သဘောတူလိုက်ပြီ
Vol. 39 Ch. 485
လျန်ဘိုက စိတ်မထိန်းနိုင်တော့ဘဲ လွှတ်ခနဲ ပြောချ လိုက်သည်။
"ယောက်ဖ... ဒီနေ့ လူတော်ရှာဖွေရေးကုမ္ပဏီက လူ တွေ လာသွားတယ်ဗျ.."
သူက အားရပါးရနှင့် ဆက်ပြောလိုက်၏။
"တစ်နှစ်ကို ယွမ် သန်း ၅၀ တောင်တဲ့ဗျာ နှစ်အနည်း ငယ်အတွင်း ခင်ဗျား ဘီလျံနာ ဖြစ်တော့မှာ..ဒါတင် မကသေးဘူး... အထပ်သုံးထပ်ပါတဲ့ ဗီလာအိမ်ကြီး တွေ..ယွမ် ၁ သန်းကျော်တန် ကားတွေနဲ့ အချိန်ပြည့် ယာဉ်မောင်းပါ ပေးမှာတဲ့..ယောက်ဖရာ... ဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုးကို စဉ်းစားမနေနဲ့တော့. သဘောတူလိုက်ပါလားဗျာ..နောက်မှ နောင်တရနေ ဦးမယ်.."
"အမ်..ဟိုလူတွေ လာခဲ့ကြတာလား..."
မြောင်ကျန်းဖိန်က ခါးသီးစွာ ပြုံးကာ ပြန်ပြောလိုက် သည်။
"လျန်းဘို... မင်း နားမလည်ပါဘူး..လူ့ဘဝမှာ ပိုက် ဆံတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူးကွ ..လူ့အဖွဲ့ အ စည်းအတွက်လည်း အကျိုးပြုရဦးမယ် အခုလက်ရှိ အခြေအနေကိုပဲ ငါ ကျေနပ်ပါတယ်ကွာ.နောက် နှစ် အနည်းငယ်အတွင်း ကာဗွန်အခြေခံချပ်ပြား နယ်ပ ယ်မှာ အောင်မြင်မှုတွေ ရလာမှာ သေချာတယ်.."
"အကိုကတော့ တုံးလိုက်တာရှင်..ဒါက တစ်နှစ်ကို သန်း ၅၀ တန်တဲ့ အလုပ်နော်.."ဇနီးဖြစ်သူ လျန်ယန် ကပါ ဝင်ပြောလိုက်သည်။မောင်မနှစ်ယောက်ပူးပေါ င်းကာ မြောင်ကျန်းဖိန် နားပူအောင် တစ်နာရီနီးပါး ဝိုင်းဝန်းဖျောင်းဖျခဲ့ကြ၏။
နောက်တစ်နေ့တွင်မူ မြောင်ကျန်းဖိန် တစ်ယောက် ရုံးခန်းထဲ၌ ထိုင်နေရင်း ညကကိစ္စအား ပြန်တွေး နေ မိသည်။
"ငါများမှားနေတာလား ယူနီဗာဆဲလ်ရဲ့ကွန်ပျူတာ သုတေသနဌာနကို တကယ်ပဲ ဝင်သင့်တာလား"
ခိုင်မာလှပါသည်ဆိုသော မြောင်ကျန်းဖိန်၏ စိတ်ဓာ တ်မှာ အနည်းငယ် ယိုင်နဲ့လာသည်။အထူးသဖြင့် ဇနီ းဖြစ်သူ၏ မျှော်လင့်တကြီး စကားများက သူ့ကို ပြန်လည်စဉ်းစားရန် တွန်းအားဖြစ်စေခဲ့သည်။
"ဖြစ်နိုင်တာပဲ..ငါ နည်းနည်းတော့ စောင့်ကြည့်လိုက် ပါအုံးမယ်.."
သူ တစ်ယောက်တည်း အကြာကြီး စဉ်းစားနေသော် လည်း ဆုံးဖြတ်ချက် မချနိုင်သေးဘဲ အချိန်အကြာ ကြီး တွေးနေမိသည်။
ယူနီဗာဆဲလ် တာဝါအတွင်း၌...
လျူယောင်သည် ရုံးခန်းထဲတွင် တစ်ယောက်တည်း ရှိနေစဉ် မီးခံသေတ္တာထဲမှ ဂြိုလ်သားတွေ၏ ကွန်ပျူ တာတစ်လုံးအား ထုတ်ယူကာ စားပွဲပေါ်တင်၍ ငေး ကြည့်နေမိသည်။
"ဂြိုလ်သား ကွန်ပျူတာ..."
"ဒီပစ္စည်းကနေ ကွန်ပျူတာသိပ္ပံနဲ့ နည်းပညာနယ်ပ ယ်အတွက် အောင်မြင်မှုတွေသာ ရလိုက်ရင်တော့ သိပ်ကောင်းမှာပဲကွာ"
လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။ထို့နောက် ဖုန်းကိုကောက်ကိုင်ကာ လှမ်းမေးလိုက်၏။
"မြောင်ကျန်းဖိန်ဆီက အကြောင်းပြန်ပြီလား"
ဖုန်းတစ်ဖက်မှ ကျိုးယန်က ရိုသေစွာ ပြန်ဖြေလိုက် သည်။
"မပြန်သေးပါဘူး သူဋေး.. အနည်းဆုံး ရက်အနည်း ငယ်တော့ စောင့်ရဦးမယ် ထင်တယ်ခဗျ.."
လျူယောင် ခဏ စဥ်းစားကာ ညွှန်ကြားလိုက်သည်။
"အင်း..ငါ အကြာကြီး မစောင့်ချင်ဘူး..လူတော်ရှာ ဖွေရေး ကုမ္ပဏီကို ဖုန်းဆက်လိုက် သူ့ကို ဒီနေ့မွန်း လွဲပိုင်းကျရင် ငါ့ ရုံးခန်းကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပ ါ.."
ကျိုးယန်က အံ့သြသွားကာ ပြောလိုက်၏။
"သူ့ကို ကိုယ်တိုင် စကားပြောမလို့လားသူဋေး.."
လျူယောင် ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်.. ငါ ကိုယ်တိုင် ဖျောင်းဖျကြည့်မယ် တ ကယ်လို့ မရဘူးဆိုရင်တော့ တခြားလူပဲ ရှာရမှာပေါ့ ”
မွန်းလွဲပိုင်းမှာတော့ မြောင်ကျန်းဖိန်သည် ယူနီဗာဆဲ လ်တာဝါသို့ ရောက်လာ၏။သူသည် ဤကုမ္ပဏီသို့ ဝင်ရန် ဆုံးဖြတ်ချက်မချရသေးသော်လည်း လျူ ယောင်၏ ဖိတ်ကြားမှုကိုတော့ လေးစားမှုဖြင့် လက် ခံခဲ့ခြင်းပင် ဖြစ်သည်။
"မင်္ဂလာပါမစ္စတာလျူ..ကျွန်တော် မြောင်ကျန်းဖိန် ပါ.."
လျူယောင်က နွေးထွေးစွာ ကြိုဆိုလိုက်သည်။
"အာ.ပညာရှင်မြောင်... လာပါ..ဒီမှာ ထိုင်ပါဦး.."
သူတို့နှစ်ဦးသည် ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင် ရင်း ရေနွေးကြမ်း၊ မုန့်နှင့် သစ်သီးများအားစားရင်း လျူယောင်က အပိုစကားမပြောဘဲ တိုက်ရိုက်ပင် စ တင်ပြောလိုက်၏။
"ကျွန်တော်က ကွန်ပျူတာသိပ္ပံ သုတေသနနဲ့ ဖွံ့ဖြိုး တိုးတက်ရေးနယ်ပယ်မှာ ခြေစုံပစ်ဝင်ဖို့အတွက် ထူ းချွန်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းချင်ပါတယ် ဒါ့ကြောင့်..ပညာရှင်မြောင်လို လူမျိုးတွေ အများကြီ း လိုအပ်နေတာပါ.."
မြောင်ကျန်းဖိန်က ကျိုးနွံစွာဖြင့် ပြန်လည် ငြင်းဆန် လိုက်၏။
"အားနာပါတယ် မစ္စတာလျူ.. ကျွန်တော့်လို လူတွေ က တစ်နိုင်ငံလုံးမှာ အများကြီးရှိပါတယ်. .သူတို့နဲ့ လည်း အစားထိုးလို့ ရမှာပါ"
"ပညာရှင်မြောင်က အရမ်းနှိမ့်ချလွန်းနေပါပြီ..ခင် ဗျားက ချပ်ပြားနည်းပညာနယ်ပယ်မှာ ကျွမ်းကျင် တဲ့ ပညာရှင်တစ်ယောက်ပါ..ကျွန်တော်တို့အဖွဲ့ရဲ့ အကြီးအကဲ နေရာက ခင်ဗျားအတွက် အမြဲတမ်း လစ်လပ်နေမှာပါ.."
နှစ်ဦသား မိနစ် ၃၀ ခန့် စကားပြောဖြစ်ကြရာတွင် လျူယောင်က မြောင်ကျန်းဖိန်၏ ရည်မှန်းချက်အား မေးမြန်းလိုက်၏။မြောင်ကျိန်းဖိန်ကလည်း ပွင့်ပွင့် လင်းလင်းပင် ဖြေဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က တော့ ချပ်ပြားနယ်ပယ်မှာ အောင်မြင်မှုရအောင် လု ပ်ပြီး လူသားတွေအတွက် အကျိုးပြုဖို့ ပါပဲ..အဲဒီ အ တွက်ဆိုရင် အရာအားလုံးကို ကျွန်တော် စွန့်လွှတ် နို င်ပါတယ်ဗျာ.."
လျူယောင်သည် မြောင်ကျန်းဖိန်အား လေးစားစွာ ကြည့်လိုက်မိသည်။ဤသူကား ငွေကြေးနှင့် ဂုဏ်ပု ဒ်ထက် မိမိ၏ ဝါသနာနှင့် တန်ဖိုးအား ဦးစားပေး သော စစ်မှန်သည့် သိပ္ပံပညာရှင်တစ်ယောက်ပင်။
ဤသို့သောလူမျိုးကို စွဲဆောင်ရန်မှာ များပြားသော လစာတစ်ခုတည်းနှင့် မလုံလောက်ကြောင်း လျူ ယောင် သိလိုက်သည်။
"ပညာရှင်မြောင်..ကျွန်တော်..ခင်ဗျားကို တစ်ခုပြမ ယ်..ဘယ်လိုလဲ.."
လျူယောင် ထရပ်ကာ စားပွဲပေါ်မှ ထူးဆန်းသော ဂြိုလ်သားကွန်ပျူတာကို ယူ၍ မြောင်ကျန်းဖိန်၏ ရှေ့တွင် တင်လိုက်သည်။မြောင်ကျန်းဖိန်မှာမူ မျက် မှောင်ကြုတ်သွားကာ စိတ်ထဲမှ စိတ်လူပ်ရှားစွာ ရေ ရွတ်လိုက်၏။
"အမ်..ဒါက ဘာလဲ... ပုံစံက ထူးဆန်းလိုက်တာ"
သူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် ဤအရာ သည် သာမန်မဟုတ်ကြောင်း ချက်ချင်း သိလိုက်ပေ သည်။
"မစ္စတာလျူ... ကျွန်တော် ဒီဟာကို အနီးကပ် ကြည့် လို့ရမလား.."
"ရတာပေါ့.. မှန်ဘီလူးလည်း ရှိတယ်..စိတ်ကြိုက် သုံးလို့ရပါတယ်.."
မြောင်ကျန်းဖိန်သည် ထိုကွန်ပျူတာအား ကောက် ယူကာ အသေးစိတ် စတင်စစ်ဆေးလိုက်၏။တဖြ ည်းဖြည်းနှင့် သူ့ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှု များဖြင့် ပြည့်နှက်လာပေသည်။လျူယောင်ကတော့ တော့ ဘေးမှ အသာကြည့်နေရင်း စိတ်ထဲမှ ကောက် ချက်ချလိုက်၏။
"ဒီကစားပွဲကို ငါ နိုင်ပြီ.."
၁၀ မိနစ်ခန့် စူးစိုက်ကြည့်ပြီးနောက် မြောင်ကျန်းဖိ န်သည် ကွန်ပျူတာအား ပြန်ချလိုက်သည်။သူ၏ ရ င်ထဲတွင် လှိုင်းထန်နေသော စိတ်လှုပ်ရှားမှုများအား ထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရူလိုက်ရသည်။
"ဟူး..မစ္စတာလျူ... ဒါက လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာထက် အဆပေါင်းများစွာ သာလွန်တဲ့ ကို ယ်ပိုင်ကွန်ပျူတာပဲ.. ခင်ဗျားက ဒါကို အခြေခံပြီး သုတေသနလုပ်ဖို့ စီစဉ်နေတာလား.."
လျူယောင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏
"ဟုတ်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်မှာ ဒီဟာတစ် လုံ းတည်း ရှိတာ မဟုတ်ပါဘူး..အများကြီး ရှိပါသေး တယ်.."
"ဗျာ..အများကြီး ဟုတ်လား.."
မြောင်ကျန်းဖိန် ထိတ်လန့်သွားသည်။ဤကဲ့သို့သော နည်းပညာအမြင့်စားပစ္စည်းမျိုး အများအပြား ရှိသ ည်ဟု ဆိုခြင်းမှာ မယုံနိုင်စရာပင်။
လျူယောင်သည် ကြွားဝါ ပြောနေခြင်းမဟုတ်ဘဲ သူ၏ မီးခံသေတ္တာထဲတွင် လေးလုံးရှိနေသည့်အပြင် အာကာသယာဉ်ပျက်ထဲတွင်လည်း အများကြီး ကျန် နေသေးသည်။
မြောင်ကျိန်းဖိန်မှာမူ တစ်သက်တွင် တစ်ကြိမ်သာ ကြုံနိုင်သည့် အခွင့်အရေးကြီးမှာ မိမိရှေ့သို့ ရောက် နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ဤပစ္စည်းများနှင့် သာ သုတေသနလုပ်ခွင့်ရပါက ကမ္ဘာ့အဆင့် နည်းပ ညာမှာ တိုးတက်မှုများ ရရှိရန်မှာ မခဲယဉ်းတော့ပေ။
နောက်ဆုံးတော့ မြောင်ကျန်းဖိန်က ပြတ်သားစွာပြေ ာလိုက်၏။
"မစ္စတာလျူက ကျွန်တော့်အပေါ် အခုလို တန်ဖိုးထာ းပေးတာ ကျေးဇူးတင်ပါတယ်.. ယူနီဗာဆဲလ်နည်း ပညာသုတေသနမှာ ပါဝင်ဖို့ ကျွန်တော် သဘောတူ ပါတယ်ဗျာ.."
“ဟူး နောက်ဆုံးတော့ ပြီးပြီ..”
လျူယောင်လည်း အောင်နိုင်သူတစ်ဦး၏ အပြုံးဖြ င့် သက်ပြင်းချလိုက်သည်။နောက်ဆုံးတော့ မြောင် ကျိန်းဖိန်အား အောင်မြင်စွာ သူ စည်းရုံး သိမ်းသွင်း နိုင်ခဲ့ပေသည်။