← Chapters

အနန္တတာအိုနိယာမ ကောင်းကင်ကုလားကာ

Vol. 12 Ch. 139

အနန္တတာအိုနိယာမ ကောင်းကင်ကုလားကာ

Vol. 12 Ch. 139

လျူလီပင်လယ်၊ အဝင်ဝ

ဆယ်ရက်ကျော်ကြာ နယ်မြေချဲ့ထွင်ပြီးနောက် ကျီယန်ဂိုဏ်းမှ ကျင့်ကြံသူ များက နောက်ဆုံးတွင် ဘေးကင်းသော ဇုန်တစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။

၎င်းတို့က ရှေ့သို့ ထပ်မံမတိုးနိုင်တော့ပေ။ အကြောင်းမှာ အတွင်းသို့ နက်လေလေ ဝိညာဉ်သားရဲများမှာ ပိုမိုအစွမ်းထက်လာသောကြောင့် ဖြစ်သည်။

တက်လှမ်းခြင်း အဆင့်မှသည် အင်မော်တယ် သားရဲ များအထိ နေရာအနှံ့ ရှိနေသည်။

လောဘတက်၍ စွန့်စား၍မရပေ။

ထို့ကြောင့် ကျင့်ကြံသူ များက ဤနေရာတွင် ရပ်တန့်ကာ ကြီးမားသော ယပ်တောင်ပုံစံဖြင့် တည်နေရာယူပြီး အပြင်ဘက်မှ အားကောင်းသော သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ဘေးကင်းဇုန်အတွင်း ကျင့်ကြံနေသော တပည့်များကို အကာအကွယ်ပေးထားကြသည်။

သို့သော် ၎င်းတို့ တပည့်များ၏ ကျင့်ကြံရေးကိစ္စများကို စီစဉ်ပေးနေစဉ်မှာပင် ထူးဆန်းသော လှိုင်းတစ်ခုက မည်သည့် အရိပ်အယောင်မျှမပြဘဲ တစ်နယ်မြေလုံးကို ရိုက်ခတ်သွားသည်။

ချက်ချင်းပင် ဘေးကင်းဇုန် အပြင်ဘက်ရှိ သားရဲအားလုံးမှာ တစ်စုံတစ်ဦး၏ အမိန့်ကို ရရှိလိုက်သကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လာကြတော့သည်။

ထို့နောက် ၎င်းတို့အားလုံးက လမ်းကြောင်းပြောင်းကာ လျူလီပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ တစ်ဟုန်ထိုး ကူးခတ်သွားကြသည်။

ကျီယန်ဂိုဏ်းသားများမှာ မှင်တက်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာဖြစ်သွားမှန်း မသိဖြစ်နေကြသည်။

"အရင်က ဒီလိုမျိုး ဖြစ်ဖူးလား"

တစ်စုံတစ်ဦးက မေးလိုက်သည်။

"မဖြစ်ဖူးဘူး။

လျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိတာ နှစ်ပေါင်း ရာနဲ့ချီနေပြီ။ သားရဲတွေရဲ့ လှုပ်ရှားမှုက ပုံသေပဲ၊ သူတို့ရဲ့ နယ်မြေကနေ တစ်ဖဝါးမှ မခွာကြဘူး" ဟု တစ်ဦးက ဖြေသည်။

"ဒါဆို ဘာဖြစ်တာလဲ"

"ပင်လယ်အနက်ပိုင်းမှာ တစ်ခုခု ထူးခြားတာ ဖြစ်နေလို့လား"

လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။

လျူလီလျှို့ဝှက်နယ်မြေထဲသို့ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်နှင့် အောက်ကသာ ဝင်နိုင်သော်လည်း နယ်မြေထဲ၌ ထိုထက် အစွမ်းထက်သူများ ရှိနေနိုင်သည်။

နှစ်ပေါင်း ရာချီသော မှတ်တမ်းများအရ ဤနေရာရှိ အစွမ်းအထက်ဆုံး သားရဲမှာ အစစ်အမှန် အင်မော်တယ် အဆင့်ပင် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သော တည်ရှိမှုမျိုးသာ လှုပ်ရှားလာပါက ၎င်းတို့အားလုံး ဤနေရာမှာပင် သေရပေလိမ့်မည်။

"သွားစုံစမ်းကြမယ်။

တကယ်လို့ ထူးခြားတာ တစ်ခုခု ဖြစ်နေရင် သေရရင်တောင် ဒီသတင်းကို ဂိုဏ်းဆီ အရောက်ပို့ရမယ်"

တိုင်ပင်ပြီးနောက် အားကောင်းသော ကျီယန်ဂိုဏ်းသား အချို့က ပင်လယ်အနက်ပိုင်းသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် လျူလီပင်လယ် အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်၌

ဖြူလွလွ ကြောင်ကလေး၏ ဟိန်းဟောက်သံအပြီးတွင် အလွန်ကြောက်စရာကောင်းသော အော်ရာ အမြောက်အမြားက သူ့ထံသို့ ဦးတည်လာနေကြောင်း ထန်ထျန်း ခံစားလိုက်ရသည်။

ထို့ပြင် သူ၏ အာရုံခံနိုင်စွမ်းအတွင်း၌ ပုံရိပ်ပေါင်းများစွာ ပေါ်ထွက်လာသည်။

မကြာမီ မြောက်မြားလှစွာသော ဝိညာဉ်သားရဲများက သူ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ထိုအော်ရာ များမှာ အင်မော်တယ် အဆင့် အထက်တွင် ရှိနေကြပြီး အစောဆုံး ရောက်လာသူများမှာ အနည်းဆုံး ကောင်းကင် အင်မော်တယ် အဆင့်များ ဖြစ်ကြသည်။

ထန်ထျန်း မျက်မှောင်ကြုတ်ကာ ကြောင်ကလေးကို ကြည့်လိုက်သည်။ "မင်း တကယ်ပဲ ငါနဲ့ စကားမပြောချင်ဘူးလား"

ကြောင်ကလေးမှာ အမွေးများ ထောင်နေတုန်းပင် "မင်းတို့လို လူစားနဲ့ ဘာပြောစရာ ရှိလို့လဲ

ဒီနေ့တော့ သူသေ၊ ကိုသေပဲ

တိုက်ကြစမ်း"

၎င်း၏ အမိန့်အောက်တွင် ပတ်ဝန်းကျင်ရှိ သားရဲများမှာ ရူးသွပ်စွာ ဟိန်းဟောက်ကာ ထန်ထျန်းထံသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် စွမ်းအား များက ပင်လယ်အောက်တွင် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲကာ ထန်ထျန်းဆီသို့ တိုးဝင်လာသည်။

ဤတိုက်ခိုက်မှုမျိုးမှာ ကောင်းကင်အင်မော်တယ် တစ်ဦးပင်လျှင် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

သို့သော် ဝမ်းနည်းစရာမှာ ၎င်းတို့ ရင်ဆိုင်နေရသူမှာ ထန်ထျန်း ဖြစ်နေခြင်းပင်။

ကြောက်စရာကောင်းသော တိုက်ခိုက်မှုများ ရောက်လာသည်ကို မြင်သောအခါ ထန်ထျန်းက သူ၏ အနန္တတာအိုနိယာမ ကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

ပင်လယ်ရေအောက်တွင် ကြယ်တာရာပင်လယ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ ထန်ထျန်း ကျင့်ကြံစဉ်က ရောက်ရှိခဲ့သော နေရာပင် ဖြစ်သည်။

ကြယ်တာရာပင်လယ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လောက၏ နိယာမတရားများမှာ ပြောင်းလဲသွားတော့သည်။

အဆုံးမဲ့သော ကြယ်တာရာများ တောက်ပလာပြီး ကြီးမားလှသော ကြယ်ရောင်ခြည် ကုလားကာကြီးတစ်ခုက ပတ်ဝန်းကျင် မိုင်အနည်းငယ်ကို လွှမ်းခြုံလိုက်သည်။

၎င်းမှာ ကောင်းကင် တံတိုင်းကြီးတစ်ခုနှင့် တူလှသည်။

"အနန္တတာအိုနိယာမ... ကောင်းကင်ကုလားကာ"

ထန်ထျန်းက အေးဆေးစွာ ရေရွတ်လိုက်သည်။

ဤနည်းစနစ်မှာ သူ၏ စွမ်းအားအားလုံးကို စုစည်းပြီး ဖန်တီးထားသော အစွမ်းအထက်ဆုံး တိုက်ခိုက် မှု ဖြစ်သည်။

ဤနည်းစနစ်မှာ ယခင်က သီအိုရီအရသာ ရှိခဲ့ပြီး လက်တွေ့ မစမ်းသပ်ရသေးပေ။

သို့သော် ယနေ့ ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ချိန်တွင် ရရှိလာသော ရလဒ်မှာ ထန်ထျန်းကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ဤကောင်းကင်ကုလားကာ အတွင်း၌ သူက လောက၏ အရှင်သခင်ကဲ့သို့ ဘာမဆို လုပ်နိုင်သည်ဟု ခံစားရသည်။

သူ လက်ကို အသာအယာ မြှောက်လိုက်ရုံဖြင့် သားရဲများ၏ တိုက်ခိုက်မှု အားလုံးမှာ ပျော်ဝင်သွားသည်။

လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ကုလားကာအတွင်းရှိ နတ်ဘုရားသားရဲများက တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားပြီး အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲကာ ပင်လယ်ရေထဲသို့ ပျော်ဝင်သွားတော့သည်။

"ဘန်း"

"ဘန်း"

"ဘန်း"

ပေါက်ကွဲသံများမှာ အဆက် မပြတ်ထွက်ပေါ်နေသည်။

မည်မျှပင် များပြားသော သားရဲများ ဝင်လာပါစေ တိုက်ခိုက်မှု တစ်ခုပင် မပြုလုပ်နိုင်ဘဲ အသက်ပျောက်ကုန်ကြသည်။

ဖြူလွလွ ကြောင်ကလေးမှာ သူ၏ သားရဲများ မျက်စိရှေ့တွင်ပင် ပျက်သုဉ်းသွားသည်ကို ကြည့်ရင်း တုန်လှုပ်နေသည်။

ထန်ထျန်းက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ၎င်း မထင်ထားခဲ့ပေ။

သို့သော်လည်း ၎င်းက သွားကို တင်းတင်းကြိတ်ကာ ထန်ထျန်းကို စိုက်ကြည့်နေပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။

ထန်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤထူးဆန်းသော ကြောင်ကလေးကို စိတ်ဝင်စားနေမိသည်။ အကယ်၍ ဤအတိုင်း ဆက်သွားပါက တကယ်ပင် 'သူ သေ ကို သေ' အခြေအနေ ဖြစ်သွားပေလိမ့်မည်။

"မင်း တကယ်ပဲ စကားမပြောချင်သေးဘူးလား" ထန်ထျန်းက မေးလိုက်သည်။

"မင်း မြင်တဲ့အတိုင်းပဲ

ငါ တကယ် သတ်ချင်ရင် မင်းကို စောစောကတည်းက သတ်လို့ရတယ်။"

ကြောင်ကလေးက သွားကြိတ်လျက် "မင်း ငါ့ကို သတ်မှာ မဟုတ်တာ သိတာပေါ့

ငါ့ကို သတ်လိုက်ရင် မင်းက ကမ္ဘာပေါ်က သက်ရှိတွေကို ဘယ်လို သုံးပြီး တိုက်ခိုက်တော့မှာလဲ

စိတ်ကူးယဉ်မနေ နဲ့

ငါ သေရရင်တောင် မင်းရဲ့ ငရဲလို ပြစ်မှုတွေအတွက် လက်နက် အဖြစ်မခံနိုင်ဘူး"

ထန်ထျန်း ခေါင်းခါလိုက်သည်။ "ဘာလက်နက်လဲ ဘာကမ္ဘာပေါ်က သက်ရှိတွေကို တိုက်ခိုက်တာလဲ

မင်း ဘာတွေ ပြောနေတာလဲဆိုတာ ငါ လုံးဝ မသိဘူး။"

ကြောင်ကလေးက နှာခေါင်းရှုံ့လိုက်သည်။ "ဟန်မဆောင်စမ်းနဲ့

ဒီနယ်မြေက သေမျိုးအဆင့် အောက်က သူတွေကိုပဲ ဝင်ခွင့်ပြုတာ။ အင်မော်တယ် စွမ်းအား ရှိတဲ့သူတောင် ဝင်မရဘူး။

မင်းလို နိယာမတရားတွေကို ကျော်လွန်နေတဲ့ ကောင်က ဝင်လာတယ်ဆိုတာ အဲဒီ ရည်ရွယ်ချက်ကလွဲလို့ ဘာရှိဦးမှာလဲ

ဟမ့်... ငါက အလွယ်တကူ လှည့်စားလို့ရမယ့်သူလို့ ထင်နေလား

ငါက အရမ်းဉာဏ်ကောင်းတာ"

ထန်ထျန်းမှာ ဆွံ့အသွားတော့သည်။

မင်းက ဒီအချက်ကို ကြည့်ပြီး ဆုံးဖြတ်နေတာလား။

သူက ပြုံးလျက် ခေါင်းခါလိုက်ပြီး "မင်း ဉာဏ်ကောင်းတာတော့ ဟုတ်ပါတယ် ဒါပေမဲ့ သိပ်တော့ မဟုတ်သေးဘူး။

ငါက နိယာမတရားတွေကို ကျော်လွန်နေတဲ့ ကျင့်ကြံသူ မဟုတ်ဘူး။"

ပြောပြီးသည်နှင့် သူက သူ၏ အရှိန်အဝါကို အကာအကွယ်မရှိဘဲ လွှတ်ထုတ်လိုက်သည်။ ထန်ထျန်း၏ အရှိန်အဝါကို ခံစားမိသည်နှင့် ကြောင်ကလေးမှာ မှင်တက်သွားသည်။

"သေမျိုးအဆင့်လား "

ထန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။

ကျင့်ကြံခြင်းလောကတွင် အဆင့်ခွဲခြားမှု နှစ်မျိုးရှိသည်။

တစ်ခုမှာ အဆင့်ကြီးများ ( ချီသန့်စင်ခြင်း ၊အုတ်မြစ်ချခြင်း၊ ရွှေအူတိုင်အဆင့် စသည်) ဖြစ်ပြီး နောက်တစ်ခုမှာ အဆင့်ငယ်များ (အစောပိုင်း၊ အလယ်အဆင့်၊ နှောင်းပိုင်း၊ အထွတ်အထိပ် စသည်) ဖြစ်သည်။

သို့သော် လူအနည်းငယ်သာ သိသည်မှာ တတိယမြောက် ခွဲခြားမှုကြီး ရှိနေခြင်းပင်။

ဝိညာဉ်စွမ်းအင် ကို ကျင့်ကြံသူများကို စုပေါင်း၍ ဖန်ကျင့်( သေမျိုး) ဟု ခေါ်သည်။ ချီသန့်စင်ခြင်းအဆင့် မှ တက်လှမ်းခြင်းအဆင့် အထိ အဆင့် ၉ ဆင့်လုံးမှာ ဖန်ကျင့်(သေမျိုး) ကျင့်ကြံသူများ ဖြစ်ကြသည်။

အင်မော်တယ် စွမ်းအား ကို ကျင့်ကြံသူများကိုမူ ရှန်းကျင့်(အင်မော်တယ်နယ်ပယ်) ဟု ခေါ်သည်။

လျူလီလျှို့ဝှက်နယ်မြေ၏ စည်းမျဉ်းမှာ ဖန်ကျင့်(သေမျိုးနယ်ပယ်) အတွင်းရှိ သက်ရှိများကိုသာ ဝင်ခွင့်ပြုခြင်း ဖြစ်သည်။ တက်လှမ်းခြင်း အဆင့်က အင်မော်တယ် စွမ်းအား အနည်းငယ် ပိုင်ဆိုင်ထားသဖြင့် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်နှင့် အောက်ကသာ ချောမွေ့စွာ ဝင်နိုင်ခြင်း ဖြစ်သည်။

"အခု စကားပြောလို့ ရပြီလား"

ထန်ထျန်းက မေးလိုက်သည်။

ကြောင်ကလေးက ထန်ထျန်းကို အကြာကြီး စိုက်ကြည့်နေသည်။

နောက်ဆုံးတွင် ၎င်း၏ မျက်လုံးများ တောက်ပလာပြီး ဆန်းကြယ်သော တာအိုအော်ရာ တစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

အရပ်မျက်နှာအနှံ့မှ ရောက်လာသော သားရဲအားလုံးက အမိန့်ရလိုက်သကဲ့သို့ ရပ်တန့်သွားကြသည်။

ထို့နောက် လမ်းကြောင်းပြောင်းကာ ၎င်းတို့၏ မူလနယ်မြေများသို့ ပြန်သွားကြတော့သည်။

ပင်လယ်အနက်ပိုင်းမှာ ယခင်ကကဲ့သို့ ပြန်လည် ငြိမ်သက်သွားသည်။

"ဒါဆို ပြောလေ"

ကြောင်ကလေးက မေးလိုက်သည်။ "မင်း ဒီကို ဘာလာလုပ်တာလဲ"

All Chapters