← Chapters

မိန်းမစိုးလင်း...သေလိုက်တော့

Vol. 1 Ch. 442

မိန်းမစိုးလင်း...သေလိုက်တော့

Vol. 1 Ch. 442

ကျန်းပိုင်လီ တိုက်ခိုက်မည်လော။

သူတိုက်ခိုက်မည်မဟုတ်ပေ။ အဘယ်ကြောင့် သူ့သားကို သူသတ်မည်နည်း။ ကျန်းပိုင်လီသည် လူရိုင်းတစ်ယောက်မဟုတ်လျှင် ထိုသို့သောအလုပ်ကို ဘယ်တော့မှ လုပ်မည်မဟုတ်။ အစောပိုင်းလေးကတင် ကျန်းရီအား သတိထားနေရန် သူသတိပေးခဲ့သေးသည် မဟုတ်ပါလော။ ထိုအချက်တစ်ခုနှင့်ပင် အဖြေကား ရှင်းနေပြီဖြစ်သည်။

ကျန်းပိုင်လီ မတိုက်ခိုက်လျှင် ကျန်းရီဘက်မှလည်း တိုက်ခိုက်မည် မဟုတ်ပေ။ ကျန်းရီသည် ကျန်းပိုင်လီနှင့် အောက်ရှိ ရှန်ဝူနိုင်ငံမှ လူများအား တစ်ချက်ဝေ့ကြည့်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

"အမ်...ကျန်းရီ အကြီးအကဲလင်းကို သွားသတ်တော့မယ်"

လူတစ်ယောက်သည် အော်ဟစ်လိုက်သည်။ ကျန်းရီ ကောင်းကင်ထက်သို့ ပျံတက်သွားကြောင်း မြင်လိုက်သူတိုင်းသည် မျက်နှာများ မြင်မကောင်းအောင် ဖြူဖျော့ကုန်ကြသည်။ မိန်းမစိုးလင်းမှာ အားမကောင်းပေ။ ယာ့ဇီသားရဲအား သူယှဉ်တိုက်နိုင်သည်မှာ တော်လှပြီဖြစ်သည်။ ယခု ကျန်းရီဝင်တိုက်လျှင် သူသေတော့မည်ဟု အဓိပ္ပာယ်သက်ရောက် သွားသည် မဟုတ်လော။

"အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်...ကျန်းရီကို မြန်မြန်သွားတာပါ"

"ဟုတ်တယ်...အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်၊ ခင်ဗျား မတိုက်ခိုက်ရင် ရှန်ဝူနိုင်ငံတော့ ပွဲပြီးပြီ"

"ပိုင်လီ...ကျန်းရီကို မြန်မြန်သွားတား၊ ရှန်ဝူနိုင်ငံဇာတ်သိမ်းရင် မင်းရဲ့ကျန်းဂိုဏ်းလည်း ဇာတ်သိမ်းသွားလိမ့်မယ်။ ငါတို့အကုန်လုံးလည်း သေလိမ့်မယ်။ မင်းရဲ့ တစ်သောင်းမကတဲ့ ကျန်းဂိုဏ်းသားတွေအတွက် တွေးပေးဦး"

ရှန်ဝူနိုင်ငံမှ အရေးပါသော ပုဂ္ဂိုလ်များအားလုံးသည် စတင်အော်ဟစ်ကြတော့သည်။ ရှားထင်ဝေ့သည် နေရာရွှေ့ပြောင်းသွားခဲ့ပြီး သူအသက်ရှင်မရှင်တောင် မသိရသေးပေ။ ဤအချိန်တွင် ကျန်းရီကို တားနိုင်မည့်သူမှာ ကျန်းပိုင်လီတစ်ဦးသာ ရှိသည်။ ကျန်းပိုင်လီသည် အင်အားကြီးသော်လည်း သူမည်မျှသန်မာကြောင်း ဘယ်သူမှ မသိကြပေ။ သို့သော် သူသည် နယ်မြေ၏ အင်အားအကြီးဆုံးသူ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး မိန်းမစိုးလင်းထက် အဆများစွာ သန်မာသည်။

"ကျန်းဂိုဏ်းသားတစ်သောင်းကျော်အတွက် တွေးရမယ်"

ကျန်းပိုင်လီသည် ထိုအသံကို ကြားပြီးနောက် သတိဝင်လာခဲ့သည်။ သူသည် ကောင်းကင်ပေါ်သို့ အလိုအလျောက် ပျံတက်သွားမိသည်။ သို့သော်လည်း သူ့မျက်နှာထက်တွင် ဝေခွဲမရသည့် အမူအရာ ရှိနေခဲ့သည်။

တကယ်တမ်း အနာကျင်ခဲ့ရဆုံးသောသူမှာ သူပင် ဖြစ်ခဲ့သည်လော။

တစ်ဖက်သည် သူ့သားဖြစ်ပြီး အခြားတစ်ဖက်မှာ ကျန်းဂိုဏ်းမှ နှစ်တစ်သောင်းကျော်ကြာ သစ္စာခံထားခဲ့သော ရှန်ဝူနိုင်ငံဖြစ်သည်။ ကျန်းဂိုဏ်းသားများ၏ သေရေးရှင်ရေးမှာလည်း သူ့အပေါ် မူတည်နေသည်။ အရာအားလုံးသည် သူ့အား ရူးသွပ်အောင် လုပ်နေသည့်အလား။

သူသည် ကောင်းကင်ထက်သို့ စိတ်လွတ်စွာ ပျံတက်လာခဲ့ပြီး မိုင်တစ်သောင်းကျော် အမြင့်သို့ရောက်သောအခါ မိန်းမစိုးလင်း၏ အနီးသို့ နေရာရွှေ့ပြောင်းသွားသော ကျန်းရီအား တွေ့လိုက်ရသည်။ သူသည် ဘာလုပ်ရမှန်း မသိတော့ဘဲ အော်ရုံသာ တတ်နိုင်လေသည်။

"ကျန်းရီ...ရပ်လိုက်တော့။ ငါ့ကို ဖိအားမပေးနဲ့"

"ဟက်...ခင်ဗျားကို ကျွန်တော်က ဖိအားပေးတယ်လား"

ကျန်းရီသည် အေးစက်စက် ရယ်မောလိုက်ပြီး ကျန်းပိုင်လီအား လှည့်ကြည့်၍ ခွန်းတုံ့ပြန်လိုက်သည်။

"ခင်ဗျားကို ကျွန်တော် ဘယ်တုန်းက ဖိအားပေးသလဲ။ ခင်ဗျားဟာခင်ဗျား သစ္စာရှိ မှူးမတ်ဆက်လုပ်ချင်ရင် လုပ်လေ။ ကျွန်တော် ပြောချင်တာက ကျွန်တော့်ရဲ့ ရန်သူဖြစ်လာရဲတဲ့သူတိုင်း...သူတို့က နတ်ဘုရားတွေဆိုရင်တောင်မှ ကျွန်တော်ရအောင်သတ်မှာ"

မိန်းမစိုးလင်း၏ မျက်နှာတွင် သွေးများ ရွှဲနေခဲ့သည်။ သူ၏ ဆံပင်ဖြူဖြူများမှာ ဖရိုဖရဲ ဖြစ်နေပြီး လှုပ်ရှားမှုမှာလည်း သိသိသာသာ နှေးကွေးလာခဲ့သည်။ ယာ့ဇီသားရဲကြောင့် သူဒဏ်ရာရထားမှန်း ထင်ရှားသည်။ ကျန်းရီသည် သူ့အား လွတ်မြောက်ခွင့် မပေးဘဲ မိန်းမစိုးလင်း ရှိရာသို့ ဆက်တိုက်နေရာရွှေ့ပြောင်းသွားနေသည်။ သူ့မျက်ဝန်းများမှာ လူသတ်ငွေ့များ ပြည့်နေခဲ့သည်။

"ကျန်းရီ၊ ငါနောက်တစ်ကြိမ် ထပ်ပြောမယ်...ရပ်လိုက်တော့"

ကျန်းပိုင်လီ၏ တစ်ကိုယ်လုံးသည် တုန်ယင်နေခဲ့ပြီး သူ့စိတ်သည် ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချနေရဟန်တူသည်။ သူသည် အံကြိတ်၍ ထိုစကားကို အားတင်းပြောလာခဲ့သည်။ သူ့ကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု နှင့်အတူ အတွင်းအားများ ရူးသွပ်လုမတတ် ဖြာထွက်လာခဲ့သည်။ သူ၏အရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ ပြင်းထန်၍ အကြည့်တစ်ချက်နှင့် ခြောက်ခြားသွားစေရန် လုံလောက်လေသည်။

"ခွေးအိုကြီး...သေလိုက်တော့"

ကျန်းရီ၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေပြီး ကျန်းပိုင်လီကို ခေါင်းငဲ့၍တောင် မကြည့်ခဲ့ပေ။ သူသည် လျှပ်စီးတစ်စပမာ ဆက်တိုက်နေရာရွှေ့ပြောင်းနေခဲ့သည်။ နောက်ဆုံးနေရာရွှေ့ပြောင်းမှုအပြီးတွင် မိန်းမစိုးလင်း၏ ကျောဘက်၌ သူပြန်ပေါ်လာခဲ့သည်။

ယာ့ဇီသားရဲသည် ကျန်းရီနှင့် ပြီးပြည့်စုံစွာ ပူးပေါင်းလာခဲ့သည်။ ၎င်း၏ ဦးခေါင်းပေါ်ရှိ ချိုကြီးမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းသည် ကြယ်စင်တန်းတစ်ခုပမာ မိန်းမစိုးလင်းထံ ပြေးဝင်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ယာ့ဇီသားရဲ၏ ကိုယ်ကြီးသည် ပုံရိပ်ယောင်သဖွယ် ပြောင်းလဲသွားကာ မိန်းမစိုးလင်းအား ကျန်းရီရှိရာ အနောက်ဘက်သို့ ဆုတ်အောင် ဖိအားပေးလိုက်သည်။

"လော့ကဲအရှင်...ခင်ဗျား ဘာကိုစောင့်နေတာလဲ"

မိန်းမစိုးလင်းသည် အနောက်ဘက်မှ အန္တရာယ်ကို ခံစားမိလေလျှင် ဆောက်တည်ရာမဲ့စွာ အော်ဟစ်လိုက်သည်။ ကျန်းပိုင်လီ လှုပ်ရှားသွားခဲ့ပြီး သူ၏ အုပ်ချုပ်သူအင်အားသည် ဖြာထွက်လာခဲ့သည်။ ထိုအင်အားသည် အလွန်ကြောက်စရာကောင်းလှပြီး ရန်သူကို အပြတ်ဖိနှိပ်နိုင်စွမ်း ရှိလေသည်။ သူ၏လက်များသည် အနက်ရောင်အလင်းများ လင်းလက်လာခဲ့ပြီး သူ့လက်တစ်ဖက်သည် အထက်သို့ မြင့်တက်သွားခဲ့သည်။

ထိုလက်ဝါးသည် အလွန်ထူးဆန်းလှသည်။ ၎င်းသည် သူထုတ်ဖော်ပြီးသည်နှင့် ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် ကျန်းရီ၏ ခေါင်းအထက်တွင် ပြန်ပေါ်လာခဲ့သည်။ အရာရာကို ဖျက်ဆီးနိုင်စွမ်းရှိသည့် အငွေ့အသက်တစ်မျိုးသည် ကျန်းရီအား လွှမ်းခြုံလာခဲ့သည်။ ထိုအနက်ရောင် လက်ဝါးကြီးသည် အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်ရလေသည်။

"ကျန်းရီ...အခုရပ်လိုက်၊ ငါမင်းအသက်ကို ချမ်းသာပေးနိုင်တယ်"

ကျန်းပိုင်လီ၏ အော်သံ ပဲ့တင်ထပ်သွားခဲ့သော်လည်း ကျန်းရီသည် ထီမထင်သော အကြည့်ဖြင့် လှောင်ပြုံးပြုံးလိုက်လေသည်။ သူသည် ဦးခေါင်းမှ လက်ဝါးကြီးကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ရှေ့သို့သာ လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံတို့သည် ကောင်းကင်တွင် လွှမ်းခြုံသွားခဲ့ပြီး မျက်တောင်တစ်ခတ်စာအတွင်း မိန်းမစိုးလင်းကို ဝါးမျိုသွားခဲ့သည်။

"အား..."

မိန်းမစိုးလင်းသည် ဒဏ်ရာများ အပြင်းအထန် ရထားပြီးသားဖြစ်သည်။ ထို့အပြင် ယာ့ဇီသားရဲသည် နတ်ဆိုးစွမ်းအင်ကို ထပ်မံအသုံးပြု၍ ပျံသန်းလာနေရာ ကျန်းရီ၏ တိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်တော့ပေ။ မိန်းမစိုးလင်းသည် ကျန်းပိုင်လီ ကျန်းရီအား တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ ကျန်းရီရှောင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမမျှော်လင့်မိသည်မှာ ကျန်းရီသည် သူ့ကို မီးရှို့ရန်အတွက်နှင့် မိမိအသက်ကိုပင် လျစ်လျူရှုလိုက်မည်ကိုပင်။ မိန်းမစိုးလင်း၏ကိုယ်သည် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ၏ လောင်ကျွမ်းခြင်းခံရပြီး ချက်ချင်းပြာဖြစ်သွားခဲ့သည်။

ဗာဂျရာအဆင့်သည် အလွန်အင်အားကြီး၍ ဗာဂျရာအဆင့် လူတစ်ဦးသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အုပ်စုလိုက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမြန်နှုန်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များထက် အဆများစွာ သာလွန်သည့်အပြင် တာအိုကိုအသုံးပြု၍ တိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ဗာဂျရာအဆင့် လူတစ်ယောက်၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်မာပါစေ၊ ၎င်းသည် လူသားခန္ဓာကိုယ်သာ ဖြစ်နေသေးသည့်အတွက် ထိခိုက်ဒဏ်ရာရနိုင်သည်။ ကျူးကော့ချမ်ယွမ်၏ ခြေထောက်များက သက်သေပင်။

ထို့ကြောင့် သာမန်လူသားခန္ဓာကိုယ်သည် ကမ္ဘာ့မီးလျှံများထက် အဆရာချီအားကောင်းသော ကောင်းကင်ကိုးဆင့် နဂါးမီးလျှံများကို မည်သို့ခုခံနိုင်ပါမည်နည်း။

ကောင်းကင်ဧကရာဇ်အဆင့် ဆိုပါလျှင်မူ ကောင်းကင်ကိုးဆင့်နဂါးမီးလျှံကြောင့် ပြာကျသွားမည် မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်အဆင့်များသည် အတွင်းအားကိုအသုံးပြု၍ အရံအတားတစ်ခု ဖန်တီးနိုင်သည်။ သူတို့၏ အတွင်းအားများ ကုန်ခမ်းမသွားသရွေ့ အရံအတားပျက်စီးလိမ့်မည် မဟုတ်။ အရံအတား မပျက်စီးလျှင် ကောင်းကင်ကိုးဆင့်နဂါးမီးလျှံများ မည်မျှ ပူပြင်းစေကာမူ သူတို့၏ ခန္ဓာကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

မိန်းမစိုးလင်း...သေသွားချေပြီ။

ကျန်းရီသည်လည်း စိတ်ပေါ့ပါးသွားခဲ့သည်။ သူသည် နေရာရွှေ့ပြောင်း မပြုဘဲ သူ့ထံကျဆင်းလာသော အနက်ရောင် လက်ဝါးကြီးကိုသာ အေးအေးလူလူ ကြည့်နေခဲ့သည်။ လက်ဝါးကြီးသည် အလွန် မြန်ဆန်လွန်းပြီး သူနေရာရွှေ့ပြောင်းချင်လျှင် သူရွှေ့နိုင်မည်မဟုတ်ပေ။ ကျန်းပိုင်လီ သူ့ကို သတ်ချင်ပါက သူ့ကံတရားကို သူလက်ခံရုံသာရှိသည်။

"ကျေးဇူးမသိတတ်တဲ့သား..."

ကျန်းပိုင်လီသည် မိန်းမစိုးလင်း သေသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ သူသည် ဒေါသထွက်လွန်း၍ အသားများပင် တုန်နေခဲ့သည်။ ထို့နောက် ကျန်းပိုင်လီသည် ထူးထူးဆန်းဆန်း လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ပြီး ကျန်းရီအပေါ် ကျဆင်းလာသည့် လက်ဝါးကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"ဖြီး..."

သို့သော်လည်း ပြင်းထန်လှသော ဖိအားကြောင့် ကျန်းရီ၏ ကိုယ်တွင်းအဂါၤများ ထိခိုက်သွားလေရာ ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်ရသည်။ ကျန်းရီသည် အေးစက်စွာ ရယ်မောလိုက်ပြီး ကျန်းပိုင်လီအားကြည့်၍ ပြောလိုက်သည်။

"ဟားဟားဟား...ခင်ဗျားဘာလို့ ကျုပ်ကို မသတ်တာလဲ။ သတ္တိရှိရင် ရိုက်လိုက်လေ"

ကျန်းပိုင်လီသည် မည်းမှောင်နေသည့် မျက်နှာထားနှင့် ဒေါသတကြီး ပြန်ပြောလာခဲ့သည်။

"ထွက်သွား...အခုထွက်သွားတော့၊ ငါမင်းကို ထပ်မမြင်ချင်ဘူး"

"လျှိုယွိကိုထုတ်ပေး၊ မပေးရင် ကျွန်တော်မသွားဘူး။ ခင်ဗျားသတ်ချင်ရင် သတ်လိုက်"

ထိုစကားကို ပြောပြီးနောက် ကျန်းရီသည် ယာ့ဇီသားရဲထံ နေရာရွှေ့ပြောင်းသွားခဲ့ပြီး ၎င်းကိုစီးနင်း၍ အောက်သို့ပြန်ဆင်းသွားခဲ့သည်။

ယာ့ဇီသားရဲသည် အောက်သို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။ ကျန်းရီသည် ရှန်ဝူနိုင်ငံမှ လူအားလုံးကို ဝေ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မိန်းမစိုးလင်းသေပြီ။ မိနစ်သုံးဆယ်အတွင်း လျှိုယွိကို ထုတ်မပေးရင် အကျိုးဆက်ကို ခင်ဗျားတို့ သိရမယ်"

ဝှစ်...

ကျန်းပိုင်လီသည်လည်း အောက်သို့ ပြန်ဆင်းလာခဲ့သည်။ လူတိုင်းအား ဆွံ့အသွားစေသည်မှာ ကျန်းပိုင်လီ၏ ရင်ဘတ်မှ သွေးကွက်ကြီးဖြစ်သည်။ သူ့မျက်နှာ အသားအရေမှာ အလွန်ဖြူဖျော့နေပြီး လဲကျလုမတတ် ဖြစ်နေခဲ့သည်။ သူသည် ကျန်းရီကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားဟန် ရလေသည်။

"လျှိုယွိကို မြန်မြန်ရှာပြီး ကျန်းရီဆီ ပေးလိုက်"

ကျန်းပိုင်လီသည် ကျန်းရီအား စိုက်ကြည့်နေပြီးနောက် အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် တော်ဝင်နန်းတော်ထံ ချက်ချင်းပျံသန်းသွားခဲ့သည်။ ကျန်းရီသည် အလျင်အမြန် သဘောပေါက်သွားခဲ့ပြီး စိတ်ထဲမှ ကျန်းပိုင်လီအား လက်မတစ်ချက် ထောင်ပေးလိုက်မိသည်။

ကျန်းပိုင်လီသည် အလွန်ဉာဏ်ကောင်းလှသည်။ ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်သည့် နည်းလမ်းသည် အလွန်ပြောင်မြောက်ပေသည်။ သူသည် ကျန်းဂိုဏ်းကို ကာကွယ်လိုက်နိုင်ရုံသာမက ကျန်းရီနှင့် ထိပ်တိုက်တွေ့ရမည့် အခြေအနေမှလည်း ကာကွယ်ပြီးသား ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ သူ့အော်သံကို အောက်မှလူတိုင်း ကြားလိုက်ကြသည်။ ထိုလက်ဝါးကြီး၏ အရှိန်အဝါမှာ အလွန်ကြောက်စရာကောင်းလေရာ ကျန်းပိုင်လီ တိုက်ခိုက်ခဲ့ကြောင်း လူတိုင်း သိလိုက်သည်။ ပုံမှန်အားဖြင့် မည်သူကမှ သံသယဝင်မိကြမည် မဟုတ်ပေ။

ရှန်ဝူနိုင်ငံမှ လူတိုင်းသည် အလွန်ကြောက်လန့်နေကြသည်။

ရှားထင်ဝေ့၏ သေရေးရှင်ရေးမှာ မသေချာသလို မိန်းမစိုးလင်းမှာလည်း အသတ်ခံလိုက်ရသည်။ ယခု ကျန်းပိုင်လီပါ ဒဏ်ရာအပြင်းအထန် ရလာခဲ့သည်။

ကျန်းရီ မည်မျှစွမ်းအားကြီးသနည်း။ လွန်ခဲ့သော တစ်နှစ်က သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းခဲ့သည်။ နောက်တစ်နှစ်ကြာလျှင် ဗာဂျရာအဆင့်တွင်ပါ ပြိုင်ဘက်ကင်းတော့မည်လော။

***

All Chapters