← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

ရှီလိုင်ခဲ့ အကယ်ဒမီ၏ ပြင်ဆင်ဆောင်။

ထန်စန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ တိုက်မုပိုင် ချက်ချင်းအရေးနိမ့်သွားသည်ကို မြင်လိုက်ရသော်လည်း သူ၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင် အနည်းငယ်မျှမရှိချေ။ ဝိဉာဉ်ကွင်းလိုက်လံရှာဖွေစဉ်က အတူလိုက်ပါသွားခဲ့သည့် ဖူလန်ဒါ မှလွဲ၍ ကျန်သူများမှာ သူ၏အစွမ်း မည်မျှပြောင်းလဲသွားသည်ကို မသိကြသေးချေ။

“ငါ အရှုံးမပေးဘူး။”

စူးစိုက်ကြည့်နေကြသော အကြည့်ပေါင်းများစွာကြားမှ ထန်စန်းသည် တည်ငြိမ်သောခြေလှမ်းများဖြင့် စင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့သည်။ သုံ့လော်တိုက်ကြီး၏ နှစ်ပေါင်းသောင်းချီ သမိုင်းတစ်လျှောက်တွင် သိရှိထားသည့် အမြွှာဝိဉာဉ်ပိုင်ရှင် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့်အတွက် ထန်စန်း ၏ ကျော်ကြားမှုမှာ ဝိဉာဉ်မြို့တော်၌ ရွှေရောင်မျိုးဆက် သုံးဦးပြီးလျှင် အမြင့်ဆုံးပင် ဖြစ်သည်။

ထို့ပြင် သူသည် လီကျယ်ရှန်း နှင့် တိုက်ရိုက်ထိပ်တိုက်မတွေ့ဖူးသေးသောကြောင့် သူတို့နှစ်ဦး၏ ဂုဏ်သတင်းမှာ အတူတူလောက်ပင် ရှိနေသည်။ စောစောက လီကျယ်ရှန်း ၏ ပီပီတုန်း အပေါ် မလေးမစားပြုမူမှုကြောင့် ပရိသတ်များမှာ ဒေါသထွက်နေကြပုံရသည်။ ယခုအချိန်တွင် ကွင်းအတွင်းရှိ ထန်စန်း အတွက် အားပေးသံများမှာ ပို၍ပင် ကျယ်လောင်နေတော့သည်။

“ဒီမောက်မာတဲ့ လီကျယ်ရှန်း ကို သင်ခန်းစာပေးလိုက်စမ်းပါ”

“အမြွှာဝိဉာဉ်ပဲဟေ့၊ တိုက်ပွဲမှာ အသာစီးရဖို့အတွက် အခွင့်အရေးက အများကြီးပဲ”

“ထန်စန်း က သာမန်လူမဟုတ်ဘူး၊ လီကျယ်ရှန်း နိုင်ရင်တောင်မှ တော်တော်လေး အထိနာသွားမှာ သေချာတယ်”

VIP နေရာ။

ပီပီတုန်း ၏ ဝိဉာဉ်စွမ်းအားကြောင့် သူမ၏အသံမှာ ဘေးနားရှိလူများဆီသို့ လွင့်ပျံလာသည်။

“ဒီလူငယ်လေးက အမြွှာဝိဉာဉ်ပိုင်ရှင်လား”

သစ္ဆေသုံ့လော်၏ အသံမှာ ဝေဝါးနေသည်။

“ဟုတ်ပါတယ်၊ ဒီကလေးက လီကျယ်ရှန်းကို မနိုင်နိုင်ရင်တောင်မှ သူက နှစ်ပေါင်းထောင်ချီအတွင်း တွေ့ရခဲတဲ့ ပါရမီရှင်တစ်ဦးပါပဲ။ အမြွှာဝိဉာဉ်ရဲ့ အလားအလာကို ကြည့်ရင် သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက လီကျယ်ရှန်း ထက် နိမ့်ကျမှာမဟုတ်ပါဘူး။”

ပီပီတုန်း ၏ ခရမ်းရောင်မျက်ဝန်းများမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းနေပြီး မည်သည့်လှုပ်ခတ်မှုမျှ မရှိချေ။

စင်မြင့်ပေါ်တွင်။

ဒိုင်လူကြီး၏ မောင်းသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထန်စန်း၏ ပတ်ဝန်းကျင်ရှိ ဝိဉာဉ်စွမ်းအားများမှာ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ အဝါ၊ အဝါ၊ ခရမ်း၊ အနက် ဝိဉာဉ်ကွင်းလေးကွင်းမှာ သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာသည်။

ပရိသတ်များမှာ ချက်ချင်းပင် အံ့အားသင့်သွားကြပြီး တိုးတိုးတိတ်တိတ် ဆွေးနွေးမှုများဖြင့် ဆူညံသွားသည်။ အရင်ကဆိုလျှင် စတုတ္ထဝိဉာဉ်ကွင်းက နှစ်တစ်‌ေသာင်းအဆင့်ဖြစ်ခြင်းမှာ အကြီးအကျယ် ဟိုးဟိုးကျော်ဖြစ်မည့် ကိစ္စဖြစ်သည်။ သို့သော် ယခုမူ... လီကျယ်ရှန်း ၏ တောက်ပလွန်းလှသော အစွမ်းကြောင့် သူ၏အလင်းမှာ မှိန်ဖျော့သွားရသည်။ လီကျယ်ရှန်း ၏ ပထမဝိဉာဉ်ကွင်းနှစ်ခုမှာပင် နှစ်‌ေထာင်ချီအဆင့် ခရမ်းရောင်ဝိဉာဥ်ကွင်းဖြစ်နေသည်ကို မပြောနှင့်ဦး၊ သူ၏ တတိယဝိဉာဉ်ကွင်းမှာပင် ဝိဉာဉ်ပညာရှင်အားလုံး၏ ကမ္ဘာ့အမြင်ကို ဖျက်ဆီးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ထန်စန်း ၏ နှစ်တစ်‌ေသာင်းဝိဉာဉ်ကွင်းမှာ အတော်အတန် သာမန်ကာလျှံကာသာ ဖြစ်သွားရသည်။

“လီကျယ်ရှန်း...”

ထန်စန်း သည် မီတာအနည်းငယ်အကွာရှိ ဝတ်စုံဖြူနှင့်လူငယ်ကို စူးစိုက်ကြည့်နေသည်။ သူ၏ရင်ထဲ၌ သတ်မှတ်ထားသော ဤပြိုင်ဘက်ကြီးနှင့် အဆုံးအဖြတ်တိုက်ပွဲတွင် ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။

“နှစ်တစ်‌ေသာင်းဝိဉာဉ်ကွင်းလား”

လီကျယ်ရှန်း ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများ ပင့်တက်သွားပြီး သူ၏မျက်ဝန်းထဲတွင် အံ့သြမှုအရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ သူ၏တွက်ချက်မှုအရ ထန်စန်းသည် ရေခဲနှင့်မီး ယင်ယန်စမ်းရေတွင်း ကို ဆုံးရှုံးသွားပြီးနောက်တွင် အဆင့်ကျော်လွန်ကာ နှစ်တစ်‌ေသာင်းဝိဉာဉ်ကွင်းကို စုပ်ယူနိုင်စွမ်း မရှိသင့်ပေ။

“ကြည့်ရတာ... သူ့ရဲ့ ဟောက်ထျန်းသုံ့လော် အဖေက တစ်ခုခု တိတ်တဆိတ် ကူညီပေးလိုက်ပုံပဲ”

ကမ္ဘာခြားမှ ကူးပြောင်းလာသူအချင်းချင်းဖြစ်သဖြင့် ထန်စန်းတွင်လည်း ကံကြမ္မာ၏ ထောက်ပံ့မှုအချို့ ရှိနေသည်မှာ အမှန်ပင်။

“ဟွန့်”

ထန်စန်းသည် လီကျယ်ရှန်း၏ မျက်ဝန်းထဲမှ ခေတ္တမျှပေါ်လာသော အံ့သြမှုကို သတိထားမိလိုက်သည်။ သို့သော် သူက ကျေနပ်မနေသေးချေ။

“မင်းကို တကယ်အံ့သြသွားစေမယ့်အရာက နောက်မှလာမှာ။”

ရန်သူချင်းဆုံလျှင် စကားများနေရန် မလိုချေ။ ပထမဆုံး တိုက်ကွက်မှာပင် မိုးကြိုးပမာ ပြင်းထန်သော တိုက်ကွက်ဖြစ်ရမည်။ ထန်စန်း၏ ခြေထောက်အောက်မှ နက်မှောင်သော ဝိဉာဉ်ကွင်းမှာ ရုတ်တရက် တောက်ပလာသည်။

“စတုတ္ထ ဝိဉာဉ်စွမ်းရည် ငွေပြာမြက် အကျဉ်းထောင်”

ဘုန်း —

ဘုန်း —

ကြိုတင်အသိပေးခြင်း မရှိပဲ စင်မြင့်၏ မာကျောသော မြေပြင်မှာ ရုတ်တရက် ကွဲအက်သွားသည်။ ထူထဲလှသော ငွေပြာမြက်များသည် ဧရာမမြွေကြီးများအလား၊ ကြောက်မက်ဖွယ် ဆူးများဖြင့် လီကျယ်ရှန်း ၏ ပတ်ပတ်လည်ရှိ မြေပြင်မှ ဝုန်းခနဲ ပေါက်ထွက်လာသည်။ ၎င်းတို့သည် လီကျယ်ရှန်း ၏ ခေါင်းပေါ်တွင် လိမ်ယှက်သွားပြီး လေလုံသော အနက်ရောင် အကျဉ်းထောင်တစ်ခုကို တည်ဆောက်ကာ သူ့ကို လုံးဝပိတ်ဆို့လိုက်တော့သည်။

ထန်စန်း ၏ မျက်ဝန်းထဲတွင် ရက်စက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူ၏ပုံရိပ်မှာ အနောက်တွင် အရိပ်များကျန်ရစ်စေလျက် ထန်ဂိုဏ်း ၏ ထူးခြားသော ခြေလှမ်းအတတ်ဖြစ်သည့် တစ္ဆေအရိပ် ခြေလှမ်းကို အသုံးချကာ အကျဉ်းထောင်အတွင်း ပိတ်မိနေသော လီကျယ်ရှန်း ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ထဲတွင် လျှပ်စီးများ ဝင်းလက်လာသည်။ နက်မှောင်သော တူငယ်လေးတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းမှာ လေးထောင့်ပုံစံဖြစ်ပြီး သတ္တုရောင် အနက်ရောင်အလင်းများ ထွက်ပေါ်နေကာ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းအနီရောင် ပုံစံများမှာ မသိမသာ စီးဆင်းနေသည်။ ၎င်းကို လက်ဖြင့် ကိုင်ထားရုံမျှနှင့်ပင် အသက်ရှူရကျပ်လောက်အောင် လေးလံသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းမှာ တူတစ်စင်းထက် တောင်ကြီးတစ်လုံးကို ကိုင်ထားရသကဲ့သို့ပင်။

ဤသည်မှာ သုံ့လော်တိုက်ကြီး၏ နံပါတ်တစ် လက်နက်ဝိဉာဉ်ဟု တင်စားကြသော ဟောက်ထျန်းတူပင် ဖြစ်သည်။ ဟောက်ထျန်းတူ ကို ကိုင်လိုက်သည်နှင့် ထန်စန်း ၏ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံဖိနှိပ်လာသည်။ သူသည် တူလက်ကိုင်ကို တင်းတင်းဆုပ်ကာ အကျဉ်းထောင်အနီးသို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော်လည်း... ဖြောက် — ဖြောက် —

ရေခဲများ ကွဲအက်သကဲ့သို့ အသံနှင့်အတူ ထန်စန်း ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သံမဏိကဲ့သို့ မာကျောလှသော သူ၏ ငွေပြာနွယ် အကျဉ်းထောင် ပေါ်တွင် အက်ကြောင်းလေးများမှာ စတင်ပျံ့နှံ့နေပြီဖြစ်သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အရှိန်ရနေပြီဖြစ်ရာ ရပ်တန့်၍ မရတော့ချေ။ ထန်စန်း သည် တစ္ဆေအရိပ် ခြေလှမ်း ကို အစွမ်းကုန် အသုံးချကာ သူ၏အရှိန်ကို ပိုမြှင့်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အက်ကွဲနေသော အကျဉ်းထောင်နှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိသွားသည်။

သူသည် ဟိန်းဟောက်လိုက်ပြီး မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ ဟောက်ထျန်းတူ၏ အလေးချိန်ကြောင့် အောက်ရှိ ကျောက်ပြားများမှာ ဝုန်းခနဲ ပြိုကျသွားသည်။ ထိုတွန်းကန်အားကို အသုံးချကာ ထန်စန်း ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မီတာအနည်းငယ် မြင့်တက်သွားသည်။ သူ၏ ညာဘက်လက်မောင်းမှ ကြွက်သားများမှာ နဂါးများအလား ထောင်ထွက်လာပြီး လက်မောင်းမှာလည်း သုံးဆခန့် ပိုမိုကြီးမားလာသည်။

ဟောက်ထျန်းတူ ကို သူ၏အနောက်သို့ ဝှေ့ယမ်းကာ သူ၏ ဝိဉာဉ်စွမ်းအားနှင့် အင်အားအားလုံးကို တစ်မှတ်တည်းတွင် စုစည်းလိုက်သည်။ သူ၏ ခါးကို လှည့်လိုက်ပြီး အားအင်အလုံးအရင်းဖြင့် တောင်ဖြိုမြေကွဲနိုင်သော အရှိန်အဟုန်ဖြင့် ထန်စန်း သည် ကြောက်မက်ဖွယ် လေးလံလှသော ဟောက်ထျန်းတူ ကို အောက်ရှိ အကျဉ်းထောင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဟောက်ထျန်းတူ သည် အကျဉ်းထောင်ကို ထိခတ်တော့မည့် ခဏတွင်

ဘုန်း —

ဘုန်း —

ငွေပြာမြက်အကျဉ်းထောင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ နက်မှောင်သော အပိုင်းအစပေါင်းများစွာမှာ မိုးပေါက်များအလား လွင့်စင်သွားကြသည်။ အနှိုင်းမဲ့ ထက်မြက်လှသော ဓားစွမ်းအင်တစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ဖုန်မှုန့်များနှင့် အပျက်အစီးများကြားတွင် ဝတ်စုံဖြူနှင့် ပုံရိပ်လေးမှာ ဖုန်တစ်စပင် မတင်ဘဲ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

လီကျယ်ရှန်းသည် ခေါင်းမော့ကာ သူ့ဆီသို့ ကျဆင်းလာသော ဟောက်ထျန်းတူကို ကြည့်လိုက်သည်။ ထိုတူမှ ပါလာသော လေတိုးသံကြောင့် သူ၏ဝတ်ရုံမှာ တဖျပ်ဖျပ် လွင့်ပျံနေသည်။ သူသည် ရှောင်တိမ်းရန် အစီအစဉ်မရှိချေ။

ဤအချိန်တွင် တစ်ကွင်းလုံး တိတ်ဆိတ်သွားသည်။ ကြည့်ရှုသူအားလုံး၏ နှလုံးသားများကို မမြင်ရသော လက်တစ်ဖက်က ဆုပ်ကိုင်ထားသကဲ့သို့ပင်။ ထိတ်လန့်စရာ၊ ရင်ခုန်စရာ၊ မယုံကြည်နိုင်စရာ အကြည့်ပေါင်းများစွာမှာ ဟောက်ထျန်းတူ နှင့် ၎င်းအောက်ရှိ ဝတ်စုံဖြူပုံရိပ်လေးဆီသို့ စူးစိုက် ြကည့်နေကြသည်။

ဝုန်း

နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီးမှာ စင်မြင့်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ သူတို့နှစ်ဦးကို ဗဟိုပြုကာ စင်မြင့်မြေပြင်မှာ ဥခွံတစ်ခုကဲ့သို့ လက်မချင်းစီ ကွဲအက်သွားသည်။ ကျောက်တုံးအကျိုးအပဲ့များနှင့် ဖုန်မှုန့်များသည် ဒေါသတကြီး လှိုင်းလုံးများအလား ကောင်းကင်ယံသို့ ထိုးတက်သွားကာ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

တိတ်ဆိတ်ခြင်း၊ တစ်ကွင်းလုံး တိတ်ဆိတ်သွားရသည်။

အားလုံးမှာ အသက်ကို အောင့်ထားရင်း ထိုဖုန်မှုန့်များကြားမှ အခြေအနေကို သိရှိရန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။

အသက်ရှူသံ အနည်းငယ်အကြာတွင် လေပြေလေးတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖုန်မှုန့်များမှာ ဖြည်းဖြည်းချင်း လွင့်စင်သွားသည်။ မြင်ကွင်းမှာ တဖြည်းဖြည်း ကြည်လင်လာသည်နှင့်အမျှ အံ့သြတုန်လှုပ်စွာ အသက်ရှူသံများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ ညီညာလှသော စင်မြင့်မှာ ယခုအခါ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်နှက်နေသော အပျက်အစီးပုံကြီး ဖြစ်နေပြီဖြစ်သည်။

ထန်စန်းမှာ တောင်ဖြိုမည့် ဟန်ပန်အတိုင်း လေထဲတွင် အေးခဲနေပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။ သူ အစွမ်းကုန် ရိုက်ချလိုက်သော ဟောက်ထျန်းတူ ၏ ထိပ်ပိုင်းကိုတော့ သွယ်လျပြီး ဖြူဖွေးသော လက်တစ်ဖက်က မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

လီကျယ်ရှန်း သည် သူ၏ညာဘက်လက်ကို မြှောက်ရုံမျှဖြင့်၊ သူ၏ လက်ချောင်းငါးချောင်းကို အနည်းငယ် ကွေးကာ လေးထောင့်ပုံစံ အနက်ရောင်တူခေါင်းကို ဖမ်းဆွဲထားခြင်း ဖြစ်သည်။ ပြင်းထန်သော လျှပ်စီးတန်းများသည် တူတစ်ကိုယ်လုံးမှ လီကျယ်ရှန်း ၏ လက်မောင်းဆီသို့ တိုးဝင်နေသော်လည်း ပင်လယ်ထဲသို့ ကျဆင်းသွားသော နွားရုပ်လေးကဲ့သို့ပင် ပျောက်ကွယ်သွားပြီး သူ့ကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ချေ။

ဟောက်ထျန်းတူ မှ ထွက်ပေါ်နေသော လေးလံလှသည့် ဖိအားကြောင့် သူ၏ဝတ်စုံဖြူမှာ တဖျပ်ဖျပ် လွင့်ပျံနေသည်။ သို့သော်လည်း လီကျယ်ရှန်း မှာမူ ဝါးပင်တစ်ပင်အလား မတ်မတ်ရပ်နေပြီး သူ၏ အမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သူ၏ နက်မှောင်သော မျက်ဝန်းများမှာ ထိတ်လန့်တုန်လှုပ်နေသော ထန်စန်း ကို စိုက်ကြည့်လိုက်သည်။

သူ၏ လေသံမှာ အေးဆေးနေပြီး စိတ်ပျက်မှု အရိပ်အယောင်ပင် ပါဝင်နေသည်။

“ကမ္ဘာ့နံပါတ်တစ် လက်နက်ဝိဉာဉ် ဟောက်ထျန်းတူ ဆိုတာ...”

“ဒါပဲလား”

All Chapters