← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၃

မူရင်းစာရေးဆရာ။ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

နောက်တစ်ဆင့်အနေဖြင့် ဝတ်ရုံဖြူဝတ် အဘိုးအိုသည် ပထမဆုံးပြိုင်ဘက်နှင့် စတင်ယှဉ်ပြိုင်လေသည်။

ဘေးမှ လေ့လာကြည့်ရှုနေသော တုပိုင်သည် နောက်တစ်နေ့တွင် သူရင်ဆိုင်ရမည့် ပထမဆုံးပြိုင်ဘက်မှာ ယောက်ျားလေးလို ဝတ်ဆင်ထားသော အမျိုးသမီးဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် ထိုအမျိုးသမီးသည် ဆွတ်ဆွတ်ဖြူသော အသားအရေ၊ ထူထဲသော မျက်ခုံးများနှင့် ကြီးမားသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး သူရဲကောင်းဆန်ကာ တက်ကြွသော အသွင်အပြင်ရှိသည့်အပြင် အလွန်လည်း လှပချောမောလေသည်။

ခေတ်သစ်ကမ္ဘာတွင် နေထိုင်စဉ်က တုပိုင်သည် ဤကဲ့သို့သော အမျိုးသမီးနှစ်ဦးနှင့် အိပ်စက်ဖူးလေသည်။ သူမတို့၏ အားသာချက်မှာ အချစ်လွယ်ပြီး ပြင်းပြသော စိတ်ဆန္ဒရှိခြင်းဖြစ်ကာ အားနည်းချက်မှာ ခေါင်းမာပြီး လိုက်လျောညီထွေ မနေတတ်သော စရိုက်ရှိခြင်းနှင့် တစ်ကြိမ်တစ်ခါ အိပ်စက်ပြီးပါက ဘယ်တော့မှ ခါချ၍မရတော့ခြင်း ဖြစ်သည်။

သူမတို့သည် အချစ်ရေးနှင့် လောကကြီးအပေါ် အလွန်နုံအသော အမြင်ရှိကြပြီး အသက် ၂၀ ကျော်အရွယ်ရောက်၍ ဆွဲဆောင်မှုရှိအောင် ဝတ်စားထားသော်လည်း အိပ်စက်ပြီးမှ အပျိုစစ်စစ်ဖြစ်နေကြောင်း တွေ့ရှိရတတ်သည်။ တုပိုင်ကဲ့သို့ စားဘဲကြီးပင် သူမတို့နှင့် သွားပြီး မရှုပ်ချင်ပေ။

‘ဒီကောင်မလေးက ဘယ်သူပါလိမ့်။’

တုပိုင်၏ စိတ်ထဲတွင် ထိုအတွေးများက ခဏတာသာ ဖြတ်သန်းသွားခြင်းဖြစ်သည်။ သူသည် ပြိုင်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်ထားရမည်ဖြစ်ပြီး နှစ်ဖက်စလုံး၏ ရွှေ့ကွက်တိုင်းကို မှတ်သားထားရမည်ဖြစ်သည်။

ယောက်ျားလေးလို ဝတ်ဆင်ထားသော ဤမိန်းကလေးသည် တုပိုင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သော်လည်း ဝတ်ရုံဖြူဝတ် အဘိုးအိုနှင့် တွေ့သောအခါတွင်မူ စစ်တုရင်ဘုရင်ကြီးနှင့် အသက် သုံးနှစ်ကလေးတို့ ကစားသကဲ့သို့ ဖြစ်သွားလေသည်။ သူတို့နှစ်ဦး၏ စွမ်းရည် ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။

နာရီဝက်ကျော် ကြာသောအခါ ဝတ်ရုံဖြူဝတ် အဘိုးအိုက အပြတ်အသတ် အောင်ပွဲကို ရရှိသွားလေသည်။

အဘိုးအိုက ပြောလိုက်သည်။

“မှတ်ထား။ မနက်ဖြန်ကျရင် ဒီအတိုင်းကစား။ အမှားမခံနဲ့။ ဒါဆို မင်းသေချာပေါက် နိုင်လိမ့်မယ်။”

“ဟုတ်ကဲ့။”

တုပိုင်က ပြန်ဖြေလိုက်သည်။

နောက်ထပ် ယှဉ်ပြိုင်ရမည့် ဒုတိယပြိုင်ဘက်မှာ လီကျန်းအကယ်ဒမီမှ နင်ယွီ ဖြစ်သည်။ သူ၏ စစ်တုရင်စွမ်းရည်မှာ ကူချင်တီးခတ်ခြင်းလောက် မမြင့်မားသော်လည်း အလွန်ထူးခြားကောင်းမွန်နေဆဲဖြစ်သည်။

တုပိုင်ကဲ့သို့ ပြိုင်ဘက် ၁၀ ယောက်လောက်ကို နင်ယွီပ တစ်ယောက်တည်းဖြင့် အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

သို့သော် အိပ်မက်ထဲမှ ဝတ်ရုံဖြူဝတ် အဘိုးအိုမှာ စစ်တုရင်ကစားရာတွင် အလွန်ကျွမ်းကျင်လွန်းလှသဖြင့် နင်ယွီကို အပြတ်အသတ် ဖိနှိပ်ထားကာ မျက်နှာဖြူဖျော့သွားအောင် ကစားပြလိုက်သည်။

၄၅ မိနစ်အတွင်းမှာပင် အဘိုးအိုက ပြတ်ပြတ်သားသား အနိုင်ရရှိသွားပြီး နင်ယွီတစ်ယောက် အရှုံးပေးလိုက်ရလေသည်။

နောက်ဆုံးတွေ့ဆုံရသည့် ပြိုင်ဘက်မှာ တက္ကသိုလ်သုံးခုလုံးတွင် စစ်တုရင်အကျွမ်းကျင်ဆုံးဖြစ်သော ကျန်းယီကျီ ဖြစ်သည်။ သူသည် အသက် ၁၇ နှစ်သား အရွယ်ကတည်းက တစ်ခါမျှ မရှုံးနိမ့်ဖူးဘဲ စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူနှင့် ဝတ်ရုံဖြူဝတ် အဘိုးအိုတို့၏ တိုက်ပွဲမှာ တကယ့်ကို ထိပ်တန်းအဆင့် ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပြီး နှစ်ဦးစလုံးသည် စစ်တုရင်ခုံပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရာ အခြေအနေမှာ အလွန်အန္တရာယ်များလှသည်။

နောက်ဆုံးတွင် ဝတ်ရုံဖြူဝတ် အဘိုးအိုက အဆင့်တစ်ဆင့် ပိုမြင့်နေခဲ့ပြီး ၃ နာရီကြာ တိုက်ခိုက်ပြီးနောက် ကျန်းယီကျီသည် ကျားကွက်အချို့ကို စွန့်လွှတ်ကာ အရှုံးပေးလိုက်ရလေသည်။

အဘိုးအိုက ပြောလိုက်သည်။

“ကဲ... ဒါက မနက်ဖြန်အတွက် မင်းရဲ့ ပွဲစဉ်ပဲ။ အကုန်လုံးကို အလွတ်မှတ်ထားပါ။ နောက်တစ်ဆင့်အနေနဲ့ ငါက မနက်ဖြန် မင်းတွေ့ရမဲ့ ပြိုင်ဘက်နေရာကနေ ဝင်ကစားပေးမယ်။ အဆင့်တွေအကုန်လုံးက အရင်အတိုင်း ထပ်တူညီနေလိမ့်မယ်။ ငါတို့ သရုပ်ပြ လေ့ကျင့်ကြတာပေါ့။”

“ဟုတ်ကဲ့။”

တုပိုင် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် တုပိုင်သည် သူ့ကိုယ်သူအဖြစ် ကစားပြီး ဝတ်ရုံဖြူဝတ် အဘိုးအိုက မနက်ဖြန် တွေ့ရမည့် ပြိုင်ဘက်နေရာမှ ဝင်ကစားကာ မနက်ဖြန်ကျင်းပမည့် စစ်တုရင်ပွဲစဉ်ကို စတင်လေ့ကျင့်ကြလေသည်။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။ ဆယ်ကြိမ်ကျော် ထပ်ခါတလဲလဲ လေ့ကျင့်ပြီးနောက် တုပိုင်သည် အမှားအယွင်းတစ်စုံတစ်ရာ မရှိစေဘဲ အဆင့်တိုင်းကို ရှင်းလင်းစွာ မှတ်မိသွားလေတော့သည်။

“ဆရာ... တကယ်လို့ မနက်ဖြန်ကျရင် ပြိုင်ဘက်တွေက ဒီလိုမကစားဘဲ တခြားပုံစံနဲ့ ကစားလာရင် ဘယ်လိုလုပ်မလဲ။ တစ်ခုခု လွဲချော်သွားရင်ရော။”

တုပိုင်က မေးလိုက်သည်။

ဝတ်ရုံဖြူဝတ် အဘိုးအိုက ပြောလိုက်၏။

“အမှားအယွင်း ဆိုတာ ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက စစ်တုရင်ကစားပွဲ ဖြစ်နေလို့ပဲ။ လူတစ်ယောက် ရွှေ့လိုက်တဲ့ အကွက်တိုင်းက သေချာ စဉ်းစားတွေးခေါ်မှုရဲ့ ရလဒ်တွေပဲ။ တိုက်ဆိုင်မှုဆိုတာ မရှိဘူး။”

“ဟုတ်ကဲ့။”

တုပိုင် ပြန်ဖြေလိုက်သည်။

**--**--**--**--**--**--**--**

နောက်တစ်နေ့တွင် တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ၏ ဒုတိယအချီ စတင်လေ၏။

စစ်တုရင်ပြိုင်ပွဲတွင် စုစုပေါင်း လူ ၇ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ပထမဦးစွာ မဲနှိုက်ကြပြီး တစ်ဦးမှာ ကံထူးကာ အလိုအလျောက် နောက်တစ်ဆင့် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ကံထူးသူသည် ကစားစရာမလိုဘဲ ဒုတိယအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် တုပိုင်မှာ ကံမကောင်းခဲ့ပေ။ ကျန်းယီကျီကသာ ကံထူးသွားခြင်း ဖြစ်သည်။ ထို့ပြင် တုပိုင်၏ ပြိုင်ဘက်မှာ မနေ့ညက အိပ်မက်ထဲတွင် တွေ့ခဲ့ရသူနှင့် ထပ်တူညီနေပြီး ယနေ့ လက်တွေ့တွင် မြင်တွေ့ရသည်က ပို၍ပင် သက်ရှိဆန်နေလေသည်။

တုပိုင်သည် သူ၏ ပထမဆုံးပြိုင်ဘက်ကို ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်းပင် ယောက်ျားလေးလို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ဖြစ်နေသည်။

သူမ၏ ရင်ဘတ်ကို တင်းကျပ်စွာ စည်းနှောင်ထားသော်လည်း မို့မောက်နေဆဲဖြစ်ပြီး အရပ်အမောင်းမှာ တုပိုင်နှင့် မတိမ်းမယိမ်းပင် ရှိသည်။

ဤမိန်းကလေးသည် မျက်လုံးဝိုင်းကြီးများ၊ နှာတံမြင့်မြင့်၊ ထူထဲသော မျက်ခုံးတန်းနှင့် လှပသော နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ တက်ကြွပြီး ဆွဲဆောင်မှုရှိသော ကျက်သရေရောင်ဝါကို ထုတ်လွှတ်နေလေ၏။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ယောက်ျားလေးလို ဝတ်ဆင်ထားသော ဤအမျိုးသမီးသည် တုပိုင်အပေါ် ထူးဆန်းသော ရန်ငြိုးမျိုး ထားရှိနေလေသည်။

သူမက ပြောလိုက်သည်။

“မင်း မနေ့က မတရားနည်းနဲ့ နိုင်ခဲ့တာက ကံကောင်းပြီး သီချင်းစာရွက်ကောင်းကောင်း တစ်ခုကို တွေ့ခဲ့လို့ပါ။”

“ဂီတစွမ်းရည်မှာ မင်းက နင်ယွီလောက် မကောင်းရုံတင်မကဘူး။ စီနီယာအစ်ကို ရှောင်ဘိုင်လီကိုလည်း မမှီပါဘူး။” ထို့နောက် သူမ၏ အကြည့်များမှာ အေးစက်သွားပြီး ပြောလိုက်၏။ “မင်းလို မိန်းမစိုး အောက်တန်းစားက အစ်မတော် ချွေ့ဖိန်ထင်ကိုတောင် စော်ကားရဲတယ်။ ငါတို့သာ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှာ မဟုတ်ရင် မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ။”

တုပိုင်က မေးလိုက်သည်။

“ချွေ့ဖူနဲ့ မင်းနဲ့က ဘာတော်တာလဲ။”

“အဲဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး။” အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။ “စစ်တုရင်မှာ ဖြတ်လမ်းနည်း မရှိဘူး။ ကံတရား မရှိဘူး။ အရည်အချင်းသက်သက်ကိုပဲ အားကိုးရတာ။ ငါ့အနေနဲ့ ချွေ့လန်ကို အားကိုးစရာမလိုဘူး။ စီနီယာအစ်ကို နင်ယွီကို မလိုသလို စီနီယာအစ်ကို ကျန်းယီကျီကိုလည်း သေချာပေါက် အားကိုးစရာ မလိုဘူး။ ဒီပွဲမှာ မင်းကို နာရီဝက်အတွင်း နိုင်အောင် မတိုက်နိုင်ရင် ငါက...။”

တုပိုင်က ဖြတ်ပြောလိုက်သည်။

“ငါက မင်းမျက်နှာပေါ်မှာ ရုပ်ဆိုးမ ဆိုတဲ့ စာလုံးကို ရေးမယ်။ ဘယ်လိုလဲ။ တကယ်လို့ ငါရှုံးရင်လည်း မင်းရဲ့ အစ်မတော် ချွေ့ဖိန်ထင်အတွက် လက်စားချေတဲ့အနေနဲ့ မင်းရဲ့ ချွေ့ဖူ ကျေနပ်အောင်လို့ ငါ့မျက်နှာပေါ်မှာ ရုပ်ဆိုးကောင်ဆိုတဲ့ စာလုံးအကြီးကြီး ရေးလိုက်လေ။”

ဤအမျိုးသမီးက မည်သူနည်းဆိုတာ တုပိုင် သိပြီးသားဖြစ်သည်။ သူမသည် နန်ဟိုင်သိုင်းသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ကျူးဝူယာ၏ သမီး ကျူးယွီရွှမ် ဖြစ်ပြီး သင်တန်းကျောင်း၏ အလှပဂေးအဖြစ် တင်စားခံထားရသူ ဖြစ်သည်။ သူမ ဤမျှ မောက်မာနေသည်မှာ အဆန်းမဟုတ်ပေ။

ထို့အပြင် သူမ၏ လေသံကို ကြည့်ခြင်းအားဖြင့် စာပေနှင့် စစ်ရေးဘက်တွင် နာမည်ကျော်ကြားသော ကျူးမိသားစုနှင့် ချွေ့မိသားစုတို့သည် လက်ထပ်ထိမ်းမြားရန် စီစဉ်ထားပုံ ရသည်။

ချွေ့ဖူသည် ကွမ်ရှီးစီရင်စု၏ အထူးချွန်ဆုံး ပညာရှင်တစ်ဦး ဖြစ်သောကြောင့် ကျူးယွီရွှမ်က တိတ်တခိုး ချစ်ခင်နေပြီး သူမချစ်သူ၏ ရန်သူများကို အထူးမုန်းတီး ရွံရှာနေခြင်း ဖြစ်သည်။

“ကောင်းပြီ၊ သဘောတူတယ်။” ကျူးယွီရွှမ်က လှောင်ပြောင်လိုက်သည်။ “ငါက ကမ္ဘာကျော် စစ်တုရင်ချန်ပီယံဆီမှာ ပညာသင်ခဲ့တာ ၁၀ နှစ်ကျော်ပြီ။ မင်းလိုကောင်ကို နာရီဝက်အတွင်း မနိုင်ဘူးဆိုရင် ငါနောက်ဘယ်တော့မှ စစ်တုရင် ကစားဖို့ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။”

ထို့နောက် နှစ်ဦးသား စစ်တုရင် စတင်ကစားကြလေသည်။

လီဝမ်ဟွေ့။ ထန်ယန်။ ကျူးဝူယာ။ အော်ယန်ထန်နှင့် ချွေ့ဖူ အပါအဝင် ပရိသတ်အများအပြား၏ မျက်လုံးများသည် တုပိုင်နှင့် ကျူးယွီရွှမ်တို့၏ စစ်တုရင်ပွဲအပေါ်တွင် ရောက်ရှိနေကြသည်။

သို့သော် မနေ့ညက ကျန်းရန်မင်နှင့် ကစားပြီးနောက်တွင် လီဝမ်ဟွေ့သည် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီဖြစ်သည်။ မနေ့က တုပိုင်၏ စစ်တုရင်စွမ်းရည်မှာ တကယ့်ကို ညံ့ဖျင်းလွန်းပြီး လုံးဝ အပျော်တမ်းအဆင့်သာ ရှိလေသည်။

ထိုအချိန်တွင် လူတစ်ဦးက ကျူးဝူယာ၏ ဘေးနားသို့ အမြန်ပြေးလာပြီး တီးတိုးပြောလိုက်သည်။

“တုပိုင်က မြို့တော်က တုမိသားစုရဲ့ နယ်ရုပ်တစ်ရုပ်ပါ။ သူက ငယ်ငယ်ကတည်းက ဂီတတူရိယာတွေ တီးခတ်တာ ဝါသနာပါတယ်။ အထူးသဖြင့် ကူချင်ပေါ့။ ပြီးတော့ တိရစ္ဆာန်လေးတွေကို ချစ်တတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ စစ်တုရင်စွမ်းရည်ကတော့ စုတ်ပြတ်သတ်နေတာပဲ။”

ကျူးဝူယာက ခေါင်းညိတ်လိုက်ပြီး အော်ယန်ထန်ကို ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။”

သို့သော် တုပိုင်နှင့် ကျူးယွီရွှမ်တို့ စစ်တုရင် စတင်ကစားသောအခါ ကျူးဝူယာနှင့် အော်ယန်ထန်တို့၏ မျက်နှာထားများ ပြောင်းလဲသွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် တုပိုင်သည် စဉ်းစားရန်ပင် မလိုသကဲ့သို့ အကွက်တိုင်းကို အလွန်လျင်မြန်စွာနှင့် ထိုးစစ်ဆင် ကစားနေပြီး ၁၅ မိနစ်အတွင်းမှာပင် အသာစီး ရယူသွားသောကြောင့် ဖြစ်သည်။

အစပိုင်းတွင် ကျူးယွီရွှမ်သည် အထက်စီးဆန်နေပြီး စစ်တုရင်ရွှေ့ပုံကအစ အလွန်မောက်မာနေခဲ့သည်။ သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာ ဖြူဖျော့လာပြီး တုန်လှုပ်ချောက်ချားသော အမူအရာ ဖြစ်လာလေသည်။

နာရီဝက်ကျော် ကြာသောအခါ ကျူးယွီရွှမ်သည် တောင့်ခံထားနိုင်ရန်ပင် မနည်းကြိုးစားနေရသည်။

တစ်နာရီခန့်အကြာတွင် ကျူးယွီရွှမ် လက်နက်ချလိုက်ရပြီး စုတ်ပြတ်သတ်အောင် ဆိုးဆိုးရွားရွကြီး ရှုံးနိမ့်သွားလေတော့သည်။

တုပိုင်က ရယ်မောပြီး ပြောလိုက်သည်။

“မိန်းကလေးကျူး။ ကျွန်တော်တို့ရဲ့ လောင်းကြေးက အတည်ပဲမလား။”

ကျူးယွီရွှမ်သည် တုပိုင်၏ မျက်နှာကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်ကာ တစ်မိနစ်မျှပင် ဆက်မနေတော့ဘဲ ထွက်ခွာသွားလေသည်။

သို့သော် မိနစ်အနည်းငယ် ကြာသောအခါ ကျူးယွီရွှမ် ပြန်ရောက်လာပြီး အေးစက်သော မျက်နှာထားဖြင့် တုပိုင်၏ ရှေ့တွင် လာရပ်လေသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် စုတ်တံဖြင့် ရုပ်ဆိုးမ ဟူသော စာလုံးအကြီးကြီးကို ရေးဆွဲထားလေသည်။ သူမကိုယ်တိုင် တကယ် ရေးဆွဲလာခဲ့ခြင်း ဖြစ်သည်။

“ငါက ရှုံးတာကို ဝန်ခံတယ်။ ဒါပေမဲ့ ငါ့မျက်နှာက နင်တို့လို မိန်းမစိုးဂိုဏ်းသားတွေ လာထိလို့ရတဲ့ အရာမဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် ကျူးယွီရွှမ်သည် မောက်မာစွာဖြင့် ထွက်ခွာသွားလေသည်။

အပိုင်း (၅၃) ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကျူးယွီရွှမ် ဘာလုပ်နေသနည်းဟု တွေးကာ ပရိသတ်တစ်အုပ်လုံး ကြောင်အမ်းသွားကြသည်။ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများသည် တုပိုင်ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

ဤအကောင်စုတ်က သူတို့ရဲ့ နတ်သမီးလေးကို အရှက်ခွဲရဲသည်လော။ ချက်ချင်းပင် သူတို့အားလုံးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တုပိုင်အား စိုက်ကြည့်လိုက်ကြသည်။

တုပိုင်လည်း ခေတ္တမျှ ကြောင်သွားလေသည်။

‘တကယ့်ကို စရိုက်ဆန်တဲ့ ကောင်မလေးပဲ။ ဒီလိုပုံစံမျိုး မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။’

ဤလို ကောင်မလေးမျိုးက သွားရှုပ်လို့မရသော အမျိုးအစားဖြစ်သည်။ သူမနှင့် တစ်ကြိမ် အိပ်စက်မိပါက ဘယ်တော့မှ ခါချ၍ရမည် မဟုတ်ပေ။ သို့သော် သူမနှင့် အိပ်စက်ပြီး ချွေ့ဖူကို ဦးထုပ်စိမ်း ဆောင်းပေးလိုက်ရလျှင်....။

သို့သော် တုပိုင်သည် ထိုအတွေးကို ချက်ချင်း စွန့်ပစ်လိုက်သည်။ ထိုကဲ့သို့ စရိုက်ဆန်သော ကောင်မလေးမျိုးကို အိပ်ပြီးမှ တာဝန်မယူလျှင် သူမက သေသည်အထိ လိုက်သတ်ပေလိမ့်မည်။

**--**--**--**--**--**--**--**

အော်ယန်ထန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ယွီရွှမ်ကို ကစားခိုင်းရတာလဲ။ သူ့ရဲ့ စစ်တုရင်စွမ်းရည်က သိသိသာသာကို သာမန်အဆင့်ပဲ ရှိတာလေ။”

ကျူးဝူယာ၏ မျက်နှာထားမှာ အလွန်တင်းမာနေသည်။ သူက ပြောလိုက်၏။

“ကျုပ် သူ့ကို အလိုလိုက်မိသွားတယ်။ သူက သူ့အမတော်အတွက် လက်စားချေချင်တယ်ဆိုပြီး ဇွတ်တောင်းဆိုနေတာ။ ပြီးတော့ သူ့စစ်တုရင်စွမ်းရည်အပေါ်မှာလည်း အရမ်း ယုံကြည်မှုလွန်ကဲနေတယ်။ ပုံမှန်ဆိုရင် လူတိုင်းက သူ့ကို အလျှော့ပေး ကစားကြတော့ သူက သူ့ကိုယ်သူ အရမ်းတော်နေပြီလို့ ထင်ပြီး ဝင်ပြိုင်ချင်နေတာလေ။”

ထို့နောက် ကျူးဝူယာက ဆက်ပြောသည်။

“နိုင်ငံတော်ရဲ့ကြယ်ပွင့် ကျန်းယီကျီ ရှိနေမှတော့ ယွီရွှမ် နိုင်တာ ရှုံးတာက အရေးမကြီးပါဘူး။”

အော်ယန်ထန် ခေါင်းညိတ်လိုက်သည်။ တုပိုင်က ကျူးယွီရွှမ်ကို အနိုင်ရသွားခြင်းမှာ ထိတ်လန့်စရာ အနည်းငယ် ဖြစ်သော်လည်း အခြေအနေတစ်ခုလုံးကို ထိခိုက်မှု မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျူးယွီရွှမ်၏ စစ်တုရင်စွမ်းရည်မှာ တကယ့်ကို ညံ့ဖျင်းလွန်းသောကြောင့် ဖြစ်သည်။

မကြာမီတွင် အခြားပွဲစဉ်နှစ်ခုလည်း ပြီးဆုံးသွားလေသည်။ နင်ယွီနှင့် အခြားတစ်ဦးတို့သည် သူတို့၏ ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူသွားကြသည်။

ဒုတိယအချီ မဲနှိုက်ခြင်း စတင်ခဲ့ပြီး တုပိုင်သည် တကယ်ပင် နင်ယွီနှင့် မဲကျသွားလေသည်။

“ပြီးပြီဟေ့။” လီကျန်းအကယ်ဒမီမှ ဒုတိယကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “တုပိုင်တော့ ကျန်းယီကျီနဲ့ ယှဉ်ပြိုင်ခွင့် မရှိတော့ဘူး။ သူက နင်ယွီရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး။”

ကျူးဝူယာနှင့် အော်ယန်ထန်တို့ နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။ နင်ယွီသည် ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ စစ်တုရင်စွမ်းရည်မှာ ကူချင်တီးခတ်ခြင်းလောက် မကောင်းသော်လည်း အလွန်မြင့်မားသော အဆင့်တွင် ရှိနေဆဲဖြစ်သည်။

အခုနက တုပိုင်နှင့် ကျူးယွီရွှမ်တို့ ကစားသွားသည်ကို ကြည့်ရသလောက် ပြတ်ပြတ်သားသား အနိုင်ရခဲ့သော်လည်း တုပိုင်က မဆင်မခြင် ကစားကြောင်း ထင်ရှားပြီး ကျွမ်းကျင်မှုအဆင့် သိပ်မမြင့်လှပေ။ နင်ယွီကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။

တုပိုင်၏ စစ်တုရင်စွမ်းရည်သည် နင်ယွီနှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပင် မပြည့်မီဘဲ မိုးနှင့်မြေလို ကွာခြားသည်ဟု ပြောနိုင်သည်။

ယခု တစ်ခုတည်းသော စိတ်ဝင်စားစရာအချက်မှာ တုပိုင် ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမလဲပင် ဖြစ်သည်။

နင်ယွီသည် ဝင်ထိုင်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ အကွက်ရွှေ့လိုက်သည်။ သူသည် တုပိုင်ကို စိတ်ထဲကနေ အထင်သေးနေသည်။ မနေ့က ကူချင်ပြိုင်ပွဲတွင် တုပိုင် အနိုင်ရခဲ့သော်လည်း ကံတရားသက်သက်သာ ဖြစ်သည်။

နှစ်တစ်ထောင်မှ တစ်ခါသာ တွေ့ရတတ်သည့် ရှားပါးရှေးဟောင်းသီချင်းစာရွက်ကို တွေ့ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ တကယ့်လက်တွေ့ ဂီတစွမ်းရည်တွင် တုပိုင်က သူ့နောက် အများကြီး ပြတ်ကျန်နေခဲ့သည်။

သို့သော် မမျှော်လင့်ထားသော အရာတစ်ခု မကြာမီ ဖြစ်ပျက်လာလေသည်။

တုပိုင်၏ ရွှေ့ကွက်များမှာ အလွန်မြန်ဆန်နေဆဲဖြစ်ပြီး အကွက်တိုင်းကို စဉ်းစားစရာမလိုဘဲ မျက်တောင်တစ်ခတ်အတွင်း ရွှေ့ကစားနေသည်။

အစပိုင်းတွင် နင်ယွီသည် တုပိုင်ကို အရှုံးမပေးချင်သဖြင့် အမြန်လိုက်ရွှေ့လေသည်။ သို့သော် တဖြည်းဖြည်းနှင့် သူ တောင့်မခံနိုင်တော့ဘဲ စဉ်းစားချိန် ပို၍ ပို၍ ကြာလာလေသည်။

သို့သော် တုပိုင်ကမူ နင်ယွီကို စဉ်းစားချိန် တစ်စက္ကန့်မျှပင် မပေးဘဲ ချက်ချင်း ပြန်လည်တုံ့ပြန် ကစားနေသည်။ ထို့အပြင် သူသည် စိတ်မရှည်သကဲ့သို့ ဖြစ်လာပြီး နောက်ဆုံးတွင် ကြမ်းပြင်ပေါ်၌ပင် ခြေပစ်လက်ပစ် လှဲအိပ်လိုက်လေသည်။

သူသည် အလွန်မောက်မာပြီး ဗိုလ်ကျနေပုံရကာ သုံးနှစ်သား ကလေးတစ်ယောက်နှင့် စစ်တုရင်ကစားနေရသကဲ့သို့ နင်ယွီကို လုံးဝ ဂရုမစိုက်ဘဲ နေလေသည်။

တုပိုင်က ဘယ်လိုလုပ် အမြန်မရွှေ့ဘဲ နေမည်နည်း။

သူက အလွတ်ကျက်မှတ်ထားပြီးသား ဖြစ်သည့်အပြင် ပြိုင်ဘက်၏ ရွှေ့ကွက်တိုင်းမှာ မနေ့ညက အိပ်မက်ထဲမှအတိုင်း ထပ်တူညီနေသောကြောင့် ဖြစ်သည်။ သူ့အနေဖြင့် မနိုင်ဖို့ဆိုတာ ခဲယဉ်းလှသည်။

တစ်နာရီ။ နှစ်နာရီ။ နှစ်နာရီခွဲ...။

နင်ယွီ၏ မျက်နှာမှာ ပို၍ ပို၍ နီရဲလာပြီး ချွေးများ ရွှဲနစ်လာလေသည်။ သူသည် မနည်း ရုန်းကန်နေရပြီး ဆက်လက်တောင့်ခံထားနိုင်ရန် ခက်ခဲလာသည်။ သူ၏ နားထင်မှ သွေးကြောများပင် ထောင်ထလာလေသည်။

နောက်ဆုံးတွင် သူသည် ထွက်ပေါက်မရှိတော့ဘဲ အချက်တစ်ချက်ကို ဝန်ခံလိုက်ရသည်။ ဂွေးမရှိဘဲ အသုံးမကျဟု သတ်မှတ်ထားသော တုပိုင်၏ လက်ချက်ဖြင့် သူ နောက်တစ်ကြိမ် ထပ်မံရှုံးနိမ့်သွားရပြန်သည်။

“ငါ ရှုံးပါတယ်။”

နင်ယွီသည် အရှက်ရသော မျက်နှာထားဖြင့် အရှုံးပေးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။

လူတိုင်း ထိုမြင်ကွင်းကို မယုံကြည်နိုင်သော မျက်လုံးတို့ဖြင့် ပြူးပြဲကာ စိုက်ကြည့်နေကြသည်။

‘တုပိုင်က တကယ်ပဲ နောက်ဆုံးဗိုလ်လုပွဲ အဆင့်ထိ ရောက်သွားပြီလား။’

နာမည်မရှိသော ဤမိန်းမစိုးလေးက ဘယ်သူမှ မနိုင်ဖူးသေးသော စစ်တုရင်ဘုရင် ကျန်းယီကျီနှင့် ယှဉ်ပြိုင်ရတော့မည်လော။

ရောက်ရှိနေသော အရေးကြီးပုဂ္ဂိုလ်ကြီးများသည် နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်သွားကြလေသည်။

မနေ့က တုပိုင်သည် ကူချင်ပြိုင်ပွဲတွင် နင်ယွီကို အနိုင်ရခြင်းမှာ ကံတရားကြောင့်ဟု ပြော၍ရသော်လည်း ယနေ့တွင်မူ စစ်တုရင်ပွဲ၌ အနိုင်ရခြင်းမှာ စစ်မှန်သော အရည်အချင်းသက်သက်သာ ဖြစ်သည်။

အစပိုင်းတွင် တုပိုင်သည် မိန်းမစိုးဂိုဏ်းဝင် ပညာရှင်တစ်ဦးအနေဖြင့် ဆန္ဒပြသည့်အနေနှင့်သာ တစ်ကိုယ်တော် တိုက်ပွဲဝင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

အော်ယန်ထန်နှင့် ကျူးဝူယာတို့၏ မျက်နှာထားများမှာ အလွန်တင်းမာခက်ထန်နေသည်။ အကယ်၍ တုပိုင်သာ ယနေ့ပွဲစဉ်ကို အနိုင်ရသွားပါက အခြေအနေမှာ အန္တရာယ်ရှိလာနိုင်သည်။

ဘေးနားရှိ ဒုတိယကျောင်းအုပ်ကြီးက ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ဘယ်သူမှ ကျန်းယီကျီရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။ တုပိုင်လည်း အတူတူပါပဲ။”

ဤစကားကြောင့် လူတိုင်း စိတ်သက်သာရာ ရသွားကြလေသည်။

အမှန်တကယ်ပင် ကျန်းယီကျီသည် ကွမ်ရှီးစီရင်စုတွင်သာမက တောင်ပိုင်းဒေသတစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူမရှိဘဲ စစ်တုရင်လောကတွင် ရှုံးပွဲမရှိ ဗိုလ်စွဲထားသူဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျန်းယီကျီသည် ရှုံးနိမ့်မှုကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးပေ။

ထို့အပြင် ကျန်းယီကျီ၏ ကြောက်မက်ဖွယ်ကောင်းသော စစ်တုရင်စွမ်းရည်မှာ ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခြင်းမဟုတ်ဘဲ မွေးရာပါ ပင်ကိုစွမ်းရည် ဖြစ်သည်။ ပွဲစဉ်က မည်မျှပင် ခက်ခဲပါစေ ကျန်းယီကျီသည် လွယ်ကူစွာ ဖြေရှင်းနိုင်စွမ်းရှိသည်။

လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းသည် အချိန်နှင့် အတွေ့အကြုံ စုဆောင်းရန် လိုအပ်သော်လည်း စစ်တုရင်ကစားခြင်းမှာ ပါရမီအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်သည်။

သမိုင်းတစ်လျှောက်တွင် အသက် ၂၀၊ ၃၀ အရွယ် စစ်တုရင်ဘုရင်များနှင့် ဆရာသခင်များ မည်မျှရှိခဲ့သနည်း။ မရေမတွက်နိုင်အောင်ပင်။

လူငယ်စစ်တုရင်ချန်ပီယံများနှင့် ဆရာသခင်အများစုသည်ပင် အသက်ကြီးရင့်ပြီး ခွန်အားကုန်ခမ်းလာမှသာ ရှုံးနိမ့်မှုကို မြည်းစမ်းဖူးကြသည်။

ကျန်းယီကျီသည် ထိုကဲ့သို့သော ဉာဏ်ကြီးရှင်ဖြစ်ပြီး ပြိုင်ဘက်မရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

**--**--**--**--**--**--**--**

နောက်ဆုံးဗိုလ်လုပွဲ စတင်၏။ တုပိုင်သည် နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းလာနိုင်ပြီး မွေးရာပါ နိုင်ငံတော်ချန်ပီယံ ကျန်းယီကျီနှင့် မျက်နှာချင်းဆိုင် ထိုင်ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

လူတိုင်း အသက်အောင့်လျက် သူတို့နှစ်ဦး စစ်တုရင်ကစားသည်ကို စောင့်ကြည့်နေကြသည်။

ထင်ထားသည့်အတိုင်းပင် သူတို့နှစ်ဦး၏ တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး အကြိတ်အနယ် ရှိလှသည်။

သို့သော် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။ တုပိုင်သည် ယခုထက်ထိ စဉ်းစားရန် မလိုအပ်ဘဲ အကွက်တိုင်းကို စက္ကန့်ပိုင်းအတွင်း တိုက်ရိုက်ရွှေ့ကစားနေခြင်း ဖြစ်သည်။

သို့သော် ကျန်းယီကျီသည် တုပိုင်၏ အောက်သို့ လုံးဝ ရောက်မသွားဘဲ တစ်ဆင့်ချင်းစီ တည်ငြိမ်စွာဖြင့် သူကစားသင့်သည်ကို ဆက်ကစားနေသည်။

တစ်နာရီကုန်သွားသည်။ နှစ်နာရီကုန်သွားသည်။ ငါးနာရီ ကြာမြင့်သွားသည်။ ကျန်းယီကျီအတွက် အခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာသဖြင့် အော်ယန်ထန်နှင့် ကျူးဝူယာတို့၏ ခန္ဓာကိုယ်များ အေးစက်လာလေသည်။ တစ်ဖက်တွင် တုပိုင်သည် စဉ်းစားရန်မလိုဘဲ တိုက်ရိုက်ရွှေ့ကစားနေဆဲပင်။

မနေ့ညက အစမ်းလေ့ကျင့်ထားသည့်အတိုင်းပင် ယနေ့ပွဲစဉ်သည် အမှားအယွင်းတစ်စုံတစ်ရာ မရှိဘဲ ပြီးပြည့်စုံစွာ လည်ပတ်နေလေသည်။

ခြောက်နာရီ ကြာပြီးနောက်တွင် ကျန်းယီကျီသည် သူ၏ အကွက်ကို ဆက်လက်မရွှေ့နိုင်တော့ပေ။ သူသည် ရှေ့လျှောက်မည့် အကွက်များကို ကြိုတင်တွက်ချက်ကြည့်လိုက်ရာ မည်သို့ပင်ရွှေ့စေကာမူ ရှုံးနိမ့်ရန် သေချာနေပြီး မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်ရသည်။

“ဟူးးး။ ကျွန်တော် ရှုံးပါပြီ။”

ကျန်းယီကျီသည် သက်ပြင်းချလိုက်ပြီး အရှုံးပေးလိုက်လေသည်။

အပိုင်း (၅၄) ပြီး။

All Chapters