အလုပ်လုပ်ဖို့ ပြင်ဆင်နေကြသည်
Vol. 39 Ch. 481
နစ်စတန်၏ မျက်လုံးများက ကွက်လပ်ဖြစ်နေကာ ငြိမ်သက်နေပေသည်။မကြာမှီတွင် တံခါးခေါက်သံ နောက်တစ်ကြိမ် ထပ်ကြားရပြီး ဝင်လာသူက သူ၏ လက်ထောက်ပင် ဖြစ်၏။
ထိုလက်ထောက်က သတိထားစွာ ဝင်လာ၍ နစ်စတ န်အား ဆိုဖာပေါ်တွင် လဲကျနေတာကို မြင်တော့ သူ အံ့အားသင့်သွားကာ အလျင်အမြန် မေးလိုက်သည်။
“ဥက္ကဌ. ဘာဖြစ်နေတာလဲ..အဆင်ပြေရဲ့လား..”
နစ်စတန်မှာမူ အနည်းငယ် သတိပြန်ဝင်လာခဲ့သော် လည်း သူ့မျက်နှာက အလွန်အမင်း ဆိုးရွားနေ၏။ သူ့လက်ထောက်က သတိထားစွာ တင်ပြလိုက်သည် ။
“ဥက္ကဌ.. ကျွန်တော် ကားကို အဆင်သင့်ပြင်ထားပြီ ပါပြီ..မနက်ဖြန် မနက် ၈ နာရီမှာ.. ရုံးကနေ ..Wells ကုမ္ပဏီကို သွားပါ့မယ်ခဗျ..”
နစ်စတန်က အားမရှိသည့်ပုံစံနှင့် လက်ဝှေ့ယမ်းကာ ပြန်ပြောလိုက်၏။
“ခရီးစဉ်ကို ဖျက်လိုက်..ငါတို့ သွားဖို့မလိုတော့ဘူး..”
ထိုအခါလက်ထောက်က မျက်စိလည်သွားရကာ နာ းမလည်နိုင်အောင် ဖြစ်နေသည်။
“ဘာ..မသွားတော့ဘူးလား”
ဤသည်မှာ နောက်ဆုံးအခွင့်အရေးတစ်ခုကို ရရှိခဲ့ တာဖြစ်ပြီး အခြားတစ်ဖက်ကလည်း တွေ့ဆုံဖို့ သ ဘောတူထား၏။
"အမ်.ဘာလို့မသွားတာလဲဟ.."
သို့ပေမဲ့ သူက လက်ထောက်တစ်ဦးသာဖြစ်သည်မို့ နစ်စတန်၏ ဆုံးဖြတ်ချက်အား သက်ရောက်မှု မပေ းနိုင်ချေ။ထို့ကြောင့် သူသည် ညင်သာစွာ သက်ပြင် းချရုံသာ လုပ်နိုင်သည်။
ဤသင်္ဘောနစ်မြုပ်မှုက နစ်စတန်အား လုံးဝ ရှုံးနိမ့် စေခဲ့၏။သူ သိနေသည်။နောင်တွင်လည်း သင်္ဘော တစ်စီးနှစ်စီး ထပ်နစ်သွားပါက ဗောဒ့်သင်္ဘောလုပ်င န်းစုက ကုမ္ပဏီကြီးတစ်ခုဖြစ်နေသော်လည်း ဒေဝါ လီခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရမှာပင် ဖြစ်၏။
…….
သုတေသနပညာရှင် မြောင်ကျန်းဖိန်နှင့် အခြား လ က်ထောက်အနည်းငယ်သည် သုတေသနများစွာအ ား ပြုလုပ်နေကြသည်။ယန်နိုင်ငံတွင် ထင်ရှားသ ည့် ချပ်ပြား ကျွမ်းကျင်သူများအနေဖြင့် သူတို့သည် ကာဗွန်အခြေခံချပ်ပြားများအကြောင်း သုတေသန ပြုလုပ်နေကြခြင်းပင်။
ဤစီမံကိန်းသည် ၅ နှစ်ကြာခဲ့၍ တိုးတက်မှုမှာလည် း မဆိုးလှပေ။မြောင်ကျန်းဖိန်သည် အဖွဲ့အား ဦး ဆောင်၍ ဆီမီးကွန်ဒတ်တာ ကာဗွန်ပြွန်ရဲ့ အဓိက ပ စ္စည်းအခက်အခဲကဲ့သို့သော အခက်အခဲအား ကျေ ာ်လွှားနိုင်ခဲ့၏။
သူတို့၏ သုတေသနရလဒ်များကိုလည်း ကမ္ဘာ့ အ ဆင့် ထိပ်တန်းသိပ္ပံဂျာနယ် Science မှာ ထုတ်ဝေခဲ့ သော်လည်း သူတို့က နည်းပညာဆိုင်ရာ ပြဿနာမျ ားစွာနဲ့ ရင်ဆိုင်နေရသည်။နည်းပညာ ပိုမို နက်ရှိုင်း လာတာနှင့်အမျှ လုပ်ရမည့် သုတေသနာမှာလည်း ပို၍ ခက်ခဲလာပေသည်။
.......
ယူနီဗာဆဲလ်တာဝါမှာတော့..
ရက်အတော်ကြာကတည်းက လျူယောင် ပြန်ရော က် နေခဲ့၏။ပြန်ရောက်ပြီးနောက် သူသည် ရက်အ နည်းငယ် ထပ်မံအနားယူခဲ့သည်။ယနေ့မှာ သူ၏ ပ ထမဆုံးအလုပ် စလုပ်သည့်နေ့ဖြစ်သောကြောင့် ရုံး ခန်းကြီးထဲမှာ ထိုင်နေ၏။
စာရွက်စာတမ်းအချို့ကို ဖတ်ကြည့်ကာ အဆင့်မြင့် အရာရှိအနည်းငယ်ရဲ့ အလုပ်အစီရင်ခံစာများအား နားထောင်ပြီးနောက် လျူယောင် အနားယူနေသည်။
ကော်ဖီပူပူ တစ်ခွက်အားသောက်ပြီးနောက် သူ့ဖုန်း ကို ဖွင့်ကာ ခဏ ကြည့်လိုက်၏။ထို့နောက် သူ့ရဲ့ကြီး မားသည့် ဗီရိုအား ဖွင့်ကာ တစ်ခုခုအား ထုတ်ယူလို က်သည်။
၎င်းအရာဝတ္ထုများအား စားပွဲကြီးပေါ်တွင်တင်ကာ အဖြူရောင်လက်အိတ်ဝတ်ဆင်၍ မှန်ဘီလူးကို ကိုင် ပြီး လျူယောင် ဂရုတစိုက်ကြည့်နေ၏။ဤသည်မှာ လွန်ခဲ့သည့်အကြိမ်က အာကာသယာဉ်ပျက်ထဲမှ သူ ပြန်ယူလာခဲ့သည့်အရာများထဲမှ တစ်ခုဖြစ်ပေသည် ။
၎င်းမှာ ဂြိုဟ်သားတွေ၏ ကိုယ်ပိုင်ကွန်ပျူတာ လို မျိုးဖြစ်၍ သူ အခု အသုံးပြုနေသော ကိုယ်ပိုင်လက် တော့ပ်ကဲ့သို့ပင် ဖြစ်မယ်လို့ လျူယောင် ခန့်မှန်းမိ ၏။
ထို အရာဝတ္ထုမှာ မကြီးမားလှချေ။
နှစ်ပေါင်း ၅၀,၀၀၀ ကြာပြီးနောက်တွင်ပင် ၎င်းအား အတော်လေး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ထင်ရကာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည် ကို လျယောင့ မသိနိုင်သော်လည်း ၎င်းအားအချိန် ကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
မှန်ဘီလူးဖြင့် ကြည့်ပြီးနောက် လျူယောင် အားရပါ းရယ်လိုက်မိ၏။
"ဟားဟား..ငါက ကျွမ်းကျင်သူမဟုတ်ဘူးလေ.ဘာ တွေဖြစ်နေလဲဆိုတာ သိချင်ရင် ကျွမ်းကျင်သူ တွေ ကိုပဲ ငါပြရမယ်.."
ယူနီဗာဆလ်ချပ်ပြားစက်ရုံကလည်း မှန်ကန်တဲ့လမ် းကြောင်းပေါ်မှာ ရှိနေကာ ဂရက်ဖင်း-အလူမီနီယမ် မ်ဘက်ထရီများလည်း အမြောက်အများ ထုတ်လုပ် နေပေသည်။
"ဟုတ်ပြီ..ငါက.. ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့.. သိပ္ပံ သုတေသနအဖွဲ့တစ်ဖွဲ့.. ဖွဲ့စည်းလိုက်ရင်ရော.."
"ဒီ အဖွဲ့ကို ငါက သုတေသနတွေ လုပ်ခိုင်းပြီး ဂြိုလ် သားကွန်ပျူတာအပေါ် အခြေခံပြီးတော့ သက်ဆိုင် ရာနည်းပညာအချို့ ရယူသင့်တယ်..ဒါမှ လူသား အားလုံးအတွက် အကျိုးရှိစေလိမ့်မယ်. ဟုတ်သား ပဲ..ဒီနေရာကနေလည်း ဝင်ငွေများစွာ ငါ ရအုံးမှာ ပဲ.."
လျူယောင်ခဏစဉ်းစားပြီးနောက် ဂြိုဟ်သား ကွန် ပျူတာကို ဗီရိုထဲသို့ ပြန်ထည့်လိုက်ကာ ဖုန်းအား ကောက်ကိုင်၍ ဟူဂျွန်းရှီနှင့်ကျိုးယန်တို့အား လှမ်း ခေါ်လိုက်၏။
နှစ်မိနစ်အတွင်းမှာပင် ကျိုးယန်နှင့် ဟူရှီးဂျွန်တို့ အ တူတူဝင်လာကြသည်။
“သူဋေး.. ကျွန်တော်တို့ကို ရှာနေတာလားခဗျ..”
“အစ်ကိုယောင် ကျွန်တော်တို့ ရောက်ပြီ..”
ထိုနှစ်ဦးကို ဆိုဖာပေါ် ထိုင်ရန် လျူယောင် လက်ဟ န်ပြလိုက်ကာ စတင်ပြောလိုက်၏။
“ငါ.. ကွန်ပျူတာသုတေသနအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ရ ည်ရွယ်ထားတယ်.. ထိပ်တန်းကွန်ပျူတာ ကျွမ်းကျ င်သူများ..အထူးသဖြင့်ချပ်ပြား ကျွမ်းကျင်သူ အမျ ားအပြား လိုအပ်လိမ့်မယ်..”
သူ့၏ လိုအပ်ချက်များနဲ့ စိတ်ကူးအချို့အား လျူ ယောင် ပြောပြလိုက်၏။ကျိုးယန်နှင့် ဟူဂျွန်းရှီတို့က ဂရုတစိုက်နားထောင်နေကြသည်။
ကျိုးယန်၏ မျက်နှာက အတော်လေးတည်ငြိမ်နေ သော်လည်း ဟူဂျွန်းရှီမှာမူ ကွဲပြားနေ၏။သူ့မျက်နှာ ပေါ်တွင် စိတ်လှုပ်ရှားသည့်ပုံစံ ပေါ်နေကာ စိတ်ထဲမှ တွေးလိုက်မိသည်။
"အစ်ကိုယောင်က လှုပ်ရှားမှုကြီးတစ်ခုကို ထပ်ပြီး လုပ်တော့မယ်နဲ့တူတယ်..”
ကွန်ပျူတာနယ်ပယ်သို့ ဝင်ရောက်ခြင်းက လှုပ်ရှားမူ ကြီးတစ်ခုပင် ဖြစ်၏။
လျူယောင်က ကြီးမားသည့်လှုပ်ရှားမှုများ လုပ်လို သည်သာမက လူသားတွေ၏ နည်းပညာနှင့် သတင် းအချက်အလက်နည်းပညာ၏ တိုးတက်မှုအား ကို ယ်တိုင် ဦးဆောင်၍ နည်းပညာဆိုင်ရာ ထောက်လှန်း ရေး ကွန်ယက်တစ်ခုအား ဖန်တီးလိုခြင်းပင် ဖြစ်သ ည်။
နှစ်ဦးသား လျူယောင်ပြောတဲ့အရာများအား တစ် ခုပြီးတစ်ခု မှတ်သားခဲ့ကြပြီး ကျိုးယန်က သိချင်စိ တ်နှင့် မေးလိုက်၏။
"သူဋေး..ကွန်ပျူတာနယ်ပယ်မှ ထိပ်တန်းပညာရှင် တွေကို ဘယ်လိုအကျိုးခံစားခွင့်တွေ ပေးမှာလဲ ခဗျ ”
"အင်း..ထိပ်တန်းကွန်ပျူတာပညာရှင်တွေအတွက် တစ်နှစ်ကို ယွမ် သန်း ၅၀ ငါ ပေးနိုင်တယ်.. အပို ဆောင်းအနေနဲ့ အိမ်ရာ.. ဒေါ်လာသန်းချီတန်တဲ့ က ားတစ်စီးနဲ့ ယာဉ်မောင်းတစ်ဦးလည်း ပေးမယ်"
ကျိုးယန်တို့နှစ်ဦးမှာ အံ့ဩသွားကြသော်လည်း လျ င်မြန်စွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြသည်။ထို ကဲ့သော အကျိုးခံစားခွင့်မျိုးအား သူတို့နှစ်ဦးကလ ည်း မျှော်လင့်ထား၏။
တစ်နှစ်စာလစာ ယွမ် သန်း ၅၀ က ဟူနမ်နဲ့ အဆင့် တူနေကာ ကျိုးယန်၊ ဟူဂျွန်းရှီတို့မှာမူ တစ်နှစ်လစာ မှာ သန်းရာချီရှိပြီး အမြတ်ဝေစုများလည်း ရပေသ ည်။သူတို့၏ တစ်နှစ်စာဝင်ငွေမှာ သန်းရာနှင့်ချီရှိ၏ ။
နှစ်ဦးသား လျူယောင်ရဲ့ ညွှန်ကြားချက်များ အတို င်း စတင်ဆောင်ရွက်လိုက်ကာ ယူနီဗာဆဲလ်၏ တ ရားဝင်ဝက်ဘ်ဆိုက်မှာလည်း အလုပ်ခန့်အပ်မှု ကြေ ညာချက်တစ်စောင်အား ထုတ်ပြန်လိုက်သည်။
ယူနီဗာဆဲလ်မှ အလုပ်ခန့်အပ်မှုသတင်း ထုတ်ပြန်လို က်တာနဲ့ လူများစွာ၏ အာရုံစိုက်မှုအား ချက်ခြင်း ဆိုသလိုပင် ရရှိခဲ့ကြ၏ ။
အခြားနည်းလမ်းမရှိချေ။ယူနီဗာဆဲလ်၏ အကျိုးခံ စားခွင့်များမှာ အလွန်ကောင်းမွန်တာမို့ လူများစွာက လုပ်ကိုင်ရန်ဆန္ဒရှိကြပြီး အလုပ်ခန့်အပ်မှု သတင်းရ ရှိတာနဲ့ သူတို့သည် တက်ကြွစွာ ပြောနေကြ၏။
"ဘုရားရေ.. တစ်နှစ်လစာက ယွမ် သန်း ၅၀တောင် လား.."
"ကမ္ဘာ့အကြီးဆုံးလုပ်ငန်း ဖြစ်တဲ့အတွက် ထိုက်တန် တယ်.. တကယ့်ကို အမိုက်စားပဲကွာ.."
"ငါ တကယ်အားကျတယ်.. တစ်နေ့ ငါ လစာသာ တစ်နှစ်ကို ယွမ် သန်း ၅၀ ရရင် အိပ်နေရင်းတောင် ရယ်ပြီး နိုးလာမှာကွ”
ယူနီဗာဆဲလ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် အလုပ် ခန့်အပ်မှုကြေညာချက်များ ထုတ်ပြန်ခြင်းအပြင် က မ္ဘာတစ်ဝန်းလုံးရှိ သင့်လျော်သည့် ပညာရှင်များ ရှာ ဖွေရန် ထိပ်တန်းအလုပ်ရှာဖွေရေးကုမ္ပဏီ အနည်း ငယ်ကိုလည်း လျူယောင် တာဝန်ပေးအပ်ခဲ့သည်။
နောက်ဆုံးတွင်မူထိပ်တန်းကွန်ပျူတာ ကျွမ်းကျင်သူ အနည်းငယ်ကိုသာ အားကိုးလို့ မရနိုင်ပေ။နည်းပည ာ အဖွဲ့တစ်ဖွဲ့လည်း လိုအပ်နေသေး၏။ဤနည်းပ ညာအဖွဲ့တွင်လည်း လူပေါင်းထောင်ချီ သို့မဟုတ် လူထောင်ပေါင်းများစွာ ပါဝင်ရမှာဖြစ်သည်။
.......
ယန်ကောသိပ္ပံအကယ်ဒမီ..ဆီမီးကွန်ဒတ်တာနည်းပညာအင်စတီကျူမှာတော့...
လူငယ်နည်းပညာရှင်အနည်းငယ်က သူတို့၏ ဖုန်း ထဲမှ အလုပ်ခန့်အပ်မှုသတင်းအား ကြည့်နေကြ၏ ။တစ်ယောက်ချင်းစီ၏ စိတ်ထဲမှာလည်း ထိုသို့သော စိတ်ကူးများစွာရှိနေကြသည်။
"အစ်ကိုလီ ကျွန်တော် အလုပ်လျှောက်လွှာတင်ရင် ယူနီဗာဆဲလ်က အလုပ်ခန့်လိမ့်မယ်လို့ အကို ထင် လား.."
"အမ်..မင်းက ဒီအကြောင်းကို စဉ်းစားနေတာလား.."
"ဟုတ်တယ် ကျွန်တော် သွားလုပ်ဖို့စိတ်ကူးရှိတယ်.. အဲ့ဒါက ယူနီဗာဆဲလ်လုပ်ငန်းစုလေ..အကျိုးခံစား ခွင့်တွေက သာမန်ကုမ္ပဏီတွေထက် အများကြီး ပို ကောင်းတယ်..အိမ်ရာလည်း ပေးတယ်တဲ့ အကိုရ.."
“ရှောင်ဖုန်း..ရိုးရိုးသားသားပြောရရင် ငါလည်း အဲ့လို စိတ်ကူးရှိတယ်.. ငါတို့ ကြိုးစားကြည့်ရင်ရော ဘယ် လိုလဲ..”
နည်းပညာရှင်အနည်းငယ်က ထိုသိုသော အကြောင် းအရာများကိုသာ စိတ်အားထက်သန်စွာ ဆွေးနွေး တိုင်ပင်ကာ စကားပြောနေကြသည်။
ထိုစဉ် ရုံးခန်းကြီးရဲ့ တံခါးအား တွန်းဖွင့်လိုက်ကာ မြောင်ကျန်းဖိန် ဝင်လာခဲ့၏။
မူလက ဆူညံနေသည့် ရုံးခန်းကြီးမှာတော့ ရုတ်တရ က် တိတ်ဆိတ်သွားပေသည်။