← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

ပုပ်ရဟန်းမနန်းတော် အတွင်း၌ ဖြစ်သည်။

ရွှေရောင်မျိုးဆက် အဖွဲ့ဝင်သုံးဦးမှာ ဒူးတစ်ဖက်ထောက်လျက်၊ ခေါင်းငုံ့ထားကြပြီး သူတို့၏ အသက်ရှူသံများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့နေကြသည်။

အတန်ကြာသောအခါ...

ပလ္လင်ကို လွှမ်းခြုံထားသည့် နက်မှောင်သော ခရမ်းရောင် ဝိဉာဉ်စွမ်းအားများသည် အသက်ရှိသော သတ္တဝါတစ်ခုကဲ့သို့ တုန်ခါလာပြီး ကျုံ့လိုက်၊ ပွလိုက် ဖြစ်လာသည်။ နောက်ဆုံးတွင် မြစ်တစ်ရာမှာ ပင်လယ်သို့ စီးဝင်သကဲ့သို့ ထိုစွမ်းအားများမှာ ပလ္လင်ပေါ်တွင် ထိုင်နေသည့် ပုဂ္ဂိုလ်၏ နှုတ်ခမ်းများအတွင်းသို့ စီးဝင်သွားတော့သည်။

နောက်ဆုံး ဝိဉာဉ်စွမ်းအား မြူခိုးစလေး လုံးဝစုပ်ယူခံလိုက်ရချိန်တွင်မှ ထိုပုဂ္ဂိုလ်၏ ပုံရိပ်မှာ ထင်ရှားလာတော့သည်။ သူမသည် ရိုးရှင်းသော်လည်း ခန့်ညားသော အဖြူရောင်နှင့် ရွှေရောင်ပိုးထည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နှစ်မီတာမြင့်သော ပုပ်ရဟန်းမ တောင်ဝှေးကို ကိုင်ဆောင်ထားသည်။ သူမ၏ ဆံနွယ်နက်များကို ပုပ်ရဟန်းမ သရဖူဖြင့် စည်းနှောင်ထားပြီး အေးစက်သော ကျောက်စိမ်းကဲ့သို့ ထုဆစ်ထားသည့် သူမ၏ ပြည့်စုံသော မျက်နှာကို ဖော်ပြနေသည်။

သူမက အကြည့်ကို အနည်းငယ် မြှင့်လိုက်ချိန် ကြည်လင်သော သရဖူမှာ သူမ၏ မျက်ခွံများပေါ်တွင် နုနယ်သော အရိပ်များကို ကျရောက်စေပြီး သူမ၏ မောက်မာသော အကြည့်များကို ပို၍ အေးစက်သွားစေသည်။ သူမမှာ ဝိဉာဉ်နန်းတော် ၏ လက်ရှိပုပ်ရဟန်းမင်းဖြစ်သလို သမိုင်းတစ်လျှောက် အငယ်ဆုံး ပုပ်ရဟန်းမလည်းဖြစ်သည့် ဘီဘီတုန်း ပင်ဖြစ်သည်။

“ငါပြောတာကို နားလည်ကြရဲ့လား”

ဘီဘီတုန်း ၏ အသံမှာ အေးစက်သော လေလှိုင်းတစ်ခုကဲ့သို့ ခန်းမအတွင်း ဖြတ်သန်းသွားသည်။

ရွှေယွဲ့ နှင့် ယန် တို့မှာ သူတို့၏ ဦးခေါင်းများကို ပို၍ပင် နှိမ့်ချလိုက်ကြသည်။

“လက်အောက်ငယ်သားများ အမိန့်အတိုင်း နာခံပါ့မယ်။ ဝိဉာဉ်သခင်ပြိုင်ပွဲ ရဲ့ ဗိုလ်စွဲမှုဟာ ဝိဉာဉ်နန်းတော် ရဲ့ လက်ထဲမှာပဲ ရှိနေစေရပါမယ်”

ဘီဘီတုန်း မှာ တည်ငြိမ်နေဆဲပင်။ ရွှေယွဲ့ နှင့် ယန် တို့၏ နဖူးတွင် ချွေးစများ စိမ့်ထွက်လာသည်။ ထိုစဉ် ရွှေရောင်မျိုးဆက်၏ အဓိကဖြစ်သူ၊ တစ်ဦးတည်းသော မိန်းကလေးက ခေါင်းမော့လိုက်သည်။ ပထမဆုံးကြည့်လျှင် ထူးထူးခြားခြား လှပသည်ဟု မထင်ရသော်လည်း သူမ၏ မြေခွေးမျက်ဝန်းများမှာ ဆွဲဆောင်မှုရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“တကယ်လို့ လီကျယ်ရှန်း သာ ဝိဉာဉ်မြို့တော် ကို ဘေးကင်းကင်းနဲ့ ရောက်လာပြီး ပြိုင်ပွဲမှာ ငါတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ရင်၊ ဒီတပည့်ကပဲ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်ပါ့မယ်။”

“အင်း။”

ဘီဘီတုန်း နောက်ဆုံးတွင် ခေါင်းငြိမ့်ပြလိုက်သည်။

“သွားကြတော့။”

“လက်အောက်ငယ်သားများနှုတ်ဆက်ပါတယ်”

“တပည့် နှုတ်ဆက်ပါတယ်”

သူတို့သုံးဦးမှာ ဂါရဝပြုပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာမှ လှည့်၍ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ကြီးကျယ်ခမ်းနားသော နန်းတော်အတွင်း၌ ဘီဘီတုန်း နှင့် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည့် အစေခံများသာ ကျန်ရစ်သည်။ သူမသည် မျက်နှာကို လက်ဖြင့်မှီကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ အတန်ကြာသော် အပြင်ဘက်ရှိ နန်းတော်စောင့် မြင်းစီးသူရဲထံမှ သတင်းရောက်လာသည်။

“အမိန့်တော်ကို ရိုသေစွာဖြင့် လျှောက်တင်အပ်ပါတယ် အရှင်မ။ အကြီးအကဲ ယွီရှောင်ကန်း က အရှင်မအား တွေ့ဆုံခွင့် တောင်းခံနေပါတယ်။”

ဘီဘီတုန်း ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ခရမ်းရောင်အလင်းတန်းမှာ ခဏချင်း ပျောက်ကွယ်သွားသည်။

“ဝင်ခွင့်ပြုလိုက်”

ခဏအကြာ ယွီရှောင်ကန်းမှာ ခန်းမအတွင်းသို့ ဝင်လာသည်။ သူသည် ပလ္လင်ပေါ်မှ ပုံရိပ်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် အမှတ်တရများ၊ အရှက်ရမှုများနှင့် လွမ်းဆွတ်တမ်းတမှုများပင် ပါဝင်နေသည်။

“မင်း... နေကောင်းရဲ့လား”

ဘီဘီတုန်း သည် ယွီရှောင်ကန်း ကို စိုက်ကြည့်နေပြီး သူမ၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်ပြီးနောက် သူမ တည်ငြိမ်သွားသည်။ သူမ၏ လေသံမှာ အရိုးထဲထိ အေးစက်လှသည်။

“ပုပ်ရဟန်းမကို မြင်နေရတာတောင် ဘာကြောင့် ဂါရဝမပြုတာလဲ”

ယွီရှောင်ကန်း ၏ မျက်နှာပေါ်တွင် နာကျင်မှုရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“ယွီရှောင်ကန်း ပုပ်ရဟန်းမကို ဂါရဝပြုပါတယ်။”

ဘီဘီတုန်း က အေးစက်စွာ ပြောလိုက်သည်။

“နှစ်ပေါင်းနှစ်ဆယ်အတွင်း မင်း ဝိဉာဉ်မြို့တော် ကို ခြေမချခဲ့ဘူး။ အခု ဘာကိစ္စနဲ့ ပြန်လာတာလဲ”

“အရှင်မ... ကျွန်တော် မေးချင်တာက...”

“အဲ့ဒီတုန်းက မင်း ‘အမွှာဝိဉာဉ်’ ရဲ့ အားနည်းချက်ကို ဘယ်လို ကျော်လွှားခဲ့တာလဲ”

သုံ့လော်တိုက်ကြီး ၏ သမိုင်းတစ်လျှောက်တွင် အမွှာဝိဉာဉ်ပိုင်ရှင်အဖြစ် မှတ်တမ်းတင်ထားသူ နှစ်ဦးသာ ရှိခဲ့ဖူးသည်။ ပထမတစ်ဦးမှာ ဒုတိယဝိဉာဉ်ကို ဝိဉာဉ်ကွင်း တပ်ဆင်ချိန်တွင် ဝိဉာဉ်နှစ်ခု ပဋိပက္ခဖြစ်ကာ လုံးဝ ပျက်စီးသွားခဲ့ရသည်။ ဒုတိယတစ်ဦးမှာတော့ သူမရှေ့က ဘီဘီတုန်း ပင်ဖြစ်သည်။

သူမသည် ထိုပဋိပက္ခကို ကျော်လွှားခဲ့ရုံသာမက တိုင်းတာ၍မရသော စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်။ ယခု ထန်စန်း မှာ ယွီရှောင်ကန်း သိသော တတိယမြောက်လူ ဖြစ်နေသည်။

“ဒါဆို သီအိုရီရဲ့ ဂုဏ်ထူးဆောင်ဆရာကြီးတောင် မသိတာတွေ ရှိနေတာပဲ။”

ဘီဘီတုန်း က ခါးသီးစွာ ပြောလိုက်သည်။

“ဒါပေမဲ့... ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ။ ငါ့ကို ပြန်တိုက်ခိုက်မယ့် ရန်သူတစ်ယောက်ကို မင်း ပျိုးထောင်ပေးနိုင်အောင်လား”

သူမ၏ မျက်နှာမှာ ရုတ်တရက် ရေခဲသဖွယ် အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များမှာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် လေထုအတွင်း ဖုံးလွှမ်းသွားသည်။

“မင်း အဲ့ဒီ ဓားဝိုင် ရှိနေတာကိုပဲ ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် ငါစေလွှတ်မယ့် စွမ်းအားရှင်တွေရဲ့ ပထမဆုံးပစ်မှတ်က မင်းရဲ့တပည့် ထန်စန်း ဖြစ်မှာပဲ။ ဒါပေမဲ့ မလောပါနဲ့၊ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် သေရမှာပါ။”

“မင်း...”

ယွီရှောင်ကန်း သည် ဒေါသတကြီး မတ်တပ်ရပ်လျက် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဘီဘီတုန်း သည် ယွီရှောင်ကန်း ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းများမှာ ပို၍ ပြုံးလာသည်။

“ဟားဟားဟားဟား”

မြင့်မြတ်သော ခန်းမအတွင်း ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။ ခန့်ညားမှုမှာ ရှိနေဆဲ ဖြစ်သော်လည်း ၎င်းထဲတွင် အေးစက်သော ရူးသွပ်မှုများ ပါဝင်နေသည်။

“မင်း... မင်း တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”

ယွီရှောင်ကန်း သည် သွားကိုကြိတ်ကာ ဟိန်းဟောက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလျက် လှည့်ထွက်သွားတော့သည်။

ဒေါသတကြီး ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဘီဘီတုန်း ၏ ရယ်သံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ဗလာဖြစ်နေသော ခန်းမအတွင်း၌ သူမ၏ ပြင်းထန်သော အသက်ရှူသံသာ ကျန်ရစ်သည်။ သူမ၏ သူလျှိုများဆီမှ သတင်းပို့ချက်များကို တွေးမိသည်...

‘မင်းသမီးနှင့် နာမည်ကျော် ဓားဝိုင်တို့မှာ ပိုမို ရင်းနှီးလာကြပြီး သူမ၏ ရုပ်ရည်မှန်အတိုင်း အတူတူ ခရီးသွားနေသည်ဟု သံသယရှိရသည်။’

စကားလုံးတိုင်းမှာ သူမ၏ နှလုံးသားကို အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကိုက်ခဲနေသည်။ ရှားပါးသတ္တုများဖြင့် ပြုလုပ်ထားသော ပုပ်ရဟန်းမ တောင်ဝှေးမှာ သူမ၏ တင်းကြပ်စွာဆုပ်ကိုင်ထားသော လက်အတွင်း၌ တဂျွတ်ဂျွတ် မြည်နေသည်။ ဘီဘီတုန်း ၏ နတ်ဆိုးမျက်ဝန်းများအတွင်းတွင် နာကျင်မှုနှင့် ဖျက်ဆီးလိုစိတ်များ စီးဆင်းလာသည်။

“ငါ့ရဲ့ ပျော်ရွှင်မှုတွေက... လွန်ခဲ့တဲ့ အချိန်ကတည်းက ပြာအဖြစ် လောင်ကျွမ်းသွားခဲ့ပြီ...”

“နင့်လို မိစ္ဆာမလေးကလည်း... ဘာပျော်ရွှင်မှုမှ ရစရာ မရှိစေရဘူး”

ခရီးစဉ်မှာ အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။ ဆယ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ခရီးတစ်ဝက်ကျော်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ တော်ဝင်မြင်းစီးသူရဲ ငါးရာက ရှေ့မှ ဦးဆောင်နေပြီး အိမ်ရှေ့စံ ရွယ်ချင်းဟော် ကိုယ်တိုင် ပါဝင်သဖြင့် မြို့တိုင်းက ခမ်းနားစွာ ကြိုဆိုကြရာ ခရီးလမ်းမှာ ချောမွေ့နေသည်။

ဆယ့်တစ်ရက်မြောက်သော နေ့တွင်...

လီကျယ်ရှန်း၊ ယွီထျန်းဟန်၊ ဖုန်းရှောင်ထျန်း နှင့် အခြားသူများမှာ ရထားထဲတွင် အိုက်စပ်နေသဖြင့် မြင်းကိုယ်စီစီးကာ မြင်းစီးအဖွဲ့၏ အပြင်ဘက်တွင် လိုက်လာကြသည်။ လီကျယ်ရှန်း မှာ မြင်းပေါ်တွင် ယိမ်းထိုးရင်း ဝိုင်ကို အေးအေးလူလူ သောက်နေသည်။

ဘေးနားမှ ဖုန်းရှောင်ထျန်း မှာ ရုတ်တရက် ပြုံးစိစိဖြင့် လီကျယ်ရှန်း ၏ မြင်းတင်ပါးကို ရိုက်ရန် လက်လှမ်းလိုက်သည်။

ရွှဲ —

ထိုခဏတွင်ပင် မီးပွားတစ်ခု လွင့်စင်လာပြီး သူ၏ လက်ချောင်းကို ဖယ်ထုတ်လိုက်သည်။

ဟောက်ဝူ က လီကျယ်ရှန်း ကို အော်ပြောလိုက်သည်။

“ဟေး လီကျယ်ရှန်း”

“နင့်ဆီမှာ ဆီးသီးတွေ ကျန်သေးတာ ငါသိတယ်နော်”

“ငါ သူ့ကို ဆုံးမပေးလိုက်ပြီ၊ ငါ့ကို နောက်နှစ်လုံးလောက် ပေးစမ်းပါ”

“တကယ် မရှိတော့လို့ပါ” ဟု လီကျယ်ရှန်း က ပျင်းရိစွာ ဖြေလိုက်သည်။

သူသည် ဖုန်းရှောင်ထျန်း ၏ ရှက်ကိုးရှက်ကန်း မျက်နှာကို ကြည့်ပြီး စိတ်ကူးတစ်ခု ရသွားသည်။ မမြင်ရသော ‘ဓားချီ’ တစ်ခုကို စုစည်းလိုက်ပြီး ဖုန်းရှောင်ထျန်း စီးနေသော မြင်း၏ တင်ပါးကို ထိုးဆွလိုက်သည်။

ဟီးဟီး —

မြင်းမှာ လန့်ဖျန့်သွားပြီး ရှေ့ခြေနှစ်ဖက်ကို ထောင်လျက် ရူးသွပ်စွာ ပြေးတော့သည်။

ဖုန်းရှောင်ထျန်း မှာ “အမလေး” ဟု အော်ရင်း ဇက်ကြိုးကို အတင်းဆွဲရတော့သည်။ သို့သော် မမြင်ရသော ဓားချီမှာ အရိပ်ပမာ နောက်ကလိုက်၍ မြင်းကို ထိုးဆွနေသဖြင့် မြင်းမှာ လုံးဝ ထိန်းမရတော့ပေ။

ဤမြင်ကွင်းကို ကြည့်ရင်း လီကျယ်ရှန်း က အားရပါးရ ရယ်မောလိုက်သည်။ ဟောက်ဝူ လည်း မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးနေသည်။ ယွီထျန်းဟန် နှင့် အခြားသူများလည်း မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ခါတိုင်း အေးစက်စက် နေတတ်သော ထျန်းရွှေကျောင်းတော် မှ အဖွဲ့ဝင်အချို့ပင်လျှင် နှုတ်ခမ်းလေးများ ကွေးသွားကြသည်။

သို့သော် ထိုပေါ့ပါးသော အငွေ့အသက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။

အဖွဲ့သည် လမ်းဖြတ်တစ်ခုအဖြစ် ကျဉ်းမြောင်းသော တောင်ကြားလမ်းတစ်ခုအတွင်းသို့ ချိုးဝင်လိုက်သည်။ ဘေးတစ်ဖက်တစ်ချက်တွင် တောင်ကုန်းများ ရှိနေပြီး ဤနေရာကို ဖြတ်သွားလျှင် ခရီးမိုင်ပေါင်းများစွာ သက်သာစေမည် ဖြစ်သည်။

သို့သော် ထိုခဏတွင်ပင် ပတ်ဝန်းကျင်ရှိ အသံအားလုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ မြေပြင်ကို ရိုက်ခတ်နေသော မြင်းခွာသံများသာ ပဲ့တင်ထပ်နေသည်။ ဖော်ပြမရနိုင်သော လေးလံသည့် ဖိအားတစ်ခုမှာ တောင်ကြီးတစ်လုံးသဖွယ် ကျရောက်လာသည်။

“အားလုံး သတိထား၊ ခြုံခိုတိုက်ခိုက်မှုရှိတယ်”

အစောင့်ဗိုလ်၏ စူးရှသော အော်သံက တိတ်ဆိတ်မှုကို ဖြန့်ခွဲလိုက်သည်။ အသံပင် မဆုံးသေးမီ တောင်ကုန်းများပေါ်မှ နက်မှောင်သော လူရိပ်များမှာ ကျိုင်းကောင်များပမာ ထွက်ပေါ်လာကြသည်။ အားလုံးကို အံ့အားသင့်သွားစေသည်မှာ ရှေ့ဆုံးမှ ပုံရိပ်နှစ်ခုပင် ဖြစ်သည်။

တစ်ဦးမှာ စွန်းထင်းမှုမရှိသော အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး သူ၏ မျက်နှာမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ လက်ထဲတွင် ထူးဆန်းစွာ ပွင့်လန်းနေသော အမတပန်းတစ်ပွင့်ကို ကိုင်ထားသည်။

နောက်တစ်ဦးမှာတော့ ပုံရိပ်မှာ ဝေဝါးနေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် နတ်ဝိဉာဉ် အရိပ်တစ်ခုကဲ့သို့ပင်။

ဤနှစ်ဦး ပေါ်လာသည်နှင့် အဖွဲ့ငါးသင်းမှ လိုက်ပါလာသော ဆရာများ၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားသည်။ ဤနှစ်ဦးထံမှ ခုခံ၍မရသော ကြောက်မက်ဖွယ် ဖိအားကို သူတို့ ခံစားလိုက်ရသည်။ သူတို့ ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအား လည်ပတ်မှုပင်လျှင် နှေးကွေးသွားတော့သည်။

ဖုန့်ဟောက်သုံ့လော်

သူတို့မှာ သေချာပေါက် ဖုန့်ဟောက်သုံ့လော် ဝိညာဉ်ဆရာများပင် ဖြစ်သည်။

လီကျယ်ရှန်း ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသိလိုက်ပြီ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူအင်အားမှာ သေချာပေါက် ဝိဉာဉ်နန်းတော် ၏ လက်ချက်ပင် ဖြစ်ရမည်။

“ပုပ်ရဟန်းမက တကယ့် ရူးနေတဲ့ မိန်းမပဲ”

“လီကျယ်ရှန်း”

ရှုပ်ထွေးနေသော လူအုပ်နှင့် မြင်းများကြားတွင် ရွယ်ချင်းဟော် သည် နောက်သို့ ဆုတ်ပြေးနေသော လူအုပ်ကို ဆန့်ကျင်လျက် လီကျယ်ရှန်း ထံသို့ အလျင်အမြန် ပြေးလာလေတော့သည်။

All Chapters