အရည်အချင်း ရှိသူများ
Vol. 39 Ch. 482
ရုံးခန်းအတွင်းရှိ လေထုမှာ ရုတ်ခြည်းဆိုသလိုပင် ပူပြင်းသွားပေသည်။
အထူးသဖြင့် လွန်ခဲ့သည့် မိနစ်ပိုင်းကမှ အလုပ်ထွ က်ကာ အခြားနေရာသို့ ပြောင်းရွှေ့ရန် တိုးတိုး တိတ် တိတ် တိုင်ပင်နေကြသည့် လူငယ်နည်းပညာရှင်များ မှာမူ သွေးပျက်မတတ် ထိတ်လန့်နေကြ၏။
“ခုနက ငါတို့ပြောတာတွေကို ခေါင်းဆောင် ကြားသွ ားလား မသိဘူးနော်..”
“ဒုက္ခပါပဲကွာ... မစ္စတာမြောင်သာ ကြားသွားရင် ငါ တို့တော့ အလုပ်ပြုတ်ရုံ တင်မကဘူး.. ဒုက္ခလှလှ တွေ့တော့မှာ..”
“ဘုရား..ဘုရား..မစ္စတာမြောင် ဘာမှမကြားလိုက် ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်..”
သူတို့အားလုံးသည် မြောင်ကျန်းဖိန်၏ ရုံးခန်း တံခါး ဆီသို့ ထိတ်လန့်တကြား ခိုးကြည့်လိုက်ကြသည်။တံ ခါးမှာ ပိတ်ထားဆဲဖြစ်သည်ကို မြင်ရမှသာ သူတို့၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို သက်ပြင်းကို အ သာချနိုင်ကြတော့သည်။
နည်းပညာရှင်အချို့က အလုပ်လုပ်နေဟန် ဆောင် လိုက်ကြသော်လည်း အချို့မှာမူ စားပွဲအောက်၌ ဖုန် းများအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ယူနီဗာ ဆဲလ်၏ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှ အလုပ်ခေါ်ယူ မှုသတင်းအား အသည်းအသန် ဖတ်ရှုနေကြသည်။
ဒီတစ်ကြိမ်တွင် ယူနီဗာဆဲလ်မှ ခေါ်ယူလိုက်သည်မှာ ထိပ်တန်းပညာရှင်များသာမက နည်းပညာဝန်ထမ်း အဆင့်ဆင့်ကိုပါ ခေါ်ယူလိုက်ခြင်း ဖြစ်၏။
သတ်မှတ်ချက်များမှာ မြင့်မားလှသော်လည်း ယန် ကောသိပ္ပံအကယ်ဒမီနှင့် ဆီမီးကွန်ဒတ်တာ အင်စ တီကျူရှိ ပညာရှင်များအတွက်မူ လက်လှမ်းမီနိုင် သော အခြေအနေလည်း ဖြစ်သည်။ထို့ကြောင့်ပင် နည်းပညာရှင်အချို့၏ ရင်ထဲ၌ တက်ကြွမှုနှင့်အတူ မျှော်လင့်ချက်မီးစများ တောက်လောင်လာရခြင်းပ င် ဖြစ်၏။
ရုံးခန်းအတွင်း၌မူ မြောင်ကျိန်းဖျင်က ဆိုဖာပေါ်တွင် တည်ငြိမ်စွာ ထိုင်ရင်း တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေသည်။သူသည် အပြင်ဘက်မှ လှုပ်ခတ်မှု များအား လုံးဝသတိပြုမိပုံမရချေ။
နှစ်နာရီခန့်အကြာတွင် နာမည်ကြီး အလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးရေ ာက်လာ၍ မြောင်ကျန်းဖိန်နှင့် သီးသန့်တွေ့ ဆုံကာ အချိန်အကြာကြီး စည်းရုံးခဲ့သည်။သူတို့၏ ရည်ရွ ယ်ချက်မှာ ရှင်းလှသည်။မြောင်ကျန်းဖိန်အား ချပ် ပြားသုတေသနအကြီးအကဲအဖြစ် ယူနီဗာဆဲလ် သိ ပ္ပံသုတေသနစင်တာသို့ လုပ်ကိုင်ဖို့အတွက် ဆွဲဆော င်ရန်ပင် ဖြစ်၏။
ပေးအပ်မည့် အကျိုးခံစားခွင့်များမှာ မက်မောစရာ ကောင်းလှသည်။
နှစ်စဉ်လစာ ယွမ် သန်း ၅၀၊ စတုရန်းမီတာ ၃၀၀ ကျ ယ်ဝန်းသည့် သုံးထပ်တိုက် ဗီလာတစ်လုံးနှင့်အတူ အဆင့်မြင့်ကားတစ်စီး၊ဒေါ်လာသန်းချီတန်သည့် ကို ယ်ပိုင်ယာဉ်မောင်း တစ်ဦးပါ ပေးအပ်မည်ဟု ပြော ခဲ့သည်။သို့ပေမဲ့ မြောင်ကျန်းဖိန် အတွက်မူ ငွေကြေ းနှင့် ရာထူးသည် စိတ်လှုပ်ရှားဖွယ်ရာ မဟုတ်ချေ။
သူသည် ကာဗွန်အခြေခံချပ်ပြနယ်ပယ်တွင် ငါးနှစ် တိုင်တိုင် ရုန်းကန်လာခဲ့သူဖြစ်ကာ ဤနယ်ပယ်၌ အောင်မြင်မှုရရှိရန်သာ အဓိကထားသူ ဖြစ်၏။
“မေ့လိုက်စမ်းပါ... ငါမသွားဘူး ..သူတို့ပေးတာတွေ က ဆွဲဆောင်မှုရှိတာ မှန်ပေမဲ့ ငါကတော့ ဒီမှာပဲ သံ မှိုစွဲနေပြီ.. ဒီကာဗွန်အခြေခံချပ်ပြားပေါ်မှာ နောက် ထပ် ၅ နှစ်၊ ၁၀ နှစ်လောက် ထပ်မံ ရင်းနှီးရရင်လည် း ဘာဖြစ်လဲ..”
သူသည် စိတ်ကို ဒုံးဒုံးချလိုက်ပြီးနောက် ကွန်ပျူတာ အား ဖွင့်ကာ အလုပ်ထဲသို့ ပြန်လည်နစ်မြုပ်သွားပေ သည်။
တစ်ဖက်မှာရှိသော ယူနီဗာဆဲလ်၏ ရုံးခန်းကြီး၌မူ လျူယောင်သည် ကျိုးယန်နှင့်ဟူဂျွန်းရှီတို့ ပေးပို့ထ ားသော အစီရင်ခံစာအား စေ့စေ့စပ်စပ် ဖတ်ရှုနေ သည်။ထိုအစီရင်ခံစာထဲတွင် ကွန်ပျူတာနှင့်ချပ်ပြာ း နည်းပညာလောကမှ ထိပ်တန်းပညာရှင်များ၏ ကိုယ်ရေးအကျဉ်းများ၊ ဓာတ်ပုံများနှင့် သုတေသန ရလဒ်များမှာ စုံလင်စွာ ပါရှိ၏။
လျူယောင်၏ မျက်စိထဲတွင် ယူလီရန် အမည်ရှိ သော ကျွမ်းကျင်သူတစ်ဦးက ထင်ထင်ရှားရှား နေ ရာယူထားသည်။ဤလူသည် အသက် ၃၇ နှစ်သာ ရှိ သေးသော်လည်း MIT မှ ပါရဂူဘွဲ့ရရှိထား၍ တက္က သိုလ်၏ ပါမောက္ခလည်းဖြစ်ကာ ယန်ကော သိပ္ပံ အ ကယ်ဒမီသို့ဝင်ရန်ပင် ရေပန်းစားနေသူပင် ဖြစ်၏။
“ဒီလူက တကယ့်အရည်အချင်းရှိတဲ့သူပဲ”
လျူယောင်က တွေးတောရင်း နောက်ထပ် တစ်ဦး ဖြစ်သော မြောင်ကျန်းဖိန်၏ အကြောင်းအား ဆက် လက်ဖတ်ရှုနေသည်။ကာဗွန်အခြေခံချပ်ပြားနယ်ပယ်တွင် အောင်မြင်မှုများစွာ ဖော်ဆောင်ထားသည့် မြောင်ကျန်းဖိန် ကိုလည်း လျူယောင်သဘောကျ နေမိ၏။
အစီရင်ခံစာကို ပြီးဆုံးအောင် လျူယောင် ဖတ်ပြီး နောက် သိမ်းဆည်းလိုက်ကာ ကော်ဖီတစ်ခွက်ဖျော် ရန် သူ ပြင်ဆင်နေစဉ်မှာပင် ရုံးခန်းတံခါးအား ခေါ က်ပင်မခေါက်ဘဲ တင်းဝိန်က ဝမ်းသာအားရ ရယ် မောကာ ဝင်လာသည်။
“ဟားဟားဟား..အစ်ကိုယောင်... ကျွန်တော် ဘာယူ လာလဲ ကြည့်ပါအုံး..”
တင်းဝိန်က ဆိုဖာပေါ်တွင် အထုပ်တစ်ထုပ် တင်လို က်၏။ထိုအရာမှာ လက်ရှိ အွန်လိုင်းပေါ်တွင် အလွန် ရေပန်းစားနေသည့် ကင်းဒရက် အမျိုးအစား ဖုန်းအ သစ် ဖြစ်နေသည်။
“အာ... ဒါက နောက်ဆုံးထွက်ထားတဲ့ ခေါက်ဖုန်းပဲမ ဟုတ်လား” လျူယောင်က ပြုံးလျက် မေးလိုက်၏။
“ဟုတ်တယ် အစ်ကိုယောင်..ဒီဟာကို ကျွန်တော်တို့ ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာ..အကို့ဆီက ရတဲ့ ချ ပ်ပြားတွေ သုံးထားသလို ..ဂရက်ဖင်း-အလူမီနီယမ် ဘက်ထရီလည်း ပါသေးတယ်.. ၅ မိနစ်လောက် အ ားသွင်းရုံနဲ့ တစ်ပတ်အသုံးခံတယ်လေ”
လျူယောင်က ဖုန်းအား စမ်းသပ်ကြည့်ရာ စွမ်းဆေ ာင်ရည်မှာ အံ့မခန်း မြန်ဆန်လှသဖြင့် စိတ်ထဲ၌ အ လွန်ကျေနပ်သွား၏။ထို့အပြင် တင်းဝိန်က နောက် ထပ် သတင်းကောင်းတစ်ခုဖြစ်သည့် ဘက်ထရီ အ လုံးရေ သန်း ၅၀ ထပ်မံမှာယူမည့်အကြောင်းအား ပြောပြသောအခါ လျူယောင် ပို၍ပင် ဝမ်းသာသွား ပေသည်။
“အစ်ကိုယောင်...အားလား..ဒီည တွေ့ကြမလား. ကျွန်တော် ဧည့်ခံပါ့မယ်.. အစ်မကိုပါ တစ်ခါတည်း ခေါ်ခဲ့လိုက်လေ..”
လျူယောင်သည်လည်း တင်းဝိန်နှင့် မတွေ့ရသည် မှာ ကြာပြီဖြစ်၍ ဝမ်းမြောက်ဝမ်းသာ သဘောတူ လိုက်၏။
ထိုအချိန်တွင်ပင် အနက်ရောင် ကားတစ်စီးမှာမူ ရ က်ကွက်တစ်ခု၏ ဂိတ်ပေါက်ဝသို့ ဆိုက်ရောက် လာ သည်။ကားပေါ်မှ အသက် ၅၀ ခန့်ရှိသော လူကြီးတ စ်ဦးနှင့်လူငယ်တစ်ဦး ဆင်းလာကြသည်။
ထိုလူကြီးက ပတ်ဝန်းကျင်အား ဝေ့ကြည့်ရင်း မေး လိုက်၏။
“ရှောင်ကျန်း... ဒီနေရာဆိုတာ သေချာရဲ့လား”
“စိတ်ချပါ မစ္စတာကျောင်း... ဒီနေရာက အမှန်ပါပဲ ဗျ”
လူငယ်က ခိုင်မာစွာ ပြန်ဖြေလိုက်ပေသည်။