ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာ(၁)။
Vol. 27 Ch. 313
တစ်ညတာ ကုန်ဆုံးသွားချေသည်။
[သင်သည် ယမန်နေ့ညက သင်၏ တာအိုလက်တွဲဖော်နှင့် ခုနစ်ကြိမ်တိုင်တိုင် တူနှစ်ကိုယ်ကျင့်ကြံခဲ့ပြီး၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ခင်မြတ်နိုးမှုကို နက်ရှိုင်းစေခဲ့ကာ၊ ကျင့်ကြံမှု အတွေ့အကြုံအချို့ကို ရရှိခဲ့သည်။]
[သင်၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသည် သိသိသာသာ တိုးတက်လာခဲ့သည်။]
[သင်သည် သင့်လက်တွဲဖော်၏ ယင်အနှစ်သာရစွမ်းအားကို ရယူခဲ့ပြီး၊ သင်၏ကျင့်ကြံမှုကို ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ တက်လှမ်းစေခဲ့သည်။]
ဤအခိုက်အတန့်တွင်၊ အသံစီးကြောင်းတစ်ခုက ကျိုးစွေ့၏ သိစိတ်ပင်လယ်နက်ရှိုင်းရာ၌ ပဲ့တင်ထပ်သွားသည်။
ဝှမ်…။
ကျိုးစွေ့ မျက်လုံးများ ဖွင့်လိုက်သည်။ အစွမ်းထက်သော မှော်စွမ်းအား လှိုင်းဂယက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။
ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင်များသည် ပုံပျက်သွားသကဲ့သို့ ဖြစ်နေပြီး၊ ကြောက်မက်ဖွယ် ဖိနှိပ်မှုအင်အားဖြင့် ပျံ့နှံ့နေသော နဂါးဆင်ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှေအမြုတေနယ်ပယ် အလယ်အလတ်အဆင့်…။
တစ်ညတာ ကျင့်ကြံပြီးနောက်၊ သူသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီး ချူတျဲယီထံမှ အလွန် သန့်စင်သော ယင်အနှစ်သာရစွမ်းအားကို စုပ်ယူခဲ့ပြီး၊ ဤအရာက သူ၏ ကျင့်ကြံခြင်းတိုးတက်မှုကို ချောမွေ့စေခဲ့သည်။
ပင်လယ်ထဲသို့ စီးဝင်သော မြစ်တစ်စင်းကဲ့သို့ပင်၊ သူ၏ကျင့်ကြံမှုသည် ရွှေအမြုတေနယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ချောမွေ့စွာ ကူးပြောင်းသွားခဲ့သည်။
ဒန်တျန်ချီပင်လယ် နက်ရှိုင်းရာရှိ သူ၏ ရွှေအမြုတေသည် ယခင်အရွယ်အစားထက် နှစ်ဆအထိ ကျယ်ပြန့်သွားသည်ကို သူ အာရုံခံလိုက်မိသည်။
အခြေခံအားဖြင့်၊ ရွှေအမြုတေနယ်ပယ်တွင် ကျင့်ကြံခြင်းဆိုသည်မှာ၊ ရွှေအမြုတေကို အားဖြည့်ရန် သဘာဝဝိညာဉ်စွမ်းအင်ကို စဉ်ဆက်မပြတ် စုပ်ယူခြင်းပင် ဖြစ်သည်။
အစောပိုင်းအဆင့်တွင် ပိတ်မိနေသော ရွှေအမြုတေကျင့်ကြံသူ အများအပြားသည် အလယ်အလတ်အဆင့်သို့ ဖောက်ထွက်ခြင်းသည် အဘယ်ကြောင့်၊ ဤမျှ ရိုးရှင်းပုံ ပေါက်နေသည်ကို နားမလည်ကြပေ။
အကြောင်းမှာ၊ ရွှေအမြုတေနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်၊ မှော်စွမ်းအားများ ပိုမို ထိန်းသိမ်းနိုင်စေရန်အတွက်၊ ရွှေအမြုတေအတွင်းရှိ ထုထည်ပမာဏကို ချဲ့ထွင်ရန် မိမိ၏ အတွင်း မှော်စွမ်းအားကို အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်သည်။
ရွှေအမြုတေအတွင်းရှိ ထုထည်ပမာဏကို မချဲ့ထွင်ပါက၊ ရွှေအမြုတေ၏ စွမ်းအားသည် အားကောင်းလာမည် မဟုတ်ပေ။
ထို့အပြင်၊ အစောပိုင်းအဆင့် ရွှေအမြုတေကျင့်ကြံသူ အများစုသည် မလုံလောက်သော ကျင့်ကြံခြင်း နည်းစနစ်များကြောင့် ဖြစ်ပေါ်လာသည့် ချို့ယွင်းချက်များကြောင့် သူတို့၏ ရွှေအမြုတေကို ထပ်မံ မချဲ့ထွင်နိုင်ကြပေ။
အတင်းအကျပ် ချဲ့ထွင်ရန် ကြိုးစားခြင်းသည် ရွှေအမြုတေပြိုကွဲခြင်းကို ဦးတည်စေနိုင်ပြီး၊ သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့်၊ သူတို့ မည်မျှကြာရှည် ကျင့်ကြံသည်ဖြစ်စေ၊ သူတို့၏ နယ်ပယ်သည် ရွှေအမြုတေ အစောပိုင်းအဆင့်တွင်သာ ရှိနေမည် ဖြစ်ပြီး၊ အလယ်အလတ်အဆင့်သို့ မည်သည့်အခါမျှ ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
သို့သော် ကျိုးစွေ့တွင် ထိုကဲ့သို့သော ချို့ယွင်းချက်မျိုး မရှိပေ။
သူ၏ ကိုယ်တိုင်အမှီအခိုကင်း ဖွဲ့စည်းထားသော ရွှေအမြုတေသည် အလွန်တရာ သန့်စင်သောအဆင့်သို့ ရောက်ရှိနေပြီး၊ အညစ်အကြေးများ ကင်းစင်သဖြင့်၊ ဖောက်ထွက်ရာတွင် ပြဿနာမရှိပေ။
လုံလောက်အောင် စုဆောင်းမိသရွေ့၊ သူ သဘာဝကျကျ ဖောက်ထွက်နိုင်သည်။
မှန်ပေသည်၊ သာမန် အခြေအနေများအောက်တွင်၊ ရွှေအမြုတေ အစောပိုင်းအဆင့်၏ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် လုံလောက်သော မှော်စွမ်းအား မစုဆောင်းမိမီ၊ သူသည် ဆယ်စုနှစ်များစွာ စွမ်းအင်စုဆောင်းရန် လိုအပ်ပေလိမ့်မည်။
သို့သော် ယခု၊ သူသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီးထံမှ ကြီးမားသော ယင်အနှစ်သာရ စွမ်းအားပမာဏကို ရရှိထားပြီး၊ ၎င်းသည် ဤ ပိတ်ဆို့မှုကို ဖောက်ထွက်ရန် ချက်ချင်း ကူညီပေးခဲ့ကာ၊ သူ၏ကျင့်ကြံမှုသည် ရွှေအမြုတေနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤ တူနှစ်ကိုယ်ကျင့်ကြံခြင်းသည် သူ့အား ဆယ်စုနှစ်များစွာ အပြင်းအထန်ကျင့်ကြံမှုမှ သက်သာစေခဲ့ပြီး၊ အကျိုးကျေးဇူးများစွာ ယူဆောင်လာပေးခဲ့သည်ဟု ဆိုနိုင်သည်။
ယခုမှစ၍၊ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စဉ်ဆက်မပြတ် ရှူရှိုက်ပြီး ကြီးမားသော ရွှေအမြုတေ ကျင့်ကြံမှုစွမ်းအားအဖြစ်သို့ ပြောင်းလဲရန်သာ ဖြစ်သည်။
ဤနည်းဖြင့်၊ သူသည် သူ၏ ရွှေအမြုတေအတွင်းရှိ နေရာလွတ်ကို ဖြည့်စွမ်းနိုင်သည်။
ရွှေအမြုတေအတွင်းရှိ မှော်စွမ်းအား နောက်တစ်ကြိမ် ပြည့်စုံသွားသောအခါ၊ သူ နောက်ထပ် ဖောက်ထွက်မှုတစ်ခု ပြုလုပ်နိုင်ပြီး၊ ရွှေအမြုတေ၏ အတွင်းပိုင်း ထုထည်ပမာဏကို ချဲ့ထွင်ကာ၊ ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်ပေမည်။
"ဟုတ်ပြီ… ငါ အချက်အလက်ပြမျက်နှာပြင်ကို စစ်ဆေးသင့်တယ်.."
ဤအတွေးဖြင့်၊ ကျိုးစွေ့သည် သူ၏ အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်တော့သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု အဆင့် - ရွှေအမြုတေနယ်ပယ် အလယ်အလတ်အဆင့် (တိုးတက်မှု ၁%)၊ သက်တမ်း - ၇၀ (၇၀၀၀နှစ်) ]
[ ပင်ကိုပါရမီ - ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် (၉၉%) ]
[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၄၀%) ]
[ အဆောင်ပညာ - တတိယအဆင့် အောက်ခြေအဆင့် (၃၀%) ]
[ အစီအရင်ပညာ - စတုတ္ထအဆင့် အလယ်အလတ်အဆင့် (၅၀%) ]
[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၉၀%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၉၀%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၆၀%) ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ ထိုးထွင်းသိမြင်သော နှလုံးသားမျက်လုံး၊ နှလုံးသားမျက်လုံး ဘာသာစကား ]
[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်… ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အလယ်အလတ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'မိုးကြိုးကပ်ဘေးကူ' ]
(စကားချပ် - ‘မိုးကြိုးကပ်ဘေးကူ’ရဲ့အဆင့်ကို မူရင်းရော၊ Etran မှာပါ ဖော်ပြမထားပါ။ ခန့်မှန်းအရ အဆင့်တစ်မှာပဲ ရှိမယ်ထင်ပါတယ်။)
ထင်ရှားသည်မှာ၊ ရွှေအမြုတေနယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက်၊ သူ၏ သက်တမ်းသည် နှစ်ပေါင်း (၇၀၀၀)အထိ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ ၎င်းသည် အတော်လေး ထူးခြားသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။
သို့သော် ကျိုးစွေ့အတွက်မူ၊ ကွာခြားမှုများစွာ မခံစားရပေ။
သူ၏သက်တမ်း ကုန်ဆုံးရန် မည်မျှ ဝေးကွာနေသေးသည်ကို ထည့်သွင်းစဉ်းစားလျှင်…။
သူ၏ ရှည်လျားသောသက်တမ်းနှင့် နှိုင်းယှဉ်ပါက၊ ယခုအခြေအနေသည် သေးငယ်သော အစက်အပြောက်လေးတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့်၊ သူ၏ အသက်စွမ်းအားသည် ရိုးရှင်းစွာ လှိုင်းထနေပြီး၊ ခန္ဓာကိုယ်သည် ကြီးမားသော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
"ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီက ချိုးဖြတ်ခါနီးနေပြီ.."
အထက်ပါ အချက်အလက်များကို မြင်လိုက်ရသောအခါ၊ ကျိုးစွေ့တစ်ယောက် ချက်ချင်းဆိုသလို မျက်လုံးပြူးသွားပြီး၊ အလွန်အမင်း စိတ်လှုပ်ရှားသွားမိသည်။
အဘယ်ကြောင့်ဆိုသော်၊ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီသည် မြှင့်တင်ရန် ခက်ခဲခဲ့သည်၊ သို့မဟုတ် တိုးတက်မှုနှုန်းသည် အမှန်တကယ် နှေးကွေးခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခု၊ ၎င်းသည် ၉၉%သို့ ရုတ်တရက် တိုးတက်လာခဲ့ချေသည်။
ခြေတစ်လှမ်းတည်းဖြင့်၊ သူသည် စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်နယ်ပယ်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
တိုးတက်မှု အရှိန်အဟုန်သည် အလွန် လျင်မြန်လှသည်။ ယခင်က သူ စိတ်ကူးမယဉ်နိုင်ခဲ့သော အရာပင် ဖြစ်ချေသည်။
"ဟုတ်သား… ချူတျဲယီက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ယောက်ပဲ…"
ကျိုးစွေ့တစ်ယောက် ဤ ဖြစ်နိုင်ခြေကို ချက်ချင်း တွေးမိလိုက်သည်။
ယခင်က သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီကို မြှင့်တင်ရန် ခက်ခဲရသည့် အကြောင်းရင်းမှာ၊ သူ၏ တာအိုလက်တွဲဖော်များထံမှ အကူအညီနည်းပါးခြင်းနှင့် သူတို့ကြားရှိ ပါရမီကွာခြားချက် နည်းပါးခြင်းကြောင့် ဖြစ်သည်။
ဤအချက်က ပါရမီမြှင့်တင်မှု အရှိန်အဟုန်ကို သဘာဝကျကျ အလွန် နှေးကွေးစေခဲ့သည်။
သို့သော် ယခု၊ ချူတျဲယီသည် သူ၏ ပထမဦးဆုံး ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် တာအိုလက်တွဲဖော် ဖြစ်၏။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီနှင့် ပထမအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီကြား ကွာခြားချက်သည် အဆင့်တူ မဟုတ်ပေ။
နှစ်ခုကြား ကွာခြားချက်သည် သာမန် ရပ်ရွာကောလိပ်တစ်ခုနှင့် ချင်းဟွာနှင့် ပီကင်းတက္ကသိုလ် ကဲ့သို့သော ဂုဏ်သရေရှိတက္ကသိုလ်များကြား ကွာခြားချက်ကဲ့သို့ပင် ဖြစ်သည်။
အပေါ်ယံတွင်၊ ၎င်းတို့ အားလုံးသည် တက္ကသိုလ်များ ဖြစ်ကြသော်လည်း၊ လက်တွေ့တွင် နေ့နှင့်ညကဲ့သို့ ကွာခြားသည်။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူတိုင်းသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသူများ ဖြစ်သည်။
သူတို့ မသေဆုံးသရွေ့၊ သူတို့သည် ရွှေအမြုတေကျင့်ကြံသူများ ဖြစ်လာရန် သေချာပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများအဖြစ်သို့ပင် တက်လှမ်းနိုင်သည်။
လက်တွေ့အားဖြင့်၊ အရှင်လတ်လတ်ရှိသော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး ၉၀ရာခိုင်နှုန်းကျော်တွင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်များ ရှိကြသည်။
လူနည်းစုမှာ အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိသူများ ဖြစ်ကြသည်။
အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ရှိသော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများအတွက်မူ၊ လုံးဝ မရှိသလောက်ပင်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ပကတိအမှန်တရားပင် ဖြစ်သည်။
ပါရမီသည် အရာအားလုံးကို မဆုံးဖြတ်နိုင်ဟု လူအများက ဆိုကြသော်လည်း၊ ရလဒ်များကို ကြည့်လိုက်သောအခါ၊ အဆင့်မြင့်ကျင့်ကြံသူအားလုံးသည် တစ်ဦးချင်းစီတိုင်း ပါရမီရှင်များ ဖြစ်ကြသည်။
မည်သူမျှ ဉာဏ်ရည်နိမ့်သူများ မဟုတ်ကြပေ။
ထူးခြားသော အခွင့်အလမ်းများသာမရှိလျှင်၊ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် အိပ်မက်မက်ခြင်းသည် ရူးသွပ်မှုသက်သက်သာ ဖြစ်သည်။
"ငါ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ လက်တွဲဖော်တစ်ယောက်ကို တကယ် ရှာဖို့ လိုတာပဲ…"
"ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ လက်တွဲဖော်တစ်ယောက်ရဲ့ အကူအညီနဲ့.. ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီတိုးတက်မှုနှုန်းက မယုံနိုင်လောက်အောင် မြန်ဆန်လိမ့်မယ်…”
"အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့နောက်.. ငါ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီကို ပိုင်ဆိုင်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်… ဒါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ပါရမီရှင်တွေအတွက်ဆို ထိပ်တန်းပါရမီ ဖြစ်နေပြီ…"
ကျိုးစွေ့ လက်သီးကိုဆုပ်လိုက်ပြီး၊ အလွန် စိတ်လှုပ်ရှားနေသည်။
အမှန်အတိုင်းဆိုရလျှင်၊ ရွှေအမြုတေနယ်ပယ်သို့ ကျင့်ကြံရောက်ရှိပြီးနောက်၊ သူ၏ စိတ်ဝိညာဉ်အမြစ်ပါရမီကြောင့် နှောင့်နှေးမှုကို သူ ပိုမို ခံစားလာရသည်။
ပြိုင်ကားတစ်စီးကို ထွန်စက်အင်ဂျင် တပ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
သူ၏ စိတ်ဝိညာဉ်အမြစ် ပါရမီကို မြန်မြန်ဆန်ဆန် မမြှင့်တင်ပါက၊ ၎င်းသည် သူ၏ ကျင့်ကြံမှုအရှိန်အဟုန်ကိုလည်း နှေးကွေးစေဖွယ် ရှိသည်။
မှန်ပေသည်၊ သူသည် ထိုအတွက် တမင်သီးသန့် လုပ်ဆောင်နေမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူ၏ သက်တမ်းသည် အလွန်ပင် ရှည်လျား၏။ ကျင့်ကြံခြင်းတိုးတက်မှု အနည်းငယ် နှေးကွေးနေလျှင်ပင် အထူးတလည် ကိစ္စမရှိပေ။
ရေစီးကြောင်းအတိုင်း လိုက်ပါခြင်းသည် ကျင့်ကြံခြင်း၏နည်းလမ်းပင် ဖြစ်၏။
ရေလာသည့်အခါ မြောင်းပေးလိုက်ရုံ နည်းလမ်းဖြင့်သာ ကျင့်ကြံရန် သူ ပိုနှစ်သက်သည်။
အတင်းအကျပ်လုပ်နေမည် မဟုတ်ချေ။