အခွင့်အရေး
Vol. 39 Ch. 484
လျန်ယန်၏ အိမ်ရှေ့တွင် ရပ်နေသူနှစ်ဦးမှာ ကျော က်ရှန့်ဟိုင်နှင့်ရှောင်ကျန်းတို့ပင် ဖြစ်၏။ဤနေရာတွ င် သူတို့ စောင့်နေသည်မှာ နာရီဝက်မက ကြာမြင့်နေ ခဲ့သည်။
ပထမတော့ လျန်ယန် အိမ်မှာရှိမည်ဟု ထင်ခဲ့သော် လည်း ဘဲလ်အား အကြာကြီးနှိပ်သော်လည်း အသံ မကြားရသဖြင့် ကျောက်ရှန်းဟိုင်က အိမ်ရှေ့မှာပင် ဆက်စောင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ကြိုးစားမှု၏ ရလဒ်အဖြစ် နောက်ဆုံးမှာမူ လျန်ယန် ပြန်ရောက် လာပေသည်။
လျန်ယန်က သူတို့အနားသို့ လျှောက်လာကာ မေးလို က်၏။
"ရှင်တို့က ဘယ်သူတွေလဲ..ဘယ်သူ့ကို ရှာနေတာလဲ ”
"အာ..ခဗျားက လျန်ယန်လား..ကျွန်တော်က XX ကု မ္ပဏီက ကျောက်ရှန့်ဟိုင်ပါ..ခင်ဗျားကို အထူးတလ ည် လာရှာတာပါ.."
"အမ်..ကျွန်မကို ရှာတာလား.." လျန်ယန် အံ့သြမှင် သက်သွား၏။ထိုစဉ်မှာပင် လျန်ယန်၏မောင်ဖြစ်သူ လျန်ဘိုက စိတ်လှုပ်ရှားစွာဖြင့် တီးတိုးလေး ပြောလို က်သည်။
"အစ်မ... XX ကုမ္ပဏီဆိုတာ ယန်နိုင်ငံမှာ နာမည်ကြီ းတဲ့ လူတော်ရှာဖွေရေးကုမ္ပဏီလေ..သူတို့က အစ် မကို လာရှာတယ်ဆိုတာ မယုံနိုင်စရာပဲဗျာ.."
လျန်ယန်၏ အံ့သြနေသော မျက်နှာအား မြင်သော အခါ ကျောက်ရှန့်ဟိုင်က သူ၏လုပ်ငန်းသုံးကဒ်အား လက်နှစ်ဖက်ဖြင့် ယဉ်ကျေးစွာ ပေးရင်း ရှင်းပြလို က်သည်။
"ဟုတ်ပါတယ်.. ကျွန်တော်တို့ကို ယူနီဗာဆဲလ်က တ ာဝန်ပေးထားတာပါ.. မစ္စတာမြောင်ကျန်းဖိန်ကို ချ ပ်ပြားသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ အကြီ းအကဲ သိပ္ပံပညာရှင်အဖြစ် ဖိတ်ခေါ်ဖို့ အတွက်ပါ ..ကံမကောင်းစွာနဲ့ပဲ မစ္စတာမြောင်က ကျွန်တော်တို့ ကို ငြင်းဆိုလိုက်ပါတယ်.."
လျန်ယန်က ခေါင်းခါကာ ပြန်ဖြေလိုက်၏
"ကျွန်မယောက်ျားက ငြင်းလိုက်ပြီးပြီဆိုတော့ ရှင် တို့ ကျွန်မကို လာရှာလည်း အသုံးမဝင်ပါဘူး"
သို့ပေမဲ့ ကျောက်ရှန့်ဟိုင်က လက်မလျှော့ဘဲ ဆက် ပြောလိုက်သည်။
"မဟုတ်ပါဘူး..ကျွန်တော်တို့ စကားပြောကြည့်လို့ ရမယ် လို့ ထင်ပါတယ်. တကယ်လို့..ခင်ဗျား စိတ်မ ရှိဘူးဆိုရင် အထဲဝင်ပြီး အေးအေးဆေးဆေး စကား ပြောကြရအောင်လေ" ဤကဲ့သို့ တောင်းဆိုသဖြင့် လျန်ယန်က အနည်းငယ် တွေဝေပြီးနောက် သော့ထု တ်ကာ တံခါးဖွင့်ပေးလိုက်၏။
ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ပြီးကြသောအခါ ကျောက်ရှန့်ဟိုင်က အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်သ ည်။အိမ်အပြင်အဆင်က အိုဟောင်းကာ ကျဉ်းမြော င်းလွန်း၏။အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းလေးမှာ သေသပ်သော်လည်း ကျောက်ရှန့်ဟိုင်က စိတ်မကေ ာင်းစွာ ရေရွတ်လိုက်သည်။
"ဟူး မြောင်ကျန်းဖိန်လို ထိပ်တန်းပညာရှင် တစ်ယေ ာက်က ဒီလို သာမာန်ကာလျှံကာ အခြေအနေမျိုးမှ ာ နေထိုင်နေတယ်ဆိုတာ တကယ့်ကို နမြောစရာပဲ ကွာ.."
အခြေအနေကို အကဲခတ်မိသော ကျောက်ရှန့်ဟိုင် သည် ပိုမိုယုံကြည်မှုရှိလာကာ စကားကို ဆက်ပြော လိုက်သည်။
"မစ္စလျန်... ဒီလိုပါ.. ကျွန်တော် မစ္စတာမြောင်ကို မ နေ့က ဆက်သွယ်ခဲ့ပေမယ့် သူက ငြင်းလိုက်တယ်.. တကယ်တော့ ခင်ဗျားအနေနဲ့ ပြန်စဉ်းစားပေးစေချ င်ပါတယ်..ဘာလို့လဲဆိုတော့ ယူနီဗာဆဲလ်က ပေးမ ယ့် လစာနဲ့ ခံစားခွင့်တွေက အရမ်းကို ရက်ရောလို့ပ ါဗျာ.."
လျန်ယန် ဘာမှမပြောရသေးခင်မှာပင် လျန်ဘိုက ဖြတ်မေးလိုက်၏။
"မစ္စတာကျောက်..ယူနီဗာဆဲလ်က ကျွန်တော့် ယော က်ဖအတွက် ဘယ်လို အခွင့်အရေးမျိုးတွေ ပေးထာ းလို့လဲ.."
ကျောက်ရှန့်ဟိုင်က ပြတ်သားသောလေသံဖြင့် ရှင်း ပြလိုက်သည်။
"ဒီလိုပါ..ယူနီဗာဆဲလ် က ပေးမယ့် လစာက တစ်နှစ် ကို ယွမ်ငွေ သန်း ၅၀..အထပ်သုံးထပ်ပါ ဗီလာအိမ် တစ်လုံး..ယွမ်ငွေ ၁ သန်းကျော်တန်တဲ့ ကားနဲ့ အချိန် ပြည့် ယာဉ်မောင်း တစ်ဦး.. ပြီးတော့ တစ်နှစ်ကို သု တေသနရန်ပုံငွေ ယွမ် ၁ ဘီလီယံကျော် ပေးမှာပါ.."
"အိုး.. ဘုရားရေ.."
ဤစကားကြောင့် လျန်ဘိုရော လျန်ယန်ပါ အံ့အား သင့်ကာ မှင်သက်သွားကြ၏။သူတို့ နားကြားများမှာ းနေသလားဟုပင် ထင်မှတ်မိသည်။မြောင်ကျန်းဖိန် ၏ တစ်နှစ်ဝင်ငွေမှာ လက်ရှိမှာမူ ယွမ် ၃၀၀,၀၀၀ ဝန်းကျင်သာ ရှိသည် မဟုတ်ပေလော။
ကျောက်ရှန့်ဟိုင်သည် သူတို့၏ တုံ့ပြန်မှုအား ကြည့် ကာ ကျေနပ်သွားပြီး မေးလိုက်၏။
"မစ္စလျန်...ယူနီဗာဆဲလ်က ပညာရှင်တွေကို တန်ဖိုး ထားပါတယ်ဗျာ..မစ္စတာမြောင်သာ လာမယ်ဆိုရင် အနာဂတ်က အရမ်းတောက်ပမှာပါ.. ဒါကြောင့် မစ္စ တာမြောင်ကို ဖျောင်းဖျပေးဖို့ ခင်ဗျား ကူညီနိုင်မလ ား.."
လျန်ဘိုက ရှေ့ထွက်ကာ အာမခံလိုက်သည်။
"စိတ်မပူပါနဲ့.. ကျွန်တော့်ယောက်ဖက သေချာပေါ က် သဘောတူစေရမယ်..အစ်မ... ဟုတ်တယ်မလား ”
လျန်ယန်လည်း သတိပြန်ဝင်လာပြီး ကတိပေးလိုက် ၏။
"မစ္စတာကျောင်း... စိတ်ချပါ..ကျွန်မ ယောက်ျားကို သေချာပေါက် နားချပေးပါ့မယ်.."ဤမျှ ကောင်းမွန် သော အခွင့်အရေးအား လက်လွှတ်မခံရန် သူမ ဆုံး ဖြတ်လိုက်ပေသည်။
.......
ယူနီဗာဆဲလ်တာဝါမှာတော့..
ကျိုးယန်၏ အစီရင်ခံစာအား ရုံးခန်းထဲတွင် လျူ ယောင် နားထောင်နေသည်။
"သူဋေး.. အခုချိန်ထိ အလုပ်လျှောက်လွှာပေါင်း ၅၆,၀၀၀ ကျော် လက်ခံရရှိထားပါတယ်..HR ဌာန က စီစစ်ပြီး အင်တာဗျူးဖို့ ခေါ်နေပါပြီခဗျ.."
လျူယောင် အံ့သြသွား၏။
"ဝိုး..၅၆,၀၀၀ တောင်လား.."
ယူနီဗာဆဲလ်သုတေသနအတွက် လူ ၅၀၀ မှ ၆၀၀ ခ န့်သာ ခေါ်ယူရန် လိုအပ်သည်ဖြစ်ရာ ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်နေသည်။ပထမအသုတ်တွင် ကျွမ်း ကျင်ပညာရှင်အဖွဲ့ကို ဖွဲ့စည်းပြီးမှ နောက်ထပ်အသု တ်များအား ဆက်လက်ခေါ်ယူရန် သူ စီစဉ်ထားခြင်း ဖြစ်၏။
လျူယောင်က ဆက်မေးလိုက်သည်။
"ဒါနဲ့... ငါတို့ရဲ့ သိပ္ပံပညာရှင်တွေအတွက် ခေါင်း ဆောင်ကိစ္စရော ဘယ်လိုလဲ.."
ကျိုးယန်က ချက်ခြင်းဆိုသလိုပင် ပြန်ဖြေလိုက်၏။
"သိပ္ပံပညာရှင်ခေါင်းဆောင်နှစ်ဦး ခေါ်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်..တစ်ဦးက ကွန်ပျူတာနည်း ပညာ ပါရဂူ ယုလီရန်ပါ..သူကတော့ ပါဝင်ဖို့ အခြေ အနေ ကောင်းပါတယ်.. ဒါပေမယ့်..."
"ဒါပေမယ့်... ဘာဖြစ်လဲ.."
"ချပ်ပြားနည်းပညာအတွက် ရန်ကောသိပ္ပံ အကယ် ဒမီက မြောင်ကျန်းဖိန် ကို ကမ်းလှမ်းခဲ့ပေမယ့် သူ က ငြင်းလိုက်ပါတယ်ခဗျ.."
လျူယောင် အနည်းငယ် အံ့သြသွား၏။တစ်နှစ်ကို ယွမ်သန်း ၅၀ လစာနှင့် အခြားခံစားခွင့်များကို ငြင်း ပယ်ခဲ့သူမှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
"အင်း..ဒီ မြောင်ကျန်းဖိန်ဆိုတဲ့လူက တော်တော်လေ းကိုစိတ်ဝင်စားဖို့ ကောင်းတာပဲ.."
ကျိုးယန်က ဆက်ပြောလိုက်၏။
"လူတော်ရှာဖွေရေး ကုမ္ပဏီကတော့ လက်မလျှော့ ဘဲ ဆက်ကြိုးစားနေပါတယ်..သူဋေး.. ပြောင်းလဲမှု တစ်ခုခုတော့ ရှိလာနိုင်ပါတယ်ခဗျ.."
......
ည ၁၀ နာရီကျော်တွင်....
မြောင်ကျန်းဖိန်သည် ပုံမှန်အတိုင်း အလုပ်ကနေ နေ ာက်ကျမှ အိမ်သို့ ပြန်လာခဲ့သည်။သူ ၏ကားဟော င်းလေးအား ရပ်ကာ ဓာတ်လှေကားဖြင့် တက်လာ၍ အိမ်ထဲသို့ ဝင်လိုက်သည်။
သို့ပေမဲ့ အိမ်ထဲသို့ သူ ဝင်လိုက်သည်နှင့် တစ်ခုခု ထူ းခြားနေသည်ကို ခံစားလိုက်ရ၏။အံ့သြစရာ ကော င်းလှသည်မှာ ညဉ့်နက်သော်လည်း သူ၏ ယောက်ဖ လျန်ဘို ရှိနေခြင်းပင်။
လျန်ယန်ကလည်း ပုံမှန်ထက်ပို၍ ပျော်ရွှင်နေကာ မြောင်ကျန်းဖိန် ဝင်လာသည်နှင့် ဖိနပ်များကို ကိုယ် တိုင်လဲပေးကာ ရေနွေးကြမ်းပူပူလေးအား အလိုက် တသိ ယူလာပေးသည်။
လျန်ဘိုက ပြုံးရွှင်စွာဖြင့် နူတ်ဆက်လိုက်၏။
"ယောက်ဖ... အလုပ်က ပြန်လာပြီလား. .ပင်ပန်းနေ မှာပေါ့"
မြောင်ကျန်းဖိန် မျက်မှောင်ကြုတ်လိုက်မိသည်။
"အမ်..ဒီနေ့ ဒီမှာဘာတွေဖြစ်နေကြတာလဲ. .တစ်ခုခု တော့ ထူးဆန်းနေပြီ..လျန်ဘို..မင်း ငါ့ဆီ ကိစ္စရှိလို့ လာတာလား.."