← Chapters

သိုင်းကားတွေအတွက် ဂီတဖန်တီးပေးနိုင်တဲ့ ငါ့အရည်အချင်း

Vol. 13 Ch. 128

သိုင်းကားတွေအတွက် ဂီတဖန်တီးပေးနိုင်တဲ့ ငါ့အရည်အချင်း

Vol. 13 Ch. 128

ကျန်းဆူရှင်း ထွက်သွားပြီးနောက် လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့ဟာ ပန်းကန်ခွက်ယောက်တွေကို အတူတူ သိမ်းဆည်းကြသည်။

ချန်းချန်းကလည်း ပျော်စရာထဲမှာ ပါဝင်ချင်နေတာကြောင့် သူမရဲ့ ထိုင်ခုံပုလေးကို စင်ရှေ့ကို ရွှေ့လာပြီး အပေါ်မှာ တက်ရပ်ကာ ပန်းကန်တွေကို ကူပြီး ဆေးကြောနေသည်။

ဒါတင်မကသေးဘဲ သူမဟာ သူမရဲ့ ပန်းကန်လေးကို ဆေးရရုံနဲ့တင် အားမရတော့ဘဲ တခြားပန်းကန်တွေနဲ့ ထမင်းစားတူတွေကိုပါ ဆေးပေးချင်နေ၏။

လုအန်းကျီက ရယ်မောရင်း ပြောလိုက်တယ် “ဒီကလေးမလေးက အိမ်မှုကိစ္စတွေကို စောစောစီးစီး သင်ယူနေတာပဲ။ နောက်ကျရင် ကိုယ်တို့ကို ဝိုင်းကူနိုင်တော့မှာပဲ”

ကျန်းဆူရှင်းက ရယ်ပြီး “သူက သေးသေးလေးရှိသေးတာကို ရှင်က အားကိုးဖို့ စဉ်းစားနေပြီလား” လို့ ပြန်ပြောပါတယ်။

ချန်းချန်းကတော့ သူတို့ပြောတာကို မကြားသလိုပဲ သူမရဲ့ ပန်းကန်လေးကို အသေအချာ ဆေးနေပါသည်။ ဒါပေမဲ့ သူမ ပါဝင်လာတာကြောင့် ပုံမှန်ဆို မိနစ်အနည်းငယ်ပဲ ကြာမဲ့အချိန် ဟာ နောက်ထပ် ၁၀ မိနစ်လောက် ပိုကြာသွားတတ်သည်။

ရေတွေ အလဟဿ မဖြစ်စေဖို့အတွက် ကျန်းဆူရှင်းဟာ စင်ထဲမှာ ရေအနည်းငယ် ထည့်ပေးထားပြီး ကလေးမလေးကို ဆော့ကစားစေ၏။

ပန်းကန်ဆေးပြီးနောက် လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့ လက်တွေကို ခြောက်အောင်သုတ်၊ ချန်းချန်းရဲ့ လက်ကလေးတွေကိုလည်း သန့်စင်ပေးပြီး ဧည့်ခန်းထဲကို အတူတူ ထွက်လာကြသည်။

လုအန်းကျီက ရုတ်တရက် သော့တွဲတစ်ခုကို ထုတ်လိုက်ပြီး ခေါ်လိုက်တယ် “ဆူရှင်း”

“ဟင်”

ကျန်းဆူရှင်းက လုအန်းကျီကို ကြည့်လိုက်ပါသည်။

လုအန်းကျီက သော့တွေကို ကျန်းဆူရှင်းဆီ ကမ်းပေးရင်း “ရော့ ဒါက ငါ့ရဲ့ စန်းဝေစာအုပ်တိုက်ရဲ့ သော့တွေ။ အဲ့ဒီမှာ ငါ ဒါမှမဟုတ် အမဝမ် ရှိနေတတ်တာဆိုတော့ မင်းကိုယ်တိုင် တံခါးဖွင့်စရာ မလိုလောက်ပေမဲ့ သော့ကိုတော့ ပေးထားချင်တယ်။ တကယ်လို့ မင်း တံခါးဖွင့်ဖို့ လိုအပ်လာတဲ့ အခါမျိုး ရှိခဲ့ရင်ပေါ့”

“ကောင်းပြီလေ”

ကျန်းဆူရှင်းက ခေါင်းညိတ်ပြီး သော့ကို ယူကာ ပြုံးလိုက်ပါသည်။ သူမရဲ့ အပြုံးက နွေးထွေးပြီး နူးညံ့တာကြောင့် ကြည့်ရတာ အရမ်းကို သက်သောင့်သက်သာ ရှိစေသည်။

“ချန်းချန်းလည်း လိုချင်တယ် ချန်းချန်းလည်း လိုချင်တယ်”

ချန်းချန်းက သူမရဲ့ လက်ကလေးတွေကို ဝှေ့ယမ်းပြီး အော်ဟစ်ကာ ခုန်ပေါက်နေပါသည်။

လုအန်းကျီက “ချန်းချန်းက ဘာလိုချင်တာလဲ” လို့ မေးလိုက်သည်။

ချန်းချန်းက “ယူချင်လို့” လို့ ပြန်ဖြေ၏။

လုအန်းကျီက “ချန်းချန်းက ငယ်သေးတယ်လေ။ ချန်းချန်း လူကြီးဖြစ်လာမှ သော့ကို ယူနော်” လို့ ပြောလိုက်ပါတယ်။

“ဟုတ်”

ချန်းချန်းက ခေါင်းညိတ်ပြီး အလေးအနက် ပြောတယ် “ချန်းချန်း လူကြီးဖြစ်လာရင် သော့ကို ပေးမယ်”

လုအန်းကျီက ချန်းချန်းရဲ့ ခေါင်းလေးကို ပွတ်ပြီး “ချန်းချန်းက လိမ္မာလိုက်တာ” လို့ ချီးမွမ်းသည်။

ချန်းချန်းက ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီး “အင်း အင်း ချန်းချန်းက တော်တယ်” လို့ အတည်ပေါက် ပြောနေပြန်ပါသည်။

ကျန်းဆူရှင်းလည်း မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းခါရင်း ချန်းချန်းရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ပါကာ

ချန်းချန်းက နောက်ထပ် တောင်းဆိုချက်တစ်ခု လုပ်လာပြန်တယ် “ဖေဖေ သီချင်းတစ်ပုဒ် နားထောင်ချင်တယ်”

လုအန်းကျီက “ချန်းချန်းက ဘယ်သီချင်း နားထောင်ချင်တာလဲ” လို့ မေးပြီး

ချန်းချန်းက ခေါင်းလေးကို ရမ်းပြီး သတိပေးတဲ့ အနေနဲ့ စဆိုပြပါတယ်။ ဒါပေမဲ့ ကလေးမလေးက အသံမမှန်တာကြောင့် လုအန်းကျီနဲ့ ကျန်းဆူရှင်းတို့ လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။

အတော်ကြာ နားထောင်ပြီးမှ လုအန်းကျီက စာသားအချို့ကို ရိပ်မိသွားတယ် “သူမ ဆိုနေတာ ‘မင်းကို တဖြည်းဖြည်းချင်း’ ဆိုတဲ့ သီချင်း ထင်တယ်”

ကျန်းဆူရှင်းက ခေါင်းညိတ်ပြီး “ရှင့်ရဲ့ သီချင်းအသစ် ဖြစ်မှာပါ” လို့ ပြောပါတယ်။ သူမက ငုံ့ကြည့်ပြီး ချန်းချန်းကို မေးလိုက်တယ် “ချန်းချန်း ဖေဖေ ဒီမနက် ဆိုပြတဲ့ သီချင်းကို ဆိုနေတာလား”

“ဟုတ်”

ကလေးမလေးက ခေါင်းညိတ်ပြီး အသံမမှန်တဲ့ သီချင်းကို ဆက်ဆိုနေပြီး သူမက အလေးအနက် အမူအရာနဲ့ လုအန်းကျီနဲ့ ကျန်းဆူရှင်းကို ကြည့်ပြီး ဆိုနေတာက သူတို့ နှစ်ယောက်ကို ရယ်ချင်စိတ်များ တဖွာဖွာ‌ပေါ်လာသည်။

ကျန်းဆူရှင်းက မေးလိုက်တယ် “ဒါနဲ့ စောစောက စားပွဲမှာ ဆိုပြတဲ့ သီချင်းတွေက အရင်ကတည်းက ရေးထားတာတွေလား”

လုအန်းကျီက ပြန်မေးတယ် “မင်းက အသစ်ရေးထားတာ ဖြစ်စေချင်တာလား ဒါမှမဟုတ် အရင်ကတည်းက ရှိပြီးသား ဖြစ်စေချင်တာလား”

ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးလိုက်ပြီး “ကျွန်မ ဘာဖြစ်ချင်လဲ ဆိုတာက အရေးမကြီးပါဘူး။ ကျွန်မ ဖြစ်စေချင်တာက ဘယ်သီချင်းက အသစ် ဘယ်သီချင်းက အဟောင်းဆိုတာကို ဆုံးဖြတ်ပေးနိုင်လို့လား”

လုအန်းကျီက ရယ်လိုက်ပြီး “ဘာပဲဖြစ်ဖြစ် အဲ့ဒီသီချင်းတွေ အားလုံးက မင်းအတွက် ဆိုပြတာဆိုတာ သိထားရင် ရပြီ”

ကျန်းဆူရှင်းက ခပ်အေးအေးပဲ မေးတယ် “ဒါဆို အဲ့ဒီ ‘ဆိုးနွဲ့တဲ့’ ‘ချစ်စရာကောင်းတဲ့ အမျိုးသမီး’ ဆိုတာကလည်း ကျွန်မအတွက် ဆိုတာလား။ ကျွန်မ ဘယ်နားမှာ ဆိုးနေလို့လဲ။ ဒါ ကျွန်မအတွက် ဆိုတာ သေချာလို့လား”

လုအန်းကျီက ပြုံးပြီး မေးတယ် “ဘာလဲ မင်းက တခြားတစ်ယောက်အတွက် ဆိုစေချင်လို့လား”

ကျန်းဆူရှင်းက သူမရဲ့ နှာခေါင်းလေးကို ရှုံ့လိုက်ပြီး “ဟွန့်” လို့ အသံပြုလိုက်စည်။

လုအန်းကျီက “ဒါ့အပြင် လွန်ခဲ့တဲ့ သုံးနှစ်က မင်း ဧည့်သည်ခန်းထဲက အိပ်ရာခင်းတွေ အကုန်လုံးကို ယူသွားတာကြောင့် ငါ ပိုက်ဆံကုန်သွားရတယ်လေ။ အဲ့ဒါက ဆိုးတာ မဟုတ်လို့ ဘာလဲ”

“ရှင်ကတော့လေ စိတ်ပျက်ဖို့ကောင်းတယ်”

ကျန်းဆူရှင်းက အရမ်းစိတ်တိုသွားပြီး လုအန်းကျီရဲ့ ရင်ဘတ်ကို အားမပါပဲ ထိုးလိုက်သည်။

လုအန်းကျီက အဲ့ဒီအချိန်မှာ ကျန်းဆူရှင်းရဲ့ ဆွဲဆောင်မှုက ထူးထူးခြားခြား ရှိနေတယ်လို့ ခံစားလိုက်ရပြီး ကျန်းဆူရှင်းရဲ့ လက်ကို ဆွဲကိုင်ကာ ပါးကလေးဆွဲကာစနောက်လိုက်ရင်း နွေးထွေးပြီး နူးညံ့တဲ့ အထိအတွေ့က ခံစားချက် တစ်မျိုးကို ခံစားလိုက်ရသည်။

ကျန်းဆူရှင်းက သူမရဲ့ လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး လုအန်းကျီကို စိုက်ကြည့်လိုက်တယ် “ရှင်ကတော့ တကယ်ပဲ၊ ချန်းချန်း ရှိနေတာကို”

“ဟီးဟီး ဟီးဟီး”

ချန်းချန်းရဲ့ ရယ်သံက သူမ ရှိနေတုန်းပဲ ဆိုတာကို ပြနေသလို ဒီမြင်ကွင်းကိုလည်း သဘောကျနေပုံ ရပါသည်။

လုအန်းကျီက ငုံ့ကြည့်လိုက်တဲ့အခါ သူ့ကိုရော ကျန်းဆူရှင်းကိုရော ကြည့်ပြီး ရယ်နေတဲ့ ကလေးမလေးကို တွေ့တော့ ခေါင်းကုတ်ရင်း ခေတ္တမျှ စကားစ ပျောက်သွားပါသည်။

“သွားကြရအောင် ဖေဖေ သီချင်းဆိုပြမယ်”

လုအန်းကျီက ချန်းချန်းကို ပွေ့ချီပြီး ဂီတခန်းထဲကိပျောက်သွားပြီး ပီယာနိုရှေ့မှာ ထိုင်ပြီး စတင်တီးခတ်လိုက်တော့သည်။

ဒီမနက်က ဆိုပြခဲ့တဲ့ သီချင်းသုံးပုဒ်လုံးကို အစကနေ အဆုံးအထိ ဆိုပြနေချိန်မှာ ကလေးမလေးက ဘေးမှာ ထိုင်ပြီး ခေါင်းလေးရမ်းကာ နားထောင်နေပြီး

ကျန်းဆူရှင်းကလည်း ချန်းချန်းရဲ့ ဘေးမှာ ထိုင်ပြီး အာရုံစိုက် နားထောင်နေသည်။ သူမရဲ့ အကြည့်တွေက မသိစိတ်ကနေ လုအန်းကျီဆီကို ကျရောက်နေပြီး သူ့ကို အသေအချာ ကြည့်ရင်း နားထောင်နေမိ၏။

ဒီသီချင်းသုံးပုဒ်လုံးက တကယ်ပဲ ပြည့်စုံပြီး အဆင့်မြင့်တဲ့ သီချင်းတွေပါ။ ကျန်းဆူရှင်းက ဒီလိုဖြစ်မယ်လို့ ကြိုတွေးထားပေမဲ့ စိတ်ထဲမှာ အနည်းငယ်တော့ စိတ်ပျက်သလို ခံစားလိုက်ရသည်။

ဒါပေမဲ့ အဲ့ဒီ စိတ်ပျက်မှုနဲ့အတူ ဂုဏ်ယူတဲ့ စိတ်လည်း ဖြစ်ပေါ်လာပါတယ်။ ဒါတွေက လုအန်းကျီရဲ့ သီချင်းတွေ ဖြစ်ပြီး သူ့ရဲ့ သီချင်းတွေက အရမ်းကို ကောင်းမွန်လွန်းလှပါတယ်။ ဘယ်သီချင်းမဆို အားကောင်းတဲ့ လက်ရာတွေပါပဲ။

အထူးသဖြင့် နောက်ဆုံးသီချင်းဖြစ်တဲ့ အလှပဆုံး ကိစ္စကတော့ ရိုးရှင်းတဲ့ စာသားတွေနဲ့ ဖြစ်ပေမဲ့ အားအင်တွေနဲ့ ပြည့်နှက်နေပြီး နားထောင်သူတွေကို အချစ်ရဲ့ ရိုမန်းတစ်ဆန်မှုထဲမှာ မသိလိုက်ဘဲ စီးမခံစားလိုက်ရသည်။

တဖြည်းဖြည်းနဲ့ သီချင်းထဲမှာ စီးမျောသွားပြီးနောက် ကျန်းဆူရှင်းဟာ ချန်းချန်းကို သူမရဲ့ ရင်ခွင်ထဲမှာ အသာအယာ ပွေ့ပိုက်ထားပြီး သီချင်းဆိုနေတဲ့ လုအန်းကျီကို ငေးကြည့်နေမိကာ စိတ်ပျက်တာတွေ၊ ဂုဏ်ယူတာတွေကို သူမ မေ့လျော့သွားပါသည်။

အခုလို စီးမျောစရာကောင်းတဲ့ သီချင်းတွေ ရှိနေတာကြောင့် တခြားခံစားချက်တွေကို တွေးတောဖို့ အချိန်မရှိတော့ပါဘူး။

လုအန်းကျီက သီချင်းသုံးပုဒ်လုံး ဆိုပြီးတဲ့အခါ ချန်းချန်းလေးက လက်ခုပ်တီးပြီး ကျန်းဆူရှင်းကလည်း လိုက်တီးကာ

“ရှင် ဒီသီချင်းသုံးပုဒ်ကိုလည်း မှတ်ပုံတင်ထားသင့်တယ်” လို့ ကျန်းဆူရှင်းက ပြောလိုက်၏။

ဒါနဲ့ သူတို့ သုံးယောက် ကွန်ပျူတာဆီကို သွားကြပြီး လုအန်းကျီက ကွန်ပျူတာကို ဖွင့်ပြီး သူ့ရဲ့ အကောင့်ထဲကို ဝင်လိုက်၏။

လူချောလေးဂီတ မူပိုင်ခွင့် ဝဘ်ဆိုဒ် အကောင့်အောက်မှာ ရှိနေတဲ့ သီချင်းပုံတွေကို ကြည့်ပြီး ကျန်းဆူရှင်းက သက်ပြင်းချရင်း ပြောလိုက်တယ် “ရှင့်ရဲ့ သီချင်းတွေက အယ်လ်ဘမ် နှစ်ချပ်တောင် ထုတ်လို့ ရနေပြီ”

လုအန်းကျီက စနောက်ပြီး “မလောပါနဲ့ဦး ဒါတွေကို သိမ်းထားရအောင်။ နောက်မှ အကြီးကြီး လုပ်ပြမယ်။ နောက်ကျရင် သီချင်း အပုဒ် တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် စုမိတဲ့အခါမှ အကုန်လုံး တစ်ပြိုင်တည်း ထုတ်လိုက်ရင် နားထောင်သူတွေ လန့်သွားမှာ”

ကျန်းဆူရှင်းက ပြုံးလိုက်ပြီး ဘယ်သူမှ အဲ့ဒီလို မလုပ်နိုင်ဘူးလို့ တွေးလိုက်မိသည်။

လုအန်းကျီက သီချင်းသုံးပုဒ်လုံးကို ဝဘ်ဆိုဒ်ပေါ် တင်ပြီး စစ်ဆေးမှုကို စောင့်ဆိုင်းနေတဲ့ အချိန်မှာ တစ်နာရီကျော်လောက် ကြာသွားပြီး

ချန်းချန်းက ပျင်းလာတာကြောင့် ကစားစရာတွေနဲ့ စာအုပ်တစ်အုပ် သွားယူပြီး ကြမ်းပြင်ပေါ်မှာ ကျန်းဆူရှင်းနဲ့အတူ ထိုင်ဆော့နေသည်။

‘မင်းကို တဖြည်းဖြည်းချင်း’၊ ‘ချစ်စရာကောင်းတဲ့ အမျိုးသမီး’၊ ‘အလှပဆုံး ကိစ္စ’ လုအန်းကျီ အခုတင်လိုက်တဲ့ သီချင်းသုံးပုဒ်ကို ကြည့်ပြီး ကျန်းဆူရှင်းက မပြောဘဲ မနေနိုင်တော့ပါဘူး “ရှင်သာ မြို့ပြ အချစ်ဇာတ်လမ်းတွေအတွက် အလုပ်တွေ လက်ခံရင် ပိုပြီးတောင် ကောင်းမှာ သေချာတယ်”

လုအန်းကျီက ရယ်ပြီး “ဘာလဲ သိုင်းကားတွေအတွက် ဂီတဖန်တီးပေးနိုင်တဲ့ ငါ့အရည်အချင်းကို မင်းမယုံလို့လား”

ကျန်းဆူရှင်းက ခေါင်းခါလိုက်ပြီးမှ သူမ ပြောတာ မှားတယ်ဆိုတာ သတိရသွားပါသည်။ လုအန်းကျီရဲ့ စတိုင်က အရမ်းစုံလင်ပြီး သူ့ရဲ့ အရည်အချင်းကလည်း အမြဲတမ်း အထင်ကြီးစရာပါ။ သူက သိုင်းကားဂီတကို မလုပ်နိုင်ဘူးလို့ ဘာလို့ ပြောမိပါလိမ့်။

အဲ့ဒီအချိန်မှာပဲ လုအန်းကျီရဲ့ ဖုန်းက ရုတ်တရက် မြည်လာပြီး

သူက ဖုန်းကို ထုတ်ပြီး ကျန်းဆူရှင်းကို ပြလိုက်ကာ ပြုံးရင်း ပြောလိုက်တယ် “သီချင်းအကြောင်း ပြောရင် သူရောက်လာပြီ။ ဆရာဝမ်ကျန်းဖင် ဆီကပဲ”

ဖုန်းမျက်နှာပြင်ပေါ်မှာ ဆရာဝမ်ကျန်းဖင် ဆိုတဲ့ နာမည်က ရှင်းရှင်းလင်းလင်း ပေါ်နေပါသည်။

All Chapters