ဆိုရင် အဆုံးထိ ရန်လိုလိုက်ပါ

Vol. 40 Ch. 473

ရန်လိုတော့မယ် ဆိုရင် အဆုံးထိ ရန်လိုလိုက်ပါ

Vol. 40 Ch. 473

ကျန်းပေရန် ရဲ့ မေးခွန်းကို ရင်ဆိုင်ရတဲ့ အခါ အနီရောင် အတောင်ပံ ကစဥ်ကလျား သားရဲ က သူ့အတောင်ပံတွေကို ခတ်လိုက်ပြီးနောက် သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ တစ်ကောင် လျှောက်လာခဲ့လေသည်။

စဉ်းလဲသော မျောက်ဝံ က ဂေါ်ရီလာ တစ်ကောင်နဲ့ တူပြီး သူ့ခန္ဓာကိုယ်က တောဝက် တစ်ကောင်လို အမွေးအမျှင်တွေနဲ့ ဖုံးလွှမ်းနေလေသည်။

ဒီအမွေးအမျှင်တွေက ပျော့ပျောင်းနိုင်သလို မာကျောနိုင်လေသည်။

တိုက်ခိုက်တဲ့ အခါ သူတို့က အလွန် မာကျောပြီး ထိုးဖောက်နိုင်စွမ်း ရှိကြပေမယ့် ကာကွယ်တဲ့ အခါ အလွန် ပျော့ပျောင်းပြီး သက်ရောက်မှု အားအင် အများစုကို စုပ်ယူနိုင်လေသည်၊ ဒါကြောင့် သူက တိုက်ခိုက်ခြင်းနဲ့ ကာကွယ်ခြင်း နှစ်ခုစလုံးမှာ ကျွမ်းကျင်တဲ့ သတ္တဝါ တစ်ကောင် ဖြစ်လေသည်။

အချက်ပြ တစ်ခုခု ရရှိလိုက်သလိုမျိုး သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ က ကျန်းပေရန် ကို ကြည့်ပြီး "အူး အူး ဟား ဟား" အသံတွေ စတင် ပြုလုပ်လိုက်လေသည်။

သူ စကားပြောနေရင်း လက်ဟန်ခြေဟန် အမျိုးမျိုး ပြလုပ်နေပြီး ကျန်းပေရန် နဲ့ သူ့အဖွဲ့ကို သူ့အဓိပ္ပာယ် နားလည်စေချင်ပုံ ရလေသည်။

သို့သော် ဟော်ဟုန်ဖေး နဲ့ တခြားသူတွေ အတွက်တော့ ဒီ သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ က ဖော်ပြဖို့ အကြီးအကျယ် ကြိုးစားနေတာ မြင်ရပေမယ့် သူ့ခန္ဓာကိုယ် ဘာသာစကားက အရမ်း ညံ့ဖျင်းလွန်းလေသည်။

သူ ဘာပြောချင်နေလဲ ဆိုတာ ပြောဖို့ မဖြစ်နိုင်ပေ။

"သခင်ကြီး ကြည့်ရတာ... ရန်လိုတဲ့ သဘော မရှိဘူး ထင်တယ်"

ဂျူဇီမင် ရုတ်တရက် ပြောလိုက်လေသည်။

သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ ရဲ့ ခန္ဓာကိုယ် ဘာသာစကား အဓိပ္ပာယ်ကို သူ နားမလည်ပေမယ့် ထူးခြားဆန်းပြား သားရဲတွေနဲ့ ဆက်ဆံဖူးတဲ့ သူ့အတွေ့အကြုံ အရ သဘောထား ကွဲလွဲတာနဲ့ တိုက်ခိုက်တတ်တဲ့ ကြမ်းတမ်းတဲ့ သားရဲတွေနဲ့ ကွာခြားနေတာ သူ မြင်တွေ့နိုင်လေသည်။

ဂျူဇီမင် က ဘာသာပြန်ဖို့ ကြိုးစားနေတုန်း ရှိသေးတာ မြင်တော့ ကျန်းပေရန် သူ့ဘက် လက်ဝှေ့ယမ်းပြပြီး ပြောလိုက်လေသည်။

"သူ့မှာ ရန်လိုတဲ့ သဘော မရှိပါဘူး ငါတို့ ဘယ်က လာတာလဲ၊ ဒီနေရာလွတ်ထဲ ဘယ်လို ဝင်လာတာလဲ မေးချင်နေရုံပါ"

ဒါကို ကြားတော့ ဂျူဇီမင် မှင်သက်သွားပြီး မေးလိုက်လေသည်။

"သခင်ကြီး ဒီထူးခြားဆန်းပြား သားရဲရဲ့ ဘာသာစကားကို နားလည်တယ်လား"

"အင်း"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ ကို စကားပြောဖို့ ပြင်လိုက်တုန်း ရွေးချယ်စရာ နှစ်ခု သူ့ရှေ့မှာ ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - "ငါတို့က ဝေးကွာတဲ့ နေရာကနေ လာကြတာပါ အလွန် အရေးကြီးတဲ့ အရာ တစ်ခုကို ရှာဖွေနေလို့ ဒီကို ရောက်လာတာပါ ဖြစ်နိုင်မယ် ဆိုရင် ဒီအတားအဆီး ပိုင်ရှင်ကို အသိပေးပေးပါ သူနဲ့ လူချင်းတွေ့ပြီး စကားပြောချင်ပါတယ်"

ပြီးမြောက်ဆုလက်ဆောင် - အတွေး ဂူ လက်စွဲ (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - "မင်းတို့သခင်ကို ဒီခေါ်လာခဲ့ ငါ သူနဲ့ပဲ စကားပြောချင်တယ်"

ပြီးမြောက်ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အသွေးအမှတ် +၁]

'သောက်ကျိုးနည်း... ဒီလောက် ရန်လိုရမှာလား'

ဒုတိယ ရွေးချယ်စရာကို ကြည့်ပြီး ကျန်းပေရန် နည်းနည်း ကြောင်အသွားလေသည်။

ဒီ အဆင့် ၇ ထူးခြားဆန်းပြား သားရဲ ၁၅ ကောင်ကို ဘာမှ မဟုတ်သလို သဘောထားရမှာလား။

ဒါပေမဲ့ ကျန်းပေရန် အကြာကြီး တွန့်ဆုတ်မနေခဲ့ပေ။

သူ ဒုတိယ ရွေးချယ်စရာကို အမြန် ရွေးချယ်လိုက်လေသည်။

"မင်းတို့သခင်ကို ဒီခေါ်လာခဲ့ ငါ သူနဲ့ပဲ စကားပြောချင်တယ်"

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - စိတ်ဝိညာဉ် +၁]

"အူး"

"ဝါး"

"ဂူး"

ထူးခြားဆန်းပြား သားရဲ ၁၅ ကောင်လုံး အကြီးအကျယ် ရန်စခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့ရဲ့ ကြမ်းတမ်းတဲ့ သဘာဝတွေကို ထုတ်ဖော်ပြသလိုက်ကြလေသည်။

စုံစမ်းရုံသာ စုံစမ်းဖို့၊ မတိုက်ခိုက်ဖို့ မဟာဘုရင်ကြီး ရဲ့ ကြိုတင် ညွှန်ကြားချက်သာ မရှိရင် သူတို့ တိုက်ခိုက်တာ ကြာပြီ ဖြစ်လေသည်။

သံမဏိကျောကုန်း စဉ်းလဲသော မျောက်ဝံ က ဒီထူးခြားဆန်းပြား သားရဲတွေ ထဲမှာ ဉာဏ်အကောင်းဆုံး တစ်ကောင် ဖြစ်ကြောင်း ထင်ရှားလေသည်။

စုံစမ်းဖို့ အပေါ် အာရုံစိုက်ခိုင်းတယ် ဆိုကတည်းက မဟာဘုရင်ကြီး ကလည်း အတားအဆီးကို ဖြိုခွင်းပြီး ဝင်လာနိုင်တဲ့ ဒီလူသားကို နည်းနည်း သတိထားနေကြောင်း ဆိုလိုလေသည်။

ပြီးတော့ မဟာဘုရင်ကြီး တောင် သတိထားရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို သူတို့ သဘာဝကျကျ သွားမစနိုင်ပေ။

ဒါကြောင့် လူတိုင်း ငြိမ်သက်သွားအောင် "အူး ဂူး အူး ဂူး" လို့ နှစ်ကြိမ်လောက် အလျင်စလို အော်ဟစ်လိုက်ပြီး ကျန်းပေရန် ကို သတိထားကာ ပြောလိုက်လေသည်။

"မင်းက ခြိမ်းခြောက်မှု တစ်ခု မဟုတ်ကြောင်း ငါ သေချာအောင် လုပ်ပြီးမှ ငါတို့ မဟာဘုရင်ကြီး နဲ့ ပေးတွေ့နိုင်မယ်"

'မဟာဘုရင်ကြီး ဟုတ်လား'

ဒီဘွဲ့နာမည်က လူရိုင်း တစ်ယောက်ကို ကျန်းပေရန် မြင်ယောင်လာစေပေမယ့် အဲ့ဒီလူရဲ့ မြင့်မားတဲ့ အစီအရင် နည်းစနစ်တွေကို တွေးမိတော့ သူက အဲ့လောက် ရိုင်းစိုင်းမှာ မဟုတ်ဘူးလို့ ခံစားမိလေသည်။

ရန်လိုဖို့ စတင်လိုက်ပြီ ဆိုရင် အဆုံးထိ ရန်လိုရမယ် ဆိုတဲ့ မူဝါဒကို လိုက်နာပြီး ကျန်းပေရန် ပြုံးကာ ပြောလိုက်လေသည်။

"ငါ စိတ်ကြည်နေတုန်း မင်းတို့ကို ခြိမ်းခြောက်မှု မပါတဲ့ သဘောထားနဲ့ စကားပြောနိုင်သေးတယ် အချိန်ဆွဲနေမယ် ဆိုရင်တော့ နောက်ကျရင် ငါ ဒီလောက် စိတ်ရှည်နိုင်မယ်လို့ အာမမခံနိုင်ဘူး"

ကျန်းပေရန် ပြောလိုက်တာနဲ့ ရွှေရောင်ကျောကုန်း ဘာမြွေ က သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ဆီ တိုက်ရိုက် ပြေးဝင်လာလေသည်။

အပြည့်အဝ သတိရှိနေတဲ့ ဟော်ဟုန်ဖေး က သူ့သခင်ကြီး အတွက် တိုက်ခိုက်မှုကို ကာကွယ်ပေးဖို့ ပြင်လိုက်တုန်း အနက်ရောင် အရိပ် တစ်ခု ကောင်းကင်ပေါ်ကနေ ရုတ်တရက် ဆင်းသက်လာပြီး ဘာမြွေ ကို ခြေထောက်အောက်မှာ ဖိချထားလိုက်လေသည်။

"စုံစမ်းရုံပဲ စုံစမ်းဖို့၊ မတိုက်ခိုက်ဖို့ ငါ မပြောထားဘူးလား"

အနက်ရောင် အရိပ်က သူ့ခြေထောက်အောက်က ရွှေရောင်ကျောကုန်း ဘာမြွေ ကို ကြမ်းတမ်းတဲ့ လေသံနဲ့ ဟိန်းဟောက်လိုက်လေသည်။

အနက်ရောင် အရိပ်ကို သေချာ ကြည့်လိုက်တဲ့ အခါ အနီနဲ့ အနက်ရောင် ရောစပ်နေတဲ့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ တစ်ကောင် ဖြစ်ကြောင်း ကျန်းပေရန် တွေ့လိုက်ရလေသည်။

'ဘုရားရေ... အဆင့် ၈ ပါလား'

သူ့ဝိညာဉ်အာရုံနဲ့ အနည်းငယ် စုံစမ်းလိုက်ရာ အနက်ရောင်ဧကရာဇ် တစ်ပါးနဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံခြင်း အဆင့် ရှိကြောင်း ကျန်းပေရန် အာရုံခံမိလိုက်လေသည်။

ကြမ်းတမ်းသော သားရဲရဲ့ ပုံသဏ္ဍာန်က ကျားတစ်ကောင်နဲ့ တူပြီး ကျောပေါ်မှာ အနီရောင်ရင့် အတောင်ပံ တစ်စုံ ပါရှိလေသည်။

အတောင်ပံပါတဲ့ ကျားတစ်ကောင်လို့ ဖော်ပြတာ အသင့်တော်ဆုံး ဖြစ်လေသည်။

ဒဏ္ဍာရီတွေ အရ ဒီလို ထူးခြားဆန်းပြား သားရဲမျိုးက အလွန် ရှားပါးပြီး အလယ်ပိုင်း မြေပြန့်ဒေသလို ဝိညာဉ်စွမ်းအင် သိပ်သည်းတဲ့ နေရာတွေမှာသာ ပေါက်ဖွားနိုင်လေသည်။

ဒါ့အပြင် ကြမ်းတမ်းသော သားရဲ တစ်ကောင်ရဲ့ အစိတ်အပိုင်း တိုင်းက ကျင့်ကြံသူတွေ အတွက် ရတနာ ဖြစ်နေတာကြောင့် သူတို့က ဖမ်းဆီးခြင်းကို ရှောင်ရှားရမည်၊ မဟုတ်ရင် အရွယ်မရောက်ခင်မှာတင် အရေခွံခွာ၊ အရိုးထုတ်ခံရပြီး မှော်ရတနာတွေနဲ့ ဆေးလုံးတွေ အဖြစ် ပြုလုပ်ခံရမှာ ဖြစ်လေသည်။

အဆင့် ၈ အထိ ကြီးထွားလာနိုင်တဲ့ ဒီလို အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ မျိုးက သေချာပေါက် ရှားပါးမှုတွေထဲက ရှားပါးမှု ဖြစ်လေသည်။

အလယ်ပိုင်း မြေပြန့်ဒေသ ရဲ့ နိုင်ငံကြီး ၆ နိုင်ငံ မှာတောင် အများကြီး တွေ့ရဖို့ မလွယ်ကူပေ။

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ကို မြင်တာနဲ့ ရှိနေတဲ့ အဆင့် ၇ ထူးခြားဆန်းပြား သားရဲ ၁၅ ကောင်လုံး ဒူးထောက်လိုက်ကြပြီး "မဟာဘုရင်ကြီး" လို့ နှုတ်ဆက်လိုက်ကြလေသည်။

ကျန်းပေရန် က ဒီ ကြမ်းတမ်းသော သားရဲ ကို အကဲခတ်နေတုန်း ကြမ်းတမ်းသော သားရဲ ကလည်း သူ့ကို အသည်းအသန် အကဲခတ်နေလေသည်။

ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ မြင်တွေ့ခဲ့ရတာမို့ ကျန်းပေရန် အပေါ် သူ့သတိထားမှုက နက်ရှိုင်းလာခဲ့လေသည်။

'အတားအဆီးကို အတင်း ဖြိုခွင်းပြီး ဝင်ရောက်လာနိုင်တဲ့ လူသား တစ်ယောက်ဆီက မျှော်လင့်ထားသလိုပါပဲ... စွမ်းအားကြီးလိုက်တဲ့ အရှိန်အဝါ'

ဒါပေမဲ့ သူ့လက်အောက်ငယ်သားတွေ အများကြီး ရှေ့မှာ ကြမ်းတမ်းသော သားရဲ အနေနဲ့ မျက်နှာပျက်ခံလို့ မရနိုင်ပေ။

ဒါကြောင့် ခဏ စဉ်းစားပြီးနောက် သူ့ခေါင်းကြီးကို ကျန်းပေရန် ရှေ့ ဆန့်ထုတ်လိုက်ပြီး အနံ့ခံကာ ပြောလိုက်လေသည်။

"ဖော်ရွေတဲ့ အနံ့ပဲ မင်းက တခြား လူသားတွေနဲ့ တကယ် ကွာခြားတာပဲ"

ကြမ်းတမ်းသော သားရဲ စကားပြောပြီးတာနဲ့ ရွေးချယ်စရာ နှစ်ခု ကျန်းပေရန် ရှေ့မှာ ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - "ငါတို့က သဘာဝကျကျ အရမ်း ဖော်ရွေပါတယ် ငါတို့က တစ်ခုခု ရှာဖို့ လာတာပါ"

ပြီးမြောက်ဆုလက်ဆောင် - နေမင်း ၆ စင်း တော်ဝင် ပညာရပ် (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - "နောက်ဆုတ် နောက်ဆုတ် မင်းပါးစပ်က တကယ် နံတယ်"

ပြီးမြောက်ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အသွေးအမှတ် +၁]

'စနစ်က ငါ့ကို နားလည်တာပဲ...'

ကြမ်းတမ်းသော သားရဲရဲ့ ခုနက တည်ငြိမ်အေးဆေးတဲ့ သဘောထားက ကျန်းပေရန် ကို သံသယ အနည်းငယ် ဝင်စေခဲ့ပြီး ဆက်လက် ရန်လိုသင့် မသင့် မသေချာ ဖြစ်စေခဲ့တာ အမှန်ပါပဲ။

အခုတော့ အဲ့ဒီ ဆိုရိုးစကားက တကယ် မှန်ကန်ပုံ ရလေသည်။

ရန်လိုတော့မယ် ဆိုရင် အဆုံးထိ ရန်လိုလိုက်ပါ!

ဒုတိယ ရွေးချယ်စရာကို ရွေးချယ်လိုက်ပြီး ပုပ်ပွနေတဲ့ အလောင်းကောင်တွေလို အနံ့ထွက်နေတဲ့ ကြမ်းတမ်းသော သားရဲရဲ့ ပါးစပ်ကို ရင်ဆိုင်ကာ မောင်းထုတ်တဲ့ လက်ဟန် ပြုလုပ်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"နောက်ဆုတ် နောက်ဆုတ် မင်းပါးစပ်က တကယ် နံတယ်"

ကြမ်းတမ်းသော သားရဲ ခဏတာ မှင်သက်သွားပေမယ့် နောက်ဆုံးမှာ သူ့လက်အောက်ငယ်သားတွေရဲ့ အကြည့်အောက်မှာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပဲ ကျန်းပေရန် ရဲ့ တည်ငြိမ်မှုကြောင့် ကြီးမားတဲ့ ဖိအားကို သူ ခံစားလိုက်ရလေသည်။

ကြမ်းတမ်းသော သားရဲ မျိုးနွယ်စုမှာ ကြီးမားတဲ့ မွေးရာပါ ပါရမီ နှစ်ခု ရှိလေသည်။

ပထမ တစ်ခုက တခြားသူတွေရဲ့ စိတ်ခံစားမှုတွေကို အာရုံခံနိုင်စွမ်း ဖြစ်လေသည်၊ ပျော်ရွှင်ခြင်း (သို့) ဒေါသထွက်ခြင်း ဘယ်သတ္တဝါမှ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ကြမ်းတမ်းသော သားရဲ ဆီကနေ ဖုံးကွယ်ထားလို့ မရနိုင်ပေ။

ဒါတင် မကဘဲ ကြမ်းတမ်းသော သားရဲ ကြီးထွားလာတာနဲ့ အမျှ ဒီပါရမီက ပိုပို စွမ်းအားကြီးလာပြီး တစ်ဖက်လူက ဖော်ရွေလား (သို့) မကောင်းတဲ့ ရည်ရွယ်ချက် ရှိလား ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ အာရုံခံနိုင်စေလေသည်။

ဒုတိယ တစ်ခုက တခြားသူတွေရဲ့ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်း ဖြစ်လေသည်။

တစ်ဖက်လူက သူတို့ ဝိညာဉ်စွမ်းအင်ကို အသုံးမပြုရင်တောင် သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို သူ ဆုံးဖြတ်နိုင်လေသည်။

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ က ဒီပါရမီ နှစ်ခုစလုံးကို ကျွမ်းကျင်နေပြီ ဖြစ်လို့ ကျန်းပေရန် နား ကပ်သွားရုံနဲ့ ဒီလူအုပ်စုမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိကြောင်း အာရုံခံနိုင်ခဲ့လေသည်။

ဒါပေမဲ့ သူ့ကို ရှုပ်ထွေးစေတာက သူ့ရှေ့က လူသားကို ရင်ဆိုင်တဲ့ အခါ ကျင့်ကြံခြင်း အဆင့် အာရုံခံနိုင်တဲ့ သူ့ပါရမီက တကယ် ကျရှုံးသွားခြင်း ဖြစ်လေသည်။

အကြိမ်ကြိမ် အာရုံခံပြီးနောက် ဒီလူသားမှာ ချီသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံခြင်းသာ ရှိကြောင်း သူ အာရုံခံမိလေသည်။

ဒါပေမဲ့ သူ့အရှိန်အဝါက ရှင်းရှင်းလင်းလင်း နှိုင်းယှဉ်မရလောက်အောင် စွမ်းအားကြီးမားနေသည်၊ သူက ချီသန့်စင်ခြင်း နယ်ပယ် လူသား တစ်ယောက် ဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ဒါက ကြမ်းတမ်းသော သားရဲ ကို နည်းနည်း ထိတ်လန့်သွားစေခဲ့လေသည်။

ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းကို ရှင်းရှင်းလင်းလင်း အာရုံမခံနိုင်တာ ဒါ သူ့ဘဝမှာ ပထမဆုံး အကြိမ် ဖြစ်လို့ တစ်ဖက်လူက အလွန် စွမ်းအားကြီးတဲ့ အနက်ရောင်သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှာကို ကြောက်ရွံ့ပြီး မလွဲမသွေ စိုးရိမ်စိတ် ဖြစ်ပေါ်လာခဲ့လေသည်။

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။

ဆုလက်ဆောင် - ဆန္ဒ +၁]

"အလုပ်ဖြစ်တယ်"

ဘာလို့ ဒီလုပ်ရပ်က ဒီလောက် အောင်မြင်သွားလဲ ဆိုတာ သူ မသိပေမယ့် ကြမ်းတမ်းသော သားရဲရဲ့ သဘောထား အရ သူက နည်းနည်း ကြောက်ရွံ့နေကြောင်း၊ ထိတ်လန့်တဲ့ အဆင့်ထိတောင် ရောက်နေကြောင်း ကျန်းပေရန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။

ဒါကြောင့် သံပူနေတုန်း ထု ဆိုသလို အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ကို အကဲခတ်ပြီး ကျန်းပေရန် ဆက်مေးလိုက်လေသည်။

"မင်းက ဒီအတားအဆီး ပိုင်ရှင်လား"

အကဲခတ်ခံနေရတဲ့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ က တကယ်တော့ သိပ်မသေချာ မရေရာ ဖြစ်နေပေမယ့် သူ့လက်အောက်ငယ်သားတွေ ရှေ့မှာ အားနည်းချက် မပြနိုင်တာကြောင့် ခေါင်းမော့ပြီး ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ် ငါပဲ"

"ငါ ဒီကို တစ်ခုခု ရှာဖို့ လာတာ တွေ့တာနဲ့ ငါ ပြန်ထွက်သွားမယ် မင်း ငါ့အတွက် လမ်းပြပေးလို့ ရတယ်"

တစ်ဖက်လူရဲ့ တောင်းဆိုမှုကို ကြားတော့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ မေးလိုက်လေသည်။

"မင်း ဘာရှာနေတာလဲ"

ကျန်းပေရန် က ဧကရာဇ် အဆိပ်ကောင် ကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပေမယ့် သူ့ရဲ့ အဆင့် ၂ ထူးခြားဆန်းပြား သားရဲ ဘာသာစကားက "ဧကရာဇ် အဆိပ်ကောင်" ဆိုတဲ့ စကားလုံးတွေကို ဘာသာပြန်ဖို့ လုံလောက်ခြင်း မရှိပေ၊ ဒါကြောင့် သူ လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။

"အလွန် ရန်လိုတဲ့ အင်းဆက် အမျိုးအစား တစ်မျိုး မင်းတို့ဆီမှာ ရှိလား"

"အင်းဆက် ဟုတ်လား" အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ခေါင်းခါလိုက်လေသည်။

"ပိုတိကျအောင် ပြောပြနိုင်မလား"

ဒါပေမဲ့ ကျန်းပေရန် တိုက်ရိုက် လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။

"ငါတို့ဘာသာ ငါတို့ ရှာလိုက်မယ် ဒါပေါ့ မင်း ဘေးကနေ လိုက်လာလို့ ရတယ်"

ဒီမဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ရဲ့ ခိုင်မာတဲ့ သဘောထားကို ရင်ဆိုင်ရတဲ့ အခါ သူ့အင်အားကို အကဲမခတ်နိုင်တဲ့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ အနေနဲ့ သူ့လက်အောက်ငယ်သားတွေကို လူစုခွဲဖို့ လက်ဟန် ပြရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

"အားလုံး လူစုခွဲလိုက်ကြ ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြ"

ဒီ ထူးခြားဆန်းပြား သားရဲတွေက မအကြပေ။

မဟာဘုရင်ကြီး တောင် ဒီလူသားကို နည်းနည်း သတိထားနေတာ သူတို့ မြင်နိုင်သည်၊ ဒါကြောင့် စကားတစ်ခွန်းမှ မပြောဘဲ "ဟုတ်ကဲ့ မဟာဘုရင်ကြီး" လို့ ဖြေပြီး ချက်ချင်း လူစုခွဲသွားကြလေသည်။

"ယန်ဇယ် ရနံ့ နောက်လိုက်"

"ဟုတ်ကဲ့"

ချူယန်ဇယ် ပြန်ဖြေပြီး အနောက်ဘက်ဆီ လမ်းပြ ထွက်ခွာသွားလေသည်။

သူတို့ တောအုပ်ထဲ ဖြတ်သန်းသွားလာနေတုန်း စကားပြောဖို့ အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးနောက် အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ နောက်ဆုံးမှာ မေးလိုက်လေသည်။

"ထူးခြားဆန်းပြား သားရဲတွေရဲ့ ဘာသာစကားကို မင်း ဘယ်လို နားလည်တာလဲ"

"အဲ့ဒါ အရေးကြီးလို့လား" ရှေ့တည့်တည့် ကြည့်ရင်း ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။

"ငါက ထူးခြားဆန်းပြား သားရဲ ဘာသာစကား ပြောတတ်တဲ့ လူသား တစ်ယောက် တစ်ခါမှ မမြင်ဖူးလို့... နည်းနည်း သိချင်မိလို့ပါ"

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ အတွက် သူက စွမ်းအားကြီး လူသား ကျင့်ကြံသူ အမျိုးမျိုး မြင်ဖူးပေမယ့် သူ့ရှေ့က လူသားလို ဘာသာစကားနဲ့ ဆက်သွယ်နိုင်သူ တစ်ယောက်ကို သူ့ဘဝမှာ ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။

ခုနက ဆက်တိုက် တုန်လှုပ်စရာ ကိစ္စတွေ များလွန်းလို့ ဒီအချက်ကို သတိထားမိဖို့ သူ နည်းနည်း ကြောင်အနေခဲ့တာ ဖြစ်လေသည်။

အခု အခြေအနေ နည်းနည်း သက်သာသွားမှသာ ဒီဆန်းသစ်တဲ့ ခံစားချက်ကို ခံစားဖို့ အချိန်ရလာခြင်း ဖြစ်လေသည်။

ဒါ့အပြင် ထူးခြားဆန်းပြား သားရဲတွေနဲ့ ကျန်းပေရန် ဆက်သွယ်နိုင်တာက အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ကို တုန်လှုပ်စေရုံ သာမက ဟော်ဟုန်ဖေး နဲ့ တခြားသူတွေကို၊ အထူးသဖြင့် ဂျူဇီမင် ကိုလည်း တုန်လှုပ်စေခဲ့လေသည်။

ဇန်တိုင်းပြည် မှာ စွမ်းအားကြီး ထူးခြားဆန်းပြား သားရဲတွေ ရှားပါးခြင်း မရှိပေ၊ တချို့ဆို ဒေသ တစ်ခုကိုတောင် လွှမ်းမိုးထားနိုင်လေသည်။

ဒါကြောင့် နှစ်ဖက်စလုံး ကြားက ပဋိပက္ခတွေက ဘယ်တော့မှ မရပ်တန့်ခဲ့ပေ၊ ဒါပေမဲ့ ထူးခြားဆန်းပြား သားရဲတွေနဲ့ ဆက်သွယ်နိုင်တဲ့ ကျင့်ကြံသူ တစ်ယောက် အကြောင်း သူ တစ်ခါမှ မကြားဖူးခဲ့ပေ၊ အနက်ရောင်သူတော်စင် တစ်ပါးတောင် မလုပ်နိုင်ပေ။

နှစ်ဖက် တွေ့ဆုံတဲ့ အခါ အမြဲတမ်း တိုက်ပွဲ ဖြစ်ပွားလေ့ ရှိလေသည်။

'သခင်ကြီး က တကယ် အထွတ်အထိပ် နတ်ဘုရား စွမ်းရည်တွေနဲ့ ကြီးမြတ်တဲ့ ဆရာသခင်ကြီး တစ်ပါးပါပဲ'

ဒီအတွေး ပြီးနောက် စိတ်ကူး တစ်ခု ဂျူဇီမင် ရဲ့ စိတ်ထဲမှာ ရုတ်တရက် လက်ခနဲ ပေါ်လာခဲ့သည်၊ ဇန်တိုင်းပြည် ရဲ့ အခင်းအကျင်း တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မယ့် စိတ်ကူး တစ်ခု ဖြစ်လေသည်။

'သခင်ကြီး သဘောတူမလား မသိဘူး...'

ရှေ့ကို ခဏ ဆက်လျှောက်သွားပြီးနောက် အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ထပ်ပြောလိုက်လေသည်။

"မင်း ဘယ်လို ဝင်လာလဲ ပြောပြလို့ ရမလား"

ဒီမေးခွန်းကို ကြားတော့ ကျန်းပေရန် ပြန်မမေးဘဲ မနေနိုင်တော့ပေ။

"အဲ့ဒီ ထူးခြားဆန်းပြား သားရဲတွေက မင်းကို မဟာဘုရင်ကြီး လို့ ခေါ်ကြတယ် ဒါပေမဲ့ ဒီအတားအဆီး ပိုင်ရှင်က... မင်း မဟုတ်ဘူး မလား"

ဒါကို ကြားတော့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ အချိန်အကြာကြီး တွန့်ဆုတ်နေလေသည်။

နောက်ဆုံးမှာ ကျန်းပေရန် ဆီကနေ ဖော်ရွေတဲ့ အရှိန်အဝါကို ခံစားနေရဆဲ ဖြစ်လို့ သူ ပြန်ဖြေလိုက်လေသည်။

"ဒီအတားအဆီးကို ငါ တည်ဆောက်ထားတာ မဟုတ်ပါဘူး"

ကျန်းပေရန် နည်းနည်း စိတ်ပျက်သွားလေသည်။

ထူးခြားဆန်းပြား သားရဲတွေက အဆင့်မြင့်လာရင် အစီအရင် တည်ဆောက်ဖို့ အထူး နည်းလမ်းတချို့ ရှိကောင်း ရှိနိုင်မယ်လို့ သူ ထင်ထားခဲ့မိလေသည်။

သူ အလကား မျှော်လင့်နေမိပုံ ရလေသည်။

သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ထပ်မေးလိုက်လေသည်။

"ဒါဆို မင်းတို့ ဒီမှာ ပိတ်မိနေတာလား၊ မတော်တဆ ဝင်လာမိတာလား"

"နှစ်ခုစလုံး မဟုတ်ဘူး"

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ခေါင်းခါလိုက်လေသည်။

"လူသား တစ်ယောက်က ငါတို့ကို ဒီအတားအဆီးနဲ့ ကာကွယ်ပေးထားတာ"

"အို"

ဒီ ထူးခြားဆန်းပြား သားရဲတွေက အပြင်က ကောင်တွေလို လူသား မြင်တာနဲ့ အော်ဟစ် တိုက်ခိုက်တာမျိုး ဘာလို့ မလုပ်ကြလဲ ဆိုတာ ကျန်းပေရန် ချက်ချင်း နားလည်သွားလေသည်။

သူတို့ကို သတိထားတာ အပြင် လူသားတွေ အပေါ် စေတနာ ထားတဲ့ အစိတ်အပိုင်းတချို့လည်း ရောနှောနေတာ ဖြစ်လေသည်။

"မင်းတို့ဘက်မှာ လူသားတွေ ရှိတယ်လား"

ဘယ်နိုင်ငံမှာမဆို လူသားတွေနဲ့ ထူးခြားဆန်းပြား သားရဲတွေက သေရှင် ရန်သူတွေ ဖြစ်တယ် ဆိုတာ ပုံသေ နီးပါး ဖြစ်နေလို့ ထူးခြားဆန်းပြား သားရဲတွေကို ကာကွယ်ပေးဖို့ ဒီလောက် ကြီးမားတဲ့ ကောင်းကင်စကြာဝဠာ မီးခိုးအိပ်မက် အစီအရင် ကို ဘယ်သူ တည်ဆောက်ပေးထားလဲ ဆိုတာ ကျန်းပေရန် သိချင်မိလေသည်။

ဒီမဟာ အစီအရင် တည်ဆောက်ဖို့ ဆိုတာ တော်တော် များပြားတဲ့ ကပ်ဘေး တံဆိပ်တုံးတွေနဲ့ ရတနာ အဆောင်လက်ဖွဲ့တွေ လိုအပ်ပြီး အားလုံးက တော်တော် တန်ဖိုးကြီးတယ် ဆိုတာ သိထားရမည်။

"ဟုတ်တယ်"

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ခေါင်းညိတ်လိုက်လေသည်။

"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လူသားတွေ ငါတို့ နယ်မြေကို ကျူးကျော်လာခဲ့တယ် လနဲ့ချီ ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြီးနောက် ငါတို့ ခေါင်းဆောင် ဖမ်းဆီးခံလိုက်ရပြီး ကျန်တဲ့ ငါတို့က အရပ်မျက်နှာ အသီးသီး ထွက်ပြေးခဲ့ရတယ်"

"ဒါပေမဲ့ လူသားတွေက ငါတို့ကို ဘယ်လိုလုပ် အလွယ်တကူ လွှတ်ပေးမှာလဲ ငါတို့ အမျိုးတွေ ပိုပို များများ လမ်းမှာ အသတ်ခံရတယ် (သို့) အဖမ်းခံရတယ် လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ငါတို့ ထင်နေတုန်း လူသား တစ်ယောက်က ငါတို့ကို ဒီနေရာ ခေါ်လာပြီး ထွက်သွားခဲ့တယ်"

"၁၀ နှစ် ကြာသွားပြီ အဲ့ဒီလူသား တစ်ခါမှ ပြန်မလာတော့ဘူး ဒါပေမဲ့ သူ ငါတို့ကို ကာကွယ်ပေးထားတယ် ဆိုတာ ငါတို့ အားလုံး သိတယ် မဟုတ်ရင် အဲ့ဒီ သတ်ဖြတ်မှု ကနေ ငါတို့ ဘယ်သူမှ အသက်ရှင်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး"

'၁၀ နှစ်...'

အချိန်ကာလ အရ ကြည့်ရင် အစီအရင် ပညာရှင်က စိတ်ကူးပေါက်ပြီး သူတို့ကို ကယ်တင်ခဲ့တာ ဖြစ်လောက်တယ်လို့ ကျန်းပေရန် ခံစားမိလေသည်။

ဒါပေါ့ သူက ထူးခြားဆန်းပြား သားရဲတွေနဲ့ အရမ်း ပတ်သက်ဆက်နွယ်နေတာကို ရှောင်ရှားချင်လို့လည်း ဖြစ်နိုင်လေသည်။

ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူ အများစုရဲ့ မျက်လုံးထဲမှာ ထူးခြားဆန်းပြား သားရဲတွေနဲ့ မိတ်ဖွဲ့တဲ့ ဘယ်သူမဆို သူတို့နဲ့ အတူတူ အပယ်ခံ အဖြစ် သတ်မှတ်ခံရမှာ သေချာလေသည်။

"မင်းတို့ အပြင်ထွက်ဖို့ ကြိုးစားဖူးလား" ကျန်းပေရန် မေးလိုက်လေသည်။

"ကြိုးစားဖူးတယ်" အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ခေါင်းညိတ်လိုက်လေသည်။

"ဒါပေမဲ့ ငါတို့ ဘယ်လို ထွက်ရမလဲ မသိဘူး"

'အဲ့ဒီလူက တကယ်ပဲ သူတို့ကို ကယ်တင်ခဲ့ပြီး ဂရုမစိုက်တော့တာပဲ...'

စိတ်ထဲကနေ ညည်းညူနေတုန်း အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ က စိတ်လှုပ်ရှားမှုတချို့နဲ့ ရုတ်တရက် မေးလိုက်လေသည်။

"မင်း... မင်း ငါတို့ကို အပြင်ခေါ်ထုတ်သွားပေးလို့ ရမလား"

"ဒါပေါ့ ဒါပေမဲ့ အပြန်အလှန် အနေနဲ့ ငါ့ကို ဘာပေးနိုင်မလဲ"

"အပြန်အလှန် ဟုတ်လား"

အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ က သူ့ရဲ့ ထူထဲ ရှည်လျားတဲ့ အမြီးကို ခါလိုက်လေသည်။

"မင်း ဘယ်လို အပြန်အလှန်မျိုး လိုချင်တာလဲ"

"မင်းဆီမှာ ဘာရှိလဲ ငါ အရင် သိဖို့ လိုတယ်"

ပြောပြီးနောက် ကျန်းပေရန် စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဒါပေမဲ့ မင်း အပြင် တကယ် ထွက်ချင်တာ သေချာလို့လား"

ဒါကို ကြားတော့ အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ ခြေလှမ်း ရပ်တန့်လိုက်ပြီး သူ့မျက်နှာထား ရှုပ်ထွေးသွားလေသည်။

'ဟုတ်သားပဲ... အပြင်လောကကြီးက အရမ်း အန္တရာယ် များတယ် ဒါပေမဲ့ ဒီမှာ ထာဝရ နေရမှာကိုလည်း... သိပ်မလိုလားဘူး'

"အူး..."

ရွေးချယ်စရာ မရှိ ဖြစ်နေပြီး အမှောင် ကမ္ဘာ ကြမ်းတမ်းသော သားရဲ အော်ဟစ်လိုက်လေသည်။

All Chapters