← Chapters

မိစ္ဆာမ စုန့်ရှောင်ချင်း

Vol. 13 Ch. 126

မိစ္ဆာမ စုန့်ရှောင်ချင်း

Vol. 13 Ch. 126

ဒီခေတ်မှာ ကိုယ်ပိုင်မီဒီယာတွေ သိပ်မထွန်းကားသေးတာကြောင့် ကူးကူးဟာ မားကက်တင်းအကောင့်ဆိုတာ ဘာလဲဆိုတာကို မသိသေးပါဘူး။

လုအန်းကျီက ကူးကူးကို ရှင်းပြလိုက်တယ် “ဒါက စည်းကမ်းမရှိဘဲ လူစိတ်ဝင်စားအောင် ခေါင်းစဉ်အဆန်းတွေသုံးပြီး လူကြည့်များအောင် လုပ်တတ်တဲ့ အရောင်းမြှင့်တင်ရေး လှည့်ကွက်တစ်ခုပဲ”

ကူးကူး “...”

ကူးကူး “နားထောင်ရတာတော့ နည်းလမ်းညံ့တစ်ခုလိုပဲ”

ကူးကူး “...”

ကူးကူး “ကျွန်မတို့ အဲ့အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မတို့နဲ့ ဆရာ ဘီ ပြောတဲ့ အရောင်းမြှင့်တင်ရေးအကောင့်တွေရဲ့ ပုံစံနဲ့ မတူပါဘူး”

လုအန်းကျီ “ဒါတွေက မင်းပြောတာတွေပဲနော် ကိုယ်နဲ့မဆိုင်ဘူး”

ကူးကူး “ဆရာပဲ ကျွန်မတို့ကို အဲ့ဒီအကောင့်တွေနဲ့ တူတယ်လို့ ပြောတာလေ”

ဒါပေမဲ့ ကူးကူးပြောတာကလည်း အချက်ကျပါတယ်။ “နဂါးဘုရင်” ကနေ “မင်းသားလေး” အထိ လုံးဝကွဲပြားတဲ့ အမျိုးအစားတွေကို ရေးသားတာက လမ်းကြောင်းအသစ်တစ်ခုကို ပြောင်းလဲလိုက်တာလို့ ပြောလို့ရပါသည်။

အရင်က လုအန်းကျီ ရွေးချယ်ခဲ့တဲ့ လက်ရာတွေဖြစ်တဲ့ ပထမဆုံးသော ရင်းနှီးကျွမ်းဝင်မှု အပါအဝင် အားလုံးဟာ လူငယ်စာပေ လမ်းကြောင်းပေါ်မှာပဲ ရှိနေခဲ့ပြီး အဲ့ဒီခေတ်မှာ တော်တော်လေး လူကြိုက်များခဲ့ပါတယ်။

ဒါပေမဲ့ “မင်းသားလေး” ကတော့ မတူပါဘူး။ ဒီကလေးစာပေ ဝတ္ထုက ထူးချွန်ပြောင်မြောက်လှပေမဲ့ လုအန်းကျီ အရင်က ထုတ်ဝေခဲ့တဲ့ ဝတ္ထုအမျိုးအစားတွေနဲ့ လုံးဝကွဲပြားနေပါသည်။

အမျိုးအစား ကွဲပြားသွားတာကြောင့် လုအန်းကျီရဲ့ နာမည်ကျော်ကြားမှု အားသာချက်က လျော့နည်းသွားမှာဖြစ်ပြီး ဘယ်လောက်အထိ လျော့သွားမလဲဆိုတာ မသိနိုင်သေးပါဘူး။ အခု မေဘယ်လ်ထရီး ကစားနေတဲ့ လှည့်ကွက်လေးက လုအန်းကျီရဲ့ နာမည်ကျော်ကြားမှုကို အသုံးချပြီး စာအုပ်အသစ် “မင်းသားလေး” ဆီကို ထိထိရောက်ရောက် ဆွဲခေါ်နိုင်ဖို့ပဲ ဖြစ်ပါသည်။

မေဘယ်လ်ထရီး အနေနဲ့လည်း ကုန်ကျစရိတ် ဖိအားတွေရှိနေသလို လုအန်းကျီရဲ့ အကျိုးအမြတ်ခွဲဝေမှုကလည်း မြင့်မားနေတာကြောင့် အရောင်းမြှင့်တင်ဖို့အတွက် ထူးခြားတဲ့ နည်းလမ်းတွေ သုံးတာက နားလည်ပေးလို့ရပါသည်။

ဒါ့အပြင် မေဘယ်လ်ထရီးရဲ့ တရားဝင်ကြော်ငြာတွေထဲမှာ “မင်းသားလေး” ဟာ “နဂါးဘုရင်” ရဲ့ နောက်ဆက်တွဲပါလို့ တစ်ခွန်းမှ မပြောထားသလို ဒါဟာ ဒိုရာဘီဒရင်ရဲ့ ပုံပြင်လက်ရာအသစ် ဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။

သူတို့က ထုတ်ပြန်ထားတဲ့ ကောက်နုတ်ချက်တွေနဲ့ စာဖတ်သူတွေကို လမ်းကြောင်းပေးလိုက်ရုံသာဖြစ်ပြီး ကျန်တာတွေကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်မှုတွေသာ ဖြစ်သည်။

လုအန်းကျီ ကွန်ပျူတာပိတ်ပြီး အောက်ထပ်ဆင်းကာ ဝမ်ဖျင်ကို နှုတ်ဆက်ပြီး စာအုပ်ဆိုင်ကနေ ထွက်လာခဲ့သည်။

ကျန်းဆူရှင်းက သူ့ကို သော့ပေးပြီးတဲ့နောက် သူလည်း စိတ်ကူးရပြီး ဝမ်ဖျင်ကို အပိုသော့တစ်ချောင်း ပေးထားလိုက်သည်။ ဒါမှ သူ မရှိတဲ့အချိန် ဒါမှမဟုတ် အိပ်ပျော်နေတဲ့ အချိန်မျိုးမှာ ဝမ်ဖျင်က ဆိုင်ကို သူ့ဘာသာ ဖွင့်နိုင်ရန် အတွက်ဖြစ်သည်။

တကယ်တော့ လုအန်းကျီက အိပ်ရာထ နောက်ကျလေ့မရှိပါဘူး။ ဒါပေမဲ့ ပြဿနာက ဝမ်ဖျင်က သူ့ထက်တောင် စောစောထနေတာပါ။ မနက်ခင်းမှာ လုအန်းကျီ အပေါ်ထပ်ကဆင်းပြီး ဆိုင်တံခါးဖွင့်တဲ့အခါ ဝမ်ဖျင်က ဆိုင်အပြင်မှာ စောင့်နေတာကို ခဏခဏ တွေ့ရတတ်တာကြောင့် သူ အနည်းငယ် အနေရခက်မိသည်။

ဝမ်ဖျင် သော့ရသွားပြီးတဲ့နောက်မှာတော့ သူမဟာ မနက်တိုင်း ပထမထပ်မှာပဲ အလုပ်လုပ်နေပြီး လုအန်းကျီ အပေါ်က ဆင်းလာမှသာ အပေါ်ထပ်ကို တက်လာပါတော့သည်။

ကျူးယွမ် ရပ်ကွက်ဆီကို ကားမောင်းလာပြီးနောက် လုအန်းကျီက ဓာတ်လှေကားစီးပြီး ကျန်းဆူရှင်း အိမ်ရှိတဲ့ အထပ်ကို တက်လာခဲ့ပါတယ်။ ထုံးစံအတိုင်း သူ သော့မထုတ်ဘဲ တံခါးကိုပဲ ခေါက်လိုက်တယ် “ဒေါက် ဒေါက် ဒေါက်”

“ဖေဖေ ဖေဖေ ဖေဖေ ”

ချန်းချန်းရဲ့ အော်ဟစ်သံနဲ့အတူ “ဒုတ် ဒုတ် ဒုတ်” ဆိုတဲ့ ခြေသံလေးတွေက တဖြည်းဖြည်း တိုးလာပြီး ရှင်းလင်းလာပါသည်။

“ဂျောက်”

တံခါးပွင့်သွားပြီး ချန်းချန်းရဲ့ ခေါင်းလုံးလုံးလေး ထွက်လာပြီး သူမက မျက်လုံးလေးမှေးပြီး လုအန်းကျီကို ပြုံးပြရင်း ထပ်ခေါ်လိုက်၏။ “ဖေဖေ”

လုအန်းကျီ အိမ်ထဲဝင်ပြီး ကလေးမလေးကို ချီလိုက်ကာ မေးလိုက်တယ် “ချန်းချန်း မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား”

“ပျော်တယ်”

ကလေးမလေးက “ကောင်းကောင်းအိပ်ပျော်တယ်” ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်သလားတော့ မသိပေမဲ့ ချက်ချင်းပဲ ဖြေလိုက်ပါသည်။

“ချန်းချန်းကို ကျွန်မပေး ရှင့်ဖိနပ် အရင်လဲလိုက်ဦး”

ကျန်းဆူရှင်းက လုအန်းကျီရဲ့ အိမ်စီးဖိနပ်ကို ရှေ့မှာ ချပေးလိုက်ပြီး ချန်းချန်းကို သူ့ရင်ခွင်ထဲကနေ လွှဲပြောင်းယူလိုက်ပါသည်။

စုန့်ရှောင်ချင်းက ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းကစားရင်း ခနဲ့တဲ့တဲ့ ပြောလိုက်တယ် “ တစ်ယောက်က ဖေဖေ ဖေဖေ ဖေဖေ တစ်ယောက်က ဖိနပ်လဲလိုက်ဦး သုံးယောက်သားကတော့ တကယ်ကို ချစ်ပြနေကြတာပဲ။ ငါ သူတို့အိမ်လာတုန်းကတော့ ငါဖိနပ်လဲတာ မလဲတာ ဘယ်သူမှ ဂရုမစိုက်ကြဘူး”

လုအန်းကျီက ပြောလိုက်တယ် “မင်း ယမ်းမှုန့်တွေ စားလာတာလား”

စုန့်ရှောင်ချင်းက စိတ်မရှည်စွာ ပြောတယ် “ငါ ဆေးမသောက်လာမိလို့ပါ။ သောက်စရာဆေးသာရှိရင် အခုလို ခနဲ့နေမှာ မဟုတ်ဘူး”

ကျန်းဆူရှင်းက ပြောတယ် “နင် ခနဲ့နေမှန်း နင်ကိုယ်တိုင်တော့ သိသေးတာပဲ”

စုန့်ရှောင်ချင်းက ကျန်းဆူရှင်းကို ကြည့်ပြီး “ဟွန့်” ဟု ဆိုကာ ထရပ်လိုက်တယ် “နင်တို့နှစ်ယောက်ပဲ ဆက်ပြီး ချစ်ပြနေကြတော့။ ငါကတော့ သွားပြီ”

ကျန်းဆူရှင်းက ပြောတယ် “ဘာလို့ ဒီလောက်လောနေတာလဲ။ စားပြီးမှ သွားလေ။ ငါ နင့်အတွက်ပါ မနက်စာ လုပ်ထားတယ်ဆိုတာ နင်သိသားနဲ့”

စုန့်ရှောင်ချင်းက “ငါက ပြောရုံပဲ ပြောတာပါ၊ နင်က တကယ်ယုံသွားတာလား” လို့ ဆိုပြီး မီးဖိုချောင်ထဲ ဝင်သွားပါသည်။

ကျန်းဆူရှင်းက ချန်းချန်းကို မြေပြင်ပေါ် ချပေးလိုက်ပြီး စုန့်ရှောင်ချင်းရဲ့ ကျောပြင်ကို မျက်စောင်းထိုးကာ မီးဖိုချောင်ထဲ လိုက်ဝင်သွားသည်။

လုအန်းကျီက ချန်းချန်းကို ချီပြီး ထမင်းစားပွဲမှာ ထိုင်လိုက်ကာ ချန်းချန်းကို ရင်ခံလေး ပတ်ပေးပြီး မနက်စာ ပြင်လိုက်သည်။

မနက်စာ အဆင်သင့်ဖြစ်တဲ့အခါ လေးယောက်သား ထမင်းစားပွဲမှာ ထိုင်ပြီး စားသောက်ကြ၏။

ချန်းချန်းက ဇွန်းလေးကို ကိုင်ပြီး အာရုံစိုက်ကာ စားသော်လည်း သူမရဲ့ ပါးစပ်နဲ့ စားပွဲပေါ်မှာတော့ ပေပွကုန်တာ ရှောင်လွှဲလို့မရပါ။ အရင်ကထက်စာရင် အများကြီး တော်လာပြီဆိုပေမဲ့ လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့ကတော့ သူမရဲ့ ပါးစပ်ကို သုတ်ပေးလိုက်၊ စားပွဲကို သန့်ရှင်းပေးလိုက်နဲ့ အလုပ်ရှုပ်နေသည်။

ကျန်းဆူရှင်းနဲ့ အတူနေတာ ကြာလာတဲ့အခါ လုအန်းကျီမှာလည်း အလွန်အမင်း သန့်ရှင်းချင်တဲ့ အကျင့်ဆိုးလေး ပါလာသလို ခံစားရပြီး ချန်းချန်းရဲ့ စားပွဲရှေ့က ပေပွနေတာကို မြင်ရင် သူ မနေနိုင်ဘဲ အမြဲ သန့်ရှင်းပေးချင်နေမိသည်။

တစ်ဖက်မှာတော့ စုန့်ရှောင်ချင်းက စားရင်းနဲ့ ဖုန်းကြည့်နေ၏။

သူမ ဖုန်းကြည့်နေရင်း ရုတ်တရက် လုအန်းကျီကို ကြည့်ကာ အံ့သြတကြီး အော်လိုက်တယ် “ရှင် စာအုပ်အသစ် ထပ်ထုတ်ပြန်ပြီလား”

လုအန်းကျီက ခေါင်းညိတ်ပြီး ပြောလိုက်တယ် “ဟုတ်တယ်။ ပုံပြင်တိုလေးတချို့ ရေးထားတာ။ အခု အကုန်လုံး အတူတူ ထွက်လာလိမ့်မယ်”

စုန့်ရှောင်ချင်းက “တောက်” တစ်ချက်ခေါက်ပြီး ပြောတယ် “ဟွာခဲ့ မှာ အခုပဲ တွေ့လိုက်တာ။ ရှင်က တကယ်ကို လက်စွမ်းထက်တာပဲ။ တခြားသူတွေဆိုရင် “နဂါးဘုရင်” အပိုင်းသုံး သုံးအုပ်ကို နှစ်နှစ်၊ သုံးနှစ်လောက် ရေးရမှာကို ရှင်က တစ်နှစ်ထဲနဲ့ ထုတ်နိုင်ရုံတင်မကဘဲ အခု အသစ်တွေတောင် ထပ်ရေးနိုင်သေးတယ်”

လုအန်းကျီက ရယ်လိုက်တယ် “ဘာလဲ ငါ့မှာ စိတ်ကူးစိတ်သန်းတွေ အများကြီး ရှိနိုင်တယ်လို့ မင်းမထင်လို့လား”

“ရှိနိုင်တာပေါ့။ ဘာလို့ မရှိနိုင်ရမှာလဲ”

စုန့်ရှောင်ချင်းက ဆက်ပြောတယ် “ဒီစာအုပ်က ချန်းချန်းအတွက် ရေးတာ ဖြစ်ရမယ် ဟုတ်တယ်မလား။ စိတ်ကူးယဉ် လူငယ်ဝတ္ထုကနေ ပုံပြင်တွေအထိ ရှင်က တကယ်ကို ရေးရဲတာပဲ။ ဒါတွေက လုံးဝကွဲပြားတဲ့ အမျိုးအစားတွေလေ။ ရှင် ကောင်းကောင်း ရေးနိုင်ပါ့မလား”

လုအန်းကျီက “ငါသာ မရေးနိုင်ရင် မေဘယ်လ်ထရီးက ဘာလို့ ထုတ်ပေးမှာလဲ” လို့ ပြန်ပြောဖို့ ပြင်လိုက်ပေမဲ့ ကျန်းဆူရှင်းက အရင်ဦးအောင် ဝင်ဖြေလိုက်တယ် “သူ ရေးနိုင်ပါတယ်၊ ငါ “မင်းသားလေး” ကို ဖတ်ပြီးပြီ။ တကယ်ကို ကောင်းကောင်း ရေးထားတာ”

စုန့်ရှောင်ချင်းက နှုတ်ခမ်းဆူလိုက်တယ် “ချစ်ပြပြန်ပြီ၊ ကိုယ့်ယောက်ျားရဲ့ စာအုပ်ကို အရင်ဖတ်ရလို့ ဘာဖြစ်လဲ။ ဒါက နင့်အတွက် ရေးတာမှမဟုတ်တာ၊ ချန်းချန်းအတွက် ရေးတာလေ၊ ဟုတ်တယ်မလား ချန်းချန်း”

ချန်းချန်းက ဆန်ပြုတ်တစ်ဇွန်းကို မျိုချလိုက်ပြီး စုန့်ရှောင်ချင်းရဲ့ စကားကို ကြားတာနဲ့ ချက်ချင်းပဲ ဇွန်းလေးကို မြှောက်ပြီး ပြောလိုက်တယ် “ချန်းချန်းက အရမ်းတော်တယ်”

“ဟုတ်တယ် ဟုတ်တယ်၊ ချန်းချန်းလေးက အရမ်းတော်တာ”

စုန့်ရှောင်ချင်း စိတ်အခြေအနေ နည်းနည်း ပြန်ကောင်းလာပြီး သူမက ကျန်းဆူရှင်းကို အထင်သေးတဲ့ ပုံစံနဲ့ ကြည့်ပြီး “နင်တို့နှစ်ယောက် ကြွားချင်သလောက် ကြွားပါ။ ဒါပေမဲ့ နင့်ယောက်ျားက နင့်အတွက် စာအုပ်တစ်အုပ်တောင် ရေးပေးတာ မတွေ့မိပါဘူး။ သီချင်းတောင် တစ်ပုဒ်မှ ရေးမပေးဘူးမလား”

ကျန်းဆူရှင်းက “ဘာလို့ မရှိရမှာလဲ” လို့ ပြောလိုက်၏။

စုန့်ရှောင်ချင်းက လှောင်ပြုံးပြုံးလိုက်တယ် “အဆိပ်သင့်ရေမွှေး လား”

ကျန်းဆူရှင်း “ ”

ဒီမိန်းကလေးကတော့ ဒီနေ့ တစ်ခုခု မှားနေတာ သေချာပါသည်။

ကျန်းဆူရှင်း ခဏတာ ဆွံ့အသွားတဲ့အခါ လုအန်းကျီက ပြောလိုက်တယ် “သီချင်းတွေ အများကြီး ရှိပါတယ်။ မင်း နားထောင်ချင်လား”

စုန့်ရှောင်ချင်း “...”

All Chapters