“မင်းသားလေး” နှင့် ကွက်ကျော်ရိုက်ခြင်း
Vol. 13 Ch. 125
လုအန်းကျီ အိပ်ယာကထလိုက်တဲ့အခါ ကျန်းဆူရှင်းဆီက ကျူကျူပြန်စာကို တွေ့လိုက်ရတယ် “ကျွန်မ အဆင်ပြေပါတယ်။ ရှင်ကော ဘယ်လိုလဲ”
လုအန်းကျီက ပြန်ဖြေလိုက်တယ် “ကိုယ်လည်း ကောင်းကောင်းအိပ်ပျော်ပါတယ်”
ကျန်းဆူရှင်းက မေးလာတယ် “ ‘မင်္ဂလာ နံနက်ခင်း’ ဆိုတာမှာကော ထူးခြားတဲ့ အဓိပ္ပာယ်ရှိသေးလို့လား”
လုအန်းကျီ “မရှိပါဘူး။ ကိုယ်နိုးလာလို့ မင်းကို နှုတ်ဆက်ချင်ရုံတင်ပါ”
ကျန်းဆူရှင်းဆီကနေ မျက်လုံးလေးမှေးပြီး ပြုံးနေတဲ့ အီမိုဂျီလေးတစ်ခု ပြန်ပို့ဖို့ အချိန်အနည်းငယ် ကြာသွားတယ်။ သူမ အဲ့ဒီအီမိုဂျီကို ရှာနေတာနဲ့ အချိန်ကုန်သွားပုံရတယ်။
လုအန်းကျီက ထပ်မေးတယ် “ချန်းချန်းကော နိုးပြီလား”
ကျန်းဆူရှင်းက ပြန်ဖြေတယ် “နိုးပါပြီ ရှင့်အကြောင်းတွေပဲ ပြောနေတာ။ ခဏနေရင် လာခဲ့ဦးမလား”
လုအန်းကျီ “ကိုယ်သွားရင် စုန့်ရှောင်ချင်း တစ်ယောက် အလျင်စလိုနဲ့ ပြန်သွားရမှာ စိုးလို့”
ခေတ္တအကြာမှာပဲ ကျန်းဆူရှင်းဆီကနေ မျက်စောင်းထိုးနေတဲ့ အီမိုဂျီလေး တစ်ခုရောက်လာတယ်။
လုအန်းကျီ “ခဏနေရင် ကိုယ်လာခဲ့မယ်”
ကျန်းဆူရှင်း “ကောင်းပါပြီ။ ဒါဆိုရင် ကျွန်မ ရှင့်အတွက် မနက်စာ လုပ်ထားပေးမယ်”
ရေချိုးသန့်စင်ပြီးနောက် လုအန်းကျီက လက်ပ်တော့ရှေ့မှာ ထိုင်ကာ ချက်တင်ဆိုဒ်တွေနဲ့ ဝက်ဘ်ဆိုက်တွေကို ဖွင့်ကြည့်လိုက်တယ်။ မေဘယ်လ်ထရီး ကနေ အသစ်တင်ထားတဲ့ မင်းသားလေး နှင့် ဒိုရာဘီဒရင်ရဲ့ ပုံပြင်တိုစုစည်းမှု ကြော်ငြာအသစ်တွေကို တွေ့လိုက်ရတသည်။
ကြော်ငြာက အရမ်းရိုးရှင်းပါတယ်။ ရုပ်ပုံလေးတွေနဲ့အတူ စာသားလေး ပါဝင်တယ် “ဒိုရာဒရင်ရဲ့ လက်ရာသစ် ရောက်ရှိလာပါပြီ။ လမ်းစဉ်သစ်၊ ကြိုးပမ်းမှုအသစ်။ လူတိုင်းဖတ်ရှုသင့်တဲ့ ပုံပြင်လက်ရာတစ်ခုပါ”
ဒါပေမဲ့ အဲ့ဒီကြော်ငြာအောက်က မှတ်ချက်တွေကတော့ အော်ဟစ်ငြီးတွားသံတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရတယ် “ဘာကြီးလဲ။ ငါကြားတာ မှားနေတာလား။ ဒိုရာဘီဒရင်က ပုံပြင်တွေ ရေးတယ်ဟုတ်လား”
“ဒီစာရေးဆရာက နောက်ဆုံးတော့ ကလေးတွေကိုပါ သတ်ဖြတ်ဖို့ ဓားမိုးလိုက်ပြီပေါ့”
“ဒါက ရူးသွပ်မှုပဲ။ သူတို့က ကလေးလေးတွေလေ။ ဒီစာရေးဆရာက ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ”
“ဒီစာရေးဆရာရဲ့ အကျင့်အတိုင်းဆိုရင် သူပုံပြင်ရေးရင် ကလေးအများကြီး ဖတ်ပြီးတာနဲ့ စိတ်ဒဏ်ရာတွေ ရကုန်တော့မှာပဲ”
“ငါက သူ့ရဲ့ ဖန်တစ်ယောက်ပါ။ ဒါပေမဲ့ ငါက မိဘတစ်ယောက်လည်း ဖြစ်တယ်။ ငါ့ကလေးကိုတော့ ဒီစာရေးဆရာရဲ့ စာအုပ်တွေ လုံးဝဖတ်ခိုင်းမှာ မဟုတ်ဘူး။ သူပုံပြင်ကောင်းကောင်း ရေးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး”
လုအန်းကျီက မောက်စ်ကိုလှိမ့်ပြီး အကြမ်းဖျင်း ဖတ်ကြည့်လိုက်ရာ စာဖတ်သူတွေက သူ့အပေါ်မှာ အကြီးအကျယ် နားလည်မှု လွဲနေကြတယ်လို့ ခံစားလိုက်ရသည်။။ သူက ဝမ်းနည်းစရာ ဇာတ်လမ်းတွေပဲ ရေးမှာမဟုတ်ဘဲ ဒီစာဖတ်သူတွေက အတွေးလွန်နေကြခြင်းတာဖြစ်၏။
အဲ့ဒီနောက်မှာ ထူးခြားတဲ့ မှတ်ချက်တစ်ခုကို သူတွေ့လိုက်ရတယ် “အားလုံး အလိမ်ခံလိုက်ရပြီ။ ဒီဒိုရာဘီဒရင် ဆိုတဲ့လူက ငါတို့ကို လှည့်စားနေတာ။ ဒါက ပုံပြင်မဟုတ်ဘူး။ မင်းသားလေးပုံပြင် က နဂါးဘုရင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်ဖို့များတယ်”
“နဂါးဘုရင် ရဲ့ နောက်ဆက်တွဲ ဟုတ်လား။”
“မင်းသားလေးပုံပြင် ကလေ။”
“ဒါက ဘယ်လိုကြီးလဲ။”
လုအန်းကျီ ဇဝေဇဝါ ဖြစ်သွားတယ်။ အောက်က မှတ်ချက်ပေးသူတွေကလည်း သူ့လိုပဲ ဇဝေဇဝါ ဖြစ်နေကြပြီး ပြန်ချေပနေကြတယ် “နောက်နေတာလား။ အဲ့ပုံပြင် က နဂါးဘုရင် ရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်မလား။ မေဘယ်လ်ထရီး ကပဲ မိုက်မဲနေတာလား၊ ဒိုရာဘီဒရင် ကပဲ မိုက်မဲနေတာလား။ အကယ်၍ နဂါးဘုရင်ရဲ့ နောက်ဆက်တွဲဆိုရင် အဲ့ဒီနာမည်ကို သုံးတာက ပိုမထိရောက်ဘူးလား။ နဂါးဘုရင် က အရမ်းနာမည်ကြီးတာလေ။ ဘာလို့ လုံးဝမဆိုင်တဲ့ မင်းသားလေး ဆိုတဲ့ နာမည်ကို သုံးရမှာလဲ”
ဒီမေးခွန်းကို လူအများအပြားက ထောက်ခံနေကြတယ်။
မူလပို့စ်တင်သူက ပြန်ဖြေလိုက်တယ် “ယုံချင်ယုံ မယုံချင်နေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မေဘယ်လ်ထရီး အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ မင်းသားလေး ရဲ့ ကောက်နုတ်ချက်ကို ဖတ်ပြီးတာ၊ ဒါက ငါ့ရဲ့ ထင်မြင်ချက်ပဲ”
အဲ့ဒီနောက်မှာ သူက စခရင်ရှော့တစ်ခုကိုပါ တင်ထားပြီး အဲ့ဒီပုံထဲမှာ မင်းသားလေး ရဲ့ ကောက်နုတ်ချက် ပါဝင်၏။ လုအန်းကျီက ပုံကိုချဲ့ကြည့်လိုက်တဲ့အခါ စာသားတွေက သေးငယ်နေပေမဲ့ ဖတ်လို့ရသေးတယ် “ပထမဆုံးညမှာ ကျွန်တော် သဲသောင်ပြင်ပေါ်မှာ အိပ်ပျော်သွားတယ်။ လူသူကင်းမဲ့တဲ့ နေရာမှာပေါ့။ ပင်လယ်ပြင်ထဲမှာ သင်္ဘောပျက်ပြီး လမ်းပျောက်နေတဲ့ သင်္ဘောသားတစ်ယောက်ထက်တောင် ကျွန်တော်က ပိုပြီး အထီးကျန်နေခဲ့တယ်။
ဒါကြောင့် မနက်ခင်းမှာ ထူးဆန်းတဲ့ အသံလေးတစ်ခုကြောင့် နိုးလာတဲ့အခါ ကျွန်တော် ဘယ်လောက်တောင် အံ့သြသွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး။ အဲ့ဒီအသံလေးက ပြောတယ် ‘ကျေးဇူးပြုပြီး ကျွန်တော့်အတွက် သိုးတစ်ကောင် ဆွဲပေးပါ’ “
စခရင်ရှော့ရဲ့ အောက်မှာ ပို့စ်တင်သူက ဆက်ရေးထားတယ် “ကြည့်လိုက်ပါ။ ဒီအရေးအသား ၊ ဒီပုံစံက ရင်းနှီးနေသလိုမျိုး မခံစားရဘူးလား။ ရုတ်တရက် ပေါ်လာတဲ့ ဒီထူးဆန်းတဲ့ ကလေးလေးက မင်ဖေးကို စကားပြောဖို့ ခေါ်ထုတ်တတ်တဲ့ လုမင်ကျီနဲ့ မတူဘူးလား”
ဒီခွဲခြမ်းစိတ်ဖြာချက်အောက်မှာ ထောက်ခံတဲ့ လူတချို့ ရှိနေသလို၊ လွန်လွန်းနေတယ်လို့ ယူဆပြီး ကန့်ကွက်နေကြသူတွေလည်း အများကြီးပင်။
လူအများအပြားရဲ့ ချေပမှုကို ခံရတဲ့အခါ ပို့စ်တင်သူက စိတ်လှုပ်ရှားသွားပြီး ထပ်တင်လိုက်တယ် “ယုံချင်ယုံ မယုံချင်နေ။ ဒါက ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ပဲ။ အဲ့မင်းသားလေးပုံပြင် က သေချာပေါက် နဂါးဘုရင် ရဲ့ နောက်ဆက်တွဲပဲ။ ငါကျိန်ဆိုရဲတယ်။ အကယ်၍ ငါမှားသွားရင် ငါ မစင်စားပြမယ်”
အဲ့ဒီစာသားအောက်မှာ လင့်ခ်အပြာလေး တစ်ခုပါဝင်နေတယ်။ လုအန်းကျီက အဲ့ဒီလင့်ခ်ကို နှိပ်ကြည့်လိုက်ရာ အဲ့ဒီလူရဲ့ ပို့စ်အသစ်တစ်ခုဆီ ရောက်သွားတယ်။ ပို့စ်တင်သူရဲ့ အမည်ကတော့ “ရေနစ်နေတဲ့ ငါးကလေး” ဖြစ်ပြီးလုအန်းကျီက ထိုနာမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။
သူ ဝက်ဘ်ဆိုက်တွေကို ပိတ်လိုက်ပြီး မေဘယ်လ်ထရီး ဝက်ဘ်ဆိုက် အကောင့်ထဲကို ဝင်ကာ အွန်လိုင်းမဂ္ဂဇင်း အသစ်ကို ယူလိုက်ကာ မေဘယ်လ်ထရီးရဲ့ ထိပ်တန်းစာရေးဆရာ ဖြစ်တာကြောင့် သူက မဂ္ဂဇင်းကို အလကား ရတာပါ။ ဒါပေမဲ့ သူက အရင်ကတော့ သိပ်စိတ်မဝင်စားလို့ သိပ်မဖတ်ဖြစ်ခဲ့ဘူး။
သူ မဂ္ဂဇင်းကို ဖွင့်ပြီး မင်းသားလေးပုံပြင် ကို မိတ်ဆက်ထားတဲ့ စာမျက်နှာဆီကို အမြန်လှန်ကြည့်လိုက်တယ်။ တကယ်ပဲ ကောက်နုတ်ချက်တိုလေးတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေကို တွေ့လိုက်ရသည်။
ဒါပေမဲ့ “ရေနစ်နေတဲ့ ငါးကလေး ” ရဲ့ အတွေးအတိုင်း နဂါးဘုရင်နဲ့ ဆက်စပ်ပြီး တွေးကြည့်မယ်ဆိုရင် ဒီကောက်နုတ်ချက်တွေက လုမင်ကျီနဲ့ တကယ်ပဲ ဆက်စပ်နေသလိုလို ဖြစ်နေတယ်။ သူ မဂ္ဂဇင်းကို ပိတ်ပြီး မှတ်ချက်ကဏ္ဍကို ကြည့်လိုက်တဲ့အခါ တကယ်ပဲ အငြင်းအခုံတွေနဲ့ ဆူညံပွက်လောရိုက်နေတာကို တွေ့ရပြီး ဒါကို မေဘယ်လ်ထရီး ဘက်ကလည်း ဝင်ရောက်တားမြစ်ခြင်း မရှိပေ။
ဒါက ကူးကူး ပြောတဲ့ ကွက်ကျော်ရိုက်တဲ့ နည်းလမ်းများလား။
လုအန်းကျီ မျက်မှောင်ကြုတ်လိုက်ပြီး ကျူကျူကနေ ကူးကူး ဆီ မက်ဆေ့ခ်ျပို့လိုက်တယ် “ဒီလိုမျိုး လိမ်ညာပြီး ကြော်ငြာထားရင် စာအုပ်ထွက်လာတဲ့အခါ လူတွေ ဝိုင်းဆဲမှာကို မကြောက်ဘူးလား”
ကူးကူး က ကွန်ပျူတာရှေ့မှာ အမြဲရှိနေတတ်တဲ့အတိုင်း ချက်ချင်းပြန်စာပို့လာတယ် “ကျွန်မတို့ အဲ့ဒီအကြောင်း စဉ်းစားထားပြီးသားပါ။ စိုးရိမ်တာလည်း ရှိတာပေါ့။ ဒါပေမဲ့ အစည်းအဝေးမှာ အကြာကြီး ဆွေးနွေးပြီးတဲ့နောက်မှာတော့ အရည်အသွေးမရှိတဲ့ စာအုပ်တွေမှသာ အဲ့ဒီလို ဆဲမှာကို ကြောက်ရတာပါလို့ ဆုံးဖြတ်လိုက်ကြတယ်”
ကူးကူး “ မင်းသားလေးပုံပြင်ရဲ့ အရည်အသွေးက အထူးကောင်းမွန်နေတော့ ကြောက်စရာမလိုပါဘူး ။ အယ်ဒီတာအဖွဲ့ တစ်ခုလုံးက ဆရာ့ရဲ့ အရင်စာအုပ်တွေထက် ဒီစာအုပ်က ပိုပြီး အဆင့်အတန်းမြင့်တယ်လို့ တညီတညွှတ်တည်း ယူဆထားကြတယ်။ နာမည်ပျက်မှာကို စိတ်ပူစရာမလိုသလို၊ ဆရာ့ရဲ့ တခြားစာအုပ်တွေ အားလုံးပေါင်းတာထက်တောင် ပိုပြီး အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်”
ကူးကူး “စာအုပ်က ကောင်းနေသရွေ့တော့ ဒီလိုမျိုး မားကက်တင်း လုပ်တာကို ကျွန်မတို့ မကြောက်ပါဘူး”
လုအန်းကျီ “...”
လုအန်းကျီ “မင်းတို့တွေကတော့ ကြော်ငြာလောကမှာ လုပ်စားဖို့ တကယ်ကို သင့်တော်တဲ့သူတွေပဲ”
ကူးကူး “အဲ့ဒါက ဘာပြောတာလဲ” ဟု စာပြန်ပို့လိုက်သည်။