ကောင်လေး၊ မခုတ်တတ်တဲ့ကြောင်လို ဟန်ဆောင်မနေစမ်းနဲ့။
Vol. 27 Ch. 312
"အရမ်းကောင်းတယ်…"
"ဒီ နှလုံးသားမျက်လုံးနဲ့ဆိုရင်… ကမ္ဘာမြေအဆုံးထိတောင် ခရီးသွားနိုင်တယ်… မျိုးနွယ်စုအားလုံးဆီ အလည်အပတ် ထွက်လို့ရပြီ…"
"ပြီးတော့.. ဘာသာစကား အခက်အခဲအတွက် စိတ်ပူစရာ မလိုတော့ဘူး…"
ကျိုးစွေ့ ပြုံးလိုက်မိပြီး၊ အလွန်ပင် ကျေနပ်နေသည်။
အထူးသဖြင့်၊ ဤသို့ မတူကွဲပြားသော ကျင့်ကြံခြင်းလောကတွင် နှလုံးသားမျက်လုံး ဘာသာစကား၏ အကျိုးသက်ရောက်မှု မည်မျှ ကြီးမားကြောင်း သူ နားလည်ပေသည်။ ဤစွမ်းရည်သည် အကန့်အသတ်မရှိ အသုံးဝင်လှသည်။
၎င်းနှင့်သာဆိုလျှင်၊ သူသည် ဘာသာစကားတိုင်းကို နားလည်နိုင်ပြီး၊ ရောက်လေရာအရပ်တွင် ဒေသခံတစ်ဦးကဲ့သို့ အံဝင်ခွင်ကျ ဖြစ်နေပေလိမ့်မည်။
ထို့အပြင်၊ ဤစွမ်းရည်သည် သူ့အား အခြားသူများကို နားလည်စေနိုင်ရုံသာမက၊ ထူးကဲသော သင်ယူနိုင်စွမ်းကိုလည်း ပေးစွမ်းသည်။
သူသည် တစ်ရက်လောက် နေထိုင်ပြီးရုံနဲ့ ဒေသခံတစ်ဦးကဲ့သို့ ဒေသန္တရဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မည် ဖြစ်သည်။
ဤသည်မှာ၊ နှလုံးသားမျက်လုံး ဘာသာစကား၏ စစ်မှန်သော အားသာချက်ပင် ဖြစ်သည်။
"နှမြောစရာက… အခုထိ.. ငါ့မှာ နှလုံးသားမျက်လုံးသုံးခုအတွက် ကျင့်ကြံခြင်းနည်းစနစ်တွေပဲ ရှိသေးတယ်…"
"ဘာပဲဖြစ်ဖြစ်… ငါ ရရှိထားတဲ့ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်က မပြည့်စုံတဲ့ ကျင့်စဉ်ပဲ… ကျန်တဲ့ နှလုံးသားမျက်လုံး လေးခုအတွက် ကျင့်ကြံခြင်းနည်းစနစ်တွေ ပျောက်ဆုံးနေတယ်…"
"ခဏလေး… ငါ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်ရဲ့ ကျန်ရှိနေတဲ့ အပိုင်းတွေကို ရှာဖို့ 'ပစ္စည်းရှာဖွေကူ'ကို သုံးလို့ ရလောက်မလား…"
ဤအခိုက်အတန့်တွင် ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး၊ ရုတ်တရက် ထိုအကြံအား ရလိုက်သည်။
သာမန်လူတစ်ယောက်အနေဖြင့်၊ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်၏ ပြီးပြည့်စုံသော ကျင့်စဉ်ကို ရှာဖွေရန် ခက်ခဲသော်လည်း၊ 'ပစ္စည်းရှာဖွေကူ'နှင့်ဆိုပါက မတူတော့ပေ။ ၎င်း တည်ရှိနေသမျှ ကာလပတ်လုံး၊ လောကရှိ မည်သည့်ရတနာကိုမဆို ရှာဖွေနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့်၊ သူ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်၏ ပြီးပြည့်စုံသော ကျင့်စဉ်ကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ် မဟုတ်တော့ချေ။
ဤအတွေးဖြင့်၊ ကျိုးစွေ့သည် 'ပစ္စည်းရှာဖွေကူ'၏ စွမ်းအားကို ဆင့်ခေါ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။
သို့သော် ခဏအကြာတွင်၊ သူ စိတ်ပျက်သော အမူအရာကို ပြသလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်၊ 'ပစ္စည်းရှာဖွေကူ'ကို အသုံးပြုရန် သူ၏ ကြိုးပမ်းမှုသည် ကျရှုံးသွားသောကြောင့် ဖြစ်၏။
'ပစ္စည်းရှာဖွေကူ'၏ စွမ်းအား မလုံလောက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ သို့မဟုတ် အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်၏ ပြီးပြည့်စုံသောကျင့်စဉ် တည်ရှိရာနေရာသည် ၎င်း၏ အတိုင်းအတာ ပြင်ပတွင် ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူ ဘာမှ မရရှိခဲ့ပေ။
လောလောဆယ်တွင်၊ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်၏ ပြီးပြည့်စုံသော ကျင့်စဉ်ကို ရှာဖွေနိုင်ခြင်း မရှိသေးပေ။
သို့သော်၊ သူ များစွာ စိတ်ပျက်လက်ပျက် ဖြစ်မနေချေ။
မည်သို့ပင်ဆိုစေကာမူ၊ လက်ရှိ နှလုံးသားမျက်လုံး သုံးခု၏ စွမ်းအားသည်ပင် သူ့အတွက် အချိန်များစွာကြာသည့်တိုင် အသုံးပြုရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
"ဟမ်…”
ရုတ်တရက်၊ ကျိုးစွေ့သည် အခန်းတံခါးအပြင်ဘက်တွင် နှစ်လိုဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။
၎င်းမှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီး၊ ချူတျဲယီမှလွဲ၍ အခြားသူ မဟုတ်ပေ။
သူမသည် လောလောဆယ်တွင် သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပေါ်လွင်စေသော၊ လက်တစ်ဖက်တည်းဖြင့် ပွေ့ဖက်နိုင်လောက်သော ခါးကျင်ကျင်လေးကို အထင်းသားဖြစ်စေသည့် အနက်ရောင်ဇာဂါဝန်အား ဝတ်ဆင်ထားသည်။
ဝန်ခံရလျှင်၊ သူမသည် ယောက်ျားများကို မြှူဆွယ်နေသည့် ကဝေမတစ်ဦးပင် ဖြစ်ချေသည်။
"မိန်းကလေးချူ... မင်း ဘယ်လိုလုပ် ထပ်ရောက်လာပြန်တာလဲ…"
"ပြီးတော့.. ဘာလို့ အပေါစားမိန်းမတစ်ယောက်လို ဝတ်ထားတာလဲ…"
ကျိုးစွေ့ လက်တစ်ချက်ဝှေ့ကာ အခန်းတံခါးကို ဖွင့်လိုက်ပြီး၊ ချူတျဲယီကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ရှင်… ရှင်.. ဘယ်လို စကားမျိုး ပြောလိုက်တာလဲ… လွန်သွားပြီနော်…"
"ရှင့်ပါးစပ်က ခွေးပါးစပ်လိုပဲ ညစ်ညမ်းလွန်းတယ်…"
သူ့စကားကို ကြားလိုက်ရသောအခါ၊ ချူတျဲယီတစ်ယောက် ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
သူမ ထိုယောက်ျား၏ပါးစပ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်မိတော့သည်။ တမင်ဝတ်ဆင်ထားသော သူမ၏အဝတ်အစားအတွက် သူ၏မှတ်ချက်မှာ ယင်းသာ ဖြစ်သည်လော။
ဤညအတွက် အထူးတလည် အလှပြင်ထားခဲ့ရသော သူမ၏ ကြိုးစားအားထုတ်မှုများ အားလုံး သဲထဲရေသွန် ဖြစ်ရချေပြီ။
"အဟမ်း... ကောင်းပြီ… ဒါ ငါ့အမှားပါ…"
"မိန်းကလေးချူက ညဉ့်နက်သန်းခေါင်ကြီး ကျုပ်ဆီ လာလည်တာ ဘာကိစ္စများ ရှိလို့လဲ…"
"ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်… ခုလို နှစ်ယောက်တည်း ရှိနေတာ.. ဒါ မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူးလား…"
ကျိုးစွေ့တစ်ယောက် လည်ချောင်းရှင်းလိုက်ပြီး ယဉ်ကျေးစွာ စတင်ပြောဆိုလိုက်ကာ၊ လူကြီးလူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်လိုက်တော့သည်။
"ကျိုး... ကျွန်မ ထွက်သွားရတော့မယ် ထင်တယ်.. ဟင့်…"
ချူတျဲယီသည် ကျိုးစွေ့ကို မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး၊ သနားစဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ ငိုတော့မည့်ဆဲဆဲ ဖြစ်နေသည်။
"ထွက်သွားမယ် ဟုတ်လား.. ဘာလို့ ရုတ်တရက်ကြီးလဲ…"
ကျိုးစွေ့ မှင်တက်သွားမိသည်။ ချူတျဲယီတစ်ယောက် ဤသို့ ရုတ်တရက် ထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ ဤအမျိုးသမီး ဤနေရာတွင် နေထိုင်လာသည်မှာ ခြောက်နှစ်နီးပါးပင် ရှိနေပြီ မဟုတ်လော။ သူမ၏တည်ရှိမှုအား သူ အနည်းငယ် ကျင့်သားပင် ရနေခဲ့ပြီ ဖြစ်၏။
"ဒါ ရုတ်တရက်ရယ်လည်း မဟုတ်ပါဘူး… ကျွန်မ ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ ဝေးနေတာ နှစ်အတော်ကြာနေပြီလေ.."
"ကျွန်မ ဒီမှာ ဆက်နေလို့ မရတော့ဘူး… ကျွန်မ ဆရာသခင်က ဂိုဏ်းကို ပြန်လာဖို့ အမိန့်ပေးလိုက်ပြီ…"
"ဒါကြောင့် ဒီည ကျွန်မ နှုတ်ဆက်ဖို့ လာခဲ့တာ…"
"အခုကစပြီး… ကျွန်မတို့ မြန်မြန်ဆန်ဆန် ပြန်တွေ့ရဖို့ မလွယ်ကူတော့မှာကို ကျွန်မ စိုးရိမ်မိတယ်…"
ချူတျဲယီသည် ကျိုးစွေ့ကို ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေသည်။
"အာ… မင်း ဘာတွေအတွေးလွန်နေတာလဲ… ငါတို့ နှစ်ယောက်စလုံးက သက်တမ်းရှည်တဲ့ ကျင့်ကြံသူတွေလေ.."
"ငါတို့ တွေ့ချင်ရင်.. ဆန္ဒရှိတဲ့အချိန်တိုင်း တွေ့လို့ ရတယ် မဟုတ်ဘူးလား.. ဒါက သေကွဲကွဲတာမှ မဟုတ်တာ.."
ကျိုးစွေ့ကမူ စိတ်လှုပ်ရှားခြင်း မရှိပေ။
ဤအမျိုးသမီး ထိုစကားလုံးများအား ဝတ္တုတစ်အုပ်အုပ်ထဲက အလွတ်ကျက်လာပြီး အမူလာပိုနေသည်အား သူ မည်သို့ မသိဘဲ နေပါမည်နည်း။
"ဟွန့်.. ရှင် မကောင်းတဲ့လူ…"
"ကျွန်မက ခံစားချက်တွေကို ဖော်ပြဖို့ ကြိုးစားနေတာကို… ရှင်က ပုံကြီးချဲ့နေတယ်လို့ စွပ်စွဲရဲတယ်ပေါ့…"
"ဒါက သေမျိုးပုံပြင်တွေထဲမှာ သူတို့ ပြောကြတဲ့ပုံစံပဲဟာကို… ရှင့်အလှည့်ကျမှ ဘာလို့ တလွဲဖြစ်နေရတာတုံး…"
ဤသည်ကို ကြားလိုက်ရသောအခါ၊ ချူတျဲယီ ဒေါသထွက်လွန်းသဖြင့် လဲတောင် သေချင်မိသွားသည်။ သူမ၏ လှပသောမျက်နှာသည် ရဲတွတ်သွားပြီး၊ သူမ၏သရုပ်ဆောင်မှု လုံးဝ ပျက်စီးသွားတော့သည်။
သူမ အလွန်ကို စိတ်ပျက်လက်ပျက် ဖြစ်နေမိတော့သည်။ သူမ ပြောဆိုသမျှသည် အဘယ်ကြောင့် သေမျိုးပုံပြင်များကအတိုင်း ဖြစ်မလာခဲ့သည်နည်း။
ထိုစကားလုံးများကို ပြောပြီးနောက်၊ ဤခွေးကောင်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားသင့်ပြီး၊ သူ၏ ချစ်ခြင်းမေတ္တာကို ရှိုက်ကြီးတငင် ထုတ်ဖော်ကာ၊ သူမကို ပွေ့ဖက်ပြီး ထွက်မသွားဖို့ရာ တောင်းပန်သင့်သည် မဟုတ်လော။
ထိုအစား၊ သူမကိုပင် ပုံကြီးချဲ့လွန်းနေသည်ဟုပင် စွပ်စွဲလိုက်သေးသည်။
"မင်းက ဘယ်တုန်းကမှ ဒီလိုမိန်းမမျိုး မဟုတ်ခဲ့ဘူးလေ…"
"ဒါကို အတင်းအကျပ် လုပ်တာက ပုံစံမကျတဲ့အရာတွေကို မသိမသာ ဖြစ်ပေါ်စေတယ်…”
ကျိုးစွေ့သည် ချူတျဲယီကို မထီမဲ့မြင် ကြည့်လိုက်သည်။ ဤအမျိုးသမီး၏ ရည်ရွယ်ချက်များကို သူ အလွယ်တကူ မြင်နိုင်ပေသည်။
ဤအမျိုးသမီးက သူ့အား စိတ်လှုပ်ရှားစေဖို့ရန်မူ ရစုနှစ်ခန့် ကြိုးစားဖို့ လိုသေးသည်။
"ကျွတ်... ကျွန်မ တကယ်ပဲ ဒီလို အီစီကလီ… အမူပိုပိုတွေ မလုပ်တတ်ဘူး…"
"ကျွန်မက ရိုးသားပြီး ပွင့်လင်းတဲ့ပုံစံကိုပဲ ပိုကြိုက်တာ…"
"ယောက်ျားတစ်ယောက်ကို ရဖို့… တိုက်ရိုက် အင်အားသုံးတာပဲ ကောင်းတယ်… ဟမ့်…"
ထိုစကားနှင့်အတူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ချူတျဲယီသည် သူမ၏ ကိုယ်ပေါ်မှ ဆေးပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။
ခလွမ်းဟူသော အသံနှင့်အတူ၊ ဆေးပုလင်း ကွဲထွက်သွားကာ ထူထဲသော အနီရောင်မြူခိုးများကို ထွက်ပေါ်လာစေပြီး အခန်းကို ပြည့်နှက်သွားစေသည်။
"ဒါ ဘာကြီးလဲ…"
ကျိုးစွေ့ မျက်တောင်ခတ်လိုက်မိသည်။ အနီရောင်မြူခိုးများကို ရှူရှိုက်မိလိုက်သောအခါ၊ သူ၏ သွေးများ မီးလောင်နေသကဲ့သို့၊ သူ၏ အတွင်းစိတ်များ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။
"ဒါက ကျွန်မတို့ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ နာမည်ကျော် မန်ဒရင်ဘဲဆေးမှုန့်ပဲ…"
"မန်ဒရင်ဘဲဆေးမှုန့် အဆိပ်သင့်သွားတာနဲ့… အာနိသင် မကုန်မချင်း.. ကုသစရာ နည်းလမ်း မရှိဘူး…"
"ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေတောင်မှ သူ့ရဲ့ ထိန်းချုပ်မှုကို မချိုးဖျက်နိုင်ဘူး…"
"ကျိုး... ရှင် နာခံမှုရှိရှိ လက်နက်ချသင့်တယ်… ဒီညကစပြီး.. ရှင်က ကျွန်မရဲ့လူပဲ… ခစ်ခစ်…"
ချူတျဲယီက ဂုဏ်ယူစွာ ကြေညာလိုက်သည်။
"ဘာ…”
သူမ၏ စကားများကို ကြားလိုက်ရသောအခါ ကျိုးစွေ့ မှင်တက်သွားသည်။
သူ့တွင် ‘ရွှေအလင်းတစ်ထောင်ကူ’ ရှိသဖြင့်၊ သူသည် အဆိပ်အားလုံးကို ခုခံနိုင်စွမ်း ရှိသည်။ သာမန် မန်ဒရင်ဘဲဆေးမှုန့်လောက်က သူ့ကို မည်သို့မျှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။
မူလက သူမကို လှောင်ပြောင်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ထိုအခိုက်အတန့်တွင် ‘ချစ်ခြင်းမေတ္တာကူ’ထံမှ သတင်းစကားတစ်ခု ရောက်ရှိလာသည်။
ယင်းက သူ့အား ပြုံးမိစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်၊ အသီးသည် ရင့်မှည့်နေပြီ ဖြစ်ပြီး၊ ရိတ်သိမ်းရန် အဆင်သင့် ဖြစ်နေပြီဟု ဆိုခြင်းကြောင့်ပင်။
ဤနေရာတွင် မည်သူက မုဆိုးဖြစ်ပြီး၊ မည်သူက သားကောင်ဖြစ်သည်အား စောင့်ကြည့်ရပေတော့မည်။
"မင်း…မင်း… အရှက်မရှိတဲ့ မိန်းမ... ငါ့ကို ရဖို့အတွက်.. မင်း တကယ်ပဲ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးခဲ့တာလား…"
"မင်းပြောတဲ့ တိုက်ရိုက်နည်းဆိုတာ ဒါလား…"
"မင်းက သေမျိုးကမ္ဘာက အသဲစားမိန်းမတွေနဲ့ မထူးဘူး…"
"မင်းရဲ့ အကြည့်တွေမှာ တစ်ခုခုမှားနေတယ်လို့ ငါ အမြဲခံစားခဲ့ရတယ်.. မင်းက ငါ့ကို ဒီလောက်တောင် တပ်မက်နေခဲ့တာကိုး…"
ကျိုးစွေ့သည် နစ်နာသူတစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်ပြီး၊ အဆိပ်ပြင်သင့်နေမှုကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ ပြုမူလိုက်သည်။
"ဟားဟား... ချီးကျူးတဲ့အတွက် ကျေးဇူး…"
"ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်အမျိုးသမီးအနေနဲ့… အရှက်မရှိတာကိုက ကျွန်မရဲ့ ဆောင်ပုဒ်ပဲ… ခစ်ခစ်.."
"ဒါ့အပြင်… ရှင့်မှာ အတွေ့အကြုံတွေ ရှိပြီးသားဟာ.. ဘာမှမသိတဲ့ လူပျိုလေးလိုလို ဘာလိုလို လုပ်နေတာ တော်လိုက်တော့…"
ချူတျဲယီက ကျိုးစွေ့ကို လှောင်ပြောင်လိုက်သည်။
မကြာမီတွင်၊ ကျင့်ကြံရာ အခန်းတံခါး ပြန်လည်ပိတ်သွားပြီး၊ အချစ်နတ်ဘုရား ကျိုးကုန်း၏ မြင့်မြတ်သော ဓလေ့ထုံးတမ်းများ ဆောင်ရွက်မည့် နှစ်ဦးတည်းကမ္ဘာ ဖြစ်လာခဲ့တော့သည်။