← Chapters

ကျိုးတျန်၏ အရည်အချင်း “ဒီလောက်ပဲလား”

Vol. 7 Ch. 70

ကျိုးတျန်၏ အရည်အချင်း “ဒီလောက်ပဲလား”

Vol. 7 Ch. 70

ကျန်းဆန်းဖုန်းသည်လည်း အတန်ငယ် အံ့အားသင့်သွားရသည်။ ထို့နောက် ကျောက်မိန်သည် ကျန်းဝူကျိကို သံယောဇဉ်အရိပ်အယောင်များဖြင့် အမြဲမပြတ် ကြည့်ရှုနေသည်ကို မြင်သောအခါ သူ နားလည်သွားတော့သည်။ ဤသည်မှာ ကျန်းဆန်းဖုန်းကို ရယ်ချင်စိတ်ဖြစ်စေသည်ဟု ဆိုရမည်။ ဤနိုင်ငံခြားသူ‌ေလးများမှာ အမှန်တကယ်ပင် ပွင့်လင်းရဲတင်းပေရာ လူအများရှေ့တွင်ပင် ငါ့မြေး ဝူကျိကို ဝန်လေးခြင်းမရှိဘဲ မျက်လုံးချင်း ဖလှယ်ရဲလေသည်။

ကျောက်မိန်ဘက်မှ ကျွမ်းကျင်သူအချို့မှာမူ ဆက်၍ အောင့်အီးမထားနိုင်ကြတော့ပေ။ မင်းသမီးနှင့် ထိုကျန်းမျိုးရိုးကောင်လေးတို့အကြား တစ်ခုခုရှိနေသည်ဆိုစေကာမူ၊ ယွမ်နန်းတော်၏ အရေးကြီးကိစ္စများကိုမူ အနှောင့်အယှက် အဟန့်အတား မဖြစ်စေသင့်ဟု သူတို့ တွေးတောမိကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အကဲခတ်လျက် ဆုံးဖြတ်ချက် ချလိုက်ကြလေပြီ။

လုကျန်းခဲ့က အေးစက်စွာဖြင့်“ဂိုဏ်းချုပ်ကြီးကျန်းက အညံ့မခံဘူးဆိုရင်တော့ ဒီနေ့ ဝူတန်ဟာ ရှောင်လင်လိုကံကြမ္မာမျိုးနဲ့ ကြုံရမှာပဲ”

ကျန်းဝူကျိသည် ရှောင်လင်ဂိုဏ်း၏ အဖြစ်အပျက်ကို ကျန်းဆန်းဖုန်းအား ပြောပြထားပြီးဖြစ်ရာ ရှောင်လင်ကျောင်းတော်ရှိ ဘုန်းကြီးများအားလုံး အဖမ်းခံရပြီး ဆန်တုဆရာတော်ကြီးသုံးပါး၏ ကာကွယ်မှုအောက်တွင် အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ကြောင်း သိရှိထားပြီးဖြစ်သည်။

သို့သော် ကျန်းဆန်းဖုန်းသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာဖြင့်

“ဝူတန်တောင်ဟာ မကြီးမားဘူးဆိုပေမဲ့ မင်းတို့လို လူယုတ်မာတွေ ရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး”

ကျန်းဆန်းဖုန်းသည် စိတ်နှင့် ခန္ဓာကို ကျင့်ကြံထားသူ ဖြစ်ပြီး အမှန်တကယ် အိုမင်းမစွမ်း ဖြစ်မနေသေးပေ။ သူ၏ သိုင်းပညာအစွမ်းဖြင့်ဆိုလျှင် လုကျန်းခဲ့နှင့် သူ၏အပေါင်းအပါများ အားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် သူ၏ လက်ဝါးတစ်ချက်စာကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ကျောက်မိန်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ရွှမ်မင်အကြီးအကဲနှစ်ဦးနှင့် အခြားသူများသည် အမှန်တကယ်တွင် သူမ၏ ခမည်းတော်အမိန့်အရ လုပ်ဆောင်နေခြင်းဖြစ်ရာ သူမအနေဖြင့် အလွန်အကျွံ ရမ်းကား၍မရသည်ကို သိနေသည်။ သို့သော် ကျန်းဝူကျိ ဤနေရာတွင် ရှိနေသရွေ့ သူတို့ မည်သို့များ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်ပါမည်နည်း။

သူမ အနည်းငယ် ခေါင်းခဲနေစဉ်မှာပင် ကျန်းဝူကျိက ရယ်မောလျက် ထွက်လာပြီး “တိုက်ခိုက်ဖို့က ခဏထားဦး။ မင်းတို့ထဲမှာ ဘယ်သူက အနောက်တိုင်း ကုန်းထုံဂိုဏ်းကလဲ။ ရှေ့ကို တစ်လှမ်းတက်ခဲ့စမ်း၊ ဒီဆရာကြီးက ကြည့်ချင်လို့”

မိမိကိုယ်ကိုယ် ‘ဒီဆရာကြီး’ ဟု ခေါ်ဝေါ်လိုက်ခြင်းက ကျောက်မိန်ဘက်မှ ကျွမ်းကျင်သူများကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။

အာအာနှင့် အာဆန်းတို့သည် ရှေ့သို့ တက်လာပြီး အေးစက်စွာ ပြောကြသည်မှာ -

“ငါတို့က အနောက်တိုင်း ကုန်းထုံဂိုဏ်းကပဲ။ မင်း ဘာပြောချင်လဲဆိုတာ ငါတို့ သိတယ်။ ယင်းလိထင် ဒဏ်ရာရတာ ငါတို့ လက်ချက်ပဲလေ”

သူတို့ ဝန်ခံလိုက်သည်ကို ကြားသောအခါ ယွီတိုင်ယန်သည် အလွန်အမင်း ဒေါသထွက်သွားကာ ဒေါသမီးများပင် တဟုန်းဟုန်းတောက်လောင်လာသလို ခံစားရလေသည်။ သူ နှစ်ပေါင်းများစွာ မသန်မစွမ်း ဖြစ်ခဲ့ရသည်မှာလည်းကောင်း၊ သူ၏ ပဉ္စမမြောက် ဂိုဏ်းတူညီလေးနှင့် ဇနီးသည်တို့ သေဆုံးခဲ့ရသည်မှာလည်းကောင်း၊ ဤလူနှစ်ယောက်၏ တာဝန်သာ ဖြစ်သည်။

သို့သော် ကျန်းဝူကျိမှာမူ အလောမကြီးဘဲ ကုန်းရှင်းကို ကြည့်ကာ ပြောသည်မှာ -

“ဒီလူက ခုန်းရှန်းလို့ ခေါ်တာလား။ မင်းတို့ကုန်း ထုံဂိုဏ်းရဲ့ စည်းမျဉ်းအရဆိုရင် သူ့ကို ခုန်းရှင်းလို့ ခေါ်ရမယ် မဟုတ်လား။ သူက မင်းတို့ရဲ့ ဂိုဏ်းတူညီလေးလား”

အာအာက အေးစက်စွာ ပြောသည်မှာ -

“ဟုတ်တယ်။ ဒီတစ်ခါ လုပ်ကြံတာ မအောင်မြင်ဘူး၊ မင်းတို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်”

“ကံကောင်းတာ မကောင်းတာ မင်းတို့ ပူစရာမလိုပါဘူး။ ဒီလူ့အသက်ကို လိုချင်သေးရင်တော့ အနက်ရောင် ကျောက်စိမ်းဆီနဲ့ လဲလှယ်ရလိမ့်မယ်။ မဟုတ်ရင်တော့ သူ့ရဲ့ အသက်လေးကတော့ ပါသွားတော့မှာပဲ”

ကျန်းဝူကျိသည် အရေးကြီးသော ကိစ္စများကို အရင်ကိုင်တွယ်ရန် စဉ်းစားလိုက်သည်။ သူသည် အနက်ရောင် ကျောက်စိမ်းဆီကို အရင်ရအောင်ယူမည်၊ ထို့နောက် ဤလူယုတ်မာများကို ရိုက်နှက်မည်၊ ပြီးမှ ကျောက်မိန်ကို ပိုးပန်းမည်။ ထိုသည်မှာ အကွက်ကျကျ ပင်ဖြစ်သည်။

အာအာသည် အေးစက်စွာ လှောင်ပြောင်လျက် -“မင်းကိုယ်တိုင် အဖမ်းခံရတော့မယ့် အခြေအနေမှာတောင် ဒီလောက် စကားကြီး စကားကျယ် ပြောနေရဲသေးတယ်ပေါ့လေ”

“ဘာ..... အဖမ်းခံရမယ် ဟုတ်လား။ မင်းတို့ကလား။ ရေတွင်းထဲက ဖားသူငယ်လေးတွေကျနေတာပဲ။ မင်းတို့လို လူ့အသုံးမကျတွေကလည်း ကြွားတတ်လိုက်တာ”

ကျန်းဝူကျိက ရယ်မောလျက်ပင် “မင်းတို့မှာ အဲဒီလို စွမ်းရည်ရှိတယ်ဆိုရင်တောင် မင်းတို့ရဲ့ ဂိုဏ်းတူညီလေး အသက်ကို ဂရုမစိုက်ဘူးလား”

အာအာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ “သူ့တာဝန်ကို သူ မကျေပွန်ဘူးလေ၊ အဲဒီတော့ သူ သေသင့်တာပေါ့။ ယွီတိုင်ယန် ကို ကုဖို့ ဆေးနဲ့ လဲလှယ်ဖို့ သူ့အသက်ကို သုံးချင်တာလား။ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး”

“တောက်....ဘာ.... ကြည့်စမ်းပါဦး။ အဲဒီ ဟွာကုန်းထူးထော့ရဲ့ အနွယ်ဝင်တွေဆိုတော့လည်း စိတ်ဓာတ်က တော်တော်ကို အောက်တန်းကျပါလား”

ကျန်းဝူကျိသည် ခုန်းရှန်း၏ ထိပ်ပြောင်ပြောင်ကို ပုတ်ကာ ပြောသည်မှာ -

“ကြည့်စမ်း၊ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက မင်းကို သေစေချင်နေတာ။ မင်း ဘာလို့များ လုပ်ကြံဖို့ ကြိုးစားခဲ့တာလဲ။ မင်းကတော့ တကယ် ငတုံးပဲ။ ငါ့ရဲ့ အဖိုးက စိတ်ကောင်းမရှိရင်တော့ မင်း သေရင်တောင် ဘယ်သူမှ သနားမှာ မဟုတ်ဘူး”

ခုန်းရှန်းသည် ဤစကားများကို ကြားရသောအခါ စိတ်မသက်မသာ ဖြစ်သွားသော်လည်း ဘာမျှ မပြောနိုင်ပေ။ သူသည် လက်ရှိတွင် အကြောပိတ်ခံထားရသဖြင့် စကားမပြောချင်ဘဲ ငြိမ်သက်စွာသာ နေနေရသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ မကျေနပ်သည့် အရိပ်အယောင်များ ရှိနေလေသည်။

အာအာက လှောင်ပြောင်သည်မှာ -

“မင်းက အဖမ်းခံရတော့မှာပဲ၊ စကားတွေ အများကြီး ပြောမနေနဲ့တော့။ လောကမှာ အနှိုင်းမဲ့တယ်လို့ ပြောကြတဲ့ ကျန်းဆန်းဖုန်းက တကယ်ပဲ စွမ်းရည်ရှိတာလား၊ နာမည်ကျော်တာပဲ ရှိတာလားဆိုတာ ငါ ကြည့်ချင်သေးတယ်”

ထိုသို့ ပြောပြီးနောက် သူသည် ရှေ့သို့ တက်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် ရယ်သံတစ်ခု ဟိန်းထွက်လာတော့သည်။

“လုပ်ကြံဖို့ပဲ သိတဲ့ ကတုံးသူခိုးက ဂိုဏ်းချုပ်ကြီးကျန်းကို စိန်ခေါ်ဖို့ အဆင့်မမီသေးပါဘူး”

ရယ်သံသည် တဖြည်းဖြည်း နီးကပ်လာပြီး အရှေ့ဘက် ခေါင်မိုးစွန်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ ရဲရင့်ပြတ်သားမှုနှင့် ပြည့်နှက်နေသည်။ ယင်းထျန့်ကျိန်း ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိကြသဖြင့် ကျန်းဝူကျိနှင့် ဝေယိရှောက်တို့ နှစ်ဦးစလုံး မျက်နှာဝင်းပသွားကြသည်။

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ ဂိုဏ်းချုပ်ကြီးကျန်း ကို ဒီ ခွေးကောင်တွေက ဘယ်လိုလုပ် စော်ကားလို့ ရမှာလဲ။ ဒီအမှိုက်တွေကို အရင် ရှင်းပစ်ကြတာပေါ့”

ဤရယ်သံမှာ အနောက်ဘက် ခေါင်မိုးစွန်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ရန်ရှောင်၏ အသံပင် ဖြစ်သည်။

ရန်ရှောင်က ထပ်မံ ရယ်မောလျက် ပြောသည်မှာ -

“မျက်ခုံးဖြူ လင်းယုန်မင်းက အသက်ကြီးပေမဲ့ ကျန်းမာနေတုန်းပဲ၊ အချိန်မီ ရောက်လာခဲ့တာပဲ”

ယင်းထျန့်ကျိန်းက ရယ်မောကာ ပြောသည်မှာ -

“ကျွန်တော်တို့ နှစ်ယောက်စလုံး ဘယ်သူက ပိုတော်တယ်ဆိုတာ မပြရသေးဘူး ထင်တာပဲ။ ဘယ်လက်ရုံးသံတမန်ရန် ရဲ့သိုင်းပညာက ကျွန်တော့်ထက် သာပါတယ်။ ဂိုဏ်းချုပ်ကို အားနာလို့ ကျွန်တော့်ကို သုံးပုံတစ်ပုံလောက် လျှော့ပေးထားတာ မဟုတ်လား”

ရန်ရှောင်က ရယ်မောလျက် -

“ကျွန်တော် မလျှော့ရဲပါဘူး။ အစွမ်းကုန် ကြိုးစားခဲ့တာတောင် မျက်ခုံးဖြူ လင်းယုန်မင်းကို မနိုင်နိုင်သေးဘူး။ ရန်ရှောင်ကတော့ တကယ်ကို အထင်ကြီးမိပါတယ်”

ထိုနှစ်ဦးသည် စကားပြောဆို ရယ်မောရင်း လူအုပ်ကြီးရှေ့သို့ ဆင်းသက်လာကာ ချက်ချင်းပင် ဦးညွှတ် အလေးပြုကြလေသည်။

“မင်ဂိုဏ်းရဲ့ ဘယ်လက်ရုံးသံမန် ရန်ရှောင်၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဝူတန်ရဲ့ ဂိုဏ်းချုပ်ဆရာကြီး ကျန်းကိုလည်း ဂါရဝပြုပါတယ်”

“မင်ဂိုဏ်းရဲ့ မျက်ခုံးဖြူ လင်းယုန်မင်း ယင်းထျန့်ကျိန်း၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဝူတန်ရဲ့ ဂိုဏ်းချုပ်ဆရာကြီးကျန်းကိုလည်း ဂါရဝပြုပါတယ်”

ကျန်းဆန်းဖုန်းသည် ထိုနှစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း သူတို့၏ နာမည်ကြီးမှုကို ကြားဖူးသည်မှာ ကြာပြီ ဖြစ်သည်။ အထူးသဖြင့် ယင်းထျန့်ကျိန်းမှာ ကျန်းချွေ့ဆန်း၏ ယောက္ခမ ဖြစ်သဖြင့် ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူသည် အရိုအသေပေးကာ

“ကျန်းဆန်းဖုန်းက ခင်ဗျားတို့နှစ်ဦးကို ကြိုဆိုပါတယ်”

ယင်းထျန့်ကျိန်းနှင့် ရန်ရှောင်တို့ကလည်း “ကျွန်တော်တို့ကသာ ဂုဏ်ယူရတာပါ” ဟု ဆိုကြသည်။

ကျန်းဝူကျိက ရယ်မောလျက် “အဖိုး နဲ့ ဘယ်လက်ရုံးသံတမန်ရန် တို့နှစ်ယောက်က အပြေးပြိုင်လာကြတာလား။ တခြားလူတွေကော ဘယ်မှာလဲ”

ရန်ရှောင်က ရယ်မောလျက် “အားလုံး နောက်မှာ ပါလာကြပါတယ်။ တောင်ခြေကတည်းက ကျွန်တော်တို့ စပြိုင်လာကြတာ။ ထူးခြားဆန်းပြားတဲ့ပုဂ္ဂိုလ် ငါးဦးကတော့ သိပ်မဝေးတော့ဘူး။ ကျိုးတျန်တစ်ယောက်ပဲ နည်းနည်း နှေးမယ် ထင်တယ်”

“အပိုစကားတွေ..... ဘယ်သူက နှေးလို့လဲ။ မင်းနဲ့ မျက်ခုံးဖြူ လင်းယုန်မင်းက အရင်ထွက်သွားလို့လေ၊ မဟုတ်ရင် ငါ ကျိုးတျန်က မင်းတို့ကို မမီစရာ ရှိမလား”

ဆူဆူညံညံ အသံတစ်ခု ထွက်ပေါ်လာရာ ကျိုးတျန် ရောက်လာခြင်း ဖြစ်သည်။ သူသည် ခြေလှမ်းအနည်းငယ်ဖြင့် ခုန်ပျံဝင်ရောက်လာပြီး အိတ်ကြီးရဟန်း ရွှေပုတေ့နှင့် အခြားသူများလည်း နောက်မှ ကပ်လျက် ပါလာကြသည်။ ထူးခြားဆန်းပြားသော ပုဂ္ဂိုလ် ငါးဦးမှာ အလျင်အမြန်ပင် တစ်ပြိုင်နက်တည်း ရောက်ရှိလာကြပြီး အမြန်နှုန်းမှာ အလွန်အမင်း ကွာခြားခြင်း မရှိကြပေ။

ကျိုးတျန်နှင့် အခြားသူများ ဆင်းသက်လာသည်နှင့် ချက်ချင်းပင် ဦးညွှတ်ကြလေသည်။

“မင်ဂိုဏ်း ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးထဲက ကျိုးတျန်၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ်ဆရာကြီးကျန်း ကိုလည်း ဂါရဝပြုပါတယ်”

“မင်ဂိုဏ်း ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးထဲက အိတ်ကြီးရဟန်း ရွှေပုတေ့၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ်ဆရာကြီးကျန်း ကိုလည်း ဂါရဝပြုပါတယ်”

“မင်ဂိုဏ်း ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးထဲက ဘုန်းကြီးဖန် ၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ်ဆရာကြီးကျန်း ကိုလည်း ဂါရဝပြုပါတယ်”

“မင်ဂိုဏ်း ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ငါးဦးထဲက သံဦးထုပ်တုရင် ၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ်ဆရာကြီးကျန်း ကိုလည်း ဂါရဝပြုပါတယ်”

... ဝူတန်နှင့် ကျန်းဆန်းဖုန်းသည် ကျန်းဝူကျိ၏ စိတ်နှလုံးထဲတွင် မည်မျှ အရေးပါသည်ကို သူတို့အားလုံး နားလည်ထားကြသည်မှာ ထင်ရှားသည်။ ထို့ပြင် သိုင်းလောက၏ ပညာရှင်ကြီး ဖြစ်သော ကျန်းဆန်းဖုန်းအပေါ် ကြာမြင့်စွာကတည်းက ကြည်ညိုလေးစားခဲ့ကြသဖြင့် ယခုအခါတွင် ရိုသေစွာ အလေးပြုကြခြင်း ဖြစ်ပေသည်။

ကျန်းဆန်းဖုန်းသည် အလွန်ပင် ယဉ်ကျေးပျူငှာစွာဖြင့် တုံ့ပြန် ဂါရဝပြုသည်မှာ -

“မင်ဂိုဏ်းက ပုဂ္ဂိုလ်တွေ အားလုံး ရောက်ရှိလာတာကို ငါ အရမ်းပဲ ဂုဏ်ယူမိပါတယ်”

ထိုစဥ် ကျန်းဝူကျိက “အားလုံး ရောက်လာကြပြီပေါ့။ ဘယ်လက်ရုံးသံတမန်ရန်က ကျိုးတျန် နည်းနည်း နှေးတယ်လို့ ပြောပေမဲ့ ကျွန်တော် ကြည့်ရတာတော့ အဲဒီလောက်လည်း မနှေးပါဘူး”

ကျိုးတျန်က ဗျစ်တောက်ဗျစ်တောက်ဖြင့် “ဒီလူ ပြောတာတွေကို နားမယောင်နဲ့။ ငါ သူ့လောက် မတော်တာတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ ရွှေပုတေ့တို့ထက်တော့ သိပ်မနောက်ကျပါဘူး။ ဘယ်လက်ရုံးသံတမန်ရန်၊ မင်း တကယ် စွမ်းတယ်ဆိုရင် ဂိုဏ်းချုပ်နဲ့ လင်းနို့ဘုရင် ဝေယိရှောက်တို့နဲ့ ဘယ်သူ့ ကိုယ်ဖော့ပညာက ပိုတော်လဲဆိုတာ ပြိုင်ကြည့်ပါလား”

ရန်ရှောင်က ရယ်မောလျက်ပင် “အဲဒါကိုတော့ ကျွန်တော် မပြိုင်ရဲပါဘူး။ ဂိုဏ်းချုပ်နဲ့ လင်းနို့ဘုရင် ဝေယိရှောက်တို့ရဲ့ ကိုယ်ဖော့ပညာကိုဆိုရင် ကျွန်တော်တို့ အားလုံး ပေါင်းရင်တောင် မမီနိုင်ဘူး ထင်တယ်”

ရန်ရှောင်က ကျန်းဝူကျိအား “ကျွန်တော်တို့ လမ်းမှာ မြင်းမွေးမြူရေးခြံတစ်ခုကို ဖြတ်လာတော့ မြင်းကောင်းအုပ်စုတစ်စု ဝယ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီကို အမြန်ရောက်လာနိုင်တာပါ။ မဟုတ်ရင် ဂိုဏ်းချုပ်နဲ့ လင်းနို့ဘုရင် ဝေယိရှောက်တို့ကို ဘယ်လိုမှ မမီနိုင်ပါဘူး။ ကံကောင်းလို့ပဲ သိပ်မနောက်ကျဘဲ အချိန်မီ ရောက်လာခဲ့တယ်”

ကျိုးတျန်က အားတက်သရော ခေါင်းညိတ်ပြီးနောက် အာအာနှင့် အခြားသူများကို ကြည့်ကာ

“ဂိုဏ်းချုပ် စိတ်မပူပါနဲ့။ ယွမ်နန်းတော်က ဒီမြေးကောင်တွေက ဘာမှ မဟုတ်ပါဘူး။ ဓာတ်ကြီးငါးပါးအလံအဖွဲ့က ညီအစ်ကိုတွေလည်း နောက်မှာ ပါလာကြပြီ၊ အခုဆို တောင်အလယ်လောက် ရောက်နေလောက်ပြီ။ ငါတို့ဘက်မှာ လူလည်း ပိုများတယ်၊ သိုင်းပညာကလည်း သူတို့ထက် သာတယ်။ ဒီခွေးကောင်တွေကို သတ်ပစ်ကြတာပေါ့”

ကျိုးတျန်မှာတော့ အရည်အသွေးကိုသာ အဓိကထားပေတော့သည်။

All Chapters