မဖွင့်မီ
Vol. 12 Ch. 129
ထန်ထျန်း စဉ်းစားနေစဉ်အတွင်း ဝမ်အမည်ရှိ ကျင့်ကြံသူက အခြားလူငယ်များကို နယ်မြေအတွင်းရှိ အခြေအနေများကို ဆက်လက်ရှင်းပြနေသည်။
"ရောင့်ရဲတတ်ဖို့ လိုတယ်၊ လောဘမကြီးနဲ့"
ဆရာကြီးဝမ်က တည်ကြည်စွာဖြင့် "လျှို့ဝှက်နယ်မြေထဲမှာ ကံကောင်း မှုတွေတင် ရှိတာမဟုတ်ဘူး၊ အန္တရာယ်တွေကလည်း နေရာတိုင်းမှာ ရှိနေတာ
သတိကြီးကြီးထားပြီး တစ်လှမ်းချင်း လျှောက်ရမယ်
မဟုတ်ရင် သတိလက်လွတ်ဖြစ်တာနဲ့ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ သတ်ဖြတ်ခြင်း အစီအရင် တွေထဲ ကျသွားပြီး အရိုးတောင် ရှာမရ ဖြစ်သွားလိမ့်မယ်"
သူ၏ အေးစက်စက် လေသံကြောင့် လူငယ်အချို့မှာ ပခုံးလေးများ တွန့်သွားကြပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အရိပ်ထင်လာကြသည်။
ထို့နောက် သူက ဆက်ပြောသည်။ "သတ်ဖြတ်ခြင်း အစီအရင် တွေအပြင် ကြောက်စရာကောင်းတဲ့ ဝိညာဉ်သားရဲတွေကိုလည်း ပိုပြီး သတိထားရမယ်။
ရတနာရှိတဲ့ နေရာတိုင်းမှာ သားရဲတွေက စောင့်ကြပ်နေတာပဲ။
လျူလီရေတွင်းတွေမှာ ရှိတဲ့ သားရဲတွေက အနည်းဆုံး ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်မှာ ရှိပြီး နတ်ဝိညာဉ် အဆင့်တွေလည်း အများကြီးပဲ"
"လျူလီကန်ငယ်တွေမှာဆိုရင်တော့ အခြေခံအားဖြင့် ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တွေပဲ။ ကံမကောင်းရင် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် သားရဲတွေ ပုန်းကွယ်နေတာမျိုးလည်း ကြုံရနိုင်တယ်
လျူလီရေကန်နဲ့ လျူလီအိုင်တွေကိုတော့ တွေ့ရင်တောင် မဝင်ကြနဲ့၊ မဟုတ်ရင် သေဖို့ပဲ ရှိတယ်
လျူလီပင်လယ်ဆိုရင်တော့ စဉ်းတောင် မစဉ်းစားနဲ့၊ အထဲမှာ အတိဒုက္ခဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့် သားရဲတွေချည်းပဲ။ အထဲမှာ အင်မော်တယ် သားရဲ တွေတောင် ရှိတယ်လို့ သတင်းထွက်နေတာ၊ ဘယ်လိုမှ မယှဉ်နိုင်ဘူး"
ဆရာကြီးဝမ်က တရစပ် ပြောနေသဖြင့် ကျန်သူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သို့သော် သူပြောသည်မှာ အမှန်တရားများဖြစ်ရာ ဤလူငယ်များကို အလဟသ အသက်မသေစေချင်သဖြင့် သတိပေးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။
ထို့နောက်တွင်မူ သူက အားလုံးကို ပြန်လည်နှစ်သိမ့်ပေးသည်။ သတိထားပြီး ကိုယ့်ဘာသာ သွားမသေလျှင်တော့ ပြဿနာကြီးကြီးမားမား မရှိနိုင်ကြောင်း၊ အဓိကမှာ အခြားကျင့်ကြံသူများကို သတိထားရန်နှင့် ဝူဒင်နန်းတော် လက်အောက်ခံ ဂိုဏ်းသားများကို ရှောင်ရှားရန် ဖြစ်ကြောင်း မှာသည်။
ဆက်လက်၍ သူက နယ်မြေအတွင်း ကြုံတွေ့ခဲ့ရသော ထူးဆန်းထွေလာများကို ပြောပြနေပြန်သည်။
ဥပမာ ကျင့်ကြံသူတစ်ဦးက အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် ဆုံပြီး တစ်ညတာ ပျော်ပါးခဲ့သော်လည်း နောက်တစ်နေ့မနက်တွင် ထိုအမျိုးသမီးမှာ ဖားပြုတ်ကြီးတစ်ကောင်မှ အသွင်ပြောင်းထားသည့် သားရဲဖြစ်နေကြောင်း သိလိုက်ရသည့်အဖြစ်။
အခြားကံဆိုးသူတစ်ဦးမှာ ရေတွင်းထဲတွင် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် သားရဲနှင့် တိုးသဖြင့် ကြောက်လွန်း၍ ဆီးထွက်မတတ် ဖြစ်ခဲ့ရသော်လည်း ထိုသားရဲမှာ စိတ်သဘောထား နူးညံ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ရပုံ။
အချို့သော ကံကောင်းသူများမှာမူ သေးပေါက် ရင်းပင် လျူလီရေကန်ကို တွေ့ရှိခဲ့ပုံနှင့် ကံအထူးဆုံးတစ်ဦးမှာ မတော်တဆ လျူလီပင်လယ်ထဲ ရောက်သွားသော်လည်း မည်သည့်သားရဲမှ မတိုက်ခိုက်သဖြင့် ရတနာများကို ဝဝလင်လင် စုပ်ယူနိုင်ခဲ့ပုံများ ဖြစ်သည်။
ဤစကားများကို ကြားရသော လူငယ်များမှာ စိတ်ကူးယဉ်၍တောက်ပ နေကြသည်။
၎င်းတို့ကလည်း ထိုကံကောင်းသူ ဖြစ်လာရန်နှင့် လျူလီပင်လယ်ထဲ ရောက်ရှိရန် မျှော်လင့်နေကြသည်။
သို့သော် ၎င်းတို့ စိတ်ကူးယဉ်နေစဉ်မှာပင် အေးစက်စက် အသံတစ်သံက လက်တွေ့လောကထဲသို့ ဆွဲခေါ်လိုက်သည်။
"ဟမ့်... မင်းတို့လို အမှိုက်တွေက လျူလီပင်လယ်ထဲ ဝင်ချင်သေးတယ်ပေါ့"
"ဒါက အိပ်မက်မက်နေတာပဲ"
ထန်ထျန်း အသံလာရာသို့ ကြည့်လိုက်ရာ လူငယ်ကျင့်ကြံသူ အချို့ကို တွေ့ရသည်။
၎င်းတို့၏ အော်ရာ မှာ အလွန်စွမ်းထက်ပြီး ဝတ်စုံမှာလည်း ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံပေါ်တွင် ခရမ်းရောင် ပန်းခက်ပုံစံများဖြင့် တူညီနေကြသည်။
၎င်းတို့မှာ ကျီယန်ဂိုဏ်း မှ တပည့်များ ဖြစ်ကြသည်။
လှပသော အိပ်မက်မှ အတင်းနှိုးခြင်း ခံလိုက်ရသဖြင့် လူငယ်များမှာ မကျေမနပ် ဖြစ်သွားသော်လည်း တစ်ဖက်လူ၏ ဝတ်စုံကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ခေါင်းငုံ့သွားကြသည်။
"ကျွန်တော်တို့က... စဉ်းစားရုံပဲလေးပါ..."
"ကံကောင်းသွားမလားလို့ပါ..." ဟု တစ်ဦးက တိုးတိုးလေး ပြောရှာသည်။
ကျီယန်ဂိုဏ်း တပည့်က အထင်သေးစွာ ပြုံးလိုက်သည်။ "မစဉ်းစားနဲ့တော့၊ ဒီတစ်ခေါက်မှာ ကံကောင်းတာမျိုး မရှိဘူး
လျူလီပင်လယ်မှာ ဝင်ပေါက် စုစုပေါင်း ၁၀ ခုပဲ ရှိတာ။ ငါတို့ ကျီယန်ဂိုဏ်းက ၅ ခု ယူထားတယ်။ ကျန်တဲ့ ၅ ခုက ဝူဒင်နန်းတော်ရဲ့ တခြား အင်အားကြီး ဂိုဏ်းတွေအတွက်ပဲ။
မင်းတို့မှာ အစွမ်းရှိရင်တော့ သွားစမ်းကြည့်ပေါ့၊ ကံတရားက မင်းတို့ကို စောင့်ရှောက်မလား ကြည့်ရတာပေါ့"
အခြားကျင့်ကြံသူများ အားလုံး တိတ်ဆိတ်သွားကြသည်။
မည်သို့ပင်ဆိုစေ လျူလီလျှို့ဝှက်နယ်မြေမှာ ဝူဒင်နန်းတော် နှင့် သက်ဆိုင်သောကြောင့် အကောင်းဆုံး အရာများကို သူတို့ လူများအတွက်သာ ချန်ထားမည်မှာ ဓမ္မတာပင်။
သို့သော် ကျီယန်ဂိုဏ်း တပည့်၏ စကားကြောင့် ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။
အခြားလူတွေ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ လျူလီပင်လယ်ကို သေချာပေါက် သွားရမည်ဖြစ်သည်။
ဝင်ပေါက်အားလုံးကို ပိတ်ထားသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူက ချီယွမ်ကို ဆက်သွယ်ပြီး သတင်းစုံစမ်းခိုင်းလိုက်သည်။
ချီယွမ်ထံမှ ချက်ချင်း ပြန်ကြားချက် ရလာသည်။
ထိုဝင်ပေါက် ၁၀ ခုကို ကျီယန်ဂိုဏ်းနှင့် အခြားအင်အားကြီး ၅ ဂိုဏ်းက ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ အခြားလူများကို ပေးဝင်ရန် အစီအစဉ် မရှိကြောင်း သိရသည်။
"ပိုက်ဆံနဲ့ ဖြေရှင်းလို့ ရမလား"
ထန်ထျန်းက မေးလိုက်သည်။
ခဏအကြာတွင် ချီယွမ်က ပြန်ဖြေသည်။ "ရတယ်
ကျီယန်ဂိုဏ်းက သူတို့ ဝင်ပေါက် တစ်ခုမှာ နေရာအချို့ကို ဖယ်ပေးမယ်တဲ့။
နေရာတစ်ခုကို ရှန့်ထန်းတာအိုကျောက်စိမ်း အတုံး ၂၀ ပေးရမယ်
ဒါပေမဲ့ အထဲရောက်ရင် သူတို့ စီစဉ်တဲ့အတိုင်း လုပ်ရမယ်တဲ့"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် နေရာကို အရင်ယူထားရန် သူ ဆုံးဖြတ်လိုက်သည်။ အထဲရောက်မှ အခြေအနေကို ကြည့်မည်။
အကယ်၍ သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လျှင် ပြဿနာမရှိသော်လည်း မပေးနိုင်ပါက...
လျူလီလျှို့ဝှက်နယ်မြေထဲတွင် သူ့ကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။
"နေရာကို အရင်ဝယ်လိုက်ပါ၊ ပြန်ရောက်ရင် ပိုက်ဆံပြန် ပေးမယ်"
ထန်ထျန်းက ပြောလိုက်သည်။
ချီယွမ်က ရယ်မောလျက် "ရပါတယ်
အတုံး ၂၀ ... အဲ... အတုံး ၄၀ ဆိုတာ ဘာမှမဟုတ်ပါဘူး။ အေးဆေးပါ၊
ဘယ်အချိန်ပေးပေး ရပါတယ်။" ဟု ဆိုသော်လည်း ဝိညာဉ်ကျောက် ၄၀ ထရီလီယံမှာ သူ့အတွက်လည်း မနည်းလှသော ပမာဏပင်။
ခဏအကြာတွင် စနစ်၏ အသံက ထန်ထျန်း၏ ဦးနှောက်ထဲတွင် မြည်လာသဖြင့် ဤကဲ့သို့ ကြားလူမှတစ်ဆင့် ဝယ်ယူခြင်းကိုလည်း စနစ်က အသိအမှတ်ပြုကြောင်း သိလိုက်ရသည်။
ထိုစဉ် ဘေးစားပွဲမှ ကျင့်ကြံသူများမှာ စားသောက်ပြီး၍ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ထန်ထျန်းလည်း ဆက်စားချင်စိတ် မရှိတော့သဖြင့် ပါဆယ်များကို ယူကာ ဆိုင်မှ ထွက်လာခဲ့သည်။
ကျန်ရှိသော ရက်အနည်းငယ်အတွင်း ထန်ထျန်းက လျူလီမြို့ထဲတွင် အေးအေးဆေးဆေး လည်ပတ်ရင်း ဈေးဝယ်နေခဲ့သည်။
မြို့မှာ အလွန်ကျယ်ဝန်းပြီး ဆိုင်များစွာ ရှိသဖြင့် ထန်ထျန်းက ဆိုင်တိုင်းရှိ အဖိုးတန်ဆုံး ပစ္စည်းများကို ဝယ်ယူနေသော်လည်း လူအများ၏ အာရုံစိုက်မှုကို သိပ်မခံရပေ။
နယ်မြေပွင့်မည့် အချိန်နီးကပ်လာသည်နှင့်အမျှ မြို့ထဲတွင် ကျင့်ကြံသူများ ပိုမိုများပြားလာပြီး ဝူဒင်နန်းတော်၏ အခြားလက်အောက်ခံ ဂိုဏ်းသားများကိုလည်း သူ တွေ့ရှိခဲ့ရသည်။
ချီယွမ် ပြောသကဲ့သို့ပင် ဤနေရာသို့ လာသော တပည့်များမှာ ဂိုဏ်း၏ အထက်တန်းလွှာများ ဖြစ်ကြသည်။
၎င်းတို့မှာ အလွန် မာန်တက်နေကြပြီး အထူးသဖြင့် ဂိုဏ်းဝင်မဟုတ်သော ကျင့်ကြံသူများကို နှိမ့်ချသော အကြည့်များဖြင့် ကြည့်တတ်ကြသည်။
၎င်းတို့မှာ အမှန်တကယ်ပင် သန်မာကြသည်။ ကျင့်ကြံခြင်းအဆင့် တူညီနေပါက ဂိုဏ်းသားများမှာ သာမန်ကျင့်ကြံသူများကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိကြသည်။
ဤအခြေအနေများကို မြင်ရပြီးနောက် ထန်ထျန်းက အခြားဂိုဏ်းသားများ၏ စွမ်းအားကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ကျီယန်ဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းများမှလွဲ၍ ကျန်ဂိုဏ်းများမှာ ချင်းယွဲ့ဂိုဏ်းနှင့် သိပ်မကွာလှပေ။
မကြာမီ ၅ ရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လျူလီလျှို့ဝှက်နယ်မြေက တရားဝင် ပွင့်တော့မည် ဖြစ်သည်။