← Chapters

ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာ(၃)။

Vol. 27 Ch. 315

ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာ(၃)။

Vol. 27 Ch. 315

"ကောင်းကင်မိစ္ဆာကပ်ဘေးခန္ဓာ... ဒါ မင်းမှာ ရှိတဲ့ အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံလား…”

"ဒီဖွဲ့စည်းပုံက ကံဆိုးမှုအမျိုးမျိုးကို ကြုံတွေ့စေလိမ့်မယ် ဆိုပေမယ့်…"

"ဒါပေမဲ့ မင်း ကံဆိုးမှုတွေကို ကျော်လွှားနိုင်တာနဲ့.. အဆုံးမရှိတဲ့ ကံကောင်းခြင်းတွေကို ရရှိလိမ့်မယ်…"

"ဒါကြောင့်ပဲ မင်းရဲ့ ကျင့်ကြံမှုအရှိန်အဟုန်က သာမန်လူတွေထက် ပိုမြန်နေတာ…"

ကျိုးစွေ့သည်လည်း ချူတျဲယီ၏ အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံအကြောင်း သိထားသည်။

သူ အတော်လေး ပညာရသွားပြီး၊ ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော အထူးရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး တည်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ငယ်စဉ်ကတည်းက၊ ချူတျဲယီသည် ကံဆိုးမှုများ၏ အရိပ်သဖွယ်လိုက်ခြင်းကို ခံခဲ့ရသည်။

ရေသောက်လျှင်ပင် သီးနိုင်ပေသည်။ သို့သော် သူမ ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ပြီးတိုင်း၊ သူမသည် အခွင့်အလမ်းတစ်ခုနှင့် ကြုံတွေ့ရလေ့ ရှိသည်။

ထို့ကြောင့်၊ ဤကဲ့သို့သော ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ကောင်းသည်၊ဆိုးသည်အား အကဲဖြတ်ရန် ခက်ခဲလှသည်။

သို့သော်၊ လောကတွင် ကံကောင်းခြင်းအရှိန်အဝါ ဆိုသည့်အရာ အမှန်တကယ်ရှိကြောင်းကိုလည်း သူ သိသည်။

အဘယ်ကြောင့်ဆိုသော်၊ ကူနတ်ဘုရားပန်းကန်ထဲတွင် ‘ကံကောင်းခြင်းကူ’ ရှိနေသောကြောင့် ဖြစ်သည်။

သူသာ ‘ကံကောင်းခြင်းကူ’ကို သန့်စင်နိုင်ပါက၊ သူသည် လောက၏ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး၊ ကောင်းကင်နှင့် မြေကြီး၏ ကံကောင်းခြင်းအရှိန်အဝါကို စုစည်းနိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင်၊ ဘာပဲလုပ်သည်ဖြစ်စေ၊ ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ပြီး နတ်ဘုရားများ၏ အကာအကွယ်ကို ရရှိနိုင်ပေမည်။

ဝမ်းနည်းစရာမှာ၊ ‘ကံကောင်းခြင်းကူ’အတွက် အဓိကပစ္စည်းကို ရှာဖွေရန် အသာထား၊ သူ ကြားပင် မကြးဖူးချေ။

'ပစ္စည်းရှာဖွေကူ'၏ စွမ်းအားကို အသုံးပြုခဲ့သည့်တိုင်၊ ‘ကံကောင်းခြင်းကူ’အတွက် အဓိကပစ္စည်းကို လက်ရှိအချိန်အထိ ရှာမတွေ့ခဲ့ချေ။

ထို့အတွက်၊ ထို အထူးကူပိုးကောင်းအား ယာယီ ဘေးဖယ်ထားရချေသည်။

"ဆရာသခင်ကျိုး နဲ့ တူနှစ်ကိုယ်ကျင့်ကြံပြီးနောက်.. ကျွန်မအပေါ်က ကံဆိုးမှုတွေ လုံးဝ ပျောက်ကွယ်သွားပြီလို့ ကျွန်မ ခံစားရတယ်…"

"အခုဆို.. အဆုံးမရှိတဲ့ ကံကောင်းခြင်းတွေ ကျွန်မဆီမှာ စုဝေးနေတယ်…"

"တစ်နည်းပြောရရင်… အခုက ကျွန်မ အဆင့်ချိုးဖြတ်ပြီး.. ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းဖို့ အခွင့်အလမ်းကောင်းပဲ…"

"ဒီ အခွင့်အရေးသာ လွတ်သွားရင်… ကျွန်မ ဘယ်အချိန်ထိ စောင့်ရမလဲ မသိတော့ဘူး…"

ချူတျဲယီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူမ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီးနောက်၊ ဝိညာဉ်သန္ဓေသားဖွဲ့စည်းရန် သူမ၏ အခွင့်အရေးကို နောက်ဆုံးတွင် တွေ့ရှိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်၊ သူမ ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။

သူမ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသ်တစ်ဦး ဖြစ်လာသည်နှင့်၊ သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ အုပ်ချုပ်သူပုဂ္ဂိုလ်တစ်ဦး အဖြစ် အမှန်တကယ် သတ်မှတ်ခံရပေလိမ့်မည်။

ဤပင်လယ်ပြင် ဧရိယာတွင်၊ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကသာလျှင်၊ စစ်မှန်သော စစ်တုရင်ကစားသမားများ ဖြစ်ကြပြီး၊ အခြားသော ကျင့်ကြံသူများသည်မှာမူ စစ်တုရင်နယ်ရုပ်များသာ ဖြစ်ကြပေသည်။

ဝိညာဉ်သန္ဓေသားတစ်ဦး ဖြစ်လာမှသာ ကိုယ်ပိုင်ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်မည် ဖြစ်သည်။

"ဒါပေမဲ့ မင်း ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြန်ဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား…"

ကျိုးစွေ့ မေးလိုက်သည်။

"ကျွန်မမှာ အဲ့ဒီလို အစီအစဉ် တကယ် ရှိခဲ့ပါတယ်.. ဒါပေမဲ့ အခု အခြေအနေတွေ ပြောင်းလဲသွားပြီလေ…"

"ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ အခွင့်အရေး ရောက်လာပြီ.. ဆရာသခင် နားလည်ပေးမယ်လို့ ကျွန်မ ယုံကြည်ပါတယ်…"

"ဒါ့အပြင်.. ဒီမှာ စတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခု ရှိနေတော့.. ဒီနေရာက ဝိညာဉ်သန္ဓေသားဖွဲ့စည်းဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး.."

"သဘာဝဝိညာဉ်စွမ်းအင် လိုအပ်ချက် မရှိဘူးလေ…"

ချူတျဲယီသည် ဤနေရာသည် သူမ၏ ဝိညာဉ်သန္ဓေသားဖွဲ့စည်းရန်အတွက် ကောင်းချီးပေးထားသော နေရာတစ်ခု ဖြစ်သည်ဟု ပို၍ ပို၍ ခံစားလာရသည်။

"အင်း.. ငါ နားလည်ပါပြီ…"

"ဒီအချိန်ကစပြီး.. မင်း ဒါကို ပြီးမြောက်နိုင်အောင် ငါ့အစွမ်းရှိသမျှနဲ့ ကူညီပေးမယ်..”

ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။

လောလောဆယ်၊ ကြယ်သုံးပွင့်ကျွန်းစုတစ်ခုလုံး အတွင်း၌၊ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် စီစဉ်နေသော အမျိုးသမီး ကျင့်ကြံသူ နှစ်ဦး ရှိသည်။

ချူတျဲယီနှင့် လင်းယာကျူတို့ ဖြစ်သည်။

စတုတ္ထအဆင့် ထိပ်တန်းဝိညာဉ်ကြောသည် သူတို့နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း ဝိညာဉ်သန္ဓေသားဖွဲ့စည်းရန်အတွက် လုံလောက်သည်ထက် ပိုပေသည်။

ဆိုရလျှင်၊ ကျိုးစွေ့အတွက် ကြီးမားသော အားသာချက်တစ်ခုဟုပင် ဆိုရပေမည်။

သူ၏ တာအိုလက်တွဲဖော်နှစ်ဦးစလုံးသာ သူတို့၏ ဝိညာဉ်သန္ဓေသားများကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ပါက၊ သူ့တွင် ဝိညာဉ်သန္ဓေသား တာအိုလက်တွဲဖော်နှစ်ဦး ရှိလာပေလိမ့်မည်။

မကသေး…၊ သခင်မ မက်မွန်ပွင့်ကိုပါ ထည့်တွက်လိုက်လျှင်၊ သူ့တွင် ဝိညာဉ်သန္ဓေသား တာအိုလက်တွဲဖော်သုံးဦး ရှိလာမည် မဟုတ်လော။

ထိုအချိန်ကျလျှင်၊ သူသည် ချန်လန်ပင်လယ် ဒေသတစ်ခွင်တွင် ဟိတ်ဟန်အပြည့်ထုတ်ကာ သွားလာလို့ ရချေပြီ မဟုတ်ပါလော။

ဤအကြောင်းအား တွေးကြည့်ရုံဖြင့်ပင်လျှင်၊ သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေသည်။

"ကျေးဇူးတင်ပါတယ်.. ဆရာသခင်ကျိုး…"

ချူတျဲယီသည် ကျိုးစွေ့ကို ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူမရှေ့မှ ယောက်ျားနှင့် ပေါင်းဖက်ပြီးနောက်၊ သူတို့၏ ဝိညာဉ်များပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။

ယခင်က၊ သူတို့ကြားတွင် အကွာအဝေးအချို့ ရှိခဲ့သော်လည်း၊ ယခု သူတို့သည် အချင်းချင်း နှစ်ရာပေါင်းများစွာ သိကျွမ်းခဲ့သကဲ့သို့ အရင်းနှီးဆုံးဆိုသည်ထက်ပင် ပိုမို ရင်းနှီးနေချေသည်။

သူမ၏ သေခြင်းရှင်ခြင်းကို သူ့ထံ ပုံအပ်ထားနိုင်သကဲ့သို့ သူမ ခံစားရသည်။

ကောင်းကင်မိစ္ဆာဂိုဏ်းမှ ဆင်းသက်လာသော သူမကဲ့သို့ လူတစ်ယောက်အတွက်၊ ဤသည်မှာ ယုံကြည်နိုင်စရာမရှိသော ခံစားချက်တစ်ခု ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူများ အနေဖြင့်၊ သံမဏိစည်းမျဉ်းသည် ကိုယ့်ကိုယ်ကိုက လွဲ၍ တခြား မည်သူကိုမျှ မယုံကြည့်ဖို့ ဖြစ်သည်။

သို့သော် ယခု၊ သူမတွင် မတူညီ ထူးခြားသောခံစားချက်တစ်ခု ရှိနေပြီး၊ သူမ၏ နောက်ကျောဘက်အခြမ်းကို တခြားသူထံ စိတ်ချလက်ချ ထားနိုင်သော ခံစားချက်မျိုးပင် ဖြစ်ချေသည်။

…

မွန်းတည့်ချိန်။

သပ်ရပ်စွာ ဝတ်ဆင်လျက်၊ ချူတျဲယီနှင့် ကျိုးစွေ့တို့သည် တိတ်ဆိတ်သောအခန်းမှ ထွက်ခွာလာပြီး ဧည့်ခန်းဆောင်ထဲသို့ ဝင်ရောက်လာကြသည်။

ဤအခိုက်အတန့်တွင်၊ ကျိပင်းယွီနှင့် အခြားသူများသည် အစားအသောက်များ ပြင်ဆင်နေကြသည်။

စားပွဲပေါ်တွင် အရသာရှိသော အစားအစာများဖြင့် ပြည့်နှက်နေပြီး၊ မွှေးပျံ့သော အနံ့များ လေထဲတွင် ပျံ့လွင့်နေသည်။

"သူက ဘယ်သူလဲ…"

ချက်ချင်းပင်၊ ကျိပင်းယွီနှင့် အခြားသူများသည် ကောင်းကင်နတ်သမီးကဲ့သို့သော ချူတျဲယီကို မြင်တွေ့လိုက်ရသည်။ သူတို့ ချူတျဲယီအပေါ် ရင်းနှီးသော ခံစားချက်တစ်ခု ရှိနေပြီး၊ သူမကို မှတ်မိသလို၊ မမှတ်မိသလိုလို ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က၊ ချူတျဲယီသည် အင်မော်တယ်ရှားဂိုဏ်းရှိ လူတိုင်းအပေါ် သူမ၏ ညှို့ယူဖမ်းစားခြင်း ပညာရပ်ကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။

ထိုကြောင့်ပင်၊ သူမသည် အင်မော်တယ်ရှားဂိုဏ်းအတွင်း ကိုယ့်အိမ်ကိုယ့်ယာအလား လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခဲ့ခြင်းပင်။

"ဪ... သူမက ချူတျဲယီ… ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်အမျိုးသမီးလေ…"

ကျိုးစွေ့က ချူတျဲယီ၏ ဇာစ်မြစ်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို ရိုးရှင်းစွာ မိတ်ဆက်ပေးလိုက်သည်။

"ဘာ..."

ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့အားလုံး စကားမပြောနိုင် ဖြစ်သွားကြပြီး၊ ဘာပြောရမှန်း မသိတော့ပေ။

သူတို့ရှေ့မှ ယောက်ျားသည် ထင်ရှားစွာပင် အိမ်တွင်းပုန်းတစ်ယောက် ဖြစ်သည် မဟုတ်လော။

အမြဲတစေ၊ ကိုယ်ပိုင်လိုဏ်ဂူနေအိမ်အတွင်းတွင်သာ ကျင့်ကြံနေတတ်ပြီး၊ အပြင်သို့ ထွက်ခဲလှသည်။

တခြားသော အမျိုးသမီးကျင့်ကြံသူများကို ဆွဲဆောင်နိုင်မည် မဟုတ်ဟု မူလက ထင်ခဲ့ကြသော်လည်း၊ မမျှော်လင့်ထားသည်မှာ၊ သူသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီးကိုပါ ပတ်သက်နိုင်ခဲ့ချေသည်။

မိန်းမများအား ပိုးပန်းနိုင်သော သူ၏အရည်အချင်းမှာ အလွန့်အလွန် အထင်ကြီးလောက်ပေသည်။

ခင်ပွန်းဖြစ်သူ၏ အမျိုးသမီးကျင့်ကြံသူများအပေါ် ဆွဲဆောင်မှု ရှိသော အချက်များကို သူတို့ သိပြီးသား ဖြစ်သော်လည်း၊ သူတို့ အလွန်အမင်း အံ့အားသင့်နေကြဆဲ ဖြစ်သည်။

ခင်ပွန်းဖြစ်သူသည်သာ၊ အမှန်တကယ် ဇောင်းမှလွတ်ပေးလိုက်သော မြင်းတစ်ကောင်ကဲ့သို့ ပေါ်ပေါ်ထင်ထင် လိုက်လံ၍ ပရောပရည်လုပ်နေခဲ့ပါက၊ မောင်းမသုံးထောင်ဆိုသည်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိလောက်ပေ။

"မင်္ဂလာပါ ညီမလေးချူ…"

"အင်မော်တယ်ရှားမြို့တော်က ကြိုဆိုပါတယ်…”

"အနာဂတ်မှာ.. ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပါ…"

"ညီမလေးက ငါတို့ ခင်ပွန်းရဲ့ တာအိုလက်တွဲဖော်ဖြစ်လာပြီ ဆိုတော့.. အခု ညီမလေးက ငါတို့ရဲ့ ညီမပဲပေါ့.."

ရှားကျင်းယန်က ချိုသာစွာ ပြောလိုက်ပြီး၊ ချူတျဲယီကို ကြိုဆိုလိုက်သည်။

အံ့အားသင့်သွားသော်လည်း၊ သူမသည် ဤအမျိုးသမီးကို လျင်မြန်စွာ လက်ခံလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ သူမသည် ခင်ပွန်းဖြစ်သူ၏ စရိုက်ကို ရှင်းရှင်းလင်းလင်း သိထားသည် မဟုတ်ပါလော၊ သူသည် ပြိုင်ဘက်ကင်း အစစ်အမှန် နှာဘူးတစ်ယောက်ပင်။

သို့သော်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ ကျော်ကြားသော သူတော်စင်အမျိုးသမီးကလည်း သူမ၏ ခင်ပွန်းကို နှစ်သက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမ ခင်ပွန်း၏ ဆွဲဆောင်မှုသည် ကြီးမားကြောင်း သူမ ဝန်ခံရပေမည်။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ သူတော်စင်အမျိုးသမီးပင်လျှင် ကင်းလွတ်ခွင့် မရနိုင်ပေ။

"ကျေးဇူးတင်ပါတယ်.. အစ်မတို့.."

ချူတျဲယီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ညီအစ်မများက သူမကို မကြိုဆိုမည်ကို သူမ ကြောက်ရွံ့ခဲ့မိသည်။

အံ့ဩစရာ ကောင်းသည်မှာ၊ သူမ အလွန်အကျွံ စိုးရိမ်ခဲ့မိပုံ ပေါ်သည်။

ချက်ချင်းပင်၊ အမျိုးသမီးများသည် စတင် ဝိုင်းထိုင်လိုက်ကြပြီး၊ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများ၊ ရှားပါးသော စားဖွယ်ရာ အမျိုးမျိုးကို မြည်းစမ်းကြတော့သည်။

"အဟမ်း... ကောင်းပြီ.. စပြီး ကျင့်ကြံကြစို့…"

"ဘာပဲဖြစ်ဖြစ်.. ကျင့်ကြံသူတွေအနေနဲ့… ငါတို့ နေ့တိုင်း ဆက်လက် ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်လေ.. ပေါ့လျော့နေဖို့ အကြောင်းမရှိဘူး.."

ဗိုက်ကားအောင်စားပြီးနောက်၊ ကျိုးစွေ့သည် သူ၏အကြံပြုချက်ကို ဂုဏ်ယူစွာ ထုတ်ဖော် ပြောကြားလိုက်သည်။ သူ၏ လှပသော တာအိုလက်တွဲဖော်များကို ကြည့်ရင်း၊ သူသည် အတွင်းစိတ်၌ ကျေနပ်မှုကို ခံစားလိုက်ရသည်။

သူ အာဏာရှင်တစ်ယောက်လို ခံစားလာရသည်။

မှန်ပေသည်၊ အရေးအကြီးဆုံးမှာ သူ့၏ စိတ်ဝိညာဉ်အမြစ် ပါရမီကို မြန်မြန်ဆန်ဆန် မြှင့်တင်နေခြင်းပင် ဖြစ်သည်။

စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းလိုက်နိုင်သည်နှင့်၊ သူ၏ ကျင့်ကြံမှုအရှိန်အဟုန်သည် သိသာထင်ရှားသော တိုးတက်မှုကို သေချာပေါက် တွေ့မြင်ရလိမ့်မည်။

သူ၏ တာအိုလက်တွဲဖော်များနှင့် ပြင်းပြင်းထန်ထန် ကျင့်ကြံခြင်းလောက် သူ၏ပါရမီကို တိုးမြှင့်ပေးနိုင်သည့်အရာ ဘာမျှ မရှိချေ။

"နှာဘူး.."

ကျိုးစွေ့၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ၊ ချူတျဲယီနှင့် အခြားသူများ မျက်နှာများ နီမြန်းသွားကြပြီး ဘာပြောရမှန်း မသိတော့ပေ။

ဤယောက်ျားသည် တကယ့်ကို နွားသိုးကြိုးပြတ်ပင်၊ တစ်ရက်မျှပင် အားလပ်ရက် မယူချေ။

ကျေးဇူးတင်စရာ ကောင်းသည်မှာ၊ သူသည် ကြံ့ခိုင်သော ကိုယ်ခန္ဓာဖွဲ့စည်းပုံ ရှိသည့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သို့မဟုတ်ပါက၊ သူသည် နေ့ရောညပါ ထိုကဲ့သို့သော ပြင်းထန်သည့် ကျင့်ကြံမှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သို့သော် သူမတို့ မငြင်းပယ်ခဲ့ကြပေ။ ၎င်းသည် တာအိုလက်တွဲဖော်များအနေဖြင့် သူတို့၏ တာဝန် ဖြစ်ရုံသာမက၊ သူတို့သည်လည်း ဤကဲ့သို့သော ကျင့်ကြံမှုကို နှစ်သက်ကြသည် မဟုတ်ပါလော။

…

All Chapters