ပညာလိုချင် ဥာဏ်ဆင်
Vol. 9 Ch. 99
အလောင်းနတ်ဆိုးဂိုဏ်း ကျမ်းစာဆောင်က ချီစုစည်းခြင်းအဆင့်၊ အခြတည်အဆင့်နဲ့ ရွှေအမြုတေအဆင့်ဆိုပြီး ကျင့်ကြံမှုနယ်ပယ် အခြေခံတဲ့ အဆောင် ၃ ခုနဲ့ တည်ဆောက်ထားတယ်။ အဆောက်အဦးတွေက ရှေးဟောင်းပုံစံတွေ။ ဂိုဏ်စတည်ချိန်တည်းက တည်ဆောက်ခဲ့တာ ဖြစ်မယ်။ ချီစုစည်းခြင်းနယ်ပယ်အဆောင်မှာ လူစည်သလောက် ကျန်အဆောင်နှစ်ခုက ခြောက်ကပ်တိတ်ဆိတ်နေတယ်။ ဂိုဏ်းမှာ အခြေတည်အဆင့် ကျင့်ကြံသူ ၂၀၀ ကျော် ရှိတယ်လို့ ဆိုပေမယ့် အဆင့်ချိုးဖျက်ပြီးချိန် ကျင့်စဥ်လာရွေးတာက လွဲရင် လာလေ့လာထ မရှိဘူး။
အခြေတည်နယ်ပယ် ကျမ်းစာဆောင် ဝင်ဖို့ဆိုရင် အခြေတည်အဆင့် အကြီးအကဲတံဆိပ် လိုအပ်တယ်။ ခုချိန်မှာ စုန့်ဝမ် ဝင်လို့ မရသေးဘူး၊ အကဲခတ်ရုံပဲ တတ်နိုင်တယ်။ အဆောင်ရှေ့မှာ ဆွဲဆောင်မှုအားကောင်းတဲ့ အမျိုးသမီးတစ်ဦး ထိုင်နေတယ်၊ ကျင့်ကြံမှုအဆင့်က အခြေတည် အလယ်အဆင့်။ ကြည့်ရတာ ကျမ်းစာအဆောင်တာဝန်ခံ ဖြစ်မယ်။ ကျမ်းစာဆောင်လို အရေးအကြီးဆုံးနေရာက လုံခြုံရေး တင်းကြပ်မှာ သေချာတယ်။ အဆောင်တာဝန်ခံ တစ်ယောက်တည်း တာဝန်ယူတာ မဖြစ်နိုင်ဘူး။
အသက်နဲ့ရင်းပြီး ခိုးဝင်ဖို့တော့ စုန့်ဝမ်မှာ စိတ်ကူးလုံးဝမရှိဘူး။ အခြေတည်အဆင့် တက်တာ တရားဝင် အသိပေးပြီး ရာထူးယူတာ၊ တံဆိပ်ပြားခိုးယူပြီး လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ရဲ့ အော်ရာထိန်းချုပ်နိုင်စွမ်းကို အသုံးချဟန်ဆောင် ဝင်ရောက်တာ၊ ဒီထဲက နည်းတစ်ခုကိုပဲ သုံးရမယ်။ အခြေအနေ အကဲခတ်ပြီးတာနဲ့ ဖော်ပြထားတဲ့ ကျင့်စဥ်နဲ့ ကိုက်ညီအောင် ချီစုစည်းခြင်းနယ်ပယ် ကျမ်းစားဆောင်ထဲ ဝင်ပြီး၊ ကြုံရာကျင့်စဥ်တစ်ခု ယူခဲ့တယ်။
ပြန်လာရင်း အချိန်ရသေးတာနဲ့ တောင်ခြေစျေးဆီ ဆင်းခဲ့တယ်။ မြေအောက်တစ္ဆေစျေးမှာ အလောင်းနတ်ဆိုးဂိုဏ်းက အခြေတည်ကျင့်ကြံသူတွေအကြောင်း သတင်းအချက်အလက် ရနိုင်မလား ကံစမ်းကြည့်ရမယ်လေ။ စျေးထဲ ရောက်တာနဲ့ အရင်နဲ့မတူ ထူးဆန်းနေတာ သတိပြုမိတယ်။ လူအုပ်ထဲမှာ အခြေတည်ကျင့်ကြံသူတွေ ပုံမှန်ထက် သိသိသာသာ ပိုများနေတယ်။ တိုးလာသူ အများစုက တစ်ကိုယ်တော်ကျင့်ကြံသူတွေ။ ဒီရက်ပိုင်း ဘာတွေထူးခြားနေလို့ အခြေတည်အဆင့်ကျင့်ကြံသူတွေ အတွေ့ရများနေလဲဆိုတာ စုန့်ဝမ် မတွေးတတ်တော့ဘူး။ လေလံပွဲကြီး မရှိသလို၊ နီးနီးနားနားမှာ လျှို့ဝှက်နယ်မြေ ပေါ်လာတာမျိုးလည်း မရှိဘူး။
ငေးရင်း၊ တွေးရင်း လျှောက်လာလိုက်တာ စျေးစီမံခန့်ခွဲရေးရုံး ရောက်တော့မှ အတွေးစပြတ်သွားတယ်။ စုန့်ဝမ်လည်း အားနေတဲ့ စီမံသူအဖိုးအိုတစ်ယောက်ကို မေးလိုက်တယ်။
“စီနီယာ .. သိပ်မကြာခင်နှစ်တွေအတွင်း အလောင်းနတ်ဆိုးဂိုဏ်းက အဆင့်တက်ခဲ့တဲ့ အခြေတည်နယ်ပယ် ကျင့်ကြံသူတွေအကြောင်း သိချင်ပါတယ်။ စျေးနှုန်း ဘယ်လောက် ကျသင့်မလဲ”
အဘိုးအိုက အံအားသင့်ဟန်နဲ့ မော့ကြည့်တယ်။
“ဒီရက်ပိုင်း အဲဒီသတင်း ဝယ်တဲ့သူ မနည်းဘူး။ ဒါပေမယ့် မင်းလို ချီစုစည်းခြင်း သတ္တမအဆင့်ကောင်လေးလည်း ပါလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ အဲဒါက ၇ ယောက် ရှိတယ်။ သူတို့အကြောင်း သတင်းအချက်အလက်က အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၀၀ ကျသင့်မယ်”
စုန့်ဝမ်က မြေအောက်တစ္ဆေစျေးမှာဆို လုပ်ရကိုင်ရ လွယ်အောင် ချီစုစည်းခြင်း သတ္တမအဆင့်အော်ရာ ထုတ်ပြထားလေ့ ရှိတယ်။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ဝင်ခါစ ဟိုမရောက်၊ ဒီမရောက်နဲ့ အကုန်စပ်စုတဲ့အအဆင့်ပေါ့။
“စီနီယာ .. စျေးကြီးလှချည်လား”
“ဒီရက်ပိုင်း ဝယ်လိုအားများတော့ စျေးတက်တာပေါ့ကွ။ ကောင်လေး မလိုရင် ငွေကုန်ခံ မနေနဲ့၊ တချို့သတင်းတွေက ချီစုစည်းခြင်းအဆင့်တွေအတွက် မဟုတ်ဘူး”
စုန့်ဝမ်က တုန့်ဆိုင်းမနေဘဲ အဆင့်နိမ့်ဝိညာဥ်ကျောက် ၂၀၀၀ ထုတ်ပေးလိုက်တယ်။ ချီစုစည်းခြင်း သတ္တမအဆင့်လေးက ဒီလိုသတင်းအတွက် ဝိညာဥ်ကျောက်ပမာဏ အများကြီးကို ပေါ့ပေါ့ပါးပါး ထုတ်သုံးတာကြောင့် အဖိုးကြီး အံသြသွားတယ်။ ဒါပေမယ့် ဘာမှထပ်မပြောတော့ဘဲ ဝိညာဥ်ကျောက်တွေ သိမ်းပြီး ကျောက်စိမ်းပြားလေးတစ်ခု ထုတ်ပေးလိုက်တယ်။
စုန့်ဝမ်လည်း ကျောက်စိမ်းပြားကို ယူပြီး မြေအောက်တစ္ဆေစျေးက ထွက်လာခဲ့တယ်။ ဒီရက်ပိုင်း စျေးတွေမှာ ထူးခြားနေသလို မြေအောက်တစ္ဆေစျေးမှာ တစ်ခုခု မှားနေသလို ခံစားမိနေတယ်။ နောက်တစ်ခေါက် ဒီစျေးကို ထပ်မလာဖို့ ဆုံးဖြတ်လိုက်တယ်။
..........
လိုဏ်ဂူအိမ်ရောက်တာနဲ့ ကျောက်စိမ်းပြား ထုတ်ယူပြီး သတင်းအချက်အလက် စစ်ဆေးတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အလောင်းနတ်ဆိုးဂိုဏ်းမှာ အခြေတည်အဆင့် ကျင့်ကြံသူ ၇ ယောက်ပဲ ထွက်ပေါ်လာခဲ့တယ်။ ၄ ယောက်က တပည့်ရင်းတွေ အဆင့်တက်တာ။ ဒီလူတွေက သွားထိပါးလို့ မဖြစ်ဘူး။ သူတို့က ရွှေအမြုတေဘိုးဘေးတွေရဲ့ လက်သပ်မွေးတပည့်တွေ။ အခြေတည်အဆင့် ရောက်တာနဲ့ ရွှေအမြုတေလောင်းလျာအဖြစ် သတ်မှတ်ပြီး ဂရုတစိုက် ပျိုးထောင်ခံသူတွေဆိုတော့ သွားငြိရင် ဒုက္ခများနိုင်တယ်။
ကျန်တဲ့ ၃ ယောက်မှာ ၂ ယောက်က အမျိုးသမီးဆိုတော့ ပယ်၊ တစ်ယောက်ပဲ ကျန်တော့တယ်။ အဲ့လူက နည်းနည်းတော့ ထူးဆန်းတယ်။ နာမည်က ချန်ဖေးဟဲ၊ သတင်းအချက်အလက်ထဲ ပါတဲ့ပုံအရ မိန်းမဆန်ဆန် ချောမောနုနယ်တယ်၊ ဝတ်စားပုံနဲ့ အမူအရာက အတော်နွဲ့တယ်။ ဆက်ဖတ်ကြည့်တော့ သူက အလောင်းနတ်ဆိုးဂိုဏ်းက ရွှေအမြုတေဘိုးဘေးတစ်ယောက်ရဲ့ အချစ်တော်လေးတဲ့။ မွေးစားဖခင်ကြီးက အရင်းအမြစ်နဲ့ အခြေတည်ဆေးတွေ ပုံပေးလို့ အသက်၂၇ နှစ်အရွယ်မှာတင် အခြေတည်အဆင့် တက်ရောက်နိုင်တာတဲ့။ ရွှေအမြုတေဘိုးဘေးက ဝမ်ယွီဆိုတဲ့ မုတ်ဆိတ်ဗလပွနဲ့ လူသန်ကြီး။ ဖတ်နေရင်း စုန့်ဝမ် ကြက်သီးတောင် ထလာတယ်။
အမျိုးသမီး ၂ ယောက်က အကြမ်းစား၊ ကိုယ့်အားကိုယ်ကိုးရင်း ချီစုစည်းခြင်း အထွတ်အထိပ်အဆင့်နဲ့ အန္တရာယ်ကြီးမားလွန်းတဲ့ ဂိုဏ်းတာဝန်တွေ ထမ်းဆောင်ပြီး အကျိုးပြုခဲ့လို့ အခြေတည်ဆေးလုံး ချီးမြှင့်ခံရပြီး အဆင့်တက်နိုင်ခဲ့တာ။ သူတို့က တံခါးပိတ်ကျင့်ကြံလိုက်၊ ဂိုဏ်းတာဝန် ထမ်းဆောင်လိုက်နဲ့ အချိန်ပြည့် အလုပ်ရှုပ်နေပြီး ဂိုဏ်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားလေ့ မရှိတော့၊ မြင်တွေ့သူ မရှိတာတောင် အတော်ကြာပြီတဲ့။
နောက်ဆုံးတော့ ခပ်ပျော့ပျော့နဲ့ စျေးထဲမှာ ခဏခဏ လမ်းသလားတတ်တယ်ဆို့ ချန်ဖေးဟဲကို ချဥ်းကပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ဘိုးဘေးအကြိုက် ထိန်းထားနိုင်ဖို့ အလှကုန်နဲ့ အဝတ်အစားဆန်းတွေ တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်ဆင်းဝယ်တတ်တယ်။ တခါတလေ ပြည့်တန်ဆာအိမ်တွေဆီ သွားပြီး ဖျော်ဖြေရေးမယ်တွေဆီက အမူအရာတွေ ကြည့်ရှုလေ့လာတယ်လို့ ဆိုတယ်။
.......
စုန့်ဝမ် တောင်ခြေစျေးထဲ နေ့စဥ် အချိန်ဖြုန်းရင်း ချန်ဖေးဟဲကို စောင့်နေခဲ့တယ်။
၅ ရက်မြောက်နေ့ ညနေခင်းရောက်မှ ယပ်တောင်လေး တဖျပ်ဖျပ်ခတ်ရင်း နွဲ့နွဲ့နှောင်းနှောင်း လျှောက်လှမ်းလာနေတဲ့ ချန်ဖေးဟဲကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ မွှေးကြိုင်နေပြီး စိမ်းဖန့်ဖန့်ဝတ်စုံနဲ့ ချန်ဖေးဟဲ သွားလာနေပုံက တော်ရုံမိန်းမလေးတောင် လိုက်မမီဘူး။
စျေးထဲက မြင်နေကျ မဟုတ်တဲ့လူသစ်တွေ စိတ်ဝင်တစား စူးစမ်းကြပေမယ့်၊ အခြေတည်အဆင့်အော်ရာ လွှမ်းခြုံနေတဲ့ ချန်ဖေးဟဲကို ကြာကြာ မကြည့်ရဲဘူး၊ မျက်နှာလွှဲပြီး ရှောင်သွားကြတယ်။ ချန်ဖေးဟဲက ပတ်ဝန်းကျင်ကို အရေးမစိုက်ဘဲ အမျိုးသမီး အဝတ်အထည်ဆိုင်၊ အလှကုန်ဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကြည့်နေတယ်။
ချန်ဖေးဟဲက သူ့အပေါ် ပတ်ဝန်းကျင်က အမြင်မကောင်းတာ သိပေမယ့် လုံးဝအရေးမစိုက်ဘူး။ သူက ကျင့်ကြံမှုလမ်းပေါ် အမှန်တကယ် ခြေချနိုင်ပြီဖြစ်တဲ့ အခြေတည်အဆင့်လေ။ ဓားပျံကို စီးနင်းပြီး လောကတခွင် လှည့်လည်နိုင်စွမ်း ရှိနေပြီ။ သက်တမ်းက နှစ် ၂၅၀ ရှည်တော့ အတင်းအဖျင်းပြောသူတွေ မြေကြီးထဲရောက်သွားရင်တောင် သူက လောကစည်းစိမ် ခံစားရင်း ရှင်သန်နေဦးမှာ မဟုတ်လား။
အလှကုန်ဆိုင်က ထွက်လာခိုက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့ရှေ့ရပ်ပြီး ဂါရဝပြုလိုက်လို့ ချန်ဖေးဟဲ အံအားသင့်သွားတယ်။ ဒီလူက အခြတည်အဆင့် ရောက်တာ မကြာသေးပေမယ့်၊ သူ့ထက် အားကောင်းပုံ ထောက်ရှုရင် သေခြင်း၊ ရှင်ခြင်းကြား ဖြတ်သန်းနေရတဲ့ အတွေ့အကြုံရင့် တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်တာကို ရိပ်စားမိတယ်။ ဒါပေမယ့် ဂိုဏ်းနယ်မြေလည်းဖြစ်၊ ရွှေအမြုတေဘိုးဘေး နောက်ခံလည်း ပိုင်ဆိုင်ထားသူပီပီ စိုးရိမ်စိတ်တော့ မရှိဘူး။ ဟန်ပန်အပြည့်နဲ့ အရိုအသေပေးတာ လက်ခံလိုက်တယ်။
ချန်ဖေးဟဲက မမေးတော့ အရိုအသေပေးတဲ့ ကျင့်ကြံသူကပဲ စကားစလာတယ်။
“လေလွင့်ကျင့်ကြံသူကျန်းချန်က အလောင်းနတ်ဆိုးဂိုဏ်း အခြေတည်အကြီးအကဲချန်ကို ဂါရဝပြု နှုတ်ဆက်ပါတယ်”
ချန်ဖေးဟဲက သူရှေ့ကလူကို အကဲခတ်ရင်း အလှပြင်ထားပြီး မိန်းမဆန်ဆန်ရုပ်သွင် ပေါ်နေလို့ ရင်းနှီးတဲ့ ခံစားချက် ပေါ်လာတာနဲ့ လက်ခံစကားပြောလိုက်တယ်။ ကျင့်ကြံမှုလောကမှာ အထူးသဖြင့် နတ်ဆိုးလမ်းစဥ်မှာ အမျိုးသမီးတွေကအစ ခပ်ကြမ်းကြမ်းသမား များပြီး သူလိုလူက ရှားတော့ အပေါင်းအသင်း ရှားတယ်လေ။
“မင်းက ဘယ်သူလဲ”
“ကျနော် ဒီကိုရောက်တာ မကြာသေးပါဘူး။ အကြီးအကဲချန်က အလှကုန်နဲ့ အဝတ်အထည်ဆန်းတွေကို ဝါသနာပါတယ် ကြားမိလို့ ဝါသနာတူချင်း မိတ်ဖွဲ့ချင်လို့ပါ”
“အော် .. မင်းလည်း ဝါသနာရှင်ပဲလား”
ချန်ဖေးဟဲရဲ့ နွဲ့တဲ့တဲ့စကားသံကြောင့် စုန့်ဝမ် အသည်းယားသွားတယ်။ လမ်းမပေါ် လူမြင်ကွင်းအောက် စကားပြောရတာ အဆင်မပြေလို့ အကြံထုတ်ရတယ်။
“လမ်းပေါ်က လူရှုပ်ပြီး၊ ဆူညံ့နေတယ်။ အကြီးအကဲချန်ကို ရှေ့က နွေဦးလေပြေရိပ်သာမှာ ဧည့်ဝတ်ပြုပါရစေ”
နွေဦးလေပြေရိပ်သာ တောင်ခြေစျေးမှာ အကျော်ကြားဆုံး အပျော်အိမ်၊ အပျော်မယ်တွေကအစ ဆွဲတောင်မှုရှိတဲ့ အမျိုးသမီး ကျင့်ကြံသူတွေ။ အမျိုးသားအဖော်တောင် ရနိုင်တယ်လို့ ဆိုကြတယ်။ ဒီဆိုင်က ဂိုဏ်းက ရွှေအမြုတေဘိုးဘေးတစ်ယောက် နောက်ခံရှိပြီး၊ အခြေတည်အဆင့်တစ်ယောက်က အနီးကပ် ကြီးကြပ်နေတာကြောင့် လုံခြုံရေးပိုင်း စိတ်ပူစရာ မလိုဘူး။
ချန်ဖေးဟဲလည်း ဖိတ်ခေါ်မှုကို လက်ခံလိုက်တယ်။
“ကောင်းပြီလေ၊ တာအိုရောင်းရင်းကျန်းက ဖိတ်ခေါ်မှတော့ သွားကြတာပေါ့။ ခန်းမထဲမှာပဲ ထိုင်မယ်နော်”
ဘာပဲပြောပြော လုံခြုံရေးအမြင်အရ အခုမှ သိကျွမ်းသူနဲ့ သီးသန့်ခန်းထဲ သွားမထိုင်ချင်သေးဘူး။
“ဟုတ်ကဲ့ .. အကြီးအကဲချန် သဘောအတိုင်းပါပဲ။ ကြွပါ”
.......
ဆိုင်ထဲ ရောက်တာနဲ့ စုန့်ဝမ်က အရည်အသွေး အမြင့်ဆုံး ဝိညာဥ်လက်ဖက်ရည် ၂ အိုး ရက်ရက်ရောရော မှာလိုက်တယ်။ သူ့မှာ အပေါဆုံးက ဝိညာဥ်ကျောက်ပဲ မဟုတ်လား။
ချန်ဖေးဟဲက ဝိညာဥ်လက်ဖက်ကို အရသာခံသောက်လိုက်တယ်။ သူ့ပုံစံက မင်းသမီးလေးတစ်ပါးလို နွဲ့နှောင်းပြီး ကျတ်သရေ ရှိလို့ စုန့်ဝမ် ငေးကြည့်နေမိတယ်။
“ကဲ .. တာအိုရောင်းရင်းကျန်း၊ မင်းက ဒီလောက်ထိ အကုန်ခံပြီး ငါ့ကို ဧည့်ခံတာ အကြောင်းမဲ့ မဟုတ်နိုင်ဘူး။ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”
“အကြီးအကဲချန် အတွေးမလွန်ပါနဲ့။ ကျနော်က တကယ်ကို မိတ်ဖွဲ့ချင်လို့ပါ။ ကျနော့်မှာ ချစ်မှုရေးရာကိစ္စကို ပိုထူးခြားစေမယ့် ပစ္စည်းဆန်းလေးတွေ ရှိတယ်။ အကြီးအကဲချန် အကဲဖြတ်ပေးပါဦး”
ပြောပြောဆိုဆို သိုလှောင်အိတ်တစ်လုံး ပေးလိုက်တယ်။
ချန်ဖေးဟဲက စိတ်မဝင်စားတဲ့ဟန်နဲ့ ပျင်းတိပျင်းရွဲ့ ယူပြီး ဝိညာဥ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။
ကြည့်နေရင်း .. ကြည့်နေရင်း ချန်ဖေးဟဲတစ်ယောက် အံသြတဲ့စိတ် ထိန်းမရတော့ဘူး။ မျက်ဝန်းတွေ အရောင်တောက်လာပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
“ကောင်းကင်ဘုံ .. လောကမှ ဒီလောက် ထူးခြားဆန်းသစ်တဲ့ အဝတ်အစားတွေ ရှိနေတာလား။ ဒါ .. ဒါတွေ ဘယ်ကရတာလဲ”
“အားလုံး ကျနော်ကိုယ်တိုင် ပုံစံထုတ်ထားတာပါ။ ချုပ်တာတော့ ကျွမ်းကျင်အထည်ချုပ်ပညာရှင်ဆီ အပ်ရတာပေါ့။ အကြီးအကဲချန် စိတ်တိုင်းကျရဲ့လား”
စုန့်ဝမ် ပေးလိုက်တာ အတွင်းခံဝတ်စုံ ၁၀ စုံတည်းပဲ။ ဒါတွေက အရင်ဘဝ မှတ်ဥာဏ်ကို အခြေခံပြီး ဖန်တီးခဲ့တာ။ JAV အမာခံ ပရိတ်သတ်ဖြစ်ခဲ့ဖူးသူအတွက် ကုန်ကြမ်း မရှားဘူး။ ကျင့်ကြံမှုအသားပေးပြီး ကျန်တဲ့ကဏ္ဍတိုင်း ခေတ်နောက်ကျတဲ့ ဒီလောကမှာတော့ လုံးဝအဆန်းတကြယ် ဖြစ်နေတာပေါ့။
“အရမ်းလှတယ် .. အရမ်းဆန်းတယ်”
စုန့်ဝမ်ကို ကြည့်လာတဲ့ ချန်ဖေးဟဲအကြည့်တွေ ပြောင်းသွားပြီ။ ဂရုကြီးတစ်ပါး တွေ့လိုက်ရသလို လေးစားအားကိုးတဲ့အကြည့်နဲ့ ကြည့်လာတယ်။ သံသယဆိုလို့ မြူတစ်မှုန်တောင် မရှိတော့ဘူး။ အစွန်းရောက်တဲ့အထိ ဝါသနာ မပါသူက ဘယ်လိုလုပ်ပြီး ဒီလောက် တီထွင်ဆန်းသစ်တဲ့အရာတွေ ဖန်တီးနိုင်မှာလဲပေါ့။
“တာအိုရောင်းရင်းကျန်း .. မင်းက တကယ့်ပါရမီရှင်ပဲ”
“အကြီးအကဲချန်း သဘောကျတယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒါလေးတွေကို ကျနော့်လက်ဆောင်အဖြစ် လက်ခံပေးပါ”
“မင်းတကယ် ပြောတာလား”
“ဒါပေါ့ဗျာ၊ အကြီးအကဲချန်လို ဝါသနာတူတစ်ယောက်နဲ့ ဆုံခွင့်ရဖို့ ခဲယဥ်းပါတယ်။ အကြီးအကဲချန်အတွက် အကူအညီ ဖြစ်မယ်ဆို လက်ဆောင်ပေးရတာ တန်သွားပါပြီ”
“ဒါဆို ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပေါ့ကွာ”
ဒီလိုနဲ့ စုန့်ဝမ်နဲ့ ချန်ဖေးဟဲတို့ လေပေးဖြောင့်သွားပြီး အတော်ကြာကြာ စကားပြောဖြစ်ကြတယ်။ မိုးချုပ်လာတော့မှပဲ လူချင်းခွဲလိုက်ကြတယ်။ ဆက်သွယ်လို့ရအောင် ဆက်သွယ်ရေးအဆောင်ပါ ချိတ်ဆက်ခဲ့ကြသေးတယ်။
.......