← Chapters

သူက ဘာလို့ တခြားသူတွေနဲ့ အမြဲ ကွဲပြားနေတာလဲ

Vol. 41 Ch. 485

သူက ဘာလို့ တခြားသူတွေနဲ့ အမြဲ ကွဲပြားနေတာလဲ

Vol. 41 Ch. 485

လက်ဖက်ရည် ၃ ခွက် သောက်ပြီးတဲ့ အခါ အရေးကြီး ကိစ္စ တစ်ခုခု ရှိလို့ သူ့ကို ဒီလောက် အလျင်စလို လာရှာတယ်လို့ ကျန်းပေရန် ထင်ခဲ့မိလေသည်။

ဒါပေမဲ့ တကယ်တမ်းကျတော့ ကျန်းပေရန် က သူ့ကို အထင်ကြီးလွန်းခဲ့တာ ဖြစ်လေသည်။

သူ စိုးရိမ်နေရတဲ့ အကြောင်းရင်း တစ်ခုတည်းက ကောင်းလန်ဝမ် ဒီရက်ပိုင်း စိတ်ဓာတ်ကျနေသလို ဖြစ်နေလို့ပါပဲ။

သူ့နတ်သမီးလေး စိတ်ညစ်နေလေသည်။

ငါးစာတစ်ကောင်... မဟုတ်ဘူး ပိုးပန်းသူ တစ်ယောက် အနေနဲ့ သူ ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ။

ဒီကိစ္စကို တခြား ဘယ်သူနဲ့မှ သူ မဆွေးနွေးနိုင်ဘူး၊ ဒါကြောင့် ပေရန် ပြန်ရောက်တာ ကြားတာနဲ့ ချက်ချင်း ပြေးလာခဲ့တာ ဖြစ်လေသည်။

သူ့ဇာတ်လမ်း ပြောပြပြီးတဲ့ အခါ ရှီဟုန်ဖန် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန် ကို ကြည့်ကာ ပြောလိုက်လေသည်။

"မင်း ပြန်ရောက်ပြီ ဆိုတော့ မနက်ဖြန် ကျောက်စိမ်းလက်ရာမြောက် အလုပ်ရုံဆီ ငါနဲ့ အတူ လိုက်ခဲ့ပါ ကောင်းမွန်တဲ့ ရတနာ ပစ္စည်း အသစ်တွေ အခုလေးတင် ရောက်လာတယ် မင်းကို လိုက်ပြမယ်"

ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အလုပ်ကိစ္စ ရောထွေးနေမှန်း သိသာတဲ့ ရှီဟုန်ဖန် ရဲ့ စကားကို ကြားတော့ ကျန်းပေရန် ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"အရမ်း ကောင်းတာပေါ့"

"ဟားဟားဟား ကောင်းတယ် သောက်ပါ သောက်"

ရှီဟုန်ဖန် ကျေနပ်စွာ ပြန်မသွားခင် ညရောက်တဲ့ အထိ သူတို့ သောက်ခဲ့ကြလေသည်။

အဲ့ဒီနောက် လက်ဖက်ရည် ပန်းကန်ခွက်ယောက်တွေကို ဆေးကြောဖို့ ဘေစင်ဆီ ကျန်းပေရန် ယူသွားလိုက်လေသည်။

"ငါ ကူညီပေးမယ်"

ဒါကို မြင်တော့ ရှီဖုန်းလန် ချက်ချင်း ပြေးလာပြီး လက်ဖက်ရည်ခွက် တစ်လုံး ကောက်ယူကာ သူနဲ့ အတူ စတင် ဆေးကြောလေသည်။

"သခင် ကျွန်မ လုပ်လိုက်ပါ့မယ်" လျှောက်လာရင်း ရှဲ့လင်းတန်း ပြောလိုက်လေသည်။

ရှဲ့လင်းတန်း ကို မော့ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ရှီမျိုးနွယ်စု ဆီ ရောက်ကတည်းက မင်း ပုံမှန် မဟုတ်ဘဲ တင်းမာနေသလိုပဲ မင်း မကျွမ်းကျင်တဲ့ အရာ တစ်ခုခု ရှိနေလို့လား၊ ဒါမှမဟုတ် နေမကောင်း ဖြစ်နေတာလား"

သူမ ကောင်းကောင်း ဖုံးကွယ်ထားတယ်လို့ ရှဲ့လင်းတန်း ထင်ခဲ့ပေမယ့် သူမ သခင်က သူမကို ဖောက်ထွင်းမြင်နေမယ်လို့ မထင်ထားခဲ့မိပေ။

"ကျွန်မ... ကျွန်မ ဘာဖြစ်မှန်း မသိပါဘူး ပျံသန်းသော စံအိမ်ပေါ်က ဆင်းကတည်းက ကြက်သီးတွေ အမြဲ ထနေသလို ခံစားနေရတယ်"

'သူမ... အမွေးထောင်နေတာလား'

ကြက်သီးထခြင်းရဲ့ သဘောတရားက တိရစ္ဆာန် တစ်ကောင် အမွေးထောင်တာနဲ့ အတူတူပါပဲ။

လူသားတွေမှာ ထောင်ဖို့ အမွေးအမျှင် အလုံအလောက် မရှိတော့ ကြက်သီးထတာ ဖြစ်သွားရုံပါပဲ။

ပြီးတော့ အမွေးထောင်ခြင်း အတွက် အကြောင်းပြချက် တစ်ခုတည်းသာ ရှိတတ်သည်၊ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း ဖြစ်လေသည်။

'ဒါဆို လင်းတန်းက တစ်ခုခုကို ဗီဇအရ ကြောက်ရွံ့နေတာလား'

ရှဲ့လင်းတန်း ရဲ့ ထူးခြားမှု အကြောင်းရင်းကို ဒီ ရှီမျိုးနွယ်စု မှာ ရှာတွေ့နိုင်လောက်တယ်လို့ ကျန်းပေရန် ခံစားလိုက်ရလေသည်။

အရာရာကို သဘာဝ အတိုင်း ဖြစ်ပျက်ခွင့် ပြုခြင်း မူဝါဒကို လိုက်နာပြီး ကျန်းပေရန် ထပ်မမေးတော့ပေ။

လက်ဖက်ရည် ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီးနောက် ရှီဖုန်းလန် နဲ့ အတူ "ကျင့်ကြံခြင်း တုပမှု" ကစားဖို့ သူ သွားလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ညနက်နေပြီမို့ ဘယ်သူ့ဆီမှ သွားလည်ဖို့ အချိန်ကောင်း မဟုတ်တော့ပေ။

မနက်ဖြန် အထိ စောင့်တာ ပိုကောင်းလေသည်။

နောက်တစ်နေ့ မနက်မှာ ကျန်းပေရန် အိပ်ရာက နိုးကာစပဲ ရှိသေးပြီး မနက်စာတောင် မပြင်ဆင်ရသေးခင်မှာတင် ပင်မ တံခါးဝ အပြင်ဘက်မှာ ရပ်ထားတဲ့ ရင်းနှီးနေတဲ့ မြင်းလှည်း တစ်စီးကို တွေ့လိုက်ရလေသည်။

သံသယ ဖြစ်စရာ မလိုဘဲ ရှီဟုန်ဖန် ရောက်နေတာ ဖြစ်လေသည်။

'သူ တကယ် အလျင်လိုနေတာပဲ...'

စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကျန်းပေရန် တံခါးဖွင့်ကာ ထွက်သွားလိုက်လေသည်။

သားရဲ နှစ်ကောင်က ကျန်းပေရန် ကို မြင်တာနဲ့ ချက်ချင်း ပြုံးဖြဲဖြဲ လုပ်ပြီး သူတို့ရဲ့ စေတနာကို ပြသဖို့ ခေါင်းတွေကို မရပ်မနား ငြိမ့်ပြနေလေသည်။

ဒီမိစ္ဆာသခင်ကြီး သူတို့ကို ထပ်စနောက်မှာ ကြောက်လွန်းလို့ သူတို့ရဲ့ ပျော်ရွှင်မှုကို ဖော်ပြဖို့ အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်လေသည်။

ဒီအချိန်မှာ ရှီဟုန်ဖန် မြင်းလှည်း တံခါး ဖွင့်လိုက်ပြီး ပြောလိုက်လေသည်။

"ပေရန် မြန်မြန် တက်ခဲ့ ငါ မင်းအတွက် မနက်စာ ပြင်ဆင်ထားပြီးပြီ"

ငြင်းဆန်ဖို့ ခက်ခဲတဲ့ ဧည့်ဝတ်ကျေပွန်မှုကို ရင်ဆိုင်ရတဲ့ အခါ ကျန်းပေရန် လက်သီးဆုပ်ပြီး မြင်းလှည်းပေါ် တက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် လက်ရာမြောက် အလုပ်ရုံ က အရေးကြီးတဲ့ နေရာ တစ်ခု ဖြစ်ပြီး ရှဲ့လင်းတန်း လို ပြင်ပလူ တစ်ယောက်ကို ခေါ်သွားဖို့ မဖြစ်နိုင်ပေ။

ရှီဖုန်းလန် ကတော့ တစ်ညလုံး ကစားထားလို့ အိပ်ပျော်နေတုန်း ဖြစ်လေသည်။

လက်ရာမြောက် အလုပ်ရုံ ဆီ မြင်းလှည်း ရောက်တဲ့ အခါ ကျန်းပေရန် မဆင်းရသေးခင်မှာတင် မယုံနိုင်လောက်အောင် ရင်းနှီးတဲ့ အသံ တစ်သံကို ကြားလိုက်ရလေသည်။

"ကျောက်စိမ်း"

အသံက အလွန် ခြောက်ခြားစရာ ကောင်းလောက်အောင် တောင့်တမှု ပြည့်ဝနေသည်၊ သေဆုံးလုနီးပါး ဖြစ်ပြီး ပြန်ရှင်လာသလို အချစ်ရေး တစ်ခုကို မကြုံတွေ့ဖူးဘဲ ဒီလို အသံမျိုး ပြုလုပ်ဖို့ မဖြစ်နိုင်ပေ။

အသံနဲ့ အတူ လျူဝေနင် က အဝေးကနေ သူတို့ဆီ ရူးသွပ်စွာ ပြေးလာနေတာကို မြင်းလှည်းပေါ်ကနေ ကျန်းပေရန် မြင်လိုက်ရလေသည်။

ရှီဟုန်ဖန် ကြားလိုက်ရပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"မင်း ထွက်သွားပြီးနောက် ဒီကောင်မလေးက မင်းကို သေလောက်အောင် လွမ်းနေတာ ကိုယ်အလေးချိန်တောင် ကျသွားတယ်"

"သူမ လွမ်းနေတာက ကျွန်တော့်လက်စွပ်ထဲက ကျောက်စိမ်းတုံးပါ"

ကျန်းပေရန် ပြုံးပြီး ပြန်ဖြေလိုက်လေသည်။

"ဟားဟားဟား အတူတူပဲ အတူတူပါပဲ"

မြင်းလှည်း ဖြည်းဖြည်းချင်း ရပ်တန့်သွားတဲ့ အခါ မြင်းလှည်း တံခါးကို တိုက်ရိုက် တွယ်ကပ်နေတဲ့ လျူဝေနင် ကို ကျန်းပေရန် ပြောလိုက်လေသည်။

"နောက်ဆုတ်"

ငန်းဖြူ ကျောက်စိမ်း ကို သူမ သေလောက်အောင် လွမ်းဆွတ်နေပေမယ့် ဆရာ့ အမိန့်ကို လျူဝေနင် နာခံတုန်းပါပဲ၊ ဒါကြောင့် သူမ နောက်ကို ခြေလှမ်း နှစ်လှမ်း ချက်ချင်း ဆုတ်လိုက်လေသည်။

တံခါးဖွင့်လိုက်ပြီး လျူဝေနင် တကယ်ပဲ ကိုယ်အလေးချိန် တော်တော် ကျသွားတာ မြင်တော့ ကျန်းပေရန် ခေါင်းမခါဘဲ မနေနိုင်တော့ပေ။

သူ့ သိုလှောင်လက်စွပ် ထဲက ငန်းဖြူ ကျောက်စိမ်း ကို ထုတ်ယူပြီး သူမကို ကမ်းပေးလိုက်လေသည်။

"ကျောက်စိမ်း" ငန်းဖြူ ကျောက်စိမ်း ကို သတိထားပြီး ယူရင်း လျူဝေနင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

သူမ မျက်နှာကို ငန်းဖြူ ကျောက်စိမ်း နဲ့ အကြိမ်ကြိမ် ပွတ်သပ်လိုက်ပြီး စစ်မှန်တဲ့ ကျေနပ်မှု အပြည့်နဲ့ အာမေဋိတ် ပြုလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

လျူဝေနင် ရဲ့ ညှို့ယူဖမ်းစားခံထားရတဲ့ အခြေအနေကို ကြည့်ပြီး ငန်းဖြူ ကျောက်စိမ်း ကြောင့် မကောင်းဆိုးဝါးချီ ဖိနှိပ်ခံခဲ့ရတဲ့ လင်ယွီယန် ကို ကျန်းပေရန် သတိရသွားလေသည်။

'ဒီကောင်မလေး ခန္ဓာကိုယ်မှာလည်း မကောင်းဆိုးဝါး အရှိန်အဝါ တစ်မျိုးမျိုး ကပ်ငြိနေတာများလား'

ထာဝရ ကျော့ရှင်းသော အခန်း ထဲ ဝင်ရောက်ပြီးနောက် ကျန်းပေရန် က ရှီဟုန်ဖန် နောက်လိုက်ပြီး ဒုတိယထပ်ကို တက်သွားရာ ဒီရက်ပိုင်း စိတ်ဓာတ်ကျနေတယ်လို့ ရှီဟုန်ဖန် ပြောတဲ့ ကောင်းလန်ဝမ် ကို တွေ့လိုက်ရလေသည်။

ဝမ်းနည်းနေတဲ့ အလှပဂေးလေး တစ်ယောက်မှာ ထူးခြားတဲ့ ဆွဲဆောင်မှု တစ်မျိုး ရှိတယ် ဆိုတာ ပြောရပေမည်။

နာကျင်မှုကြောင့် ရင်ဘတ်ကို ဆုပ်ကိုင်ထားတဲ့ ရှီးရှီ (တရုတ် အလှပဂေး ၄ ဦးတွင် တစ်ဦး) ရဲ့ ဇာတ်လမ်းက ဂန္ထဝင် ပုံပြင် တစ်ပုဒ် အဖြစ် လက်ဆင့်ကမ်းလာတာ အံ့သြစရာ မဟုတ်တော့ပေ။

ဒီအချိန်မှာ ကောင်းလန်ဝမ် က တစ်ခုခုကြောင့် စိတ်ဒုက္ခ ရောက်နေပုံ ရလေသည်။

သူမက အတွေးထဲ နစ်မြုပ်နေပြီး မျက်မှောင်ကြုတ်ကာ သူတို့ ၃ ယောက် လှေကားပေါ် တက်လာတာကိုတောင် သတိမထားမိပေ။

မြင်ကွင်းက ရှီဟုန်ဖန် ရဲ့ နှလုံးသားကို နာကျင်စေခဲ့ပေမယ့် ဒီကွဲပြားခြားနားတဲ့ အလှတရားကြောင့် သူ လုံးဝ ဖမ်းစားခံလိုက်ရလေသည်။

ကျောက်စိမ်းကို ပွတ်သပ်နေတုန်း ဖြစ်တဲ့ လျူဝေနင် က သူမ အလုပ်ကိစ္စကို မမေ့သေးပေ။

သူမ ကောင်းလန်ဝမ် ဆီ အပြေးလေး သွားပြီး နားနားကပ်ကာ တီးတိုး ပြောလိုက်လေသည်။

"ဆရာ ဆရာကြီး ရောက်နေပါတယ်"

ဒါကို ကြားတော့ ကောင်းလန်ဝမ် အစပိုင်းမှာ မှင်သက်သွားပြီး အံ့သြတကြီး ခေါင်းလှည့်ကြည့်လိုက်ရာ ရှီဟုန်ဖန် နဲ့ ယှဉ်တွဲ ရပ်နေတဲ့ ကျန်းပေရန် ကို တွေ့လိုက်ရလေသည်။

"ဆရာ ဘယ်တုန်းက ပြန်ရောက်တာလဲ" ကောင်းလန်ဝမ် အာမေဋိတ် ပြုလိုက်လေသည်။

"အိမ်တော်သခင်ရှီ က ကျွန်တော့်ကို လာခေါ်တာ ခင်ဗျားမှာ အစီအရင်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိနေပုံ ရတယ်လို့ သူ ပြောတယ်"

ဒါကို ကြားပြီးနောက် ကောင်းလန်ဝမ် က ရှီဟုန်ဖန် ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

"ရှင် က အရမ်း စဉ်းစားဉာဏ် ရှိတာပဲ အိမ်တော်သခင်ရှီ"

ကောင်းလန်ဝမ် ရဲ့ ကျေးဇူးတင်စကားကို ကြားတော့ ရှီဟုန်ဖန် ချက်ချင်း စိတ်ထဲကနေ ကျန်းပေရန် ကို လက်မအကြိမ် တစ်သောင်းလောက် ပေးလိုက်လေသည်။

သူက အရမ်း ပါးနပ်လွန်းလေသည်။

ခဏတာ ပျော်ရွှင်မှုထဲ နစ်မြုပ်နေပြီးနောက် ရှီဟုန်ဖန် လက်သီးဆုပ်ပြီး ပြောလိုက်လေသည်။

"ခန်းမသခင်ကောင်း က ယဉ်ကျေးလွန်းနေပြီ ဒါ ကျွန်တော် လုပ်သင့်တဲ့ အလုပ်လေ"

ရှီဟုန်ဖန် နဲ့ ယဉ်ကျေးမှု စကား ဖလှယ်ပြီးနောက် ကောင်းလန်ဝမ် စာအုပ်ငယ် တစ်အုပ် ကောက်ယူပြီး ကျန်းပေရန် ရှေ့ ရောက်လာလေသည်။

"ဆရာ ကျွန်မ ဆရာ့ကို မေးချင်တဲ့ မေးခွန်း အများကြီး ရှိတယ်"

ကျန်းပေရန် စာအုပ်ငယ်ကို ယူလိုက်ပြီး စာမျက်နှာ အနည်းငယ် လှန်လှောကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒါတွေ အကုန်လုံး ခင်ဗျားကို ကျွန်တော် သင်ပေးပြီးပြီ မဟုတ်ဘူးလား"

"ဒါပေမဲ့ သူတို့ကို အတူတူ စီစဉ်လိုက်တဲ့ အခါ ဘာအဓိပ္ပာယ်လဲ ဆိုတာ ကျွန်မ သိပ်နားမလည်သေးလို့"

"ကောင်းပြီလေ ဒီနေ့ ခင်ဗျားကို နောက်တစ်ကြိမ် ရှင်းပြပေးမယ်"

ကျန်းပေရန် ဆရာ တစ်ယောက်လို ပြုမူနေတာ ကြည့်ရင်း ခန်းမသခင်ကောင်း လို လူတစ်ယောက် ရှေ့မှာတောင် သူ ဘယ်လိုလုပ် ဒီလောက် တင်းမာနေနိုင်လဲ ဆိုတာ ရှီဟုန်ဖန် စိတ်ထဲကနေ အံ့သြနေမိလေသည်။

တစ်ချိန်တည်းမှာပဲ ဒီလို သဘောထားမျိုးနဲ့ ဆိုရင် ကျန်းပေရန် ဒီတစ်သက် မိန်းမ ရမှာ မဟုတ်ဘူးလို့ သူ တွေးမိလေသည်။

ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေက ချော့မြှူပြီး ဂရုစိုက်ခံရတာ လိုအပ်တယ်လေ။

တစ်နေ့လုံး ဒီလောက် ကြမ်းတမ်းပြီး တင်းမာနေသူ တစ်ယောက်က အမျိုးသမီး တစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုလုပ် ရယူနိုင်မှာလဲ။

ရှီဟုန်ဖန် သူ့အတွေးတွေထဲ နစ်မြုပ်နေတုန်း မေးစရာ မေးခွန်းတွေ ပုံနေတဲ့ ကောင်းလန်ဝမ် က သူ့ကို ကြည့်ပြီး ပြောလိုက်လေသည်။

"အိမ်တော်သခင်ရှီ ကျွန်မ အစီအရင်တွေ လေ့လာတော့မလို့ ဒါကြောင့် ကျေးဇူးပြုပြီး..."

"စိတ်မပူပါနဲ့ ကျွန်တော် နားလည်ပါတယ်"

သဘောတူညီမှု စကား တစ်ခွန်းနဲ့ အတူ ရှီဟုန်ဖန် နှုတ်ဆက်ပြီး အရင်တုန်းက သူ လုပ်သလိုပဲ ပထမထပ်ဆီ ဆင်းသွားလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ကျန်းပေရန် ရဲ့ သင်ကြားမှုအောက်မှာ မိန်းကလေးတွေက သူတို့ အရူးလုပ်တာကို တခြားသူတွေ မြင်မှာ မလိုလားဘူး ဆိုတာ သူ နားလည်လာခဲ့လေသည်၊ အထူးသဖြင့် သူတို့ ကြိုက်တဲ့ သူ ရှေ့မှာပေါ့။

'ခန်းမသခင်ကောင်း က သူမရဲ့ ကိုးရိုးကားရား နိုင်တဲ့ ဘက်ကို မမြင်စေချင်ဘူးပဲ

ဒါပေမဲ့ ကျွန်တော် ဘယ်လိုလုပ် စိတ်ရှိမှာလဲ ချစ်စရာ ကောင်းတဲ့ ရိုးအတဲ့ မိန်းကလေးလေး'

...

ရှီဟုန်ဖန် ထွက်သွားပြီးနောက် ကောင်းလန်ဝမ် စာအုပ်ငယ်ကို ချလိုက်ပြီး လက်ဖက်ရည် စားပွဲဆီ လျှောက်သွားကာ ကျန်းပေရန် ကို မေးလိုက်လေသည်။

"ဆရာ တစ်ခုခု သောက်မလား"

ကျန်းပေရန် လက်ဝှေ့ယမ်းလိုက်လေသည်။

"မသောက်တော့ဘူး အချိန်က ကျပ်နေတယ် စကြရအောင်"

အချိန်က အနှစ်သာရ ဖြစ်နေသလို ကျန်းပေရန် ပြုမူနေတာ မြင်တော့ ရင်းနှီးနေတဲ့ မေးခွန်း တစ်ခု ကောင်းလန်ဝမ် ရဲ့ ရင်ထဲမှာ နောက်တစ်ကြိမ် မြင့်တက်လာလေသည်။

'သူက ဘာလို့ တခြား ယောက်ျားတွေနဲ့ အမြဲ ဒီလောက် ကွဲပြားနေရတာလဲ'

သင်ခန်းစာ အတွင်းမှာ ကျန်းပေရန် တစ်ခုခုကို တွေ့ရှိလိုက်ရလေသည်။

အစီအရင်တွေက သင်ယူဖို့ တကယ် ခက်ခဲတာပဲ။

အစီအရင် လက်စွဲစာအုပ် တစ်အုပ်တည်းနဲ့ ကိုယ့်ဘာသာကိုယ် သင်ယူနိုင်တဲ့ လီဖူချန် လို လူမျိုးက လုံးဝ ဘီလူးကောင်ကြီး တစ်ကောင်ပါပဲ။

ကျန်းပေရန် က အစီအရင်တွေကို ဘယ်သူ့ကိုမှ လက်တွေ့ကျကျ မသင်ပေးဖူးပေမယ့် ကောင်းလန်ဝမ် က မတုံးဘူး ဆိုတာ သူ ပြောနိုင်လေသည်။

ဒါ့အပြင် သူမ စာအုပ်ငယ်ထဲက သိပ်သည်းစွာ ရေးမှတ်ထားတဲ့ မှတ်စုတွေက သူမ တကယ်ပဲ အလေးအနက်ထား လေ့လာနေကြောင်း ပြသနေလေသည်။

ဒါပေမဲ့ အဲ့လိုတောင် ကောင်းလန်ဝမ် ရဲ့ သင်ယူမှု တိုးတက်နှုန်းက နှေးကွေးလွန်းနေသေးလေသည်။

သူမရဲ့ ပါရမီ အဆင့်နဲ့ ဆိုရင် ကိုယ်တိုင် လေ့လာမှု ကနေတဆင့် ကျွမ်းကျင်လာဖို့ တောင်းဆိုတာက သူမအတွက် တကယ် လွန်ကဲနေခြင်း ဖြစ်လေသည်။

'ထင်ထားတဲ့ အတိုင်းပဲ ပါရမီရှင်တွေကို သင်ပေးရတာ အသားကျသွားရင် စံနှုန်းတွေက မြင့်မားလာတာပဲ'

သို့သော် ကျန်းပေရန် က ကောင်းလန်ဝမ် ကို ဒီလိုပဲ လက်လျော့လိုက်ဖို့ ရည်ရွယ်ချက် မရှိပေ။

ဘာပဲဖြစ်ဖြစ် အစီအရင်တွေ သူမကို သင်ပေးမယ်လို့ သူ ကတိပေးထားပြီးသားလေ။

ဒါကြောင့် ကျောင်းသားရဲ့ ပါရမီကို တိုးတက်အောင် လုပ်လို့ မရရင် လုပ်လို့ ရနိုင်တဲ့ တစ်ခုတည်းသော အရာက သင်ကြားရေး နည်းလမ်းပါပဲ။

သူ့ သိုလှောင်လက်စွပ် ထဲက အစီအရင် လက်စွဲစာအုပ် ၃ အုပ် ဆက်တိုက် ထုတ်ယူပြီး ကောင်းလန်ဝမ် ရှေ့ ချပေးလိုက်လေသည်။

အပေါ်ဆုံးက စာအုပ်ကို ပုတ်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။

"ဒီနေ့က စပြီး ခင်ဗျား ဒီအစီအရင် လက်စွဲစာအုပ် ၃ အုပ်ကို နေ့တိုင်း တစ်ကြိမ် ဖတ်ရမယ် အလွတ်ကျက်မှတ်တဲ့ နည်းလမ်းကို အသုံးပြုရရင်တောင် အခင်းအကျင်း တစ်ခုကို ခွဲခြမ်းစိတ်ဖြာတာ၊ အစိတ်အပိုင်းတွေ နေရာချတာ၊ နဲ့ တံခါးပေါက်တွေရဲ့ အခြေခံ သဘောတရားတွေ ဆိုတာ ဘာကို ဆိုလိုလဲ ဆိုတာ ခင်ဗျား သင်ယူရမယ်"

"ဆရာ... အစီအရင်တွေ သင်ယူဖို့ အလွတ်ကျက်မှတ်ခြင်း အပေါ် မမှီခိုသင့်ဘူးလို့ ဆရာ မပြောခဲ့ဘူးလား"

"မှန်တယ် ကျွန်တော် ပြောခဲ့တယ် ဒါပေမဲ့ အဲ့ဒီ နည်းလမ်းက ခင်ဗျားနဲ့ မသင့်တော်ဘူး ဆိုတာ ကျွန်တော် တွေ့ရှိခဲ့ရတယ် အခု ခင်ဗျားကို လုပ်စေချင်တာက ခိုင်မာလုံလောက်တဲ့ အခြေခံ အုတ်မြစ် တစ်ခု အရင် တည်ဆောက်ဖို့ပဲ ပြီးရင် ကျွန်တော့် လက်ရှိ ကိစ္စတွေ ပြီးသွားတဲ့ အခါ ခင်ဗျားကို သေချာ သင်ပေးမယ်"

ဒါကို ကြားတော့ ကောင်းလန်ဝမ် အစီအရင် လက်စွဲစာအုပ် ၃ အုပ်ကို သူမဆီ ချက်ချင်း ဆွဲယူလိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပါပြီ ကျွန်မ သေချာ လေ့လာလိုက်ပါ့မယ်"

ပြီးခဲ့တဲ့ တစ်ခေါက် ကျန်းပေရန် သူမကို တစ်ဦးချင်း သင်ပေးခဲ့တုန်းက အခြေအနေကို ကောင်းလန်ဝမ် ကွက်ကွက်ကွင်းကွင်း မှတ်မိနေတုန်းပါပဲ။

သူက သိပ်မယဉ်ကျေးသလို သူ့သဘောထားက သိပ်မနူးညံ့ပေမယ့် သင်ကြားရာမှာတော့ သူ တကယ်ပဲ အရမ်း တော်လေသည်။

ဒါကြောင့် "သေချာ သင်ပေးပါ့မယ်" ဆိုတဲ့ စကားလုံးတွေ ကျန်းပေရန် ပြောတာ ကြားလိုက်ရတဲ့ အခါ သူမ စိတ်ဓာတ် ချက်ချင်း တက်ကြွလာခဲ့လေသည်။

မကြာသေးမီက သူမ ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ ကာလ အတွင်း သူမ တကယ် ရုန်းကန်ခဲ့ရလေသည်။

ကျန်းပေရန် ရဲ့ လမ်းညွှန်မှုကို ဆုံးရှုံးလိုက်ရပြီးနောက် အစီအရင် လက်စွဲစာအုပ်တွေထဲက စာလုံးတွေက ကောင်းကင် ကျမ်းစာတွေ အဖြစ် ပြန်ပြောင်းလဲသွားသလို ဖြစ်နေပြီး သူမ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘာသာပြန်လို့ မရနိုင် ဖြစ်နေလေသည်။

ရလဒ် အနေနဲ့ နေ့တိုင်း အချိန်အကြာကြီး သူမ ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုကို သံသယ ဝင်နေခဲ့ရလေသည်။

အခုတော့ ဘယ်အချိန် ဖြည့်ဆည်းပေးမယ် ဆိုတာ မသိရတဲ့ ကတိ တစ်ခု ဖြစ်ပေမယ့် သူမ စိတ်ကို အေးချမ်းသွားစေခဲ့လေသည်။

"ကျွန်တော် သတိပေးချက် တစ်ခု အရင် ပေးထားမယ် ခင်ဗျားသာ ဒီ အခြေခံ သဘောတရား ၃ ခုကိုတောင် နားမလည်နိုင်ရင် ခင်ဗျားကို ကူညီဖို့ ကျွန်တော် လုပ်ပေးနိုင်တာ ဘာမှ မရှိတော့ဘူး"

"ကျေးဇူးပြုပြီး စိတ်ချပါ ဆရာ နားလည်အောင် ကျွန်မ ကြိုးစားပါ့မယ်"

"ကောင်းပြီ ဒါဆို အရင်ဆုံး အမြန် ဖတ်ကြည့်လိုက်ပါ နားမလည်တာ ရှိရင် အခု မေးပါ"

ကောင်းလန်ဝမ် ဆွဲယူသွားတဲ့ အစီအရင် လက်စွဲစာအုပ် ၃ အုပ်ကို ပုတ်လိုက်ပြီး ကျန်းပေရန် ဒုတိယထပ်မှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေလိုက်လေသည်။

"ဟုတ်ကဲ့"

ကောင်းလန်ဝမ် ခေါင်းညိတ်လိုက်ပြီး အပေါ်ဆုံး စာအုပ်ကို လှမ်းယူလိုက်လေသည်။

ခဏလောက် လမ်းလျှောက်ပြီးနောက် ဒုတိယထပ်က ကျောက်စိမ်း လက်ရာတွေနဲ့ ကျောက်စိမ်းပြား အရေအတွက် သိပ်မတိုးလာကြောင်း၊ အရင်တုန်းကနဲ့ အတူတူလောက်ပဲ ရှိကြောင်း ကျန်းပေရန် သတိထားမိလိုက်လေသည်။

ကောင်းလန်ဝမ် က အစီအရင်တွေ လေ့ကျင့်ရာမှာ သူမအချိန် အများစု ကုန်ဆုံးခဲ့တယ် ဆိုတာ ရှင်းလင်းနေလေသည်။

သူ ဖီးနစ်ပုံစံ ကျောက်စိမ်း ဆွဲပြား တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး ခဏလောက် သဘောကျစွာ ကြည့်ရှုလိုက်လေသည်။

ထွင်းထုမှုပဲ ဖြစ်ဖြစ်၊ အရောင်တင်မှုပဲ ဖြစ်ဖြစ် ဆွဲပြားက အဆင့် ၈ ကျောက်စိမ်း သန့်စင်သူ တစ်ယောက် အနေနဲ့ ကောင်းလန်ဝမ် ရဲ့ ကျွမ်းကျင်မှုကို ပြသနေလေသည်။

ဒါပေမဲ့ ဆရာသခင်ကြီး တစ်ယောက် ဖြစ်လာဖို့ ဆိုရင် ကောင်းလန်ဝမ် ကိုယ့်ကိုယ်ကိုယ် ပိုမို တင်းကျပ်ဖို့ လိုအပ်လေသည်။

ကျောက်စိမ်း သန့်စင်ခြင်းမှာ သူမရဲ့ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်က တခြား အရာတွေ သင်ယူဖို့ အချိန်နဲ့ အင်အား ပိုပေးစွမ်းလေသည်။

မဟုတ်ရင် သူတို့ရဲ့ "အဓိက ဘာသာရပ်" ကိုတောင် မကျွမ်းကျင်နိုင်တဲ့ ကျောင်းသား တစ်ယောက်က "ဘေးထွက် ဘာသာရပ်" ကို လေ့လာဖို့ အချိန် ဘယ်လို ရနိုင်မှာလဲ။

နေ့လည် ရောက်တဲ့ အထိ သူ ဒီအတိုင်း နေလိုက်လေသည်။

ကောင်းလန်ဝမ် ရဲ့ လေးနက်နေဆဲ ဖြစ်တဲ့ မျက်နှာထားကို ကျန်းပေရန် မော့ကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။

"အင်း ခင်ဗျား အပေါ် မျှော်လင့်ချက်တချို့ ထားလို့ ရနိုင်သေးပုံ ရတယ် ကောင်းကောင်း ဆက်လုပ်ပါ"

ပြောပြီးနောက် သူ ခန်းမဆောင် ထဲကနေ ထွက်ခွာသွားလေသည်။

ကျန်းပေရန် ရဲ့ အသိအမှတ်ပြုမှုကို ရရှိလိုက်တာကြောင့် ကောင်းလန်ဝမ် ရဲ့ ရင်ထဲက အမြဲတမ်း ဟာတာတာ ဖြစ်နေတဲ့ ခံစားချက် ရုတ်တရက် ပြည့်စုံသွားလေသည်။

မကြာသေးမီက သူမ ကိုယ့်ဘာသာကိုယ် လေ့လာနေတဲ့ ကာလ အတွင်း ဒီ နှိုင်းယှဉ်မရလောက်အောင် ရှုပ်ထွေးတဲ့ အစီအရင်တွေကို သင်ယူနိုင်ပါ့မလား ဆိုတာ တစ်ကြိမ်မက သူမ တွေးခဲ့ဖူးပြီး လက်လျော့ဖို့လည်း တစ်ကြိမ်မက စဉ်းစားခဲ့ဖူးလေသည်။

ဒါကြောင့် အစီအရင် ဆရာသခင် တစ်ယောက်ဆီက ဒီအတည်ပြုချက်က သူမအတွက် ကြီးမားတဲ့ အားပေးမှု တစ်ခု သေချာပေါက် ဖြစ်စေပြီး နောက်တစ်ကြိမ် ရှေ့ဆက် လျှောက်လှမ်းခွင့် ပေးလိုက်လေသည်။

ပထမထပ်ကို ပြန်ရောက်တဲ့ အခါ တံခါးဝမှာ လက်ကို နောက်ပစ်ပြီး ရပ်နေတဲ့ ရှီဟုန်ဖန် နဲ့ စတုရန်းပုံ ကုလားထိုင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ လျူဝေနင် ကို ကျန်းပေရန် ချက်ချင်း တွေ့လိုက်ရလေသည်။

ကျန်းပေရန် ရဲ့ ခြေသံ ကြားတော့ ရှီဟုန်ဖန် ခေါင်းလှည့်ပြီး မေးလိုက်လေသည်။

"ဘယ်လိုလဲ"

"သင်ယူမှု လမ်းကြောင်းပေါ်မှာ လမ်းပျောက်တယ်လို့ ခံစားရတာက ရှောင်လွှဲလို့ မရဘူး ကျွန်တော် ကုသနည်း တစ်ခု ပေးခဲ့တယ် အခု သူမ အများကြီး သက်သာသွားပြီ"

ဒါကို ကြားတော့ ရှီဟုန်ဖန် ဝမ်းသာပီတိ မဖြစ်ဘဲ မနေနိုင်တော့ပေ။

"အိမ်တော်သခင်ရှီ က ကျွန်တော့်ကို လာခေါ်တာ ခင်ဗျားမှာ အစီအရင်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိနေပုံ ရတယ်လို့ သူ ပြောတယ်" ဆိုတဲ့ ကျန်းပေရန် ရဲ့ အစောပိုင်း စကားတွေနဲ့ "ရှင် က အရမ်း စဉ်းစားဉာဏ် ရှိတာပဲ အိမ်တော်သခင်ရှီ" ဆိုတဲ့ ကောင်းလန်ဝမ် ရဲ့ စိတ်ခံစားမှု ပါဝင်တဲ့ အဖြေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါ……..

ဒါက ဘာအဓိပ္ပာယ်လဲ။

နောက်ကျရင် ခန်းမသခင်ကောင်း ရဲ့ စိတ်အခြေအနေ တိုးတက်လာခဲ့ရင် ဂုဏ်ပြုမှု ၉၀ ရာခိုင်နှုန်းက သူ့ဆီ ရောက်လာလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လေသည်။

ခဏတာ ရှီဟုန်ဖန် စိတ်လှုပ်ရှားမှုတွေ လွှမ်းခြုံသွားလေသည်။

'ခန်းမသခင်ကောင်း က ငါ့ကို ကျေးဇူးတင်ဖို့ ကျွန်တော့်အိမ် လာခဲ့ရင် ညစာ စားသွားဖို့ သူမကို ဖိတ်ခေါ်သင့်လား မဖြစ်ဘူး မဖြစ်ဘူး အဲ့ဒါက ရဲတင်းလွန်းရာ ရောက်နေလိမ့်မယ်'

သူ စိတ်ထဲကနေ ခေါင်းခါလိုက်ပေမယ့် နောက်ထပ် အတွေး တစ်ခု သူ့စိတ်ထဲ မပေါ်လာဘဲ မနေနိုင်တော့ပေ။

'ခန်းမသခင်ကောင်း က သူမအိမ်မှာ ဧည့်သည် အဖြစ် လာဖို့ ငါ့ကို ဖိတ်ခေါ်ရင်ရော ကျွန်တော် သွားသင့်လား... မသွားသင့်ဘူးလား'

အလွန်အမင်း ပျော်ရွှင်မှုနဲ့ အလွန်အမင်း စိတ်နှစ်ခွ ဖြစ်မှု ကြား ပြောင်းလဲနေတဲ့ ရှီဟုန်ဖန် ရဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် နည်းနည်း နားမလည်နိုင် ဖြစ်နေလေသည်။

'သူ ဒီမှာ တစ်ကိုယ်တော် အော်ပရာ ကပြနေတာလား'

ရှီဟုန်ဖန် ရဲ့ အတွင်းစိတ် "ပြဇာတ်" ကို မနှောင့်ယှက်ဘဲ ကျန်းပေရန် က စတုရန်းပုံ ကုလားထိုင်ပေါ် ကွေးကွေးလေး အိပ်နေတဲ့ လျူဝေနင် ဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူမရဲ့ ပျော်ရွှင်စွာ အိပ်စက်နေတဲ့ မျက်နှာကို လေ့လာလိုက်လေသည်။

"ဟီးဟီး... ဟီးဟီး... ကျောက်စိမ်း..."

သူမ တင်းတင်းကျပ်ကျပ် ဖက်ထားတဲ့ ငန်းဖြူ ကျောက်စိမ်း ကို ကြည့်ပြီး ကျန်းပေရန် ခဏ စဉ်းစားကာ သူမ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဝိညာဉ်အာရုံ အသုံးပြုလိုက်လေသည်။

သို့သော် သူမကို "မကောင်းဆိုးဝါး အရှိန်အဝါ နှောင့်ယှက်နေတဲ့" လက္ခဏာ ဘာမှ မတွေ့ရပေ။

'ထူးဆန်းတယ်...'

သူ ဘေးဖယ်ပြီး ခဏ စောင့်နေလိုက်လေသည်။

စာအုပ် တစ်အုပ် ဖတ်သင့်မလား လို့ ကျန်းပေရန် တွေးနေတုန်း ရှီဟုန်ဖန် သူရှေ့ ရုတ်တရက် လျှောက်လာလေသည်။

"ပေရန်"

ရှီဟုန်ဖန် ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာထားကို ကြည့်ပြီး ကျန်းပေရန် လက်သီးဆုပ်ကာ ပြန်ဖြေလိုက်လေသည်။ "ပြောပါ စီနီယာ"

"ရှီဝမ်ဘင်း နဲ့ ရှီရွေ့ဟန် ဘယ်နာမည်က ပိုနားထောင်လို့ ကောင်းတယ်လို့ မင်း ထင်လဲ"

'...'

'ဘာကြီးလဲဟ'

ခဏတာ ကျန်းပေရန် က ရှီဟုန်ဖန် ရဲ့ အတွေး လမ်းကြောင်းကို သိပ်နားမလည်နိုင် ဖြစ်နေလေသည်။

သူ ဖြေဖို့ ပြင်လိုက်တုန်း ရှီဟုန်ဖန် ခေါင်းခါတာ တွေ့လိုက်ရလေသည်။

"မဟုတ်ဘူး မဟုတ်ဘူး နှစ်ခုစလုံး နားထောင်လို့ မကောင်းဘူး ကလေး နာမည်ပေးတာကို ဒီလောက် ပေါ့ပေါ့ပါးပါး လုပ်လို့ မရဘူး အခွင့်အရေး ရရင် ကူလျန်ရန် ကို ဟောကိန်းထုတ်ခိုင်းရမယ်"

ဒီအဆင့် ရောက်တော့ ဘာဖြစ်နေလဲ ဆိုတာ ကျန်းပေရန် ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ။ တစ်ချိန်တည်းမှာပဲ သူ လုံးဝ တုန်လှုပ်သွားပြီး စိတ်ထဲကနေ အာမေဋိတ် ပြုလိုက်မိလေသည်။

'ငါးစာတွေက တကယ် အဆင့် တစ်ခုမှာ ရှိနေတာပဲ'

All Chapters