ထိပ်ဆုံးမှာ ရပ်တည်မယ်
Vol. 39 Ch. 489
ချင်ကျိုးက ပြုံးရွှင်သောမျက်နှာဖြင့် ဆီးကြိုကာ မေးလိုက်သည်။
"ဒုဥက္ကဋ္ဌရှီ.. ဘာကိစ္စများလဲဗျာ.. ခင်ဗျားကြည့်ရတ ာ အရမ်းကို ပျော်နေပုံပဲ.."
ရှီဝိန်ယောင်က စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ အား ရပါးရ ပြောလိုက်၏။
"ဥက္ကဋ္ဌသတင်းကောင်းဗျ တကယ့်ကို သတင်းကော င်း ..ဗောဒ့်လုပ်ငန်းစုက နောက်ထပ် သင်္ဘောကြီးတ စ်စင်း ထပ်နစ်သွားပြန်ပြီ.. ဒါနဲ့ဆို သူတို့ဆီမှာ သ င်္ဘောနစ်မြုပ်တာ ၈ စင်းမြောက် ရှိသွားပြီဗျ.."
ထိုစကားကြောင့် ချင်ကျိုးမှာ အံ့အားသင့်သွားပြီး နောက် သူ့ မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးများ ရုတ်တရက် ပေါ်လွင်လာသည်။
"ဒါက တကယ်ကို အခွင့်ကောင်းပဲ..အခုတော့ ငါတို့ အတွက် လမ်းပွင့်သွားပြီ.."
လက်ရှိတွင် ယူနီဗာဆဲလ်ဌာနခွဲ၏ ရေကြောင်းပို့ဆေ ာင်ရေး ပမာဏသည် မူလ တန်ချိန် ၅ သိန်းခွဲခန့်မှ ယခုအခါ တန်ချိန် ၂ သန်းကျော်အထိ တဟုန်ထိုး တိုးတက်လာခဲ့ပြီ ဖြစ်၏။မကြာမီတွင် တန်ချိန် ၅ သန်းအထိ ရောက်ရှိရန် ရည်မှန်းထားသော်လည်း သူတို့ အစိုးရိမ်ဆုံးအရာမှာ 'အော်ဒါ' ဟုခေါ်သော လုပ်ငန်းအပ်နှံမှုများပင် ဖြစ်သည်။
သင်္ဘောသာရှိပြီး သယ်စရာကုန်စည်မရှိပါက ဆိပ် ကမ်းတွင် အလကားရပ်ထားရမည် ဖြစ်၏။
သို့ပေမဲ့ ယခုအခါ ဗောဒ့်လုပ်ငန်းစု၏ သင်္ဘောများ တစ်စင်းပြီးတစ်စင်း နစ်မြုပ်နေသဖြင့် မည်သည့်ကု န်သည်ကမျှ သူတို့ဆီသို့ ပစ္စည်းများ မအပ်ရဲတော့ ပေ။ဤသည်မှာ ဗောဒ့်ရေကြောင်း လုပ်ငန်းစုအတွ က် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်သော်လည်း ယူနီဗာ ဆဲလ်ဌာနခွဲအတွက်မူ ပြိုင်ဘက်ကင်းသော အခွင့်အ ရေးကြီး ဖြစ်လာပေသည်။
"ဒုဥက္ကဋ္ဌရှီ ငါတို့တွေ စီးပွားရေးနယ်ပယ် တိုးချဲ့ဖို့ ကိစ္စကို အလေးအနက်ပြီး ဆွေးနွေးသင့်ပြီ.."
"ကျွန်တော်လည်း အဲဒါကို ရည်ရွယ်ပြီးသားပါ.. ဒါ က ကျွန်တော်ကိုယ်တိုင် ရေးဆွဲထားတဲ့ လုပ်ငန်းတို းချဲ့မှု အစီအစဉ်ပါ..တစ်ချက်လောက် ကြည့်ပေးပ ါဦး"
နှစ်ဦးသား အစီအစဉ်များအား အသေးစိတ် ဆွေး နွေးနေစဉ်မှာပင် သတင်းတစ်ခု ထပ်မံရောက်ရှိလာ ပြန်သည်။နိုင်ငံခြားကုန်သွယ်ရေး လုပ်ငန်းကြီး တ စ်ခု၏ ဒုတိယဥက္ကဋ္ဌကိုယ်တိုင် ရေကြောင်းပို့ဆောင် ရေးကိစ္စများ ဆွေးနွေးရန် ရောက်လာခြင်းပင် ဖြစ် သည်။
"ဟားဟား..ကံကောင်းခြင်းတွေက တစ်ခုပြီးတစ်ခု လာနေတာပဲ"ချင်ကျိုးက ရေရွတ်လိုက်ရင်း လက် ဝှေ့ယမ်းကာ ပြောလိုက်၏။
"လာ..သွားကြစို့... လူတွေက သူတို့ဘာသာ လာရှာ ပြီဆိုတော့ တို့ဘက်က ပေါ့ဆလို့ မရဘူး.. အတူတူ သွားပြီး ကောင်းကောင်းမွန်မွန် ဧည့်ခံဆွေးနွေးကြ မယ်.."
ထိုကုမ္ပဏီမှာ တစ်နှစ်လျှင် ဒေါ်လာဘီလျံနှင့်ချီ ဝင် ငွေရရှိသော နာမည်ကြီးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုန်ကြမ်းနှင့်ထုတ်ကုန်များအား ကမ္ဘာအနှံ့ တင်ပို့ နေသူပင် ဖြစ်သည်။
မူလက သူတို့၏ ပို့ဆောင်ရေး လုပ်ငန်းများကို ဗော ဒ့်လုပ်ငန်းစုထံသို့သာ နှစ်ရှည် လွှဲအပ်ထားသော်လ ည်း ယခုအခါမှာတော့ အခြေ အနေအရပ်ရပ်များ ကြောင့် လက်တွဲဖော်အသစ် ရှာဖွေရန် ရောက်လာ ခြင်းပင် ဖြစ်၏။
အခြားတစ်ဖက်တွင်လည်း Uly လုပ်ငန်းစု၏ ဥက္ကဋ္ဌ အာရာဘယ်လာက သင်္ဘောနစ်မြုပ်မှု အခြေအနေမျ ားအား အစီရင်ခံနေသည်။
"အားလုံးပဲ..ဗောဒ့်လုပ်ငန်းစုရဲ့ နောက်ထပ် သင်္ဘော တစ်စင်း ထပ်နစ်သွားပြန်ပြီ.အဖိုးတန် ကြေးနီသတ္တု ရိုင်းတွေအားလုံး ပင်လယ်ကြမ်းပြင်ကို ရောက်သွား သလို အမှုထမ်း ၇ ဦးလည်း ပျောက်ဆုံးနေတယ် .."
အစည်းအဝေးခန်းမအတွင်း ရုတ်တရက် ဆွေးနွေး သံများ ဆူညံသွားသည်။
"ဒါက တကယ်ကို စိုးရိမ်စရာပဲ..ကျွန်တော်တို့သာ ဗောဒ့်လုပ်ငန်းစုနဲ့ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တေ ာ်တို့ကုန်ပစ္စည်းတွေလည်း ပင်လယ်ထဲ နစ်ကုန်လိ မ့်မယ်..ဆုံးရှုံးမှုက မတွေးဝံ့စရာပဲ.."
"မှန်တယ်..ဒါကြောင့် ကျွန်တော်တို့ရဲ့ ပို့ဆောင်ရေး လုပ်ငန်းတွေကို တခြားစိတ်ချရတဲ့ ကုမ္ပဏီဆီ အ မြန်ဆုံး လွှဲပြောင်းပေးဖို့ အဆိုပြုပါတယ်.."
"ယူနီဗာဆဲလ်ဌာနခွဲက အလားအလာ အကောင်းဆုံး ပဲ..သူတို့ရဲ့ မိခင်ကုမ္ပဏီကလည်း အခုဆို ကမ္ဘာပေါ် မှာနံပါတ် (၂) နေရာကို ရောက်နေပြီလေ"
Ulyကဲ့သို့သော ကုမ္ပဏီပေါင်းများစွာက နောက်ဆုံးမှ ာတော့ဗောဒ့်လုပ်ငန်းစုအား ကျောခိုင်းလိုက်ကြသ ည်။
ဤသင်္ဘောနစ်မြုပ်မှုသည် ဗောဒ့်လုပ်ငန်းစုအား ပြို လဲစေသည့် နောက်ဆုံးသော အားစိုက်ထုတ်မှု ဖြစ် လာ၏။လူများစွာက ဤသည်မှာ နောက်ဆုံးဟု ထင် ခဲ့ကြသော်လည်း နှစ်ရက်အကြာတွင်လည်း အတ္တလ န္တိတ်သမုဒ္ဒရာ၌ ဗောဒ့်လုပ်ငန်းစု၏ ကွန်တိန်နာ သ င်္ဘောတစ်စင်း ထပ်မံနစ်မြုပ်သွားပြန်သည်။
"ဟေး ဗောဒ့်လုပ်ငန်းစုကသင်္ဘော ထပ်နစ်ပြန်ပြီတဲ့”
တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြ ၏။အခြားရေကြောင်းကုမ္ပဏီများမှာတော့ ဘာပြ ဿနာမျှ မရှိဘဲ ဗောဒ့်တစ်ခုတည်းသာ ထူးထူးခြာ းခြား ဖြစ်ပျက်နေခြင်းကို အားလုံးက နားမလည် နိုင်အောင် ဖြစ်နေကြသည်။
နောက်ဆုံးမှာတော့ ကမ္ဘာ့အကြီးဆုံး ရေကြောင်းပို့ ဆောင်ရေးအဖွဲ့ကြီးဖြစ်သော ဗောဒ်လုပ်ငန်းစုသည် ဒေဝါလီခံကြောင်း တရားဝင် ကြေညာချက် ထုတ် ပြန်လိုက်ရ၏။
လျူယောင်သည် ချင်ကျိုးထံမှ ဖုန်းလက်ခံရရှိပြီး နောက် အခြေအနေအားလုံးကို သိရှိသွားသည်။
ဗောဒ့်လုပ်ငန်းစု၏သင်္ဘောများ ဤမျှအထိ ဆက်တို က်နစ်မြုပ်နေခြင်းမှာ နဂါးနက်၏ လက်ချက် ဖြစ်မ ည်ဆိုတာ လျူယောင် ကောင်းကောင်းရိပ်မိသည်။ သူက နီစတန်ကို ရွံရှာမုန်းတီးသူ ဖြစ်သဖြင့် နဂါးန က်၏ လုပ်ရပ်အား တားဆီးရန် စိတ်မကူးဘဲ ပို၍ပင် ကျေနပ်နေမိသည်။
ဗောဒ့်လုပ်ငန်းစု ပြိုလဲသွားပြီဟူသော သတင်းကြေ ာင့် လျူယောင်သည် စိတ်လက်ပေါ့ပါးစွာဖြင့် ကျိုး ယန်နှင့် အဆင့်မြင့်အရာရှိများအား အရေးပေါ် အစ ည်းအဝေး ဆင့်ခေါ်လိုက်သည်။
"အားလုံးပဲ...ဗောဒ့်လုပ်ငန်းစုက ဒေဝါလီခံသွားပြီ.."
ထိုစကားကြောင့် လူတိုင်း၏ မျက်လုံးများက တော က်ပသွားကြသည်။လစ်လပ်သွားသော ကမ္ဘာ့နံပါတ် (၁) နေရာနှင့် ပို့ဆောင်ရေး လုပ်ငန်းများစွာအား ရ ယူရန် ယူနီဗာဆဲလ်က အခွင့်အရေး ပေါ်လာပြီ မဟု တ်ပေလော။
ကျိုးယန်က အားရပါးရ ရယ်မောရင်း ပြောလိုက် သည်။
"ဟားဟားဟား.. ဒါက ကျွန်တော်တို့အတွက် အကြီး မားဆုံး အခွင့်အရေးပဲ..သူတို့ လက်လွှတ်လိုက်ရတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့တွေ အမြန်ဆုံး လုယူ ရမယ်.."
အရာရှိများကလည်း စိတ်အားထက်သန်စွာ ထောက် ခံလိုက်ကြ၏။သို့ပေမဲ့ လျူယောင်ကမူ လူတိုင်းကို ကြည့်ကာ သတိပေးလိုက်သည်။
"လုပ်ငန်းတွေကို လုယူရုံနဲ့ မလုံလောက်သေးဘူး.."
လူအားလုံးက လျူယောင်ကို နားမလည်သလို ကြ ည့်လိုက်ကြ၏။လျူယောင်က ဂုဏ်ယူဝင့်ကြွားစွာ ဖြင့် ရှင်းပြလိုက်သည်။
"အခု ကမ္ဘာ့နံပါတ် (၁) နေရာက လစ်လပ်သွားပြီမို့ လား..အဲဒီ ရာဇပလ္လင်ပေါ်ကို ငါတို့တွေ တက်ထိုင် ရမယ်လေ"
"ဘုရားရေ.."လူတိုင်းက ရင်ခုန်စိတ်လှုပ်ရှားလာကြ ၏။ယူနီဗာဆဲလ်က ကမ္ဘာ့အကြီးဆုံး ရေ ကြောင်း ပို့ ဆောင်ရေး အဖွဲ့အစည်းကြီး ဖြစ်လာတော့မည်မှာ အိပ်မက်မဟုတ်တော့ပေ။
လျူယောင်က ဆက်လက်၍ အမိန့်ပေးလိုက်သည်။
"ဗောဒ့်လုပ်ငန်းစုမှာ သင်္ဘောတွေ အများကြီး ကျန် သေးတယ်..အဲဒီထဲကမှ ငါတို့အတွက် အသုံးဝင်မဲ့ သင်္ဘောတွေကို ရွေးချယ်ပြီး ဝယ်ယူမယ်.. အနည်း ဆုံး တန်ချိန် ၁၀ သန်းလောက် ထပ်ဖြည့်မယ်.ဒါဆို ရင် ငါတို့ရဲ့ စုစုပေါင်း ပို့ဆောင်ရေး ပမာဏက တန် ချိန် ၃၅ သန်း ကျော်သွားပြီး ကမ္ဘာ့အင်အား အကြီး ဆုံး ရေကြောင်းလုပ်ငန်းဖြစ်လာလိမ့်မယ်.. ဘယ်လို သဘောရလဲ.."
"ဝိုး တန်ချိန် ၃၅ သန်းလား.."ဤပမာဏက ကျိုးယ န်အပါအဝင် လူအားလုံးကို မှင်သက်သွားစေသည်။
ကျိုးယန်က ရိုသေစွာနင့် အားတက်သရော ပြောလို က်၏။
"ဟုတ်ကဲ့ပါသူဋေး..သူဋေးညွှန်ကြားတဲ့အတိုင်း လုပ် ပါ့မယ်.. အခု ကျွန်တော်တို့မှာ အင့်အားရော၊ငွေရော အပြည့်ရှိပါတယ်.ဗောဒ့်ရဲ့ သင်္ဘောအားလုံးကို ဝယ် ဖို့တောင် အင်အားရှိပါတယ်ခဗျ"
လျူယောင်က ပြုံးပြလိုက်ရင်း ပြတ်သားစွာ ပြော လိုက်ပေသည်။
"ငါတို့က အကုန်လုံးမဝယ်ဘူး.. စိတ်ကြိုက် ရွေးဝ ယ်မှာ..ငါတို့ကြိုက်တာကိုပဲ ဈေးပေါပေါနဲ့ဝယ်မှာ..ဒီ လူတွေကို ပိုက်ဆံပေးပြီး ကူညီဖို့ ဝယ်တာမဟုတ်ဘူ း .ငါတို့အတွက် အကျိုးရှိဖို့ပဲ ဝယ်မှာ"