လျန်ဘိုရဲ့ဘဝ ပြောင်းလဲသွားခြင်း
Vol. 39 Ch. 487
လျန်ဘိုတစ်ယောက်မှာမူ သူ့ဘဝ၏ အထွဋ်အထိပ် ကာလကို ရောက်ရှိနေပြီဟု ခံစားနေရ၏။လွန်ခဲ့သ ည့် နှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက် တစ်ခုလိုပင် ထူးဆန်းအံ့သြဖွယ်ရာ ကောင်းနေပေ သည်။
သူ့ယောက်ဖ ဖြစ်သူမှာ ယူနီဗာဆဲလ်တွင် ပါဝင်ခွင့် ရခဲ့ပြီး ယခုအခါ တစ်နှစ်လစာ ယွမ်သန်း ၅၀ ရရှိ သည့် ချပ်ပြားနည်းပညာဆိုင်ရာ အကြီးအကဲ သိပ္ပံ ပညာရှင် ဖြစ်နေပေသည်။ထို့အပြင် ယွမ်တစ်သန်း ကျော်တန် ကားတစ်စီး၊ ကိုယ်ပိုင်ယာဉ်မောင်းနှင့် အ ထပ်သုံးထပ်ပါသော ဗီလာအိမ်ကြီးကိုလည်း ပိုင်ဆို င်ခွင့်ရထား၏။
လျန်ဘိုကိုယ်တိုင်မှာလည်း မခေလှပေ။
သူသည် ယူနီဗာဆဲလ်၏ ခက်ခဲလှသော အင်တာဗျူ းအဆင့်ဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ယနေ့တွင်ပင် အိမ်အသစ်၏ သော့အား လက်ဝယ် ရရှိထားပြီဖြစ်သည်။ဤမျှကြီးကျယ်သော ကုမ္ပဏီ ကြီးတွင် အလုပ်ရခြင်းမှာ သူ့ယောက်ဖကြောင့်လား ဟုပင် သံသယဝင်လိုက်မိ၏။
ကမ္ဘာကျော်လုပ်ငန်းကြီးတစ်ခု၏ ဝန်ထမ်း တစ်ယေ ာက်ဖြစ်လာလိမ့်မည်ဟု လွန်ခဲ့သော ရက်အနည်း င ယ်တည်းက သူ လုံးဝမမျှော်လင့်ခဲ့ဖူးပေ။
သူ့ဘဝမှာ အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးသို့ ရုတ်တ ရက် ကူးပြောင်းလာခဲ့သည်။အရာအားလုံးက မြန် ဆန်လွန်းသဖြင့် ချစ်သူဖြစ်သော ယန်ရှောင်လိီနှင့် ပင် ပျော်ရွှင်မှုများအား မျှဝေရန် အချိန်မရလိုက်ဘဲ ယခုမှ အိမ်သော့ကို ရခဲ့ခြင်း ဖြစ်၏။
သူတို့ရရှိသည့်အိမ်မှာ ယူနီဗာဆဲလ်လုပ်ငန်းစုက တ ည်ဆောက်ထားသော ဟွာဟိုင်းအပြည်ပြည်ဆိုင်ကာ ဝန်ထမ်းအိမ်ရာပင် ဖြစ်သည်။ထိုနေရာတွင် ဓာတ် လှေကားပါ အဆောက်အအုံ ၂၀ ကျော်ရှိ၍ ဝန်ထမ်း ထောင်ပေါင်းများစွာ နေထိုင်ပေသည်။
တည်နေရာမှာလည်း အလွန်ကောင်းမွန်ကာ အိမ်ရှေ့ တွင်မူ မီးရထားဘူတာနှင့်ဘတ်စ်ကားဂိတ်များ လ ည်း ရှိနေသည်။
လျန်ဘို ရရှိသည့် တိုက်ခန်းမှာ စတုရန်းမီတာ ၉၀ ကျော် ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်း ပါဝင်သည်။
ဧည့်ခန်းမှာ ကျယ်ဝန်းလှပြီး ပြတင်းပေါက်များမှာ ကြည်လင်နေသည်။အခြေခံပရိဘောဂနှင့် အိမ်သုံး ပစ္စည်းများ အစုံအလင် ပါဝင်သဖြင့် အဝတ်အစား အိတ်လေး ဆွဲလာရုံဖြင့် ချက်ချင်း ဝင်နေနိုင်ပေ သ ည်။
လျန်ဘိုသည် စိတ်လှုပ်ရှားစွာဖြင့် ယန်ရှောင်လိီ၏ ကုမ္ပဏီသို့ လာလိုက်၏။
ယန်ရှောင်လီက ထူးဆန်းစွာ မေးလိုက်သည်။
"အချစ်... ဘာဖြစ်လို့လဲ..ဒီမှာ..ကျွန်မ အလုပ်လုပ် နေတုန်းလေ.."
"လာ... ကိုယ်နဲ့ ခဏလိုက်ခဲ့.. မင်းကို အံ့သြစရာ တ စ်ခုပြစရာရှိတယ်.." လျန်ဘိုက လျှို့ဝှက်ချက်ထား ကာ သူမ၏လက်အား ဆွဲ၍ ထွက်လာခဲ့သည်။
မိနစ် ၂၀ ခန့် မီးရထားစီးပြီးနောက် နှစ်ဦးသား ယူနီ ဗာဆဲလ်ဝန်ထမ်းအိမ်ရာရှေ့သို့ ရောက်လာကြ၏။
သူမက နားမလည်နိုင်စွာ မေးလိုက်၏။
"အမ် ဒီနေရာက ယူနီဗာဆဲလ်ရဲ့ ဝန်ထမ်းအိမ်ရာ မ ဟုတ်လား..ဒီကို ဘာလို့ လာတာလဲ.."
လျန်ဘိုက ဘာမှမပြောဘဲ ဝန်ထမ်းကဒ်ပြားအား ပွ တ်ဆွဲကာ ဝန်းထဲသို့ ဦးဆောင်ဝင်လာသည်။
အိမ်ရာဝန်းအတွင်းရှိ လှပသော ဥယျာဉ်နှင့် ပတ်ဝန်း ကျင်အား ကြည့်ပြီး ယန်ရှောင်လိီက အမှတ်မထင် ပြောလိုက်မိ၏။
"အိုး အရမ်းလှတာပဲ.. ဒီမှာနေရတဲ့ ဝန်ထမ်းတွေကို တကယ်အားကျလိုက်တာရှင်..."လျန်ဘိုက ပြုံးလျ က် သူမအား အခန်းအမှတ် ၁၇၀၃ သို့ ခေါ်လာကာ သော့ ဖွင့်လိုက်သည်။
"လိီလိီ... ဒါ ကိုယ်တို့နေရမယ့် အိမ်ပဲ.."
ယန်ရှောင်လိီ တစ်ယောက်မှာမူ ဆွံ့အသွား၏။
အခန်းထဲမှာရှိသော ဇိမ်ခံပစ္စည်းများ၊ နိုင်ငံခြားဖြစ် မီးဖိုချောင်သုံးပစ္စည်းများနှင့်ဈေးကြီးသော အိပ်ရာ ခင်းများအား ကြည့်ရင်း သူမ၏ မျက်နှာလေးမှာ နီ မြန်းကာ စိတ်လှုပ်ရှားလာသည်။ဤဟွာဟိုင်းမြို့ကြီ းတွင် အိမ်တစ်လုံး ပိုင်ဆိုင်ရန်မှာ သူမ၏ အိပ်မက် ပင် မဟုတ်ပေလော။
သူမက နူးညံ့စွာ ပြောရင်း လျန်ဘိုအား ဖက်လိုက် သည်။
"အချစ်... ကျွန်မတို့ လက်ထပ်ကြရအောင်.. ကျွန်မ ရှင်နဲ့ လက်ထပ်ပြီး ကလေးလေးတွေ အများကြီး မွေးပေးချင်တယ်..." လျန်ဘိုသည်လည်း သူ့ချစ်သူ အား တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်ရင်း ဤ အခိုက်အတန့်သည် ဘဝ၏ အထွဋ်အထိပ်ဟုသာ သူ ခံစားနေရပေသည်။
........
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်း..မီတာ ၃,၀၀၀ ကျော် နက်သော ပင်လယ်ရေအောက်ကြမ်းပြင်တွင်မူ လိပ် ကြီးသည် အလုပ်ရှုပ်နေ၏။
သူသည် ပျက်ကျနေသော အာကာသယာဉ်ထဲမှ တန် ၂၀၀ ခန့်စီရှိသည့် မီးခိုးနက်ရောင် သတ္တုချောင်းထေ ာင်ပေါင်းများစွာနှင့် အဖိုးတန် အနက်ရောင်သတ္တု ချောင်းများအား စနစ်တကျ စီစဉ်နေခြင်းပင် ဖြစ်သ ည်။
"ဟိုကောင်နဂါးနက် ဘယ်ရောက်နေတာလဲမသိဘူး.. သူပြန်လာရင် ဒါတွေကို သယ်ခိုင်းရမယ်.." လိပ်ကြီး စိတ်ထဲမှ တွေးနေမိ၏။
ထိုအချိန်တွင် နဂါးနက်မှာမူ ပစိဖိတ်သမုဒ္ဒရာတောင် ပိုင်းတွင် သက်သောင့်သက်သာ အနားယူနေသည်။ သူအနားယူနေစဥ်မှာပင် ရုတ်တရက် ရေမျက်နှာပြင် ပေါ်၌ မီတာ ၃၀၀ ခန့်ရှည်သော သင်္ဘောကြီးတစ်စီး ဖြတ်သန်းသွားသည်အား သူတွေ့လိုက်ရသည်။
ထိုသင်္ဘောပေါ်မှ တံဆိပ်အား မြင်လိုက်ရသောအခါ နဂါးနက်၏ မျက်လုံးများမှာမူ တောက်ပလာ၏။ ၎င်းမှာ ဗောဒ့်လုပ်ငန်းစုပိုင် တန် ၈၀,၀၀၀ တင်ဆော င်နိုင်သည့် အော်ရီသယ်ယူပို့ဆောင်ရေး သင်္ဘောကြီ းပင်ဖြစ်၏။
ထိုသင်္ဘောကြီးသည် တောင်အမေရိကမှ ထွက်ရှိ သော အရည်အသွေးမြင့် ကြေးနီသတ္တုရိုင်းများအား တင်ဆောင်လာခြင်း ဖြစ်သည်။
"ဟဲဟဲ...ငါကံကောင်းလိုက်တာကွာ..ဒီတံဆိပ်နဲ့ သ င်္ဘောကြီး ထပ်တွေ့ပြန်ပြီ.."
နဂါးနက်သည် ဝမ်းသာအားရဖြင့် ရေအောက်သို့ ငုပ် လျှိုးလာကာ သင်္ဘောကြီး၏ အောက်ခြေဆီသို့ လျ င်မြန်စွာ ကူးခတ်လာခဲ့သည်။သင်္ဘောပေါ်ရှိ လူများ မှာမူ သူတို့၏ အောက်တွင် ကြီးမားသော ဘီလူးတ စ်ကောင် ရောက်နေသည်အား လုံးဝ သိရှိခြင်း မရှိ ကြပေ။