ပညာရှင် ယူလီရန်
Vol. 39 Ch. 486
မီဇူကီတက္ကသိုလ်တွင်..
လွန်ခဲ့သည့် နှစ်ရက်အတွင်း ယူလိီရန်တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေ၏။
ကွန်ပျူတာသိပ္ပံနယ်ပယ်၌ အောင်မြင်မှုများစွာ သိ မ်း ပိုက်ထားသည့် သူ၏ အမည်စာရင်းသည် ယခု အကြိမ်တွင် ပညာရှင်အဖြစ် ရွေးချယ်ခံရရန် အလာ းအလာ အလွန်ကောင်းနေ ခြင်းကြောင့်ပင် ဖြစ်သ ည်။
သူ့အသက်မှာ ၃၇ နှစ်သာ ရှိသေးသော်လည်း သူ့အ ရည်အချင်းက လူတိုင်းအား ကျော်တက်နေပြီ ဖြစ် ၏။တက္ကသိုလ်ဝန်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များ ကလည်း သူ့ကိုမြင်လျှင် ဤကဲ့သို့ တစ်မျိုးတစ် ဖုံ နူတ်ဆက်နေကြသည်။
"ဟေ့ယူလီ ကြားတယ်နော်... ခင်ဗျားက ပညာရှင် အဖြစ် အမည်စာရင်းတင်သွင်းခံရတာ ဆိုတော့. .အောင်မြင်ဖို့ သေချာသလောက်ပဲ..အောင်မြင်တာနဲ့ ကျွေးရမှာနော်.."
"ပါမောက္ခယူ... ခင်ဗျားကို တကယ်အားကျတာပဲ ဗျ ာ အသက် ၃၇ နှစ်နဲ့တင် ဒီအဆင့်ထိ ရောက်နေပြီ. .ကျွန်တော်တို့ဆို အငြိမ်းစားယူခါနီးတောင် ပညာရှ င်အမည်စာရင်း အတင်သွင်းမခံရသေးဘူး.."
ထိုနှုတ်ဆက်သံများထဲတွင် စိတ်ရင်းဖြင့် အားကျ သူများ ရှိသကဲ့သို့ အနည်းငယ် မနာလိုဖြစ်နေသူမျာ းလည်း ရှိကြသည်။ယူလိီရန်ကမူ ထိုစကားများအ ား အလွန်ကျိုးနွံစွာပင် ပြန်လည်တုံ့ပြန်လေ့ရှိသည် ။
"မသေချာသေးပါဘူးဗျာ... အခုမှ အမည်စာရင်း တ င်ထားရုံပဲ ရှိပါသေးတယ်.."
နှုတ်ကသာ နှိမ့်ချပြောဆိုနေသော်လည်း သူ့စိတ်ထဲ ၌မူ ယုံကြည်မှုအပြည့် ရှိနေ၏။နည်းပညာ ပိုင်းဆိုင် ရာ ထူးချွန်မှုများအရ ဤရာထူးနှင့်ထိုက်တန်သည် ဟု သူ ခံယူထားသောကြောင့်ပင် ဖြစ်သည်။
သူ့ရုံးခန်းသို့ ပြန်ရောက်သောအခါ သူ့အား ကျောင်း သားများကလည်း စောင့်ကြို၍ ဂုဏ်ပြုနေ၏။ယူလီ ရန်ကမူ ထိုင်ခုံတွင် ထိုင်ကာ ပြုံးလျက် ပြောလိုက် သည်။
"အေးအေးဆေးဆေး နေကြပါဦး.. စိတ်ကို အရင်ငြိ မ်အောင် ထားကြပါ.."
သူ့စိတ်ကူးထဲတွင်မူ ရှေ့ဆက်ရမည့် ခရီးလမ်းအတွ က် စဉ်းစားနေမိသည်။
"တကယ်လို့ ပညာရှင်အဖြစ်..ရွေးချယ်ခံရရင် ယူနီ ဗာဆဲလ်ရဲ့ ဖိတ်ခေါ်မူကို ငါ လက်ခံသင့်လား.."
သူသည် မီဇူကီတက္ကသိုလ်တွင် ပါမောက္ခနှင့် ဒေါက် တာဘွဲ့ ကြီးကြပ်ရေးမှူးအဖြစ်သာ ဆက်ရှိနေမည် ဆိုလျှင် ပြဿနာမရှိသော်လည်း ပညာရှင်ဘွဲ့ ရရှိပြီး နောက် နေရာပြောင်းရွှေ့ရန်မှာမူ အလွန်သတိထားရ မည့် ကိစ္စ ဖြစ်လာပေလိမ့်မည်။
ထိုစဉ် သူ့ စားပွဲပေါ်ရှိ ဖုန်းမှ အသံ မြည်လာ၏။ကျေ ာင်းအုပ်ကြီး ဟေးရှင်းကျွယ်က သူ့အားရုံးခန်းသို့ ခေါ်လိုက်ခြင်းဖြစ်သည်။
ဟေးရှင်းကျွယ်ဆိုသူသည် ယန်နိုင်ငံ၏ ကွန်ပျူတာ သိပ္ပံနယ်ပယ်၌ အလွန်ထင်ရှားသော ပညာရှင်ကြီး တစ်ဦးပင်ဖြစ်၏။အသက် ၅၀ ကျော်နေပြီ ဖြစ်ကာ မျက်မှန်အနက်ရောင်ဖြင့် တည်ကြည်သော ပညာရှ င်အရှိန်အဝါရှိသူ တစ်ဦးလည်း ဖြစ်သည်။
ယူလိီရန် ရုံးခန်းထဲသို့ ရောက်လာသောအခါ ကျောင် းအုပ်ကြီးက လေးနက်သောလေသံဖြင့် စပြောလို က်၏။
"လီရန်... မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့တော့ လိုမယ်.."
ထိုစကားကြောင့် ယူလီရန်၏ ရင်ခုန်သံများက အဆ မတန် မြန်ဆန်လာသည်။မရေရာသော နိမိတ်တစ်ခု အား သူ ခံစားလိုက်ရ၏။
"ကျောင်းရဲ့ ပညာရေးကော်မတီက သေချာ ဆွေးနွေ းပြီးနောက်မှာ... မင်းရဲ့ ပညာရှင်အမည်စာရင်း တ င်သွင်းတာကို ပယ်ဖျက်လိုက်ပြီ.."
"ဘာ.." ယူလိီရန် ထိတ်လန့်သွားသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျောင်းအုပ်ကြီး ..ကျွန်တော့်ရဲ့ အရည်အချင်းတွေက သတ်မှတ်ချက် က်အားလုံးနဲ့ ကိုက်ညီနေတာပဲလေ.."
ကျောင်းအုပ်ကြီးက သက်ပြင်းချလျက် နှစ်သိမ့် လို က်သည်။
"ဟူး စိတ်အေးအေးထားပါ လီရန် မင်းက ငယ်ပါ သေးတယ်ကွာ..အခုမှ အသက် ၃၇ နှစ်ပဲ ရှိသေးတာ ပဲ..မင်းအရွယ်တုန်းကဆို ငါက တွဲဖက်ပါမောက္ခ ဖြ စ်ဖို့တောင် မနည်း ရုန်းကန်ရတာ..မင်းမှာ အနာဂတ် တွေ အများကြီး ရှိပါသေးတယ်..ဒီတစ်ကြိမ် အခွင့် အရေးကိုတော့ မင်းထက် အသက်ကြီးပြီး ပိုမို လိုအ ပ်နေတဲ့ သူတွေကို ဦးစားပေးဖို့ အားလုံးက ဆုံးဖြတ် လိုက်ကြတာပါ.."
ကျောင်းအုပ်ကြီး၏ နောက်ပိုင်းပြောသည့် စကားမျ ားအား ယူလီရန် နားထဲ မဝင်တော့ပေ။
အရည်အချင်းရှိနေသော်လည်း ငယ်ရွယ်သူဖြစ်၍ အသက်ကြီးသူများအား အခွင့်အရေး ပေးလိုက် သ ည်ဆိုသည့် "စီနီယာ မူဝါဒ"အား သူ နားလည်လိုက် ၏။
"ဘယ်လောက်တောင် အဓိပ္ပါယ်မဲ့လိုက်သလဲ. .ပည ာရှင်အဆင့်အတန်းဆိုတာ အရည်အချင်းနဲ့မဆိုင်ပဲ ရာထူးသက်တမ်းနဲ့ ဆိုင်တာလား.."
ယူလိီရန် ဒေါသတကြီးဖြင့် ကျောင်းအုပ်ကြီး ရုံးခန်း ထဲမှ ထွက်လာလိုက်သည်။
အချိန်အတော်ကြာအောင် စိတ်အား ညိမ်သက်စွာ ထားပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက် တစ် ခုကို ယူလီရန် ချလိုက်သည်။သူသည် ယူနီဗာဆဲလ် သို့ ပြောင်းရွှေ့ရန် ဖုန်းဆက်လိုက်ပေသည်။
"ဟိုင်း..မစ္စတာကျောက်.ကျွန်တော် ယူနီဗာဆဲလ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ.."
ဖုန်းတစ်ဖက်မှ ကျောက်ရှန့်ဟိုင်၏ အံ့သြဝမ်းသာ သော အသံ ထွက်ပေါ်လာ၏။
"ဟားဟား..ကောင်းလိုက်တာ ပါမောက္ခယူရာ ခင်ဗျ ားသတင်းကို ကျွန်တော် စောင့်နေတာ..အခုမှပဲ ကျွ န်တော့်ရင်ထဲက ကျောက်တုံးကြီး ပြုတ်ကျသွားတေ ာ့တယ်.."
ဤသို့ဖြင့် ချပ်ပြားနည်းပညာရှင် ယူလိီရန်နှင့်မြောင် ကျန်းဖိန်တို့နှစ်ဦးသည် ယူနီဗာဆဲလ်တာဝါသို့ ရော က်လာခဲသည်။၎င်းတို့အား လျူယောင်က ကိုယ်တို င်ပင် အင်တာဗျူးလိုက်၏။
"ယူနီဗာဆဲလ်ကနေ ခင်ဗျားတို့ကို ကြိုဆိုပါတယ်ဗျာ အခုကစပြီး ခင်ဗျားတို့နှစ်ယောက်ဟာ ယူနီဗာဆဲလ် ရဲ့ ကွန်ပျူတာနည်းပညာနဲ့ ချပ်ပြားနည်းပညာ ဆိုင် ရာအကြီးအကဲတွေ ဖြစ်လာပါပြီ.."
ထို့နောက်လျူယောင်က ထူးဆန်းသော ဂြိုလ်သားန ည်းပညာသုံး ကိုယ်ပိုင်ကွန်ပျူတာနှစ်လုံးအား ထုတ် ယူ၍ ပေးလိုက်သည်။
"ဒါတွေကို ဘယ်ကလာသလဲဆိုတာ မမေးပါနဲ့.. ခင် ဗျားတို့ရဲ့ အလုပ်က ဒီကွန်ပျူတာတွေကို သုတေသ နလုပ်ပြီး ကွန်ပျူတာသိပ္ပံမှာ တိုးတက်မှုအသစ်တွေ ရအောင်လုပ်ဖို့ပဲ..လိုအပ်ရင် ဖြုတ်တပ် စစ်ဆေးလို့ လည်း ရတယ်..ကျွန်တော့်ဆီမှာ နောက်ထပ် ရှိပါ သေးတယ်.."
ပညာရှင်နှစ်ဦးစလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် လက် များပင် တုန်ယင်နေ၏။လျူယောင်က ဆက်လက် ၍ အပြာရောင် ဖန်ပုလင်းလေးနှစ်လုံးအား ထုတ်ပေ းလိုက်ပြန်သည်။
"ဒီဟာက မျိုးရိုးဗီဇပြောင်းဆေးတွေပါ.. သောက် လိုက်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ တိုးတ က်လာပြီး ဘယ်တော့မှ ပင်ပန်းနွမ်းနယ်တာမျိုး ဖြစ် မှာမဟုတ်တော့ဘူး.."
ထိုပုလင်းပုံစံအား ကြည့်ရသည်မှာ တံဆိပ်ဖြုတ်ထာ းကာ ကလေးများသောက်သည့် အားဆေးပုလင်း လေးများနှင့် တူနေသော်လည်း လျူယောင်ကို ယုံ ကြည်သဖြင့် နှစ်ဦးစလုံးမှာ ချက်ချင်းဆိုသလိုပင် သောက်ချလိုက်၏။
ချက်ချင်းဆိုသလိုပင် လျူယောင်သည် သူ၏ အိမ် မွေးတိရစ္ဆာန်ချပ်ပြားအား ဖွင့်လိုက်ကာ နှစ်ဦးစီကို ခွန်အား၊ လျင်မြန်မှုနှင့် ကြံ့ခိုင်မှု အမှတ် ၁၀၀စီ ပေး လိုက်သည်။ဤဆေးမှာ သူတို့၏ ခန္ဓာကိုယ်အား သ ာမန်ထက် ပိုမိုသန်မာစေရုံသာမက လျူယောင် အ ပေါ်မှာလည်း အကြွင်းမဲ့ သစ္စာရှိလာစေရန် ပြုလုပ် လိုက်ခြင်းပင် ဖြစ်၏။
"ကဲ..ခဗျားတို့...ဒီကွန်ပျူတာတွေကို ယူသွားပြီး အ လုပ်ကို စ လုပ်လို့ရပါပြီဗျာ.."
"ဟုတ်ကဲ့ပါ..သူဋေး.."
ယူလိီရန်နှင့်မြောင်ကျန်းဖိန်တို့သည် ကမ္ဘာသစ် တစ် ခုအား ဖန်တီးတည်ဆောက်ရန် တက်ကြွသော ခြေ လှမ်းများဖြင့်ပျော်ရွှင်စွာ ထွက်ခွာသွားကြပေသည်။