← Chapters

မြေကမ္ဘာ ဝိညာဉ်အမြစ် ပါရမီကို ပျိုးထောင်ခြင်း (၂)

Vol. 9 Ch. 114

မြေကမ္ဘာ ဝိညာဉ်အမြစ် ပါရမီကို ပျိုးထောင်ခြင်း (၂)

Vol. 9 Ch. 114

"ဟုတ်တာပေါ့"

ကျန်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မရဲ့ ယောကျာ်းက အားကိုးချင်စရာကြီး၊ အရမ်းတော်တာပဲ"

"ဒါပေမဲ့ ကျွန်မကတော့ ခုထိ အဲ့ဒီကျင့်စဉ်ကို စ မလေ့ကျင့်နိုင်သေးဘူး။ နှမြောဖို့ကောင်းလိုက်တာ"

စုဝေဝေသည် ကျန်းဖန်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

သိုင်းပညာရှင်တစ်ဦး၏ လမ်းစဉ်သည် မည်မျှ ခက်ခဲကြမ်းတမ်းသည်ကို သူမ ကောင်းစွာ သိရှိထား၏။

မိမိ၏ အမျိုးသားက ဤမျှ လျင်မြန်သော အရှိန်အဝါဖြင့် ကျင့်ကြံမှု တိုးတက်လာသည်ကို မြင်ရခြင်းမှာ သူမအတွက် အံ့ဩမဆုံး ဖြစ်ရသည်။

တစ်ချိန်တည်းမှာပင် သူမသည် မိမိကိုယ်ကိုယ် ပြန်လည်တွေးတောမိကာ စိတ်မကောင်း ဖြစ်သွားရသည်။

ဤမျှ ကြာမြင့်စွာ လေ့ကျင့်ခဲ့သော်လည်း ယခုထက်ထိ လမ်းစပင် မဖော်နိုင်သေးသည်မှာ သူမ၏ ပါရမီ အလွန်ညံ့ဖျင်းနေသောကြောင့် ဖြစ်ရမည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူမ၏ အမျိုးသားက သူမကို စွန့်ပစ်သွားမည်ကိုပင် စိုးရိမ်နေမိသည်။

"ကိစ္စမရှိပါဘူး၊ မင်းသာ ဝီရိယရှိရှိ လေ့ကျင့်နေမယ်ဆိုရင် အဆင်ပြေသွားမှာပါ"

"မကြာခင်မှာ မင်းလည်း လမ်းစ ရှာတွေ့လိမ့်မယ်လို့ ငါယုံကြည်တယ်"

"ကဲ... အခုတော့ တို့တွေ အတူတူ လေ့ကျင့်ကြရအောင်လေ"

ကျန်းဖန်သည် စုဝေဝေ၏ သွယ်လျသော ခါးလေးကို ဖက်တွယ်လိုက်သည်။ သူမ၏ နူးညံ့လှသော ကိုယ်လုံးလေးမှာ အရိုးမရှိသကဲ့သို့ပင်။ သူမထံမှ ထွက်ပေါ်နေသော သင်းပျံ့သည့် ရနံ့လေးမှာ စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။

စုဝေဝေ ခုထက်ထိ ကျင့်စဉ်ကို မတတ်မြောက်သေးခြင်းက သာမန်လူ့လောက၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ အလွန်ညံ့ဖျင်းပြီး ဝိညာဉ်ချီများ ရှားပါးလွန်းသောကြောင့်သာ ဖြစ်သည်ဟု သူ တွေးမိသည်။

အကယ်၍သာ ကျင့်ကြံခြင်းလောကသို့ သွားရောက်ပြီး 'ချင်းမုကျင့်စဉ်' ကို စတင်လေ့ကျင့်မည်ဆိုပါက ခဏချင်းအတွင်း တတ်မြောက်သွားမည်မှာ သေချာလှသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် ကျင့်ကြံခြင်းအကြောင်းကို မစဉ်းစားလိုတော့။ သူ့ရှေ့မှောက်ရှိ ဆွဲဆောင်မှုရှိသော ဤအမျိုးသမီးကိုသာ သေချာစွာ ဆုံးမပေးချင်နေတော့သည်။

"ရှင်ကတော့လေ တကယ့် လူဆိုးလေး"

ဤစကားကို ကြားသောအခါ စုဝေဝေ၏ မျက်နှာလေးမှာ နီရဲသွားကာ၊ သူမ၏ လှပသော မျက်ဝန်းအစုံမှာလည်း ညို့ဓာတ်များဖြင့် ပြည့်နှက်သွားတော့သည်။

သူမသည် ကျန်းဖန်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်၏။

မကြာမီမှာပင် မြေအောက်ခန်းအတွင်းရှိ ကုတင်မှာ လှုပ်ခါသွားပြီးနောက်၊ နွေဦးရာသီ၏ သာယာသံများ ဟိန်းထွက်လာတော့သည်။

အပြင်ဘက်တွင် မည်သည့်အရာတွေပဲ ဖြစ်ပျက်နေပါစေ သူတို့နှင့် ဘာမှ မဆိုင်တော့သည့်အလား…။

သူတို့နှစ်ဦးမှာ အချစ်ကမ္ဘာထဲတွင် လုံးဝ နစ်မြုပ်သွားကြလေတော့သည်။

…

ထိုအချိန်၌ မဟာဝေမင်းဆက်၏ နန်းတော်အတွင်းဝယ်…

နန်းတော်အထက်ရှိ ကောင်းကင်တစ်ခုလုံးမှာ မှောင်မည်းသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ပင်။ ရံဖန်ရံခါတွင် ဝိညာဉ်သရဲများ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများကို လွှတ်တင်နေကြ၏။

ကျယ်ပြောလှသော နန်းတော်ကြီးတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ တစ်ချိန်တည်းမှာပင် အပူချိန်မှာလည်း တဖြည်းဖြည်း ကျဆင်းလာနေ၏။

နန်းတော်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ အပူချိန်မှာ ပို၍ နိမ့်ဆင်းလာလေလေဖြစ်ကာ၊ မြေပြင်ပေါ်တွင်ပင် ဆီးနှင်းများ ခဲနေပြီး ကျောချမ်းစရာ ကောင်းလှသည်။

ထိုအခိုက်တွင် နဂါးဝတ်ရုံကို ဆင်မြန်းထားသော မဟာဝေဧကရာဇ်သည် နန်းဆောင်တစ်ခု၏ ရှေ့တွင် ဒူးထောက်နေလေသည်။

သူသည် အချိန်မရွေး အသတ်ခံရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တုန်ရီနေပြီး အသက်ကိုပင် ပြင်းပြင်းမရှူရဲရှာပေ။

"ဆရာကြီး... ဆရာကြီး ပြောသလိုပဲ အခုဆိုရင် ဝေနိုင်ငံ တစ်နိုင်ငံလုံးမှာ မငြိမ်မသက်မှုတွေ ပျံ့နှံ့နေပြီး နေရာတိုင်းမှာလည်း စစ်ပွဲတွေ ဖြစ်ပွားနေပါတယ်"

"ဒေသအသီးသီးမှာလည်း လယ်သမား ပုန်ကန်မှုတွေ ပေါ်ပေါက်နေတယ်"

"မကြာခင်ကတင် သေဆုံးဒဏ်ရာရသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ပြီး၊ ဆယ်အိမ်မှာ ကိုးအိမ်က အလွတ်ဖြစ်နေပါပြီ။ အလောင်းတွေကလည်း နေရာအနှံ့ ပျံ့ကျဲနေတယ်"

မဟာဝေဧကရာဇ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်ရီသော အသံဖြင့် ပြောကြားနေသည်။ သူသည် ပျော့ညံ့သူဖြစ်သော်လည်း လူမိုက်တစ်ယောက်တော့ မဟုတ်ပေ။

ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ချုပ်ချယ်မှုများက လယ်သမားပုန်ကန်မှုများနှင့် တိုင်းပြည် မငြိမ်မသက်မှုများအား ဖြစ်ပေါ်စေမည်ကို သူ ကောင်းစွာ နားလည်သည်။

သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။

အကြောင်းမှာ နန်းတော်အတွင်းပိုင်းတွင် ခိုအောင်းနေသော ကျင့်ကြံသူမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။

အကယ်၍ သူသာ တောင်းဆိုချက်များကို မလိုက်နာပါက မဟာဝေ တော်ဝင်မိသားစုမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ဧကရာဇ်တစ်ပါး ဖြစ်နေသော်လည်း ဒဏ္ဍာရီလာ ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။ သူသည် ထိုသူကို မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

"မဆိုးဘူး... မင်း သေချာ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"

"မကြာသေးခင်က ငါ့ရဲ့ 'ဝိညာဉ်တစ်သောင်း အလံတော်' မှာ အာဃာတ ဝိညာဉ်သစ်တွေ အများကြီး ရရှိခဲ့တယ်"

"အာဃာတ ဝိညာဉ် အမြောက်အမြား ဖန်တီးဖို့ဆိုရင် စစ်ပွဲတွေက တကယ် လိုအပ်တာကိုး"

"ငါ လီဝူလျန် တစ်ယောက်တည်း သတ်မယ်ဆိုရင် ဘယ်လောက်တောင် သတ်နိုင်မှာမို့လို့လဲ"

နန်းတော်အတွင်းပိုင်းတွင် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုသူမှာ အားပါးတရ ရယ်မောနေလေသည်။

အကယ်၍ သူသာ ကျင့်ကြံခြင်းလောကတွင် ဤမျှများပြားသော သာမန်လူသားများကို သတ်ဖြတ်ခဲ့မည်ဆိုပါက၊ သူသည် ကျော်ကြားပြီး တရားမျှတသော ဂိုဏ်းကြီးများ၏ လိုက်လံနှိမ်နင်းခြင်းကို ခံရမည်မှာ ကြာလှလောက်ပြီ ဖြစ်သည်။

သူသည် အုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း လွတ်မြောက်ရန် လမ်းစရှိမည်မဟုတ်ပေ။

ထို့ကြောင့်ပင် သူသည် သာမန်လူ့လောကသို့ တမင်တကာ လာရောက်ခဲ့ပြီး၊ သာမန်ဧကရာဇ်၏ အာဏာကို အသုံးချကာ စစ်ပွဲများကို လျှို့ဝှက်စွာ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

သာမန်လူသားများ အချင်းချင်း သတ်ဖြတ်နေကြချိန်တွင် သူက အခွင့်အရေးကို အသုံးချကာ သူ၏ 'ဝိညာဉ်တစ်သောင်း အလံတော်' ကို သန့်စင်ရန်အတွက် အာဃာတ ဝိညာဉ် အမြောက်အမြားကို ရိတ်သိမ်းနေခြင်း ဖြစ်သည်။

ဤသို့ဖြင့်ဆိုလျှင် ကျော်ကြားသော ဂိုဏ်းကြီးများမှာလည်း ဘာကိုမျှ သတိထားမိကြတော့မည် မဟုတ်ပေ။

ပြောရမည်ဆိုလျှင် သူကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်း မဟုတ်ဘဲ သာမန်လူသားများ အချင်းချင်း သတ်ဖြတ်နေကြခြင်းသာ ဖြစ်သည် မဟုတ်ပါလော။

လူအများ၏ မုန်းတီးခြင်းကို ခံရပြီး လိုက်လံနှိမ်နင်းခြင်း ခံနေရသော မိစ္ဆာကျင့်ကြံသူ တစ်ဦးအနေဖြင့် သူသည် အလွန် သတိထားရမည် ဖြစ်သည်။

အကယ်၍ ကိုယ်တိုင်လှုပ်ရှားစရာ မလိုပါက သူ လှုပ်ရှားမည် မဟုတ်ပေ။

မိစ္ဆာကျင့်ကြံသူ တစ်ဦးအနေဖြင့် အရိပ်ထဲတွင်သာ ပရိယာယ် ဆင်သင့်ပေသည်။ မဆင်မခြင် လှုပ်ရှားခဲ့သော မိစ္ဆာကျင့်ကြံသူများ သေဆုံးသွားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

သူသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း သူ၏ ဆန္ဒအတိုင်း အထိန်းအကွပ်မရှိ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ သူ့ထက် သန်မာသော ကျင့်ကြံသူများစွာ ရှိနေသေးသည် မဟုတ်ပါလော။

"ဆရာကြီး... အခုဆိုရင် တိုင်းပြည်တစ်ဝှမ်းလုံးမှာ ပုန်ကန်မှုတွေ ဖြစ်နေပါတယ်"

"အုပ်ချုပ်ရေး မြို့တော် တော်တော်များများလည်း ကျဆုံးကုန်ပါပြီ"

"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မဟာဝေ တော်ဝင်မိသားစုရဲ့ အခြေခံအုတ်မြစ် တုန်လှုပ်သွားမှာကို စိုးရိမ်မိပါတယ်"

မဟာဝေဧကရာဇ်က ဝမ်းနည်းပူဆွေးစွာဖြင့် ပြောကြားလိုက်သည်။

"စိတ်မပူပါနဲ့"

"မဟာဝေ တော်ဝင်မိသားစုကို ငါ အပျက်စီးမခံပါဘူး"

"ဘာပဲဖြစ်ဖြစ်... နောက်ပိုင်းကျရင်လည်း ငါ ဝိညာဉ်တွေကို ရိတ်သိမ်းဖို့အတွက် မင်းတို့က လိုဦးမှာပဲလေ"

"ဖြစ်နိုင်ရင် ငါ့ကို ကူညီဖို့ မင်းရဲ့ နောက်မျိုးဆက်တွေကိုတောင် လိုအပ်ဦးမှာ"

"အဲ့ဒီ ပုန်ကန်သူ တပ်သားအားလုံးကို ငါ ကိုယ်တိုင် ရှင်းလင်းပေးမယ်"

"သူတို့တွေ သိပ်ပြီး ကြာကြာ ခံမှာ မဟုတ်ပါဘူး"

မိစ္ဆာကျင့်ကြံသူ လီဝူလျန်က ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်သည်။

သူ့အတွက်မူ သာမန်လူသား အချို့ကို သုတ်သင်ပစ်ခြင်းမှာ လက်တစ်ဖက် လှုပ်ရှားရုံမျှသာဖြစ်၏။ ပြောပလောက်သော ကိစ္စမဟုတ်သကဲ့သို့ ချွေးတစ်စက်ပင် ထွက်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် သူ့အတွက်မူ မဟာဝေ တော်ဝင်မိသားစုမှာ သစ္စာရှိသော ခွေးတစ်ကောင်နှင့်သာ တူသည်။ သူ၏ ညစ်ပတ်သော ကိစ္စရပ်အချို့ကို ကိုင်တွယ်ရာတွင် ထိုခွေးက အသုံးတည့်ပေသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

ဤစကားကို ကြားသောအခါ မဟာဝေဧကရာဇ်မှာ အလွန်အမင်း ဝမ်းသာသွားလေသည်။ ရှေ့မှောက်ရှိ ကျင့်ကြံသူကသာ လှုပ်ရှားပေးရန် သဘောတူမည်ဆိုပါက မဟာဝေ၏ လက်ရှိအခြေအနေမှာ လျင်မြန်စွာ ငြိမ်သက်သွားပေလိမ့်မည်။

သူသည် ဤအခွင့်အရေးကို အသုံးချကာ မဆင်မခြင် ပြုမူနေသော မျိုးရိုးကြီး မိသားစုများကိုပါ ဖယ်ရှားပစ်နိုင်မည်ဖြစ်ပြီး၊ တော်ဝင်မိသားစု၏ အာဏာကို အခိုင်အမာ တည်ဆောက်နိုင်မည် ဖြစ်သည်။

သာမန်အရပ်သားများ၏ အသက်နှင့် သေခြင်းတရားကိုမူ သူထည့်တွက်စဉ်းစားနေမည် မဟုတ်ပေ။

ထိုသာမန်လူသားများမှာ မုန်လာဥများကဲ့သို့ပင် ရိတ်သိမ်းပြီးလျှင် အသစ်ပြန်ထွက်လာဦးမည် ဖြစ်သည်။ တော်ဝင်မိသားစု၏ အမွေအနှစ် နှစ်ပေါင်းထောင်ချီ ခိုင်မြဲနေနိုင်သရွေ့ ၎င်းမှာ လုံလောက်လှပေပြီ။

ပလ္လင်၏ အောက်ခြေတွင်မူ အရိုးစုပုံများစွာ မြှုပ်နှံထားပြီး ဖြစ်သည်။ ထိုလူမိုက်များသည် ပုန်ကန်သူတပ်ကို အားကိုးပြီး သူ၏ ပလ္လင်ကို လှုပ်ခါနိုင်မည်ဟု ထင်နေကြခြင်းမှာ တကယ့်ကို ရယ်စရာ ကောင်းလှသည်။

ဤကမ္ဘာကြီး၏ အုပ်ချုပ်သူများမှာ သာမန်လူသားများ မဟုတ်ကြဘဲ ကျင့်ကြံသူများသာ ဖြစ်ကြသည်။

သာမန်လူသားတို့၏ ခွန်အားမှာ အမှန်တကယ်ပင် အစွမ်းမဲ့လှပေသည်။ ဒေါသထွက်နေရုံနှင့် ဘာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိချေ။

"အခု ထွက်သွားတော့... ငါ့ရဲ့ ကျင့်ကြံမှုကို လာပြီး မနှောင့်ယှက်နဲ့တော့"

လီဝူလျန်က ချက်ချင်းပင် နှင်ထုတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး"

မဟာဝေဧကရာဇ်သည် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

သို့သော် သူ၏ မျက်နှာထက်တွင်မူ ဒေါသ၊ ကြောက်ရွံ့မှု၊ အကူအညီမဲ့မှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

သာမန်လူသားများသည် ပုရွက်ဆိတ်များ ဖြစ်ကြသကဲ့သို့ သူသည်လည်း ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ အနည်းငယ် ပိုသန်မာကောင်း သန်မာနိုင်သော်လည်း ပုရွက်ဆိတ်ဘဝမှ လွတ်မြောက်နိုင်ခြင်းတော့ မရှိသေးပေ။ သူသည်လည်း ဘာကိုမျှ ပြောင်းလဲရန် အစွမ်းမရှိရှာပေ။

......

အခြားတစ်ဖက်တွင်မူ ယွင်ဇီမြို့၊ အုပ်ချုပ်ရေးမှူး၏ စံအိမ်တော်၌…

ယခုအခါ စံအိမ်တော် တစ်ခုလုံးကို မျက်ခုံးနီ ပုန်ကန်သူတပ်က သိမ်းပိုက်လိုက်ပြီ ဖြစ်၏။ စံအိမ်တော်သည် ၎င်းတို့၏ ယာယီဌာနချုပ် ဖြစ်လာခဲ့သည်။

ခေါင်းဆောင် ချန်ယောင်ချွမ်း၊ ဝိညာဉ်ဖြတ်ဓား ကျန်းကန်း၊ ဇီဝိန်နှုတ်လှံ ချန်ချင်း၊ ဝိညာဉ်နုတ်နှင်တံ ချန်ရှုံ၊ နာရေးပုဆိန် ကျောက်ဟောင်နှင့် သွေးလက်ဝါး တူရှာတို့ သိုင်းပညာ အရှင်သခင် (၅) ဦးတို့မှာ ကြောက်မက်ဖွယ်ရာ ဆိုးယုတ်သော အရှိန်အဝါများဖြင့် ဝန်းရံထားကြသည်။

"နှမြောဖို့ ကောင်းလိုက်တာ... သူတို့ကို အမြစ်ပြတ်အောင် မရှင်းနိုင်ခဲ့ဘူး။ ရှဲ့မိသားစု၊ မူမိသားစုနဲ့ လုမိသားစုက အထူးစစ်သည်အချို့ လွတ်မြောက်သွားကြတယ်"

ဝိညာဉ်ဖြတ် ဓား ကျန်းကန်းက နောင်တရစွာဖြင့် ပြောလိုက်သည်။

သူတို့သည် ယွင်ဇီမြို့၏ မိသားစုကြီး (၃) စုကို အပြတ်ရှင်းရန် ရည်ရွယ်ခဲ့သော်လည်း၊ တကယ်တမ်း တိုက်ပွဲဝင်ချိန်တွင် ထိုမိသားစုများ ပိုင်ဆိုင်ထားသည့် ခွန်အားမှာ ထင်မှတ်ထားသည်ထက် ပိုမို ကြီးမားနေသည်ကို တွေ့ရှိခဲ့ရသည်။

မိသားစုဝင် သိုင်းသမားများ၏ အသက်စွန့် တိုက်ခိုက်မှုများကြောင့် မျက်ခုံးနီ ပုန်ကန်သူတပ်မှာလည်း အကျအဆုံး များပြားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့သည် မိသားစုကြီး (၃) စုမှ အချို့သော အထူးစစ်သည်များကို လွှတ်ပေးလိုက်ရခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူတို့သည် ထိုမိသားစုကြီးများမှ သိုင်းပညာ အရှင်သခင် ၂ ဦး သို့မဟုတ် ၃ ဦးခန့်ကို ဖမ်းဆီးနိုင်ခဲ့သည်။

ထိုအထဲတွင် လုမိသားစုခေါင်းဆောင် လုခိုင်လည်း ပါဝင်သည်။ ဤသည်မှာ အနည်းဆုံးတော့ သူတို့၏ မျက်နှာကို အဖက်ဆယ်နိုင်ခဲ့ခြင်းပင်။

"နည်းလမ်းမရှိဘူးလေ... သူတို့ဆီမှာလည်း အရှင်သခင်တွေ ရှိနေတာကိုး"

"သိုင်းပညာ အရှင်သခင် တစ်ယောက်ကသာ အတင်းအဓမ္မ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရင် သူတို့ကို သတ်ဖို့က အရမ်း ခက်ခဲသွားပြီ"

"တို့တွေ ရရှိခဲ့တာတွေကလည်း မနည်းပါဘူး၊ တန်ပါတယ်။"

"အထူးသဖြင့် ဒီ 'မသေမျိုး တံဆိပ်ပြား' ကို ရရှိခဲ့တာပဲ"

"ဒီ မသေမျိုး တံဆိပ်ပြားသာ ရှိနေရင် တို့တွေ 'မသေမျိုး ဂူနန်းတော်' ထဲကို ဝင်နိုင်တော့မှာ"

ဇီဝိန်နှုတ်လှံ ချန်ချင်းက ခပ်မှိန်မှိန် ပြုံးလိုက်သည်။ ဤသည်မှာ မျက်ခုံးနီ ပုန်ကန်သူတပ်ထဲသို့ ဝင်ရောက်ရန် သူတို့ သဘောတူခဲ့သည့် စစ်မှန်သော အကြောင်းပြချက်ပင် ဖြစ်သည်။

ပြောရလျှင် အင်အားစုတစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသည့် သူတို့အတွက် သာမန် စည်းစိမ်ဥစ္စာနှင့် အာဏာမှာ သူတို့ကို မဆွဲဆောင်နိုင်တော့ပေ။

သူတို့၏ ရည်မှန်းချက်မှာ မသေမျိုး လမ်းစဉ်သို့ ခြေချနိုင်ရန်သာ ဖြစ်သည်။

"ခေါင်းဆောင်ချန်... ဒီ မသေမျိုး တံဆိပ်ပြားကို ဘယ်လို သုံးရလဲဆိုတာ သိလား"

ဝိညာဉ်နှုတ်နှင်တံ ချန်ရှုံက စူးစမ်းစွာ မေးမြန်းလိုက်သည်။ အခြားသူများကလည်း ချန်ယောင်ချွမ်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။

"အဲ့ဒါက လွယ်လွယ်လေးပါ... မသေမျိုး ဂူနန်းတော် ပေါ်ထွက်လာမှာကို စောင့်ရုံပဲ"

"မသေမျိုး ဂူနန်းတော် ပေါ်လာတာနဲ့ တို့လက်ထဲက တံဆိပ်ပြားက အလင်းတွေ ထွက်လာလိမ့်မယ်"

"အဲ့ဒီအခါ တံဆိပ်ပြားက တို့ကို ယွင်မုန်ကန်ရဲ့ နက်ရှိုင်းတဲ့ နေရာက မြူခိုးတွေကို ဖြတ်ကျော်ပြီး ဂူဗိမာန်ဆီကို လမ်းပြပေးလိမ့်မယ်"

"တံဆိပ်ပြား တစ်ခုက လူ (၁၀) ယောက်ကို အကာအကွယ်ပေးပြီး ဝင်ခွင့်ပေးနိုင်တယ်"

"ဒါကြောင့် တို့အားလုံး မသေမျိုး ဂူနန်းတော်ထဲကို ဝင်ပြီး အတွင်းမှာရှိတဲ့ အမွေအနှစ်တွေကို ရယူဖို့ ကြိုးစားနိုင်ကြမှာပါ"

ချန်ယောင်ချွမ်း၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်နေသည်။

အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း ထို မသေမျိုး ဂူနန်းတော်အပေါ် အလွန် စိတ်ဝင်စားနေ၏။ အတွင်း၌ မည်ကဲ့သို့သော အမွေအနှစ်များ ရှိနေမည်ကို သိလိုစိတ် ပြင်းပြနေမိသည်။

All Chapters