← Chapters

သဘောတူလိုက်ပြီ

Vol. 39 Ch. 485

သဘောတူလိုက်ပြီ

Vol. 39 Ch. 485

လျန်ဘိုက စိတ်မထိန်းနိုင်တော့ဘဲ လွှတ်ခနဲ ပြောချ လိုက်သည်။

"ယောက်ဖ... ဒီနေ့ လူတော်ရှာဖွေရေးကုမ္ပဏီက လူ တွေ လာသွားတယ်ဗျ.."

​သူက အားရပါးရနှင့် ဆက်ပြောလိုက်၏။

"တစ်နှစ်ကို ယွမ် သန်း ၅၀ တောင်တဲ့ဗျာ နှစ်အနည်း ငယ်အတွင်း ခင်ဗျား ဘီလျံနာ ဖြစ်တော့မှာ..ဒါတင် မကသေးဘူး... အထပ်သုံးထပ်ပါတဲ့ ဗီလာအိမ်ကြီး တွေ..ယွမ် ၁ သန်းကျော်တန် ကားတွေနဲ့ အချိန်ပြည့် ယာဉ်မောင်းပါ ပေးမှာတဲ့..ယောက်ဖရာ... ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုးကို စဉ်းစားမနေနဲ့တော့. သဘောတူလိုက်ပါလားဗျာ..နောက်မှ နောင်တရနေ ဦးမယ်.."

​"အမ်..ဟိုလူတွေ လာခဲ့ကြတာလား..."

မြောင်ကျန်းဖိန်က ခါးသီးစွာ ပြုံးကာ ပြန်ပြောလိုက် သည်။

"လျန်းဘို... မင်း နားမလည်ပါဘူး..လူ့ဘဝမှာ ပိုက် ဆံတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးကွ ..လူ့အဖွဲ့ အ စည်းအတွက်လည်း အကျိုးပြုရဦးမယ် အခုလက်ရှိ အခြေအနေကိုပဲ ငါ ကျေနပ်ပါတယ်ကွာ.နောက် နှစ် အနည်းငယ်အတွင်း ကာဗွန်အခြေခံချပ်ပြား နယ်ပ ယ်မှာ အောင်မြင်မှုတွေ ရလာမှာ သေချာတယ်.."

​"အကိုကတော့ တုံးလိုက်တာရှင်..ဒါက တစ်နှစ်ကို သန်း ၅၀ တန်တဲ့ အလုပ်နော်.."ဇနီးဖြစ်သူ လျန်ယန် ကပါ ဝင်ပြောလိုက်သည်။မောင်မနှစ်ယောက်ပူးပေါ င်းကာ မြောင်ကျန်းဖိန် နားပူအောင် တစ်နာရီနီးပါး ဝိုင်းဝန်းဖျောင်းဖျခဲ့ကြ၏။

​နောက်တစ်နေ့တွင်မူ မြောင်ကျန်းဖိန် တစ်ယောက် ရုံးခန်းထဲ၌ ထိုင်နေရင်း ညကကိစ္စအား ပြန်တွေး နေ မိသည်။

"ငါများမှားနေတာလား ယူနီဗာဆဲလ်ရဲ့ကွန်ပျူတာ သုတေသနဌာနကို တကယ်ပဲ ဝင်သင့်တာလား"

​ခိုင်မာလှပါသည်ဆိုသော မြောင်ကျန်းဖိန်၏ စိတ်ဓာ တ်မှာ အနည်းငယ် ယိုင်နဲ့လာသည်။အထူးသဖြင့် ဇနီ းဖြစ်သူ၏ မျှော်လင့်တကြီး စကားများက သူ့ကို ပြန်လည်စဉ်းစားရန် တွန်းအားဖြစ်စေခဲ့သည်။

"ဖြစ်နိုင်တာပဲ..ငါ နည်းနည်းတော့ စောင့်ကြည့်လိုက် ပါအုံးမယ်.."

သူ တစ်ယောက်တည်း အကြာကြီး စဉ်းစားနေသော် လည်း ဆုံးဖြတ်ချက် မချနိုင်သေးဘဲ အချိန်အကြာ ကြီး တွေးနေမိသည်။

ယူနီဗာဆဲလ် တာဝါအတွင်း၌...

​လျူယောင်သည် ရုံးခန်းထဲတွင် တစ်ယောက်တည်း ရှိနေစဉ် မီးခံသေတ္တာထဲမှ ဂြိုလ်သားတွေ၏ ကွန်ပျူ တာတစ်လုံးအား ထုတ်ယူကာ စားပွဲပေါ်တင်၍ ငေး ကြည့်နေမိသည်။

"ဂြိုလ်သား ကွန်ပျူတာ..."

​"ဒီပစ္စည်းကနေ ကွန်ပျူတာသိပ္ပံနဲ့ နည်းပညာနယ်ပ ယ်အတွက် အောင်မြင်မှုတွေသာ ရလိုက်ရင်တော့ သိပ်ကောင်းမှာပဲကွာ"

လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။ထို့နောက် ဖုန်းကိုကောက်ကိုင်ကာ လှမ်းမေးလိုက်၏။

"မြောင်ကျန်းဖိန်ဆီက အကြောင်းပြန်ပြီလား"

ဖုန်းတစ်ဖက်မှ ကျိုးယန်က ရိုသေစွာ ပြန်ဖြေလိုက် သည်။

​"မပြန်သေးပါဘူး သူဋေး.. အနည်းဆုံး ရက်အနည်း ငယ်တော့ စောင့်ရဦးမယ် ထင်တယ်ခဗျ.."

လျူယောင် ခဏ စဥ်းစားကာ ညွှန်ကြားလိုက်သည်။

​"အင်း..ငါ အကြာကြီး မစောင့်ချင်ဘူး..လူတော်ရှာ ဖွေရေး ကုမ္ပဏီကို ဖုန်းဆက်လိုက် သူ့ကို ဒီနေ့မွန်း လွဲပိုင်းကျရင် ငါ့ ရုံးခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပ ါ.."

​ကျိုးယန်က အံ့သြသွားကာ ပြောလိုက်၏။

"သူ့ကို ကိုယ်တိုင် စကားပြောမလို့လားသူ​ဋေး.."

လျူယောင် ပြတ်သားစွာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်.. ငါ ကိုယ်တိုင် ဖျောင်းဖျကြည့်မယ် တ ကယ်လို့ မရဘူးဆိုရင်တော့ တခြားလူပဲ ရှာရမှာပေါ့ ”

​မွန်းလွဲပိုင်းမှာတော့ မြောင်ကျန်းဖိန်သည် ယူနီဗာဆဲ လ်တာဝါသို့ ရောက်လာ၏။သူသည် ဤကုမ္ပဏီသို့ ဝင်ရန် ဆုံးဖြတ်ချက်မချရသေးသော်လည်း လျူ ယောင်၏ ဖိတ်ကြားမှုကိုတော့ လေးစားမှုဖြင့် လက် ခံခဲ့ခြင်းပင် ဖြစ်သည်။

​"မင်္ဂလာပါမစ္စတာလျူ..ကျွန်တော် မြောင်ကျန်းဖိန် ပါ.."

​လျူယောင်က နွေးထွေးစွာ ကြိုဆိုလိုက်သည်။

"အာ.ပညာရှင်မြောင်... လာပါ..ဒီမှာ ထိုင်ပါဦး.."

​သူတို့နှစ်ဦးသည် ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင် ရင်း ရေနွေးကြမ်း၊ မုန့်နှင့် သစ်သီးများအားစားရင်း လျူယောင်က အပိုစကားမပြောဘဲ တိုက်ရိုက်ပင် စ တင်ပြောလိုက်၏။

​"ကျွန်တော်က ကွန်ပျူတာသိပ္ပံ သုတေသနနဲ့ ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်မှာ ခြေစုံပစ်ဝင်ဖို့အတွက် ထူ းချွန်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းချင်ပါတယ် ဒါ့ကြောင့်..ပညာရှင်မြောင်လို လူမျိုးတွေ အများကြီ း လိုအပ်နေတာပါ.."

​မြောင်ကျန်းဖိန်က ကျိုးနွံစွာဖြင့် ပြန်လည် ငြင်းဆန် လိုက်၏။

"အားနာပါတယ် မစ္စတာလျူ.. ကျွန်တော့်လို လူတွေ က တစ်နိုင်ငံလုံးမှာ အများကြီးရှိပါတယ်. .သူတို့နဲ့ လည်း အစားထိုးလို့ ရမှာပါ"

​"ပညာရှင်မြောင်က အရမ်းနှိမ့်ချလွန်းနေပါပြီ..ခင် ဗျားက ချပ်ပြားနည်းပညာနယ်ပယ်မှာ ကျွမ်းကျင် တဲ့ ပညာရှင်တစ်ယောက်ပါ..ကျွန်တော်တို့အဖွဲ့ရဲ့ အကြီးအကဲ နေရာက ခင်ဗျားအတွက် အမြဲတမ်း လစ်လပ်နေမှာပါ.."

​နှစ်ဦသား မိနစ် ၃၀ ခန့် စကားပြောဖြစ်ကြရာတွင် လျူယောင်က မြောင်ကျန်းဖိန်၏ ရည်မှန်းချက်အား မေးမြန်းလိုက်၏။မြောင်ကျိန်းဖိန်ကလည်း ပွင့်ပွင့် လင်းလင်းပင် ဖြေဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က တော့ ချပ်ပြားနယ်ပယ်မှာ အောင်မြင်မှုရအောင် လု ပ်ပြီး လူသားတွေအတွက် အကျိုးပြုဖို့ ပါပဲ..အဲဒီ အ တွက်ဆိုရင် အရာအားလုံးကို ကျွန်တော် စွန့်လွှတ် နို င်ပါတယ်ဗျာ.."

​လျူယောင်သည် မြောင်ကျန်းဖိန်အား လေးစားစွာ ကြည့်လိုက်မိသည်။ဤသူကား ငွေကြေးနှင့် ဂုဏ်ပု ဒ်ထက် မိမိ၏ ဝါသနာနှင့် တန်ဖိုးအား ဦးစားပေး သော စစ်မှန်သည့် သိပ္ပံပညာရှင်တစ်ယောက်ပင်။

ဤသို့သောလူမျိုးကို စွဲဆောင်ရန်မှာ များပြားသော လစာတစ်ခုတည်းနှင့် မလုံလောက်ကြောင်း လျူ ယောင် သိလိုက်သည်။

​"ပညာရှင်မြောင်..ကျွန်တော်..ခင်ဗျားကို တစ်ခုပြမ ယ်..ဘယ်လိုလဲ.."

​လျူယောင် ထရပ်ကာ စားပွဲပေါ်မှ ထူးဆန်းသော ဂြိုလ်သားကွန်ပျူတာကို ယူ၍ မြောင်ကျန်းဖိန်၏ ရှေ့တွင် တင်လိုက်သည်။မြောင်ကျန်းဖိန်မှာမူ မျက် မှောင်ကြုတ်သွားကာ စိတ်ထဲမှ စိတ်လူပ်ရှားစွာ ရေ ရွတ်လိုက်၏။

"အမ်..ဒါက ဘာလဲ... ပုံစံက ထူးဆန်းလိုက်တာ"

သူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် ဤအရာ သည် သာမန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်ပေ သည်။

​"မစ္စတာလျူ... ကျွန်တော် ဒီဟာကို အနီးကပ် ကြည့် လို့ရမလား.."

​"ရတာပေါ့.. မှန်ဘီလူးလည်း ရှိတယ်..စိတ်ကြိုက် သုံးလို့ရပါတယ်.."

​မြောင်ကျန်းဖိန်သည် ထိုကွန်ပျူတာအား ကောက် ယူကာ အသေးစိတ် စတင်စစ်ဆေးလိုက်၏။တဖြ ည်းဖြည်းနှင့် သူ့ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှု များဖြင့် ပြည့်နှက်လာပေသည်။လျူယောင်ကတော့ တော့ ဘေးမှ အသာကြည့်နေရင်း စိတ်ထဲမှ ကောက် ချက်ချလိုက်၏။

"ဒီကစားပွဲကို ငါ နိုင်ပြီ.."

​၁၀ မိနစ်ခန့် စူးစိုက်ကြည့်ပြီးနောက် မြောင်ကျန်းဖိ န်သည် ကွန်ပျူတာအား ပြန်ချလိုက်သည်။သူ၏ ရ င်ထဲတွင် လှိုင်းထန်နေသော စိတ်လှုပ်ရှားမှုများအား ထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရူလိုက်ရသည်။

​"ဟူး..မစ္စတာလျူ... ဒါက လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာထက် အဆပေါင်းများစွာ သာလွန်တဲ့ ကို ယ်ပိုင်ကွန်ပျူတာပဲ.. ခင်ဗျားက ဒါကို အခြေခံပြီး သုတေသနလုပ်ဖို့ စီစဉ်နေတာလား.."

​လျူယောင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏

"ဟုတ်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်မှာ ဒီဟာတစ် လုံ းတည်း ရှိတာ မဟုတ်ပါဘူး..အများကြီး ရှိပါသေး တယ်.."

​"ဗျာ..အများကြီး ဟုတ်လား.."

မြောင်ကျန်းဖိန် ထိတ်လန့်သွားသည်။ဤကဲ့သို့သော နည်းပညာအမြင့်စားပစ္စည်းမျိုး အများအပြား ရှိသ ည်ဟု ဆိုခြင်းမှာ မယုံနိုင်စရာပင်။

လျူယောင်သည် ကြွားဝါ ပြောနေခြင်းမဟုတ်ဘဲ သူ၏ မီးခံသေတ္တာထဲတွင် လေးလုံးရှိနေသည့်အပြင် အာကာသယာဉ်ပျက်ထဲတွင်လည်း အများကြီး ကျန် နေသေးသည်။

​မြောင်ကျိန်းဖိန်မှာမူ တစ်သက်တွင် တစ်ကြိမ်သာ ကြုံနိုင်သည့် အခွင့်အရေးကြီးမှာ မိမိရှေ့သို့ ရောက် နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ဤပစ္စည်းများနှင့် သာ သုတေသနလုပ်ခွင့်ရပါက ကမ္ဘာ့အဆင့် နည်းပ ညာမှာ တိုးတက်မှုများ ရရှိရန်မှာ မခဲယဉ်းတော့ပေ။

နောက်ဆုံးတော့ မြောင်ကျန်းဖိန်က ပြတ်သားစွာပြေ ာလိုက်၏။

​"မစ္စတာလျူက ကျွန်တော့်အပေါ် အခုလို တန်ဖိုးထာ းပေးတာ ကျေးဇူးတင်ပါတယ်.. ယူနီဗာဆဲလ်နည်း ပညာသုတေသနမှာ ပါဝင်ဖို့ ကျွန်တော် သဘောတူ ပါတယ်ဗျာ.."

“ဟူး နောက်ဆုံးတော့ ပြီးပြီ..”

​လျူယောင်လည်း အောင်နိုင်သူတစ်ဦး၏ အပြုံးဖြ င့် သက်ပြင်းချလိုက်သည်။နောက်ဆုံးတော့ မြောင် ကျိန်းဖိန်အား အောင်မြင်စွာ သူ စည်းရုံး သိမ်းသွင်း နိုင်ခဲ့ပေသည်။

All Chapters