အခန်း (၁၄၃)
Vol. 15 Ch. 143
“ဒီဝိဉာဉ်သားရဲကိုတော့ အိမ်မက်ဆိုးမိစ္ဆာလို့ ခေါ်တယ်။ သူ့ရဲ့ သက်တမ်းက ကုန်ဆုံးခါနီးနေပြီ၊ သုံးထောင်သက်တမ်း အကန့်အသတ်ကို ရောက်နေတာ...”
မြေအောက်နန်းတော်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ နက်ရှိုင်းတဲ့ အသံကြီးက ဟိန်းထွက်လာပေသည်။
တောင်ကုန်းတစ်ခုလို မည်းနက်ပြီး ကြီးမားလှတဲ့ လက်ညှိုးကြီးတစ်ချောင်းဟာ အပြင်ကို ဆန့်ထွက်လာပြီး မြေပြင်ကို တချက်ချင်း ပုတ်လိုက်သည်။
တချက် ပုတ်လိုက်တိုင်းမှာ...
ရေမှန်ချပ်ဟာ လှိုင်းထသွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိဉာဉ်သားရဲတစ်ကောင်ရဲ့ ပုံရိပ်ကို ထင်ဟပ်စေပေသည်။
နတ်ဘုရားလိပ်ပြာ လေးကတော့ အတောင်ပံကို ခတ်ရင်း ခေါင်းခါပြသည်။ မျက်လုံးသုံးလုံး ရွှေခြင်္သေ့ ကလည်း လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
“ဒီ ‘လမင်းဟောင်ဝံပုလွေ’ ကတော့ ဗီဇအရကို ကြမ်းတမ်းလွန်းတယ်၊ မိဘကို သတ်ပြီး ကိုယ့်မျိုးနွယ်ကို ပြန်စားတတ်တဲ့ကောင်ပဲ၊ ငါးထောင်သက်တမ်း ရှိတယ်...”
နတ်ဘုရားလိပ်ပြာ ရဲ့ အာရုံခံလက်တံလေးတွေဟာ အနည်းငယ် တုန်ခါသွားပေမယ့် အခုထိတော့ စိတ်ကျေနပ်ပုံမရသေးပေ။ ရွှေခြင်္သေ့ ကလည်း ကစားချင်စဖွယ် အသံလေးနဲ့ ညည်းပြလိုက်သည်။
ခန့်ညားထည်ဝါလှတဲ့ အသံကြီးထဲမှာတော့ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ မသိမသာ ပါဝင်လာတော့သည်။
“အနက်ရောင် ချပ်ဝတ် မိကျောင်းကြံ့၊ မျိုးနွယ်စုရဲ့ အာဏာလုပွဲမှာ ရှုံးနိမ့်ခဲ့လို့ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ သေရတော့မယ်၊ ရှစ်ထောင်သက်တမ်း ရှိတယ်...”
နတ်ဘုရားလိပ်ပြာ ကတော့ အခုထိ ငြင်းဆန်နေတုန်းပင်။
“ဝုန်း ——“
နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံဟာ မြေအောက်နန်းတော်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ကောင်းကင်နဲ့ မြေကြီးရဲ့ မူလစွမ်းအင်တွေကို စုပ်ယူနေတဲ့ အနှိုင်းမဲ့ သားရဲကြီးငါးကောင်ကိုတောင် နိုးလာစေလုမတတ်ပင်။ မိုးခြိမ်းသံလို ပြင်းထန်တဲ့ အသက်ရှူသံကြီး ထွက်ပေါ်လာပါပြီး အသက်တစ်ခါ ရှူသွင်း ရှူထုတ်လိုက်တိုင်းမှာ လေပြင်းတွေဟာ တဝေါဝေါ တိုက်ခတ်နေပေသည်။
“ကလေးလေး...”
“မင်းက နောက်ဆိုရင် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်လို့ ကတိပေးခဲ့လို့ ငါက ဒီလောက်အထိ အလျှော့ပေးနေတာ။ မင်းက အခုထိ စိတ်မကျေနပ်သေးဘူးဆိုရင်တော့ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရအောင်။”
နတ်ဘုရားလိပ်ပြာ လေးက ခေါင်းငြိမ့်ပြပါတယ်။ ပြီးတော့ သူက ရွှေခြင်္သေ့ ကို အတားအဆီးနံရံကို ဆက်ပြီး တိုက်ခိုက်ဖို့ အချက်ပြလိုက်ပါတယ်။
“နေဦး”
ခန့်ညားတဲ့ အသံကြီးက ထပ်မံ ထွက်ပေါ်လာပါတယ်။ သူရဲ့ နက်ရှိုင်းတဲ့ လေသံထဲမှာတော့ အားကိုးရာမဲ့တဲ့ အရိပ်အယောင်တွေ ရောယှက်နေပါပြီ။ ကြယ်တာယာတောအုပ်ကြီးကို အုပ်စိုးတဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ သားရဲနတ်ဘုရားကြီးဟာ လူငယ်ဝိဉာဉ်သားရဲလေး နှစ်ကောင်ရဲ့ လှည့်စားမှုကို ဒီလောက်အထိ ခံနေရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
“...နောက်ဆုံး အမျိုးအစား တစ်ခုပဲ ကျန်တော့တယ်။”
“ဒီသားရဲကတော့ တော်တော်လေးကို ထူးခြားတယ်။ တကယ်လို့ အဲ့ဒီလူသားက ဒါကို မစုပ်ယူနိုင်ဘူးဆိုရင် အဲ့ဒါက သူ့ရဲ့ အရည်အချင်း မပြည့်ဝမှုပဲ၊ တခြား ဘယ်အရာကိုမှ အပြစ်တင်လို့ မရဘူး။”
အနက်ရောင်နဲ့ ရွှေရောင် အကြေးခွံတွေ ဖုံးလွှမ်းနေတဲ့ ကြီးမားလှတဲ့ လက်ညှိုးကြီးဟာ မြေပြင်ပေါ်ကို ရုတ်တရက် ရိုက်ချလိုက်သည်။
ဝုန်း…..
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးနဲ့အတူ... လိုဏ်ဂူလမ်းဝမှာ ပိတ်ထားတဲ့ ဝိဉာဉ်စွမ်းအား အတားအဆီးဟာ... ကွဲကြေသွားတဲ့ ဖန်သားပြင်တွေလို တလက်မချင်း ပျက်စီးသွားတော့ပါတယ်။
“အတားအဆီး မရှိတော့ရင်တောင် မင်းတို့အတွက် ကောင်းကောင်းမွန်မွန် ဖြစ်လာလိမ့်မယ်လို့ မထင်နဲ့။ ငါက မင်းတို့ကို ကာကွယ်ပေးချင်လို့ ဒါကို ပိတ်ထားခဲ့တာ။”
အတားအဆီး ပွင့်သွားတာနဲ့... နတ်ဘုရားလိပ်ပြာ နဲ့ ရွှေခြင်္သေ့ တို့ကိုထိန်းထား၍မရနိုင်တော့ပေ။ သူတို့ဟာ ရွှေရောင်နဲ့ ရောင်စုံ အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လိုဏ်ဂူလမ်းထဲကို စိတ်မရှည်စွာနဲ့ ပြေးဝင်သွားကြသည်။
သို့သော်... လိုဏ်ဂူလမ်းထဲကနေ သူတို့ ပြေးထွက်လိုက်တဲ့ ခဏမှာပဲ ရှေ့က လမ်းကြောင်းဟာ ထင်သလောက် မချောမွေ့ဘူးဆိုတာကို သူတို့ သတိထားမိလိုက်တော့သည်။
နောက်ထပ် ကြီးမားလှတဲ့ လိုဏ်ဂူကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ အဲ့ဒီလိုဏ်ဂူထဲမှာတော့ ထူးဆန်းတဲ့ အပင်တစ်မျိုးဟာ ပြည့်နှက်နေပေသည်။ သူ့ရဲ့ အမြစ်တွေဟာ နဂါးတွေ ခွေလိပ်နေသလို တစ်ခုနဲ့တစ်ခု ရစ်ပတ်နေပြီး စွဲမက်ဖွယ်ကောင်းတဲ့ ခုနစ်ရောင်ခြည် အလင်းတန်းတွေကို ထုတ်လွှတ်နေတော့သည်။
သူ့ရဲ့ ပင်စည်တွေက ဓားတွေလို မတ်နေပြီး တစ်ပင်လုံးက မြစိမ်းရောင် ဖြစ်နေပေသည်။ လိုဏ်ဂူရဲ့ အောက်ခြေကနေ အပေါ်မျက်နှာကျက်အထိ နေရာလွတ်မရှိအောင် ပြည့်နေခြင်းပင်။ အပင်တစ်ပင်ချင်းစီရဲ့ ထိပ်ဖျားမှာတော့ ထူးခြားတဲ့ ပုံသဏ္ဌာန်ရှိတဲ့ အရွက်တွေ ပွင့်နေပြီး အချို့က နှစ်ရွက် သုံးရွက်၊ အချို့ကတော့ ခုနစ်ရွက် ရှစ်ရွက်စီရှိပေသည်။ ထိုအရွက်တွေက ပုံမှန်လို ဝိုင်းဝိုင်းစက်စက် ပုံစံမျိုးမဟုတ်ပေ။
အရွက်ရဲ့ အနားသတ်တွေဟာ အလွန်ကို ထက်မြက်ပြီး ထောင့်စွန်းတွေ ရှိနေကာ အေးစက်တဲ့ အလင်းတန်းတွေဟာ မသိမသာ လက်ခနဲ ဖြစ်နေပေသည်။
နှစ်သောင်းချီသက်တမ်းရှိ ဘေးဒုက္ခပန်း
လိုဏ်ဂူတစ်ခုလုံးကို ဒီလို ဓားပုံသဏ္ဌာန်ရှိတဲ့ အပင်တွေက ဖုံးလွှမ်းထားပေသည်။ ကြီးမားလှတဲ့ ရွှေခြင်္သေ့ ကို မပြောနဲ့... သေးငယ်တဲ့ နတ်ဘုရားလိပ်ပြာ လေးတောင်မှ ဒီအပင်တွေကို မထိမိအောင် ပျံသန်းဖို့ မဖြစ်နိုင်ပေ။
သူ့ရဲ့ အရှိန်အဝါကို အာရုံခံကြည့်မယ်ဆိုရင်... ရာစုနှစ်ချီ၊ ထောင်စုနှစ်ချီ သက်တမ်းရှိတဲ့ အပင်အမျိုးအစား ဝိဉာဉ်သားရဲတွေဆီမှာ တွေ့ရလေ့ရှိတဲ့ သက်စောင့်အားကလွဲရင်... မသိမသာ ခံစားမိရတဲ့ ထက်မြက်မှုတစ်ခုပဲ ရှိပေသည်။ တခြား ထူးခြားတဲ့ လက္ခဏာရပ်မျိုးတော့ မရှိပေ။
“သုံးရွက်ပါတဲ့ တစ်ပင်ကို ထိကြည့်လိုက်စမ်း။”
ရွှေခြင်္သေ့က ခိုင်းတဲ့အတိုင်း လုပ်လိုက်သည်။ သူက ရွှေရောင်အကြေးခွံတွေ ဖုံးလွှမ်းနေတဲ့ သူ့ရဲ့ ညာဘက်ရှေ့ခြေဖဝါးကို မြှောက်လိုက်ပါတယ်။ ပြီးတော့ သူ့ရှေ့မှာရှိတဲ့ ထောင့်စွန်းသုံးခုပါတဲ့ အရွက်ပွင့်နေတဲ့ ထူးဆန်းတဲ့ အပင်ကို တိုက်ရိုက် ဖိချလိုက်သည်။
သူ့ရဲ့ လက်သည်းက မြစိမ်းရောင် ပင်စည်ကို ထိမိလိုက်တဲ့ ခဏမှာပဲ... အပင်တစ်ခုလုံးဟာ ရုတ်တရက် တုန်ခါသွားတော့သည်။
ရှူး ——
ခိုင်မာလှတဲ့ အရှိန်အဝါတစ်ခုဟာ လျှပ်စီးပမာ မြန်ဆန်စွာနဲ့ ရွှေခြင်္သေ့ရဲ့ ခြေဖဝါး အလယ်ဗဟိုကို စိုက်ဝင်လာနေပေသည်။ ရွှေခြင်္သေ့ ရဲ့ သားရဲမျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းတွေ လက်ခနဲ ဖြစ်သွားပေမယ့် သူ နောက်မဆုတ်ခဲ့ပေ။ သူ့ရဲ့ ခြေဖဝါးအောက်ကနေ ရွှေရောင်မီးတောက်တွေ ပွင့်ထွက်လာပြီး သူက ပြင်းပြင်းထန်ထန် ပြန်ပြီး နင်းချလိုက်သည်။
အဲ့ဒီထူးဆန်းတဲ့ အပင်ဟာ ချက်ချင်းပဲ မီးလောင်ကျွမ်းပြီး ခြောက်သွေ့သွားတော့သည်။ ဒါပေမဲ့... သူ့ရဲ့ အသက်ဇီဝ ပျက်စီးတော့မယ့် ခဏမှာပဲ... ထိပ်ဖျားမှာရှိတဲ့ အရွက်သုံးရွက်ဟာ ရုတ်တရက် တောက်ပြောင်လှတဲ့ သွေးရောင်အဖြစ် ပြောင်းလဲသွားပေသည်။
ဝှူး ——
အရင်ကထက် သုံးဆမက ပိုပြီး ပြင်းထန်လှသည့် ထက်မြက်တဲ့ စွမ်းအင်တစ်ခုဟာ လေထုကို ဖြတ်သန်းသွားကာ စူးရှတဲ့ အသံနဲ့အတူ ရွှေခြင်္သေ့ဆီကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
ရွှေခြင်္သေ့က သူ့ရဲ့ ခြေဖဝါးကို မြှောက်ပြီး ပြန်ပြီး ခုခံသည်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့... သူက နာကျင်စွာနဲ့ ဟိန်းဟောက်လိုက်ပြီး အလျင်အမြန်ပဲ ခေါင်းငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ ရွှေရောင်အကြေးခွံတွေ ဖုံးနေတဲ့ ခြေဖဝါးကနေ ရွှေရောင်သန်းနေတဲ့ သွေးစက်ကလေး တစ်စက် ထွက်ကျလာတာကိုသူ မြင်လိုက်ရတော့သည်။
ဒီမြင်ကွင်းကို ကြည့်ပြီး... နတ်ဘုရားလိပ်ပြာ လေးဟာ မယုံနိုင် ဖြစ်နေသည်။ သာမန် သုံးရွက်ပါတဲ့ အပင်လေးတစ်ပင်က မင်္ဂလာသားရဲကိုတောင် တကယ်ကြီး ဒဏ်ရာရစေခဲ့သည်။ လိပ်ပြာလေးနဲ့ သားရဲလေးရဲ့ အကြည့်တွေဟာ... အံ့သြမှု၊ သံသယတွေနဲ့အတူ မြေအောက်နန်းတော်ရဲ့ အနက်ရှိုင်းဆုံးဆီကို တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြပါတယ်။
“ဒီဝိဉာဉ်သားရဲကို ‘ဘေးဒုက္ခပန်း’ လို့ ခေါ်တယ်။”
“သူ့မှာ ဝိဉာဉ် ဒါမှမဟုတ် ဉာဏ်ရည် မရှိဘူး၊ တိုက်ခိုက် သတ်ဖြတ်ချင်တဲ့ ဗီဇပဲ ရှိတယ်။”
“ဒါက ဒီနေရာမှာ ကျဆုံးခဲ့ပြီး ငါ့အရှင်သခင်ရဲ့ သွေးတွေကနေ ပေါက်ဖွားလာတဲ့ အံ့ဖွယ်အပင်တစ်မျိုးပဲ။”
“စကားပုံတစ်ခု ရှိတယ် ‘ခဏတာအတွင်းမှာ၊ အရွက်တစ်ခက်ဟာ ဘေးဒုက္ခတစ်ခု၊ ဘေးဒုက္ခတစ်ခုဟာ အသက်တစ်ချောင်း’ တဲ့။”
“ဒီ ‘ဘေးဒုက္ခပန်း’ ဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ ဝိဉာဉ်စွမ်းရည်ကို တစ်ကြိမ်ပဲ ထုတ်ဖော်ခွင့်ရှိတယ်၊ အဲ့ဒါက သူ ပျက်စီးတော့မယ့် အချိန်ပဲ။”
“ခုနက မင်းတို့က သူ့ရဲ့ ဘေးဒုက္ခကို နှိုးဆွလိုက်တာ။”
“သူ့ရဲ့ အရွက်အရေအတွက်ကို ကြည့်လိုက်ပါဦး...”
“သုံးရွက်ဆိုရင် သုံးဆသော တန်ပြန်သက်ရောက်မှု ကို ခံရမယ်။”
“ငါးရွက်ဆိုရင် ငါးဆသော အစွမ်းရှိမယ်။”
“အဲ့ဒီအတိုင်းပဲ ဆက်သွားတာပဲ။”
အမြင့်ဆုံးသော ခန့်ညားထည်ဝါလှတဲ့ အသံကြီးဟာ မြေအောက်နန်းတော်ထဲမှာ ပဲ့တင်ထပ်နေသည်။
“အဲ့ဒီလူသား လူငယ်လေးက ဓားကျင့်ကြံသူ ဖြစ်နေတာမို့၊ ဒီ ‘ဘေးဒုက္ခပန်း’ ဟာ သူနဲ့ အကိုက်ညီဆုံး ဖြစ်လိမ့်မယ်။”
“ဒါက နတ်ဘုရားအရှိန်အဝါ စွန်းထင်နေတဲ့ ဝိဉာဉ်သားရဲပဲ၊ ဒီကမ္ဘာပေါ်မှာ ဒီတစ်ပင်ပဲ ရှိတာ။ ဒီလူငယ်လေးရဲ့ ကံကြမ္မာကတော့ တကယ့်ကို အံ့သြစရာပဲ။”
“ကလေးလေး... မင်းက သူနဲ့ ရေစက်ရှိနေတာမို့၊ ငါ မျှော်လင့်တာက တစ်နေ့မှာ သူ တကယ်ပဲ အောင်မြင်လာခဲ့ရင် ငါတို့ ဝိဉာဉ်သားရဲမျိုးနွယ်အပေါ် ဘေးဒုက္ခတွေ ယူမလာဖို့ပဲ။”
“မဟုတ်ရင်တော့ ဒီနေ့ရဲ့ အကြောင်းတရားဟာ နောင်ခါမှာ ခါးသီးတဲ့ အကျိုးတရား ဖြစ်လာလိမ့်မယ်၊ အဲ့ဒါကို ငါတို့အားလုံး ကိုယ်တိုင် ပြန်ပြီး ခံစားရလိမ့်မယ်။”
ဒါကို ကြားလိုက်ရတဲ့အခါ နတ်ဘုရားလိပ်ပြာ လေးဟာ ချက်ချင်းပဲ အထက်အောက် ပျံသန်းပြီး ခေါင်းကို တရစပ် ငြိမ့်ပြလိုက်သည်။
နက်ရှိုင်းတဲ့ အသံကြီးက နောက်ဆုံးမှာတော့ ပြောလိုက်သည်။
“ဒါဆိုရင်လည်း... မင်းနဲ့ ရေစက်ရှိတဲ့သူအတွက် ‘ဘေးဒုက္ခပန်း’ တစ်ပင်ကို ရွေးလိုက်တော့။”
နတ်ဘုရားလိပ်ပြာ ရဲ့ သွယ်လျတဲ့ အာရုံခံ လက်တံလေးတွေဟာ အနည်းငယ် လှုပ်ရှားသွားပြီး၊ သူ့ရဲ့ မျက်လုံးတွေက ဓားတောကြီးလို ဖြစ်နေတဲ့ ဒီလိုဏ်ဂူကြီးကို ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူက လိုဏ်ဂူရဲ့ အလယ်ဗဟိုမှာရှိတဲ့... တိုင်လုံးကြီးတစ်လုံးလို ထူထဲလှတဲ့ ပင်စည်ရှိတဲ့ ‘ဘေးဒုက္ခပန်း’ တစ်ပင်မှာ ရပ်တန့်သွားတော့သည်။ ထိပ်ဖျားမှာတော့ ထောင့်စွန်း ၁၂ ခုပါတဲ့၊ အေးစက်တဲ့ အလင်းတန်းတွေ ထွက်နေတဲ့ အရွက် ၁၂ ခက်ဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပွင့်နေပေသည်။
“ကလေးလေး... မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ ဒီ ၁၂ ရွက်ပါတဲ့ ‘ဘေးဒုက္ခပန်း’ က သက်တမ်း နှစ်သောင်းချီနီးပါး ရှိနေပြီ။”
“အဲ့ဒီလူသား လူငယ်လေးက ဒါကို ခံနိုင်ရည်ရှိမယ်လို့ မင်း သေချာလား”
နတ်ဘုရားလိပ်ပြာ လေးက ခိုင်မာပြတ်သားစွာနဲ့ ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ကြယ်တာယာတောအုပ်ကြီး၊ အလယ်ပိုင်း။
လီကျယ်ရှန်းဟာ ချန်ရန်ရွယ် နဲ့အတူ တောအုပ်ထဲမှာ အရှိန်နဲ့ ပြေးလွှားနေသည်။
အဲ့ဒီအချိန်မှာပဲ...
ဝုန်း…..
သူ့ရဲ့ ခြေထောက်အောက်က မြေပြင်ဟာ ဘာသတိပေးချက်မှမရှိဘဲ ရုတ်တရက် အက်ကွဲသွားသည်။ လီကျယ်ရှန်းရဲ့ မျက်လုံးတွေဟာ ကျုံ့သွားပြီး သူက ချန်ရန်ရွယ် ကို ဆွဲကာ အနောက်ဘက်ကို ပေဒါဇင်ပေါင်းများစွာ နောက်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ... သူ့ရဲ့ ခန္ဓာကိုယ်ထဲက ဝိဉာဉ်စွမ်းအားတွေဟာ ပေါက်ကွဲထွက်လာကာ ဒူကူဘို နဲ့ ယွီယွမ်ကျန့် တို့ရဲ့ နာမည်တွေဟာ သူ့ရဲ့ နှုတ်ခမ်းဖျားအထိ ရောက်နေပြီဖြစ်ပေသည်။
သို့သော် ထိုအချိန်မှာပဲ... ဖုန်တထောင်းထောင်း ထနေတဲ့ ကြားထဲကနေ... ထူးဆန်းတဲ့ ခုနစ်ရောင်ခြည် အလင်းတန်းလေးတွေ ထွက်နေတဲ့ အပင်တစ်ပင်ဟာ ပွင့်ထွက်သွားတဲ့ အက်ကြောင်းထဲကနေ ဖြည်းဖြည်းချင်း မြင့်တက်လာပေသည်။ ထိပ်ဖျားမှာရှိတဲ့ ထောင့်စွန်း ၁၂ ခုပါတဲ့ အရွက် ၁၂ ခက်ဟာ လေထဲက ဖယောင်းတိုင်မီးလိုမျိုး ညှိုးနွမ်းနေသည်။
နှစ်သောင်းချီ ဝိဉာဉ်သားရဲတစ်ကောင်ရဲ့ အရှိန်အဝါဟာ တောအုပ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ လီကျယ်ရှန်း ရဲ့ ပုံရိပ်ဟာ ရုတ်တရက် ရပ်တန့်သွားပြီး သူက အံ့သြမှု၊ သံသယတွေနဲ့အတူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ဒါပေမဲ့... အလျင်အမြန် ပြန်ပိတ်သွားတဲ့ မြေပြင်အက်ကြောင်းကလွဲရင်... တခြား ဘာထူးခြားတဲ့ အမှတ်အသားမှ မတွေ့ရပေ။
သူ့ရှေ့မှာတော့... သေအံ့ဆဲဆဲ ဖြစ်နေပေမယ့်... အခုထိ ထက်မြက်လှတဲ့ အရှိန်အဝါတွေ ထွက်နေတဲ့ အံ့ဖွယ်အပင်လေးသာ ကျန်တော့ပေသည်။
သူ့ရဲ့ အရွက်ပုံသဏ္ဌာန်၊ ဟင်းလင်းပြင်ကိုတောင် ဖြတ်တောက်နိုင်လုမတတ် ရှိနေတဲ့ ကျန်ရစ်နေတဲ့ ထက်မြက်တဲ့ အရှိန်အဝါတွေဟာ လီကျယ်ရှန်း ရဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပေသည်။
ဒါဟာ... သူ တမ်းတနေခဲ့တဲ့ ဝိဉာဉ်သားရဲပင်။
သူ့ရဲ့ နှလုံးသားကို ပိုပြီး ခုန်မြန်စေတဲ့ အချက်ကတော့ သူ့ရဲ့ ရောင်စုံအမြစ်တွေဆီက ထွက်နေတဲ့ အရှိန်အဝါဟာ သူအရင်က ရခဲ့တဲ့ နဂါးခေါင်းဓားသိန်းငှက် ဝိဉာဉ်ကွင်းနဲ့ မသိမသာ ထပ်တူကျနေခြင်းပင် ဖြစ်ပေသည်။
“ရှားပါးသားရဲ၊ နတ်ဘုရားအရှိန်အဝါ စွန်းထင်နေတဲ့ နောက်ထပ် ရှားပါးသားရဲတစ်ကောင်ပဲ”
ဒါဟာ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပင်။
လီကျယ်ရှန်း ဟာ နောက်ထပ် တစ်စက္ကန့်တောင် မတွန့်ဆုတ်တော့ပေ။
သူက မြေပြင်ကို ဦးညွှတ်ပြီး လက်အုပ်ချီလိုက်သည်။
“လီကျယ်ရှန်း ကနေ အကြီးအကဲရဲ့ ကျေးဇူးကို အထူးပဲ ကျေးဇူးတင်ပါတယ်”
ပြောပြီးသည်နှင့်... ကြာပန်းစိမ်းဓားဟာ တချွင်ချွင် မြည်သံနဲ့အတူ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ နှစ်သောင်းချီ သက်တမ်းရှိ ဘေးဒုက္ခပန်း ဆီကို ပျံသန်းသွားပေသည်...