ကုန်သွယ်သင်္ဘော နစ်မြုပ်ပြန်ပြီ
Vol. 39 Ch. 488
သင်္ဘောကုန်းပတ်ပေါ်တွင်မူ...။
သင်္ဘောသားအချို့သည် ဖြာကျလာသော နေရောင် ခြည်အား ခံယူရင်း ကော်ဖီသောက်ကာ အေးအေး လူလူ အနားယူနေကြသည်။သို့ပေမဲ့ သူတို့၏ စကား ဝိုင်းမှာမူ လတ်တလော ဖြစ်ပျက်နေသော အခြေအ နေများကြောင့် လေထူမှာ အနည်းငယ် ပူပြင်းနေ၏ ။
"ဟေး ငါကြားတာတော့ ငါတို့ကုမ္ပဏီက အတော် လေး အခြေအနေမကောင်းဘူးဆို..ဒေဝါလီတောင် ခံရတော့မလို ဖြစ်နေပြီတဲ့..”
"အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး..မကြာသေးခ င်က ငါတို့ သင်္ဘောတွေ ဆက်တိုက်နစ်ခဲ့တာ မှန်ပေ မဲ့ ငါတို့က ကမ္ဘာ့အကြီးဆုံး ရေကြောင်းပို့ဆောင်ရေ း အဖွဲ့ကြီးလေ..ခိုင်မာတဲ့ အင်အားရှိပြီးသားပါ .. ဆက်ပြီး ရပ်တည်နိုင်ဖို့ဆိုတာ ပြဿနာမရှိပါဘူး.."
"နောက်ထပ် သင်္ဘောနစ်မြုပ်တာတွေသာ မရှိတော့ ရင်ပေါ့ဗျာ.. အဲဒီလိုမျိုးတွေ ထပ်ဖြစ်မှာကိုပဲ ငါ စိုး ရိမ်နေတာ.."
"ကံမကောင်းတဲ့ စကားတွေမပြောပါနဲ့ မိုက်ရာ .. နေ ာက်ထပ် သင်္ဘောနစ်မြုပ်တာတွေ မရှိလောက်ပါဘူ း ကျေးဇူးပြုပြီး နိမိတ်မရှိတာတွေ ဆက်မပြောပါ နဲ့တော့.."
သူတို့ စကားကောင်းနေစဉ်မှာပင် နဂါးနက်သည် သ င်္ဘောအောက်ခြေသို့ ရောက်ရှိနေပေသည်။သူသည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ ပတ်ဝန်းကျ င်အား အကဲခတ်ပြီး သင်္ဘော၏ ဗဟိုချက်နှင့် အနီး ဆုံးနေရာသို့ သေချာစွာ ရွေးချယ်လိုက်သည်။
ထို့နောက် သူ၏ ကြီးမားထက်ရှသော လက်သည်း ကြီးများဖြင့် သင်္ဘောအောက်ခြေကို ဆွဲကုတ်လိုက် ကာ စက္ကူတစ်ရွက်ကို ဆွဲဖြဲပစ်သလိုမျိုး "ဗြိ..ဘုန်း” ဟူသော အသံနှင့်အတူ သံမဏိကိုယ်ထည်အား ဆွဲ ဖြဲပစ်လိုက်၏။
သူက အားကုန်သုံး၍ ထပ်မံဆွဲဖြဲလိုက်ရာ မကြာခင် မှာပင် ဆယ်မီတာကျော် ရှည်လျားပြီး မီတာအနည်း ငယ် ကျယ်ဝန်းသော အပေါက်ကြီး ဖြစ်လာသည်။
ထိုအပေါက်ကြီးထဲသို့ ပင်လယ်ရေများ လျှံတက်၍ ဝင်လာပေသည်။
သင်္ဘောတွင် ကုန်တင်ခန်း တစ်ထပ်မက ရှိသည်ကို တွေ့ရသဖြင့် နဂါးနက်သည် အတွင်းပိုင်း ကြမ်းခင်း ကိုပါ ထပ်မံကုတ်ခြစ်လိုက်ရာ ကြေးနီသတ္တုရိုင်းမျာ း အစီအရီ ပြိုကျလာသည်။
နေရာသုံးနေရာအား ထိုသို့ အားပါပါဖြင့် ဆက်လက် တိုက်ခိုက်ပြီးနောက် သင်္ဘောအောက်ခြေတွင် ပုံ သ ဏ္ဌာန်မတူသော အပေါက်ကြီး သုံးပေါက် ဖြစ်လာ၏ ။
"ဟဲဟဲ..ဒီလောက်ဆို ရပြီ.."
အလုပ်ပြီးသွားသောအခါ နဂါးနက်သည် မီတာ ၃၀ ၀၊ ၄၀၀ ခန့် အကွာအဝေးမှနေ၍ သင်္ဘောစတင် နစ် မြုပ်လာသည်အား အေးအေးဆေးဆေး စောင့်ကြ ည့်နေသည်။ကြီးမားသော အပေါက်ကြီးများထဲမှ ရေများ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာရာ သင်္ဘော ကြီးသည် သိသိသာသာပင် စောင်းလာ၏။
သင်္ဘောပေါ်မှ လူများသည်လည်း ထိုမမှန်ကန်မှုကို ချက်ချင်း သတိထားမိလာကာ ထိတ်လန့်တုန်လှုပ် နေကြသည်။အထူးသဖြင့် ကော်ဖီသောက်ရင်း စက ားပြောနေကြသော သင်္ဘောသားများမှာ ပို၍ပင် လန့်သွားကြ၏။
"ဘုရားရေ.. ဘာဖြစ်တာလဲ..ငါတို့..သင်္ဘောက စော င်းနေသလိုပဲ.."
"မိုက်..ဒါ မင်းရဲ့ နိမိတ်မကောင်းတဲ့ စကားကြောင့် ပဲ..ငါတို့သင်္ဘော တစ်ခုခု ဖြစ်နေပြီ မဟုတ်လား.."
"မကောင်းတော့ဘူး..အောက်ခြေကနေ ရေတွေ အ များကြီး ဝင်နေပြီ..ငါတို့သင်္ဘော နစ်တော့မယ်."
မိနစ်ပိုင်းအတွင်းမှာပင် သင်္ဘောပေါ်တွင် ဝရုန်းသုန်း ကား ဖြစ်ကုန်ကြသည်။လူအချို့က အသက်ကယ် အင်္ကျီများကို အလုအယက် ဝတ်ဆင်ကြပြီး အချို့ ကမူ အကူအညီတောင်းရန် ဖုန်းဆက်ကြကာ အချို့ ကတော့ အသက်ကယ်လှေများအား ရေထဲချရန် အ သည်းအသန် ကြိုးစားနေကြ၏။
ထိုမြင်ကွင်းအား အဝေးမှ ကြည့်နေသော နဂါးနက် သည် သူ့ ရင်ထဲတွင် ရှင်းပြ၍မရသော ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားနေရသည်။မိနစ် ၄၀ ခန့် ကြာသေ ာအခါ သင်္ဘောကြီးသည် လုံးဝစောင်းသွား၍ ရေ ပေါ်တွင် အနည်းငယ်သာ မြင်ရမှသာ နဂါးနက်ကြီး သည် ကျေနပ်စွာဖြင့် ထွက်လာခဲ့၏။
သူသည် ချက်ချင်း မပြန်သေးဘဲ တစ်ကိုယ်တော် ခ ရီးထွက်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသဖြင့် တောင်ဘက်သို့ ဆက်လက်ကူးခတ်လာကာ အတ္တ လန္တိတ် သမုဒ္ဒရာဘက်သို့ လည်ပတ်ရန် ဆုံးဖြတ်လို က်သည်။
ရေလမ်းကြောင်းအား ကျွမ်းကျင်ပြီးသား ဖြစ်သဖြ င့် တစ်ရက်ခွဲခန့် ရေကူးပြီးနောက် တောင်အမေရိက တိုက်၏ တောင်ဘက်စွန်းကို ကျော်ကာ အတ္တလန္တိ တ် သမုဒ္ဒရာထဲသို့ သူ ရောက်လာ၏။
သူ့၏ အမြန်နှုန်းမှာ လိပ်ကြီးထက် နှေးသော်လည်း သာမန်သင်္ဘောများထက်မူ အဆမတန် မြန်ဆန်လှ သည်။တစ်နာရီလျှင် မိုင် ၁၅၀ ကျော်နှုန်းဖြင့် နာရီ ပေါင်းများစွာ ကူးနိုင်သဖြင့် တစ်ရက်လျှင် ရေမိုင် နှ စ်ထောင်၊ သုံးထောင်ခန့် ခရီးပေါက်ရန်မှာ သူ့အတွ က်ကမူ ပြဿနာ မဟုတ်ပေ။
......
ဗောဒ့်ရေကြောင်းလုပ်ငန်းစုမှာတော့..
အဆင့်မြင့်အမှုဆောင် အရာရှိအားလုံး အစည်းအ ဝေး ပြုလုပ်နေကြသည်။ယူနီဗာဆဲလ်ဌာနခွဲသည် ခို င်မာစွာ တိုးတက်လာသော်လည်း သူတို့၏ ဗောဒ့် လု ပ်ငန်းစုမှာမူ သင်္ဘောများ ဆက်တိုက် နစ်မြုပ်မှုကြေ ာင့် ရုန်းကန်နေရ၏။
"အားလုံးပဲ..ကျွန်တော့်မှာ အလွန်ဆိုးရွားတဲ့ သတင်း တစ်ခု ရှိပါတယ် ယူနီဗာဆဲလ်ဌာနခွဲကို စုစုပေါင်း သ င်္ဘောကြီး ၇ စင်း ဆိုက်ရောက်လာပြီး သူတို့ရဲ့ စုစု ပေါင်း တန်ချိန်ဟာ အခုဆို ၂ သန်းကျော်အထိ ရှိသွ ားပါပြီ"
ဒီသတင်းကြောင့် အရာရှိအားလုံး သက်ပြင်းချလို က်ကြသည်။
သို့ပေမဲ့ သူတို့ မသိသေးသည့် အချက်တစ်ချက်မှာ ယူနီဗာဆဲလ်ဌာနခွဲသည် အမေရိကန်ဒေါ်လာ တစ်ဘီ လျံခန့် ထောက်ပံ့မှု ရရှိထားကာ ထိုငွေများဖြင့် တန် ချိန်တစ်သိန်းကျော် သင်္ဘောအသစ်ကြီးများကိုပါ ထပ်မံမှာယူထားခြင်း ဖြစ်၏။
အကယ်၍ ထိုအချက်ကိုသာ ၎င်းတို့ သိသွားပါက သူတို့၏ ပို့ဆောင်ရေးတန်ချိန်မှာ ၅ သန်းအထိ ရော က်သွားမည်ကို တွေးရင်း ပို၍ ထိတ်လန့် သွားကြပေ ပေလိမ့်မည်။
နစ်စတန်၏ မျက်နှာမှာမူ ညှိုးငယ်နေကာ ဘာစကား မျှ မပြောနိုင်အောင် ဖြစ်နေ၏။
အမှုဆောင်အရာရှိ တစ်ယောက်က စိုးရိမ်တကြီးပြေ ာလိုက်သည်။
"ယူနီဗာဆဲလ်ဌာနခွဲ တိုးတက်လာတာအပြင် နောက် ထပ် ပြဿနာက အော်ဒါတွေပဲ.. ရေကြောင်းညီလာ ခံ ပြီးဆုံးကတည်းက ငါတို့ဆီကို အော်ဒါတစ်ခုမှ မ လာတော့ဘူး..ဒီအတိုင်းသာဆိုရင် ငါတို့နောက်ထပ် တစ်လ၊ နှစ်လလောက်ပဲ တောင့်ခံနိုင်မယ်..ပြီးရင် သင်္ဘောတွေ အကုန် ဆိပ်ကမ်းမှာ ရပ်ထားရတော့ မ ယ်”
အခြားအရာရှိ တစ်ယောက်ကမူ အကောင်းမြင်သ ည့် လေသံဖြင့် ပြောလိုက်၏။
"သင်္ဘောနစ်မြုပ်တာတွေ ထပ်ဖြစ်မယ်လို့ ကျွန်တေ ာ် မထင်တော့ပါဘူး..နောက်ဆုံးအကြိမ် ဖြစ်ပြီးတာ နဲ့ဆို တစ်လခွဲတောင် ရှိနေပြီပဲ..နောက်ထပ် နစ်မြုပ် မူ မဖြစ်တော့ဘူးလို့ ယူဆရပါတယ်..ငါတို့ဆီမှာ နေ ာက်ထပ် ဘာမှမဖြစ်တော့ဘူးဆိုတာ သေချာသွား ရင် ဖောက်သည်တွေက ငါတို့ဆီကို ပြန်ရောက်လာ မှာပါ”
သူ ပြောနေစဉ်မှာပင် အစည်းအဝေးခန်းမ၏ တံခါး ပွင့်လာကာ နစ်စတန်၏ လက်ထောက် ဝင်လာသည် ။သူက နစ်စတန်၏ နားနားသို့ ကပ်၍ သတင်းတစ်ခု အား တိုးတိုးလေး ပြောလိုက်ရာ နီစတန်၏ မျက်နှာ မှာမူ ချက်ချင်းပင် ဖြူဖျော့သွားသည်။
"ဘာဖြစ်တာလဲ.."
အရာရှိများက စိုးရိမ်တကြီး မေးကြသော်လည်း နစ် စတန်၏ အနားတွင်ရှိသော အရာရှိနှစ်ဦးသာ ထိုသ တင်းအား ကြားလိုက်ရ၏ ။သူတို့နှစ်ဦးစလုံးမှာလ ည်း မျက်နှာပျက်ကာ စိတ်ပျက်အားငယ်စွာဖြင့် တ စ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
နစ်စတန်က ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြော ပြလိုက်သည်။
"အားလုံးပဲ... တောင်အမေရိက အနောက်ဘက် ရေ မိုင် ၃၀၀ ကျော်အကွာမှာ ခုတ်မောင်းနေတဲ့ငါတို့ရဲ့ အော်ရီသင်္ဘောကြီး..နစ်မြုပ်သွားပြန်ပြီ.."
"ဘာ..မဖြစ်နိုင်တာ.."
ဒီသတင်းက အစည်းအဝေးခန်းမတစ်ခုလုံးအား မိုး ကြိုးပစ်ချလိုက်သလို ဖြစ်သွားစေသည်။လူတိုင်း၏ မျက်နှာများမှာမူ ပြာနှမ်းကုန်ကြ၏။
"ဟူး..ဘုရားသခင်က ငါတို့ကို အပြစ်ပေးနေတာမျာ းလား.." ဤကဲ့သို့ပင် တွေးတောရင်း လူအားလုံးမှ ာ စိတ်ပျက်အားငယ် ကုန်ကြသည်။
........
ယူနီဗာဆဲလ်ဌာနခွဲတွင်မူ….
ကုမ္ပဏီသည် ခမ်းနားထည်ဝါသော တိုက်အဆောက် အအုံအသစ်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။ချင် ကျိုးသည် သူ၏ ကျယ်ဝန်းလှပသော ရုံးခန်းအတွင် းရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း အားအင်အပြည့်ဖြင့် အနာဂတ်အတွက် ရည်မှန်းချက်များ ချမှတ်နေ၏။
"ဒေါက်... ဒေါက်... ဒေါက်..."
ထိုစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ ဒုတိယဥက္ကဋ္ဌ ရှီဝိန့်ယောင်သည် မင်္ဂလာပွဲတစ်ခုသို့ ရောက်နေသ ကဲ့သို့ အလွန်အမင်း ဝမ်းသာအားရဟန်ဖြင့် အခန်း ထဲသို့ ဝင်လာခဲ့ပေသည်။