သခင်မမက်မွန်ပွင့်၏ ဒေါသ၊ ငါ့ကို အလိုရှိတိုင်းအသုံးပြုနိုင်တဲ့ မိန်းမလို့ ထင်နေတာလား(၂)။
Vol. 27 Ch. 320
ကျိုးစွေ့၏ ကိုယ်ပွားသည် မက်မွန်ပွင့်ကျွန်းသို့ ဝင်ရောက်ပြီး၊ သခင်မမက်မွန်ပွင့် ပေးသနားသော တံဆိပ်ပြားနှင့် စတုတ္ထအဆင့်အစီအရင် အမွေအနှစ်ကို ရရှိခဲ့ပြီးကတည်းက၊ သူ သခင်မမက်မွန်ပွင့်နှင့် အမှန်တကယ် ထပ်မံဆက်သွယ်ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ သူသည် တံခါးပိတ်ကျင့်ကြံခြင်းနှင့် အလုပ်ရှုပ်နေမိသည် မဟုတ်ပါလော။
သခင်မမက်မွန်ပွင့်သည် ‘ချစ်ခြင်းမေတ္တာကူ’၏ ကူးစက်ခြင်း ခံထားရပြီး၊ သူ၏ တာအိုလက်တွဲဖော် တစ်ဝက်နီးပါး ဖြစ်နေပြီ ဆိုလျှင်ပင်...။
သူမအား အချိန်မရွေး အခွင့်ကောင်းယူ၍ မရဘဲ၊ သင့်လျော်သည့် အခွင့်အရေး လိုအပ်နေသေးသည်။
အဘယ်ကြောင့်ဆိုသော်၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားသည် သူတို့၏ ပင်ကိုစရိုက်ကို ပြောင်းလဲစေခြင်း မဟုတ်ဘဲ၊ သူ့အပေါ်ထားရှိသော သူတို့၏ နှစ်သက်မှုကိုသာ တိုးပွားစေခြင်း ဖြစ်သည်။
သူမအပေါ် ကောင်းမွန်စွာ ပြုမူပြီး သူမကို ပျော်ရွှင်စေပါက၊ သူမ၏ နှစ်သက်မှုကို တိုးပွားစေနိုင်သည်။
ရှုပ်ထွေးအောင် လုပ်မိပါက၊ ၎င်းကို အတိုင်းအတာတစ်ခုအထိ လျော့နည်းစေနိုင်သည်။
နှစ်သက်မှုသည် အဆင့်တစ်ခုသို့ ရောက်ရှိမှသာ၊ သူတို့၏ နှလုံးသားများ အမှန်တကယ် ဆက်နွယ်သွားပြီး တာအိုလက်တွဲဖော်များ ဖြစ်လာနိုင်သည်။
မိန်းကလေးများကို ဆွဲဆောင်ခြင်းသည် ချက်ပြုတ်ခြင်းနှင့် တူသည်။ အရသာရှိသော ဟင်းပွဲတစ်ပွဲ ဖြစ်လာစေရန် သင့်လျော်သောအပူချိန် လိုအပ်သည်။
ထို့ကြောင့်၊ သူ ဤကိစ္စတွင် အလျင်မလိုခဲ့ပေ။
ထိုအတွေးဖြင့်၊ ကျိုးစွေ့သည် မက်မွန်ပွင့်ကျွန်းမှ တံဆိပ်ပြားကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤ တံဆိပ်ပြားသည် မှော်ရတနာတစ်ခု ဖြစ်ပြီး၊ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုပေးရုံသာမက ဆက်သွယ်ရေး ကိရိယာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ကာ၊ သခင်မမက်မွန်ပွင့်ကို အချိန်မရွေး ဆက်သွယ်ခွင့် ပေးထားသည်။
ထို့ကြောင့်၊ မက်မွန်ပွင့်ကျွန်းတံဆိပ်ပြားသည် အလွန် တန်ဖိုးရှိပြီး၊ သခင်မမက်မွန်ပွင့်၏ ယုံကြည်ခြင်း ခံရသူများသာ ၎င်းကို ရရှိနိုင်သည်။
"သခင်မမက်မွန်ပွင့်..."
ထိုအချိန်တွင်၊ ကျိုးစွေ့သည် သူ ယခုလေးတင် ရရှိခဲ့သောသတင်းကို ချက်ချင်း ပြန်လည် ပြောပြလိုက်ပြီး၊ ဟေးရှားနန်းတော် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ရန် သခင်မမက်မွန်ပွင့်ကို သတိပေးလိုက်သည်။
ယခင်ဖြစ်ရပ်တွင် ဝူကျိမဟာမိတ်အဖွဲ့၏ ပထမခံစစ်လိုင်း ကျိုးပေါက်သွားခြင်းနှင့် ၎င်းနောက် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား သေဆုံးခြင်းတို့သည် ဟေးရှားနန်းတော်နှင့် များစွာ သက်ဆိုင်နေသည်။
ဖြစ်နိုင်ခြေ အများဆုံးမှာ၊ ဟေးရှားနန်းတော်မှ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးက တိတ်တဆိတ် ကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်။
မှန်ပေသည်၊ ဟေးရှားနန်းတော်နှင့် ပင်လယ်မျိုးနွယ်စုတို့ ပူးပေါင်းပြီး ဝူကျိမဟာမိတ်အဖွဲ့ကို ဆန့်ကျင်ရသည့် အကြောင်းရင်းမှာ ဝူကျိမဟာမိတ်အဖွဲ့သည် ထိခိုက်လွယ်သောကြောင့် ဖြစ်သည်။
ချန်လန်ပင်လယ်နယ်မြေတွင်၊ အဓိက ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီး ငါးခုရှိသည်။
ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ ရွှမ်ပေါင်မျှော်စင်၊ မြူနှင်းနန်းတော်နှင့် ဆည်းဆာဂိုဏ်းတို့ ဖြစ်ကြသည်။
ကောင်းကင်ဓားဂိုဏ်းသည် ဓားကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားပြီး၊ တိုက်ခိုက်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။ သူတို့ကို ရန်စရဲသူမည်သူမဆို ကြီးစွာသော ဘေးဒုက္ခကို ခံစားရမည်သာ ဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများနှင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူအများအပြား သူတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
တစ်စုံတစ်ယောက်က ကောင်းကင်ဓားဂိုဏ်းကို အနိုင်ယူနိုင်ခဲ့လျှင်ပင်၊ သူတို့သည်လည်း သေချာပေါက် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားရမည် ဖြစ်သည်။
ခွဲရခက်သော အခွံမာသီးကို မည်သူမျှ စိန်မခေါ်ချင်ကြပေ။
ရွှမ်ပေါင်မျှော်စင်သည် အချမ်းသာဆုံး ဝိညာဉ်သန္ဓေသား အင်အားစု ဖြစ်သော်လည်း၊ ၎င်း၏ တည်နေရာ အတိအကျကို မည်သူမျှ မသိကြပေ။
သူတို့၏ ဌာနခွဲများသည် ချန်လန်ပင်လယ်နယ်မြေရှိ ကျွန်းအများအပြားတွင် ဖြန့်ကျက်ထားသော်လည်း၊ ဌာနချုပ်၏ တည်နေရာသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေသည်။
တစ်စုံတစ်ယောက်က ရွှမ်ပေါင်မျှော်စင်ကို ပြဿနာ ရှာချင်လျှင်ပင်၊ ဘယ်ကစရမှန်း သိမည် မဟုတ်ချေ။
ဆည်းဆာဂိုဏ်းကိုလည်း ရန်စ၍ မရနိုင်ပေ။ ၎င်းတွင် ကမ္ဘာအနှံ့ မိတ်ဆွေအများအပြား ရှိသော ဆေးဖော်စပ်ပညာရှင် အုပ်စုတစ်စုနှင့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအမြောက်အမြား ပါဝင်သည်။
အမိန့်တစ်ခုတည်းဖြင့်၊ သူတို့သည် မိတ်ဆွေများကို စုစည်းပြီး ဟေးရှားနန်းတော်ကို အမှုန့်ဖြစ်အောင် ရိုက်နှက်နိုင်သည်။
မြူနှင်းနန်းတော်၏ အင်အားသည် အနည်းငယ်နိမ့်ကျသော်လည်း၊ သူတို့သည် တစ်နှစ်ပတ်လုံး ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော မြောက်ဘက်ပင်လယ်ပြင် ဧရိယာတွင် နေထိုင်ကြသည်။
ပင်လယ်မျိုးနွယ်စုပင်လျှင် ထိုသို့သောနေရာမျိုးတွင် မနေချင်ကြပေ။ သူတို့သည် နွေးထွေးသော ပင်လယ်နယ်မြေများကိုသာ နှစ်သက်ကြသည်။
ဆိုရလျှင်၊ သူတို့တွင် အိမ်ကွင်းအားသာချက် ရှိပေသည်။ မည်သို့သော မဆင်မခြင်တိုက်ခိုက်မှုမဆို ကြီးမားသော ဆုံးရှုံးမှုဆီသို့သာ ဦးတည်သွားရပေလိမ့်မည်။
သေချာ စဉ်းစားပြီးနောက်၊ ဝူကျိမဟာမိတ်အဖွဲ့သည်သာ အလွယ်ကူဆုံးပစ်မှတ် ဖြစ်ပုံရသည်။
မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် တစ်ကိုယ်တော်ကျင့်ကြံသူ မဟာမိတ်အဖွဲ့ ဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသားကျင့်ကြံသူ သုံးဆယ်ကျော် ပါဝင်သည်။
သို့သော် မဟာမိတ်အဖွဲ့တစ်ခုသာ ဖြစ်နေသဖြင့်၊ သူတို့၏ အတွေးအမြင်များ ကွဲပြားကြပြီး၊ သူတို့ကို တစ်ယောက်ချင်းစီ သွေးခွဲအနိုင်ယူရန် လွယ်ကူစေသည်။
ထို့အပြင်၊ ဝူကျိမဟာမိတ်အဖွဲ့ သိမ်းပိုက်ထားသော ကျွန်းများသည် အရေအတွက်အများဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်သည်။ သူတို့ ပိုင်ဆိုင်သော ကြွယ်ဝချမ်းသာမှုသည် ကြီးမားလှသည်။
ထို့ကြောင့် ဟေးရှားနန်းတော်သည် ပင်လယ်မျိုးနွယ်စုနှင့် ပူးပေါင်းကြံစည်ခဲ့ကြခြင်းပင် ဖြစ်သည်။
သူတို့၏ ရည်မှန်းချက်မှာ ဝူကျိမဟာမိတ်အဖွဲ့၏ ကျွန်းများကို ကျူးကျော်ပြီး ကြွယ်ဝချမ်းသာမှု အများအပြားကို လုယက်ရန် ဖြစ်သည်။
ဤသည်မှာ၊ ကင်းမြီးကောက်နီသခင်နှင့် အခြားသူများ လုပ်ဆောင်ခဲ့ကြသော အရာပင် ဖြစ်သည်။
ဝူကျိမဟာမိတ်အဖွဲ့သည် ပင်လယ်မျိုးနွယ်စုနှင့် တိုက်ပွဲကြီး ဖြစ်ပွားနေစဉ်၊ သူတို့သည် ဝူကျိမဟာမိတ်အဖွဲ့၏ နောက်တန်းသို့ ခိုးဝင်ပြီး ကျယ်ပြန့်သော ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ကြသည်။
သူတို့သည် လူထုကြားတွင် ပရမ်းပတာဖြစ်မှုနှင့် ကြောက်ရွံ့မှုများကို ဖန်တီးခဲ့ကြသည်။
ဤနည်းဖြင့်၊ ဝူကျိမဟာမိတ်အဖွဲ့၏ ရှေ့တန်းစစ်မျက်နှာပြင်သည် သဘာဝအတိုင်း ဖရိုဖရဲဖြစ်သွားပြီး တိုက်ခိုက်စရာမလို ပြိုကွဲသွားပေလိမ့်မည်။
…
ထိုအချိန်တွင် မက်မွန်ပွင့်ကျွန်းပေါ်ရှိ၊ မက်မွန်ပွင့်ရနံ့များ လေထဲတွင် ပြည့်နှက်နေသော အိပ်ခန်းဆောင်တစ်ခု၌...။
"ဟွန့်... ဒီအကောင်စုတ်က နောက်ဆုံးတော့ ငါ့ကို ဆက်သွယ်လာပြီလား…"
"သူက ငါ့ မက်မွန်ပွင့်ကျွန်းရဲ့ တံဆိပ်ပြားကို ရယူခဲ့တယ်.. စတုတ္ထအဆင့်အစီအရင် အမွေအနှစ်ကို လက်ခံခဲ့တယ်..."
"ပြီးတော့ အကျိုးကျေးဇူးတွေ အများကြီး ယူသွားတယ်… ပြီးရော.. သူ တိတ်တိတ်လေး ထွက်သွားပြီး ငါ့ကို ဘယ်တော့မှ မဆက်သွယ်တော့ဘူး…"
"ငါ့ကို လူတိုင်းက… ခေါ်တိုင်းလာ ခိုင်းတိုင်းလုပ်ရမယ့် မိန်းမလို့ တကယ် ထင်နေကြတာလား… ဟမ့်.."
သခင်မမက်မွန်ပွင့် အံ့ကြိတ်လိုက်သည်။ သူမ၏ အာရုံစိုက်မှုသည် တံဆိပ်ပြားမှ လာသော သတင်းစကားဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။
ထင်ရှားသည်မှာ၊ ၎င်းသည် ထိုအရှက်မရှိသောယောက်ျား၊ ကျိုးစွေ့ပင် ဖြစ်သည်။
စိတ်ဆိုးဒေါသထွက်နေသော်ငြား၊ နဂိုမူရင်း ဆွဲဆောင်မှုရှိနေသော မျက်နှာလှလှလေးသည်ကား ပန်းပေါင်းတစ်ရာ၏ အလှအပအား သိမ်ငယ်သွားစေရန် လုံလောက်သည်။
ထွင်းဖောက်မြင်သာနေသော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ပြီးပြည့်စုံလှသော ကောက်ကြောင်းများကို အပြည့်အဝ ဖော်ပြထားသည်မှာ၊ ပန်းပုနတ်ဘုရားက ထုဆစ်ထားသော လက်ရာတစ်ခုကဲ့သို့ပင်။ အမို့အမောက်၊ အကွေ့အဝိုက်းတိုင်းသည် လုံးဝ အပြစ်အနာအဆာ ကင်းလှချေသည်။
မည်သည့် ကလူမြူဆွယ်ခြင်းကိုမျှ မပြုလုပ်လျှင်ပင်၊ ကမ္ဘာပေါ်ရှိ ယောက်ျားအားလုံးကို ရူးသွပ်သွားစေရန် ပြုလုပ်နိုင်စွမ်း ရှိ၏။
သို့သော် ယခု၊ သူမ၏စိတ်များ ရှုပ်ထွေးနေရသည်။ ယင်းမှာ ယောက်ျားတစ်ယောက်အတွက်ပင် ဖြစ်ပြီး၊ အတော်လေး စိတ်ပျက်စရာ ကောင်းလှချေသည်။
ဤမြင်ကွင်းကိုသာ မြင်လိုက်ရပါက၊ မည်မျှသော ယောက်ျားထုကြီး၏ အသည်းနှလုံးများ ကွဲကြေသွားကြမည်အား မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
“အင်း… သူ ငါ့ကို အခုမှ ဒုက္ခခံပြီး ဆက်သွယ်နေရအောင် ဘာအကြောင်းများပါလိမ့်…”
"သူ ငါ့အကူအညီ လိုအပ်လို့တော့ မဟုတ်ပါဘူးနော်…"
"သူ တကယ် အန္တရာယ် ကြုံနေရရင်.. ငါ သူ့ကို သေချာပေါက် ကယ်တင်ပြီး.. မက်မွန်ပွင့်ကျွန်းမှာပဲ ထားထားတော့မယ်…"
"ပြီးရင်.. ဘယ်တော့မှ ထွက်သွားခွင့် မပေးဘူး…"
"အခု ငါ့ကို လစ်လျူရှုရဲသေးလား ကြည့်ကြတာပေါ့… ဟမ့်…"
သခင်မမက်မွန်ပွင့် လက်သီးကို ဆုပ်လိုက်ပြီး၊ သိသိသာသာ စိတ်တိုနေလေ၏။
သူမ ထိုယောက်ျားကို သူမ၏ မက်မွန်ပွင့်ကျွန်းတံဆိပ်ပြား ပေးခဲ့သည်။ ယင်းသည် သူမ သူ့ကို အမြဲတမ်း ဆက်သွယ်နိုင်ဖို့ရာ ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား၊ ထိုအကောင်စုတ်သည် ထွက်သွားပြီးသည့်နောက်၊ မက်မွန်ပွင့်ကျွန်းကို ပြန်လာရန်ဝေးစွ၊ အဆက်အသွယ်ပင် မပြုလုပ်ခဲ့။
ဆိုရလျှင်၊ တစ်ခါမျှ မက်မွန်ပွင့်ကျွန်းကို ခြေမချခဲ့ဖူးသည့်အလား..။
သူမဘက်က စတင် ဆက်သွယ်၍တော့ ရပါသည်။ သို့သော်၊ သူကဲ့သို့သော လေးစားခံ သခင်မမက်မွန့်ပွင့်အား ယောက်ျားတစ်ယောက်ဆီ စတင်ဆက်သွယ်ခိုင်းရန်ဆိုသည်မှာမူ အရူးအိပ်မက်သာ ဖြစ်ချေသည်။ ထိုသို့ဆက်သွယ်မည့်အစား အသေသာ ခံလိုက်ချေမည်။
ထိုငတုံးကောင်သည် သူ့ဘက်မှ စတင်ဆက်သွယ်ရမည် ဆိုခြင်းအား မသိသည်လော။ ထိုမျှပင် တုံးအရပါ၏လော။ ထိုအကောင်သည် သူမ၏ခံစားချက်များအား သတိပင်မထားခဲ့ပေ။
အစောပိုင်းတွင် သူမသည် ထိုအကောင်စုတ်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် အစီအစဉ် ရှိခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ ညဘက်တိုင်း သူ၏ပုံရိပ်များသည်အား သူမအား စိုးမိုးလာခဲ့သည်။ လူးတစ်လှိမ့်လှိမ့်နှင့် အိပ်မပျော်ခဲ့သော ညပေါင်းများခဲ့ရသည်။
မခံစားနိုင်တော့သဖြင့်၊ ကိုယ်တိုင်ကိုယ်ကျ ဒင်းအား သွားရှာမည် လုပ်သည့်အချိန်မှသာ၊ တိုက်တိုက်ဆိုင်ဆိုင် ထိုအကောင်က သတင်းစကား ပို့လာချေသည်။
သူမ အံ့ဩဝမ်းသာ ဖြစ်ကာ၊ ရင်တစ်ဒိန်းဒိန်း ခုန်မိတော့သည်။ ယခင်က နားကျည်းမှုများအားလုံး ဘယ်ဆီရောက်မှန်း မသိတော့ပေ။
"ဟေးရှားနန်းတော်နဲ့ ပင်လယ်မျိုးနွယ်စုက ဝူကျိမဟာမိတ်အဖွဲ့ကို ထိခိုက်စေဖို့ တိတ်တဆိတ် ပူးပေါင်းနေကြတယ် ဟုတ်လား…"
"အရင်က ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ သေဆုံးမှုက ဟေးရှားနန်းတော်ရဲ့ ပူးပေါင်းကြံစည်မှု ရလဒ် ဖြစ်နိုင်လား…"
"ဒါ ဖြစ်နိုင်မလား... သူ ငါ့ကို စိတ်ပူလို့ ဒီသတင်းစကား ပို့လိုက်တာများလား…"
"ဟွန့်… ဒီယောက်ျား ငါ့အပေါ် ခံစားချက် ရှိမှာ သေချာတယ်.. ဒါကြောင့် သူ အထူးတလည် သတိပေးတာပေါ့…"
"မဟုတ်ရင် သူ ဘာလို့ တခြားမိန်းမတွေကို သတိပေးနေရမှာလဲ…"
"ကြည့်ရတာ.. သူ ငါ့ကို မဆက်သွယ်ရတဲ့ အကြောင်းရင်း တစ်ခုရှိရမယ်…"
"အဲ့ဒါက သူ့ရဲ့ ယောက်ျားမာနကြောင့် ဖြစ်လောက်တယ်…"
"သူက ရွှေအမြုတေဆရာသခင် တစ်ယောက်ပဲ ဖြစ်ပြီး… သူ့ကျင့်ကြံမှုက ငါနဲ့ မယှဉ်နိုင်ဘူး ဆိုတာ သိလို့… သူက ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်မယ်… ဟွန့်.."
"သူ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာနဲ့… သူ ယုံကြည်မှု ရှိရှိနဲ့ ငါ့ရှေ့မှာ ပေါ်လာပြီး မျက်နှာပန်းလှလှ ကမ်းလှမ်းချင်တာ ဖြစ်ရမယ်…"
"ကြည့်ရတာ ငါ သူ့ကို ဆေးလုံးတွေ ပိုထောက်ပံ့ပေးရမယ်… သူ့ရဲ့ ကျင့်ကြံမှုကို ကူညီပြီး… ဝိညာဉ်သန္ဓေသားအဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး တက်လှမ်းစေရမယ်…"
"ငါ ဝိညာဉ်သန္ဓေသားအဆင့်ပစ္စည်းတွေနဲ့ ကောင်းကင်ကပ်ဘေးဆေးလုံးတွေ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်…"
သခင်မမက်မွန်ပွင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ စိတ်ကူးနှင့်ရူးနေမှုအား ရပ်တန့်မရနိုင်တော့။
သူမသည် ဟေးရှားနန်းတော်နှင့် ပင်လယ်မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မည်သည့် ပူးပေါင်းကြံစည်မှုကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
…